Friday, 20 March 2015

အပစ်ရပ်ဆွေးနွေးပွဲ တတိယနေ့တွင် အထစ်အငေါ့ ဖြစ်နေသည့်အချက်များ သဘောတူညီမှုရ

အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ အကြား တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)ဆွေးနွေးပွဲ သုံးရက်မြောက်နေ့တွင် တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ‘‘တော်လှန်ရေး’’ဆိုသည့် စကား လုံးအပါအ၀င် ယခင် အထစ်အငေါ့ဖြစ်နေခဲ့သောအချက် အများအပြားကို ညှိနှိုင်းသဘောတူညီ လိုက်ကြောင်း သတင်းရရှိသည်။ 

KIA အဖွဲ့ဖမ်းဆီးသွားသော လီဆူးလူငယ်များ ပြန်လွတ်လာသော် လည်း ကြောက်ရွံ့ ထိတ်လန့်နေ

ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ လမုန်းကျေးရွာအနီးတွင် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဒေသခံလီဆူး လူငယ် (၆)ဦးသည် ပြန်လည်လွတ်မြောက်လာသော်လည်း ကြောက်ရွံ့ထိတ်လန့် နေကြ ကြောင်း ယင်းဒေသခံ များထံမှ သိရသည်။

သင်္ကြန်ကာလ မှုခင်းဖြစ်ပွားမှု လျော့ကျစေရေး တစ်နိုင်ငံလုံးတွင် စီမံချက်ဖြင့် ဆောင်ရွက်မည်

လူငယ်အများစု အပျော်လွန်ကဲရာမှ ခိုက်ရန်ဖြစ်ပွားလေ့ ရှိနေရာ လာမည့် ၂၀၁၅ ခုနှစ် မဟာသင်္ကြန် ပွဲတော်တွင် မှုခင်း ဖြစ်ပွားမှု လျော့ကျစေရေး အတွက် တစ်နိုင်ငံလုံးရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် သင်္ကြန်အကြိုကာလ မှုခင်း ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းဖြစ်ပွားမှု ကျဆင်းရေး တို့အတွက် စီမံချက်ဖြင့် ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က ပြောကြားသည်။

ကိုယ်ထိ လက်ရောက်ကျူးလွန်မိသည့် ရွာသားကို DKBA ပြန် လည်တောင်းပန်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်သားနှစ်ဦးသည် ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့က မြဝတီမြို့နယ်၊ ကွင်းကလေး ရွာသား စောအောင်နိုင်ထွန်းကို မြဝတီ-ကော့ကရိတ် ဖောက်လုပ်ဆဲ အာရှ လမ်းမ တနေရာ၌ ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့မှုအပေါ် ကာယကံရှင်ထံ ယနေ့ ပြန်လည် တောင်းပန် ခဲ့သည်ဟု နှစ်ဖက် စလုံးက ပြောသည်။

သုံးဦးဖွဲ့ လိင်ပျော်ပါးရန် ကျောင်းသူတစ်ဦးကို မန်ယူကစားသမား ပီရိုင်းရာ ကမ်းလှမ်း

အသက် ၁၉ နှစ်အရွယ် မန်ယူလူငယ် ကွင်းလယ်ကစားသမား အန်ဒရေးစ်ပီရိုင်းရာသည် ကယ်လီမက် ကင်နေး အမည်ရ ကျောင်းသူတစ်ဦးကို သုံးဦးဖွဲ့ လိင်ဆက်ဆံပျော်ပါးရန် ပေါင်တစ်သောင်း ပမာဏရှိ ငွေကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ဖူးကြောင်း Daily Mail က ဖော်ပြထားသည်။

သမ္မတ၏ ပညာသင်ဆု ရွေးချယ်သည့် စနစ်သည် နိုင်ငံတကာပုံစံနှင့် ပြောင်းပြန်ဖြစ်နေဟုဆို

နိုင်ငံတော် သမ္မတ၏ ပညာသင်ဆုရွေးချယ်သည့် စနစ်သည် နိုင်ငံတကာ ပညာသင်ဆု ရွေးချယ်သည့် စနစ်နှင့်  ပြောင်းပြန်ဖြစ်နေသည်ဟု   Crown Education မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လိုက်နာရန် ကျင့်ဝတ်များ ထုတ်ပြန်

