Tuesday, 11 November 2014

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်

Photo: အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်
Tuesday, November 11, 2014

နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာ ယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ယာဉ်အကူနဲ့ သူ့သူငယ် ချင်းတစ်ယောက် ဒဏ်ရာရ တယ်။ ကျန်တာက အမျိုးသမီးတွေပဲ။တောင်ဥက္ကလာပက ကျောင်းဆရာမတွေဖြစ်တယ်။ ဒဏ်ရာရရှိသူထဲက အမျိုးသားတစ်ဦးပဲ စိုးရိမ်ရတာပါ။ ကျန်တာက မစိုးရိမ်ရပါဘူး’’ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စိန်အိုးစည်ကားပိုင်ရှင်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုသ မှုတွေပြုလုပ်ပေးနေပါတယ်။ ဒဏ်ရာကလည်း ကြီးကြီးမားမား ရတာသိပ်မရှိပါဘူး။ တချို့သူ တွေလည်း ရန်ကုန်ပြန်ခေါ်လာနေ ပါပြီ’’ဟု ပြည်တွင်းဘုရားဖူးပို့ ဆောင်ရေးနှင့် အပန်းဖြေအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

နိုဝင်ဘာ ၉ ရက်ကလည်း အမြန်လမ်း မိုင်တိုင် ၁၂၃ တွင် လိုက်ထရပ်ယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွားရာ ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ယခုနှစ် ၁၀ လကျော်ကာလအတွင်း ယာဉ် တိုက်မှုစုစုပေါင်း ၃၀၀ ကျော်ဖြစ် ပွားခဲ့ပြီး ၁၂၄ ဦး သေဆုံးခဲ့သည်။

အမြန်လမ်းတွင် ယာဉ်တိုက် မှုနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် အများစုမှာ အရှိန်ပြင်းစွာမောင်း နှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက် ခြင်း၊ ပေါ့ဆမှုနှင့် လမ်းလိုအပ် ချက်များကြောင့် အများဆုံးဖြစ် ပွားနေကြောင်း အမြန်လမ်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားထားသည်။

တိမ်းမှောက်သွားသော စိန်အိုးစည်ဘုရားဖူးယာဉ်
7Day Daily
နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဖြေလွှာများ ဖောက်ထွင်းခံရမှု တစ်လကျော်ကြာချိန်အထိ ဖမ်းမိခြင်း မရှိသေး

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် နည်းပညာတက္က သိုလ်တွင် စက်တင်ဘာ ၁၈ ရက် နေ့က စာမေးပွဲအဖြေလွှာများ ဖောက်ထွင်းခိုးယူ ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ရာ ဖောက်ထွင်းခိုးယူဖျက်ဆီးသူကို အမှုဖြစ်ပွားပြီး တစ်လကျော်ကြာသည်အထိ ဖမ်းဆီးရမိသေးခြင်း မရှိကြောင်း ကလေးမြို့ မှုခင်းတပ်ဖွဲ့ ခွဲမှသတင်းရရှိသည်

ရဲမေများကို ကျန်းမာရေးစစ်ချက်ယူရာတွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်သော စစ်ဆေးမှုရှိနေသည်ဆိုသည့်သတင်း စုံစမ်းနေ

ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။

ဧည့်စာရင်းစစ်ရာတွင် နိုင်ငံခြားသားများက မချေမငံပြောဆိုဆက်ဆံဟုဆို

ယခုရက်ပိုင်းတွင် ဧည့် စာရင်းများလိုက်လံစစ်ဆေးသည့် အခါ၌ နိုင်ငံခြာသားအချို့က စစ်ဆေး သည်ကို ရိုင်းပျစွာဆက် ဆံမှုများရှိပြီး ကိုရီးယားလူမျိုးများ မှာ အဆိုးဆုံးဖြစ်သည်ဟု လှိုင် မြို့နယ်မှမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးဦးမြတ်ယုက ပြော ကြားသည်။

