Thursday, 14 August 2014

ထူးအိမ်သင် ဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေမည့် အဆိုတော်အချို့ ပရိသတ် ဝေဖန်သံမှုများကြောင့် သီဆိုရန်နှုတ်ထွက်

Photo: ထူးအိမ်သင် ဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေမည့် အဆိုတော်အချို့ ပရိသတ် ဝေဖန်သံမှုများကြောင့် သီဆိုရန်နှုတ်ထွက်
Thursday, August 14, 2014

သြဂုတ်လ ၂၃ ရက်တွင်ကျင်းပမည့် ထူးအိမ်သင် အလွမ်းပြေ ဂီတဖျော်ဖြေပွဲတွင်သီဆိုမည်ဟု ကြေငြာထားသည့်အဆိုတော် အောင်လနှင့် ရေမွန်တို့သည် ယင်းပွဲ၌ ပါဝင်သီဆိုမည်မဟုတ်ဟု အဆိုတော်ထူးအိမ်သင်၏ ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်ထွေးထံသို့ အကြောင်းကြားခဲ့သည် ဟု ၎င်းမဇ္စျိမကိုပြောသည်။

"သူတို့ကို မေတ္တာနဲ့သီဆိုပေးဖို့ အစ်မ အကူအညီတောင်းခဲ့တာပါ။ သူတို့တွေ ကမဆိုပေးတော့ဘူး ဆိုတော့ ဘာမှမတတ်နိုင်တော့ပါဘူး"ဟု ၎င်းကပြောသည်။

ယင်းအပြင် အဆိုတော်ဟန်ထူးလွင်(ခ) ကျားပေါက်၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း အဆိုပါဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည် မဟုတ်ဟုရေးသားထားသော်လည်း ဂီတပွဲစီစဉ်သူ ဒေါ်သွယ်သွယ်ထွေးကိုမူ အကြောင်းကြားထားခြင်း မရှိသေးဟု မသွယ်သွယ်ထွေးကပြောသည်။

" ပွဲက ၂၃ ရက်နေ့မှပါ။ သူတို့သဘောဆန္ဒအလျောက် နှုတ်ထွက်သွားတယ် ဆိုပေမယ့် ပွဲမစသေးဘူးလေ။ ပွဲမစခင်အချိန်ထိ သူတို့ပြန်ပြီး လာဆိုမယ်ဆိုရင်လည်း ခွင့်ပြုသွားမှာပါ။ " ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် တေးရေးမြင့်မိုးအောင်က ပြောသည်။

" ပရိသတ်တွေအခုလို ဝေဖန်တဲ့ကိစ္စက ကိုငှက်ကိုချစ်လို့ ကိုငှက်သီချင်းတွေ ပျက်စီးမှာစိုးလို့ ဝေဖန်တာကို နားလည်ပါတယ်။ ကိုငှက်ကိုချစ်လို့ဖြစ်ကြတဲ့ ကိစ္စပါ။ အဲဒီတော့ ချစ်လို့ဖြစ်တဲ့ကိစ္စကို အချစ်နည်းနဲ့ပဲ ဖြေရှင်းမှာပါ။ ကိုငှက်ကို ချစ်ခြင်းအားဖြင့် လွမ်းခြင်းအားဖြင့် ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ အမှတ်တရအနေ နဲ့ ကိုငှက်ကိုချစ်ရင် ကိုငှက်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေ၊ ကိုငှက်ဆိုထားတဲ့သီချင်းတွေကို အနုပညာရှင်တွေက ကိုငှက်ကိုချစ်ခြင်းအားဖြင့် ဖျော်ဖြေကြမှာကို ခွင့်ပြုနားလည်ပေးနိုင်ကြမယ်လို့ ထင်ကြပါတယ်" ဟု ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် တေးရေး ရွှေဂျော်ဂျော် က ပြောသည်။

ထူးအိမ်သင်အလွမ်းပြေဂီတဖျော်ဖြေပွဲတွင်ပါဝင်သီဆိုမည့်သူတစ်ဦးဖြစ်သော စည်သူလွင်ကလည်း " ဒီပွဲမှာ ပါဝင်သီဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ရော့ခ်သီဆိုမှုမှာဆိုရင်ကိုဇော်ဝင်းထွဋ်ကကျွန်တော်ရဲ့ဆရာဖြစ်သ လို ကိုငှက်က ပေါ့ပ်မှာကျွန်တော်ရဲ့ဆရာပါပ။ဲ ကျွန် တော်အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ "မင်းအကြောင်းအိမ်မက်" သီချင်းက ကိုငှက်ရေးပေးတာပါ။ ပြီးတော့ ကျွန်တော်နဲ့ ကိုအဲလက်စ်နဲ့ပေါင်းပြီးတော့" သင်းကွဲငှက်နဲ့ဝေးသွားတဲ့အခါ "သီချင်းကို ကိုငှက်ခွင့်ပြုချက်နဲ့ပြန်ဆို ခဲ့ပါတယ်။ အဲဒီတုန်းက ကိုငှက်က ကျွန်တော်တို့ကို အသစ်အသစ်သော ဂီတအမျိုးအစားတွေကိုလက်ခံတယ် လို့ပြောခဲ့တယ်။ အခုလည်း ကိုငှက်လက်ခံနိုင်မှာပါ။" ဟု၎င်းက ပြောသည်။

"ပရိသတ်က အမျိုးမျိုးအစားစားဆိုတော့ ပြောကြတာပေါ့။ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာတော့ သူကို ချစ်တဲ့သူတွေက ဝိုင်းပြီးတော့ကန့်ကွက်ကြတာမျိုးက ဘယ်နိုင်ငံမှာမဆိုရှိပါတယ်။ ကိုယ်လည်း တကယ်နှစ် သက်တယ်။

ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုရင်မည်သူမဆိုပါဝင်ခွင့်ရှိတယ်လို့တော့မြင်ပါတယ်။ တစ်ခုပဲရှိတာကသီချင်းတွေကိုရော သူ့ရဲ့ဇစ်မြစ်ကိုရောသေသေချာချာသိပြီးမှဆိုရင်တော့ ပိုကောင်းတာပေါ့။ဒီပွဲ ကိုပြန်လုပ်တာတော့ကောင်းပါတယ်။ ကိုငှက်ကြီးက ဒီလို ဂုဏ်ပြုသင့်တဲ့သူတစ်ယောက်လေ။ချစ်တဲ့သူ၊ ကြိုက်တဲ့သူတွေရဲ့ရင်ထဲမှာရှိမယ်။ အများပြည်သူက ဒီလိုမှမလုပ်ပေးရင် ကြာရင်မေ့သွားနိုင်တယ်လေ။" ဟု ဝါရင့်တေးရေးဆရာတစ်ဦးဖြစ်သူ မင်းချစ်သူကပြောသည်။

ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့်သူစာရင်းမှ နှုတ်ထွက်သွားသည့် အောင်လနှင့် ရေမွန်ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

သြဂုတ်လ ၂၃ ရက်တွင် ကျင်းပမည့် ထူးအိမ်သင်ကွယ်လွန်ခြင်း  ၁ဝ နှစ်ပြည့် အမှတ်တရဂီတဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ လေးဖြူ၊ အငဲ၊ စည်သူလွင်၊ ဇော်ပိုင်၊ R ဇာနည်၊ ဘိုဖြူ၊ မျိုးကြီး၊ ဝိုင်းဝိုင်း၊ L လွန်းဝါ၊ ကျားပေါက်၊ ရေမွန်၊ အောင်လ၊ ဖော်ကာ၊ အီတိုး၊ ကောင်းကောင်း၊ဘန်နီဖြိုး၊ ဒေးဗစ်ခွန်နောင်၊ ဒီမွန်၊ ကော်နီ၊ သျှီ၊ ဆုန်သင်းပါရ်၊ဖြူုဖြူကျော်သိန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်နှင့် ထူးအိမ်သင်၏ သမီးဖြစ်သူ မိကွန်ထော တို့ပါဝင်သီဆိုကြမည်ဖြစ်သည်။

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁ဝ) နှစ်ပြည့် "ထူးအိမ်သင်ဂီတပွဲတော်" ကို ဒဂုံမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmat Event Park  (MEP) တွင် သြဂုတ် ၂၃ ရက်တွင်ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese
သြဂုတ်လ ၂၃ ရက်တွင်ကျင်းပမည့် ထူးအိမ်သင် အလွမ်းပြေ ဂီတဖျော်ဖြေပွဲတွင်သီဆိုမည်ဟု ကြေငြာ ထားသည့် အဆိုတော် အောင်လနှင့် ရေမွန်တို့သည် ယင်းပွဲ၌ ပါဝင်သီဆိုမည်မဟုတ်ဟု အဆိုတော် ထူးအိမ်သင်၏ ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်ထွေးထံသို့ အကြောင်းကြားခဲ့သည် ဟု ၎င်းမဇ္စျိမကိုပြောသည်။

