ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဒေသ တွင်း
စီးပွားရေးပူးပေါင်းဆောင် ရွက်ရေးဆွေးနွေးပွဲသို့တက်ရောက် ရန် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် ည နေ ၆နာရီတွင် တရုတ်နိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိကြသည်။
Saturday, 8 November 2014
ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း ဆက်လက်စောင့်ကြည့်နေရဆဲ
ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ပိုမိုအားကောင်း လာခြင်းမရှိသော်လည်း အ၀ါ ရောင်အဆင့် သတ်မှတ်၍ သတိ ပေးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအ နှံ့ အချိန်အခါမဟုတ် မိုးရွာနေဦး မည်ဖြစ်ကြောင်း မိုး/ ဇလဌာန ဒု တိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။
မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲက မြန်မာရဲတပ်ဖွဲ့အား အကြောင်းကြား
ထိုင်းနိုင်ငံက ၀ရမ်း ထုတ်ထားသည့် မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန်
ထိုင်းရဲ က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တရား ၀င်အကြောင်းကြားစာ ပို့လိုက်
ကြောင်း သတင်းရရှိသည်။
မြန်မာနှင့် ထိုင်းလူမျိုးများ ပါသည့် မူးယစ်ကုန်သည် ဆယ် ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် ဓာတ်ပုံများကိုပါ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး နာမည်နှင့်တကွ အ တိအကျပြောရန် မဖြစ်နိုင်ကြောင်း နေပြည်တော်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲ အရာရှိကြီးတစ်ဦးက ပြောသည်။
မြန်မာနှင့် ထိုင်းလူမျိုးများ ပါသည့် မူးယစ်ကုန်သည် ဆယ် ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် ဓာတ်ပုံများကိုပါ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး နာမည်နှင့်တကွ အ တိအကျပြောရန် မဖြစ်နိုင်ကြောင်း နေပြည်တော်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲ အရာရှိကြီးတစ်ဦးက ပြောသည်။
Friday, 7 November 2014
နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားရင်ဆိုင်ရန်အတွက် သမ္မန်စာပို့
မြန်မာသံတော်ဆင့်ဂျာနယ်ပါဆောင်းပါးသည် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/အယ်ဒီတာချုပ် မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဆင့် သမ္မန်စာပေးပို့ခဲ့သည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးအောင် ထွန်းလင်းက The Daily Elevenသို့ ပြော ကြားသည်။
ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာ ရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာ သံတော်ဆင့် ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆိုဆင့်ခေါ် ခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘီလာရုစ်မှ ပြန်လည်ရောက်ရှိ
ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည် ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။
သုံးရက်ဆက် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းများနှင့် မြို့နယ်အချို့တွင် ရေကြီးမှုများဖြစ်ပွား
နိုဝင်ဘာ ၄ ရက်မှစတင်ကာ သုံးရက်ဆက် တိုက်မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိလမ်း များနှင့် မြို့နယ်အချို့၌ နိုဝင်ဘာ ၆ ရက် တွင် ရေကြီးမှုများဖြစ်ပွားခဲ့သည်။
ယင်းသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန် မြို့ရှိတောင်ဥက္ကလာပ၊ မရမ်းကုန်၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်၊ စမ်း ချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ စသည်မြို့နယ်များရှိ ရပ်ကွက်များတွင် ရေ ကြီးမှုများဖြစ်ပွားခဲ့ပြီး အချို့မြို့နယ်များ၌ ခါးလယ်လောက်အထိပင် ရေကြီးမှုများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ နိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီး ဌာနမှ သိရသည်။
ကိုပါကြီးအလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရန် စည်ပင်က မိသားစုထံစာပို့

ကိုပါကြီးအလောင်းကို ရင်ခွဲစစ်ဆေးပြီးချိန်ကစပြီး ၂၄ နာရီအတွင်း သင်္ဂြိုဟ်ဖို့ မွန်ပြည်နယ် စည်ပင် သာယာရေး ကော်မတီက စာထုတ်ပြန်ပြီး ကိုပါကြီးရဲ့ ဇနီးဒေါ်သန္တာဆီကို ပေးပို့ထားတယ်လို့ ဒီမို ကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။
အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ခြင်းမရှိ
ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆၀ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့ တောင်ဘက် မိုင် ၃၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
မုန်တိုင်းငယ်သည် မြန်မာ့ကမ်း ရိုးတန်းသို့ ဦးတည်ရွေ့လျားနေခြင်း မရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
မုန်တိုင်းငယ်သည် မြန်မာ့ကမ်း ရိုးတန်းသို့ ဦးတည်ရွေ့လျားနေခြင်း မရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘီလာရုစ်မှ ပြန်လည်ရောက်ရှိ
ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည် ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားရင်ဆိုင်ရန်အတွက် သမ္မန်စာပို့
မြန်မာသံတော်ဆင့်ဂျာနယ်ပါဆောင်း ပါးသည် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/အယ်ဒီတာချုပ် မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဆင့် သမ္မန်စာပေးပို့ခဲ့သည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံအယ်ဒီတာတစ် ဦးဖြစ်သူ ဦးအောင် ထွန်းလင်းက The Daily Elevenသို့ ပြော ကြားသည်။
ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာ ရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာသံ တော်ဆင့်ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆိုဆင့်ခေါ်ခဲ့ခြင်းဖြစ် သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။
“မုန်တိုင်းငယ်က အခုဘင်္ဂလားပင် လယ်အော်အလယ်ပိုင်းမှာပဲရှိနေတယ် ။ အား ကောင်းလာပြီးတော့ ဆိုင်ကလုန်းမုန်တိုင်း ကိုပြောင်းလဲနိုင်တယ်။ မုန်တိုင်းက Cell နှစ်ခုကွဲနေတယ်။Cell တစ်ခုကမြောက်ဘက် ကို ရွေ့လျားနေပြီး တစ်ခုက မိုးအဖြစ်နဲ့ ရွာ ချလို့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်း ဘက်ကိုပျံ့နှံသွားတယ်။ အဲဒါကြောင့်အား ပျော့သွားပြီ။ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းမှာကျန်ရှိနေတဲ့ Cell တစ်ခုကတော့ အားပိုကောင်းလာနိုင်တယ်။ မုန်တိုင်းအရှိန် ကြောင့်တော့ နောက်နှစ်ရက် သုံးရက်အထိ မိုးရွာနိုင်တယ်။ ဒါပေမဲ့ အရင်ရက်တွေက ရွာသလောက်တော့ မိုးမများနိုင်ဘူး”ဟု မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောကြားသည်။
အင်းစိန်မြို့နယ်တွင် ဓားဖြင့် အနုကြမ်းစီးသူများအားဖမ်းမိ
အင်းစိန်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ နံနက် ၂ နာရီတွင်
ဓားဖြင့်အနုကြမ်း စီးခြိမ်းခြောက်လုယက် ခဲ့သည့်အ မှုမှ တရားခံများကို
သုံးရက်အ တွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှသတင်းရရှိ သည်။
နိုဝင်ဘာ ၃ရက် နံနက် ၂နာ ရီခန့်က အင်းစိန်မြို့နယ်၊ စဥ့်ငူရပ် ကွက်ရှိ ‘ဆုံဆည်းရာ’စားသောက် ဆိုင်တွင် ဓားဖြင့်အနုကြမ်းစီးလု ယက်မှုဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၃ရက် နံနက် ၂နာ ရီခန့်က အင်းစိန်မြို့နယ်၊ စဥ့်ငူရပ် ကွက်ရှိ ‘ဆုံဆည်းရာ’စားသောက် ဆိုင်တွင် ဓားဖြင့်အနုကြမ်းစီးလု ယက်မှုဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
Thursday, 6 November 2014
စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သမ္မတပြော