‘‘ကျွန်တော်တို့မြို့နယ်ထဲမှာ တော့ ရွှေဟင်္သာကွန်ဒိုက နိုင်ငံ ခြားသားတွေနေတာအများဆုံးပဲ။ အဲဒီတော့ ဧည့်စာရင်းကိုသေချာ ဂရုစိုက်စစ်ရတယ်။ တခြားလူမျိုး တွေထက် ကိုရီးယားတွေက အဆိုးဆုံးပဲ။ စာရွက်စာတမ်း၊နိုင်ငံကူးလက်မှတ်တောင်းလည်း မပေးဘူး။ ရဲစခန်းခေါ်ပြီးစစ်မှ ထုတ်ပေးတယ်။ ဒါတောင် ကျွန် တော်တို့က စကားပြန်နဲ့စစ်တာ ပါ’’ဟု ၎င်းကပြောသည်။

နိုင်ငံတိုင်းတွင် ဥပဒေများရှိ ပြီး လာရောက်နေထိုင်အလုပ်လုပ် သူများအနေဖြင့် လိုက်နာရကာ မြန်မာနိုင်ငံတွင် လာရောက်နေ ထိုင်သည့်နိုင်ငံခြားသားများအနေ ဖြင့် ဥပဒေချိုးဖောက်လျှင်လည်း တည်ဆဲဥပဒေအတိုင်း အရေးယူ သွားမည်ဟု ဦးမြတ်ယုကပြော ကြားသည်။

အမြန်လမ်းတွင် လုယက်ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ

အမြန်လမ်းပေါ်တွင် ကားများအား အုပ်စုဖွဲ့လုယက် ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ ထားပြီး တစ်ဦးမှာ ထွက်ပြေးနေ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်ညနေက အမြန်လမ်း မိုင်တိုင် ၉၉ အနီးတွင် လူတစ်ယောက်က လမ်းပေါ်၌ ရပ်စောင့်နေကာ အိမ်စီးကား တစ်စီးအား ပေါက်တူးဖြင့် လွှဲရိုက်၍ လုယက်ရန် ကြိုးစားခဲ့ခြင်းဖြစ် သည်။

လမ်းဘေးတွင်လည်း လုယက်ရန် အသင့်စောင့်နေသူ များရှိကြောင်း ကိုယ်တိုင်ရင်ဆိုင် ခဲ့ရသူ ကိုသီဟထွန်းက ပြော သည်။ ကိုသီဟထွန်းက အနီးဆုံး အမြန်လမ်းရဲကင်းတစ်ခုသို့ အ ကြောင်းကြားခဲ့ပြီး နောက်တစ် နေ့တွင် တရားခံနှစ်ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

အိုဘားမား လုံခြုံရေးအတွက် တိုက်လေယာဉ်နှင့် ကျည်ကာကား အပါအဝင် လက်နက်ပစ္စည်းများ နေပြည်တော်သို့ရောက်

အာဆီယံထိပ်သီး အ စည်းအဝေးသို့ တက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမား စီးနင်းမည့် ကားအပါ အ၀င် လုံခြုံရေးအတွက် အသုံးပြုမည့် တိုက်လေယာဉ်နှင့် ကျည်ကာ ကားများ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန် လေကြောင်း လေယာဉ်တစ်စီးဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး Air Craftတိုက်လေယာဉ် သုံးစီးနှင့် Ford အမျိုးအစား ကျည်ကာကား ၁၂ စီး ပါဝင်ကြောင်း သတင်းရရှိသည်။ ၎င်းတို့ထဲတွင် အိုဘားမားစီးမည့် The Beast ဟု အမည်ပေးထားသည့် ကားလည်း ပါဝင်သည်။

ကွမ်းသီးကို ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့် စားသုံးသူများ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်