ဟောင်ကောင်ကိုယ်ဝန်ဆောင်အမျိုးသမီး သစ်ပင်ပိ သေဆုံးသော်လည်း သန္ဓေသား အသက်ရှင်ခဲ့

ဟောင်ကောင်မှ မျိုးရိုးအမည်ကျန်ဟုပါသော အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦး သည် သြဂုတ် ၁၄ ရက် ညနေ ၂ နာရီ မိနစ် ၃၀ ခန့် က လဲကျလာသည့် သစ်ပင်တစ်ပင်ပိမှုကြောင့် ဆေးရုံ အရောက်တွင် သေဆုံးသွားသော်လည်း ဆရာဝန်များက သန္ဓေသားအား အောင်မြင်စွာ မွေးဖွားပေးခဲ့နိုင် ကြောင်း သိရသည်။

ရုရှားဝန်ကြီးချုပ်၏ Twitter တွင် ရာထူးမှနှုတ်ထွက်ဟု ဟက်ကာများက ၀င်ရောက်ရေးသား

Photo: ရုရှားဝန်ကြီးချုပ်၏ Twitter တွင် ရာထူးမှနှုတ်ထွက်ဟု ဟက်ကာများက ၀င်ရောက်ရေးသား
Thursday, August 14, 2014

ရုရှားဝန်ကြီးချုပ် ဒီမက်ထရိမက်ဒီဒက်၏ Twitter တွင် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ် ကြောင်းနှင့် သမ္မတ ဗလာဒီမာပူတင်အား ဝေဖန်မှုများကို ဟက်ကာများက သြဂုတ် ၁၄ ရက်တွင် ၀င်ရောက်ရေးသားခဲ့ကြောင်း သိရသည်။

“ကျွန်တော် ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပါတော့မယ်။ အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှက်နေပါပြီ။ ကျွန်တော်ကို့ ခွင့်လွှတ်ပေးကြပါ” ဟု ရုရှားဘာသာဖြင့် Twitter တွင် ရေးသားခဲ့သည်။

နောက်ထပ် Twitter တစ်စောင်တွင်လည်း “ကျွန်တော် ပြောချင်နေတာတော့ ကြာပါပြီ၊ ဗိုဗာရေ (ပူတင်၏ အမည်ပြောင်) ခင်ဗျားမှားနေပြီ” ဟု ရေးသားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားအစိုးရအရာရှိတစ်ဦးက “ဒီစာတွေက အမှန်မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု ပြောကြားသည်။

သို့သော် မက်ဒီဒက်၏ Twitter တွင် ရေးသားမှုများမှာ ဆက်လက်ထွက်ပေါ်နေပြီး ရုရှားတွင် ၀င်ရောက်ကြည့်ရှုသူအရေအတွက် ၁၀၀၀၀ မှ၂ ဒသမ ၅ သန်းသို့ အဆမတန် မြင့်တက်သွားခဲ့သည်။

ရေးသားထားသည့် စာမျာတွင်  ရုရှားအစိုးရအား ဝေဖန်မှုအများအပြား ပါဝင်သည်။

Mizzima - News in Burmese
ရုရှားဝန်ကြီးချုပ် ဒီမက်ထရိမက်ဒီဒက်၏ Twitter တွင် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ် ကြောင်းနှင့် သမ္မတ ဗလာဒီမာပူတင်အား ဝေဖန်မှုများကို ဟက်ကာများက သြဂုတ် ၁၄ ရက်တွင် ၀င်ရောက် ရေးသားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလတွင် အောင်ဆန်း ရုပ်ရှင် အတွက် ဇာတ်ဝင်ခန်း နှစ်ခန်း စတင် ရိုက်ကူးမည်

နှစ်နှစ်ကျော်ကြာ ကြိုတင် ပြင်ဆင်ခဲ့ပြီး မရိုက်ကူးရ သေးသည့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားသည် စက်တင်ဘာ လ၌ ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင်သည့် အခန်းနှင့် ၎င်း၏သားဖြစ်သူ အောင်ဆန်းလင်း သေဆုံးသည့် အခန်းများကို ရိုက်ကူးမည် ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် ဦးဇာဂနာက မဇ္ဈိမကို ပြောသည်။

စောငမန်းနှင့် တူးတူး ထိုးသတ်မည့် ချန်ပီယံစိန် ခေါ်ပွဲအား ပရိသတ် စိတ်ဝင်စား မှုနှုန်းမြင့်မားနေ

Photo: စောငမန်းနှင့် တူးတူး ထိုးသတ်မည့် ချန်ပီယံစိန် ခေါ်ပွဲအား ပရိသတ် စိတ်ဝင်စား မှုနှုန်းမြင့်မားနေ
Thursday, August 14, 2014

လာမည့် သြဂုတ် ၁၇ ရက် မွန်းလွဲ ၂း၀၀ နာရီတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ သုဝဏ၌ ပြုလုပ်မည့် မြန်မာပြည် ချန်ပီယံရိုးရာ လက်ဝှေ့စိန်ခေါ် ပွဲအား ပရိသတ်စိတ် ၀င်စားမှုနှုန်း မြင့်တက်လျက်ရှိ ပြီးလက်ဝှေ့ပွဲ အထူးတန်း လက်မှတ်များ ကုန်သလောက် ရှိနေပြီဟု အဆိုပါလက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ် သည့် ဦးအောင်နိုင်မိုးက မဇ္ဈိမသို့ ပြောသည်။

မြန်မာပြည် ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းဖြစ်သည့် စောငမန်းနှင့် တူးတူးတို့ပွဲစဉ်တွင် စိန်ခေါ်သူတူးတူး အနိုင်ရရှိပါက မြန်မာပြည် အလွတ်တန်း ချန်ပီယံဘွဲ့ ရရှိမည်ဖြစ်သလိုစောငမန်းအနေဖြင့်လည်း လက်ရှိချန်ပီယံဘွဲ့ကာကွယ်ရန် လိုအပ်နေသည့်အတွက် အဆိုပါ ချန်ပီယံလုပွဲအား ပရိသတ်စိတ်ဝင်စားမှု ပိုမိုမြင့်မားနေခြင်းဖြစ်သည်။

လက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ်သည့် ဦးအောင်နိုင်မိုးက “ အထူးတန်းလက်မှတ်ကုန်သလောက် နီးပါးဖြစ်နေပြီ။ ရိုးရိုးတန်းကပွဲနေ့ကျမှပဲ ရောင်းမှာပါ။ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ နှစ်သောင်းတန်းကကုန်သွားပြီ။ တစ်သောင်းခွဲ ခုံတောင် လေးပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ” ဟု ပြောသည်။ မြန်မာပြည် ချန်ပီယံ စိန်ခေါ်ပွဲကို T &T Group နှင့် NAING MOE ENTERTAINMENT တို့မှ စီစဉ်ပြီး Victory MyanmarGroup မှ ငွေကျပ် သိန်း ၂၀၀ ကျော် စပွန်ဆာပေးထားသည်။
 
ထို့ပြင်လက်ဝှေ့ပွဲသို့ အစောဆုံးလာရောက်မည့် ပရိသတ် ၆၀၀ အား စောငမန်းနှင့်တူးတူးတို့၏ ပုံများပါရှိသည့် အကျီလက်ဆောင် များ ပေးရန် စီစဉ်ထားသည်။

မြန်မာပြည် ချန်ပီယံရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ပါဝင်သည့် တွဲဆိုင်း ၈ဆိုင်းမှာ စောရွှကျော်(ရွှေဖူး)နှင့် စောလယ်ဖွယ်ထူး(T&T)၊ သားအသဲတစ်ပွင့် (စွမ်းကေကေ)နှင့်အားမာန်(T&T)၊ ရွှေဝါထွန်း(ရွှေ သောင်းရင်း)နှင့်လုံးချော(သတ္တိ)၊ဖိုးလပြည့်(ရွှေဖူး)နှင့် စောအယ်လေး(ထော့မဲပါ)၊ကျားပေါက်(ရွှေသောင်းရင်း)နှင့် ရဲတံခွန် (အလင်းရောင်)၊ရဲရင့်အောင်(နဂါးမာန်)နှင့် စောဂပရေမှူး(ထော့မဲပါ)၊ထွန်းထွန်း(၀ါဆို)နှင့် စောဂေါ်မူတို(သတ္တိ)၊ စောငမန်း (ရွှေဖူး)နှင့်တူးတူး (နဂါးမာန်) တို့ ထိုးသတ်ကြမည်ဖြစ်သည်။

Mizzima - News in Burmese
လာမည့် သြဂုတ် ၁၇ ရက် မွန်းလွဲ ၂း၀၀ နာရီတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ သုဝဏ၌ ပြုလုပ်မည့် မြန်မာပြည် ချန်ပီယံရိုးရာ လက်ဝှေ့စိန်ခေါ် ပွဲအား ပရိသတ်စိတ် ၀င်စားမှုနှုန်း မြင့်တက်လျက်ရှိ ပြီးလက်ဝှေ့ပွဲ အထူးတန်း လက်မှတ်များ ကုန်သလောက် ရှိနေပြီဟု အဆိုပါလက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ် သည့် ဦးအောင်နိုင်မိုး က မဇ္ဈိမသို့ ပြောသည်။

ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်

Photo: ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်
Thursday, August 14, 2014

 ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူသွားမည် ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။

ငါးနှစ်တစ်ကြိမ် ကပ်လှူလေ့ရှိသည့် ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေ သင်္ဃန်း ကပ်လှူပူဇော်ခြင်းကို စက်တင်ဘာလ ၁၅ရက်မှ ၂ဝ၁၅ခုနှစ် ဧပြီလ ၂၈ရက် အထိ ခုနှစ်လကြာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြား၊ ရွှေမျက်ပါးနှင့် ရွှေစင်ပြားပေါင်း တစ်သောင်းကျော်ခန့် အသုံးပြုသွားမည်ဖြစ်သည်။

လုံးတော်ပြည့်ကပ်လှူရာတွင်  ၂ဝဝ၉ခုနှစ်မှ စတင်ပြီး ၂ဝ၁၄ခုနှစ် ဇူလိုင်လကုန်အထိ ခြောက်ကျပ်သား ရွြှေုပားပေါင်း ၁၁၉ချပ်၊ သုံးကျပ်သား ရွှေပြားပေါင်း ၁ဝ၆၃ ချပ်နှင့် တစ်ကျပ်သား ရွှေပြားပေါင်း ၄၈၄၁ ချပ် လှူဒါန်းမှုများ ရရှိထားပြီး ဖြစ်သည်။ ရွှေသင်္ဃန်းအတွက် လှူဒါန်းရရှိသည့် ငွေသားများမှ ရွှေတစ်ကျပ်သားလျှင် ကျပ် ၆ဝဝ,ဝဝဝ နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။ ထို့ပြင် လုံးတော်ပြည့် ရွှေသင်္ဃန်း ကပ်လှူရာတွင် အခြားစရိတ်များအဖြစ် ကျပ်သိန်းပေါင်း ၉ဝဝဝကျော် ကုန်ကျမည်ဟု ခန့်မှန်း တွက်ချက်ထားကြောင်းလည်း ၎င်းင်းက ဆိုသည်။

“ ရွှေပြားစုတ်ပြဲတာတွေ ပြန်ကောက်ပြီးလည်း ရွှေပြန်သန့်စင်ပြီးလည်း ပြန်ကပ်ပါတယ်”ဟု ဦးဝင်းကြိုင်က ပြောသည်။

၂ဝ၁၄-၂ဝ၁၅ခုနှစ်အတွင်း ရွှေတိဂုံစေတီတော် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြားသင်္ဃန်း ကပ်ထားသော ဧရိယာမှ စုတ်ပြဲပျက်စီးသော ရွှေပြားများ အစားထိုး ဖြည့်စွက်ခြင်း၊ ပထမကြေးဝန်းနှင့် ဒုတိယ ကြေးဝန်းတို့တွင် ရွှေစင်ပြားများ တိုးချဲ့ကပ်လှူခြင်း၊ ယခင် ရွှေမျက်ပါးကပ်ထားသော ပန်းဆွဲကြီး ၁၆ ခုကို ရွှေစင်ပြား ပြောင်းလဲကပ်လှူခြင်းနှင့် အောက်ဆုံးပစ္စယာ သုံးဆင့်၊ ရှစ်မြှောင့် ပစ္စယာတို့အား ရွှေမျက်ပါးအသစ် ကပ်လှူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိ ရွှေတိဂုံစေတီတော်ကြီးကို ရွှေမျက်ပါး၊ ရွှေပြားနှင့် ရွှေစင်ပြား အမျိုးအစားသုံးမျိုးဖြင့် ရွှေသင်္ဃန်း ကပ်လှူထားခြင်းဖြစ်သည်။ ငှက်ပျောဖူးတော်ကြီး၊ ဖောင်းရစ်များ၊ သပိတ်မှောက်၊ ရင်စည်း၊ ခေါင်းလောင်းတော် စသည်တို့ကို ရွှေပြားကပ်လှူထားခြင်း၊ ပဉ္စမကြေးဝန်း၊ စတုတ္ထကြေးဝန်း၊ တတိယ ကြေးဝန်းနှင့် ကြာမှောက်၊ ကြာလန်ဧရိယာကို ရွှေစင်ပြားကပ်ထားခြင်း၊ အနိမ့်ဆုံးနှင့် အကျယ်ဆုံး အပိုင်းဖြစ်သော စေတီတော်ကြီး ပစ္စယာသုံးဆင့်နှင့် ရှစ်မြှောင့်ပစ္စယာ၊ အခုံးအခွက်များဖြင့် တန်ဆာဆင်ထားသော ပန်းဆွဲကြီး ၁၆ခုတွင် ရွှေမျက်ပါး ကပ်လှူထားသည်။

Mizzima - News in Burmese
 ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူသွားမည် ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။

ဖေ့စ်ဘွတ်တွင် အစ္စရေးကို ထောက်ခံသဖြင့် မလေးရှား ဆယ်ကျော်သက် တစ်ဦး နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် စစ်ဆေးခံရ

Photo: ဖေ့စ်ဘွတ်တွင် အစ္စရေးကို ထောက်ခံသဖြင့် မလေးရှား ဆယ်ကျော်သက် တစ်ဦး နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် စစ်ဆေးခံရ
Thursday, August 14, 2014

ကွာလာလမ်ပူ၊ သြဂုတ် ၁၄။ မလေးရှား ဆယ်ကျော်သက် တစ်ဦးသည် အစ္စရေးအား ထောက်ခံသော Facebook မှ Post တစ်ခုအား “like” လုပ်မိခဲ့ရာ (လူမှု ကွန်ရက် Facebook တွင် အစ္စရေးအား ထောက်ခံသော စာသားနှင့် ရုပ်ပုံ အစုအဝေး တစ်ခုအား ကြိုက်နှစ် သက်ကြောင်း ပြသခဲ့ရာ) နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် သူ့အား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရပြီး မွတ်စလင် အများစု နေထိုင်သည့် မလေးရှား နိုင်ငံတွင် ထိုကိစ္စ အပေါ် သည်းမခံမှုများ တိုးပွား လာနေသည်ဟု သြဂုတ် ၁၄ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

 “အစ္စရေးကို ငါချစ်တယ် ” ဟု ရေးသား ကြေညာ ထားပြီး ဂျူးနိုင်ငံ ဖြစ်သည့် အစ္စရေး၏ အလံကို ဖော်ပြ ထားသည့် ပို့စ်အား မလေးရှား နိုင်ငံ မြောက်ပိုင်း ပီနန် ပြည်နယ်မှ အသက် ၁၇ နှစ် အရွယ် ကျောင်းသား တစ်ဦးက “like” လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပီနန် ရဲတပ်ဖွဲ့အကြီးအကဲ အက်ဘ်ဒူလ် ရာဟင် ဟာနာဖီက ဗုဒ္ဓဟူး နေ့တွင် ပြောကြား ခဲ့သည်ဟု မလေးရှား မီဒီယာတွင် ဖော်ပြ ထားသည်။

နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှု နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု ပြုလုပ်လျက် နေဆဲ ဖြစ်ကြောင်းနှင့် ထိုကျောင်းသားမှာ “like” အမှတ် အသားကို မတော်တဆ နှိပ်လိုက်မိခြင်း ဖြစ်ကြောင်း အက်ဘ်ဒူလ် ရာဟင် က ဆိုခဲ့ သည်ဟု ဖော်ပြထား ကြသည်။ ထိုကျောင်းသား အပေါ် ခြိမ်းခြောက်မှု များကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိကြောင်း ဆိုသည်။ မလေးရှားတွင် နိုင်ငံတော် အပေါ် အကြည်အညို ပျက်စေမှုမှာ ထောင်ဒဏ် သုံးနှစ် ကျခံရ နိုင်သည်။ ရဲများ၏ စစ်ဆေးမှုကို ခံယူခဲ့ ရသော ကျောင်းသားမှာ သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဖျက်သိမ်း လိုက်ပြီ ဖြစ်သည်။ ၎င်းမည်သူ ဖြစ်ကြောင်း လူသိ ရှင်ကြား ထုတ်ပြန်မှု မရှိပေ။

မလေးရှား နိုင်ငံသည် အစ္စရေးနှင့် သံတမန် အဆက်အသွယ် မရှိပေ။ ဂါဇာတွင် ဖြစ်ပွားလျက် ရှိသော စစ်ပဋိပက္ခ များကြောင့် ပါလက်စတိုင်း များအပေါ် အစ္စရေး၏ မူဝါဒများမှာ မလေးရှား မွတ်စလင် များ၏ ပြင်းထန်စွာ ဝေဖန်မှုကို ခံနေ ရသည်။

