Sunday, 16 March 2014

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက် တရုတ်တောင်းဆို

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ ပိုပြီး တိကျ အသေးစိတ်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပေးဖို့ တရုတ်အစိုးရက မတ်လ ၁၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဥရောပသမဂ္ဂ ကုန်သွယ်ရေး အကြီးအကဲ မြန်မာသို့ ပထမဆုံး လာရောက်မည်

အရှေ့တောင်အာရှ နိုင်ငံများနှင့် ကုန်သွယ်မှု မြှင့်တင်ရန် ကြိုးပမ်းနေသော ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး ဆိုင်ရာ အကြီးအကဲ (Trade Commissioner) Mr. Karel De Gucht သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်သည်။

Saturday, 15 March 2014

MH-370 သည် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ဘက်သို့မောင်းနှင့်ခဲ့ဖွယ်ရှိ

MH-370 သည် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ဘက်သို့မောင်းနှင့်ခဲ့ဖွယ်ရှိ
==== === ==== ===

ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ ပိုမိုကျယ်ပျံ့ခဲ့ပြီးဖြစ်သည်။

မတ်လ ၈ ရက်နေ့က မလေးရှားစစ်ဘက်သုံး ရေဒါတစ်ခုမှ ဖမ်းယူရရှိခဲ့သော အတည်မပြုနိုင်သည့် လေယဉ်တစ်စင်းသည် မလေးရှားကျွန်းဆွယ်အနောက်ဘက်ပိုင်းမှတစ်ဆင့် ပျံသန်းခဲ့သည်ဟု ဆိုသည်။ 

ခန့်မှန်းလမ်းကြောင်းအရ လေယာဉ်ကိုထိန်းချုပ်ထားသူက မလေးရှားနိုင်ငံ၏ အနောက်မြောက်စွန်းစွန်း ကုန်းတွင်းပိုင်းဖြစ်သည့် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပနိုင်ငံသို့ ၀င်ရောက်နိုင်သည့်လမ်းကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ အနောက်မြောက်ဘက်စွန်းစွန်း တောင်ဘက် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ဟူသည့် လမ်းကြောင်းနှစ်မျိုးဖြင့် မောင်းနှင့်ခဲ့ဖွယ်ရှိသည်ဟု ယနေ့ရရှိလာသော ဂြိုလ်တု သတင်းအချက်အလက်များ၏ အကိုးအကားဖြင့် သိရသည်။ 

“အသစ်ထပ်မံရရှိလာသော သတင်းအချက်အလက်များအရ လက်ရှိအချိန်တွင် လေယာဉ်၏ တည်နေရာအတိအကျကို ဖော်ပြနိုင်ခြင်းမရှိသေးပေမယ့် ရှာဖွေရေးအစီအစဉ်များအတွက် အလွန်အထောက်အကူဖြစ်လာခဲ့ပါတယ်”ဟု ၀န်ကြီးချုပ်နာဂျစ်က ပြောကြားခဲ့သည်။

အောင်ဟိန်းခိုင်
ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ ပိုမိုကျယ်ပျံ့ခဲ့ပြီးဖြစ်သည်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်ကန့်ကွက်

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်ကန့်ကွက်

ရန်ကုန်၊ မတ် ၁၄

မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် ထုတ်ယူရေး ရေကာတာ စီမံကိန်းများ ရပ်ဆိုင်းရန် ဒေသခံများနှင့် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်တို့က ကန့်ကွက် လိုက်ကြောင်း မြန်မာ မြစ်ချောင်းများ ကွန်ရက်ထံမှ သိရသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူမည့် ကွမ်းလုံ၊ နောင်ဖ၊ တာဆန်း၊ မိုင်းတုံရွာသစ်နှင့် ဟတ်ကြီး ရေကာတာ စီမံကိန်းများ တည်ဆောက်ရန် အကောင်အထည် ဖော်နေခြင်းကို ရပ်ဆိုင်းပေးရန်အတွက် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းရှိ ဒေသခံများနှင့် အဖွဲ့အစည်း ၁၃၁ ဖွဲ့တို့က လက်မှတ် ရေးထိုးကာ ကန့်ကွက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောသာဘိုးက ပြောကြားသည်။