ကွမ်းသီးများကို ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသဖြင့် စားသုံးသူများ အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနေကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲမှု ဦးစီးဌာနသည် ရန် ကုန်မြို့ရှိ ဈေးကြီးငါးခု၌ လိုက် လံစစ်ဆေးရာတွင် ကွမ်းသီးအပါ အ၀င် အခြားစားသောက်ကုန် ခြောက်မျိုး၌ စားသုံးရန် အန္တ ရာယ်ရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ညောင်ပင်လေး ဈေး၊ ပုဇွန်တောင်ဈေး၊ စံပြငမိုး ရိပ်ဈေး၊ သိမ်ကြီးဈေးနှင့် သီရိ မင်္ဂလာဈေးများတွင် စစ်ဆေးခဲ့ ခြင်းဖြစ်ရာ ကွမ်းသီးများ၌ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရဲမေများကို ကျန်းမာရေးစစ်ချက်ယူရာတွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်သော စစ်ဆေးမှုရှိနေသည်ဆိုသည့်သတင်း စုံစမ်းနေ

ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။

Monday, 10 November 2014

ဦးအောင်သောင်း အမည်မည်းစာရင်းသွင်းခံရခြင်းကို ကန့်ကွက်ရှုတ်ချမှု ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက အမည်မည်းစာရင်း သွင်းလိုက်ခြင်းအပေါ် ပြည်သူ့ လွှတ်တော်က ကန့်ကွက်ရှုတ်ချရန် နိုဝင်ဘာ ၁၀ ရက်တွင် အတည်ပြု လိုက်သည်။

အမြန်လမ်းတွင် ဘုရားဖူးယာဉ်မှောက်

အမြန်လမ်းတွင် ရွှေကြေးစည်ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီအချိန်တွင် ရန်ကုန်မြို့သို့ပြန်လာသော ရွှေကြေးစည်ဘုရားဖူးယာဉ်သည် မိုင်တိုင် ၁၂၄ တွင်တိမ်းမှောက်ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ၁၁ ဦးနှင့် ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများသည် ကျောင်းဆရာမများ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟု ဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူထားသည့် စိစစ်ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ်သမ္မတအား ပြောကြား


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားဟုဆိုသူ ဘင်္ဂါလီများကို နှစ်ဖက် သဘောတူ ထားသည့် စိစစ် ရေးမူလေးချက်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ် သမ္မတ အား နိုဝင်ဘာ၉ရက်နေ့က ပေကျင်း တွင်တွေ့ဆုံစဉ် ပြောကြား ခဲ့သည် ဟု သိရ သည်။

မြန်မာသမ္မတနှင့် ဘင်္ဂလားဒေ့ရှ် သမ္မတတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေး စဉ် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် က ဘင်္ဂလားဒေ့ရှ်သမ္မတ မစ္စတာ အဗ္ဗဒူဟာမစ်၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံမှ ထွက်ခွာ လာသည်ဟု ဆိုသူများကို အမြန်ပြန်လည်လက်ခံရန် ဆွေးနွေး ခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည် ဟု နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြချက်အရ သိရသည်။

လေကြောင်းတိုက်ခိုက်မှုများအပြီး IS အဖွဲ့အကြီးအကဲ၏ ကံကြမ္မာအား အီရတ် စုံစမ်းစစ်ဆေးနေ

Photo: လေကြောင်းတိုက်ခိုက်မှုများအပြီး IS အဖွဲ့အကြီးအကဲ၏ ကံကြမ္မာအား အီရတ် စုံစမ်းစစ်ဆေးနေ
Monday, November 10, 2014

