Thursday, 30 July 2015

ဖုန်းနဲ့ ကွန်ပြူတာတွေကို အစိုးရက ဖောက်ထွင်းနေသလား



ပြည်တွင်းတွင် စောင့်ကြည့်မှုများ ပြုလုပ်ရန်အတွက် အီတလီနိုင်ငံမှ spyware ထုတ်လုပ်သည့် ကုမ္ပဏီတခုနှင့် မြန်မာ အစိုးရတို့ ၂၀၁၂ ခုနှစ်မှ စတင်၍ ဆွေးနွေးနေခဲ့ကြောင်း WikiLeaks မှ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ဖော်ခဲ့သည့် အီးမေးလ်များအရ သိရသည်။

ဧရာဝတီမှ လေ့လာခဲ့သည့် WikiLeaks မှ အီးမေးလ်များ အရ Hacking Team ကုမ္ပဏီက မြန်မာ စစ်ထောက်လှမ်းရေး အဖွဲ့ကို “ဥပဒေနှင့်အညီ ကြားဖြတ်ဝင်ရောက်ခြင်း”နှင့် “သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကျူးကျော်မှုများ” ပြုလုပ်နိုင်ရန် ၀န်ဆောင်မှုများ ပေးမည်ဟု ပြီးခဲ့သည့် နှစ်ကုန်ပိုင်းလောက် အထိ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

လူသတ်မှုဖြင့် မင်းအုပ်စိုးကို တစ်ကျွန်းချ၊ အယူခံမ၀င်ဟု ဆို

သရပါမဂ္ဂဇင်းအယ်ဒီ တာ မတေးနုယဉ်ကို သတ်ဖြတ်မှု ဖြင့်စွဲချက်တင်ထားသည့် သရုပ် ဆောင်မင်းအုပ်စိုးကို ဇူလိုင် ၂၉ ရက်တွင်ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
ယင်းပြစ်ဒဏ်မှာ မင်းအုပ်စိုး ကို စွဲချက်တင်ထားသည့်လူသတ် မှုပုဒ်မ ၃၀၂(၂)အရ အမြင့်ဆုံးချ မှတ်သည့်ပြစ်ဒဏ်ဖြစ်ပြီး အဆိုပါပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံဝင်ရန်အစီအစဉ်မရှိကြောင်း မင်းအုပ်စိုးက အမိန့်ချအပြီးတွင် တရားရုံးသို့လာရောက်သည့် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။

ပြည်နယ်သုံးခုရှိ ဒုက္ခသည်များအား အမေရိကန်က ကန်ဒေါ်လာလေးသန်းခွဲ ထောက်ပံ့မည်

ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ လေးသန်းခွဲထောက်ပံ့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့မှ သ တင်းရရှိသည်။

အဆိုပါထောက်ပံ့ငွေကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အဖွဲ့သို့ ယခုလတွင်ပေးအပ်ခဲ့ပြီး ကူညီထောက်ပံ့မှုများကို စက်တင် ဘာအထိ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒေသများ၌ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ပြည်နယ်သုံးခုတွင်နေထိုင် ကြသည့် ပြည်တွင်းဒုက္ခသည်များ အတွက် စားနပ်ရိက္ခာထောက်ပံ့ ခြင်း၊ အလုပ်လုပ်၍ အစားအ သောက်ပေးခြင်းစနစ်တို့ဖြင့် ထောက်ပံ့ကူညီမည်ဖြစ်သည်။

Tuesday, 28 July 2015

ဘီဘီစီ မြန်မာပိုင်း(ရန်ကုန်ရုံးခွဲ)တာဝန်ခံ ဦးဘမော်နှင့် တွေ့ဆုံမေးမြန်းမှုတချို့မှ ကောက်နှုတ်ဖော်ပြချက်

(၂၈-၇-၂၀၁၅) (၀၉၃၀ နာရီ) ( လွှတ်တော်ရုံးခွဲ- ရန်ကုန်)
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် ဇေယျာသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးပါရန် အနည်းငယ်သော တပ်မတော်သားအချို့မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခဲ့မှုအပေါ် မိမိသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားဆောင်ရွက်ခဲ့ခြင်းသာဖြစ်၍ မိမိအနေဖြင့် တာဝန်ယူနိုင်ကြောင်းနှင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါကလည်း ရင်ဆိုင်သွားမည် ဖြစ်ပါသည်။

