Thursday, 10 July 2014

ကမ္ဘာ့ဖလားတွင် လူသိများလာရာမှ မော်ဒယ်လ်ဖြစ်လာသည့် ဘယ်လ်ဂျီယံ ဘောလုံးပရိသတ် မိန်းကလေး

Photo: ကမ္ဘာ့ဖလားတွင် လူသိများလာရာမှ မော်ဒယ်လ်ဖြစ်လာသည့် ဘယ်လ်ဂျီယံ ဘောလုံးပရိသတ် မိန်းကလေး
Thursday, July 10, 2014 

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ရုပ်မြင်သံကြား ထုတ်လွှင့်ပြသမှုများအတွင်း လူအများ သတိပြုမိလောက်အောင် ထင်ရှားခဲ့သည့် ဘယ်လ်ဂျီယံ ဆယ်ကျော်သက် မိန်းကလေး ပရိသတ် တစ်ဦးကို L’Oreal က မော်ဒယ်လ်အဖြစ် စာချုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အသက်(၁၇)နှစ်သာ ရှိသေးသည့် အေဆယ်လာ ဒက်စ်ပီဂီလာရီသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလအတွင်း ဘယ်လ်ဂျီယံအသင်းကို လိုက်လံအားပေးရင်း ဗီဒီယို မှတ်တမ်းများမှတစ်ဆင့် လူသိများလာသူ တစ်ဦးဖြစ်သည်။ သူမ၏ လှပချောမောသော ပုံရိပ်ကို Facebook နှင့် Twitter တို့ အပါအဝင် Social Media ဝက်ဘ်ဆိုက်များတွင် လူအများက ဝေမျှခဲ့ကြသည်။

ဘယ်လ်ဂျီယံသည် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် အာဂျင်တီးနားကို ရှုံးနိမ့် ထွက်ခွာခဲ့သော်လည်း ဒက်စ်ပီဂီလာရီ၏ ပုံရိပ်များမှာ အင်တာနက်တွင် ဆက်လက် ရေပန်းစားနေဆဲ ဖြစ်သည်။

ထို့ကြောင့်လည်း နာမည်ကျော် အလှကုန်လုပ်ငန်း L’Oreal က သူမကို သတိပြုမိသွားပြီး မော်ဒယ်လ်တစ်ဦးအဖြစ် စာချုပ်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဒက်စ်ပီဂီလာရီသည် L’Oreal ၏ ထုတ်ကုန်သစ် ကြော်ငြာဗီဒီယို တစ်ခုတွင် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခွင့် ရထားကြောင်းလည်း သိရသည်။

Ref: Mirror
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ရုပ်မြင်သံကြား ထုတ်လွှင့်ပြသမှုများအတွင်း လူအများ သတိပြုမိလော က်အော င် ထင်ရှားခဲ့သည့် ဘယ်လ်ဂျီယံ ဆယ်ကျော်သက် မိန်းကလေး ပရိသတ် တစ်ဦးကို L’Oreal က မော်ဒယ်လ်အဖြစ် စာချုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

မန္တလေးကို တိုင်ပေနှင့် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စား

Photo: မန္တလေးကို တိုင်ပေနှင့် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စား
Thursday, July 10, 2014 

ထိုင်းနှင့် တရုတ်တိုင်ပေမှ လုပ်ငန်းရှင်များသည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ယခုလအတွင်း လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်ပေ ကုမ္ပဏီ ၂၄ ခုနှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၂၀ တို့သည့် ယခုလ ၁၅ ရက်နှင့် ၂၁ရက် တို့တွင် စီးပွားရေးပူးပေါင်းလုပ် ကိုင်ရန် အသီးသီးတွေ့ဆုံကြမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း(MRCC I)မှ သတင်းရရှိသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လယ်ယာ ကဏ္ဍများနှင့် စား သောက်ကုန်ထုတ်လုပ်ရေးအစရှိ သည့် ကဏ္ဍများတွင်မြန်မာလုပ် ငန်းရှင်များနှင့် ပူးပေါင်းလုပ် ဆောင်ရန် စိတ်ဝင်စားနေသည့်အ တွက် MRCCIတာဝန်ရှိသူများမှ တစ်ဆင့် လာရောက်ချိတ်ဆက်မှု များ ပြုလုပ်ခြင်းဖြစ်ကြောင်း MRCCI မှ မန်နေဂျာဦးကျော်မင်း ကပြောသည်။

‘‘MRCCI အနေနဲ့ မန္တလေး တိုင်းထဲက ပြည်တွင်းလုပ်ငန်းရှင်  နဲ့ ပြည်ပက လုပ်ငန်းရှင်တွေလုပ် ငန်းတူသူအချင်းချင်းကြားကနေ ချိတ်ဆက်ပေးရတဲ့သဘောပါပဲ။ လုပ်ငန်းရှင်အချင်းချင်းပဲတိုက် ရိုက်ဆွေးနွေးမှုတွေလုပ်ကြမှာ’’ ဟု ဦးကျော်မင်းကပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များ နှင့် တိုင်ပေလုပ်ငန်းရှင်များတွေ့ဆုံမည့်ပွဲကို ယခုလ ၁၅ ရက်တွင် MRCCI အသင်းရုံးချုပ် ၌လည်းကောင်း၊ ထိုင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယခုလ ၂၁ ရက်တွင် ဆီဒိုးနားဟိုတယ်၌ လည်းကောင်း အသီးသီးပြုလုပ် သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။ မန္တလေးတိုင်းဒေသကြီးတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ပါဝင်စားမှုအများဆုံး နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး MRCCIအသင်းမှတစ်ဆင့် လာရောက်ဆက်သွယ်မှု အများဆုံး ပြုလုပ်ထားကြောင်း ဦးကျော်မင်းကဆိုသည်။

7Day DAILY 

မန္တလေးမြို့ရှုခင်းကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မန္တလေးမြို့ရှုခင်းကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ထိုင်းနှင့် တရုတ်တိုင်ပေမှ လုပ်ငန်းရှင်များသည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ယခုလအတွင်း လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ကို ကရင်နီပြည်နယ်အဖြစ် ပြောင်းလဲရန်ဆောင်ရွက်မည်