ရေကာတာ စီမံကိန်းများ အကောင်အထည် ဖော်လိုက်ပါက မြစ်အောက်ပိုင်း ရေစီးနှုန်း၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပြီး ရေကာတာ ပြိုကျပါက ဒေသခံ ကျေးရွာများ ရေနစ်မြုပ်မှုနှင့် တွေ့ကြုံရနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြ ပြောဆိုသည်။

အဆိုပါ ရေကာတာ စီမံကိန်းများကို မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က ပူးပေါင်း ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅,၀၀၀ ခန့် ထုတ်ယူမည် ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ လျှပ်စစ်ဓာတ်အား အဓိက တင်ပို့မည် ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် ထုတ်ယူရေး ရေကာတာ စီမံကိန်းများ ရပ်ဆိုင်းရန် ဒေသခံများနှင့် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်တို့က ကန့်ကွက် လိုက်ကြောင်း မြန်မာ မြစ်ချောင်းများ ကွန်ရက်ထံမှ သိရသည်။

Friday, 14 March 2014

မိုးကုတ်ရွှေဆိုင်ဓားပြမှု အသုံးပြု သေနတ်များ လက်နက်ကိုင် အဖွဲ့ တစ်ခုမှ ငှားရမ်း ခဲ့ခြင်းဖြစ်ဟုဆို

Photo: မိုးကုတ်ရွှေဆိုင်ဓားပြမှု အသုံးပြု သေနတ်များ လက်နက်ကိုင် အဖွဲ့ တစ်ခုမှ ငှားရမ်း ခဲ့ခြင်းဖြစ်ဟုဆို
Firday, March 14, 2014

မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရွှေဆိုင်နှစ်ဆိုင်သို့ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့ သည့် သေနတ်များမှာ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုမှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြစ်မှုကျူးလွန်သူများက ထွက်ဆို ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုအခါ ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယ ရှိသော မသင်္ကာဖွယ်ရာ လူ လေးဦးကို ဖမ်းဆီးရမိထားပြီး ၎င်းတို့ ကို စစ်ဆေး ရာတွင် ထွက်ဆိုချက်များ အရ ပြစ်မှုကျူးလွန်ခဲ့သည်ကို ၀န်ခံ ထွက်ဆိုထားကြောင်း၊ ပြစ်မှုကျူးလွန် စဉ်က စီးနင်းခဲ့သည့် ဆိုင်ကယ်များကို သိမ်းဆည်းရမိပြီးဖြစ်သော်လည်း အ သုံးပြုခဲ့သည့်သေနတ်များနှင့် လုယူ သွားသည့်ရွှေများကိုမူ ပြန်လည်မသိမ်း ဆည်းနိုင်သေးသောကြောင့် အမှုကို ခိုင်မာစွာတည်ဆောက်၍ တရားစွဲ ဆိုတင်ပို့နိုင်ရန်အတွက် အဓိကကျ သည့် သက်သေ ခံပစ္စည်းများကို ဆက် လက်ရှာဖွေလျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးဇော်မင်းဦးက ဒီမိုကရေစီ တူ ဒေးသို့ပြောသည်။

““အခုဖမ်းဆီးရမိထားတဲ့သူတွေ ရဲ့ ထွက်ဆိုချက်အရတော့ ပြစ်မှုကျူး လွန်ရာ မှာ သူတို့အပါအ၀င် ခုနစ်ဦး ဖြစ်ပြီး သေနတ်တွေကိုတော့ လက် နက်ကိုင်အဖွဲ့အစည်းတစ်ခုဆီကနေ ငှားလာတာလို့ သိရပါတယ်။ အခုလွတ် နေသေးတဲ့သူသုံးဦးကလဲ အဲဒီအဖွဲ့ အစည်းထဲကဖြစ်ပြီး လုယက်သွားတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ သေနတ်တွေ ကလဲ အဲဒီအဖွဲ့အစည်း ထဲမှာပဲရှိတယ် လို့ ပြောပါတယ် ။ လောလောဆယ် မှာ တော့ သက်သေခံပစ္စည်းအနေ နဲ့က တော့ ရွှေဆိုင်တစ်ဆိုင် ကိုရောင်းထား တဲ့လက်စွပ်နှစ်ကွင်းကို သွားရောက် သိမ်းဆည်းထားပြီး ဆိုင်ကနေ အရည် ကျိုထားတာကို တွေ့ရပါတယ်။ အခု လက်ရှိ အနေအထား အရတော့ အဲဒီ အဖွဲ့အစည်းထဲက သေနတ်တွေကို သက်သေခံပစ္စည်းအနေနဲ့ တောင်းဖို့ အတွက်ကတော့ အဆင်မပြေသေး တာကြောင့် အခုမိထားတဲ့သူတွေကိုပဲ အသေးစိတ်စစ်ဆေးမှုတွေ ထပ်လုပ် ဆောင်နေပါတယ်””ဟု ယင်းက ဆက် လက်ရှင်းပြသည်။