အမေရိကန်ဦးဆောင်သော ပူးပေါင်းအဖွဲ့ စစ်လေယာဉ်များက အစ္စလမ္မစ်နိုင်ငံတော်(IS)အဖွဲ့၏ ထိပ်တန်းခေါင်းဆောက်များအား ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း IS စစ်သွေးကြွအုပ်စု၏ အကြီးအကဲ အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီ သေဆုံးခဲ့ခြင်း ရှိ/မရှိကို အီရတ်မှ တနင်္ဂနွေ(နိုဝင်ဘာ ၉)နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဖမ်းဆီးရခက်လှစွာသော ဘဂ္ဂဒက်ဒီသာ သေရိုးမှန်ခဲ့လျှင် ၎င်းအဖြစ်အပျက်သည် IS အား လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲနေသော ပူးပေါင်းအဖွဲ့ဝင် နိုင်ငံများအတွက်၊ အီရတ်တစ်လွှား IS မှ သိမ်းပိုက်ထားသော နယ်မြေတနံတလျားအား ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်နေကြသော အီရတ်တပ်ဖွဲ့ဝင်များအတွက် အလွန်တရာ ကြီးမားလှသော မဟာအောင်ပွဲကြီး ဖြစ်ပေလိမ့်မည်။

၎င်းလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သော ကြေငြာချက်သည် ဝါရှင်တန်မှ IS အား အချိန်အကန့်အသတ်မရှိ စစ်ပွဲဆင်နွှဲမည့်အကြောင်းကို ပိုမိုထင်ရှားစေမည့် သမ္မတ ဘားရတ် အိုဘားမားမှ အီရတ်တပ်ဖွဲ့ဝင်များအား စစ်အကြံပေးရန် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀ ကျော်အား စေလွှတ်မည့်အကြောင်း ဖွင့်ဟအပြီး၌ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဘဂ္ဂဒက်ဒီ သေဆုံးသွားပြီလား၊ ရှင်နေသေးသလားဟူသည့် မေးခွန်းကို ထိပ်တန်း အီရတ် ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးမှ "အခုအထိတော့ တိကျသော မည်သည့်သတင်းအချက်အလက်မှ ရရှိထားခြင်း မရှိသေးပါဘူး" ဟု ဖြေကြားခဲ့သည်။ "သတင်းတွေက တရားမဝင်ရင်းမြစ်တွေက လာတာဖြစ်ပြီး ခုချိန်ထိ အတည်မပြုရသေးပါဘူး။ ကျွန်တော်တို့ ဒီကိစ္စအတွက် ကြိုးစားလုပ်ဆောင်နေပါတယ်" ဟု ၎င်းတာဝန်ရှိသူမှ ကနဦးသတင်းပါ အချက်အလက်များကို အသေးစိပ်မရှင်းလင်းပဲ ယေဘုယျသဘော ဖြေကြားသွားသည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များအား ကွပ်ကဲနေသော အမေရိကန်ဗဟိုစစ်ဦးစီးအဖွဲ့က ၎င်းတို့ ပူးပေါင်းအဖွဲ့လေယာဉ်များမှ "လေကြောင်းတိုက်ခိုက်မှုများ များစွာ" ကို "မိုဆူးလ်အနီးရှိ IS ခေါင်းဆောင်များ စည်းဝေးနေသော နေရာတစ်ခု" သို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု စနေနေ့က ပြောကြားသည်။