ရန်ကုန်၊ တိုင်းရင်းသားအားလုံး၏ညီ ညွတ်ခြင်းကို ဖော်ဆောင်နိုင်သည့် ယခု ကယားပြည်နယ်အခေါ် အဝေါ်မှ ကရင်နီပြည်နယ် အခေါ်အဝေါ်သို့ ပြောင်းလဲရန်အတွက် တိုင်းပြည်၏လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ပြီးဆုံးချိန်မှသာ လုပ်ဆောင်သွားရန်ရှိကြောင်း သိရ သည်။

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေး လိုက် ပါသည်။

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေး လိုက်ပါ သည်။

အမြန် လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေ အနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင် အရှိန်လွန် မောင်းနှင်ခြင်း ထိန်းချုပ်ရေး စနစ် B'Smart ဖြင့် စမ်းသပ် ဆောင်ရွက်နေ

အမြန်လမ်းမကြီး ယာဉ်မတော်တဆဖြစ်ပွားမှု အခြေအနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးစနစ် B'Smart အကောင်အထည်ဖော် ဆောင်ရွက်ရေး အစည်းအဝေးနှင့် ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး

Photo: အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး
Thursday, July 10, 2014 

အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက်စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါဟာ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုစတာ ၃ ရက်အတွင်း အကြီးဆုံး လူသေမှု ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ခန်းယွန်းစ်မြို့နားက လူသိပ်သည်းတဲ့ဒေသမှာ ဒေသခံတွေ အိပ်ချိန်အတွင်း အနည်းဆုံး အိမ် ၂ လုံးပေါ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကနေ ဗုံးကြဲချခဲ့တာလို့ ဒေသခံတွေနဲ့ ဆေးဘက်အရာရှိတွေက ပြောပြီး ဒီတိုက်ခိုက်မှုကြောင့် တခြားလူ ၁၆ ယောက် ဒဏ်ရာရတယ်လို့လဲ ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတဲ့ ဂါဇာက ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အယောက် ၆၀ သေဆုံးခဲ့ပြီး အများစုကတော့ အရပ်သား တွေ ဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ သေနတ်သမားတွေက ဒုံးကျည် ၂၀၀ ကျော် ပစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒုံးကျည်ပစ်ခတ်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် အစ္စရေးတောင်ပိုင်း စီးပွားရေးတွေ ရပ်တန့်ကုန်ပြီး ထောင်သောင်းချီတဲ့လူတွေဟာ ခိုလှုံရာအတွက် အလုအယက် ကြိုးပမ်းနေရပါတယ်။

ဟားမတ်အဖွဲ့ဘက်က ၁ နာရီအတွင်း ဒုံးကျည်အလုံး ၃၀ လောက် အစ္စရေး တောင်ပိုင်းမြို့တွေကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ကြေညာအပြီး ခုလို ပစ်ခတ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အစီရင်ခံမှုတော့ မရှိသေးပါဘူး။

ဒီဗွီဘီ
အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက် စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

မြန်မာ-အမေရိကန် ဆက်ဆံရေး ပြန်သုံးသပ်ရန် တိုက်တွန်း

 Photo: မြန်မာ-အမေရိကန် ဆက်ဆံရေး ပြန်သုံးသပ်ရန် တိုက်တွန်း
Thursday, July 10, 2014  

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များပြားလာတာကို ထောက်ပြပြီး မြန်မာ-အမေရိကန် ဆက်ဆံရေး ကို ပြန်သုံးသပ်ဖို့ အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ အဒ် ရွိုက်စ် က အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆို လိုက်ပါတယ်။

usa_myanmar_flag_400မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ သြဂုတ်လခရီးစဉ်နဲ့ သမ္မတ အိုဘားမားရဲ့ နိုဝင်ဘာ ခရီးစဉ်တွေ မတိုင်ခင် ခုလို တောင်းဆိုလိုက်တာလို့ ဖော်ရိမ်း ပေါ်လစီ(Foreign Policy) မဂ္ဂဇင်း အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

စီးပွားရေးအခွင့်အလမ်းတွေ များပြားလာပြီ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဆက်လက် ဖိနှိပ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအစာ ကူညီမှု မရတာတွေ၊ လွှတ်တော်မှာ ဘာသာရေး လွတ်လပ်မှုကို ကန့်သတ်ထားတဲ့ ဥပဒေကို အတည်ပြုဖို့ လုပ်ဆောင်နေတာတွေနဲ့ နောက်နှစ် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ၀င်အရွေးခံနိုင်ဖို့ တားမြစ်ထားဆဲ ဖြစ်နေတာတွေကို အဓိက ထောက်ပြထားတာပါ။

ရိုဟင်ဂျာတွေကို အကြမ်းဖက်မှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အမည်စာရင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗီဇာပိတ်ပင်တဲ့ စာရင်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အထူး သတ်မှတ်ထားသော နာမည်ပျက်ပုဂ္ဂိုလ်စာရင်းထဲ ထည့်သွင်းဖို့လည်း ရွိုက်စ်က အစိုးရအဖွဲ့ကို အထူး တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်အရာရှိတွေ မြန်မာစစ်တပ်နဲ့ ဆွေးနွေးခဲ့တဲ့ မြန်မာစစ်တပ်ကို လေ့ကျင့် သင်တန်းပေးမယ် ဆိုတဲ့ကိစ္စကလည်း အချိန်မတန်သေးဘူးလို့ ဆိုနိုင်တာကြောင့် ၂ နိုင်ငံ စစ်ရေးဆက်ဆံမှုကို အဆုံးသတ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ 

DVB TV News
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များပြားလာတာကို ထောက်ပြပြီး မြန်မာ-အမေရိကန် ဆက် ဆံရေး ကို ပြန်သုံးသပ်ဖို့ အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ အဒ် ရွိုက်စ် က အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆို လိုက်ပါတယ်။

မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ တပ်လေ့ကျင့်ရေး ပြုလုပ်

Photo: မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ တပ်လေ့ကျင့်ရေး ပြုလုပ်
Thursday, July 10, 2014 

ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ရဆဲဖြစ်သည့် မန္တလေးမြို့အတွင်း၌ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းခန့်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ စစ်အင်အားအပြည့်ဖြင့် တပ်လေ့ကျင့်ရေးတစ်ခု ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်လေ့ကျင့်ရေး ပြုလုပ်ပြသမှုကို ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီခန့်က မန္တလေးနန်းတွင်းအရှေ့ပေါက် (၁၉ လမ်း)မှ သံချပ်ကာကားများဖြင့် ထွက်ရှိ လာခဲ့ကာ ကျူံးအရှေ့ဘက်ခြမ်း ၆၆ လမ်းအတိုင်း ကျူံးတောင်ဘက် ၂၆(ဘီ)လမ်းအနောက်ထဲအတိုင်း ဆင်းလာပြီး ၇၈ လမ်း မျက်ပါးရပ်ရှိ စစ်တပ်ဝန်းဟောင်း (ယခင်တပ်မ ၇၆ တပ်ရင်း) သို့ ၀င်ရောက်သွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့အတွင်း စစ်အင်အားအပြည့်ဖြင့် ချီတက်လေ့ကျင့်ခဲ့မှုနှင့်ပတ်သက်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးဌာနစိတ်သို့ ဆက်သွယ်မေးမြန်း ခဲ့ရာတွင်တာဝန်ကျအရာရှိတစ်ဦးက “တပ်လေ့ကျင့်ရေးအတွက် လိုအပ်ချက်
အရ ပြုလုပ်တာပါ။ အခုထိတော့ မျက်ပါးရပ်စစ်တပ်ထဲမှာပဲ ရှိနေပါတယ်။ မန္တလေးမှာဖြစ်နေတဲ့ ဆူပူမှုတွေနဲ့ ဆက်စပ်ပြီးတော့ စစ်အင်အားပြ ဆောင်ရွက်နေတာလားဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ အရင်ကတော့ နန်းတွင်းစစ်တပ်က တစ်ခါမှ မလိုအပ်ဘဲ အပြင်ထွက်လှည့်
လည်ပြီး စစ်ရေးလေ့ကျင့်တာမျိုး မရှိခဲ့ပါဘူး”ဟု ပြောကြားသည်။

ယင်းကဲ့သို့ နန်းတွင်းစစ်တပ်မှ မြို့တွင်းလှည့်လည်ကာ စစ်ရေးပြသခဲ့မှုကြောင့် မြို့ခံများအကြားတွင် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် စစ်တပ်မှ မြို့တွင်းလှည့်လည်ကာ စစ်အင်အားပြသသည်ဟု ပြောဆိုမှုများလည်း ရှိနေကြသည်။

“ဆူပူအကြမ်းဖက်မှုတွေဖြစ်နေချိန်က စစ်တပ်က အခုလို သံချပ်ကာကားတွေနဲ့ အပြင်ကိုထွက်လာပြီး စစ်ရေးပြသတာ မရှိခဲ့ဘူး။ ဒီနေ့တော့ စစ်အင်အား
အပြည့်နဲ့ အပြင်မှာထွက်လာတာ မြင်ရသလို စစ်ရဟတ်ယာဉ်တစ်စင်းကလဲ မြို့ပေါ်မှာ ပျံဝဲသွားတာ ကိုတွေ့လိုက်ရတယ်” ဟု ချမ်းအေးသာစံမြို့နယ်
အတွင်း၌ နေထိုင်သူတစ်ဦးက ဆိုသည်။

“မန္တလေးမြို့ရဲ့လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် တည်ငြိမ်အေးချမ်းနေ
ပါတယ်။ လုံခြုံရေးအင်အားလည်း အပြည့်အ၀ချပေးထားပါတယ်။ ကောလာဟလတွေလည်း ပျံ့နှံ့တာမျိုး မရှိတော့ပါဘူး”ဟု မန္တလေး ခရိုင်ဒုရဲမှူးကြီး စိန်ထွန်းက ညနေ ၅ နာရီ ၀န်းကျင်ခန့်က ပြောကြားသည်။

မန္တလေးမြို့တွင် ဇူလိုင် ၁ ရက် ည ပိုင်းမှ ဇူလိုင် ၄ ရက်အထိ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လက်ရှိအချိန်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။ ဇူလိုင် ၅ ရက် ညတွင် ချမ်းမြသာစည်မြို့နယ်အတွင်း လူတစ်ဦးအား လူအုပ်စုတစ်စုမှ ဓားဖြင့် လိုက်ခုတ်ခံခဲ့ရပြီး ဇူလိုင် ၆ ရက်မှ စတင်ကာ မန္တလေးမြို့အခြေအနေမှာ ပြန်လည်တည်ငြိမ်အေးချမ်းခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အေးရိပ်ငြိမ်ဘာသာပေါင်းစုံ သုသာန်အတွင်းရှိ မြန်မာသုသာန်တွင် ဆူပူအကြမ်းဖက်မည်ဟုကောလာဟလ
များ ထပ်မံဖြစ်ပေါ်ခဲ့ခြင်းကြောင့် သုသာန်အားခေတ္တပိတ်ထားခဲ့ရသည်။

ဇူလိုင် ၆ ရက်မှစတင်ကာ ယနေ့ ဇူလိုင် ၉ ရက်အထိ မန္တလေးမြို့၏ အခြေ အနေမှာ ပြန်လည်တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရသည်။

Eleven Media Group
ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ရဆဲဖြစ်သည့် မန္တလေးမြို့အတွင်း၌ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းခန့်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေးနန်းတွင်းတပ်ရှိ သံချပ်ကာကားများ အများမြင်ကွင်းသို့ထွက်၍ စစ်အင်အားအပြည့်ဖြင့် တပ်လေ့ကျင့်ရေးတစ်ခု ပြုလုပ်ပြသခဲ့ကြောင်း သိရ သည်။

ယစ်မျိုးအခွန် အမှတ်တံဆိပ်တွေ ခိုင်ခံ့အောင်လုပ်မယ်

ဆေးလိပ်၊ အရက်၊ ဘီယာနှင့် ဝိုင်တွေအတွက် ရေစိုခံပြီး ခိုင်ခံ့တဲ့ အခွန် အမှတ်တံဆိပ်တွေ ထုတ်ပေးတော့ မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။

Wednesday, 9 July 2014

မန္တလေးရှိ တရုတ်လူမျိုးပိုင်လုပ်ငန်းခွင်တွင် လူမျိုးရေးမုန်းတီးမည့် အပြုအမူများ မဆောင်ရွက်ရန် နှိုးဆော်

