Saturday, 19 April 2014

သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဇုန်မှာ လည်ပတ်နေတဲ့ ကမ္ဘာနဲ့ အရွယ်တူ ဂြိုလ် တလုံးကို တွေ့ရှိတယ်လို့ ကြာသာပတေးနေ့မှာကြေညာ

Photo: သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဇုန်မှာ လည်ပတ်နေတဲ့ ကမ္ဘာနဲ့ အရွယ်တူ ဂြိုလ်တလုံးကို တွေ့ရှိတယ်လို့ ကြာသာပတေးနေ့မှာကြေညာပါတယ်။ 

ကက်ပလာ ၁၈၆ လို့ ခေါ်တဲ့ ကြယ်ဟာ နဂါငွေ့တန်းကြယ်စုကနေ အလင်းနှစ် ၅၀၀ အကွာအဝေးမှာ တည်ရှိပြီး ဂြိုလ်တည်ရှိနေတဲ့ ဇုန်ဟာ သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေရှိနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်၊ ကက်ပလာ ကြယ်ဟာ မိခင်ကြယ်ကြီးဆီက ရောင်ခြည်ဖြာထွက်တာကို သုံးပုံတပုံလောက် ရရှိနေပုံဟာ ကမ္ဘာဂြိုလ်က နေဆီက အလင်းရောင်ကို ရနေပုံမျိုးနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။  အဲဒီ ဂြိုလ်ပေါ်မှာ နေ့လယ်ခင်းအချိန်ဟာ ကမ္ဘာပေါ်မှာ နေမ၀င်ခင် တနာရီနဲ့ ဆင်တူတယ်လို့ နာဆာ အဖွဲ့က အာကာသ ဗေဒ ပညာရှင် သော်မက် ဘာကလေက ပြောပါတယ်။ 

“ဒီဂြိုလ်ဟာ ကမ္ဘာနဲ့ အမွှာလို မတူပေမယ့် ၀မ်းကွဲလို ဆင်တယ်” လို့ ဂိုလ်ကို တွေ့ရှိတဲ့ သိပ္ပံပညာရှင်အဖွဲ့က ဘာကလေက ပြောပါတယ်၊  နာဆာအဖွဲ့ဟာ ကက်ပလာ အာကာသ အဝေးကြည့်မှန်ပြောင်းကို ၂၀၀၉ ခုနှစ်မှာ တပ်ဆင်ပြီး ကြယ်ပေါင်း တသိန်းငါးသောင်းကို လေ့လာခဲ့ပါတယ်။ ကက်ပလာ ကြယ်ရဲ့ လေထုအနေအထားကိုတော့ သိပ္ပံပညာရှင်တွေ အတိအကျ မသိသေးပါဘူး။ 

နောက်ထပ် အာကာသ အဝေးကြည့်မှန်ပြောင်းတွေကို သုံးပြီး အဲဒီ ဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဓာတု ဓာတ်တွေ ရှိ၊ မရှိကို လေ့လာသွားဖို့ ရှိပါတယ်၊ အခုအထိ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကမှာ ဂြိုလ်ပေါင်း ၁၈၀၀ နီးပါးကို သိပ္ပံပညာရှင်တွေက တွေ့ရှိထားပြီ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဇုန်မှာ လည်ပတ်နေတဲ့ ကမ္ဘာနဲ့ အရွယ်တူ ဂြိုလ် တလုံးကို တွေ့ရှိတယ်လို့ ကြာသာပတေးနေ့မှာကြေညာပါတယ်။

ကက်ပလာ ၁၈၆ လို့ ခေါ်တဲ့ ကြယ်ဟာ နဂါငွေ့တန်းကြယ်စုကနေ အလင်းနှစ် ၅၀၀ အကွာအဝေးမှာ တည်ရှိပြီး ဂြိုလ်တည်ရှိနေတဲ့ ဇုန်ဟာ သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေရှိနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်၊ ကက်ပလာ ကြယ်ဟာ မိခင်ကြယ်ကြီးဆီက ရောင်ခြည်ဖြာထွက် တာကို သုံးပုံတပုံလောက် ရရှိနေပုံဟာ ကမ္ဘာဂြိုလ်က နေဆီက အလင်းရောင်ကို ရနေပုံမျိုးနဲ့

ရန်ကုန်အခြေခံပညာ အောင်စာရင်း အဋ္ဌမတန်းနှင့် နဝမတန်း ကျရှုံးသူ စံချိန်တင် များပြားဟုဆို

ပညာရေးဝန်ကြီးဌာန လက်အောက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဧပြီလ ၁၈ ရက်နေ့ ထုတ်ပြန်သည့် အောင်စာရင်း၌ အဋ္ဌမတန်းနှင့် နဝမတန်းအဆင့်၌ ကျရှုံးသူ သိသိသာသာ များပြားခဲ့ကြောင်း အခြေခံပညာ ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
သူငယ်တန်းမှ သတ္တမတန်း အဆင့်တွင် ကျရှုံးသူ အလွန်နည်းပါးသော်လည်း အဋ္ဌမတန်းနှင့် နဝမတန်း တို့တွင်မူ ယခင်နှစ်ထက် ကျရှုံးသူ များပြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စာမေးပွဲကျရှုံးသူ ဦးရေကိုမူ

သင်္ကြန်ကာလတွင် နိုင်ငံတစ်ဝန်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှုနှင့် ယာဉ်တိုက်မှု ၃၃၃ မှုအပါအ၀င် အမှုပေါင်း ၈၃၆ မှု ဖြစ်ပွားပြီး ၉၁ ဦး သေဆုံး

သင်္ကြန်ကာလတွင် နိုင်ငံတစ်ဝန်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှုနှင့် ယာဉ်တိုက်မှု ၃၃၃ မှုအပါအ၀င် အမှုပေါင်း ၈၃၆ မှု ဖြစ်ပွားပြီး ၉၁ ဦး သေဆုံး

သင်္ကြန်ကာလအတွင်း ပြည်တွင်း၌ လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက် မှု ၃၃၃ မှု အပါအ၀င် စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး ၀င်းစိန်က ဧပြီလ ၁၈ ရက် နံနက် ပိုင်းက ပြောကြားသည်။

နေပြည်တော် တိုင်းဒေသကြီးများအားလုံးတွင် ၂၀၁၄ ခုနှစ် မဟာသင်္ကြန်ကာလ လေးရက်အတွင်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက်မှု ၃၃၃ မှု၊ နာကျင်မှု ၁၅၀ မှု၊ ခိုးမှု(၆၁)၃ မှု၊ ခိုးမှု(ဆိုင်ကယ်) ၁ မှု၊ ခိုးမှု(ခါးပိုက်နှိက်) ၂ မှု၊ ခိုးမှု(ရိုးရိုး) ၁၂ မှု၊ ခိုးမှု(၆၈၂) ၅ မှု၊ သေမှုသေခင်း ၁၆ မှု နှင့် အခြားအမှု ၂၆၈ မှု စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ် အားလုံးမှာ သင်္ကြန် ကာလအတွင်း သင်္ကြန်နှင့် ဆက်စပ်ဖြစ်ပွားခဲ့သော မှုခင်းများနှင့် သင်္ကြန်နှင့်ဆက်စပ်မှု မရှိဘဲ ဖြစ်ပွားခဲ့သော မှုခင်းများဖြစ်သည်။