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ အစည်းများ လိုက်နာရမည့် ကျင့်ဝတ်များ (Code of Conduct)ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်က ထုတ်ပြန်ကြောင်း ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ရခိုင်ပြည်နယ် အတွက် သင်္ဘောများ တောင်းဆိုခဲ့ သော်လည်း မရရှိခဲ့ကြောင်း ပြည်နယ် အစိုးရပြော


ရခိုင်ပြည်နယ် အစိုးရအသစ် လက်ထက်တွင် ပြည်ထောင်စု အစိုးရအား သင်္ဘောများ တောင်းဆိုခဲ့ သော်လည်း မရရှိ ခဲ့ကြောင်း ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူ ဥပဒေချုပ် ဦးလှဟန်က အောင်တံခွန် (၃) သင်္ဘော တိမ်းမှောက်မှုနှင့် ပတ်သက်၍ The Messenger Media သို့ ပြောကြား ရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ပွင့်လင်း မြင်သာမှု မရှိသည့် မြန်မာ့ စီးပွားရေး လုပ်ငန်းများတွင် နာမည်ကြီး ကုမ္ပဏီ အများအပြား ပါဝင်

ပွင့်လင်း မြင်သာမှု မရှိသည့် မြန်မာ့စီးပွားရေး လုပ်ငန်းများတွင် နာမည်ကြီး ကုမ္ပဏီများ ဖြစ်သည့် Asia World ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် အပါအ၀င် ကုမ္ပဏီ အများအပြား ပါဝင် နေကြောင်း ယမန်နေ့က (MCRB) မြန်မာ့ စီးပွားရေး လုပ်ငန်းကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူ ဌာနမှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

တူနီးရှား ပြတိုက် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ မသင်္ကာသူ (၉)ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

တူနီးရှားနိုင်ငံ၊ တူးနစ်မြို့တော်တွင် ဖြစ်ပွားသည့် အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မသင်္ကာသူ (၉)ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။

ကိုးကန့်ဒေသကို ဖုန်ကြားရှင်ပြန်မတိုက်ဖို့ NCCT ခေါင်းဆောင်တွေ တားခဲ့ဖူးသလား?

မကြာမီရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ UPWC နဲ့ NCCT တို့ရဲ့ ၇ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲမှာ ဖုန်ကြားရှင်ကို ငြိမ်းချမ်းရေးစားပွဲဝိုင်း ထဲထည့်ဖို့ NCCT ခေါင်းဆောင်တွေပြောဆိုနေတာ ကြားရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးစေချင်တာ အကောင်းဘက်ကတွေးပေးရင် လက်ခံနိုင်တဲ့ကိစ္စပါ။ ဒါပေမယ့် မေးစရာ ရှိတာက ဖုန်ကြားရှင်ကရော ငြိမ်းချမ်းရေးတကယ် လိုချင်ခဲ့ရဲ့လားဆိုတာပါပဲ။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း 'ဒီ'အဆင့်ရရှိသူများ မေးခွန်းသစ်များဖြင့် မေ ၁၄ တွင် ပြန်ဖြေရမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲတွင် 'ဒီ'အဆင့်ရရှိသူများကို မေ ၁၄ ရက်တွင် ပြန်လည်ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကို စောင့်ကြည့်၍ ၄၃၆ ပြင်ဆင်ရေး NLD ပါတီ လှုပ်ရှား သွားမည် ဟုဆို

၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍  လွှတ်တော်မှ လုပ်ဆောင်နေပြီး အခြေအနေကို ကြည့်ကာ ပါတီဘက် အပိုင်းမှ လှုပ်ရှား သွားမည် ဖြစ်ကြောင်း NLD ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က The Messenger Media သို့ ပြောသည်။

ချစ်သူနှစ်ယောက်စလုံး သတ်သေဖို့ ကြိုးစားချိန်မှာ ဘယ်သူ့ကို ကယ်တင်ခဲ့သလဲ

ချစ်သူနှစ်ဦးစလုံး တစ်ပြိုင်နက်တည်း သတ်သေဖို့ ကြိုးစားနေချိန်မှာ ဘယ်သူ့ကို အရင်ကယ်တင်မလဲဆိုတဲ့ မေးခွန်းက စိတ်ဝင် စားစရာပါပဲ။  တရုတ်နိုင်ငံက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ်ရှိ ၀ူဟာ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ချစ်သူဟောင်းနဲ့ လမ်းခွဲပြီးနောက် ချစ်သူသစ်နဲ့ လက်တွဲတာ သုံးလခန့်ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ (ဗဟို) တရားဝင် မှတ်ပုံတင်၍ ဖွဲ့စည်းမည်

မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ (ဗဟို) အား တရားဝင် မှတ်ပုံတင်၍ ဖွဲ့စည်းမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ ဖွဲ့စည်းရေး ကော်မတီ ထံမှ သိရသည်။

ဖုန်ကြားရှင် ကလေးစစ်သားသုံးတာ လူ့အခွင့်ရေးနဲ့ညီပါသလား ??