KIO/KIA ခေါင်းဆောင်တွေ တစ်လေသံတည်းထွက်လာတဲ့ NCA အာမခံချက်

NCA နဲ့ ပတ်သက်ပြီး KIA ခေါင်းဆောင် ဂွမ်မော်နဲ့ မဇ္ဈိမသတင်းဌာနတို့ရဲ့ အင်တာဗျူးကို ဖတ်လိုက်ရပါတယ်။ “ KIO မှာက NCA ကို လက်မှတ်ရေးထိုးချင်တဲ့အဖွဲ့နဲ့ မထိုးချင်တဲ့ အဖွဲ့နှစ်ဖွဲ့ ရှိတယ်ဆိုပြီး ပြောဆိုသံတွေ ကြားနေရတယ်၊ အဲဒါ ဟုတ်ပါသလား၊ အဲဒီမှာ ဗိုလ်ချုပ်က လက်မှတ်မထိုးချင်သေးဘူးဆိုပြီး ပြောနေကြတယ်၊ အဲဒါ ဟုတ်ပါသလား ” လို့ မဇ္ဈိမ သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ဂွမ်မော်က “ KIO မှာ တစ်ဦးချင်းရဲ့ သဘောထားတွေက အဓိက မကျပါဘူး၊ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကိုပဲ အဓိက ထားပါတယ်၊ KIO ကတော့ NCA ကို ခိုင်မာတဲ့ အနေအထားနဲ့ လက်မှတ်ထိုးနိုင်ဖို့ မျှောင်လင့် ထားတယ် ” ဆိုပြီး ဖြေသွားတာ တွေ့ရပါ တယ်။

မြစ်ရေကြီးခြင်းသတိပေးချက်၊ (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်

ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် ဟင်္သာတမြို့တွင် ယင်းမြိုံ၏ စိုးရိမ်ရေမှတ်အောက် (၄၉) စင်တီမီတာ (၁-ပေခွဲခန့်) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက် (၂) ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် သို့ ရောက်ရှိနိုင် ပါသည်။

ရေကြီးမှုကြောင့် အသက်အိုးအိမ်များ ဆုံးရှုံးရ၍ ဝမ်းနည်းကြောင်း အမေရိကန် သံရုံး ထုတ်ပြန်

စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသများက ပျက်စီးမှုပမာဏကို ခန့်မှန်းတွက်ချက်ရန် နှင့် အရေးပေါ် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး အထောက်အပံ့ပေးနိုင်ရန် နှင့် လူမှုအသင်းအဖွဲ့များကိုလည်း ထိုဒေသများသို့ အမြန်ဝင်ရောက်ခွင့် ဦးစားပေးရန် အမေရိကန်သံရုံးက တိုက်တွန်းလိုက်သည်။

၈၈ မျိုးဆက် အဖွဲ့ဝင် ကိုဂျင်မီက ၎င်းတို့အဖွဲ့၏ လုပ်ငန်းစဉ်များ ကိုပြောပြ

ကိုဂျင်မီ (ဓာတ်ပုံ Hong Sar) 
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို နိုင်ငံရေးပါတီများက နောက်ဆုံးထား တင်သွင်းရမည့်ရက်ဖြစ်သည့် သြဂုတ်လ ၈ ရက်နေ့ မှာ တဖြည်းဖြည်း နီးကပ်လာလျက်ရှိနေစဉ်တွင် ဦးကိုကိုကြီး နှင့် ကျောင်းသားခေါင်းဆောင်ဟောင်း ၂၀ ခန့်သည် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင် ကြရန် ဆုံးဖြတ်ထားကြောင်း ၈၈ မျိုးဆက် အဖွဲ့ဝင် ကိုဂျင်မီက Mizzima Weekly နှင့်  အင်တာဗျူးတွင် ပြောခဲ့သည်။

ဝမ်လော၊ ဆိုက်ခေါင်ဒေသတွင် လူသစ်နှင့်ဆက်ကြေးကောက်ခံရန်လာသော RCSS/SSA အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား

ဇူလိုင်လ ၂၂ ရက်နေ့တွင် ၀မ်လော၊ ဆိုက်ခေါင်ဒေသအတွင်း လူသစ်နှင့် ဆက်ကြေးကောက်ခံရန် ရောက်ရှိလာသော RCSSA/SSA အဖွဲ့နှင့် အစိုးရတပ်တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

ရွာငံမြို့နယ် အတွင်း တွေ့ရသော နံရံဆေးရေးပန်းချီများ သက်တမ်း သတ်မှတ်မှု မိုးကုန်မှပြန်စနိုင်မည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အတွင်း တွေ့ရှိထားသော နံရံဆေးရေး ပန်းချီများ၏ သက်တမ်း သတ်မှတ်နိုင် ရန်ဆောင်ရွက်နေခြင်းကို  မိုးရာသီ ကုန်မှ ပြန်လည်စနိုင်တော့မည်ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဦးလွင် က မဇ္ဈိမ ကိုပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲ ၀င်ပြိုင်ရန် အမတ်လောင်း ၆၈ ဦးသာ တင်သွင်းသေး

လာမည့် နိုဝင်ဘာရွေးကောက်ပွဲ၌ ၀င်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စာရင်းသွင်းသည့် အမတ်လောင်း အရေအတွက်မှာ ဇူလိုင် ၂၇ အထိ ၆၈ ဦးသာရှိသေး သည်။

SSPP/SSA အဖွဲ့မှ ဒေသခံများအား လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းများပြုလုပ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်ဆောင်ထောက်ဒေသ၊ ဟိုဆိုင်အုပ်စု၊ ၀မ်ပိတ်ကန်ကျေးရွာသို့ SSPP/SSA အဖွဲ့မှ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရောက်ရှိလာပြီး အတင်း အဓမ္မမလူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးငွေ ကောက်ခံခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

UWSA မှ ရွေးကောက်ပွဲ ကျင်းပရန်ဟုအကြောင်းပြကာ ဒေသခံ“ ၀ ”တိုင်းရင်းသားများအား ပြန်လည် ခေါ်ယူ

UWSA “ ၀ ”အဖွဲ့သည် လူဦးရေ ၆ သိန်းခန့်ရှိ နယ်မြေအတွင်း ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မိုင်းလားနယ်မြေအတွင်း သွားရောက်အလုပ်လုပ်ကိုင်နေသော ဒေသခံတိုင်းရင်းသားများအား ပြန်လည်ခေါ်ယူနေကြောင်း သိရှိရပါသည်။

အာဖရိက ခေါင်းဆောင်များနှင့် အရေးကြီးဆွေးနွေးပွဲများ ကျင်းပရန် အာဖရိကသို့ အိုဘားမား ရောက်ရှိ

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဖရိက ခရီးစဉ်တွင် ဒုတိယ ခရီးတစ်ထောက်နားသည့် အနေနှင့် အီသီယိုးပီးယားသို့ ရောက်ရှိနေပြီး လက်ရှိအာဏာရ အမေရိကန်ခေါင်းဆောင်၏ ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

NSCN-K နှင့် အိန္ဒိယတပ်များကြား တိုက်ခိုက်မှု ပိုမိုမြင့်တက်လာ

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်တွင် အခြေစိုက် နေထိုင်သည့် နာဂလက်နက်ကိုင် NSCN-K တပ်ဖွဲ့ဝင်များ အနေဖြင့် အိန္ဒိယ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ဖျက်သိမ်း ပြီးနောက်တွင် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှု ပိုမိုလာကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဌာနထံမှ သိရသည်။

ဘူးသီးတောင်၊ မောင်တောတွင် ဘင်္ဂါလီ (၉၄)ဦး နိုင်ငံသား လျှောက်ထား

နိုင်ငံသားကတ် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အငြင်းပွားနေသော ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် နိုင်ငံသား စိစစ်ခွင့် လျှောက်ထားသော ဘင်္ဂါလီ (၉၄) ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနထံမှ သိရသည်။