"သင်္ကြန်ကာလ အတွင်းမှာ သင်္ကြန်နဲ့ ဆက်စပ်ဖြစ်ပွားတဲ့ မှုခင်းဖြစ်စဉ်တွေကို ပြီးခဲ့တဲ့နှစ်ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမှုပေါင်းအရေအတွက်မှာ ၁၇ မှုနဲ့ ဒဏ်ရာရရှိ သူ အရေအတွက်မှာ ရှစ်ဦး ပိုပြီးဖြစ်ပွားခဲ့ တယ်။ သေဆုံးခဲ့တဲ့သူ အရေအတွက်မှာ တော့ ၁၇ ဦး လျော့နည်းခဲ့တယ်။ ရဲတပ်ဖွဲ့ အနေနဲ့ သင်္ကြန်ကာလမတိုင်ခင်မှာ မှုခင်းတွေလျော့နည်းဖို့နဲ့ လုံခြုံရေးအပိုင်းတွေကို စီမံချက်ချမှတ်ပြီးတော့ လိုတာထက် ပိုပြီး တော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ တယ်။ ဒါ့ကြောင့် တချို့ဖြစ်ပွားမှုနှုန်းတွေ လျော့ကျလာတာ တွေ့ရတယ်။ အမှုပေါင်း အရေအတွက်မှာတော့ ပိုပြီးဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းက မော်တော်ကားတွေ၊ ဆိုင် ကယ်တွေ သိသိသာသာ တိုးပွားလာလို့ ယာဉ်တိုက်မှုတွေ ယမန်နှစ်ကထက် တိုး လာတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီးဝင်းစိန်က ပြောကြားခဲ့သည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ဆက်စပ်ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များမှာ လူသတ်မှု  ၅ မှု၊  ၅ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ၊ မုဒိမ်းမှု ၃ မှု၊ ယာဉ်မတော်တဆမှု ၂၅ မှု(၄ ဦး သေဆုံး၊ ၈၈ ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၆၄ မှု(၁၀၂ ဦး ဒဏ်ရာရ)၊ ၀တ္တရားနှောင့်ယှက်မှု ၂ မှု (၂ ဦးဒဏ်ရာရ)၊ မူးယစ်ရမ်းကားမှု ၁၃ မှု၊ ကာယိအိနြေ္ဒဖျက် ဆီးမှု ၅ မှု၊  အခြားအမှု ၆ မှု၊ ခိုးမှု/ခါးပိုက်နှိုက်မှု ၅၂ မှု၊ သေမှုသေခင်း ၅ မှု(၆ ဦး သေဆုံး)၊ လက်နက်ကိုင်ဆောင်မှု (၁၄)မှု၊ စုစုပေါင်း ၁၉၄ မှု ဖြစ်ပွားခဲ့ပြီး ၁၅ ဦး သေဆုံး၍ ၁၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယရဲမှူးကြီးဝင်းစိန်က "ဥပမာ ရေကစားရင်းနဲ့ ရန်ဖြစ်တဲ့အမှု ဆိုရင်တော့ သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့မှုခင်း ဖြစ်စဉ်တွေထဲမှာ ပါဝင်တယ်။ ဒါပေမဲ့ သင်္ကြန်ကာလ အတွင်းမှာပဲ နေအိမ်ထဲမှာ စကားများရန်ဖြစ် ခဲ့တယ်ဆိုရင် တော့ ဒီဖြစ်စဉ်က သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်စဉ်တွေထဲမှာ မပါဝင်ပါဘူး။ သင်္ကြန်နဲ့ ဆက်စပ်ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေကိုပဲ သင်္ကြန်ကာလမှုခင်း ဖြစ်စဉ်တွေအဖြစ် ထုတ်ပြန်ခဲ့တာဖြစ်တယ်" ဟု ဆိုသည်။

၂၀၁၃ ခုနှစ် မဟာသင်္ကြန်ကာလတွင် စုစုပေါင်းအမှု ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦး သေဆုံး၍ ၁၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။

(၂၀၁၄ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့တွင် ကမ္ဘာအေးဘုရားလမ်း၌ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့များအား တွေ့ရစဉ်(ဓာတ်ပုံ-တိုးဝေဖြိုး))
သင်္ကြန်ကာလအတွင်း ပြည်တွင်း၌ လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက် မှု ၃၃၃ မှု အပါအ၀င် စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး ၀င်းစိန်က ဧပြီလ ၁၈ ရက် နံနက် ပိုင်းက ပြောကြားသည်။
နေပြည်တော် တိုင်းဒေသကြီးများအားလုံးတွင် ၂၀၁၄ ခုနှစ် မဟာသင်္ကြန်ကာလ လေးရက်အတွင်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက်မှု ၃၃၃ မှု၊ နာကျင်မှု ၁၅၀ မှု၊ ခိုးမှု(၆၁)၃ မှု၊ ခိုးမှု(ဆိုင်ကယ်) ၁ မှု၊ ခိုးမှု(ခါးပိုက်နှိက်) ၂ မှု၊ ခိုးမှု(ရိုးရိုး) ၁၂ မှု၊ ခိုးမှု(၆၈၂) ၅ မှု၊ သေမှုသေခင်း ၁၆ မှု နှင့် အခြားအမှု ၂၆၈ မှု

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၂၂ ကြိမ် ဖြစ်ပွားပြီး သေဆုံးသူ ၁၆ ဦး နှင့် ဒဏ်ရာရသူ ၄၃ ဦးရှိခဲ့

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၂၂ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရသူ ၄၃ ဦး ရှိခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ပိုမိုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေ၀င်းက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။
"ဧပြီ ၁၂ ရက်က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုကတော့ အမြန်လမ်းတစ်လျှောက် သေဆုံးမှု စံချိန်တင်ခဲ့တယ်လို့ ပြောလို့ရတယ်။ သေဆုံးမှုကလည်း ၁၃ ယောက်ဆိုတော့ အများဆုံးဖြစ်သွားတယ်။ အမှန်ကတော့ ဆလွန်းကားလေးကပျက်လို့ ရှေ့ကကားက ကြိုးနဲ့ဆွဲပြီး သွားနေတာ။ ဒါကိုတောင်ပြာတန်း ခရီးသည်တင်ယာဉ်က ၀င်တိုက်ခဲ့တာ။ ယာဉ်မောင်းတွေကို ဖမ်းမိဖို့ ကြိုးစားနေပါတယ်" ဟု

ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေပြီး ဧပြီ ၁၈ ရက်က တိုက်ပွဲအချို့ ဖြစ်ပွား

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ဧပြီ ၁၈ ရက်တွင်လည်း တိုက်ပွဲအချို့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

"ဒီနေ့မနက်ပိုင်းမှာလည်း မိုးမောက်ဘက်မှာ ဖြစ်တယ်လို့ ကြားထားတယ်။ အတိအကျတော့ မသိရသေးဘူး" ဟု မြစ်ကြီးနားမြို့ရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဦးဒေါင်ခါးက ဧပြီ ၁၈ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

"ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ မိုးမောက်-လွယ်ဂျယ် အများသုံးလမ်းမှာ သူတို့ဘက်က ဗုံးခွဲတိုက်ခိုက်တာ တွေရှိတယ်။ အဲဒါတွေကို လိုက်ရှင်းရင်း ဖြစ်နေတာပါ" ဟု မြောက်ပိုင်းတိုင်း

ရိုဟင်ဂျာလူမျိုးဟု မထည့်၍ သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ဘင်္ဂါလီအချို့ လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် လာရောက်အကောက်ခံမှုများ ရှိနေ

  Photo: ရိုဟင်ဂျာလူမျိုးဟု မထည့်၍ သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ဘင်္ဂါလီအချို့ လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် လာရောက်အကောက်ခံမှုများ ရှိနေ 
Saturday,April 19, 2014

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသည့် ကာလအတွင်း ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများထဲမှ အချို့က လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် သန်းခေါင်စာရင်း လာရောက်အကောက်ခံမှုများ ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

တရားဝင်သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်းကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုး အများစုက ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံမှုများ ရှိခဲ့သည်။ လက်ရှိတွင် တရားဝင်သန်းခေါင်စာရင်း ကောက်ကာလ ပြီးဆုံးပြီဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာ ကြန့်ကြာမှု (Technical Delay) အတွက် အချိန်ရှစ်ပတ်ထပ်တိုး ကောက်ခံပေးနေပြီး ယင်းကာလတွင် ယခင်အကောက်မခံသည့် မိသားစုအချို့က သတ်မှတ်ချက်နှင့်အညီ လာရောက်အကောက်ခံ နေခြင်းဖြစ်ကြောင်း သိရသည်။

"ရခိုင်ဘက်မှာတော့ တချို့အိမ်ထောင်စုတွေက ညဘက်ညဘက်မှာ ဆက်သွယ်ပြီးတော့ လာအကောက်ခံတဲ့ အိမ်ထောင်စုတွေ တဖွဲဖွဲနဲ့ ရှိနေတယ်ဗျ။ သက်ဆိုင်ရာ ကွပ်ကဲမှုရုံးတွေကို မိသားစုလိုက် ထွက်လာပြီး ဆက်သွယ်အကောက်ခံနေတဲ့ အဖွဲ့တွေရှိတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။

ထို့ပြင် ယင်းကဲ့သို့ မိသားစုလိုက် လာရောက်အကောက်ခံ ခြင်းမျိုးအပြင် အင်နှင့်အားနှင့် လာရောက် အကောက်ခံရေးအတွက် ရန်ကုန်မြို့ရှိ ဘင်္ဂါလီခေါင်းဆောင်များနှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီခေါင်းဆောင်များ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဦးမြင့်ကြိုင်က "နောက်တစ်ခုက ရခိုင်မှာက သူတို့အင်နဲ့အားနဲ့ အကောက်ခံဖို့ပေါ့။ သူတို့ လူကြီးပိုင်းတွေနဲ့။ လူကြီးပိုင်းဆိုတာက ရန်ကုန်မြို့က ဘင်္ဂါလီခေါင်းဆောင်တွေနဲ့ ရခိုင်က ဘင်္ဂါလီခေါင်းဆောင်တွေလည်း သူတို့အဖွဲ့တွေနဲ့ ဆွေးနွေးနေကြတာ တွေရှိတယ်။ သူတို့က တကယ်လို့ အကောက်မခံတော့ဘူးဆိုရင် သူတို့စာရင်းက လုံးဝကျန်တော့မှာ။ အဲဒီတော့ သူတို့က ပြန်ညှိပြီးတော့ အမြန်ဆုံးအကောက်ခံဖို့ အကြောင်းပြန်ပါ့မယ်လို့တော့ ဆက်သွယ်တာတွေ ရှိနေပြီဗျ။ ရှစ်ပတ်အချိန်ပေးထားတယ် ဆိုတာလည်း သူတို့ကို အသိပေးထားတယ်။ ကျန်ခဲ့ရင် သူတို့အတွက် ဘယ်လောက်နစ်နာမယ် ဆိုတာလည်း သူတို့သိတယ်" ဟု ပြောကြားသည်။