လူမျိုး ဘာသာပေါင်းစုံ နေထိုင် ကြသည့် မလေးရှားတွင် မလေး မွတ်စလင်များ အများဆုံး လွှမ်းမိုး ထားသော အစိုးရ လက်ထက်၌ သည်းမခံ မှုများ ကြီးထွား လာမည့် အရေး အများ ပြည်သူ၏ စိုးရိမ် ပူပန်မှု များမှာ ယခု ဖြစ်ရပ်ကြောင့် ပိုမို မြင့်တက် လာခဲ့သည်။ အခြား လူသိများသော ကိစ္စရပ် တစ်ခုတွင်လည်း မလေးရှား အစိုးရ နှင့် မွတ်စလင် အုပ်စုများက လူနည်းစု ဖြစ်သည့် မလေး ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်ဟု အဓိပ္ပာယ် ရသော အာရပ် စကားလုံး ဖြစ်သည့် “အလ္လာ” ဟူသော စကားလုံးအား ခရစ်ယာန် ဘုရား သခင်အား ရည်ညွှန်း ရာတွင် ဆက်လက် အသုံးမပြု ကြတော့ရန် ဖိအား ပေးလျက် ရှိပြီး ခရစ်ယာန် များကမူ ၄င်းတို့ အနေဖြင့် ရာစုနှစ်နှင့် ချီကာ ထိုကဲ့သို့ ရည်ညွှန်း သုံးနှုန်း လာခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့ ကြသည်။

Mizzima - News in Burmese
ကွာလာလမ်ပူ၊ သြဂုတ် ၁၄။ မလေးရှား ဆယ်ကျော်သက် တစ်ဦးသည် အစ္စရေးအား ထောက်ခံသော Facebook မှ Post တစ်ခုအား “like” လုပ်မိခဲ့ရာ (လူမှု ကွန်ရက် Facebook တွင် အစ္စရေးအား ထောက်ခံသော စာသားနှင့် ရုပ်ပုံ အစုအဝေး တစ်ခုအား ကြိုက်နှစ် သက်ကြောင်း ပြသခဲ့ရာ) နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် သူ့အား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရပြီး မွတ်စလင် အများစု နေထိုင်သည့် မလေးရှား နိုင်ငံတွင် ထိုကိစ္စ အပေါ် သည်းမခံမှုများ တိုးပွား လာနေသည်ဟု သြဂုတ် ၁၄ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

လယ်ယာလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇)ထုတ်ပေးမှု ကြန့်ကြာ၍ စိုက်ပျိုးစရိတ်ချေးငွေနောက်ကျ

တောင်ငူ− လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)ထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာ နေ၍ ပုံစံ(၇)မရရှိသေးသည့် တောင်ငူခရိုင်အတွင်းမှလယ်သမားများမှာ ယခုနှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ နောက်ကျနေရကြောင်း    သတင်းရရှိသည်။

နေပြည်တော်ရဲ့ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ်

Photo: နေပြည်တော်ရဲ့ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ်
Thursday, August 14, 2014

လူခြေတိတ် ကျယ်ပြန့်လွန်းတဲ့ နေပြည်တော်ကို တစ္ဆေမြို့လိုလို ဘာလိုလို ပြောသူတချို့ ရှိနေပေမယ့် နိုင်ငံတကာ ဟိုတယ်အုပ်စု Kempinski  ကတော့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးတခုကို နိုဝင်ဘာမှာ ဖွင့်ဖို့ ပြင်နေပါပြီ။

 ကမ္ဘောဇ အုပ်စု နဲ့  Jewellery Luck ကုမ္ပဏီတို့က ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားကြကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်ဖြစ်တဲ့ Local Companies Invest US$ 45 Million in Luxury Napyidaw Hotel မှာ ရေးပါတယ်။ အပြည့်အစုံကို 
http://www.irrawaddy.org/business/local-companies-invest-us-45-million-luxury-napyidaw-hotel.html မှာ ဖတ်နိုင်ပါတယ်။ ဒီဟိုတယ်က နေပြည်တော်မှာ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ် ဖြစ်လာနိုင်ပါတယ် တဲ့။
အခန်းခတွေက တရက် ဒေါ်လာ ၂၂ဝ ကနေ ၄,ဝဝဝ အတွင်း ဖြစ်မှာပါ။ 

နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွေ မတိုင်ခင် ဒီဟိုတယ် ဆောက်လုပ်ပြင်ဆင်မှု အပြီးသတ်မယ်လို့ ဆိုတယ်။ 

ဒီဟိုတယ်ကြီးမှာ တည်းခိုနိုင်ချေရှိတာကတော့ အာဆီယံအစည်းအဝေးများကို လာတက်မယ့် နိုင်ငံတကာအစိုးရကိုယ်စားလှယ်အဖွဲ့တွေ ဖြစ်မယ်၊ NGO နဲ့ စီးပွားရေးဘက်ပိုင်းကလည်း တည်းကြပါလိမ့်မယ်။

ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့အဆိုအရ နေပြည်တော်မှာ ဟိုတယ်ပေါင်း ၅ဝ ထက် မနည်း ရှိနေတာပါ။

လူသူကင်းမဲ့သလိုဖြစ်နေတဲ့ မြို့တော်ကြီးမှာ ဟိုတယ်တွေ ထပ်ပြီး လိုပါဦးမလား၊ ပြီးခဲ့သော အာဆီယံအစည်းအဝေးတွေမှာလည်း ဟိုတယ်အများအပြားမှာ အခန်းလွတ်တွေ ရှိနေတယ်လို့ ထောက်ပြသူတို့လည်း ရှိပါတယ်။

မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ - Myanmar People Forum Working Group ရဲ့ ညွှန်ကြားရေးမှူး ကိုကျော်လင်းဦးကတော့ ... ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် နေပြည်တော်က ဟိုတယ်ကြီးတွေ ဧည့်သည် ရှိတော့မယ်မဟုတ်ဘူးလို့ ထင်ပါတယ် တဲ့။
နိုင်ငံတကာကိုယ်စားလှယ်တွေ လာကြတယ် ဆိုတာက အစည်းအဝေးများ ရှိလို့ဖြစ်တယ်၊ ဧည့်သည် ပုံမှန်ဝင်ရေး ဆိုတာက ထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

ဧရာဝတီ BLOG 

နေပြည်တော် Kempinski  ဟိုတယ် ရေကူးကန် (ဓာတ်ပုံ - ကျော်ဆုမွန် / ဧရာဝတီ)
နေပြည်တော် Kempinski  ဟိုတယ် ရေကူးကန် (ဓာတ်ပုံ - ကျော်ဆုမွန် / ဧရာဝတီ)  
လူခြေတိတ် ကျယ်ပြန့်လွန်းတဲ့ နေပြည်တော်ကို တစ္ဆေမြို့လိုလို ဘာလိုလို ပြောသူတချို့ ရှိနေပေမယ့် နိုင်ငံတကာ ဟိုတယ်အုပ်စု Kempinski  ကတော့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးတခုကို နိုဝင်ဘာ မှာ ဖွင့် ဖို့ ပြင်နေပါပြီ။

စက်ရုပ်ဝန်ထမ်းများနှင့် စားသောက်ဆိုင် တစ်ခုကို တရုတ်တွင်ဖွင့်လှစ်

Photo: စက်ရုပ်ဝန်ထမ်းများနှင့် စားသောက်ဆိုင် တစ်ခုကို တရုတ်တွင်ဖွင့်လှစ်
Thursday, August 14, 2014

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က စတင်ဖွင့်လှစ်သည့် စားသောက်ဆိုင် တစ်ခု၌ စက်ရုပ်များက ဝန်ဆောင်မှု ပေးနေကြောင်း သိရှိရသည်။

လူတူစက်ရုပ် တစ်ဒါဇင်ကျော်သည် ချက်ပြုတ်ကြော်လှော်မှု တာဝန်၊ စားပွဲထိုး တာဝန်တို့ကို အသီးသီး ထမ်းဆောင်နေကြသည်။ ကွန်ရှန်တွင် ဖွင့်လှစ်ထားသည့် အဆိုပါ စားသောက်ဆိုင်တွင် စက်ရုပ်များက ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ကြော်လှော်ပေးနေသလို ဟင်းပွဲများကိုလည်း မှာယူထားသူများထံ အမှားအယွင်းမရှိ ပို့ဆောင်ပေးလျက် ရှိသည်။

“သမီးက အိမ်အလုပ် မလုပ်ချင်လို့ စက်ရုပ်တစ်ရုပ်လောက် တီထွင်ပါလားလို့ ကျွန်တော့်ကို ပြောရာကနေ အခုလို စိတ်ကူးရလာတာပါ”ဟု စားသောက်ဆိုင်ပိုင်ရှင် ဆွန်ယူဂန်းက AFPသို့ ပြောကြားခဲ့သည်။