KSA [--Democracy today Daily Newspaper--]
မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရွှေဆိုင်နှစ်ဆိုင်သို့ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့ သည့် သေနတ်များ မှာ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုမှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြစ်မှုကျူးလွန်သူများက ထွက်ဆို ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန္တလေးတိုင်းဒေသ၀န်ကြီးချုပ်ယာဉ်တန်းကို လုပ်ကြံသူများအား ဆုငွေထုတ် ဖမ်းရန်စီစဉ်

ရန်ကုန်၊ မတ် ၁၃ - မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ယာဉ်တန်းကို ဆွဲမိုင်းဖြင့် တိုက်ခိုက်လုပ်ကြံသူများ ကို ဆုငွေထုတ်ကာ ပြည်သူများ၏အ ကူအညီဖြင့် ဖမ်းဆီးနိုင်ရန်စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိကြီးတစ်ဦးက ဒီမိုကရေစီတူဒေး သို့ ပြောကြားသည်။

တပ်သားသစ် စုဆောင်းရေး KIA ပြန်လည်ပြုလုပ်နေ

Photo: တပ်သားသစ် စုဆောင်းရေး KIA ပြန်လည်ပြုလုပ်နေ
Firday, March 14, 2014

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)အတွင်း KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရှမ်းမျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများကို တပ်သားသစ် စုဆောင်းရေး ဆက်တိုက်ဆိုသလို ပြန်လည်ပြုလုပ်နေပြန်တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက ဆိုပါတယ်။

၂၀၁၄ ၊ မတ်လ ၉ ရက်၊ တနင်္ဂနွေနေ့ နေ့လည် (၂)နာရီအချိန် နိုင်စင်ရွာ တယန်စွပ်ရွှေမော် အရှေ့ဘက်ကမ်းတွင် ရွှေကျင်လုပ်သားအဖြစ် လုပ်ကိုင်နေကြတဲ့ မိုးကောင်းမြို့နယ်၊ နမ္မတီး - မြို့သစ်ကြီးကျေးရွာက ဝေလင်းဦး၊ အောင်မျိုးလွင်၊ ကိုရှိုင်း စတဲ့ ရှမ်းလူငယ် (၄)ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးကို KIA ယူနစ်ဖောင်းများ ၀တ်ဆင်ထားသော ရင်း(၄) တပ်ခွဲ(၄)မှ ဗိုလ်ကြီးအောင်မိုင်နှင့် (၉)ဦးပါအဖွဲ့သည် လက်နက်ကိုယ်စီ ကိုင်ဆောင်လျက် မူးယစ်ဆေးဝါး သုံးစွဲမှုရှိမရှိ ဆီးစစ်ရန် အကြောင်းပြ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်၊ မတ်လ (၁၀) ရက်နေ့တွင် ရင်း(၄)ကို လိုက်သွားပြီး ဒုတပ်ရင်းမှူးနဲ့ တွေ့တော့ ကလေးတွေ မရောက်ဘူးပြောလို့ ပြန်လာခဲ့ပါတယ်။ (၁၂) ရက်နေ့ တစ်ခါပြန်သွားတော့ ရင်း(၄) KIA ရုံးအုပ်က တပ်မဟာ(၁)ကို စစ်သင်တန်းတက်ဖို့ ပို့လိုက်ပြီဖြစ်ကြောင်း ပြောတယ်လို့ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပင်လုံအုပ်စု မော်ဟဲရွာမှ တယန်စွပ်မှော်တွင် ရွှေကျင်လုပ်ငန်း လုပ်ကိုင်နေသူ ကျင်းပိုင်းရှင် ဦးဝင်းသိန်းက ပြောဆိုပါတယ်။