ယင်းကဲ့သို့ ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံသည့် သူများမှာ ရခိုင်ပြည်နယ်အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားဒေသများ၌ပါရှိခဲ့ပြီး ရန်ကုန်မြို့မှ အကောက်မခံသည့် သူအများစုမှာမူ တရားဝင်သန်းခေါင်စာရင်းကောက် ကာလမပြီးဆုံးမီ ဘင်္ဂါလီလူမျိုးအဖြစ် ပြန်လည်အကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

၎င်းနှင့် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားတို့ ၂၀၁၂ ခုနှစ်  ဧပြီ ၃၀ ရက်တွင် လက်မှတ်ထိုးစဉ်က ရိုဟင်ဂျာကိစ္စမှာ မရှိသေးကြောင်း၊ ၁၉၃၁ ခုနှစ်၊ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်များတွင် သန်းခေါင်စာရင်း ကောက်ယူစဉ်ကလည်း ဘင်္ဂါလီဟုသာ ထွက်ဆိုထားပြီး နိုင်ငံတော် ပြန်တမ်းများလည်း ရှိကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ဒုတိယအကြိမ် ပြဿနာဖြစ်သည့် အကြိမ်ကျမှသာ အစပိုင်းတွင် ဘင်္ဂါလီဟုပြောပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာဟု ပြောဆိုခြင်းဖြစ်ကြောင်း၊ လက်ရှိတိုင်းရင်းသား လူမျိုးစာရင်းတွင်လည်း ရိုဟင်ဂျာဟူ၍ မပါရှိဘဲ ယင်းကဲ့သို့ ထည့်သွင်းပါက ပြဿနာ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်သည့်အတွက် အမျိုးသားအကျိုးစီးပွားအတွက် ၎င်းတို့ကို ထည့်သွင်း မကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

ထို့ပြင် ရိုဟင်ဂျာဟု ပြောဆိုနေကြသူ အားလုံးမှာလည်း ရိုဟင်ဂျာဖြစ်ချင်သူများ မဟုတ်ကြကြောင်းနှင့်  ၎င်းင်းတို့တွင်လည်း ဖိ အားပေး ခြိမ်းခြောက်ခံရမှုများရှိနေကြောင်း လည်း ၀န်ကြီးဦးခင်ရီက ပြောကြားထားသည်။

ရိုဟင်ဂျာဟု ပြောဆိုခြင်းမှလွဲ၍ နည်းပညာ ကြန့်ကြာမှုကြောင့် ဆက်လက်စောင့်ပေးမည့် အချိန်ရှစ်ပတ်အတွင်း အချိန်မရွေး ပြန်လည်ကောက်ခံ ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောကြားထားသည်။ 

Eleven
ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသည့် ကာလအတွင်း ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများထဲမှ အချို့က လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် သန်းခေါင်စာရင်း လာရောက် အကောက်ခံမှုများ ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

တရားဝင်သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်းကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုး အများစုက ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံမှုများ ရှိခဲ့သည်။ လက်ရှိတွင် တရားဝင်သန်းခေါင်စာရင်း ကောက်ကာလ

ဂွတ်ဒီဆင်ပါ့ခ်တွင် မိုယက်စ်ကို လေးစားမှုအပြည့် ယှဉ်ပြိုင်မည်ဟု မာတီနက်ဇ်ပြောကြား

ဂွတ်ဒီဆင်ပါ့ခ်တွင် မိုယက်စ်ကို လေးစားမှုအပြည့် ယှဉ်ပြိုင်မည်ဟု မာတီနက်ဇ်ပြောကြား
=====

ဂွတ်ဒီဆင်ပါ့ခ်သို့ ပထမဆုံးအကြိမ် ပြန်လာသော ဒေးဗစ်မိုယက်စ်ကို လေးစားမှု အပြည့်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်သည်။

မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က အဲဗာတန်မှ မန်ချက်စတာ ယူနိုက်တက်သို့ ကူးပြောင်းကိုင်တွယ်ခဲ့ပြီး ၎င်းနေရာကို မာတီနက်ဇ်က ဆက်ခံခဲ့သည်။ လက်ရှိ အနေအထားတွင် မိုယက်စ်နှင့်အတူ ယူနိုက်တက်မှာ ရုန်းကန်ဖြတ်သန်းနေရပြီး အဲဗာတန်ကမူ ယူနိုက်တက်အထက်တွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပင် မျှော်လင့်နေပြီ ဖြစ်သည်။ ပထမအကျော့က ယူနိုက်တက်၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ရင်ဆိုင်စဉ်ကလည်း အဲဗာတန်ကပင် (၁-၀)ဖြင့် အနိုင်ရရှိထားသေးသည်။

မာတီနက်ဇ်က ယခုရာသီ ယူနိုက်တက်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့လုံး အနိုင်ယူနိုင်ရန် မျှော်လင့်မိကြောင်း ဆိုသည်။ “ယူနိုက်တက်ကို နှစ်ကျော့စလုံး နိုင်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့လေ။ ပြီးတော့ ဒီပွဲဟာ မိုယက်စ်ရဲ့ အပြန်ခရီးလည်း ဖြစ်နေတယ်”ဟု စပိန်သား မန်နေဂျာက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ကျွန်တော်တို့ အသင်းဟာ ပုံစံတစ်ခုကို အပြည့်အဝ တည်ဆောက် ဖြည့်သွင်းထားနိုင်ခဲ့ပါပြီ။ ထူးခြားတဲ့ ဘောလုံးအသင်း တစ်ခုအနေနဲ့လည်း ရပ်တည်နေတယ်လေ။ မိုယက်စ်ကို သူဒီမှာ စွမ်းဆောင်ပေးခဲ့သမျှ အရာတွေအတွက် ကျွန်တော်တို့ လေးစားမှု ထားရှိနေမှာပါ”ဟုလည်း ပြောဆိုခဲ့သည်။

၎င်းက အဲဗာတန် ပရိသတ်များ အနေဖြင့်လည်း အသင်းမန်နေဂျာဟောင်းကို အလေးအစား အချစ်အခင်မပျက် ရှိနေမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ “သူတို့ ဒီလိုကြိုဆိုပါလိမ့်မယ်။ ကျွန်တော် သေချာပေါက် ပြောရဲတယ်။ အဲဗာတန်မှာ သူလုပ်ဆောင်ခဲ့တာတွေဟာ ဒီအတွက်တော့ ထိုက်တန်ပါတယ်။ သူလုပ်ပြခဲ့တာတွေက ခမ်းနားလွန်းတယ်လေ။ သူဟာ ခုချိန်မှာ ယူနိုက်တက်ရဲ့ မန်နေဂျာ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်ပါတယ်။ ဒါပေမဲ့ အဲဗာတန်ရဲ့ မန်နေဂျာဟောင်းလည်း ဖြစ်ပြန်တယ်လေ။ အဲဗာတန်သား အားလုံးက သူလုပ်ပေးခဲ့သမျှ အရာတိုင်းကို အမှတ်ရနေမှာပါ”ဟုလည်း မာတီနက်ဇ်က သုံးသပ်သွားခဲ့သည်။ 

Ref: Sky Sports ဂွတ်ဒီဆင်ပါ့ခ်သို့ ပထမဆုံးအကြိမ် ပြန်လာသော ဒေးဗစ်မိုယက်စ်ကို လေးစားမှု အပြည့်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်သည်။
မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က အဲဗာတန်မှ မန်ချက်စတာ ယူနိုက်တက်သို့ ကူးပြောင်းကိုင်တွယ်ခဲ့ပြီး ၎င်းနေရာကို မာတီနက်ဇ်က ဆက်ခံခဲ့သည်။ လက်ရှိ အနေအထားတွင် မိုယက်စ်နှင့်အတူ ယူနိုက်တက်မှာ ရုန်းကန်ဖြတ်သန်းနေရပြီး အဲဗာတန်ကမူ ယူနိုက်တက်အထက်တွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပင် မျှော်လင့်နေပြီ ဖြစ်သည်။ ပထမအကျော့က ယူနိုက်တက်၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ရင်ဆိုင်စဉ်ကလည်း အဲဗာတန်ကပင် (၁-၀)ဖြင့် အနိုင်ရရှိထားသေးသည်။

ရာသီသိမ်း ကာလတွင် အသင်းတိုင်း ခြေချော်လက်ချော် ဖြစ်နိုင်ဆဲဟု ပယ်လီဂရီနီသုံးသပ်

ရာသီသိမ်း ကာလတွင် အသင်းတိုင်း ခြေချော်လက်ချော် ဖြစ်နိုင်ဆဲဟု ပယ်လီဂရီနီသုံးသပ်
=====

ပရီးမီးယားလိဂ် ရာသီသိမ်း ကာလတွင် ခြေချော်လက်ချော် အပြောင်းအလဲများကို မိမိ မျှော်လင့်ထားဆဲဟု မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