"IS ခေါင်းဆောင် အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီက စည်းဝေးနေတဲ့အထဲ ပါသလား/မပါဘူးလားဆိုတာ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး" ဟု ဗဟိုစစ်ဦးစီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပစ်ထရစ် ရိုင်ဒါက ပြောကြားသည်။ သောကြာနေ့က အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများသည် "ကျွန်တော်တို့က ISIL အကြမ်းဖက်ကွန်ယက်ကို ဖိအားပေးနေဆဲ" ဆိုတဲ့ အမှတ်လက္ခဏာ နောက်တစ်ခုပါ" ဟု ၎င်းမှ IS ၏ အခြားနာမည်တစ်မျိုးဖြစ်သော ISIL ကို အသုံးပြု၍ ပြောကြားသွားသည်။ ။
"ဘဂ္ဂဒက်သေဆုံးပြီလို့ ကျွန်တော်တို့ လုံးဝအတည်မပြုနိုင်သေးပါဘူး" ဟု ဗြိတိသျှလက်နက်ကိုင်တပ်ဖွဲ့များ သေနာပတိချုပ် ဗိုလ်ချုပ်ကြီး နီကိုလပ်စ် ဟူစတန်မှ BBC ရုပ်သံ သို့ တနင်္ဂနွေနေ့က ပြောကြားသည်။ "အဖြေအတိအကျပေးဖို့ဆိုလျှင် အတော်လေး အချိန်ယူရနိုင်ပါတယ်"
ဝါရှင်တန်မှ ဘဂ္ဂဒက်ဒီအား ဖမ်းဆီးပေးနိုင်သူကို အမေရကန်ဒေါ်လာ ၁၀ သန်း ပေးမည်ဟု ကြေငြာကမ်းလှမ်းထားသည်။ အချို့သော လေ့လာမှုစစ်တမ်းများအရ ဘဂ္ဂဒက်ဒီသည် အယ်လ်ကိုင်ဒါအကြီးအကဲ အေမန် အယ်လ်ဇဝါဟီရီထက် သြာဇာအာဏာ ပို၍ပို၍ ကြီးထွားလာနေသည်။

http://www.channelnewsasia.com/…/iraq-investig…/1462912.html
ဓာတ်ပုံ -- မိုဆူးလ်မြို့ရှိ ဗလီတစ်ခု၌ မိန့်ခွန်းပြောကြားနေသော ဘဂ္ဂဒက်ဒီ
Myo Min Thant
အမေရိကန်ဦးဆောင်သော ပူးပေါင်းအဖွဲ့ စစ်လေယာဉ်များက အစ္စလမ္မစ်နိုင်ငံတော်(IS)အဖွဲ့၏ ထိပ်တန်းခေါင်းဆောက်များအား ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း IS စစ်သွေးကြွအုပ်စု၏ အကြီးအကဲ အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီ သေဆုံးခဲ့ခြင်း ရှိ/မရှိကို အီရတ်မှ တနင်္ဂနွေ(နိုဝင်ဘာ ၉)နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဖမ်းဆီးရခက်လှစွာသော ဘဂ္ဂဒက်ဒီသာ သေရိုးမှန်ခဲ့လျှင် ၎င်းအဖြစ်အပျက်သည် IS အား လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲနေသော ပူးပေါင်းအဖွဲ့ဝင် နိုင်ငံများအတွက်၊ အီရတ်တစ်လွှား IS မှ သိမ်းပိုက်ထားသော နယ်မြေတနံတလျားအား ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်နေကြသော အီရတ်တပ်ဖွဲ့ဝင်များအတွက် အလွန်တရာ ကြီးမားလှသော မဟာအောင်ပွဲကြီး ဖြစ်ပေလိမ့်မည်။

၎င်းလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သော ကြေငြာချက်သည် ဝါရှင်တန်မှ IS အား အချိန်အကန့်အသတ်မရှိ စစ်ပွဲဆင်နွှဲမည့်အကြောင်းကို ပိုမိုထင်ရှားစေမည့် သမ္မတ ဘားရတ် အိုဘားမားမှ အီရတ်တပ်ဖွဲ့ဝင်များအား စစ်အကြံပေးရန် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀ ကျော်အား စေလွှတ်မည့် အကြောင်း ဖွင့်ဟအပြီး၌ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဘဂ္ဂဒက်ဒီ သေဆုံးသွားပြီလား၊ ရှင်နေသေးသလားဟူသည့် မေးခွန်းကို ထိပ်တန်း အီရတ် ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးမှ "အခုအထိတော့ တိကျသော မည်သည့်သတင်းအချက်အလက်မှ ရရှိထားခြင်း မရှိသေးပါဘူး" ဟု ဖြေကြားခဲ့သည်။ "သတင်းတွေက တရားမဝင်ရင်းမြစ်တွေက လာတာဖြစ်ပြီး ခုချိန်ထိ အတည်မပြုရသေးပါဘူး။ ကျွန်တော်တို့ ဒီကိစ္စအတွက် ကြိုးစားလုပ်ဆောင်နေ ပါတယ်" ဟု ၎င်းတာဝန်ရှိသူမှ ကနဦးသတင်းပါ အချက်အလက်များကို အသေးစိပ်မရှင်းလင်းပဲ ယေဘုယျသဘော ဖြေကြားသွားသည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များအား ကွပ်ကဲနေသော အမေရိကန်ဗဟိုစစ်ဦးစီးအဖွဲ့က ၎င်းတို့ ပူးပေါင်းအဖွဲ့လေယာဉ်များမှ "လေကြောင်းတိုက်ခိုက်မှုများ များစွာ" ကို "မိုဆူးလ်အနီးရှိ IS ခေါင်းဆောင်များ စည်းဝေးနေသော နေရာတစ်ခု" သို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု စနေနေ့က ပြောကြားသည်။