အင်းစိန်တွင် နယ်ထိန်း ရဲတပ်ကြပ်တစ်ဦးအား သတ်သူနှစ်ဦးကို ဖမ်းမိ

တရားခံတစ် ဦးကို ဖမ်းဆီးရန် သတင်းစုံစမ်းသည့် အင်းစိန်ရဲစခန်းမှ နယ်ထိန်းတပ်ကြပ် အသတ်ခံရသည့်ဖြစ်ရပ် တစ်ခု ဇူလိုင် ၂၆ရက်က အင်းစိန်မြို့နယ်တွင်ဖြစ် ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူနှစ်ဦး ကို ခြောက်နာရီဝန်းကျင်အတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လူနာစောင့်တောင် အလွတ်မပေးတဲ့ သူခိုး

မန္တလေး ပြည်သူ့ဆေးရုံကြီး ဆီးချို၊ သွေးချိုလူနာများ ထားရှိသော အဆောင်တွင် ဇူလိုင်လ(၂၅)ရက်နေ့က ဆေးကုသမှု ခံယူနေသူ၏ အိတ်တစ်လုံး ခိုးယူခံခဲ့ရသည်။

လာမည့် (၃)ရက်အတွင်း မြန်မာနိုင်ငံဒေသအချို့ ရေကြီးနိုင်

လာမည့် သုံးရက်အတွင်း မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အချို့တွင် ရေကြီးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး ထုတ်ပြန်လိုက်သည်။

ဘုရားပွဲနဲ့ မော်ဒယ်ဂဲလ် (သတိပြုဆင်ခြင်ဖွယ်ရာ)

ဆရာရေ မြန်မာပြည်မှာ ဒါမျိုးကြီးတွေ တရားဝင် လုပ်လို့ရနေပြီလားဟင်လို့ နံနက်ခင်း တစ်ခုမှာ အတူ လက်ဖက်ရည်ဆိုင် ထိုင်ဘက် ဘော်ဒါကြီး တစ်ယောက်က အင်တာနက် ဖွင့်ထားတဲ့ သူ့ဖုန်း လာထိုးပြတယ်။ ဖတ်လိုက်တော့ စတီးရောင် ပြောင်လက်လက် တိုင်တစ်လုံး ကိုင်ပြီး ပတ်ကနေတဲ့ မြန်မာပြည်က Sexy အကျဆုံးလို့ နာမည်ကြီးတဲ့ မော်ဒယ်ဂဲလ် သုံးယောက် ပုံတွေ ထိပ်ဆုံးကပါတဲ့ သတင်း တစ်ပိုဒ်။
မသိရင် ဟောလီးဝုဒ် ရုပ်ရှင်ပြကွက် တစ်ခုလား ထင်ရတယ်။ အရင်က မိသားစုနဲ့ အတူဆိုရင် ရစ်ကြည့်ရတတ်တဲ့ အခန်းမျိုးထဲ ပါတယ်။ ခုများတော့ မြန်မာပြည်က ဟိုတယ် တစ်ခုထဲမှာ တရားဝင် လုပ်ပြသတဲ့။
ဒီလောက်ဆိုရင် ဆရာကျတဲ့ သူတွေ ဒက်ခနဲ သိလောက်ပါပြီ။ ဘေးနားထိုင်နေတဲ့ လုပ်ငန်းရှင် ပေါက်စလေးက ထအော်တယ်။ ဇွန်ရယ် ဇာရယ် ကဗျာရယ် ပေါင်းလုပ်တဲ့ပွဲ၊ လက်မှတ် တစ်စောင် အနည်းဆုံး တစ်သောင်း ကစတယ်။ VIP က တစ်စောင် ခြောက်သောင်း၊ VVIP က ခုနစ်သောင်း နဲ့ VVVIP လက်မှတ် ကတော့ တစ်စောင် ကိုးသောင်းတဲ့။
သတင်း ဖတ်ကြည့် လိုက်တော့ သူပြောတဲ့ နှုန်းတွေက ကွက်တိ။ သိလှချေလား ဧကန္တ တစ်ယောက်တည်း ကြိတ်သွားအားပေး ထားပြီနဲ့ တူတယ်လို့ သူ့ကို ၀ိုင်းစကြရင်း သတင်းဆုံးအောင် ဆက်ဖတ်ရတယ်။