“အခု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကိုလည်း အသိပေး တိုင်ကြားပြီး အကူအညီတောင်းထားပါတယ်။ ဆက်လက်ပြီး (စ.အ.ဖ)နှင့် သက်ဆိုင်ရာကိုလည်း တိုင်ကြားသွားမယ်၊ ကျွန်တော့်ကလေးတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါလို့လည်း KIA ကို တောင်းဆိုချင်ပါတယ်” လို့ ရွှေကျင်းပိုင်ရှင် ဦးဝင်းသိန်းက ဆက်လက်ပြောဆိုပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းကတော့ “အလိုမတူပဲ ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ရှေ့တန်းမှာ သေခိုင်းမဲ့ကိစ္စ ကျွန်တော်တို့ ဘယ်လိုသဘောတူပေးမလဲ၊ အဲဒါ ပြောတာကတော့ လိုင်ဇာကနေ လက်နက် (၃၀၀)လောက် ပို့လိုက်ပြီလို့ ကြားတယ်၊ KIA တပ်မဟာ(၁)မှာ ရှမ်းကလေးတွေ (၅၀)လောက်ရှိတယ်လို့လည်း ကြားတယ်၊ ကချင်လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ ရှမ်းကလေးတွေ အကုန်လုံး FRC ဖြစ်သွားမယ်လေ၊ ပန်ဆက်က ရှစ်တန်းကျောင်းသူ ၁၅ နှစ်အရွယ် ကလေးမဆိုရင် ကျည်စွမ်း KIA စခန်းမှာ ချုပ်ထားတယ်လေ၊ တုံပလွေက ကလေးမနှစ်ယောက်ဆိုရင်လည်း ဈေးကအပြန်မှာ KIA က ဆိုင်ကယ်နဲ့ အတင်းအဓမ္မဖမ်းပြီး အင်ဖာဘာစခန်းကို ပို့ထားလိုက်တယ်၊ တယန်စွပ်မှော်က (၂၀)ကျော်လောက် ပါသွားတာ၊ အခုဟာက ကိုယ်နဲ့ ဆက်စပ်တဲ့လူလောက်ပဲ အတိအကျ သိရတာ၊ အဲဒီတော့ ကျွန်တော်တို့က တပ်ကို အားကိုးရမလား၊ အစိုးရကို အားကိုးရမလား၊ ဘယ်ဆီကို အားကိုးရမလဲ၊ အဖွဲ့အစည်းတိုင်းကတော့ ပြောပြလိုက်ရင်လည်း ဟုတ်သလိုလိုကြည့်ပဲ” လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄၊ ၉၊ ၁၁ ရက်နေ့တွေမှာ KIA ကချင်လွတ်မြောက်ရေး တပ်မတော်က ဗန်းမော်အနီး - သိန်လင်ရွာ၊ မန်စီမြို့နယ် - ပန်ဆက်၊ မိုင်းခေါင်ရွာနှင့် မိုးကောင်းမြို့နယ် - မြို့သစ်ကြီးကျေးရွာတို့က ရှမ်းမျိုးနွယ်စု လူငယ်တွေကို တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး တယန်စွပ်မှော်မှာ ဖမ်းဆီးစုဆောင်းခံရတဲ့ လူငယ်တွေကတော့ -

၁။ မောင်ဝေလင်းဦး အသက်(၁၇)နှစ်၊ မိဘ - ဦးဇော်ထွေး+ဒေါ်ဌေးရီ၊ ရှမ်း၊ ဗုဒ္ဓ၊ နမ္မတီး၊ မြို့သစ်ကြီး။
၂။ မောင်အောင်မျိုးလွင် အသက်(၁၇)နှစ်၊ မိဘ - ဦးမြင့်လွင်+ဒေါ်မိတူး၊ ရှမ်း၊ ဗုဒ္ဓ၊
နမ္မတီး၊ မြို့သစ်ကြီး။
၃။ ကိုရှိုင်း အသက်(၁၆)နှစ်၊ မိဘ - ဦးသစ်ခိုင်+ဒေါ်အေး၊ ရှမ်း၊ ဗုဒ္ဓ၊
နမ္မတီး၊ မြို့သစ်ကြီး။
၎။ မောင်မြင့်ဇော် အသက်(၁၈)နှစ်၊ ၅/ပလဘ(နိုင်)၀၉၁၂၈၅၊ မိဘ- ဦးဝင်းမောင်+ဒေါ်ခင်တင့်၊ ရှမ်း၊ ဗုဒ္ဓ၊ ပင်ခါးရွာ၊ ပင်လယ်ဘူးမြို့နယ်နှင့်
၅။ ဖိုးရှင်း ရခိုင်တိုင်းရင်းသားတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ဖျားဆီက
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)အတွင်း KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့တဲ့ ရက် ပိုင်းတွေ မှာ ရှမ်းမျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများကို တပ်သားသစ် စုဆောင်းရေး ဆက်တိုက်ဆို သလို ပြန်လည်ပြုလုပ်နေပြန်တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့လေယာဉ် နာရီများစွာ ဆက်လက်ပျံသန်းခဲ့ဟု သံသယရှိ