Photo: မန္တလေးရှိ တရုတ်လူမျိုးပိုင်လုပ်ငန်းခွင်တွင် လူမျိုးရေးမုန်းတီးမည့် အပြုအမူများ မဆောင်ရွက်ရန် နှိုးဆော်
Wednesday, July 9, 2014 

တရုတ်ဘုံကျောင်းများ ဆောက်လုပ်ခွင့်ပေးထားပြီး တရုတ်လူမျိုး တစ်စထက်တစ်စ များပြားလာလျက်ရှိသော မန္တလေးမြို့တော်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းသည် မြန်မာအများစု ဝင်ရောက် လုပ်ကိုင်နေသည့် တရုတ်လူမျိုးပိုင် လုပ်ငန်းခွင်များတွင် လူမျိုးရေးမုန်းတီးစေမည့် အပြုအမူများကို တရုတ်လူမျိုးများ မပြုလုပ်ကြရန် နှိုးဆော်ထားကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့်က ပြောကြားသည်။

တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း လာရောက်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မန္တလေးမြို့ခံများအကြား မကြာခဏ ပဋိပက္ခ ဖြစ်ပေါ်ခဲ့သော်လည်း အာဏာပိုင်များ အချိန်မီ ထိန်းသိမ်းနိုင်ခြင်းကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း၊ ဇူလိုင်လဆန်းပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြန်မာ-တရုတ်လူမျိုးတို့အကြား ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် တရုတ်ဘုံကျောင်း ဥက္ကဋ္ဌများ အပါအဝင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းက မြန်မာလူမျိုးများအပေါ် လိုက်နာပြုမူ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

မြန်မာလူမျိုးများအကြားတွင် တရုတ်အချင်းချင်း တရုတ်ဘာသာဖြင့် မပြောဆိုရန်၊ မြန်မာလူမျိုးများ အထင်အမြင် လွဲစေမည့် ကိုယ်ဟန်အမူအရာ၊ အပြုအမူများ မပြုလုပ်မိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ပြဿနာ ဖြစ်ပေါ်လာလျှင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းရှိ တရုတ်ခေါင်းဆောင်များကို အမြန်ဆုံး အသိပေးအကြောင်းကြားပြီး မြန်မာလူမျိုးများ စိတ်ကျေနပ်လောက်သည့် လူမှုကူညီရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် အပါအဝင် ကျုံးဘေးတွင် တရုတ်သီချင်းဖွင့်ပြီး အားကစားလုပ်သည့် ကိစ္စရပ်များကို ဆင်ဆင်ခြင်ခြင်နှင့် ဆောင်ရွက်ရန် မှာကြားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“အဲ့ဒီလို လုပ်ရတာကလည်း ဒေသခံမဟုတ်တဲ့ တရုတ်တွေရဲ့အပြုအမူကြောင့် မြန်မာတွေနဲ့ ရှေးတုန်းကတည်းက တစ်သားတည်းရှိခဲ့တဲ့ တရုတ်လူမျိုးတွေ နစ်နာမှာစိုးလို့ပါ။ အခုပဋိပက္ခက မြို့သူမြို့သား အားလုံးကို ထိတ်လန့်စေခဲ့တယ်” ဟု ၎င်းကဆိုသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဖြစ်သူကလည်း ချစ်ကြည်ရေး အသင်းသားများနှင့် တွေ့ဆုံပြီး မြန်မာ-တရုတ်ကြားတွင် လူမျိုးရေးဆန်သည့် ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ကြရန် တရုတ်စီးပွားရေး လုပ်ငန်းရှင်များသို့ လာရောက် မှာကြားခဲ့ကြောင်း မန္တလေးမြို့ပေါ်ရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“အသင်းက အဲ့ဒီလိုဆောင်ရွက်ဖို့ အစည်းအဝေးပြီးတာနဲ့ အစည်းအဝေး လာမတက်တဲ့ တရုတ်လုပ်ငန်းရှင်တွေကို လုပ်ငန်းရှင် အချင်းချင်းပဲ ချက်ချင်းအသိပေး၍ ဆောင်ရွက်နေကြတယ်” ဟု ဖူကျင့် တရုတ်စကားပြောသင်တန်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာဆက်တီက ဆိုသည်။

မန္တလေးမြို့တည် မင်းတုန်းဘုရင်ကို သစ္စာခံသည့် နန်းတွင်းအမှုထမ်း တပ်မင်းဆွန်တာလောရဲကို နန်းတွင်း အပျိုတော်တစ်ဦးနှင့် ဘုရင်ကိုယ်တိုင် ပေးစားခဲ့ဖူးပြီး မူဆလင်ဘာသာဝင် တရုတ်ပန်းသေး လူမျိုးများကို ၃၅ လမ်းနှင့် လမ်း ၈၀ ၀န်းကြားတွင် ပန်းသေးဗလီအဖြစ် ဘုရင်ကိုယ်တိုင် ဆောက်လုပ်ခွင့် ပေးခဲ့ကာ ကိုလိုနီခေတ် နောက်ပိုင်းတွင်လည်း မန္တလေးမြို့၏ မြန်မာမှုသီချင်းများ အများဆုံး ဖျော်ဖြေတီးခတ်နေသည့် မြို့မအသင်း တူရိယာတီးဝိုင်းကို တရုတ်လူမျိုး ဦးတော်လုံးက စတင်တည်ထောင်ပေးခဲ့သည့် သာဓက ရှိခဲ့သည့်အတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးသည် ၁၉၈၄ ခုနှစ်နောက်ပိုင်းထိ ခိုင်မြဲနေခဲ့သည်ဟု မန္တလေးမြို့ခံ သမိုင်းပညာရှင်များက ထပ်လောင်းပြောကြားသည်။

“စစ်အစိုးရနောက်ပိုင်းကစပြီး မန္တလေးမြို့ခံ မဟုတ်တဲ့ တရုတ်တွေ ကျောက်စိမ်း၊ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ကြီးပွားလာတယ်။ မျက်နှာစိမ်းတရုတ်တွေ ဝင်လာတဲ့အချိန်ကစပြီး ကျွန်တော်တို့ မန္တလေးသားတွေနဲ့ အဆင်မပြေကြတော့ဘူး” ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ဆိုသည်။