"IS ခေါင်းဆောင် အဘူဘကရ် အယ်လ်ဘဂ္ဂဒက်ဒီက စည်းဝေးနေတဲ့အထဲ ပါသလား/မပါဘူးလားဆိုတာ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး" ဟု ဗဟိုစစ်ဦးစီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပစ်ထရစ် ရိုင်ဒါက ပြောကြားသည်။ သောကြာနေ့က အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများသည် "ကျွန်တော်တို့က ISIL အကြမ်းဖက်ကွန်ယက်ကို ဖိအားပေးနေဆဲ" ဆိုတဲ့ အမှတ်လက္ခဏာ နောက်တစ်ခုပါ" ဟု ၎င်းမှ IS ၏ အခြားနာမည်တစ်မျိုးဖြစ်သော ISIL ကို အသုံးပြု၍ ပြောကြားသွားသည်။ ။
"ဘဂ္ဂဒက်သေဆုံးပြီလို့ ကျွန်တော်တို့ လုံးဝအတည်မပြုနိုင်သေးပါဘူး" ဟု ဗြိတိသျှလက်နက်ကိုင်တပ်ဖွဲ့များ သေနာပတိချုပ် ဗိုလ်ချုပ်ကြီး နီကိုလပ်စ် ဟူစတန်မှ BBC ရုပ်သံ သို့ တနင်္ဂနွေနေ့က ပြောကြားသည်။ "အဖြေအတိအကျပေးဖို့ဆိုလျှင် အတော်လေး အချိန်ယူရနိုင်ပါတယ်"
ဝါရှင်တန်မှ ဘဂ္ဂဒက်ဒီအား ဖမ်းဆီးပေးနိုင်သူကို အမေရကန်ဒေါ်လာ ၁၀ သန်း ပေးမည်ဟု ကြေငြာကမ်းလှမ်းထားသည်။ အချို့သော လေ့လာမှုစစ်တမ်းများအရ ဘဂ္ဂဒက်ဒီသည် အယ်လ်ကိုင်ဒါအကြီးအကဲ အေမန် အယ်လ်ဇဝါဟီရီထက် သြာဇာအာဏာ ပို၍ပို၍ ကြီးထွားလာနေသည်။

http://www.channelnewsasia.com/…/iraq-investig…/1462912.html
ဓာတ်ပုံ -- မိုဆူးလ်မြို့ရှိ ဗလီတစ်ခု၌ မိန့်ခွန်းပြောကြားနေသော ဘဂ္ဂဒက်ဒီ
Myo Min Thant

အိုဘားမား မိန့်ခွန်းပြောမည့် စိန်ရတုခန်းမ ပြင်ဆင်ရန် Excellent Unit လေလံအောင်

အမေရိကန်သမ္မတ အို ဘားမားမိန့်ခွန်းပြောကြားမည့် ရန်ကုန်တက္ကသိုလ်စိန်ရတု ခန်းမ ပြင်ဆင်ခြင်းလုပ်ငန်း တင်ဒါခေါ် ယူရာတွင် Excellent Unit ဆောက်လုပ်ရေးကုမ္ပဏီက လေ လံအောင်သွားကြောင်း သတင်း ရရှိသည်။