မန်စီးတီးသည် လီဗာပူးလ်ကို အရေးနိမ့်ပြီး ဆန်းဒါးလန်းနှင့်ပွဲတွင် ဆက်တိုက် သရေကျခဲ့သည့်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုသည် လီဗာပူးလ်အတွက် အလားအလာ အကောင်းဆုံး ဖြစ်လာခဲ့သည်။ လက်ရှိတွင် မန်စီးတီးသည် လီဗာပူးလ်ထက် တစ်ပွဲလျော့ ကစားပြီး (၆)မှတ်လျော့ အနေအထားဖြင့် ရပ်တည်လျှက်ရှိသည်။ ချန်ပီယံဆုကို ၎င်းတို့နှစ်သင်းအပြင် ချယ်လ်ဆီးကလည်း စိန်ခေါ်နေရာ အန်းဖီးလ်တွင် လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ ရင်ဆိုင်မည့် ပွဲစဉ်ကလည်း အရေးပါလျှက်ရှိသည်။

ချီလီသား မန်နေဂျာကြီးကမူ ရာသီသိမ်း ကာလများတွင် အသင်းကြီးများ ခြေချော်တတ်လေ့ရှိရာ ယင်းအခြေအနေမျိုး ဖြစ်လာနိုင်ဆဲဟု ယုံကြည်နေသည်။ “ဆန်းဒါးလန်းကို သရေကျခဲ့တာ တကယ့်ကို စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့က ပွဲတိုင်း အနိုင်ရချင်နေတာ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ပွဲမစခင် ကတည်းက ကျွန်တော် ပြောဖူးပါတယ်။ တန်းဆင်းဇုန်နားက အသင်းတွေကို ရင်ဆိုင်ရတာ အင်မတန် ခက်ခဲပါတယ်။ သူတို့ဟာ ပွဲအပေါ် (၁၀၀)ရာခိုင်နှုန်း နှစ်မြှုပ်ကစားလေ့ ရှိတယ်လေ။ ဆန်းဒါးလန်းက အဲဒီနေ့တုန်းက သိပ်ကောင်းပါတယ်”ဟု ပယ်လီဂရီနီက မှတ်ချက်ပြုခဲ့သည်။

၎င်းက “ကျွန်တော် အသေအချာ ယုံကြည်ထားတာက အသင်းတိုင်း အမှတ်လျော့နိုင်ဆဲ ဆိုတာပါပဲ။ လီဗာပူးလ်၊ ချယ်လ်ဆီးတို့ဟာ နောက်ဆုံးပွဲစဉ်မှာတောင် အမှတ်ဆုံးရှုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့က (၁၅)မှတ် လက်ကျန်အားလုံး အရယူနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရနိုင်သမျှ အမှတ်အားလုံး စုဆောင်းယူဖို့ ကြိုးစားရလိမ့်မယ်။ ရာသီသိမ်းချိန်မှာမှ ဘယ်အသင်း ဖလားရမယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နိုင်မှာပါ။ ကျွန်တော်တို့ ရာသီသစ်အတွက် ပြင်ဆင်နေပါပြီ။ ဒါပေမဲ့ ဒီရာသီကို ဘယ်လိုအပြီးသတ်မလဲ ဆိုတာကို အရင်လုပ်ဆောင်ရလိမ့်မယ်။ ရာသီကို အကောင်းဆုံး သိမ်းနိုင်ဖို့ဆိုတာ ကစားသမားတွေရော၊ မန်နေဂျာရဲ့ ခေါင်းထဲမှာပါ ရှိနေရမယ့် အရာတစ်ခုပါပဲ”ဟုလည်း ပြောဆိုသွားခဲ့သည်။ 

Ref: Sky Sports
ပရီးမီးယားလိဂ် ရာသီသိမ်း ကာလတွင် ခြေချော်လက်ချော် အပြောင်းအလဲများကို မိမိ မျှော်လင့်ထားဆဲဟု မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။
မန်စီးတီးသည် လီဗာပူးလ်ကို အရေးနိမ့်ပြီး ဆန်းဒါးလန်းနှင့်ပွဲတွင် ဆက်တိုက် သရေကျခဲ့သည့်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုသည် လီဗာပူးလ်အတွက် အလားအလာ အကောင်းဆုံး ဖြစ်လာခဲ့သည်။ လက်ရှိတွင် မန်စီးတီးသည် လီဗာပူးလ်ထက် တစ်ပွဲလျော့ ကစားပြီး (၆)မှတ်လျော့ အနေအထားဖြင့် ရပ်တည်လျှက်ရှိသည်။ ချန်ပီယံဆုကို ၎င်းတို့နှစ်သင်းအပြင် ချယ်လ်ဆီးကလည်း စိန်ခေါ်နေရာ

ကျောင်းသား ၃၀၀ ကို ပညာသင်ကြားပေးနိုင်ခဲ့တဲ့ ဆိုက်ကားသမား

ကျောင်းသား ၃၀၀ ကို ပညာသင်ကြားပေးနိုင်ခဲ့တဲ့ ဆိုက်ကားသမား

လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကားသမား တစ်ယောက် ရှိပါတယ်။ အဲဒီခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါတယ်။ သူဟာ အသက်ကြီးသောကြောင့် အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ လုပ်လုပ်နေသော ကျောင်းနေ အရွယ် ကလေးတွေကို မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ်ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါတယ်။ ဒါကြောင့် ထိုကလေးတွေကို ကျောင်းထားပေးဖို့ သူစိတ်ကူး လိုက်တယ်။

ထို့ကြောင့် ဘေဖန်လီဟာ သူ၏ ဆိုက်ကားနှင်းတဲ့ အလုပ်ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခပေးရမှာ စိုးသောကြောင် သူဟာ ဘူတာရုံမှာ နေပါတယ်။ အဝတ်အစားဆိုလျှင်လည်း ဝယ်ပြီးမဝတ်ပါဘူး။ လမ်းဘေးမှာ သူများတွေ ပစ်ထားသော အဝတ်အစားတွေကိုပဲ ဝတ်ပါတယ်။ အစားအသောက်ဆိုလျှင်လည်း ချို့ချို့တည့်တည့် စားပြီး ပိုက်ဆံကို စုဆောင်းခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက်မှာ သူ၏ အသက်ဟာ ၉၀ ရှိပါပြီ။ တရုတ်နိုင်ငံမှ တန်ဂျင်ရိုဟ ဆိုတဲ့ အလယ်တန်းကျောင်းကို သွားခဲ့ပါတယ်။ ထို့နောက် သူဟာ အခုလိုပြောပါတယ်။

 " ကျွန်တော် အလုပ်မလုပ်နိုင် တော့ပါဘူး၊ ဒီပိုက်ဆံဟာ ကျွန်တော်၏ နောက်ဆုံးထောပ်ပံ့ငွေပါ။ " ထိုအချိန်မှာ အဲဒီကျောင်းမှ ဆရာမနှင့် ကျောင်းသားတွေဟာ မျက်ရည်တွေ ကျခဲ့ကြပါတယ်။

ဘေလီဖန်ဟာ ၃၅၀၀၀၀ ယွမ်ကို ဆင်းရဲသော ကျောင်းသားများအတွက် လှူဒါန်းလိုက် ပါတယ်။ ၎င်းဟာ ၂၀၀၅ ခုနှစ်မှာ လူ့လောကကြီးကို ကျောခိုင်းထွက်ခွာ သွားခဲ့ပါတယ်။

အချုပ်အားဖြင့် ဆိုရလျှင် လေလီဖန်ဟာ အလွန်ဆင်းရဲသော လူ့အသိုင်းအဝိုင်း မှာ ပေါက်ဖွားကြီးပြင်း လာခဲ့တယ်။ သူဟာ ဆိုက်ကားနှင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တယ်။ သူဟာ ပညာမတတ်ပါဘူး။
သို့သော်လည်းပဲ သူဟာ ကျောင်းသား ၃၀၀ ကို ပညာတတ်အောင် သင်ကြားပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဘေလီဖန်ဟာ ဂုဏ်ယူ လေးစားထိုက်တဲ့ လူတစ်ယောက် ဆိုလည်း မမှားပါဘူး။ လောကမှာ ဖြစ်ချင်တဲ့စိတ်၊ လုပ်ချင်တဲ့စိတ် တစ်ခုတည်းသာ ရှိပါစေ အရာအားလုံး၊ အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မှာ အလွဲဧကန်ပါ။

တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်ဆိုလျှင် မိမိတစ်ယောက်တည်း အောင်မြင်နေရုံဖြင့် မလုံလောက်ပါဘူး။ မိမိပတ်ဝန်းကျင် မိမိအသိုင်းကိုပါ ပြုပြင်ပြောင်းလဲ ပေးနိုင်ရ လိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး) လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကားသမား တစ်ယောက် ရှိပါတယ်။ အဲဒီခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါတယ်။ သူဟာ အသက်ကြီးသောကြောင့် အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ် လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ လုပ်လုပ်နေသော ကျောင်းနေ အရွယ် ကလေးတွေကို မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ်ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါတယ်။ ဒါကြောင့် ထိုကလေးတွေကို ကျောင်းထားပေးဖို့ သူစိတ်ကူး လိုက်တယ်။
ထို့ကြောင့် ဘေဖန်လီဟာ သူ၏ ဆိုက်ကားနှင်းတဲ့ အလုပ်ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခပေးရမှာ

ယခုရက်ပိုင်းအတွင်း မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပွား၊ နှစ်ဆန်း ၁ ရက်က အင်းလေးဒေသတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၇ လုံး ပျက်စီး

သင်္ကြန်ကာလအတွင်း မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဆန်း ၁ ရက်နေ့၌ အင်းလေးဒေသအတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၇ လုံး ထိခိုက် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီ ၁၂ မှ ၁၇ ရက်အတွင်း လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးရွာသွန်းမှုဖြစ်ပွားခဲ့သော နေရာများမှာ ၁၂ ရက်တွင် တောင်ကြီးမြို့၌ မိုးသီးကြွေကာ မိုးရွာသွန်းခဲ့ခြင်း၊ ၁၄ ရက်၌ ကရင်ပြည်နယ် ဘားအံမြို့တွင် လေပြင်းတိုက်ခတ်ကာ လျှပ်စီးလက်ခြင်း၊ ၁၅ ရက်တွင်

Friday, 18 April 2014

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ရဲ့ သက်ရောက်မှု

Photo: ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ရဲ့ သက်ရောက်မှု
Friday, April 18, 2014

 ဂျာမနီ နဲ့ ပြင်သစ် ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ခေါင်းဆောင်ပိုင်း တွေ က လိုက်လှဲစွာ ကြိုဆိုခဲ့ကြတဲ့အပြင် နိုင်ငံတခုရဲ့ အကြီးအကဲ တယောက် သဖွယ် အလေးထား နေရာပေးခဲ့ကြပါတယ်။

သူ့ရဲ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို စနေပြီလို့ မပြောနိုင်သေးကြောင်းနဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပေမယ့် နိုင်ငံတကာ အနေနဲ့ လိုက်ပါဆောင်ရွက် ဖိအားပေးနိုင်မယ့် အခြေအနေ ရှိပါရဲ့လား။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က အနောက်နိုင်ငံတွေ အနေနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကို အားပေးတဲ့အနေနဲ့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုတင်မက မြန်မာအစိုးရ နဲ့ စစ်တပ် ခေါင်းဆောင်ပိုင်း တွေ ဘက်ကိုလည်း သူတို့ရဲ့ ထောက်ခံမှုတွေ ကို ဖြန့်ထားတယ် လို့ ဆိုပါတယ်၊ ဒါ့ကြောင့်မို့ ဖွဲ့စည်းပုံဥပဒေ ပြင်ရေး မှာ အစိုးရနဲ့ စစ်တပ် က ပူးပေါင်းပါဝင်လာအောင် နိုင်ငံတကာ က ဖိအားပေးတာမျိုး ဖြစ်မလာ နိုင်ဘူး လို့ သူက သုံးသပ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအင်အားစု တွေ အတွင်းမှာလည်း ညီညွတ်တဲ့ အင်အားစု မျိုး မရှိတဲ့အချက် နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်တိုင်က ဒီမိုကရေစီ အင်အားစုအားလုံးကို မစုစည်းထားနိုင်တာ၊ တိုင်းရင်းသား အင်အားစုတွေ နဲ့လည်း ဆက်ဆံရေး အေးနေတာ စတဲ့ အကြောင်းတွေကလည်း နိုင်ငံတကာ က ကူညီဖို့လျော့ကျလာစေတဲ့ အကြောင်းတွေလို့ မြင်တဲ့အကြောင်း ဒေါက်တာရန်မျိုးသိမ်း က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဂျာမနီ နဲ့ ပြင်သစ် ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ခေါင်းဆောင်ပိုင်း တွေ က လိုက်လှဲစွာ ကြိုဆိုခဲ့ကြတဲ့အပြင် နိုင်ငံတခုရဲ့ အကြီးအကဲ တယောက် သဖွယ် အလေးထား နေရာပေးခဲ့ကြပါတယ်။

သူ့ရဲ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို စနေပြီလို့ မပြောနိုင်သေးကြောင်းနဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပေမယ့် နိုင်ငံတကာ အနေနဲ့ လိုက်ပါဆောင်ရွက် ဖိအားပေးနိုင်မယ့် အခြေအနေ ရှိပါရဲ့လား။

ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်သင့်ပြီလား


ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်သင့်ပြီလား

ဧပြီလ ၁၇ ရက် ၂၀၁၄ ခုနှစ်

Myanmar Peace Center မှာ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA ကလွဲလို့  တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ဆက်လက်ပူးပေါင်းပါဝင်ပြီး နောက်ဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရှေးဆက်ကြဖို့ အသင့်ရှိနေပြီဆိုတာ ကြားရလို့ ကျွန်တော်တို့ တိုင်းရင်းသား နယ်မြေအားလုံးမှာ ငြိမ်းချမ်းတော့မှာပါလားဆိုပြီး ၀မ်းသာမဆုံးဖြစ်ရပေမဲ့ ကိုယ်နေထိုင်တဲ့ ကချင်ပြည်နယ်အတွက်ကတော့ KIA အဖွဲ့ရဲ့  ငြိမ်းချမ်းရေးရယူလိုစိတ် မရှိမှုကြောင့် မျော်လင့်ချက် အလမ်းဝေးနေဆဲပါပဲ။
 ပြီးခဲ့တဲ့ များမကြာမီလများမှ ပြုလုပ်ခဲ့တဲ့ လိုင်ဇာကွန့်ဖရင့်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့(NCCT)နဲ့ နှစ်ဖက်တိုက်ပွဲများ စောင့်ကြည့်ရေးအဖွဲ့ Technical Teams တွေ ဖွဲ့စည်း လိုက်တော့ KIA အဖွဲ့ကတော့ ငြိမ်းချမ်းရေးလုပ်တော့မှာပါလားဆိုပြီး ကချင်ပြည်နယ်က လူထုအားလုံးက ၀မ်းပန်းတစ်သာ ဖြစ်ခဲ့ကြရပါတယ်။ မြစ်ကြီးနားမှာ လုပ်ခဲ့တဲ့ အစိုးရနဲ့ KIA ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တုန်း ကဆိုရင် ငြိမ်းချမ်းရေး ရစေချင်လွန်းလို့ ဆွေးနွေးပွဲလာတဲ့ KIA အဖွဲ့ကို လမ်းခရီးတစ်လျောက်မှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြပါသေးတယ်။

ငြိမ်းချမ်းရေး ရနိုးရနိုးနဲ့ တိုက်ပွဲ ဖြစ်နတဲ့ စစ်ဘေးရှောင် ဒုက္ခ အမျိုးမျိုးတွေကြားထဲကနေ ကချင်း ပြည်နယ် လူထုက အမျှော်လင့်ကြီး မျှော်လင့်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လေး ငါး လလောက်ကစပြီး ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တာတွေ လျော့သွားလို့ ကိုယ့်နေရပ်ကို ပြန်ပြီး နဂိုအတိုင်း အေးအေးဆေး  ဆေး လုပ်ကိုင် စားသောက်မယ်လို့ ကြံတုန်း အခုတစ်ခါ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ စစ်ဘေးရှောင်ဖို့ နေရပ်စွန့်ခွါပြေးကြရပြန်ပါပြီ၊ တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေကြတာပါဘဲ၊ သူတို့နယ်မြေတွေမှာ အေးချမ်းနေပြီး ကျွန်တော်တို့ နယ်မြေမှာကျမှ မအေးချမ်း တာဟာ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လိုးလားစိတ် မရှိတာကြောင့် ဖြစ်တယ်ဆိုတာ အထူးပြောစရာ မလို တော့ပါဘူး။
 အခုဆိုရင် အစိုးရတပ်တွေနဲ့ KIA တို့ တိုက်ပွဲဖြစ်လာတာ ၃ နှစ် ပြည့်လုနီးပါကြာခဲ့ပါပြီ၊ ဒီကြား ထဲမှာ အစိုးရနဲ့ KIA အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလဲ အကြိမ်ကြိမ်လုပ်ခဲ့ကြပါတယ်။ ဆွေးနွေး မှုလုပ်တိုင်း လည်း ငြိမ်းချမ်းရေးလုပ်နိုင်ပါစေ၊ ငြိမ်းချမ်းရေး ရပါစေလို့ အဓိက ဒုက္ခခံစားနေရတဲ့ ကချင် လူထုက ဆုတောင်းပွဲတွေပြုလုပ်ပြီး အဖြေကို အမြဲနားစွင့်နေခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွေသာ ပြီးသွား ပါတယ်၊ ကျွန်တော်တို့ မျော်လင့်နေတဲ့ ငြိမ်းချမ်းရေး ဆိုတဲ့အဖြေက အခုချိန်ထိ ထွက်မလာခဲ့ပါဘူး။

