Friday, 29 May 2015

ယူတူး ဂီတအဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် မန်နေဂျာ ဒန်းနစ်(စ်)ရှီးဟန် ကွယ်လွန်

အိုင်းရစ် ဂီတအဖွဲ့ ယူတူးသည် ၎င်းတို့အဖွဲ့၏ လှည့်လည်ဖျော်ဖြေရေး ခရီးစဉ် မန်နေဂျာ ဒန်းနစ်(စ်)ရှီးဟန် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဒန်းနစ်(စ်)ရှီးဟန် သည် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ယူဆရသည်။

ကယ်လီဖိုးနီးယား တက္ကသိုလ်က ပျံသန်းနိုင်သည့် စက်ရုပ်ငှက်ကို မိတ်ဆက်

ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသနဌာနက ပျံသန်းနိုင်သည့် စက်ရုပ်ငှက်ကို စတင်မိတ်ဆက် ခဲ့သည်ဟု CNET သတင်းက ဖော်ပြထားသည်။

ကွယ်လွန်သူ ဘလူး(စ်) ဂီတဘုရင် ဘီဘီကင်းအား ဂုဏ်ပြုသည့် အနေဖြင့် တန်နက်ဆီရှိ လမ်းပေါ်တွင် လူများ စီတန်းလှည့်လည်ခဲ့

ဘလူး(စ်)ဂီတဘုရင်ဘီဘီကင်း ယခုလအတွင်းတွင် ကွယ်လွန်သွားခဲ့ရာ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် အဖြစ် ဗုဒ္ဓဟူးနေ့က တန်နက်ဆီရှိ လမ်းများပေါ်တွင် လူများ စီတန်းလှည့်လည်ခဲ့ကြသည်။

လွှတ်တော်မီဒီယာခန်း ပိတ်မှုကို ဝေဖန်၍ ဦးလှဆွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ခေါ်ယူသတိပေး

ပြည်ထောင်စုလွှတ်တော်တွင် မီဒီယာများ သတင်းယူရန် သတ်မှတ်ထားသော အခန်းကိုပိတ်၍ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူး၍မရသော နေရာသို့ ရွှေ့ပြောင်းလိုက်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ခဲ့သော အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက ခေါ်ယူတွေ့ဆုံကာ သတိပေးခဲ့ကြောင်း ဦးလှဆွေက ပြောကြားသည်။

The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူ မီရှဲယို မြန်မာနိုင်ငံသို့ ယနေ့ရောက်မည်

ရန်ကုန်၊ မေ ၂၈- ဟောင်ကောင်မင်းသမီး မီရှဲယို မြန်မာနိုင်ငံသို့ ယနေ့ လာရောက်မည်ဖြစ်ကာ နှစ်ရက် ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ မင်းသမီးမီရှဲယိုသည် မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ''Memory International Film Heritage Festival 2015'' ရုပ်ရှင်ပွဲတော်သို့ အထူးဧည့်သည်တော် အဖြစ် အခမ်း အနားဖွင့်လှစ်ပေးရန်နှင့် ကော့မှူးခရီးစဉ်သွား ရောက်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်းသိရသည်။

ဒေသစရိတ်ခံစားခွင့်ရ မြို့နယ်များရှိ စည်ပင်သာယာ ဝန်ထမ်းလစာကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထုတ်ပေးမည်

ရွှေပေါက်ကံ ၂၀ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ၍ စည်ပင်ဝန်ထမ်းများက ရေထုတ်ပြွန်အသစ်များ တပ်ဆင်ရန် လုပ်ဆောင်နေသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ်များတွင် နေထိုင်လျက်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း များသည် အခြားအစိုးရအဖွဲ့ ဝန်ထမ်းများကဲ့သို့ လစာနှစ်ဆ ခံစားခွင့်ရရှိနိုင်ရန် လိုအပ်သည့် တစ်လစာကို ၎င်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ နှစ်စဉ် ကောက်ခံရရှိသော အခွန်ငွေများထဲမှ ခွဲဝေ ပေးနေ ရခြင်းတို့အတွက် စည်ပင်သာယာရေး အဖွဲ့၏ လိုအပ်ငွေကို ၂၀၁၅-၁၆ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ကျခံပေးမည်ဟု ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်က ဖြေကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ဗမာစကား ကောင်းမွန်စွာ ပြောတတ်သည့် ကိုယ်စားလှယ်လောင်းကို ဦးစားပေးမည်ဟု မွန်အမျိုးသားပါတီဆို

