Friday, 21 March 2014

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ တပ်မတော်(ရေ)အပါအ၀င် လုံခြုံရေးအင်အားတိုးမြင့်ချထားမည်

Photo: ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ တပ်မတော်(ရေ)အပါအ၀င် လုံခြုံရေးအင်အားတိုးမြင့်ချထားမည်
Friday, March 21, 2014

မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် မတ်လ ၁၉ ရက်နေ့မှစ၍ တရားမ၀င် ခိုးဝင်လာမှုများအား တားဆီးကာကွယ်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပါအ၀င် လုံခြုံရေးအင်အား တိုးမြှင့် ချထားမည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အရာရှိတစ်ဦးထံမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘင်္ဂလီအရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ``ပင်လယ်ရေကြောင်း ကနေ စက်လှေတွေနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ စက်လှေမှောက်ပြီးသေတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပဲ၊ သန်းခေါင် စာရင်းကောက်တဲ့အချိန်မှာ ဘင်္ဂလီတွေ နည်းအမျိုးမျိုးနဲ့ဝင်ဖို့ ကြိုးစားမှာပဲ၊ ကျန်တဲ့အချိန်တွေမှာ ခိုးဝင်ဘင်္ဂလီ တွေကို ထိထိရောက်ရောက်မတားဆီးနိုင်ပေမယ့် သန်းခေါင် စာရင်း ကောက်ယူချိန်မှာတော့ မဖြစ်မနေ တားဆီးရမှာ ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အ၀င်/အထွက်များတော့ အဓိကထားပြီး လုံခြုံရေးတွေကို တိုးမြှင့် လုပ်ဆောင်သင့်ပါတယ်´´ ဟု ပြောကြားသွားသည်။

မြန်မာ့တပ်မတော်(ရေ)က မတ်လ ၁၉ ရက်မှ ၂၇ ရက်နေ့အထိ ကိုကိုးကျွန်းရှေ့ ရေပြင်တွင် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းကို ပြုလုပ်နေပြီး အဆိုလေ့ကျင့်ခန်းပြုလုပ်စဉ်ကာလအတွင်း သတ်မှတ်ဧရိယာမှ ၅ မိုင်ပတ်လည်တွင် ယာဉ်အမျိုးမျိုးဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းလုပ်ငန်းများလုပ်ကိုင်ခြင်း မပြုရန်နှင့် လေယာဉ်ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ အထက်မှသာ ပျံသန်းရန် တပ်မတော်(ရေ)က သတိပေး ချက်ထုတ်ပြန်ထားကြောင်း တပ်မတော်(ရေ)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပင်လယ်ပြင်စိုးမိုးရေးနှင့် လုံခြုံရေးတာဝန်များကို မြန်မာ့ကမ်ရိုးတန်းတစ်လျှောက်တွင် တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန်မတိုင်မီကာလများနှင့် ကောက်ယူနေချိန်များတွင် ပင်လယ်ရေကြောင်းမှ တရားမ၀င် ၀င်ရောက်မှုများအပါအ၀င် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် လုံခြုံရေးအဆင့် ပိုမိုတိုးမြှင့်၍ ရခိုင်ကမ်းရိုးတန်းပင်လယ်ပြင်ကို အဓိကထား အင်အားတိုး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ခိုးဝင်ဘင်္ဂလီများ မ၀င်ရောက် နိုင်ရန် တပ်မတော်(ရေ)နည်းတူ တပ်မတော်(ကြည်း)မှလည်း နယ်စပ်တွင် လုံခြုံရေးစခန်း(၁၅)ခု တိုးချဲ့ ဆောက် လုပ်ကာ လုံခြုံရေးအင်အား တိုးမြှင့်ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ချေ
Online Update News
မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက် ယူမည်ဖြစ်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် တွင် မတ်လ ၁၉ ရက်နေ့မှစ၍ တရားမ၀င် ခိုးဝင်လာမှုများအား တားဆီး ကာကွယ်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပါအ၀င် လုံခြုံရေးအင်အား တိုးမြှင့် ချထား မည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အရာရှိတစ်ဦးထံမှ သိရသည်။

စာမေးပွဲကပြန်လာသူ ကျောင်းသူတဦး ၆ဘီးယာဉ်နဲ့ ပွတ်တိုက်မိပြီး သေဆုံး

Photo: စာမေးပွဲကပြန်လာသူ ကျောင်းသူတဦး ၆ဘီးယာဉ်နဲ့ ပွတ်တိုက်မိပြီး သေဆုံး
Friday, March 21, 2014

စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ တောင်ငူတက္ကသိုလ် တတိယနှစ် ရူပဗေဒ ကျောင်းသူ(၂)ဦးရဲ့ ဆိုင်ကယ်နဲ့ ၆ဘီးတပ်ယာဉ် နောက်ပိုင်းနဲ့ ပွတ်တိုက်မိပြီး ကျောင်းသူတဦး သေဆုံးမှုတစ်ခု မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ မဒေလီယာ(၂၁)နှစ် မောင်းနှင်းလာတဲ့ ဆိုင်ကယ်ကို မကြည်ပြာဖြိုးအောင် (၂၀)နှစ် စီးနင်းလိုက်ပါလာရာ ရန်ကုန်-မန္တလေး ကားလမ်း တောင်ငူ-သံတောင်ကားလမ်း လမ်းဆုံမီးပွိုင်အနီး NISSAN အမျိုးအစား (၆)ဘီးယာဉ်က ကျော်တတ်ခဲ့ရာ ယာဉ်နောက်ပိုင်းနဲ့ ဆိုင်ကယ်တို့ ပွတ်တိုက်မိပြီး ကျောင်းသူ၂ဦးလုံး ဒဏ်ရာရရှိခဲ့ကြပါတယ်။

သူတို့ကို တောင်ငူဆေးရုံ ပို့ဆောင်ကုသနေစဉ် မနက် ၁၀း၅၀နာရီမှာ မကြည်ပြာဖြိုးအောင် သေဆုံးသွားခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဦးဝင်းမြင့်ကို တောင်ငူမြို့မ ရဲစခန်းက ယာဉ်(ပ)၁၁/၂၀၁၄ ပုဒ်မ-၃၀၄(က)/၃၃၇ တွေနဲ့ အမှုဖွင့် အရေးယူထား ပါတယ်။

DVB TV News
စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ တောင်ငူတက္ကသိုလ် တတိယနှစ် ရူပဗေဒ ကျောင်းသူ(၂)ဦးရဲ့ ဆိုင်ကယ်နဲ့ ၆ဘီးတပ်ယာဉ် နောက်ပိုင်းနဲ့ ပွတ်တိုက်မိပြီး ကျောင်းသူတဦး သေဆုံးမှုတစ်ခု မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းရေး ဧရာဝတီတိုင်းဒေသကြီး နိုင်/ကျဉ်းဟောင်း များ မြစ်ဆုံအထိ လမ်းလျှောက်မည်

Photo: မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းရေး ဧရာဝတီတိုင်းဒေသကြီး နိုင်/ကျဉ်းဟောင်း များ မြစ်ဆုံအထိ လမ်းလျှောက်မည်
Friday, March 21, 2014 