အဆိုပါ အဆောက်အအုံ ပြင်ဆင်ရေးအတွက် ကုမ္ပဏီလေး ခု ၀င်ရောက် လျှောက်ထားခဲ့ပြီး Excellent Unit ဆောက်လုပ်ရေး လုပ်ငန်းက တင်ဒါအောင်မြင်ခဲ့ သဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းများ နိုဝင်ဘာ ၉ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Sunday, 9 November 2014

အခွန်လျှော့ဆောင်ရန် လိမ်လည်စာချုပ် ချုပ်ဆိုမှုများကို အရေးယူမည်ဟုဆို

အခွန်ဆောင်ရန် ပညာ ပေးကာလသတ်မှတ်ထားသော် လည်း ကုန်ပစ္စည်းရောင်းချခြင်း ဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်းဖြစ် စေ အခွန်လျှော့ဆောင်ရန် လိမ်လည်ချုပ်ဆိုသော စာချုပ်များ ကို အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီး ဌာနမှသတင်းရရှိသည်။
နေအိမ်အပါအဝင် ပစ္စည်း များရောင်းချခြင်း၊ ငှားရမ်းခြင်းတို့ ပြုလုပ်ရာ၌ စာချုပ်များ ချုပ်ဆိုရာတွင် အခွန်ဆောင်ရန် သက်သာစေရန် မူလ တန်ဖိုးထက် လျှော့ချုပ်ဆိုမှုများနေပြီး ယင်းတို့ကို အရေးယူသွားမည် ဖြစ်သည်။
‘‘အိမ်တစ်လုံးငှားတယ်။ စာချုပ်ပါတဲ့အတိုင်း ဈေးနှုန်းက မဖြစ်နိုင်ဘူးဆိုရင် မြို့နယ် အခွန် ဦးစီးမှူးက ခေါ်စစ်လို့ရတယ်။ ဈေးကိုလည်း အခွန်ဦးစီးမှူးက သတ်မှတ်လို့ရတယ်။ ဒီကိစ္စက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ ဒါကိုကိုင်တွယ်ဖို့ အခွန်ဥပဒေထဲ မှာ အခွန်ဦးစီးမှူးတွေကို လုပ် ကိုင်ခွင့်ပြုထားတာ’’ ဟု ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီးဌာနဒုတိယဦးစီးမှူးကပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းရာတွင် ပြည်သူ မနာရန်နှင့် တိုင်းပြည် သိက္ခာမကျရန် လုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံဥပဒေပြင်ဆင် ရာတွင် လူထုပါဝင်ရန်လိုအပ်ပြီး ပြည်သူမနာရန်နှင့် တိုင်းပြည် သိက္ခာမကျစေရန် အေးအေးချမ်း ချမ်းလုပ်ဆောင်သွားမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကပြောကြားလိုက်သည်။
‘‘အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်ချင်တယ်ဆိုတာက တကယ်တော့ လူနည်းစုက လူများစုကြီးကို စိန်ခေါ်သလိုဖြစ် နေတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောခဲ့ပြီး ‘ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်း ချမ်းနဲ့ ပြည်သူလည်းမနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင်လုပ်သွားပါ့ မယ်လို့ပြောလိုပါတယ်’’ဟု အခြေခံဥပဒေပြင်ဆင်ရေးနည်းလမ်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
နိုနို နိုဝင်ဘာ ၈ ရက်က ကယား ပြည်နယ်လွိုင်ကော်မြို့တွင် ပြု လုပ်သော လူထုတွေ့ဆုံပွဲအခမ်း အနား၌ ဟောပြောပွဲတက် ရောက်သူများ မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လုပ်ဆောင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လူထုက ပါဝင်ကူညီရမည်ဆိုသည်မှာ မည်သည့်နည်းလမ်းဖြင့် ကူညီရမည်လဲဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အ၀ရရှိသည့် အစိုးရမဟုတ်သေးကြောင်း ကယားပြည်နယ် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အဝရရှိသည့် အစိုးရမဟုတ်သေးကြောင်း နိုဝင်ဘာ ၈ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံမှာ အင်မတန်မှ အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။ အရင်တုန်းက တပ်မတော်အုပ်ချုပ်ရေးစနစ် နဝတ၊ နအဖ။ ၂ဝ၁ဝ ရွေးကော်ပွဲပြီးတော့ အခုအစိုးရ။ အခုအစိုးရကို တချို့က ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်ပါတယ်။ ကျွန်မကတော့ ရိုးရိုးပဲပြောရမယ်ဆိုရင်