စားသောက်ဆိုင်၏ တံခါးဝတွင် စက်ရုပ်နှစ်ရုပ်က အသင့်စောင့်ဆိုင်းနေပြီး ဝင်ရောက်လာသည့် ဧည့်သည်များကို ရွှင်မြူးစွာ နှုတ်ဆက်လေ့ ရှိသည်။ စားပွဲထိုးစက်ရုပ် လေးရုပ်တို့က မီးဖိုခန်းနှင့် စားသောက်ခန်းတို့ကြား ကူးသန်းသွားလာရင်း ဟင်းပွဲများကို သယ်ဆောင်ပေးနေသည်။ မီးဖိုခန်းထဲတွင် LED မီးလုံးအနီများကို မျက်လုံးသဖွယ် တပ်ဆင်ထားသည့် အပြာရောင် စက်ရုပ်ကြီးများက ချက်ပြုတ်ကြော်လှော် နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့အပြင် မုန့်ပေါင်းထုပ် ကလေးများ ပြုလုပ်နေသည့် သီးခြားစက်ရုပ်များလည်း ရှိနေသည်။

ဆွန်က အဆိုပါ စက်ရုပ်တစ်ရုပ်လျှင် ယွမ်လေးသောင်းစီမျှ တန်ဖိုးကျသင့်ကြောင်း ဆိုသည်။ “စက်ရုပ်တွေက နေ့စဉ်သုံး ဝါကျ(၄၀)လောက်ကို မှတ်သားထားနိုင်တယ်။ ဖျားနာတာ မရှိဘူး။ အပန်းဖြေ ခရီးထွက်ဖို့ ပူဆာတာ မရှိဘူး။ နှစ်နာရီလောက် အားသွင်းထားပြီးရင် သူတို့က ငါးနာရီ ဆက်တိုက်လောက် အလုပ်လုပ်နိုင်တယ်လေ”ဟု ဆွန်က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီယန်ဆူး ဒေသတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် မတိုင်မီ ကတည်းက စက်ရုပ်များ အသုံးပြုနေသည့် စားသောက်ဆိုင်တစ်ခု ရှိခဲ့ဖူးသည်။ ယင်းဆိုင်ကို (၂၀၁၂)ခုနှစ်က ဟာဘင်းဒေသတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်တွင် လုပ်အားခ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လုပ်ငန်းရှင်များက စက်ရုပ်များဖြင့် အစားထိုးပြီး ယင်းစိန်ခေါ်မှုကို ဖြေရှင်းလာကြသည်။ ထို့ကြောင့်လည်း ပြီးခဲ့သည့်နှစ်က ဂျပန်ကို ကျော်တက်ကာ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စက်မှုလုပ်ငန်းသုံး စက်ရုပ်အများဆုံး ဝယ်ယူအသုံးပြုသည့် နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်။

စားသောက်ဆိုင်သုံး စက်ရုံများတွင် ကန့်သတ်ပမာဏ တစ်ရပ်ဖြင့် မှတ်ဉာဏ်တုစနစ် ထည့်သွင်းထားပြီး ချက်ပြုတ်သည့်အခါ လိုအပ်သည့် ဟင်းအရောအစပ်ကို လူသားဝန်ထမ်း တစ်ဦးက ကူညီပေးရသည်။ စက်ရုပ်များသည် ဆိုင်မှ ဟင်းအားလုံးကို ချက်ပြုတ်နိုင်လောက်အောင် မစွမ်းဆောင်နိုင်ဘဲ လူသားများ၏ လုပ်အားကိုမူ အသုံးပြု မှီခိုရဆဲဟု ဆွန်က ရှင်းပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖောက်သည်များက ဆွန်၏ စားသောက်ဆိုင်ကို သဘောကျကြသည်။

“ကျွန်မကလေးတွေက စက်ရုပ်တွေကို မြင်တော့ အရမ်း စိတ်လှုပ်ရှားနေကြတယ်”ဟု စားသောက်ဆိုင်သို့ ရောက်ရှိလာသည့် ကလေးသုံးဦး၏ မိခင်ဖြစ်သူ ယန်လီမိုင်က ဆိုသည်။ စားပွဲထိုး စက်ရုပ်များသည် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ သွားလာနိုင်ကြပြီး ၎င်းတို့ရှေ့တွင် ဧည့်သည်က ပိတ်ရပ်ထားပါက ဖယ်ရှားပေးပါရန် ပန်ကြားသည့် အသံ ထွက်ပေါ်လာလေ့ ရှိကြောင်း သိရသည်။ “သမီးဘဝမှာ စက်ရုပ်တွေ ယူလာပေးတဲ့ အစားအသောက်တွေကို မစားဖူးဘူး။ တကယ်အံ့ဩမိတယ်”ဟု (၉)နှစ် သမီးလေး ယွမ်ယွမ်က  ဝန်ခံခဲ့သည်။

_Ref: Channelnewsasia
7Day DAILY
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က စတင်ဖွင့်လှစ်သည့် စားသောက်ဆိုင် တစ်ခု၌ စက်ရုပ်များက ဝန်ဆောင်မှု ပေးနေကြောင်း သိရှိရသည်။

လူအစစ်နှင့် တူညီလွန်းသည့် ဖျော်ဖြေရေး အရုပ်များကို ဂျပန်ကုမ္ပဏီတစ်ခု ထုတ်လုပ်

ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုသည် အမျိုးသားများအတွက် ဖျော်ဖြေမှုပေးစွမ်းမည့် အမျိုးသမီးအရုပ်များကို လူသားအစစ်နှင့်မခြား အလွန် တူညီအောင် ဖန်တီးထုတ်လုပ်လျက် ရှိသည်။

မန္တလေးထွေ/ကု ဆေးရုံကြီး ယခုနှစ်ဘတ်ဂျက်ငွေ ကျပ်သန်းထောင့်ရှစ်ရာကျော် ရရှိ

ယခုနှစ် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး သည် ဘဏ္ဍာငွေ ခွဲတမ်း ငွေကျပ် သန်းပေါင်း ၁,၈၅၀ ရရှိထား ကြောင်း သတင်းရရှိသည်။

AGD ဘဏ်ရှယ်ယာကိစ္စ သဘောတူညီပြီးဟု ဦးနေဝင်းမိသားစု ပြန်တုံ့ပြန်

Photo: AGD ဘဏ်ရှယ်ယာကိစ္စ သဘောတူညီပြီးဟု ဦးနေဝင်းမိသားစု ပြန်တုံ့ပြန်
Thursday, August 14, 2014
 
ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး(AGD) ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင် နှုန်းကို ဦးနေဝင်းမိသားစုထံ ရောင်းချမည့်ကိစ္စကို ဦးတေဇက ပြန်လည်သုံးသပ်မည်ဟု ဆိုခြင်းသည် မီဒီယာများဘက်မှ နားလည်မှု လွဲမှားခြင်းသာဖြစ် ပြီး ဘဏ်ရှယ်ယာများ ဝယ်ယူရန်သဘော တူညီထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ် ကြီးဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

AGD ဘဏ်၏ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဦးနေဝင်း၏ မိသားစုထံသို့ရောင်းချမည့်ကိစ္စကို ဦးတေဇမှ ပြန်လည် သုံးသပ်မည်ဆိုသည်မှာ ဦးတေဇ၏အပြော ကို နားလည်မှုလွဲနေခြင်းသာဖြစ်ကြောင်း၊ မိမိတို့ အချင်းချင်းကြားတွင် ပြောဆိုထားသည်များနှင့် ကြည့်မည်ဆိုလျှင် ပြန်သုံးသပ်မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ မည်သို့ သုံးသပ်မည်ဆိုသည်ကို ဦးတေဇကိုသာ ပြန်မေးလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ဦးအေးနေဝင်းက ဆိုသည်။

“အမှန်တိုင်းပြောရရင် ဒါကကျနော်တို့ အချင်းချင်းပြောထားတာနဲ့ဆို မဟုတ်ဘူးလို့ ပြောမယ်။ သူဖြေတာကို နားလည်မှုလွဲတာဗျ။ ကျနော်တို့ဘက်က ဘဏ်ကိစ္စကို သူတို့နဲ့ အားလုံးပြောပြီးသားပါ” ဟု ဦးအေးနေဝင်းက ရှင်းလင်းပြောဆိုသည်။

ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ် (AGD) ဘဏ်၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မိသားစုထံသို့ ရောင်းချမည့်ကိစ္စကို ပြန်လည်စဉ်းစား သုံးသပ်နေကြောင်း ဦးတေဇက ဩဂုတ်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပသည့် UMFCCI ၏ ၂၃ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းတော့ ရောင်းမှာပဲ။ ဒါပေမယ့် အချိန်အခါ ကြည့်ပြီးတော့ ပြန်စဉ်းစား တယ်ကွ။ ဒါပွင့်ပွင့်လင်းလင်းပြောတာပါ။ ဘယ်သူမှမထိခိုက်စေချင်ဘူး” ဟု ဦးတေဇက ပြောသည်။

AGD ဘဏ်၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်း ကျော်ကိုရောင်းချရန် ရှိသည်မှာ မှန်သော်လည်း ဦးနေဝင်း၏ မြေးများထံသို့ ယခု ရောင်းချထား သည်မှာ ၁၅ ရာခိုင်နှုန်းသာဖြစ်ကြောင်း၊ ထိုပမာဏအတွက် ငွေပင်မ ချေရသေးသည့် အနေအထားဖြစ်ကြောင်း သိရသည်။