Photo: ပျောက်ဆုံးနေတဲ့လေယာဉ် နာရီများစွာ ဆက်လက်ပျံသန်းခဲ့ဟု သံသယရှိ
Firday, March 14, 2014

မလေးရှားအဲလိုင်း 370 ဟာ နောက်ဆုံးအတည်ပြုနိုင်တဲ့နေရာကနေ နောက်ထပ် လေးနာရီလောက် ဆက်လက်ပျံသန်းခဲ့တယ်လို့ အမေရိကန်စုံစမ်းသူတွေက သံသယရှိကြောင်း စုံစမ်းမှုနဲ့နီးစပ်သူတွေက ပြောတဲ့အတွက် လေယာဉ်ဟာ ဘာမှန်းမသိရတဲ့အခြေအနေမှာ နောက်ထပ် မိုင်ပေါင်းရာနဲ့ချီပြီး ပျံသန်းခဲ့တဲ့ဖြစ်နိုင်ချေတွေ တွေ့ရပါတယ်။

ဘိုးရင်းကုမဏီထုတ် ၇၇၇ အင်ဂျင်ကနေ မြေပြင်ကို အလိုအလျောက်ပေးပိုတဲ့အချက်အလက်တွေအရ လေယာဉ်ဟာ စုစုပေါင်း ငါးနာရီ ပျံသန်းခဲ့ကြောင်း လေကြောင်းစုံစမ်းစစ်ဆေးသူတွေနဲ့ အမျိုးသားလုံခြုံရေးတာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။ သည်အတွက် စနေနေ့က ရေဒါကပျောက်ဆုံးသွားတဲ့ လူ ၂၃၉ ဦးပါ လေယာဉ်ပေါ်မှာ ဘာတွေဖြစ်သွားလဲဆိုတဲ့အပေါ် မေးခွန်းသစ်တွေ၊ ဖြစ်နိုင်ချေအသစ်တွေ ထပ်မံထွက်ပေါ်လာပါတယ်။ လေယာဉ်ပေါ်က လေယာဉ်မှုးတစ်ယောက် ဒါမှမဟုတ် ပါလာသူတစ်ယောက်ယောက်က ရေဒါကနေ ခြေရာမခံနိုင်အောင် လေယာဉ်ပေါ်က အချက်ပြမှုကို တမင်သက်သက်ပိတ်ခဲ့တယ်ဆိုတဲ့ဖြစ်နိုင်ချေကို အမေရိကန်အကြမ်းဖက်မှုတိုက်ဖျက်ရေးတာဝန်ရှိသူတွေက တွက်ချက်နေကြောင်း အမှုကို ခြေရာခံသူတစ်ဦးက ဆိုပါတယ်။

Ref: Wall Street Journal

Author စုပြည့်စုံ
The Modern News Journal
မလေးရှားအဲလိုင်း 370 ဟာ နောက်ဆုံးအတည်ပြုနိုင်တဲ့နေရာကနေ နောက်ထပ် လေးနာရီလောက် ဆက် လက် ပျံသန်းခဲ့တယ်လို့ အမေရိကန်စုံစမ်းသူတွေက သံသယရှိကြောင်း စုံစမ်းမှုနဲ့နီးစပ်သူတွေက ပြောတဲ့ အတွက် လေယာဉ်ဟာ ဘာမှန်းမသိရတဲ့အခြေအနေမှာ နောက်ထပ် မိုင်ပေါင်းရာနဲ့ချီပြီး ပျံသန်းခဲ့ တဲ့ဖြစ်နိုင်ချေတွေ တွေ့ရပါတယ်။