မန္တလေးမြို့တော်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းကို ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တရုတ်လုပ်ငန်းခွင်များအတွင်းရှိ မြန်မာလူမျိုးများအတွင်း လူမျိုးရေးပဋိပက္ခ မဖြစ်စေရန်အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်များကို ဇူလိုင်လ ၇ ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း ယင်းအသင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
တရုတ်ဘုံကျောင်းများ ဆောက်လုပ်ခွင့်ပေးထားပြီး တရုတ်လူမျိုး တစ်စထက်တစ်စ များပြားလာလျက်ရှိသော မန္တလေးမြို့တော်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းသည် မြန်မာအများစု ဝင်ရောက် လုပ်ကိုင်နေ သည့် တရုတ်လူမျိုးပိုင် လုပ်ငန်းခွင်များတွင် လူမျိုးရေးမုန်းတီးစေမည့် အပြုအမူများကို တရုတ်လူမျိုးများ မပြု လုပ်ကြရန် နှိုးဆော်ထားကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့်က ပြောကြားသည်။

မိုဘိုင်းလ်ဘဏ်စနစ် နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ပြုမည်

 Photo: မိုဘိုင်းလ်ဘဏ်စနစ် နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ပြုမည်
Wednesday, July 9, 2014 
 
မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေစနစ်တစ်မျိုး ဖြစ်သော မိုဘိုင်းလ်ဘဏ်စနစ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံခြားဘဏ်များနှင့် ပြည်တွင်းဘဏ်များ ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အီလက်ထရွန်နစ် ဘဏ်စနစ်များ ဖြစ်သော မိုဘိုင်းလ် ဘဏ်စနစ်နှင့် အင်တာနက် ဘဏ်စနစ်များကို ပြည်တွင်းဘဏ်များကို လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ ပြည်တွင်းတွင် မိုဘိုင်းလ်ဖုန်းများ ပျံ့နှံ၍ အင်တာနက် ချိတ်ဆက်ပြီးသည့် အခြေအနေမျိုး ဖြစ်လာပါက မိုဘိုင်းလ်ဘဏ်စနစ်နှင့် ပြည်သူများ ပိုမို နီးစပ်လာမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

မိုဘိုင်းလ် ဘဏ်စနစ်ကို နိုင်ငံခြား ဘဏ်များနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရပါက နည်းပညာ ရရှိနိုင်ပြီး ယခုလက်ရှိ လုပ်ဆောင်နေသည်ထက် ပိုမို အဆင့် မြှင့်တင်နိုင်ခြင်းနှင့် ဝန်ဆောင်မှုအသစ်များ ပိုမို ဆောင်ရွက်ပေးနိုင်ကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ပြောကြားသည်။
"နည်းပညာရနိုင်တယ်။ ဒါပေမဲ့ သူတို့ လာလုပ်လည်း ဆက်သွယ်ရေးလိုင်းတို့၊ လျှပ်စစ်မီးတို့ ဆိုတဲ့ အခြေခံ အဆောက်အဦတွေ မကောင်းရင် ဘာမှ ထူးမှာမဟုတ်ဘူး" ဟု ၄င်းကဆိုသည်။

ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသော ကျေးလက်နေလူထုများ အသုံးပြုနိုင်ရန် မိုဘိုင်းလ်ဘဏ်စနစ် ကွန်ရက်ကို ပြည်တွင်းဘဏ်များ ပိုမို ချဲ့ထွင်နိုင်ပါက နိုင်ငံခြားဘဏ်များက ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောဆိုသည်။

လတ်တလောတွင် အင်တာနက်ဖြင့် ငွေစာရင်း လွှဲပြောင်းခြင်း၊ ငွေစာရင်း စစ်ဆေးခြင်းများ အချိန်ပြည့် ပြုလုပ်နိုင်သော အင်တာနက် ဘဏ်စနစ်ကို ဧရာဝတီဘဏ်က လုပ်ကိုင်လျက်ရှိပြီး မိုဘိုင်းလ်ဖုန်းတွင် ပါဝင်သော ဖုန်းစာပို့ စနစ်၊ ဖုန်းကုတ် (USSD) စနစ်များကို သုံး၍ ငွေစာရင်း လွှဲပြောင်းခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့် မိုဘိုင်းလ် ဘဏ်စနစ်ကို သမဝါယမဘဏ်၊ အင်းဝ ဘဏ်နှင့် မြဝတီဘဏ်တို့က လုပ်ကိုင်လျက်ရှိသည်။

The Voice Weekly
မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေစနစ် တစ် မျိုး ဖြစ်သော မိုဘိုင်းလ်ဘဏ်စနစ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံခြားဘဏ် များနှင့် ပြည် တွင်းဘဏ်များ ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ

Photo: တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ
Wednesday, July 9, 2014 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

“ အုပ်ချုပ်ရေးမှူးကို ခေါ်ပြောတာလား၊ ဖုန်းဆက်ပြောလား မသိဘူး၊ ရွာထဲမှာတော့ ငွေကောက်တယ်၊ တစ်အိမ်ကို အနည်းဆုံး ငါးသောင်းထည့်ရမယ်၊ ရွာသားတွေက မပေး နိုင်ဘူးလို့ ငြင်းနေကြတယ်၊ ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး ” ဟု ဘော်ကြိုရွာသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဘော်ကြိုကျေးရွာအပါအ၀င် ပတ်ဝန်းကျင်ကျေးရွာများအား တစ်ရွာလျှင် (၁၀) သိန်းခန့်ဖြင့် ဇူလိုင်လ ကုန်အပြီး ပေးရန် တောင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

“ ရွာသူရွာသားတွေက ကြောက်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းမပေးရဲဘူးလေ၊ အဲဒါကိုအခွင့်ကောင်း ယူပြီး အုပ်ချုပ်ရေး မှူးတွေ ငွေကောက်နေတာ၊ မနေ့ကလာတဲ့ ရွာသားတစ်ယောက်ဆိုရင် ငွေ မပေးနိုင်လို့ ခဏ ရှောင် လာရတယ်လို့ပြောတယ်၊ မိသားစု စားဝတ်နေရေး ကြပ်တည်းတဲ့လူတွေကျတော့ ငွေငါးသောင်းဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ၊ တာဝန်ရှိသူတွေက ဖြေရှင်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု သီပေါမြို့ခံ ကျောင်းဆရာတစ်ဦး က ဆိုသည်။