မြန်မာပြည်အရပ်ရပ်က ညီအစ်ကို မောင်နှမ အားလုံကလည်း ကျွန်တော်တို့ ပြည်နယ် အေးချမ်း ပါစေဆိုတဲ့ ဆန္ဒနဲ့ ကူညီထောက်ပေးတာတွေ၊  ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဂီတပွဲ၊ ဆုတောင်းပွဲ တွေ အားသက်တရော လုပ်ပေးခဲ့ကြပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ကချင်ပြည်နယ်နေ တိုင်းရင်းသား မောင်နှမများ အားလုံးက အထူးကျေးဇူးတင် ပါတယ်ဆိုတာကို ကျွန်တော်ဒီနေရာကနေ ပြောချင်ပါတယ်။

သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ KIA အဖွဲ့ဟာ ကျွန်တော်တို့ ကချင်ပြည်နယ်နေ လူထုရဲ့  စိတ်ဆန္ဒကို မျက်ကွက်ပြုပြီး နယ်စပ်တစ်လျောက်မှာမှောင်ခိုလုပ်ငန်း လုပ်ကိုင်ပြီး ၊ အသိပညာ မကြွယ် ၀သေးတဲ့ ကချင်ပြည်နယ်နေလူထုကို ကချင်ဝမ်ပေါင်နိုင်ငံတော်ထူထောင်ရေး ဆိုတဲ့ စကားလုံးနဲ့ စည်းရုံး သိမ်းသွင်းထားတဲ့  လက်နက်ကိုင် အာဏာတည်မြဲရေး၊ KIA အဖွဲ့ကောင်းစားရေးကို ရှေ့ ရှု လုပ်ကိုင် နေတဲ့ အဖွဲ့ပဲ ဖြစ်တယ်ဆိုတာ  ဒီကနေ့မှာ ကျွန်တော်တို့ နားလည်ခဲ့ကြပါပြီ။ ငြိမ်းချမ်းရေးလိုလားနေတဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်နေ လူထုရဲ့ ဆန္ဒကို ဒီအတိုင်းမျက်ကွယ်ပြုထားပြီ ဒီပုံစံအတိုင် အကြမ်း ဖက်တဲ့ လုပ်ငန်းတွေနဲ့ တိုက်ပွဲတွေကိုပဲ ဆက်လက်ပုံဖော်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးလိုချင်တဲ့ ကချင်ပြည်နယ်လူထုက ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်သင့်ပါပြီ.....

မောင်ရေချမ်း ( မြစ်ကြီးနား)
Myanmar Peace Center မှာ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA ကလွဲလို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ဆက်လက်ပူးပေါင်းပါဝင်ပြီး နောက်ဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရှေးဆက်ကြဖို့ အသင့်ရှိနေပြီဆိုတာ ကြားရလို့ ကျွန်တော်တို့ တိုင်းရင်းသား နယ်မြေအားလုံးမှာ ငြိမ်းချမ်းတော့မှာပါလားဆိုပြီး ၀မ်းသာမဆုံးဖြစ်ရပေမဲ့ ကိုယ်နေထိုင်တဲ့ ကချင်ပြည်နယ်အတွက်ကတော့ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေးရယူလိုစိတ် မရှိမှုကြောင့် မျော်လင့်ချက် အလမ်းဝေးနေဆဲပါပဲ။

ဆရာ ဦးဝင်းတင် ကျန်းမာရေး စိုးရိမ်နေရ


ဆရာ ဦးဝင်းတင် ကျန်းမာရေး စိုးရိမ်နေရ

NLD နာယက ဆရာဦးဝင်းတင်ရဲ့ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်တဲ့ အတွက် လိုအပ်ရင် ကျောက်ကပ် ကိုဆေးကြောမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ် ဆရာဝန်ကြီး ဦးလှမြင့် က အာဖက်အေကို ဒီကနေ့ သောကြာနေ့မနက်မှာ ပြောပါတယ်။

ဆရာဦးဝင်းတင်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေ အထွေထွေကြောင့် ပြန်လည် နလံထူအောင် အချိန်အတော်ပေးရမှာဖြစ်တယ်လို့လည်း ဆရာဝန်ကြီးကဆိုပါတယ်။

ဥရောပကနေ မြန်မာနှစ်ဆန်းတရက်နေ့မှာ ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေ့ညနေမှာပဲ ဆရာဦးဝင်းတင်ကို သွားရောက်ကြည့်ရှုခဲ့ ပါတယ်။  အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး နိုင်ငံခြားသွားရောက် ကုသမှု ခံယူရေးကိစ္စတွေကိုလည်း မိသားစုဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်ပင်ပြောဆိုခဲ့ကြောင်း သိရပါတယ်။
NLD နာယက ဆရာဦးဝင်းတင်ရဲ့ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်တဲ့ အတွက် လိုအပ်ရင် ကျောက်ကပ် ကိုဆေးကြောမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ် ဆရာဝန်ကြီး ဦးလှမြင့် က အာဖက်အေကို ဒီကနေ့ သောကြာနေ့ မနက်မှာ ပြောပါတယ်။
ဆရာဦးဝင်းတင်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေ အထွေထွေကြောင့် ပြန်လည် နလံထူအောင် အချိန်အတော်ပေးရမှာဖြစ်တယ်လို့လည်း ဆရာဝန်ကြီးကဆိုပါတယ်။

ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး အတွင်း သင်္ကြန်ကာလ ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့် အမျိုး သမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အမှုတစ်မှုမှာ သင်္ကြန်အကျ နေ့ ဧပြီ ၁၄ ရက် ညနေတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အမျိုးသားတစ်ဦးက တစ်လမ်းတည်းနေ မိန်းကလေးတစ်ဦးကို ရေပက်စဉ် ပါးပြင်အားနမ်းသကဲ့သို့ ဖြစ်ခဲ့သည်။ ထိုသို့နမ်းမိခဲ့၍ နှစ်ဖက်မိသားစု စကားများရန်ဖြစ်ကာ နမ်းခဲ့သူ၏ မိခင်ကို အနမ်းခံရသူ၏ အစ်မက

ထွက်ပြေးနေသော တောင်ပြာတန်းယာဉ်လိုင်းမှ ယာဉ်မောင်းဖမ်းမမိသေး

အမြန်လမ်းတွင် ကားနှစ်စီး တိုက်မှုဖြစ်ပွားပြီး လူ ၁၂ ဦး မီးလောင် သေဆုံးသည့် ဖြစ်စဉ်တွင် ခရီးသည်များ အား ကားတံခါးပိတ်၍ ထွက်ပြေး တိမ်းရှောင် နေသော တောင်ပြာတန်း ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းကို ဖမ်းဆီး မမိသေးကြောင်း သတင်း ရရှိသည်။
 ဧပြီ ၁၂ ရက်နံနက်တွင် တောင်ကြီးမြို့မှ ထွက်ခွာလာသော တောင်ပြာတန်းခရီးသည် တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီးအား ၀င်တိုက်မှုဖြစ်ပွားရာ ဆလွန်းကားငယ်မှ

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် ၂၀၀ နီးပါးပိုများ

Photo: သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် ၂၀၀ နီးပါးပိုများ

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေမှာ ယခင်နှစ်ထက် ၂၀၀ နီးပါး ပိုများခဲ့ပြီး လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပ၏ ပြောကြားချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသည့် လူနာများအနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်း၊ သင်္ကြန်အကြိုနေ့တွင် ၁၂၈ ဦး၊ သေဆုံးလူနာ နှစ်ဦး၊ သင်္ကြန်အကျနေ့တွင် ၁၅၉ ဦး၊ သေဆုံးလူနာ သုံးဦး၊ သင်္ကြန်အကြတ်နေ့တွင် ၁၈၉ ဦး၊ သေဆုံးလူနာ တစ်ဦး၊ သင်္ကြန်အတက်နေ့တွင်၂၁၈ ဦး၊ သေဆုံးလူနာ လေးဦးအထိရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ၅၁၈ ဦး၊ သေဆုံးလူနာ သုံးဦးအထိ ရှိခဲ့သည့်အတွက် ယခုနှစ်လူနာဦးရေမှာ ယခင်နှစ်ကထက် ပိုများခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ယခုနှစ် သင်္ကြန်ကာလအတွင်း အရိုးအကြော၊ ခွဲစိတ်အပါအ၀င် အခြားအထူးကု ဆရာဝန်များနှင့်အတူ အရေးပေါ် အထူးကုဆရာဝန်များကပါ ပထမဦးဆုံးအကြိမ် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် အထူးကု ဆရာဝန်များ အပါအ၀င် အခြားကျန်းမာရေး ၀န်ထမ်းများ၊ အထွေထွေ လုပ်သားများကိုပါ ယခင်နှစ်များထက် အင်အားနှစ်ဆ တိုးမြှင့်ချထားပေးခဲ့ပြီး ဆေးဝါး၊ စက်ပစ္စည်းများကိုလည်း ယခင်ကထက် တိုးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“သင်္ကြန်ရက်အတွင်း အရိုး၊ ခွဲစိတ် အထူးကုဆရာဝန်ကြီးတွေအပြင် အရေးပေါ် အထူးကု ဆရာဝန်တွေကိုပါ ပူးတွဲတာဝန် ချထားပေးခဲ့တယ်။ ဒါကို ဒီနှစ်မှာမှ ပထမဆုံးအကြိမ် စလုပ်တာပါ။ မြန်မာနိုင်ငံမှာ အရေးပေါ် အထူးကုဘွဲ့ရထားတဲ့ ဆရာဝန် ၁၈ ဦးထဲက ခြောက်ဦးကို ဒီနှစ်မှာ စပြီးတာဝန်ပေးတာပေါ့။ ၀န်ထမ်းအင်အားတွေအပြင် ဆေးဝါးကအစ အားလုံးတော်တော်များများကို ယခင်နှစ်တွေကထက် ပိုပေးနိုင်ခဲ့တယ်။ နောက်သင်္ကြန်ရက်အတွင်း အရေးပေါ် ကြီးကြီးမားမား ဖြစ်ခဲ့ရင်လည်း လုပ်ဆောင်ပေးဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ပါတယ်” ဟု ဆေးရုံအုပ် ဒေါက်တာပပက ဧပြီ ၁၇ ရက်တွင် ပြောကြားသည်။