ပျောက်ဆုံးလေယာဉ် ဆက်ပျံခဲ့တယ်ဆိုတာ မဟုတ်

Photo: ပျောက်ဆုံးလေယာဉ် ဆက်ပျံခဲ့တယ်ဆိုတာ မဟုတ်
Firday, March 14, 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင်လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှု ပြုလုပ်ပြီးတဲ့နောက်ပိုင်း နာရီအတော်ကြာအထိ ဆက်လက် ပျံသန်းနေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မှန်ကြောင်း မလေးရှားအရာရှိတွေက ငြင်းဆိုလိုက်ပြီး တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ရိုက်ယူထားတဲ့ ပုံတွေထဲမှာ လေယာဉ်ပျက်တဲ့ အပိုင်းအစတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှုရရှိခဲ့ပြီးတဲ့နောက်ပိုင်း ၄ နာရီကျော်ကျော်လောက် အချိန်အတွင်း မိုင်ပေါင်း နှစ်ထောင့်ငါးရာနီးပါး ပျံသန်းခဲ့တယ်လို့ ပြောဆိုနေတာနဲ့ ပတ်သက်လို့ လေယာဉ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီနဲ့ လေယာဉ်အင်ဂျင်ထုတ်လုပ်တဲ့ Rolls Royce ကုမ္ပဏီတို့ကို မလေးရှားလေကြောင်းလိုင်းက မေးမြန်းထားကြောင်း မလေးရှား ပို့ဆောင်ရေးဝန်ကြီး Hishamuddin Hussein က ကြာသပတေးနေ့မှာ ပြောပါတယ်။

လေယာဉ် အင်ဂျင်ကနေ မြေပြင် ဆက်သွယ်ရေးဌာနကို သူ့အလိုလို ပေးပို့တဲ့ အချက်ပေးစံနစ်အရ သိရှိခဲ့တယ်လို့ အမေရိကန်အရာရှိပြောတာကို ကိုးကားပြီး Wall Street Journal မှာ ကြာသပတေးနေ့က ဖော်ပြထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို လေယာဉ်ပျံသန်းလာတဲ့ မူလလမ်းကြောင်းနဲ့ သိပ်မကွာတဲ့နေရာမှာ ကြီးမားတဲ့ အရာဝတ္ထု ပျက်ကျသွားတာကို တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ဓါတ်ပုံ ရိုက်ယူထားလိုက်နိုင်တယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာမှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ကြေငြာလိုက်တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာရှိတဲ့ အဲဒီနေရာကို မလေးရှားနဲ့ ဗီယက်နမ် ရှာဖွေရေးအဖွဲ့တွေ ကြာသပတေးနေ့က သွားရောက် စစ်ဆေးခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ်ကို လိုက်လံရှာဖွေနေကြစဉ်
ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ်ကို လိုက်လံရှာဖွေနေကြစဉ်

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင်လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှု ပြုလုပ်ပြီး တဲ့နောက် ပိုင်း နာရီအတော်ကြာအထိ ဆက်လက် ပျံသန်းနေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ် မှန်ကြောင်း မလေးရှားအရာရှိတွေက ငြင်းဆိုလိုက်ပြီး တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ရိုက်ယူ ထား တဲ့ ပုံတွေထဲမှာ လေယာဉ်ပျက်တဲ့ အပိုင်းအစတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို

Photo: ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို
Firday, March 14, 2014

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

တရုတ် အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ ရေမှာ မျောနေတဲ့ အစိတ်အပိုင်းကြီး ၃ ခုရဲ့ ပုံရိပ်တွေဟာ ပျောက်ဆုံး လေယာဉ်ရဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘဲ မှားယွင်း ထုတ်ပြန်မိတာသာ ဖြစ်တယ်လို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး Hishammuddin Hussein က ကွာလာလမ်ပူမှာ သတင်းထောက်တွေကို ပြောပါတယ်။

တစ်ခါ ပျောက်ဆုံး လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ပိုင်း နာရီ အတော်ကြာကြာ ဆက်လက် ပျံသန်းနေတယ် ဆိုတဲ့ သတင်းတွေကိုလည်း သူက ငြင်းဆိုလိုက်ပါတယ်။

ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းတဲ့ အဲဒီ လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး လိုက်ပါသွားပြီး လူ ၁၅၀ ကျော်က တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