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေရေးအတွက် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးဆောင်၍ မတ်လ၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှ မေခမလိခ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ အဖွဲ့ဝင် ဦးအောင်သူရက ပြောကြားသည်။

သမိုင်း အစဉ်အလာနှင့် ကျေးဇူးကြီးလှသော ဧရာဝတီမြစ်သည် တိုင်းရင်းသား ပြည်သူများကို မိခင်သဖွယ် စောင့်ရှောက်ခဲ့ကြောင်း၊ တပ်မတော် အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို သဘောတူစာချုပ် ချုပ်ဆို၍ တရုတ်နိုင်ငံ CPI ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခဲ့ရာ တိုင်းရင်းသား ပြည်သူများ ဘေးဒုက္ခ ကြုံတွေ့မည့် စီမံကိန်းဖြစ်သောကြောင့် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟု မြစ်ဆုံအထိ လမ်းလျှောက်မည့် နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုသည်။

တရုတ်နိုင်ငံအစိုးရက (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အိမ်ရှင်မြန်မာကို အမေရိကန်ဒေါ်လာ ၃၆ သန်း ကူညီခဲ့ပြီး ပြိုင်ပွဲကျင်းပနေစဉ်အတွင်း မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း ပြန်စရန် ကြိုးပမ်းလာသည်ဟု ပုသိမ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက်က သုံးသပ်သည်။

“ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းက မြစ်ဆုံကနေ မြစ်ဝကျွန်းပေါ် အထိ ဂေဟစနစ် ပျက်ယွင်းစေပြီး တိုင်းရင်းသားပြည်သူ များကိုလည်း သဘာဝ ဘေးအန္တရာယ်မျိုးစုံ ကျရောက် စေနိုင်တယ်။ မြန်မာပြည်ရဲ့ အထက်ပိုင်းမှာ ရေကာတာ ဆောက်လုပ်တာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကို အပြီးအပိုင် ရပ်ဆိုင်းပစ်ဖို့လိုတယ်” ဟု ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် ပါဝင်ခဲ့သော ပုသိမ်မြို့ရှိ ဧရာဝတီတိုင်း ပြည်သူ့မျိုးချစ်တပ်ဦး အဖွဲ့ချုပ် သပိတ် ခေါင်းဆောင်ဟောင်းများက ပြောဆိုသည်။

The Voice Weekly
ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေရေးအတွက် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးဆောင်၍ မတ်လ၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှ မေခမလိခ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ အဖွဲ့ဝင် ဦးအောင်သူရက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

Photo: အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

မန္တလေး၊ မတ် ၂၀

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် မတ်လ ၂၂ ရက်နေ့နှင့်၂၃ ရက်တို့၌ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ပြန်ကြားရေးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဟောပြောပွဲများကို မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် မိုးကုတ် ပြည်သူ့အားကစားကွင်းနှင့် မတ်လ ၂၃ ရက်နေ့ နံနက် ၉နာရီတွင် အနောက်ပိုင်း ကျပ်ပြင် အားကစားကွင်းတို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဗဟိုပြန်ကြားရေး တာဝန်ခံဦးကြည်တိုးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိုးကုတ်ခရီးစဉ် အပြန်တွင် ပြင်ဦးလွင်မြို့ အင်းထိပ်ဦးကျေးရွာ တော်ဝင်နှင်းဆီခြံ၌  မန္တလေးမြို့တော်မှ စာရေးဆရာ၊ ကဗျာဆရာများနှင့် တွေ့ဆုံရန် ရှိကြောင်း မန္တလေးမြို့ခံ စာရေးဆရာများက ပြောကြားသည်။

၂၀၀၈ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၅၉(ဃ) (စ)၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြပွဲများကို  ရန်ကုန်၊ မန္တလေးနှင့် နယ်မြို့အချို့တို့၌ ပြုလုပ်ခဲ့သည်။

မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်မြို့တော်တို့တွင် မတ်လ ၂၃ ရက်နေ့တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၅၉ (ဃ)(စ) ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူကို ဖိနှိပ်သော ဥပဒေများ ဖျက်သိမ်းရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေး၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ တစ်နိုင်ငံလုံး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး၊ စစ်မှန်သော ပြည်ထောင်စု ဖော်ဆောင်ရေး၊ ပြည်သူကို စော်ကားသော ဝန်ကြီးများ အလိုမရှိ စသည့်အချက်များ ပါဝင်သည့် ဆန္ဒပြပွဲများ ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းမြို့များရှိ ဒီမိုကရေစီ အင်အားစုများ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ဒီမိုကရေစီ အင်အားစုများထံမှ သိရှိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် မတ်လ ၂၂ ရက်နေ့နှင့်၂၃ ရက်တို့၌ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ပြန်ကြားရေးထံမှ စုံစမ်းသိရှိရသည်။

HIV ပိုးရှိ ရှင်သန်သူများအတွက် သင်္ကြန်ပွဲတော် မန္တလေးတွင် ပြုလုပ်မည်

Photo: HIV ပိုးရှိ ရှင်သန်သူများအတွက် သင်္ကြန်ပွဲတော် မန္တလေးတွင် ပြုလုပ်မည်
Friday, March 21, 2014 

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ HIV ပိုးရှိ ရှင်သန်သူများ စုပေါင်း၍ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့တွင် မန္တလေးဆေးရုံကြီး အမျိုးသားခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်းသိရှိရသည်။

HIV ပိုးရှိ ရှင်သန်သူများ၏ တစ်နှစ်တာ ပင်ပန်း နွမ်းနယ်မှုများကို ပြေပျောက်စေရန်နှင့် နှစ်သစ်မင်္ဂလာသို့ စိတ်သစ်လူသစ်ဖြင့် ကျန်းမာရွှင်လန်းစေရန် ရည်ရွယ်ချက်ဖြင့် INGO၊ NGO အဖွဲ့အစည်းများ၊ ရောဂါပိုးရှိ ရှင်သန်သူများ၊ ၎င်းတို့၏ မိသားစုဝင်များဖြင့် သင်္ကြန် အကြိုပွဲတော် ပြုလုပ်ခြင်း ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အစီအစဉ်လေးကတော့ HIV ပိုး ရှိရှင်သန်သူတွေအားလုံး စည်းလုံးညီညွတ်မှု ရှိစေဖို့နဲ့ သူတို့ရဲ့တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်ဖို့အတွက် လုပ်ပေးတာပါ။ အကနဲ့ ဖျော်ဖြေပေးမယ်။ တစ်မြို့နယ်ကို အယောက် ၂၀ လောက် လာကြမယ်” ဟု ၎င်းကထပ်မံဆိုသည်။

ပိုးရှိရှင်သန်သူများ သင်္ကြန်အကြိုပွဲကို ၂၀၀၆ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ် INGO၊ NGO အဖွဲ့အစည်းများနှင့်အတူ လူဦးရေ ၃၀၀ ဦးကျော် လာရောက်ကြကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