မွန်အမျိုးသားပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်မည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေး ချယ်နေဆဲဖြစ်ပြီး ရွေးချယ်ရာတွင် ဗမာစကား ကောင်းမွန်စွာ ပြောဆိုတတ်သူကို ဦးစားပေး ရွေးချယ်မည် ဟု မွန် အမျိုးသားပါတီ ဗဟိုအဖွဲ့ဝင် နိုင်သောင်းရှိန်က ပြောသည်။

လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသည့် ဖားသားလင်းန် ကုမ္ပဏီ တိုက်ခန်း ၀ယ်ယူထားမှု အချို့ကို ရှင်းပေးနေဟုဆို

လိမ်လည်မှုဖြင့် အရေးယူပေးပါရန် တိုင်တန်းခြင်းခံရပြီး အမှုရင်ဆိုင်နေရသည့် Father Land ဆောက် လုပ်ရေးကုမ္ပဏီက လက်ရှိအချိန်တွင် တိုက်ခန်းဝယ်ယူထားမှုအချို့ကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေ သည်ဟု အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီ၏ ဈေးကွက် ဒါရိုက်တာ ဦးဘိုဘိုဦးက မေ ၂၈ ရက်တွင် ပြောသည်။

အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ကန်စွန်းရွက်ခူးရန် ထွက်လာသည့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေ ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု မေ ၂၇ ရက်၊ ညနေ ၃ နာရီခန့်က တွံတေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် ဆက်စပ်၍ မြို တိုင်းရင်းသား များကို ဖမ်းဆီးထားမှု အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်များနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ်၊ စပါးဆိပ်အုပ်စုမှ မြိုအမျိုးသား ရှစ်ဦး အပါအဝင် ဒေသခံ တိုင်းရင်းသားများကို အမြန်ဆုံးလွှတ်ပေးရန် မြိုနိုင်ငံရေးပါတီများက တောင်းဆိုလိုက်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ဝန်ထမ်းများကို အငြိမ်စားပေးပြီး ကုမ္ပဏီလစာနှုန်းထား သတ်မှတ်ပေးမည်

ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာအမျိုးသားလေကြောင်း ဝန်ထမ်းများအား မြန်မာလေကြောင်း နည်းဥပဒေထွက်ရှိလာလျှင် ပင်စင်များပေးသွားမည်ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းလစာဖြင့် ပြောင်းလဲ သတ်မှတ် ပေးသွားမည်ဟု မေ ၂၉ရက်က သတင်းစာရှင်းလင်းပွဲအပြီးတွင် စီမံခန့်ခွဲရေး ဘုတ်အဖွဲ့မှ ကပ္ပတိန် ဦးထင်လင်းက ပြောသည်။

သံတွဲချောင်းတွင် ဘင်္ဂါလီ ဆယ့်တစ်ဦး ဖမ်းမိ

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့နယ်ခွဲအနီးတွင် စက်လှေများဖြင့် မိသားစုလိုက်ရွှေ့ပြောင်းလာကြ သော ဘင်္ဂါလီ ၁၁ဦးကို ဖမ်းဆီးမိခဲ့သည်ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောသည်။

ယူကရိန်းနှင့် နယူးဇီလန်ပွဲများတွင် မြန်မာအသင်း အမှတ်ရနိုင်ကြောင်း နည်းပြချုပ် ပြောကြား