လက်ရှိ ပြည်တွင်း၌ အရေးပေါ်ပြုစုကုသ အထူးကုဆရာဝန်များကို ပြီးခဲ့သည့်နှစ်များက လေ့ကျင့်မွေးထုတ်ပေးထားကြောင်း မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အရေးပေါ်ပြုစုကုသမှုပညာ ဒီပလိုမာ ရရှိထားသူ ၁၈ ဦးရှိကြောင်းနှင့် လာမည့် ၂၀၁၅ ခုနှစ်အတွင်း အရေးပေါ် ပြုစုကုသ အထူးကုဆရာဝန်များအပြင် အရေးပေါ် ပြုစုကုသ အထူးကုသူနာပြုများ စတင်မွေးထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေပက်ခံထွက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
 Eleven Media Group
ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေမှာ ယခင်နှစ်ထက် ၂၀၀ နီးပါး ပိုများခဲ့ပြီး လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပ၏ ပြောကြားချက်အရ သိရ သည်။

သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်း ၂ ရက်တွင် အပြီးဖျက်သိမ်းရမည်ဖြစ်ပြီး နောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ထား

Photo: သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်း ၂ ရက်တွင် အပြီးဖျက်သိမ်းရမည်ဖြစ်ပြီး နောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ထား 

Friday, April 18, 2014

ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်းနှစ်ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရမည်ဖြစ်ပြီး ဖျက်သိမ်းမှုနောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။

မဏ္ဍပ်များအား ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သပ်ရပ်စွာ ဖျက်သိမ်းသွားရမည်ဖြစ်ပြီး ငါးရက်ထက် ကျော်လွန်၍ ဖျက်သိမ်းခြင်း မပြုလုပ်ပါက မဏ္ဍပ်များ စတင်ဆောက်လုပ်စဉ်က ပေးသွင်းထားသည့် အာမခံစပေါ်ငွေ အားလုံးကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဟုလည်း အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ အနေဖြင့် စည်ကမ်းဖောက်ဖျက်မှုများ ရှိခဲ့ပါက အရေးယူနိုင်ရန်အတွက် မဏ္ဍပ်မဆောက်လုပ်မီ အာမခံစပေါ်ငွေများ တင်ထားရပြီး ယခုနှစ်တွင် ပေ ၁၀၀ နှင့်အထက် မဏ္ဍပ်အကြီးတစ်ခုလျှင် ကျပ် ၇၅ သိန်း၊ ပေ ၁၀၀ နှင့် ၅၀ ကြား မဏ္ဍပ်အလတ်တစ်ခုလျှင် ကျပ် ၄၅ သိန်းနှင့် ပေ ၅၀ အောက် မဏ္ဍပ်အသေးတစ်ခုလျှင် ကျပ်သိန်း ၃၀ ပေးသွင်းထားရသည်။ သင်္ကြန်ကာလအတွင်း စည်းကမ်းဖောက်ဖျက်မှုများ ရှိခဲ့ပါက အဆိုပါငွေများထဲမှ နုတ်ယူသွားမည်ဖြစ်ပြီး ကျန်ရှိသည့်ငွေကို သင်္ကြန်ကာလအပြီး အစိုးရရုံးများ ပြန်ဖွင့်ချိန်တွင် ထုတ်ပေးမည်ဟုလည်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၈ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်အကြီး ၁၂ ခု၊ ပြည်လမ်းတွင် သုံးခု၊ ဆရာစံလမ်းတွင် လေးခုအပါအ၀င် ရန်ကုန်တစ်မြို့လုံးတွင် မဏ္ဍပ်စုစုပေါင်း ၁၀၀ နီးပါး ဆောက်လုပ်ခွင့်ပြုခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်အပြီးတွင် သတ်မှတ်ရက်ထက် နောက်ကျဖျက်သိမ်းမှုကြောင့် အရေးယူခဲ့သည့်မဏ္ဍပ် မရှိခဲ့ဘဲ အခြားအကြောင်းအရာများဖြစ်သည့် မဏ္ဍပ်များတွင် လင့်စင်ထိုးခြင်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုရရှိခြင်း၊ သစ်ပင်များ ပျက်စီးခဲ့ခြင်း၊ မဏ္ဍပ်များတွင် တာဝန်ခံမည့်သူများ၏ ဖုန်းနံပါတ်များကို ဖော်ပြမှုမရှိခဲ့ခြင်း၊ အရွယ်အစား ပိုမိုဆောက်လုပ်ခဲ့ခြင်းများကြောင့် အာမခံစပေါ်ငွေထဲမှ ဒဏ်ကြေးငွေများ နုတ်ယူခံခဲ့ရကာ အနည်းဆုံး ကျပ်နှစ်သိန်းကျော်မှ အများဆုံး ကျပ် ၅၅ သိန်းအထိ နှုတ်ယူခံခဲ့ရပြီး ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းမှ မဏ္ဍပ်များ အများဆုံး ပေးဆောင်ခဲ့ရကြောင်း၊ ယင်းသို့ ဒဏ်ကြေးရရှိငွေမှာ ကျပ်သိန်း ၈၆၀ ကျော် ရှိခဲ့သည်ဟု ပြီးခဲ့သည့်နှစ် သင်္ကြန်အပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။ 

Eleven
ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်းနှစ်ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရမည်ဖြစ်ပြီး ဖျက်သိမ်းမှုနောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု သင်္ကြန် မဏ္ဍပ်များ နေရာချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။

မဏ္ဍပ်များအား ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သပ်ရပ်စွာ ဖျက်သိမ်းသွားရမည်ဖြစ်ပြီး ငါးရက်ထက် ကျော် လွန်၍ ဖျက်သိမ်းခြင်း မပြုလုပ်ပါက မဏ္ဍပ်များ စတင်ဆောက်လုပ်စဉ်က ပေးသွင်း ထားသည့် အာမခံစပေါ်ငွေ အားလုံးကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဟုလည်း အဆိုပါကော်မတီ၏

သန်းခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်ချက်များနှင့် လွဲချော်မှုများအား ထောက်ပြနိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းများ ကွင်းဆင်းလေ့လာမည်

တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ လိုအပ်ချက်များနှင့် လွဲချော်မှုများအား ထောက်ပြနိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကွင်းဆင်လေ့လာ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီမှ ဦးရှုမောင်က" သန်းခေါင်စာရင်း ကောက်ခံတဲ့နေရာမှာ ကျန်ခဲ့တာမျိုး ရှိသလား၊ လွဲချော်သွားတယ် ဆိုရင်လည်း ဘယ်လိုအတိုင်းအတာအထိ လွဲချော်သွားနိုင်သလဲ။ ဘယ်လောက် အတိုင်းအတာအထိ လွဲမှားထားသလဲဆိုတဲ့ အနေအထားကို ကျွန်တော်တို့ သေချာလေး ဖြစ်သွားစေဖို့လေ့လာတဲ့

ပညာရေးဖိနှိပ်မှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရန်ကုန်မြို့ အနှံ့တွင် ဖျော်ဖြေ

Photo: ပညာရေးဖိနှိပ်မှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရန်ကုန်မြို့ အနှံ့တွင် ဖျော်ဖြေ 

Friday, April 18, 2014

ကျောင်းသားများနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ဖိနှိပ်မှုများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့က သင်္ကြန်တွင်း ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသံချပ်အဖွဲ့ကို တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ကျောင်းသူများက ပြုလုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်မှစကာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်များ၏ အကူအညီဖြင့် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သံချပ်ဖျော်ဖြေမှုကို ပုံစံနှစ်မျိုးဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များ၏ ဖိတ်ကြားမှုအရ သွားရောက်ဖျော်ဖြေခြင်း၊ မြေပြင်ပေါ်တွင် ပြည်သူများအား မြေ၀ိုင်းဖျော်ဖြေခြင်းများကို ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မြေ၀ိုင်းဖျော်ဖြေခြင်းပုံစံကို ပိုမိုပြုလုပ်ဖြစ်ခဲ့ကြောင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုစည်သူမောင်က ပြောကြားသည်။