“ဒီလိုအစီအစဉ်လေး လုပ်ပေးတာ ကောင်းပါတယ်။ တချို့ပိုးရှိ ရှင်သန်သူတွေဆိုရင် မသိကြဘူး။ ကိုယ့်မှာ ပိုးရှိတယ်ဆိုပြီး ဒီစိတ်ကြီးနဲ့ စိတ်ဓာတ်ကျနေတယ်။ ဒီလိုလေး လုပ်ပေးတော့ ပိုးရှိရှင်သန်သူတွေ အချင်းချင်း တိုင်ပင်မယ်။ ဘယ်လို ပျော်ရွှင်မှုတွေ ရရှိတယ်ဆိုတာ အများကြီး သိလာနိုင်ပါတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ART ဆေးသောက် သုံးနေသည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

လာမည့် မန္တလေးသင်္ကြန်တွင် မန္တလေးတိုင်းဒေသကြီး ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနက ပါဝင်ဆင်နွှဲမည့် လူငယ်လူရွယ်များနှင့် လူလတ်ပိုင်းများအတွက် အမျိုးသား ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေးနှင့် မိတ်ဖက်အဖွဲ့တို့ ပူးပေါင်းကာ ကွန်ဒုံးတစ်သိန်းခန့် ဝေငှသွားမည် ဖြစ်သည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ HIV ပိုးရှိ ရှင်သန်သူများ စုပေါင်း၍ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့တွင် မန္တလေးဆေးရုံကြီး အမျိုးသားခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်းသိရှိရသည်။

ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက်

Photo
ခရမ်းလွန်ခြည် အညွှန်းကိန်းမြင့်မားစွာရှိနေသော ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမို.ကျရောက်နိုင်ပါသည်။

ဘွမ်ဆစ်ပါ စစ်ရှောင်စခန်း မီးလောင်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး

Photo: ဘွမ်ဆစ်ပါ စစ်ရှောင်စခန်း မီးလောင်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး
Friday, March 21, 2014 

ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ် - မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ခဲ့သောကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ကြောင်း ကရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေး (ဗန်းမော်) ရုံးက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်း စစ်ရှောင်စခန်းတွင် မတ်လ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့် အချိန်က လေပြင်း ကျရောက်စဉ် စစ်ရှောင်စခန်း အတွင်းရှိ ယာယီရွက်ဖျင်တဲတစ်လုံး မီးလောင်ကျွမ်းခဲ့ရာ တဲအတွင်း အိပ်ပျော်လျက် ရှိသည့် စစ်ရှောင်မိသားစုသုံးဦးအနက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် မီးလောင် သေဆုံးခဲ့ကာ မိဘနှစ်ဦးမှာ မီးလောင်ဒဏ်ရာ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းရှိ မိုင်ဂျာယန် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရသည်ဟု ၎င်းကဆိုသည်။

“ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲပါ။ ဒုက္ခသည်တွေ နေထိုင်နေတဲ့တဲက မီးလောင်လွယ်လို့ မီးသတိထားဖို့အတွက် သတိပေးထားတယ်။ ရှိနေတဲ့တွေက မီးဘေး အန္တရာယ်အတွက် လုံးဝစိတ်မချရဘူး။ အခြား လုံခြုံစိတ်ချရတဲ့ နေအိမ်တွေနဲ့ အစားထိုးပေးဖို့ အရေးပေါ် လိုအပ်နေတယ်” ဟု ၎င်းကရှင်းပြသည်။

မီးလောင်မှုကြောင့် မိုင်ဂျာယန် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရသော စစ်ရှောင် မိသားစု နှစ်ဦးအတွက် ကရုဏာ (ဗန်းမော်) ရုံးက ဆေးဝါး ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက တပ်မတော်နှင့် ကေအိုင်အေတပ်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နမ်လင်းပါ စစ်ရှောင်စခန်းမှ ပြောင်းရွှေ့ခဲ့ရသည့် စစ်ရှောင် မိသားစုဝင်ဦးရေ ၁၂၀၀ ကျော် နေထိုင်လျက်ရှိသည့် နယ်စပ် စစ်ရှောင်စခန်းတစ်ခု ဖြစ်သည်။

The Voice Weekly
ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ် - မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ခဲ့သောကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ကြောင်း ကရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေး (ဗန်းမော်)ရုံးက ပြောရေးဆိုခွင့်ရှိသူက ပြော ကြားသည်။

ရုရှား သမ္မတ ပူတင် အပါအ၀င် ၂၀ ဦးကို အမေရိကန် ဒဏ်ခတ် အရေးယူ

Photo: ရုရှား သမ္မတ ပူတင် အပါအ၀င် ၂၀ ဦးကို အမေရိကန် ဒဏ်ခတ် အရေးယူ
့Friday, March 21, 2014
 
ယူကရိန်းနိုင်ငံ၏ ခရိုင်းမီးယား ဒေသအား ရုရှားနိုင်ငံက ၎င်း၏ နိုင်ငံနယ်နမိတ်အတွင်း ထည့်သွင်းလိုက်သောကြောင့် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က ရုရှားသမ္မတ မစ္စတာ ပူတင်နှင့် အနီးကပ် လူရင်းများကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်များ ချမှတ်လိုက်သည်။

ကျူးကျော် သိမ်းပိုက်မှုတွင် ပါဝင်ပတ်သက်နေသည့် လူပုဂ္ဂိုလ်တချို့နှင့် ဘဏ်တခုကို အရေးယူ ပိတ်ဆို့မှု စာရင်းအသစ်တွင် ထပ်မံဖြည့် စွက်ကြောင်း အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားက ကြေညာလိုက်သည်။

ခရိုင်းမီးယား ဒေသကို ရုရှားက ကျူးကျော် သိမ်းပိုက်မှုကြောင့် ရုရှား ခေါင်းဆောင်များ၊ ခရိုင်းမီးယား ခေါင်းဆောင် တချို့နှင့် စီးပွားရေး လုပ်ငန်းရှင် တချို့ အပါအ၀င် စုစုပေါင်း ၂၀ ဦးကို ဒဏ်ခတ် အရေးယူကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာခြင်း ဖြစ်သည်။

အမေရိကန်၏ ဒဏ်ခတ် အရေးယူခံရသူ လူ ၂၀ ဦးသည် ရုရှား သမ္မတ မစ္စတာ ပူတင်နှင့် နီးစပ်သူများ ဖြစ်ကြောင်းနှင့်
ရုရှား၏ ထိပ်တန်း ချမ်းသာသူများ ပါဝင်သကဲ့သို့ ရုရှား သမ္မတရုံး တာဝန်ခံ မစ္စတာ Sergei Ivanov လည်း ပါဝင်ပြီး၊ အရေးယူမှု စာရင်းတွင် ဘဏ်တခုလည်း ပါဝင်သည်ဟု NBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အမေရိကန်က ရုရှား အရာရှိများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ဒဏ်ခတ် အရေးယူလိုက်ခြင်းသည် ရုရှားနိုင်ငံ သာမက ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်နိုင်သည့် အနေအထား ရှိသော်လည်း၊ ရုရှား အနေဖြင့် ဆက်လက် လုပ်ဆောင်နေပါက နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ဘေးဖယ်ခြင်း ခံထားရမည် ဆိုသည်ကို သိစေရေးအတွက် အရေးယူခြင်း ဖြစ်သည်ဟု အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောသည်။