မြန်မာအသင်းသည် မကြာမီ ကျင်းပတော့မည့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုကျွတ်ရေး ကြိုးစားနေ သည်နှင့်အညီ ယူကရိန်း၊ နယူးဇီလန်တို့နှင့် ယှဉ်ပြိုင်ရမည့်ပွဲများမှ အမှတ်ရအောင် ယူနိုင်မည်ဟု ခန့်မှန်း ထားကြောင်း နည်းပြချုပ်ဂတ်စ်ဇီက The Voice သို့ ပြောကြားသည်။

မူလတန်းပြဆရာမနှင့် ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့သူများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး သ နပ်ပင်မြို့နယ်တွင် မူလတန်းပြ ဆရာမနှင့် ၎င်း၏ ဖခင်တို့ကို သတ်ပြီး ထွက်ပြေး သွားသည့် တရားခံများအား ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် တရားခံများကို လိုက်လံဖမ်းဆီးနေကြောင်း သ တင်းရရှိ သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား ငါးနှစ်အတွင်း တည်ဆောက်ရန် လွှတ်တော် အတည်ပြု

အမေရိကန်ဒေါ်လာ ၁၆၈ သန်းခန့် အကုန်အကျခံ တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို ငါးနှစ်အတွင်း တည်ဆောက်ရန် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ငါးလုပ်ငန်းဖွံ့ဖြိုးရန် ဦးသိန်းစိန်အစိုးရ ပံ့ပိုးကူညီမှု မရှိခဲ့ဟုဆို

ငါးမွေးမြူရေးကန်တွင် လုပ်ငန်းဖော်ဆောင်နေသူများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဦးသိန်းစိန်အစိုးရလက် ထက်တွင် မြန်မာနိုင်ငံ၏ ငါးလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ပံ့ပိုးကူညီမှုမရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးဝင်းကြိုင်က ပြောကြား သည်။

အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်

အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် စတင်ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ကြောင်း သတင်းရရှိသည်။ ယခင်က အစိုးရပိုင်မြေများနှင့် ဌာနဆိုင်ရာ ပိုင်မြေများ ငှားရမ်းရာတွင် ၀င်ငွေခွန်သာကောက်ခံခဲ့ပြီး ယခု ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းထပ်တိုး ကောက်ခံ မည်ဟု ပြည်တွင်း အခွန်များဦးစီး ဌာနမှ သိရသည်။

UPWC နှင့် NCCT ထိုင်းနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့သည်မေလ ၂၈ ရက်က ထိုင်းနိုင်ငံ တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် ရွာငံဒေသတွင် ကျောက်ချောနံရံပန်းချီများတွေ့ ရှိ

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ အမြင့်ပေ ၂၀၀၀ခန့် တောင်ပေါ် တောနက် အတွင်း ကျောက်ခေတ်နံရံပန်းချီဟု ယူဆနိုင်သော ပန်းချီပုံများ ဒေသခံများနှင့် ရှေးဟောင်း သုတေသန ၀ါသနာရှင်များက တွေ့ရှိခဲ့သည်အတွက် ဧရာဝတီသတင်းဌာနအပါအ၀င် တခြားသော သတင်း ဌာနများမှ သွားရောက်လေ့လာ မှတ်တမ်းတင်ခဲ့ပါသည်။

ချေးငွေ ဒေါ်လာ ၁၃၇ သန်းကျော်ဖြင့် ပေ ၆၁၀၀ ကျော်ရှည်မည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်က လွှတ်တော်၌ လာရောက်ရှင်းလင်းဖြေကြားစဉ် 
ချေးငွေအမေရိကန်ဒေါ်လာ ၁၃၇ သန်းကျော်ဖြင့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားတည် ဆောက် ရန် ပြည်ထောင်စုလွှတ်တော်က မေ ၂၈ ရက်တွင် အတည်ပြုခဲ့သည်။