အဆိုပါကျေးရွာများ၌ တောင်းခံထားသော ငွေများအား RCSS/SSA အဖွဲ့အမာခံ ဗိန္ဓောဆရာတစ်ယောက်ထံသွားရောက် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ ဟိုမော်ရွာက ဗိန္ဓောဆရာကို သွားသွင်းရမယ်လို့ ပြောတယ်၊ အဲဒီလူက အမာခံလေ၊ ဗိန္ဓောဆရာယောင်ဆောင်ပြီး ဆက်ကြေးကောက်ပေးနေတာ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့အား ဆက်ကြေးကောက်ပေးနေသူမှာ သီပေါမြို့နယ်၊ ဘောကြိုအုပ်စု ဟိုမှော်ကျေးရွာ၌ နေထိုင်သော အိုက်စံဖြစ်ပြီး ဗိန္ဓောဆရာအဖြစ် အယောင်ဆောင်ထားကြောင်း၊ ဒေသခံများ၏ လာရောက်တိုင်တန်းမှုကြောင့် နယ်မြေခံ တပ်နှင့် မြို့နယ်ရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ရဲစခန်းမှ ရဲအုပ် တစ်ဦးက ပြောကြားခဲ့သည်။

Credit To:စိုင်းလင်းလင်း (သီပေါ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည် ထူထော င်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံ ထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

တောင်ငူမြို့ ကန်တော်ကြီး ဥယျာဉ်အား ငွေကျပ် သိန်းပေါင်း ၁၅ဝဝဝ ကျော်ဖြင့်အဆင့်မြှင့်တင်မည်

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် ဗိုလ်မှူးဖိုးကွန်းလမ်းရှိ လေးကျွန်း ကန်တော် မင်္ဂလာ ဥယျာဉ်ကို ဇူလိုင် ပထမပတ်မှ စတင်၍ အဆင့်မြှင့် မွမ်းမံ ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း ရွှေသုန္ဒရီ ဆောက် လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရဲထွဋ်၏ ပြောကြားချက်အရ သိရသည်။

ဂျပန်နိုင်ငံ တောင်ဘက်ပိုင်းကို ဦးတည်နေ သည့် တိုင်ဖွန်း Neoguri "နဲယ်အိုဂူရီ"

Photo: ဂျပန်နိုင်ငံ တောင်ဘက်ပိုင်းကို ဦးတည်နေ သည့် တိုင်ဖွန်း Neoguri "နဲယ်အိုဂူရီ"
Wednesday, July 9, 2014  

တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ဘက်ပိုင်းရှိ မီယာကိုကျွန်းဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ မိုးလေ၀သဌာနရဲ့သတင်း
ထုတ်ပြန်ချက်အရ ဂျပန်ဒေသစံတော်ချိန် အင်္ဂါနေ့ မနက်(၈)နာရီမှာ တိုင်ဖွန်းမုန်တိုင်း "နဲယ်အိုဂူရီ" ရဲ့ မုန်တိုင်းဗဟိုချက်မလေထုဖိအားဟာ (၉၃၀)ဟတ်တိုပါစကယ် ရှိတယ်လို့သိရပါတယ်။ မုန်တိုင်းဗဟိုချက်မအနီးမှာရှိတဲ့  မုန်တိုင်းတိုက်ခတ်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ(၁၈၀)အထိရှိတယ်လို့လည်း မိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့ ပါတယ်။
 
မုန်တိုင်းဇုန်တွေဟာ နိုင်ငံတောင်ဘက်ပိုင်းမှာရှိတဲ့ မိုင်ယာကိုကျွန်း၊ အီရှီဂါဝါကျွန်းနဲ့ အိုကီနာဝါ ကျွန်းစုဒေသတွေဖြစ်ပါတယ်။ မီယာကို ကျွန်းဒေသမှာ အမြင့်(၁၄)မီတာရှိတဲ့ လှိုင်းတွေတိုက်ခတ် နိုင်တာကြောင့် မုန်တိုင်းသတိပေးချက်တွေကို မီယာကိုကျွန်းဒေသမှာ မိုးလေ၀သဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် အိုကီနာဝါစီရင်စုတစ်ဝိုက်ရှိ မိုးရေချိန်မှာ တစ်နာရီကို (၆၀)မီလီမီတာအထိရှိနိုင်တယ်လို့ သိရပါတယ်။
 
မိုးလေ၀သအရာရှိတွေ ကလည်း လှိုင်းကြီးမှု၊ ရေကြီးမှုနဲ့ မုန်တိုင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီး အသိကြီးကြီးရှိကြဖို့ကို သက်ဆိုင်ရာဒေသခံတွေကို တိုက်တွန်းထားပါတယ်။ မီယာကိုဂျီမာမြို့အရာရှိတွေကတော့ ဒေသခံ(၅၅၀၀၀)ကို ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြဖို့ နှိုးဆော်ထားပါတယ်။  မုန်တိုင်းကြောင့်  စီရင်စုကနေ ၀င်ထွက်ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေ၊ သင်္ဘောခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားပြီး မူကြိုကျောင်းကအစ အထက်တန်းကျောင်းအဆုံး စတဲ့စာသင်ကျောင်းတွေကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။   

MRTV-4
တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ဘက်ပိုင်းရှိ မီယာကိုကျွန်းဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ မိုးလေ၀သဌာနရဲ့သတင်း ထုတ်ပြန်ချက်အရ ဂျပန်ဒေသစံတော်ချိန် အင်္ဂါနေ့ မနက်(၈)နာရီမှာ တိုင်ဖွန်းမုန်တိုင်း "နဲယ်အိုဂူရီ" ရဲ့ မုန်တိုင်းဗဟိုချက်မလေထုဖိအားဟာ (၉၃၀)ဟတ်တိုပါစကယ် ရှိတယ်လို့ သိရပါတယ်။ မုန်တိုင်းဗဟိုချက်မအနီးမှာရှိတဲ့  မုန်တိုင်းတိုက်ခတ်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ(၁၈၀) အထိ ရှိတယ်လို့လည်း မိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့ ပါတယ်။