အမေရိကန် ဒဏ်ခတ်မှုကို တုံပြန်သည့် အနေဖြင့် ရုရှား နိုင်ငံခြားရေး ၀န်ကြီးက ရီပတ်ဘလီကန် ပါတီ အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်း၊ ရီပတ်ပလီကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဂျွန် ဘိုနားနှင့် ဒီမိုကရက်တစ် အထက်လွှတ်တော် လူများစု အမတ် ဟယ်ရီ ရိဒ်တို့ အပါအ၀င် အမေရိကန် အရာရှိ ၉ ဦးကို အရေးယူ ဒဏ်ခတ်သည့် ထုတ်ပြန်ချက်ကို ယမန်နေ့ က ကြေညာသည်။

ယင်းအပြင် အမေရိကန်က နောက်ထပ် ရုရှ ၁၂ ဦး၏ အမည်များကို စီးပွားရေး ကိစ္စများနှင့် ပတ်သက်ပြီး ထပ်မံ ဒဏ်ခတ် ဖြည့်စွက်သွားရန် ရှိသည်ဟု NBC သတင်းတရပ်တွင် ဖော်ပြသည်။

ဥရောပသမဂ္ဂ နိုင်ငံခေါင်းဆောင်များက ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသအား ရုရှားနယ်မြေအဖြစ်  သွတ်သွင်းမှုနှင့် ပတ်သက်သည့် ရုရှား အရာရှိများ အပါအ၀င် ဆက်နွှယ်သူ ခရိုင်းမီးယား ခေါင်းဆောင် စုစုပေါင်း ၃၃ ဦးအား ဥရောပ သမဂ္ဂ၏ အမည်ပျက်စာရင်းတွင် ထည့်သွင်းကြောင်း ယမန်နေ့က ကြေညာသည်။

ခရိုင်းမီးယား ပြဿနာ အဖြေရှာရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့တွင် ဥရောပသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံလျက်ရှိပြီး၊ နိုင်ငံပေါင်း ၂၈ နိုင်ငံ စုဖွဲ့ထားသည့် ဥရောပ နိုင်ငံများက ရုရှားနှင့် ရုရှားအား ထောက်ခံသည့် ခရိုင်းမီးယား အရာရှိ ၂၀ ကျော်ကို ခရီးသွားလာခွင့် အပါအ၀င် ပိုင်ဆိုင်မှုများ ထိန်းချုပ်သည့် ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းသွင်းရန် တိုင်ပင် ဆွေးနွေးလျှက် ရှိကြောင်း AP သတင်း တပုဒ်တွင် ဖော်ပြထားသည်။

ဥရောပ ခေါင်းဆောင်များက လာမည့် ဇွန်လလယ်တွင် ကျင်းပမည့် ရုရှား-ဥရောပသမဂ္ဂ ဆွေးနွေးပွဲ လုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ကြောင်း ယမန်နေ့က ကြေညာသည်။

ယူကရိန်း ၀န်ကြီးချုပ် ယခင် သီတင်းပတ်က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်သို့ လာရောက်သည့် ကာလအတွင်း ယူကရိန်း အစိုးရ အနေဖြင့် အမေရိကန်၏ စစ်ရေး အကူအညီကို အရေးတကြီး လိုအပ်ကြောင်း မေတ္တာ ရပ်ခံခဲ့သည်။ သို့သော်လည်း ပင်တဂွန်က အဆိုပါ အကူအညီတောင်းခံမှုကို ပယ်ချခဲ့သည်။

အမေရိကန်သည် သူ၏ လမ်းစဉ်အတိုင်း ယူကရိန်းနိုင်ငံ ကျူးကျော်သိမ်းပိုက်ခံရမှုနှင့် ပတ်သက်၍ စားသောက်စရာနှင့် လူမှုကိစ္စများကိုသာ ယူကရိန်းအား အမေရိကန်ဘက်က ကူညီ ထောက်ပံ့နိုင်ကြောင်း The Denver Post မှ သတင်းသုံးသပ်သူ တဦးက ဆိုသည်။

ရုရှား သမ္မတ ပူတင်သည် ထောင်နှင့် ချီသည့် ရုရှား ခြေလျင်၊ ခြေမြန် စစ်တပ်များ၊ အမြောက်နှင့် တင့်ကားတပ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ယူကရိန်း နယ်စပ်သို့ စေလွတ်ခဲ့သည်။

ယခုအခါ ခရိုင်းမီးယားဒေသရှိ ယူကရိန်း စစ်အခြေစိုက် စခန်းကိုလည်း ရုရှားစစ်တပ်များက ၀င်ရောက်သိမ်းပိုက်ကာ ယူကရိန်း အလံတော်နှင့် နိုင်ငံတော် သင်္ကေတ အမှတ်တံဆိပ်များကို ဖယ်ရှားပြီး ရုရှား အလံများ လွှင့်ထူထား လိုက်သည်။

ယခုကဲ့သို့ ခရိုင်းမီးယားပြဿနာ ဖြစ်ပွားနေချိန် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကလည်း နိုင်ငံတနိုင်ငံ ပျက်စီးမည့်အရေး အမေရိကန်အစိုးအနေဖြင့် လက်မခံနိုင်ကြောင်း ပြောထားသည်။

၂၁ ရာစုတွင် ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံ နယ်နိမိတ်အတွင်း ထည့်သွင်းလိုက်သည့် နိုင်ငံရေး၊ စစ်ရေး တင်းမာမှုပြဿနာသည် မြန်မာအပါအ၀င် နိုင်ငံတကာရှိ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်၊ နိုင်ငံလုံခြုံရေး ကိစ္စများအတွက် အထူးစိုးရိမ်ပူပန်စရာအဖြစ် သုံးသပ်မှုများ ယခင်ကထက် ပိုမိုကျယ်လောက်လာလျက်ရှိသည်။

ဧရာဝတီ

မတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့လယ်ရှိ ရင်ပြင်နီတွင် မိန့်ခွန်းပြောနေသော ရုရှား သမ္မတ ဗလာဒီမာ ပူတင် (ဓာတ်ပုံ – Reuters)
မတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့လယ်ရှိ ရင်ပြင်နီတွင် မိန့်ခွန်းပြောနေသော ရုရှား သမ္မတ ဗလာဒီမာ ပူတင် (ဓာတ်ပုံ – Reuters)
ယူကရိန်းနိုင်ငံ၏ ခရိုင်းမီးယား ဒေသအား ရုရှားနိုင်ငံက ၎င်း၏ နိုင်ငံနယ်နမိတ်အတွင်း ထည့် သွင်းလိုက်သောကြောင့် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က ရုရှားသမ္မတ မစ္စတာ ပူတင်နှင့် အနီးကပ် လူရင်းများကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်များ ချမှတ်လိုက်သည်။

ဦးတေဇကို အမေရိကန်၂ဦးက စူပါ ပါဝါသုံးပြီး ၃နိုင်ငံမှာ တရားစွဲဆို

Photo: ဦးတေဇကို အမေရိကန်၂ဦးက စူပါ ပါဝါသုံးပြီး ၃နိုင်ငံမှာ တရားစွဲဆို
Friday, March 21, 2014