အခုအခါ အဲဒီ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေရာမှာ မြန်မာ လေပိုင်နက်ထဲမှာလည်း ရှာဖွေဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပါတယ်။

ဒါအပြင် မလေးရှားက အကူအညီ တောင်းလာရင် မြန်မာ နိုင်ငံ အနေနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

အံ့မခန်း အစွမ်းတို့ဖြင့် ကမ္ဘာထိ စိန်ခေါ်ပြချင်သည့် မြန်မာပြည်သား မတစ်ထောင် တစ်ကောင်ဖွား

အမြင့် လေးငါးပေခန့်သာရှိသည့်စင်ပေါ်တွင် အသက် ၄ဝ နှစ် ခန့်အရွယ်ဟု ထင်မှတ်ရသော ခန္ဓာကိုယ်ခပ်တောင့်တောင့် အသားခပ်လတ်လတ် အမျိုးသားတစ်ဦးမှာ ပုလင်းတစ်လုံးပေါ်တွင် ဓာတ်ခဲတစ်လုံးတင်ကာ အဆိုပါ ဓာတ်ခဲပေါ်တွင် ၎င်း၏ခြေထောက်နှစ်ချောင်းအား မရမကတင်၍ လက်နှစ်ဖက်က မြေကြီး ကိုထောက် ကာ မှောက်လျက်အနေအထား။

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ မထည့်ဘူးလို့ အစိုးရပြောကြား

Photo: သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ မထည့်ဘူးလို့ အစိုးရပြောကြား
Firday, March 14, 2014

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိသလို မကြာခင် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာလည်း ရိုဟင်ဂျာအမည်နဲ့ လူမျိုးစုစာရင်း ထည့်သွင်းသတ်မှတ်မှာ မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ လူမျိုးအမည် ကုဒ် နံပါတ် ၉၁၄ မှာ ရိုဟင်ဂျာအမည်နဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖြန့်ချီဖော်ပြနေတာနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းစဉ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်က ပြောကြားခဲ့တာပါ။

"ကျနော်တို့ ကုဒ်နံပါတ်ထဲမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိပါဘူးခင်ဗျ၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လုံးဝမရှိပါဘူးခင်ဗျ၊ ကျနော်တို့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါတဲ့လူတွေကို ကုဒ်နံပါတ် ၉၁၄ လို့ ပေးထားတာရှိပါတယ်၊ တခြားတိုင်းရင်းသားတွေထဲမှာ မပါတဲ့လူတွေအတွက် ဖြစ်ပါတယ်ခင်ဗျ"

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ရိုဟင်ဂျာလို့ စာရင်းသွင်းဖော်ပြမှာကို လုံးဝလက်မခံကြောင်း၊ ရိုဟင်ဂျာအမည်သုံးစွဲခဲ့ရင် ရခိုင်ပြည်နယ်အနှံ့ ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ရိုဟင်ဂျာအမည်ထည့်သွင်းဖော်ပြနိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်းဦးစီးဌာနက ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်ကတော့ ဒေသခံတွေအကြား စိုးရိမ်မှုရှိနေတာဟာ သတင်းအမှားတွေကြောင့်သာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ သတင်းအမှန်ကို ထုတ်ဖော်ပြီးဖြစ်ကြောင်း၊ ပြည်သူတွေကိုလည်း သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်လို့ အသိပညာပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ဒီအတောအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိမ်းချုပ်နယ်မြေအတွင်း သန်းကောင်စာရင်းကောက်ယူဘို့ အခက်အခဲတွေရှိမှာဖြစ်တယ်လို့ KIO အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။

သန်းကောင်စာရင်းကောက်ယူမှု မပြုလုပ်နိုင်ခြင်းမှာ အဓိက စစ်ရေးအခြေအနေတွေကြောင့်ဖြစ်တယ်လို့ KIO အဖွဲ့က သုံးသပ်ပါတယ်။ KIO အဖွဲ့ရဲ့ နည်းပညာအကြံပေးအဖွဲ့ဝင် ဦးဒေါင်းခါးပြောတာကတော့ ခုလိုပြောပါတယ်။