ဒေသတွင်းလုံခြုံရေးအတွက် မြန်မာအရေးကြီးကြောင်း အိန္ဒိယဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံသည် အိန္ဒိ ယအစိုးရသစ်၏မိတ်ဖက်ဆက် ဆံရေးထူထောင်မှုတွင် ဦးစားပေး နိုင်ငံဖြစ်ပြီး ဒေသတွင်းလုံခြုံရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ အရေးကြီးသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် သစ်နရန်ဒရာမိုဒီကပြောကြားသည်။

အရှေ့အာရှထိပ်သီးအစည်း အဝေးသို့တက်ရောက်ရန် မြန်မာနိုင်ငံသို့လာရောက်မည့် ဝန်ကြီးချုပ် မိုဒီက ၎င်း၏ခရီးစဉ်မစတင်မီ သုံးရက်အလို နိုဝင်ဘာ ၈ ရက် တွင် မြန်မာနိုင်ငံအပေါ် အပြု သဘောဆောင်သည့်မှတ်ချက်ကို ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားခြင်းဖြစ်သည်။

မြန်မာအစိုးရကို ဖိအားပေးရန် ကန်လွှတ်တော်အမတ် ၄၀ကျော် အိုဘားမားထံ စာရေးတိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးအ ပါအ၀င် အစိုးရ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးဖော်ဆောင်မှု များ အချိန်ဆွဲနေခြင်းကို ရပ်ဆိုင်း ရေးသမ္မတဦးသိန်းစိန်အား ဖိအား ပေးတောင်းဆိုရန် အမေရိကန် အောက်လွှတ်တော်အမတ် ၄၀ ကျော်က သမ္မတအိုဘားမားထံ စာရေးသား တိုက်တွန်းလိုက် သည်။

မြန်မာနှင့်အမေရိကန်ဆက် ဆံရေးကို ယခုထက်ပိုမိုတိုးတက် စေလိုပါက လူ့အခွင့်အရေးချိုး ဖောက်မှုများရပ်ဆိုင်းပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးကို သမ္မ တအိုဘားမားက တိုက်တွန်းရန် လိုကြောင်း အောက်လွှတ်တော် အမတ်များ၏ ပေးစာကို ကိုးကား ၍ RFAသတင်းဌာနက ဖော်ပြသည်။

Saturday, 8 November 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဒေသ တွင်း စီးပွားရေးပူးပေါင်းဆောင် ရွက်ရေးဆွေးနွေးပွဲသို့တက်ရောက် ရန် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် ည နေ ၆နာရီတွင် တရုတ်နိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိကြသည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း ဆက်လက်စောင့်ကြည့်နေရဆဲ

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ပိုမိုအားကောင်း လာခြင်းမရှိသော်လည်း အ၀ါ ရောင်အဆင့် သတ်မှတ်၍ သတိ ပေးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအ နှံ့ အချိန်အခါမဟုတ် မိုးရွာနေဦး မည်ဖြစ်ကြောင်း မိုး/ဇလဌာန ဒု တိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။