အဲပုဂံ၊ ထူးကုမ္ပဏီများနဲ့ ဦးတေဇကို အမေရိကန်၂ဦးက အမေရိကန်နိုင်ငံရဲ့ စူပါ ပါဝါကို အသုံးချပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ မမှန်ကန်တဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲထားကြောင်း ဦးတေဇက သူ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

Mr. Allan Lokos နဲ့ Mrs. Susanna Weiss တို့ဟာ အဲပုဂံလေယာဉ် XY-AGC ကချင်ပြည်နယ် ခရီးစဉ်အသွား ပျက်ကျမှုမှာ ပါဝင်ခဲ့တဲ့ ခရီးသည်၂ဦး ဖြစ်ကြောင်း၊ ထိခိုက်နစ်နာခဲ့ရမှုများအတွက် နိုင်ငံတကာ စံညွှန်းများနဲ့အညီ အာမခံကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ခရီးသည်များဘက်က ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း၊ 

ဒါပေမယ့် အမေရိကန်နိုင်ငံသားနှစ်ဦးက အကြိမ်ကြိမ် ခြိမ်းခြောက်မှုဆန်တဲ့ ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ "Super Power" ကိုအသုံးချကာ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေး တောင်းခံတယ်လို့ သိရပါတယ်။ 

အခုအခါ နိုင်ငံ၃နိုင်ငံက တရားရုံး (၃)ခုမှာ သူ့ကို တရားစွဲဆိုထားတာကို ရှောင်ပုန်းနေမှာ မဟုတ်ပဲ အမှန်တရား အတွက် မြန်မာနိုင်ငံသားတစ်ဦးပီသစွာ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ဦးတေဇက ဆိုပါတယ်။ 

ဒါဟာ ထူးစီးပွားရေးကို ထူထောင်လာတာ ၂၅နှစ်အတွင်း ပထမဆုံး ကြုံတွေ့ရတဲ့ တရားစွဲဆိုမှုလို့ သိရပါတယ်။

DVB TV News
အဲပုဂံ၊ ထူးကုမ္ပဏီများနဲ့ ဦးတေဇကို အမေရိကန်၂ဦးက အမေရိကန်နိုင်ငံရဲ့ စူပါ ပါဝါကို အသုံးချပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ မမှန်ကန်တဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲထားကြောင်း ဦးတေဇက သူ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

ဗီယက်နမ်မှာ ရေကြီးနေလို့ မိဘတွေက ကလေးတွေကို ပလတ်စတစ်အိတ်ထဲထည့်၊ မြစ်ကိုဖြတ်ကူးပြီး ကျောင်းလိုက်ပို့ 

Photo
လတ်တလော ဗီယက်နမ်နိုင်ငံဒေသတစ်ချို့ မှာ ရေကြီးနေတဲ့အတွက် ဗီယက်နမ်တောရွာ တစ် ရွာက မိဘတွေဟာ သူတို့ ရဲ့ ကလေးတွေကို ပလတ်စတစ်အိတ်ထဲထည့်ကာ မြစ် ကိုဖြတ်ကူးပြီး ကျောင်းလိုက်ပို့ နေရပါတယ်။

ရန်ကုန်တွင် ဖမ်းဆီးခြင်းကြောင့် နယ်လိုင်စင် အငှားယာဉ်များ ဈေးနှုန်းနှင့် အရောင်းအဝယ်ကျဆင်း

Photo: ရန်ကုန်တွင် ဖမ်းဆီးခြင်းကြောင့် နယ်လိုင်စင် အငှားယာဉ်များ ဈေးနှုန်းနှင့် အရောင်းအဝယ်ကျဆင်း
Friday, March 21, 2014

ရန်ကုန်မြို့တွင်း နယ်လိုင်စင်များဖြင့် မောင်းနှင်လျက်ရှိသော အငှားယာဉ် (TAXI) များကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးလျက် ရှိခြင်းကြောင့် နယ်လိုင်စင် ဝင်ထားသော အငှားယာဉ်များ ဈေးနှုန်းရော အရောင်းအဝယ်ပါ ကျဆင်းနေကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်များ ဖမ်းဆီး စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ နောက်ဆုံးပတ် အတွင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖမ်းဆီးခြင်းကြောင့် နယ်လိုင်စင် အငှားယာဉ် တစ်စီးလျှင် ကျပ်သိန်း ၂၀ ခန့်အထိ ဈေးနှုန်း ကျဆင်းကြောင်း အငှားယာဉ် ဈေးကွက်အတွင်းထံမှ သိရသည်။
“တကယ်တော့ နယ်လိုင်စင်နဲ့ လုပ်ငန်းလုပ်ရင် ဖမ်းဆီးမယ်လို့ ဥပဒေလည်း မရှိသေးပါဘူး။ နောက်ပြီးသူတို့ (ယာဉ်ထိန်းရဲတပ်ဖွဲ့) လည်း ဖမ်းဆီးခွင့် မရှိပါဘူး” ဟု ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်ဝယ်ရောင်း ဦးသူရိန်က ပြောကြားသည်။

ဖေဖော်ဝါရီလအတွင်းက နယ်လိုင်စင် အငှားယာဉ် အေဒီဗင် (၂၀၀၈-၀၉ မော်ဒယ်လ်) နံပါတ်အသစ် တစ်စီးလျှင် ကျပ်သိန်း ၉၀ ခန့် ဈေးပေါက်ခဲ့သော်လည်း ယခုအခါ ကျပ် ၆၅ သိန်းခန့်သာ ဈေးရှိတော့ကြောင်း အငှားယာဉ် ရောင်းဝယ်သူ အချို့ထံမှ သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့က နယ်လုပ်ငန်းလိုင်စင်ဖြင့် မောင်းနှင်သည်ဟုဆိုကာ ဖမ်းဆီးခြင်း ဖြစ်သော်လည်း ဒဏ်ငွေ ပေးဆောင်ရာတွင် ယာဉ်မောင်းလိုင်စင်မဲ့ (၁၅/၆၄ ပုဒ်မ) ဖြင့် အရေးယူခြင်း ဖြစ်ကြောင်း ရတနာရွှေပြည် အငှားယာဉ်လုပ်ငန်းထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တွင်း နယ်လိုင်စင်များဖြင့် မောင်းနှင်လျက်ရှိသော အငှားယာဉ် (TAXI) များကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးလျက် ရှိခြင်းကြောင့် နယ်လိုင်စင် ဝင်ထားသော အငှားယာဉ်များ ဈေးနှုန်းရော အရောင်းအဝယ်ပါ ကျဆင်းနေကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

ပါကစ္စတန်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ကွာလာ လမ်ပူလေဆိပ် သို့ အရေးပေါ်ပြန်လည်ဆင်းသက်

Photo: ပါကစ္စတန်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ကွာလာ လမ်ပူလေဆိပ် သို့ အရေးပေါ်ပြန်လည်ဆင်းသက်
Friday, March 21, 2014