မြန်မာ့နိုင်ငံရေးလမ်း စဉ်တွင် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို အောင်မြင်စွာကျော် လွှားနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြား လိုက်သည်။
ယခုလ ၅ ရက်တွင် ပြော ကြားသော နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်း၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ သည့် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ကဲ့သို့သော ဆွေးနွေးမှုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှုများ ထောင်ဒဏ်ပါ ချမှတ်အရေးယူမည်ဟုဆို
ရန်ကုန်- ရန်ကုန်မြို့တွင် မော်တော်ယာဉ်များစည်းကမ်းမဲ့မော င်းနှင်မှု များပြားလာ၍ ဒဏ်ငွေဖြင့် အရေးယူ ရာမှ ထောင်ဒဏ်ပါ ထည့်သွင်း အရေးယူတော့မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက သတင်းထုတ်ပြန်သည်။
ငွေဒဏ်ဖြင့် အရေးယူစဉ် က မထီမဲ့မြင် ပြုလုပ်ခြင်းနှင့် စည်း ကမ်းမဲ့မောင်းနှင်ခြင်းများ ရှိနေ ဆဲဖြစ်၍ ၁၉၆၄ မော်တော်ယာဉ် ဥပဒေပုဒ်မ ၂၁ ဖြင့် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျွမ်းကျင်ပညာရှင်အဖြစ် သတ်မှတ်ခံရသည့် အင်ဂျင်နီယာ ၁၈၀ ကျော်သာရှိဟုဆို
ရန်ကုန်− နည်းပညာတက္ကသိုလ်များမှ အင်ဂျင်နီယာကျောင်း သား သောင်းဂဏန်းနှစ်စဉ်မွေးထုတ် ပေးနေသော်လည်း မြန်မာနိုင်ငံ တွင် နောက်ဆုံးအဆင့်အကျွမ်း ကျင်ဆုံးပညာရှင်အဖြစ် အသိအမှတ်ပြုခံ ထားရသည့် အင်ဂျင်နီ ယာ ၁၈၂ ဦးသာရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်ကပြောသည်။
အဆိုပါအရေအတွက်မှာ အခြား အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေ သေးသည်ဟု ဥက္ကဋ္ဌဦးဝင်းခိုင်က ပြောသည်။
မုန်တိုင်းအရှိန်ကြောင့် မိုး သုံးရက်ဆက် ရွာမည်
ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့် ဖြစ်လာပြီးယင်းအရှိန်ကြောင့် နေရာအချို့တွင် မိုးသုံးရက်ဆက်ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။
ယင်းမုန်တိုင်းငယ်မှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်းမရှိသည့်အတွက် အ၀ါအဆင့် သတ်မှတ် ထားသည်။
နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံး၏ လက်ထဲတွင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူ နိုင်ငံသား အားလုံး၏ လက်ထဲတွင်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၅ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သတင်းထောက်တစ်ဦး မေးမြန်းသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တပ်မတော်အား ဖိအားပေးပါက တိုင်းပြည်မကောင်းသည့်ဘက်သို့ ရောက်သွားနိုင်ခြင်း ရှိ၊ မရှိ” ဆိုသည့်အချက်အား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကို အဝါရောင် လုံခြုံရေးအဆင့် သတ်မှတ်
နေပြည်တော်တွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲကို အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမား တက်ရောက်မည် ဖြစ်သောကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၏ လုံခြုံရေးကို အဝါရောင်အဆင့် (အရေးကြီးအဆင့်) သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ အစည်းအဝေး ကျင်းပသည့်အချိန်တွင် နေပြည်တော်ကောင်စီ၏ နယ်မြေလုံခြုံရေးကို လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအဆင့် သတ်မှတ်ချက် ငါးချက်ထဲမှ အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ရဲမှူးကြီး ဇော်ခင်အောင်က The Voice သို့ ပြောကြားသည်။
Wednesday, 5 November 2014
လီဗာပူးကို တစ်ဂိုးနဲ့ကပ်နိုင်ပြီး အုပ်စုတက်သွားတဲ့ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

စပိန်မြေပေါ်မှာ သွားရောက်ကစားခဲ့ရတဲ့ပွဲမှာလည်း လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ကတော့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပြီ လီဗာပူးကတော့ အုပ်စုတက်ဖို့ ရုန်းကန်ရတော့မှာပါ။
Subscribe to:
Posts (Atom)