မနေ့က အင်တာနက်သတင်းတွေလိုက်ရှာဖတ်ရင်းနဲ့ သတင်းဓါတ်ပုံတစ်ချို့ကိုကြည့်မိပြီး တော်တော် လေးစိတ် မကောင်းဖြစ်ရသလို၊ ခံပြင်းဒေါသလည်းထွက်မိတယ်။ ဘာလို့လဲဆိုတော့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် သောင်းကျန်းသူတပ်တွေဟာ လူမမယ်ကလေးအရွယ်တွေကို သေနတ်ပေးပြီး စစ်တိုက်ခိုင်းနေတဲ့ ဓါတ်ပုံတွေ ဖြစ်နေလို့ ပါပဲ။ ဘာလို့ လူမမယ်လို့ပြောရသလဲဆိုရင် ကလေးစစ်သား တွေဟာ တော်တော်ကို ငယ်ရွယ်သေးတဲ့ အရွယ်တွေဖြစ် နေလို့ပါပဲ။

ယနေ့ခေတ် မင်းသားတွေ အရပ် ပိုနိမ့်လာ သလား

ရှေးခေတ် မင်းသားတွေနဲ့ ယနေ့ခေတ် မင်းသားတွေရဲ့ အရပ်အမောင်းကို နှိုင်းယှဉ်ရာမှာ ကွာခြားမှုတွေ အတော်ရှိနေ တယ်လို့ ဆိုထား ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေးခေတ် မင်းသားတွေဟာ သန်မာ ထွားကြိုင်း ကြပြီး ယနေ့ခေတ် မင်းသားတွေ ကတော့ အရပ်အမောင်းသာ နေတာကြောင့် ဖြစ်ပါတယ်။

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ရာသီချိန်အား တိုးမြှင့်ရန် လိုအပ်

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ခရီးသွား ရာသီချိန်အား ပွင့်လင်း ရာသီ၌သာ မဟုတ်ဘဲ ကျန်ရာသီချိန်များ အထိ တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် သဘာဝ အခြေခံများ၊ တိုင်းရင်းသားရိုးရာ ဓလေ့များနှင့် အထိမ်းအမှတ် ပွဲတော် များဖြင့် နိုင်ငံခြား ခရီးသွား များအား ဆွဲဆောင်ရမည်ဟု ၎င်းက ဆိုသည်။

UWSA အဖွဲ့၏ လူသစ်စုဆောင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ရှမ်းတိုင်းရင်းသားမိသားစုများအား နေရာထိုင်ခင်းစီစဉ်ပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော ရှမ်းတိုင်းရင်းသား မိသားစု များအား တာဝန်ရှိအဖွဲ့အစည်းများမှ နေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြောင်း ယင်းမိသားစုများထံမှ သိရသည်။

အငြင်းပွားမှု ဖြစ်ပေါ်နေသော စက်ရုံမှ အလုပ်သမား ခေါင်းဆောင် (၄၈) ဦးကို အလုပ်မှ ထုတ်ပယ်

လှိုင်သာယာ စက်မှုဇုန်တွင် အငြင်းပွာ မှု ဖြစ်ပေါ်နေသော Midus အထည်ချုပ် စက်ရုံမှ အလုပ်သမား ခေါင်းဆောင် (၄၈) ဦးကို အလုပ်မှ ထုတ်ပယ် လိုက်ပြီ ဖြစ်ကြောင်း ယင်းအလုပ်သမားများ ထံမှ သိရသည်။ ၎င်းစက်ရုံသည် အော်ဒါ ပြတ်လပ်မှုကြောင့် စက်ရုံ ယာယီနှစ်လ ပိတ်မည် ဖြစ်ပြီး၊ စက်ရုံပိတ် ထားသည့် ရက်များကို အလုပ်သမား များအား လစာ (၅၀) ရာခိုင်နှုန်း ပေးချေရန် ညှိနှိုင်းနေသော်လည်း အလုပ်သမားများနှင့် သဘောတူညီမှု မရရှိဘဲ အငြင်းပွား နေသော စက်ရုံ တစ်ရုံလည်းဖြစ်သည်။