ပါကစ္စတန်နိုင်ငံ ပန်ချပ်ပြည်နယ် လာဟိုးမြို့သို့ဦးတည်ပျံသန်းနေသည့် ပါကစ္စတန်လေကြောင်းလိုင်းပိုင် Airbus A310-300 အမျိုးအစားခရီးသည် တင်လေ.ာဉ်တစ်စီးသည် ကွာလာလမ်ပူလေဆိပ်သို့ အင်ဂျင်တစ်လုံး မီးလောင်၍ ပြန်လည်ဆင်းသက်ခဲ့ရပုံကို ပါကစ္စတန် တီဗီက ထုတ်လွှင့်ပြသ ခဲ့သည်။

 ၆၅ မိနစ်ကြာလေထဲတွင် ပျံသန်းပြီး ကောင်းမွန်ချောမွေ့စွာ ပြန်လည်ဆင်းသက်နိုင်ကာ အင်ဂျင်မှာမီးလောင်ခြင်းမရှိပဲ သာမန် နည်းပညာပြဿနာ အချို့ကြောင့်သာဖြစ်ကြောင်း ပါကစ္စတန်လေကြောင်းမှ ယနေ့ 
နေ့လည် ၃ နာရီတွင် ပြည်လည်ကြေငြာခဲ့သည်။ 

LYT (Photo - Reuters)
Popular Myanmar News Journal
ပါကစ္စတန်နိုင်ငံ ပန်ချပ်ပြည်နယ် လာဟိုးမြို့သို့ဦးတည်ပျံသန်းနေသည့် ပါကစ္စတန်လေကြောင်း လိုင်းပိုင် Airbus A310-300 အမျိုးအစားခရီးသည် တင်လေ.ာဉ်တစ်စီးသည် ကွာလာ လမ်ပူလေဆိပ် သို့ အင်ဂျင်တစ်လုံး မီးလောင်၍ ပြန်လည်ဆင်းသက်ခဲ့ရပုံကို ပါကစ္စတန် တီဗီက ထုတ်လွှင့်ပြသ ခဲ့သည်။

ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့

Photo: ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့
Friday, March 21, 2014

စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုးတစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

၂၁.၃.၂၀၁၄ ရက်ေ မနက် ၉ နာရီ ၁၀ မိနစ်အချိန်က တောင်ငူမြို့ ၁၈ ရပ်ကွက် ရန်ကုန် မန္တလေးကားလမ်းမ အနောက်ဘက်ခြမ်းရှိ ရွက်သစ်ဝေေ၀ စားသောက်ဆိုင်ရှေ့မှာ စားပွဲထိုးဖြစ်သူကိုမျိုး ခေါ် မျိုးမင်းလှိုင် (၂၁ နှစ်)ဟာ စုဆောင်းအပ်နှံထားတဲ့ငွေကို ဆိုင်ရှင်ထံက ပြန်လည် ထုတ်ယူရန် ပြောဆိုတဲ့ကိစ္စ အဆင်မပြေမှုနှင့် ပတ်သက်ကာ ဆိုင်ရှေ့ရှိမြေကွက်လပ်မှာ အိပ်ရာအခင်းကိုခင်းထိုင်ပြီး ဓာတ်ဆီ ၁ လီတာ သူ့ကိုယ်ပေါ်ကိုလောင်းချ မီးရှို့ခဲ့လို့ အနီးပတ်ဝန်းကျင်ရှိ လူတွေက ၀ိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရပါတယ်။ 

မီးလောင်မှုကြောင့် ကိုမျိုးမှာ တကိုယ်လုံး အရေပြားမီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၉ နာရီခွဲအချိန်မှာ တောင်ငူဆေးရုံကို တင်ပို့ကုသထားပါတယ်။ အခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့မရဲစခန်းက (ပ)၈၅/၂၀၁၄ ပုဒ်မ ၃၀၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)

DVB
သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုး တစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့ က ဖြစ်ပွားခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် အရက်၊ ဘီယာရောင်းချသည့်ဆိုင် ၄၁ ဆိုင်ကို အရေးယူ

Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် အရက်၊ ဘီယာရောင်းချသည့်ဆိုင် ၄၁ ဆိုင်ကို အရေးယူ
Friday, March 21, 2014

မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ်များအလိုက် ဖြေဆိုပြီးသည့် နောက်ဆုံး ရက်များဖြစ်သော မတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့အတွင်း အရက်၊ ဘီယာ ရောင်းချရန် တားမြစ်ထားရာ မတ်လ ၁၉ ရက် ညပိုင်းအချိန်တွင် အဆိုပါ အရက်၊ ဘီယာရောင်းချသည့် ဆိုင် ၄၁ ဆိုင်ကို ယစ်မျိုးဥပဒေအရ အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

တားမြစ်ထားသည့်နေ့တွင် ရောင်းချသည့် အရောင်းဆိုင် ၄၁ ဆိုင်ကို ယစ်မျိုး ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အရေးယူထားရာ အဆိုပါ ပုဒ်မအရ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ငွေဒဏ် တစ်ထောင်ကျပ် ချမှတ်ခံရမည် ဖြစ်ပြီး ငွေဒဏ် မဆောင်ပါက ထောင်ဒဏ်တစ်လ ကျခံရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ နောက်ဆုံးနေ့ ညပိုင်းတွင် စားသောက်ဆိုင်များ အရက်၊ ဘီယာရောင်းချခွင့် မပြုခဲ့သည့်အတွက် နယ်မြေရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဖြင့် ဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်ကြီးများနှင့် စတိုးဆိုင် အချို့တွင် အရက်၊ ဘီယာများ ရောင်းချနေသဖြင့် ယင်းဆိုင်များကို ဖမ်းဆီး အရေးယူခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုဖမ်းဆီးရမိတဲ့အထဲမှာ ဘီယာရောင်းတဲ့ ဆိုင်သေးတွေလည်း ပါတယ်၊ စတိုးဆိုင်တွေလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်ရှိ စင်ကာပူ စားဆောက်ဆိုင်သို့ နယ်မြေရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် စစ်ဆေးရာ မြန်မာနိုင်ငံတွင် ချက်လုပ်သော ဘီယာများကို ဆိုင်ဖွင့်လှစ်၍ လက်လီ လက်ကားရောင်းချခွင့် လိုင်စင်မရှိဘဲ အနီရောင် တံဆိပ်ကပ်လျက် SPY WINE ပုလင်းနှင့် ဝိုင် ၁၄ ပုလင်းတို့ကို ရောင်းချနေကြောင်း တွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းပြီး ချမ်းအေးသာစံ မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၂၁၉/၂၀၁၄၊ ယစ်မျိုး ၃၀(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