အပူပိုင်းဒေသများသို့ ခရီးဆန့်နေဟန်ရှိသော ဂျနီဖာလောရင့်စ်

ဂျနီဖာလောရင့်သည် The Hunger Games ရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးပြီးနောက် အပူပိုင်းဒေသများသို့ ခရီးသွားရောက် ခဲ့ဟန်ရှိသည်ဟု ယူဆ ရကြောင်း မေးလ်အွန်လိုင်းက ရေးသားထားသည်။ ဂျနီဖာသည် ပဲရစ်မြို့တွင် ပြုလုပ်သည့် Dior ဖက်ရှင်ရှိုး ပွဲသို့ တက်ရောက် လာချိန်တွင်နေရောင် ထိထားသော အသားအရည်ကို တွေ့မြင်ခဲ့ရကြောင်း သတင်းတွင်ပါရှိသည်။

ဆိုမာလီယာ သမ္မတနန်းတော်ကို အယ်လ်ရှာဘက် စစ်သွေးကြွ အဖွဲ့တိုက် ခိုက်

Photo: ဆိုမာလီယာ သမ္မတနန်းတော်ကို အယ်လ်ရှာဘက် စစ်သွေးကြွ အဖွဲ့တိုက် ခိုက်
Wednesday, July 9, 2014 

ဆိုမာလီယာနိုင်ငံတွင် မြို့တော် မိုဂါဒစ်ရှူးရှိ သမ္မတနန်းတော်ကို ဦးတည်ပြီး အယ်လ်ရှာဘက် စစ်သွေးကြွတို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်(၈)ရက်က စတင်သော တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားနေဆဲဟု အယ်လ်ရှာဘက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက BBC သို့ ပြောကြားခဲ့သည်။ သို့သော်လည်း အစိုးရဘက်ကမူ ဇူလိုင်(၈)ရက် ညပိုင်းတွင် တိုက်ပွဲများ ပြီးဆုံးပြီး စစ်သွေးကြွ အမြောက်အမြား သေကြေခဲ့ကြောင်း ကြေညာထားသည်။

ဆိုမာလီယာနိုင်ငံတွင် မြို့တော် မိုဂါဒစ်ရှူး ပတ်ဝန်းကျင် ဒေသအားလုံးကို အစ္စလာမ်မစ် စစ်သွေးကြွ အယ်လ်ရှာဘက်တို့က ဝန်းရံသိမ်းပိုက်ထားပြီး မိုဂါဒစ်ရှူးကိုလည်း မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်လေ့ရှိသည်။ အာဖရိက ယူနီယံ၏ ညွန့်ပေါင်းတပ်ဖွဲ့များက မိုဂါဒစ်ရှူးတွင် ကြံ့ကြံ့ခံ ရပ်တည်ပေးနေခြင်းကြောင့်သာ ဆိုမာလီယာ အစိုးရ၏ အချုပ်အခြာအာဏာ ဆက်လက်တည်မြဲနေခြင်း ဖြစ်သည်။

တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ဆိုမာလီယာ သမ္မတ ဟာဆန်ရှိတ်ခ်မိုဟာမက်သည် နန်းတော်၌ ရှိမနေကြောင်း သိရသည်။ အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်မှုများ ရှိနေသည့် အယ်လ်ရှာဘက်တို့သည် မိုဂါဒစ်ရှူးကို သိမ်းပိုက်ထားရာမှ (၂၀၁၁)ခုနှစ်တွင် လက်လွတ်ခဲ့ရသည်။ အယ်လ်ရှာဘက်အဖွဲ့က ရာမာဒန် ဥပုသ်လအတွင်းတွင်လည်း မိုဂါဒစ်ရှူးကို ဆက်လက် တိုက်ခိုက်မည်ဟု ကြေညာထားသည်။

သမ္မတအိမ်တော်ကို အယ်လ်ရှာဘက်တို့က တိုက်ခိုက်နေချိန်တွင် သမ္မတ မိုဟာမက်မှာ လေဆိပ်အနီးရှိ အဆောက်အအုံ တစ်ခုတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖွဲ့တစ်ခုနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း BBC က ဖော်ပြခဲ့သည်။

“သမ္မတ နန်းတော်လို့ သူတို့ခေါ်ဝေါ်နေတဲ့ အဆောက်အအုံထဲထိ ကျွန်တော်တို့ ရောက်ခဲ့တယ်။ နန်းတော်ရဲ့ အစိတ်အပိုင်းတချို့ကို ကျွန်တော်တို့ ထိန်းသိမ်းထားပြီး တိုက်ပွဲတွေကတော့ ဖြစ်နေတုန်းပဲ။ အစိုးရစစ်သား (၁၂)ယောက်လောက် သေတယ်”ဟု အယ်လ်ရှာဘက် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရှိတ်ခ် အက်ဘ်ဒီယာဆစ် အဘူမူဆက်ဘ်က ပြောကြားခဲ့သည်။

အစိုးရဘက်ကမူ မိမိတို့သည် အခြေအနေကို ထိန်းချုပ်ထားပြီး နန်းတော်ထဲ ကျူးကျော်လာသူများ အားလုံးကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာထားသည်။ သို့သော်လည်း သေဆုံးသူ အရေအတွက်ကိုမူ ဖော်ပြမထားချေ။

အစိုးရ၏ လုံခြုံရေးဌာန အရာရှိ တစ်ဦးက နန်းတော်ထဲ စီးနင်းဝင်ရောက်သူ (၉)ဦးမျှ ရှိခဲ့ပြီး အားလုံး သေဆုံးခဲ့ပြီဟု AFP သို့ မှတ်ချက်ပေးခဲ့သည်။ နန်းတော်အနီးတွင် ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် အရပ်မျက်နှာ နှစ်ခုမှ စစ်သွေးကြွများက တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဟုလည်း သိရှိရသည်။

BBC
ဆိုမာလီယာနိုင်ငံတွင် မြို့တော် မိုဂါဒစ်ရှူးရှိ သမ္မတနန်းတော်ကို ဦးတည်ပြီး အယ်လ်ရှာဘက် စစ်သွေးကြွ တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ

Photo: အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ
Wednesday, July 9, 2014 
 