ဦးတေဇက AGD ဘဏ်ရှယ်ယာ ၆၀ ရာခိုင် နှုန်းအထိ ရောင်းချရန် စဉ်းစားဖြစ်ခဲ့ရခြင်းမှာ ၎င်းအပေါ် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ရှိနေသည့် အခြေအနေနှင့် သက်ဆိုင်ကြောင်း၊ ထို့ပြင် ရှယ်ယာ ဝယ်ယူ မည်ဖြစ်သော ဦးနေဝင်းမြေးများ နှင့် ချိတ်ဆက်သည့် ကုမ္ပဏီ၏ နိုင်ငံတကာ ဝင်ဆန့်မှု အခြေအနေနှင့်လည်း သက်ဆိုင်ကြောင်းပြောသည်။

“နိုင်ငံခြားဘဏ်တွေလာကြတယ်။ နိုင်ငံရေး ပိတ်ဆို့မှုကြောင့် ကိုယ်တို့ဘဏ်က Master Card ဆိုလည်း နောက်ဆုံးမှ လုပ်ရတယ်။ ဘာပဲလုပ်လုပ် နောက်ကျမှ ရတယ်။ လာတဲ့အချိန်ကျလည်း ကိုယ်တို့နဲ့ Warmly မရှိဘူး။ ရောင်းမယ်လို့ ဆုံးဖြတ်တဲ့ အကြောင်းက အစောကအကြောင်းတွေလည်းပါ တာပေါ့။ နောက်ပြီးတော့ Capital ပါလာပါတယ်။ ၄ ဒသမ ၉ ဘီလီယံလောက်ရှိတယ်။ အဲ့ကုမ္ပဏီကို ပြန်ကြည့်တော့လည်း နိုင်ငံပေါင်း ၁၀ဝ ကို ငွေကြေး Support လုပ်နေတဲ့ ကုမ္ပဏီကြီးပါ” ဟု ပြောသည်။

ဦးနေဝင်း၏မြေးများနှင့် ချိတ်ဆက် လုပ်ကိုင် မည့် ကုမ္ပဏီသည် တရုတ်နိုင်ငံမှChina National Corporation for Overseas Economic Cooporation (CCOEC) ကုမ္ပဏီဖြစ်ပြီး အမေရိ ကန် ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့သည်ဟု ဦးနေဝင်း၏ မြေးအကြီးဆုံး ဖြစ်သူ ဦးအေးနေဝင်းက ဧရာဝတီသို့ ပြောကြားခဲ့ သည်။

ဧရာဝတီ BLOG

ဦးအေးနေဝင်း (ဝဲ) နှင့် ဦးတေဇ (ယာ)
ဦးအေးနေဝင်း (ဝဲ) နှင့် ဦးတေဇ (ယာ)
 ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး(AGD) ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင် နှုန်းကို ဦးနေဝင်း မိသားစုထံ ရောင်းချမည့်ကိစ္စကို ဦးတေဇက ပြန်လည်သုံးသပ်မည်ဟု ဆိုခြင်းသည် မီဒီယာများ ဘက်မှ နားလည်မှု လွဲမှားခြင်းသာဖြစ် ပြီး ဘဏ်ရှယ်ယာများ ဝယ်ယူရန်သဘော တူညီထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ် ကြီးဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု

Photo: ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု
Thursday, August 14, 2014
 
ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ 

အခုလည်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကတည်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ပီကင်း မြို့ကို အသွား ထူးထူးဆန်းဆန်း ပျောက်ဆုံးနေဆဲဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်း MH 370 လေယာဉ်
ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦး ရဲ့ ဘဏ် အကောင့်တွေကနေ ငွေ ထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။ 

 ဒီအကြောင်း The Straits Times သတင်းတပုဒ်မှာ MH370 လေယာဉ်ခရီးသည်တွေရဲ့ ဘဏ်အကောင့်က ထူးဆန်းစွာ ငွေ ထုတ်ယူမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့က သတင်း ရေးသားထားပါ တယ်။ 

အခုထိ အစအန ရှာမရတဲ့ MH 370 လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦးရဲ့ ဘဏ်အကောင့်တွေကနေ မလေးရှား ငွေ RM ၁၁၁, ဝဝဝ ( စင်ကာပူ ဒေါ်လာ ၄၃၄၁၉ ) ပမာဏ ရှိ ငွေကြေးကို ATM ကနေ ဇူလိုင် လ ၁၈ ရက်နေ့ က  ငွေထုတ်ယူမှုဖြစ်ခဲ့တာကို ဘဏ်က သံသယ ဖြစ်ဖွယ် အဖြစ်သတ်မှတ် သတိထားမိပြီး စိုးရိမ်ပူပန်ခဲ့ပါတယ် လို့ City Commercial Crime Investigation Department လက်ထောက်အကြီး အကဲ အီဇန္နီ အဗ္ဗဒူလ် ဂါနီက ပြောထားပါတယ်။ 

သြဂုတ်လ ၂ ရက်နေ့ ရဲသတင်းပို့မှုမှာ ဒီကိစ္စကို ဘဏ်လုပ်ငန်းဆိုင်ရာ ဌာနတွင်း ခြေရာခံ စုံစမ်းစစ်ဆေးမှု
တွေ လုပ်နေပြီလို့ ဖော်ပြထားပါတယ်။ 

 “ ကျနော်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါပြီ” လို့ သူက မနေ့တုန်းက သတင်းထောက်တွေကို ပြောဆိုထား ပါ တယ်။ 

 စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကာယကံရှင် မသိပဲ တရားမဝင် ငွေထုတ်ယူမှုဆိုတဲ့ ဥပဒေချိုးဖောက်တဲ့ ကိစ္စ အဖြစ် လို့ ဆိုပါတယ်။ 

မလေးရှားနိုင်ငံရဲ့ ကွန်ပျူတာ ရာဇဝတ်မှု ဆိုင်ရာ ၁၉၉၇ ခုနှစ် အက်ဥပဒေ ပုဒ်မ ၄ (၁) အရ ပြစ်မှု ကျူး လွန် သူကို မလေးရှား ငွေ RM ၁ သိန်းခွဲ ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၁ဝ နှစ်သို့မဟုတ် ထောင် ဒဏ် နဲ့ ငွေဒဏ် ၂ မျိုးလုံး အပြစ် ပေးလို့ ရကြောင်း သိရပါတယ်။ 

အခုဆို မလေးရှားရဲကတော့ ဒီကိစ္စကို ထူးဆန်းတဲ့ ကိစ္စလည်းဖြစ်နေတော့ ဘက်ပေါင်းစုံက နည်းလမ်း
ပေါင်းစုံ သုံးပြီး စုံစမ်း မှုတွေ လုပ်နေတယ်လို့ ရဲအရာရှိကြီးက ပြောထားပါတယ်။ 

“အခု ငွေထုတ်မှုမှာ ကျူးလွန်တယ်ဆိုတဲ့ သံသဖြစ်စရာတွေကို ဘယ်သူဘယ်ဝါဆိုတာ သိနိုင်မယ့် ဘဏ်က စီစီတီဗွီ မှတ်တမ်းကိုလည်း ရရှိထားပါတယ်” လို့ ရဲအရာရှိကြီး အီဇန္နီ အဗ္ဗဒူလ် ဂါနီက ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်စဉ်ကို တွေ့တာနဲ့ တာဝန်သိသူတွေအနေနဲ့ နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားဖို့ လည်း နှိုးဆော်ထားတယ်လို့ သူက ဆက်ပြောထားပါတယ်။ 

ပျောက်ဆုံး MH 370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဓရာထဲ တနေရာရာမှာ ပျက်ကျတယ်လို့ ဂြိုလ်တုမှတ်တမ်း အချက် အလက်တွေအရ ယူဆနေကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အခုထိ ဘာသဲလွန်စမှ မရခဲ့ပါဘူး။ 

အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး ပါသွားခဲ့တာမှာ အဲဒီခရီးသည်တွေ ထဲက ၄ ဦးရဲ့ ဘဏ်အကောင့်က အခုလို ထူးထူးဆန်းဆန်း ငွေထုတ်ယူမှု ဖြစ်တာပါ ။ 

ပြောရရင် ပဟေဠိဆန်တဲ့ လေယာဉ်ပျောက်ကိစ္စရဲ့ နောက်ဆက်တွဲ ပဟေဠိဆန်မှု လို့ ပြောရမလားပါဘဲ။  

ဧရာဝတီ

 မလေးရှားလေကြောင်းလိုင်းက လေယာဉ်တချို့- ဓာတ်ပုံ- The Straits Times
 မလေးရှားလေကြောင်းလိုင်းက လေယာဉ်တချို့- ဓာတ်ပုံ- The Straits Times
ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ 