“အဲဒီနေ့ညက ကျွန်တော်တို့ လုံးဝ တပ်ပျက်တဲ့နေ့ပဲ။ ဘယ်ပြေးလို့ ပြေးရမှန်းကို မသိဘူး။ တစ်မြို့လုံး လိုက်ရှာတာ ဆိုင်တွေ အကုန်ပိတ်တယ်၊ အဲ့ဒါနဲ့ စတိုးဆိုင်ကိုပဲ သွားဝယ်ရတယ်။ ဘီယာဆိုင်တွေမှာကျတော့ အရက်၊ ဘီယာ မရောင်းဘဲ အကင်ရောင်းတယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် နေ့စဉ် အရက်၊ ဘီယာ သောက်သုံးသူ ဦးစည်သူက ဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန် ကာလအတွင်း ကျောင်းသားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေရန်နှင့် မှုခင်းမဖြစ်စေရန် ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကေတီဗီများ၊ စင်တင် တေးဂီတများနှင့်အတူ အရက်၊ ဘီယာဆိုင်များပါ ပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရက် ဘီယာဆိုင်တွေကို ၁၉၊ ၂၀၊ ၂၁ ရက်တွေ ပိတ်ရမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့ကလည်း မဖွင့်ဘူး။ တချို့ဆိုင်တွေက အထဲမှာတော့ ရောင်းပေးတာတွေ ရှိတယ်” ဟု အောင်မြေသာစံမြို့နယ်ရှိ BEER GARDEN အရက်ဘီယာ အရောင်းဆိုင် တာဝန်ခံက ဆိုသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုသည့် မတ်လ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အတွင်းတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကေတီဗီများ၊ စင်တင်တေးဂီတများ ပိတ်သိမ်းထားရမည် ဖြစ်ပြီး အရက်၊ ဘီယာဆိုင်များသည် စာမေးပွဲနောက်ဆုံး ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ပိတ်သိမ်းထားရန် အရောင်းဆိုင်များသို့ သတိပေးစာ ပေးခဲ့ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါနေ့တွင် မှုခင်းကြိုတင် ကာကွယ်ရန်အတွက် ပြည့်တန်ဆာ ဖမ်းဆီးမှုလေးမှု၊ ပြစ်မှုကျူးလွန်ခဲ့သည်ဟု သင်္ကာမကင်းဖြစ်မှု ကျင့် ၅၄ (၄)မှု တစ်မှု၊ ရဲအက် ၅၆ မှု၊ အသက် အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်ကိုင်ဆောင်မှု တစ်မှုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ သိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ်များအလိုက် ဖြေဆိုပြီး သည့် နောက်ဆုံး ရက်များဖြစ်သော မတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့အတွင်း အရက်၊ ဘီယာ ရောင်းချရန် တားမြစ်ထားရာ မတ်လ ၁၉ ရက် ညပိုင်းအချိန်တွင် အဆိုပါ အရက်၊ ဘီယာရောင်း ချသည့် ဆိုင် ၄၁ ဆိုင်ကို ယစ်မျိုးဥပဒေအရ အရေးယူခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်း ၉၀၀ ကျော် အလွဲသုံးစားလုပ်ဟု အမှုဖွင့်

ကုန်ပစ်္စည်းတန်ဖိုးငွေကျပ် သိန်း ၉၀၀ ကျော်ကို ကိုယ်ကျိုးအတွက် သုံးစွဲပစ်ကြ သည်ဟု ကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးက အမှုဖွင့်တိုင်တန်း လိုက်သဖြင့် မင်္ဂလာဒုံ မြို့နယ်၊ ထောက် ကြန့် နယ်မြေရဲစခန်းက မတ်လ ၁၉ တွင် အမှုဖွင့်စစ်ဆေးနေသည်။

ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ရှီကျင့်ပင်နှင့်အိုဘားမား နယ်သာလန် တွင် တွေ့ဆုံဆွေးနွေးမည်

နယ်သာလန်နိုင်ငံ၌ ပြုလုပ်မည့် နျူက လီးယားလုံခြုံရေး ထိပ်သီးညီလာခံ အစည်း အဝေးတွင် တရုတ်သမ္မတ ရှီကျင့်ပင်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီူးင သြေိသညါာ က တနင်္လာနေ့တွင် ထုတ်ေ ဖ်ာပြော ဆို ခဲ့သည်။

ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ကျပ် ၁၀ ဘီလီယံကျော်သုံးစွဲ

Photo: ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ကျပ် ၁၀ ဘီလီယံကျော်သုံးစွဲ
Friday, March 21, 2014

ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။

ယင်းတို့အနက် အမေရိကန်ဒေါ်လာ ၁၇ သန်း (ယွမ်ငွေ ၁၀၂ သန်း) ကို တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အဆိုပါ အားကစားပြိုင်ပွဲကြီး၏ ကုန်ကျစရိတ်များကို ထုတ်ပြန်ပေးရန်ရှိ မရှိကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေဆိုခြင်း ဖြစ်သည်။

ယင်းအပြင် အားကစားနည်း ၁၁ မျိုးအတွက် လေ့ကျင့်ရေး ပစ္စည်းများနှင့် နည်းပြဆရာ ၂၆ ဦးတို့ကို မြန်မာနိုင်ငံသို့ တစ်နှစ်ကြာ စေလွှတ်ပေးခြင်း၊ မြန်မာ့ အားကစားသမား ၁၇၆ ဦးကို တရုတ်နိုင်ငံသို့ သုံးလကြာ စေလွှတ်လေ့ကျင့်မှုများ၊ ပြိုင်ပွဲ စီမံခန့်ခွဲမှုစနစ် Game Management System နည်းပညာ များနှင့် ပြိုင်ပွဲသုံး အားကစားနည်း ၁၄ မျိုး၏ အထောက်အကူပြု ပစ္စည်းများအတွက် စုစုပေါင်း ယွမ်ငွေ ၁၀၉ ဒသမ ၄၃ သန်းကို တရုတ်နိုင်ငံက ကူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွင့်ပွဲ၊ ပိတ်ပွဲ အပါအဝင် အခြားကဏ္ဍများအတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ ကူညီငွေသည် ယွမ်ငွေ ၂၁၁ ဒသမ ၄၃ သန်း (အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၂၃၈ သန်း) ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါ ငွေများမှာ ချေးငွေသဘော မဟုတ်ဘဲ နှစ်နိုင်ငံ အကြီးအကဲများ၏ ညှိနှိုင်းဆွေးမှုများအရ ကူညီ ထောက်ပံ့မှု သက်သက်သာ ဖြစ်ကြောင်း ဦးသောင်းထိုက်က ဆိုသည်။

ယင်းအပြင် ဖွင့်ပွဲ၊ ပိတ်ပွဲ အပါအဝင် ပြိုင်ပွဲ တစ်ခုလုံးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျပ် ၃၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၁၂ သန်းခန့်၊ ကနေဒါဒေါ်လာ ၄၆၀၀ နှင့် စင်ကာပူဒေါ်လာ ခုနစ်သောင်း သုံးစွဲခဲ့ကြောင်း၊ ယင်းကုန်ကျစရိတ်သည် အားကစား ပွဲတော်အတွက် အခြားဝန်ကြီးဌာန အသီးသီး၏ ကုန်ကျစရိတ် များကိုပါ ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း ဦးသောင်းထိုက်က ရှင်းလင်း တင်ပြသည်။