ကမ္ဘာမှာ စတုတ္ထလူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ မဲပေးတာတွေ ဒီနေ့ မနက် စတင်ပါတယ်။
ဒီရွေးကောက်ပွဲမှာ အသက် ၆၂ နှစ်အရွယ် စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီယံတိုနဲ့ ဂျတာကာမြို့တော်ဝန် အသက် ၅၃ နှစ်အရွယ် ဂျိုကိုဝီ ဒိုဒိုတို့ထဲက တယောက်ကို ပြည်သူတွေက ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်တဲ့ စနစ်နဲ့ ကျင်းပတဲ့ တတိယမြောက် သမ္မတရွေးပွဲဖြစ်ပြီး သမ္မတ ဆူစီလို ဘန်ဘမ်း ယူဒိုယိုနိုက ရွေးချယ်ခံရတဲ့ ခေါင်းဆောင်သစ်ကို အာဏာလွှဲပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်း ဆူဘီယံတိုဟာ ကွယ်လွန်သူ အင်ဒိုနီရှား အာဏာရှင် ဆူဟာတိုရဲ့ သမက်ဖြစ်ပြီး ဆူဟာတိုခေတ်မှာ ရာထူး အတက်မြန်ခဲ့ပါတယ်။

၁၉၉၈ လူထုအုံကြွမှုကာလမှာ တက်ကြွလှုပ်ရှားသူတွေကို ဖြိုခွင်းတဲ့ နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ခံရပေမယ့် သူက ငြင်းဆန်ပါတယ်။

လူထုအုံကြွမှုကို ဖြိုခွင်းတဲ့အချိန်မှာ အထက်အမိန့်အဆင့်ဆင့်ကို မနာခံဘဲ တပ်တွေကို သူ့သဘောနဲ့သူ အမိန့်ပေးခဲ့တယ်ဆိုပြီး စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ သူအနိုင်ရရင်တော့ ဈေးကွက်စီးပွားရေးမှာ ကန့်သတ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိပါတယ်။

သူရဲ့ပြိုင်ဘက် ဂျိုကိုဝီကတော့ လောလောဆယ် အင်ဒိုနီးရှားမှာ လူကြိုက်အများဆုံး နိုင်ငံရေးသမားအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

သူဟာ ဆင်းရဲသားမိသားစုကနေ မွေးဖွားခဲ့သူ ဖြစ်ပြီး ရိုးသားပြီး အကျင့်စာရိတ္တ ကောင်းတဲ့လူ၊ သူရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆိုလိုမြို့နဲ့ ဂျကာတာ မြို့တော်ဝန်တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အရည်အချင်းပြည့်ဝသူအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို တနေ့တည်းနဲ့ အပြီး ကျင်းပမှာ ဖြစ်ပြီး အကြိုရလဒ်တွေလည်း ဒီနေ့မှာပဲ ထွက်ပေါ်လာဖွယ် ရှိပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးခွင့်ရသူ သန်း ၁၉၀ ရှိပြီး မဲပေးသူဦးရေ မြင့်မားဖွယ် ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားပါတယ်။

မဲပေးခွင့်ရှိသူတွေထဲက ၁၁ ရာခိုင်နှုန်းဟာ ပထမဆုံးအကြိမ် မဲပေးကြမှာ ဖြစ်ပြီး ၃ ပုံ ၁ ပုံကတော့ အသက် ၃၀ အောက် လူငယ်တွေ ဖြစ်နေပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ သမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုယိုနိုနဲ့ ဇနီးတို့က ဂျကာတာအနီးက ပြည်နယ်ဖြစ်တဲ့ အနောက်ဂျားဗားက သူတို့ အိမ်နားက မဲရုံမှာ မဲပေးခဲ့ကြပါတယ်။

မဲပေးအပြီးမှာပဲ သမ္မတက ရွေးကောက်ပွဲရလဒ်ကို ဖွင့်ထားတဲ့ စိတ်နဲ့ လက်ခံကြဖို့နဲ့ ဒီမိုကရေစီကို လေးစားကြဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုယိုနိုကတော့ “အင်ဒိုနီးရှားဟာ အတိုင်းအတာတခုအထိ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီး၊ ပြည်သူတွေကလည်း လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တွေအားလုံး ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ပြည်သူတွေရဲ့ ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ကို လေးစားဖို့ တိုက်တွန်းပါတယ် ပြောပြီး ပြည်သူတွေက ရွေးချယ်တဲ့ ပုဂ္ဂိုလ်ဟာ ပြည်သူတွေ ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ့် ပုဂ္ဂိုလ်ဖြစ်တယ်။ ပြည်သူတွေက ရွေးချယ်လိုက်တာနဲ့ ကျနော်တို့ရဲ့ တရားဝင် ခေါင်းဆောင်အဖြစ် သတ်မှတ်ရမယ်”လို့ ပြောပါတယ်။

သမ္မတ ယူဒိုယိုနိုဟာ အင်ဒိုနီးရှားမှာ တိုက်ရိုက်စနစ်နဲ့ သမ္မတကို ရွေးချယ်တဲ့ ပထမဆုံး ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရပြီး ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့ပါတယ်၊

ဒါပေမယ့် ပြီးခဲ့တဲ့ ၄ နှစ်သက်တမ်းအတွင်းမှာတော့ သူ့အစိုးရလက်ထက်မှာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လာမယ့် နိုဝင်ဘာလကျရင် ရာထူးကနေ အနားယူပြီး သမ္မတသစ်လက်ထဲကို အာဏာလွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ကမ္ဘာမှာ စတုတ္ထလူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ မဲပေးတာတွေ ဒီနေ့ မနက် စတင်ပါတယ်။

မိုးရာသီးနဲ့ ဒူးရင်းသီး ( စားခြင်း အကျိုးကျေးဇူး )


အနံပြင်းတဲ့အထဲမှာ သူက ထိပ်ဆုံးကပါလို့ မကြိုက်သူအများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက် သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်း ချလျက် ရှိပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှာ အသုံးပြုနိုင်တော့မည့် အဆင့်မြင့်လက်တွေ့စမ်းသပ်ခန်း

 
Schneider Electric Laboratory "ရှီနိုက်ဒါ အလက်ထရစ် လပ်ဘော်ရက်ထရီ" ကုမ္ပဏီမြန်မာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်နည်းပညာတက္ကသိုလ်မှာ Schneider Electric Laboratory "ရှီနိုက်ဒါအလက်ထရစ် လပ်ဘော်ရက်ထရီ" လက်တွေ့စမ်းသပ်ခန်း ပစ္စည်းတွေကို ဇူလိုင်လ(၈)ရက်နေ့က အင်းစိန်မြို့နယ်၊အင်းစိန်လမ်းမပေါ်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ် မှာ လှူဒါန်းဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။