မိန်းမကိစ္စအရှုပ်အရှင်းကြောင့် နာမည်ကြီးနေသည့် NLD ပါတီ အတွင်းရေးမှူးမှ မျိုးစောင့်ဥပေဒဆိုသည်မှာ အပေါစားဆန်ဟု ဝေဖန်ခဲ့

ဒီနေ့မိုးလေးကလည်း အေးအေး ကော်ဖီလေးတစ်ခွက်သောက်ရင်းအပျင်း ပြေဂျာနယ် လေးတစ်စောင်လောက်ဖတ်လိုက်ဦးမယ်ဆိုပြီး ကောက်ကိုင် လိုက်တာမှာ မျက်စိထဲ အမြင်မတော်တာ တန်းတွေ့တယ်။ဘာရေးထားလဲဆိုတော့ မျိုးစောင့်ဥပဒေဆိုတာ အပေါစားနိုင်ငံရေးပုံစံပဲဆိုပြီး မျိုးစောင့်ဥပဒေဖြစ်ပေါ်လာဖို့ ကြိုးစားနေကြတဲ့ ဆရာတော်တွေနဲ့မျိုးချစ်လူငယ်မောင်မယ်များကို စော်ကားပြီး ပြောဆိုထားတာကို တွေ့ရတယ်။
ဒီစကားကို ဘာလို့သူပြောသလဲ။ မျိုးရန်နောင်သိမ်းဆိုတာ ဘယ်လိုလူမျိုးလဲ။NLD ပါတီက အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ရဟန်း သံဃာတော်တွေနဲ့မျိုးချစ်လူငယ်တွေကို ဘာကြောင့် စော်ကားတဲ့ စကားပြောခဲ့ရသလဲ၊ ဇတ်လမ်းကတော့ ပုဒ်မ ၅၉ (စ) ကနေ စရတယ် လို့ပြောရမှာပါပဲ။

မြို့တော်မနီလာတွင် မြေအောက်ရထား လမ်းချော်

Photo: မြို့တော်မနီလာတွင် မြေအောက်ရထား လမ်းချော်
Thursday, August 14, 2014

ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာ မြေအောက်ရထားတစင်း ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က လမ်းချော်ပြီး ခြံစည်းရိုးကို ၀င်တိုက်မိခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရ တယ်လို့ ရဲနဲ့ သယ်ယူပို့ဆောင်ရေးအရာရှိတွေက ပြောပါတယ်။

ရထားစီးခရီးသည်တွေနဲ့ အနားက ဖြတ်သွားဖြတ်လာ လူတွေကို အပျက်အစီးတွေ ထိမှန်ခဲ့လို့ လူ ၃၄ ယောက် ဒဏ်ရာရခဲ့ပြီး အသေးစား စုတ်ပြဲဒဏ်ရာရသူတွေကိုတော့ ဆေးရုံမှာ ကုသပေးခဲ့တာပါ။
ရထားဌာန ပြောခွင့်ရကတော့ ရထားတွဲ ၂ ခုကြားက အဆက်နေရာက ကျိုးပဲ့သွားပြီး ရထားတွဲတခုက ရထားသံလမ်းကနေ ပြုတ်ထွက်သွားခဲ့ချိန်မှာ ရထားလမ်းချော်ခဲ့တာလို့ ပြောပါတယ်။

သံဘီးတွေ အားလုံး လမ်းချော်သွားခဲ့တယ်လို့ ဖိလစ်ပိုင်အမျိုးသားရဲချုပ် ဖလိုရန်စီယို အော်တေးလ်လာက ပြောပါတယ်။

မြေအောက်ရထားစနစ်ဟာ မနီလာရဲ့ အမြန်ရထားလိုင်း ၃ ခုထဲက တခုပါ။ နေ့စဉ် ခရီးသည် ၅ သိန်းလောက်ကို သယ်ယူပို့ဆောင်ဖို့ မလုံမလောက် ဖြစ်နေတယ်လို့လည်း ဝေဖန် ခံနေရပါတယ်။

အရင်နှစ်တွေကလည်း ရထားလမ်းစနစ်တွေမှာ နည်းပညာဆိုင်ရာ ယာယီချို့ယွင်းမှုတွေ အတော်များများ ဖြစ်ခဲ့လို့ ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ တိုးမြင့်နေပါတယ်။

ဒီဗွီဘီ
ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာ မြေအောက်ရထားတစင်း ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က လမ်းချော် ပြီး ခြံစည်းရိုးကို ၀င်တိုက်မိခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရ တယ်လို့ ရဲနဲ့ သယ်ယူပို့ဆောင်ရေး အရာရှိတွေက ပြောပါတယ်။

ဓမ္မစေတီခေါင်းလောင်းပေါ်ရှိ သင်္ဘောပျက်ကို ဖယ်ရှားနေကြောင်း ဆယ်ယူရေးအဖွဲ့ပြော

ရေအောက်တွင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည်မှာ ငါးရက်ရှိပြီဖြစ်သော် လည်း ခေါင်းလောင်းပေါ် တွင် ဖုံးအုပ်နေသော သင်္ဘောပျက်တစ်စီးကို ဖယ်ရှားနေသည့်အဆင့်သာ ရှိသေးကြောင်း ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ထံမှ သတင်းရရှိသည်။

ဘရာဇီး သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် အက်ဒွာဒို ကမ်ပို့စ် လေယာဉ်ပျက်ကျမှုတွင် သေဆုံး


ဘရာဇီး သမ္မတလောင်း အက်ဒွါဒို ကမ်ပို့စ်သည် ဗုဒ္ဓဟူးနေ့ က လေယာဉ် ပျက်ကျမှုတစ်ခုတွင် သေဆုံးခဲ့ရာ တစ်နိုင်ငံလုံး ထိတ်လန့်သွားခဲ့ပြီး အောက်တို ဘာ လ ရွေးကောက်ပွဲများ ကို ထိခိုက်စေခဲ့သည်။

အလုပ်အခွင့်အလမ်းနည်းပြီး မက်လုံးများကြောင့် လူကုန်ကူးခံရ

Photo: အလုပ်အခွင့်အလမ်းနည်းပြီး မက်လုံးများကြောင့် လူကုန်ကူးခံရ
Thursday, August 14, 2014

မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်လမ်းနည်းပါးမှုက လူကုန်ကူးမှုခင်း များကို ဖြစ်ပွားစေပြီး အလုပ်အကိုင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှသာ လူကုန်ကူးခံရသည့် ဖြစ်စဉ်များကို လျှော့ချနိုင်မည်ဟု ရန်ကုန်တိုင်း၊ လူကုန်ကူးမှုတားဆီးရေးတပ်ဖွဲ့မှ ရဲမှူးရိုလန်က ပြောသည်။

“မှုခင်းဖြစ်စဉ်တွေ ကြည့်တဲ့အခါမှာ အလုပ်အကိုင်အတွက် အခြေခံတဲ့ လူကုန်ကူးမှု မှုခင်းတွေ”ဟု ၎င်းက ပြောသည်။
မှုခင်းဖြစ်စဉ်များအရ တရုတ်နိုင်ငံတွင် မြန်မာအမျိုးသမီးများကို ယွမ်ငွေ ၁၀,၀၀၀ မှ ၆၀,၀၀၀ အထိ ပေးဝယ်ယူနေပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများ၊ ဆင်းရဲသူများနှင့် အလုပ်လိုအပ်သူများ တရုတ်မယားအဖြစ် လိုက်ပါသွားသူများ ရှိသည်။

“ပွဲစားတွေ စည်းရုံးတယ်။ လူကုန်ကူးခံရသူကလည်း ပြည်ပမှာ တရုတ်သတိုးသမီးအဖြစ် ခေတ္တနေထိုင်ပြီး ပြန်လာရမယ်ထင်လို့ လိုက်သွားတယ်။ ဟိုရောက်တော့မှ ပွဲစားအဆင့်ဆင့် လက်ထဲရောက်ပြီး နှစ်နဲ့ချီ လူကုန်ကူးခံလိုက်ရတာ တွေရှိတယ်”ဟု လူကုန်ကူးမှုတပ်ဖွဲ့မှူး၊ မှုခင်းဌာန၊ ဌာနစုမှူး ရဲမှူးအေးအေးမြင့်က ပြောသည်။

အမျိုးသမီး၊ အမျိုးသားနှင့် ကလေးများသည် ပွဲစားများ လာရောက် စည်းရုံးပါက တစ်ဖက်နိုင်ငံ၏ အလုပ်နေရာကို စုံစမ်းရန် လိုအပ်သည်။ အမှုများတွင် ပြည့်တန်ဆာအဖြစ် အဓမ္မသိမ်းသွင်းမှု ပါဝင်သည်။

တည်းခိုခန်းများတွင် အမျိုးသမီးငယ်လေးများကို လိင်လုပ်သားအဖြစ် ရောင်းစားသည့် ပြည်တွင်း လူကုန်ကူးမှုများကို ဖော်ထုတ်နိုင်ရန် တည်းခိုခန်းပိုင်ရှင်များနှင့် မန်နေဂျာများက သတင်းပေးပို့ရန် လိုအပ်နေသည်ဟု ရဲမှူးအေးအေးမြင့်က ဆိုသည်။