အဆိုပါ သုံးစွဲငွေများကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်နှင့် ၂၁၀၃-၁၄ ဘဏ္ဍာနှစ်များတွင် သုံးစွဲခဲ့ပြီး နိုင်ငံတော်၏ GDP အချိုး၏ ၀ ဒသမ ၀၇၈၂ ရာခိုင်နှုန်း ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ၄၄ နှစ်အကြာမှ ပြန်လည် ကျင်းပနိုင်ခဲ့သည့် အဆိုပါ အားကစားပြိုင်ပွဲကို အားကစားနည်း ၃၃ မျိုးဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် ကမ်းခြေတို့တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေးတံဆိပ် ၈၅ ခုရရှိခဲ့ကာ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုတွင် ဒုတိယနေရာ ရရှိခဲ့သည်။

The Voice Weekly
ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားအတွက် အမေရိ ကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။

လာမည့် ASCC အစည်းအဝေးတွင် နေပြည်တော်ကြေညာ စာတမ်းတစ်စောင် တင်ပြသွားမည်

လာမည့် ဧပြီ ၄ ရက်တွင် ပြုလုပ်မည့် (၁၂)ကြိမ်မြောက် အာဆီယံလူမှုရေး၊ ယဉ်ကျေးမှု အသိုက်အဝန်း (ASCC)အစည်း အဝေးပွဲတွင် 'နေပြည်တော် ကြေညာစာတမ်း' တစ်စောင်ရေး သား ပြုစုကာ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ASCC မှ အတွင်းရေး မှူး တာဝန် ယူဆောင်ရွက်နေသော ဒေါ်နန္ဒာမွှန်းကပြောကြားသည်။

ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဆာရင်းနိုက်ကို တရားဝင် သုံးစွဲခွင့်ပြုသင့်ဟုဆို

Photo: ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဆာရင်းနိုက်ကို တရားဝင် သုံးစွဲခွင့်ပြုသင့်ဟုဆို
Friday, March 21, 2014

ရွှေတူးဖော်ရေးလုပ်ငန်းများ တွင် လက်ရှိအသုံးပြုနေသော ပြဒါးမှာ အန္တရာယ်များစွာရရှိနိုင် သောကြောင့် ဆာရင်းနိုက်အား တရားဝင်သုံးစွဲခွင့်ပြုသင့်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှအငြိမ်းစား ပညာရှင်တစ်ဦးကပြောသည်။ 

လက်ရှိရွှေတူးဖော်ရေးလုပ်ငန်း များတွင် ပြဒါးမှာ အလွယ်တကူ အသုံးပြုနိုင်ပြီး ဆာရင်းနိုက်မှာ အစိုးရရွှေတူးဖော်ရေးလုပ်ငန်းများ တွင်သာ သုံးစွဲခွင့်ရကြောင်း ပြဒါး မှာအဆိပ်အန္တရာယ်ဖြစ်ပေါ်စေပြီး ချေဖျက်ရန် ခက်ခဲသည့်အတွက် ချေဖျက်ရန်လွယ်ကူသောဆာရင်းနိုက် သာ သုံးစွဲခွင့်ပြုသင့်ကြောင်း ၄င်း ကပြောသည်။ 

ပြဒါးကို ချေဖျက်ရန် ဆောင် ရွက်နိုင်မှုမရှိသည့်အတွက် ပြဒါး အရည်၊အငွေ့၊ အစိုင်အခဲများနှင့် ထိတွေ့မိသူများမှာရောဂါလက္ခဏာ မျိုးစုံဖြစ်ပွားနိုင်ပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)မှ ပြဒါးကင်းစင် သောနိုင်ငံများပေါ်ပေါက်ရန်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 
''နိုင်ငံတော်ရဲ့ သယံဇာတ တွေမပြုန်းတီးချင်ဘူး။ အခွန်အခ တွေရချင်တယ်ဆိုရင် ဆာရင်းနိုက် ကိုတရားဝင်သုံးခွင့်ပြုဖို့သင့်တယ်။ သုံးရင်လဲ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျသုံးသင့်တယ်။ မြန်မာ နိုင်ငံမှာအဆိပ်နဲ့ပတ်သက်တဲ့ဥပဒေ၊ ဓာတုဗေဒပစ္စည်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီးရှိတဲ့ ဥပဒေတွေကို စနစ်တကျ လိုက်နာ ကျင့်သုံးမယ်ဆိုရင်ရွှေထုတ်လုပ်မှု ကဒီထက်တိုးတက်လာမယ်''ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူး(ငြိမ်း) ဦးစိန်မြင့်က ပြောသည်။

လက်ရှိတွင်ဆာရင်းနိုက်ကို အစိုးရက တရားဝင်သုံးစွဲခွင့်မပြု သော်လည်းတရားမဝင်သုံးစွဲမှုများ ရှိနေကြောင်း၊ တရားဝင်သုံးစွဲပါက ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ ကို စနစ်တကျတားဆီးနိုင်သော် လည်း တရားမဝင်သုံးစွဲမှုများမှာ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ကို တားဆီးရန်ခက်ခဲသောကြောင့် တရားဝင်စနစ်တကျ သုံးစွဲခွင့်ပြု သင့်ကြောင်း ၄င်းကပြောသည်။ ဆာရင်နိုက်မှာ ပြဒါးကဲ့သို့ အချိန်ကြာမြင့်မှု မရှိဘဲ စားသုံးမိပါ က အသက်အန္တရာယ်ဖြစ်ပေါ်စေ နိုင်သော်လည်း စနစ်တကျသုံးစွဲ ပါက ရွှေအထွက်တိုးနိုင်ပြီး ရောဂါ များဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင် မည်ဖြစ်သည်။

ပြဒါးမှာ ပြုပြင်ပြောင်းလဲ၍ မရဘဲ လူ့ခန္ဓာကိုယ်၏ အရေပြား အတွင်းသို့ရောက်ရှိပါက အရေပြား ရောဂါများဖြစ်ပေါ်နိုင်ခြင်း၊အဆုတ် အတွင်းသို့ရောက်ရှိပါက အသက် ရှူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများဖြစ်ပွားခြင်း၊ အကြော ဆိုင်းခြင်း၊လေဖြတ်၊လေဖြန်းခြင်း၊ အမျိုးသမီးများ၏ ခန္ဓာကိုယ် အတွင်းသို့ရောက်ရှိပါကသားပျက် လျှောခြင်း၊ ကိုယ်အင်္ဂါမစုံသော ကလေးများ မွေးဖွားခြင်းစသည့် ရောဂါမျိုးစုံ ဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ သိရသည်။

The Union Daily
ရွှေတူးဖော်ရေးလုပ်ငန်းများ တွင် လက်ရှိအသုံးပြုနေသော ပြဒါးမှာ အန္တရာယ်များစွာရရှိနိုင် သောကြောင့် ဆာရင်းနိုက်အား တရားဝင်သုံးစွဲခွင့်ပြုသင့်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အငြိမ်းစား ပညာရှင်တစ်ဦးကပြောသည်။ 

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများအတွက် အိုင်တီ အခြေခံသင်တန်းသစ် ဖွင့်မည်

Myanmar WWW Institute (M3WI) သင်တန်းကျောင်းမှ အိုင်တီ အခြေခံသင်တန်း ဖြစ်သည့်ွှု IT Essentials သင်တန်းကို အခြေခံပညာ အထက်တန်း စာမေးပွဲ ဖြေဆိုပြီးသူများ အတွက် ဧပြီလ အတွင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ သင်တန်းထံမှ သိရသည်။