သံချပ်ဖျော်ဖြေမှုများတွင် ၎င်းတို့၏ သဘောမပါဘဲ ရေးဆွဲထားသည့်အတွက် လက်ရှိ ကျောင်းသားများ ကန့်ကွက်နေသည့် တက္ကသိုလ်ပညာရေး ဥပဒေကို ဆန့်ကျင်သည့်အချက်များ၊ တက္ကသိုလ်များကို ကွင်းပြင်ထဲတွင် ထားသည့်အတွက် လောင်းကစားဝိုင်းများ များပြားလာကာ ကျောင်းသား ကျောင်းသူများ ပျက်စီးကုန်သည့်အကြောင်း စသည့် အချက်များကို သရော်သည့် စာသားများ ပါဝင်သည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြင်ဆင်ရန်ခက်ခဲအောင် လုပ်ထားသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေး၊ အဆိုပါ ပြင်ဆင်ရေးအပေါ် ကျောင်းသားများ အနေဖြင့်လည်း ပါဝင်သွားမည်ဆိုသည့် စာသားများလည်း သံချပ်များတွင် ပါဝင်ခဲ့သည်။

"တို့နိုင်ငံရဲ့အပြောင်းအလဲဟာ... ဥာဏ်နီဥာဏ်နက် ဥာဏ်ပြာညက်နဲ့၊ အရေးအကြီးဆုံး စပြောမယ်၊ ပြောင်းကြမှာလား ပြင်ကြမှာလား... နာဂစ်ဥပဒေ၊ နာဂစ်ဥပဒေ"၊ "ဒေါင်းကမှာလား ဆင်ကမှာလား...ပြောင်းကြမှာလား ပြင်ကြမှာလား၊ ပြောင်းမယ်ပြင်မယ် ခေါင်းရယ်ဖင်ရယ်... တစ်ခုလုံးကို ရှုပ်နေတာပဲ၊ တစ်ခုလုံးကို ရှုပ်နေတာပဲ" စသည့်သံချပ် စာသားများ ပါဝင်ခဲ့သည်။

ထို့ပြင် တရားသူကြီးအချို့၏ အကျင့်ပျက်ခြစားမှုများနှင့် တရားရုံးအချို့၏ အကျင့်ပျက်ခြစားမှု အချို့ကိုလည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

တရားသူကြီး၊ တရားရုံးများနှင့် ပတ်သက်၍ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က "ဥပဒေရဲ့ အစွမ်းအစွမ်း...ပြည်သူတွေမှာ ခံစမ်း ခံစမ်း၊ ငွေများပြီး တရားနိုင်တော့...လေတွေများပြီး မကြားနိုင်ပေါ့၊ လာဘ်ပေးရင် ရန်မလိုတဲ့...ဥပဒေ ဥပဒေ တို့နိုင်ငံရဲ့ ဥပဒေ၊ တို့တိုင်းပြည်ရဲ့ဥပဒေ၊ ဥပဒေမှာ နှစ်မျိုးပဲရှိတယ်... အခုတစ်မျိုး တော်ကြာ တစ်မျိုး" စသည်ဖြင့် သံချပ်ထိုး ဝေဖန်ခဲ့သည်။

သံချပ်အဖွဲ့ထွက်ခြင်းနှင့်ပတ်သက်၍ ကိုစည်သူမောင်က "အဓိက,ကတော့ ပြည်သူကို အသိပေးချင်တာပေါ့။ နိုင်ငံရေး အကျပ်အတည်းတွေက ဒီနေ့အထိ ရှိနေတုန်းပဲဆိုတာ ချပြချင်တယ်။ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံအတွက် ရှိနေသေးတဲ့ ပြဿနာတွေ အားလုံးဟာ အတူလက်တွဲပြီး ဖြေရှင်းမှရမယ် ဆိုတာတွေကို သံချပ်စာသားတွေထဲမှာ ထည့်ပြောချင်တာကြောင့်ပါ" ဟု ပြောကြားသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ ဖျော်ဖြေမှုတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ကိစ္စများအပေါ် စာရွက်ပေါ်တွင် လက်မှတ်ထိုးသည့် ငြိမ်းချမ်းရေးလားဟု သရော်မှုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven
ကျောင်းသားများနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ဖိနှိပ်မှုများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့က သင်္ကြန်တွင်း ရန်ကုန်မြို့ရှိ မြို့နယ်အများ စုတွင် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသံချပ်အဖွဲ့ကိုတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ကျောင်းသူများက ပြုလုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်မှစကာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် များ၏ အကူအညီဖြင့် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မိုယေးစ် တစ်ယောက်တည်းသာ အပြစ်ရှိသည် မဟုတ်ကြောင်း ပြောကြားလိုက်သည့် မာတာ။

Photo: မိုယေးစ် တစ်ယောက်တည်းသာ အပြစ်ရှိသည် မဟုတ်ကြောင်း ပြောကြားလိုက်သည့် မာတာ။
Friday, April 18, 2014

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဂျူအန် မာတာဟာ လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်း၏ ရပ်တည်မှုဟာ မန်နေဂျာ ဒေးဗစ်မိုယေးစ် အပြစ်ကြောင့်သာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။ မာတာဟာ ဒေးဗစ်မိုယေးစ်ကို ကာကွယ် ပြောဆိုလိုက်သလို လာမည့် ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြန်လည် ခေါင်းမော့လာနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။
မာတာက “ကျနော် ဒီကို ပြောင်းမလာခင်ကတည်းက ယူနိုက်တက်မှာ ခက်ခဲတဲ့ အခိုက်အတန့်ကို ရင်ဆိုင်နေရတယ်ဆိုတာ သိခဲ့ပြီးသားပါ။ ကျနော် ပြောင်းရွှေ့လာမယ့် နေရာဟာ ပွဲတွေ အနိုင်ရပြီးရင်း အနိုင်ရနေမယ့် နေရာ ဖြစ်မနေဘူးဆိုတာ သိနေခဲ့ပြီးသားပါ။”

“ဒါပေမယ့် ဒီအသင်းဟာ ပြန်လည် နိုးထလာမယ့် အသင်းတစ်သင်းဆိုတာကိုလည်း ကျနော် ကောင်းကောင်း သိနေခဲ့ပါတယ်။ အသင်းရဲ့ အနာဂါတ်ဟာ တောက်ပလာမှာပါ။ ကျနော် ဒါကို သံသယ မရှိပါဘူး။ ကျနော် ဒီကို ပြောင်းလာတုန်းက မန်နေဂျာ၊ ဘုတ်အဖွဲ့ဝင်တွေနှင့် ကျနော့်ရဲ့ ပြောဆိုဆွေးနွေးမှုတွေဟာ လာမယ့် ဘောလုံးရာသီအတွက် ပြောဆို ဆွေးနွေးခဲ့ကြတာပါ။ မှန်ကန်သင့်တော်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်လိမ့်မယ်လို့ သူတို့ ယုံကြည်မှု ရှိနေပါတယ်။ ”
“အသင်းဟာ အပြောင်းအရွှေ့ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုတာ သူတို့ သိသလို ကျနော်လည်း သိပါတယ်။ လာမယ့် နွေရာသီမှာ သူတို့ဟာ ကစားသမားတစ်ချို့ ခေါ်ယူမှာပါ။ ထိပ်တန်းကစားသမားတွေကို သူတို့ ခေါ်ယူကြလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်နေပါတယ်။”

“ဒီအသင်းဟာ ပြန်လည်နိုးထလာမယ့် အသင်းဖြစ်ပြီး ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမယ်အသင်း ဖြစ်တယ်ဆိုတာ ကျနော် သေချာပေါက် ပြောရဲပါတယ်။ ကျနော် ကလေးဘဝတုန်းက ကတည်းက မန်ချက်စတာယူနိုက်တက်ဟာ ပြိုင်ပွဲ အားလုံးအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ အသင်းပါ။ ဒီအခိုက်အတန့်ကနေလည်း ပြန်လည်နိုးထလာမယ်ဆိုတာ သေချာပါတယ်။”

“လက်ရှိ အနေအထားဟာ မန်နေဂျာ တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ နည်းစနစ် ဗျူဟာတွေကြောင့်ချည်း မဟုတ်ပါဘူး။ ဒီအချိန်ဟာ တစ်ယောက်တည်းကို အပြစ်တင်နေရမယ့် အချိန် မဟုတ်ပါဘူး။ ကျနော်တို့ အားလုံး အတူတူ အပြစ်ရှိပါတယ်။” ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အောင်စိုးမိုး
https://www.facebook.com/footballcafe.mm
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဂျူအန် မာတာဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရပ်တည်မှုဟာ မန်နေဂျာ ဒေးဗစ်မိုယေးစ် အပြစ်ကြောင့်သာ မဟုတ်ကြောင်း ပြောကြား လိုက်သည်။ မာတာဟာ ဒေးဗစ်မိုယေးစ်ကို ကာကွယ် ပြောဆိုလိုက်သလို လာမည့် ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြန်လည် ခေါင်းမော့ လာနိုင်မည် ဖြစ်ကြောင်း လည်း ပြောကြား လိုက်သည်။