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု ၆၀ ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းတွင် ရှစ်မှု၊ မန္တလေး ရှစ်မှု၊ မွန်ပြည်နယ် နှစ်မှု၊ ကရင်ပြည်နယ် တစ်မှု၊ မကွေးတိုင်း တစ်မှု၊ တနင်္သာတိုင်း လေးမှု၊ နေပြည်တော် တစ်မှု၊ ဧရာဝတီတိုင်း လေးမှု၊ ကချင်ပြည်နယ် ငါးမှု၊ ရှမ်းပြည်နယ်၂၄ မှု၊ ပဲခူးတိုင်း နှစ်မှု ပါဝင်သည်။

ဇန်န၀ါရီမှ ဇူလိုင်လအထိ အမှုများတွင် တရားခံ ၁၇၃ဦး၊ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၆၃ ဦးကို ဖမ်းမိထားပြီး တရားခံ ၅၃ ဦး လွတ်မြောက်နေဆဲဖြစ်သည်။

အမှု ၆၀ တွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၉၁ ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၁ ဦး လူကုန်ကူးခံခဲ့ရသည်။

တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် လူကုန်ကူးမှု ၄၀၊ ထိုင်းနိုင်ငံ ၁၀ မှု၊ မလေးရှားနိုင်ငံတွင် တစ်မှုဖြစ်ပွားခဲ့သည့်အပြင် ပြည်တွင်း၌ ပြည့်တန်ဆာအဖြစ် အဓမ္မရောင်းစားခံရသည့်အမှု ကိုးမှု ပါဝင်ခဲ့သည်။

၂၀၀၉ ခုနှစ်က ထိုင်းငါးဖမ်းသင်္ဘောတွင် ရောင်းစားခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာခဲ့သည့် ထားဝယ်မြို့မှ မောင်သောင်းဦးက “လစာကောင်းတဲ့ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတာ၊ ဟိုလည်းရောက်ရော ငါးသင်္ဘောပေါ်မှာ ရောင်းချလိုက်တယ်”ဟု ပြောပြသည်။

ဒု-ရဲမှူးမင်းနိုင်က“မူးယစ်ဆေးဝါးလို ကွယ်ဝှက်ပြီး သယ်သွားစရာလဲ မလိုဘူး။ လူကို လူချင်း သယ်တာ(ခေါ်တာ)ဆိုတော့ ပိုလွယ်တာပေါ့” ဟု ပြောသည်။

လူကုန်ကူးအမှုများ ဖော်ထုတ်ရာတွင် လာရောက်တိုင်ကြားသူ မိသားစုဝင်များက တရားခံများ၏ အမည်၊ နေရပ်လိပ်စာ၊ တစ်ဖက်နိုင်ငံ၏ အလုပ်နေရာများကို တိကျစွာ မပြောနိုင်သဖြင့် လူကုန်ကူးတရားခံများ လွတ်မြောက်မှုရှိနေပြီး တရားခံ၏ ပုံသဏ္ဌာန်များကို စစ်မေး၍သာ ဖော်ထုတ်အရေးယူလျက်ရှိသည်။

မြန်မာအမျိုးသမီးများကို တရုတ်မယားအဖြစ် ၀ယ်ယူရန် တရုတ်နိုင်ငံသား သုံးဦးက မြန်မာအမျိုးသမီးပွဲစား တစ်ဦးနှင့်အတူ လောက်ကိုင်မြို့သို့ လာဝယ်စဉ် ဖမ်းမိခဲ့သည်ဟု ဒု-ရဲမှူး မင်းနိုင်က ပြောသည်။

အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သွေးဆောင်စည်းရုံးနေစဉ် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်က တုံချိန်နယ်မြေရဲစခန်း၌ လူကုန်ကူးမှုဖြင့် အရေးယူထားလိုက်ခြင်းဖြစ်သည်။

တရုတ်အမျိုးသားနှင့် လက်ထပ်ထားသည့် မြန်မာလူမျိုး မခင်ဌေးက တရုတ်လူမျိုးများထံမှ ပွဲစားခယွမ် ၂,၀၀၀ စီရမည်ဟုဆိုကာ လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပြီး မိဘများကို ယွမ် ၂၀,၀၀၀ (မြန်မာငွေ သိန်း ၃၀ ခန့်) ထောက်ပံ့နိုင်မည်ဟု ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်သည်။

ဒု-ရဲမှူးမင်းနိုင်က ဇန်န၀ါရီမှ ဇူလိုင်လအထိ ဖြစ်ပွားသည့်အမှုများတွင် တရားခံများမှာ ပြည်ပနိုင်ငံသားများ မပါဝင်ဘဲ မြန်မာနိုင်ငံသားများသာဖြစ်ပြီး ယခုဖြစ်ပွားသည့်အမှုတွင်သာ ပထမဆုံးဟု ပြောသည်။

လောက်ကိုင်မြို့နယ် တုံချိန်နယ်မြေ ရဲစခန်းမှ (ပ)၃/၂၀၁၄ တရုတ်နိုင်ငံသားများကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မနှင့်အပြင် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့်လည်း ထပ်မံအရေးယူနိုင်ရန် စစ်ဆေးသွားမည်ဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေးဆိုင်းဘုတ်တစ်ခုကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ ဟိန်းထက်
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေးဆိုင်းဘုတ်တစ်ခု ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ ဟိန်းထက်
မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်လမ်းနည်းပါးမှုက လူကုန်ကူးမှုခင်း များကို ဖြစ်ပွားစေပြီး အလုပ် အကိုင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှသာ လူကုန်ကူးခံရသည့် ဖြစ်စဉ်များကို လျှော့ချနိုင် မည်ဟု ရန်ကုန် တိုင်း၊ လူကုန်ကူးမှုတားဆီးရေးတပ်ဖွဲ့မှ ရဲမှူးရိုလန်က ပြောသည်။

MPC ဆွေးနွေးမှုမှ နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက် အင်န်အယ်လ်ဒီက ၎င်းတို့သဘောထား မပါဝင်ဟုဆို

Photo: MPC ဆွေးနွေးမှုမှ နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက် အင်န်အယ်လ်ဒီက ၎င်းတို့သဘောထား မပါဝင်ဟုဆို
Thursday, August 14, 2014

အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် နိုင်ငံရေးပါတီများက သဘောထားထုတ်ပြန်ချက် ဆွေးနွေးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီသည် တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့သော်လည်း ထုတ်ပြန်ချက် ထွက်ရှိပြီး တစ်ရက်အကြာမှ ၎င်းတို့အဖွဲ့မှာ ပါဝင်ခဲ့ခြင်း မရှိဟု ထုတ်ပြန်လိုက်သည်။

အင်န်အယ်လ်ဒီနှင့် ကြံ့ခိုင်ရေးပါတီတို့အပါအ၀င် နိုင်ငံရေးပါတီ ၆၆ ခုသည် ဦးအောင်မင်းအပါအ၀င် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် တိုက်တွန်းသည်ဟု သြဂုတ် ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့က ကန့်ကွက်တာ မဟုတ်ဘူး။ ဒီခေါင်းစဉ်အတွက် ဆွေးနွေးဖို့လာခဲ့တာလည်း မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ပါဝင်ခြင်း မရှိဘူးလို့ ပြောတာပါ”ဟု အင်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

သဘောထားစာတမ်းထုတ်ပြန်စဉ် အင်န်အယ်လ်ဒီမှ ဦးဉဏ်ဝင်းမှာ ဆွေးနွေးပွဲအတွင်း ရှိနေခဲ့သော်လည်း စာတမ်းနှင့် ပတ်သက်၍ မဇ္ဈိမက သြဂုတ် ၁၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။

အပစ်အမြန်ရပ်ရေး သဘောထားစာတမ်းကို “ကန့်ကွက်မည့်သူ၊ မပါဝင်မည့်သူ ရှိပါသလား”ဟု သုံးကြိမ် မေးမြန်းခဲ့ရာတွင်လည်း အင်န်အယ်ဒီက ပြောဆိုခဲ့ခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့သည်ကို မဇ္ဈိမက တွေ့ရှိခဲ့သည်။

Mizzima - News in Burmese 

နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေး ဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ၂ဝ၁၄ခုနှစ် သြဂုတ်လ ၁၁ရက် ပြုလုပ်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေး ဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ၂ဝ၁၄ခုနှစ် သြဂုတ်လ ၁၁ရက် ပြုလုပ်ကျင်းပနေ စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် နိုင်ငံရေးပါတီများက သဘောထားထုတ်ပြန်ချက် ဆွေးနွေး စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီသည် တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့သော်လည်း ထုတ်ပြန်ချက် ထွက်ရှိပြီး တစ်ရက်အကြာမှ ၎င်းတို့အဖွဲ့မှာ ပါဝင်ခဲ့ခြင်း မရှိဟု ထုတ်ပြန်လိုက်သည်။