"ကျနော်တို့ နယ်မြေထဲမှာ စစ်ရေးအရသော်၎င်း၊ IDP Issue အရသော်၎င်း၊ ပို့ဆောင်ဆက်သွယ်ရေးအရသော်၎င်း လူနေမှု အတည်တကျမရှိသေးတဲ့ အကြောင်းတွေရှိနေသေးလို့ ဒီအပေါ်ကိုအခြေခံပြီး ကျနော်တို့ နယ်မြေထဲမှာကောက်ဖို့ အခက်အခဲရှိတဲ့အကြောင်းကို အဲလိုသုံးသပ်ပြီးတော့ ကောက်ချက်ချထားတာပါ"

လက်ရှိအခြေအနေမှာ သန်းခေါင်းကောင်စာရင်း ကောက်ယူတာနဲ့ပတ်သက်ပြီး KIO က မူအားဖြင့်ဆောင်ရွက်တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ပတ်သက်လို့ သဘောမတူတာတွေရှိပေမဲ့ တရားဝင်ကန့်ကွက်တာမျိုးလည်း မလုပ်ရသေးဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ကချင်လူထုအနေနဲ့ ဆုံးဖြတ်ချက်ချထားတာတော့ရှိတယ်လို့ ဆိုပါတယ်။ ခုလို KIO နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခြင်း မပြုလုပ်နိုင်ခဲ့ရင် ကချင်ပြည်နယ်တွင်းမှာရှိတဲ့ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့် လျော့သွားမှာဖြစ်တယ်လို့ လူမူရေးအဖွဲ့အစည်းတွေကပြောပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိသလို မကြာခင် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာလည်း ရိုဟင်ဂျာ အမည်နဲ့ လူမျိုးစုစာရင်း ထည့်သွင်းသတ်မှတ်မှာ မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရှမ်းစာပေသင်တန်းဆရာမ အပါအ၀င် ရွာသားများ ဖမ်းဆီးခံရ

Photo: ရှမ်းစာပေသင်တန်းဆရာမ အပါအ၀င် ရွာသားများ ဖမ်းဆီးခံရ
Firday, March 14, 2014

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာ ရှမ်းစာပေသင်တန်း ဆရာမတဦးနဲ့ ကျားဖြူပါတီဝင်တဦး အပါအ၀င် ရှမ်းရွာသား ၇ ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ပြောပါတယ်။

ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက ရှမ်းရွာသား ၇ ဦးကို ကေအိုင်အေတပ်က မတ်လ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ အဲဒီဒေသမှာ နွေရာသီရှမ်းစာပေသင်တန်း ဖွင့်လှစ်ရေးကိစ္စနဲ့ နယ်လှည့်ဆောင်ရွက်နေတဲ့ ဗန်းမော်ခရိုင် ရှမ်းလူငယ်ခေါင်းဆောင် စိုင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ကျနော်တို့သွားပြီးမှ မေးခဲ့တယ်။ အဲနေ့မနက် ၇ နာရီခွဲလောက်က ပန်ဆက်ရွာက နန်းစိန်ပွင့်နဲ့ နန်းအေထွေး သူတို့ ၂ ယောက် မိုင်းခေါင်ဈေးက အပြန်မှာ ကေအိုင်အေက ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ အခု လောလောဆယ် ကေဆွမ်းတပ်မှာ ထိန်းသိမ်းထား တယ်လို့ ပြောတယ်။ နန်းစိန်ပွင့်ကတော့ ပန်ဆက်မှာ ရှမ်းစာသင်ပေးတဲ့ ဆရာမပေါ့၊ နန်းအေထွေးကတော့ ကျားဖြူပါတီရဲ့ အဖွဲ့ဝင်တယောက်ဖြစ်တယ်။”

ကျန်တဲ့သူတွေကတော့ မိုင်းခေါင်ရွာသား ၂ ဦးနဲ့ သုံပလွေရွာသူ ၃ ဦးတို့ ဖြစ်ပြီး အဲဒီနေ့ တရက်တည်းမှာ အဖမ်းခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက မိုင်းခေါင်ရွာသား လူငယ်တဦးကတော့ ယခင်က သူ့ညီဖြစ်သူလည်း စုဆောင်းရေးထဲမှာ ပါခဲ့ပြီးဖြစ်ကြောင်း ပြောဆိုတဲ့အတွက် မနေ့က ပြန်လွတ်လာပြီလို့ စိုင်းထွန်းက ဆက်ပြောပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒုတိယခေါင်းဆောင် ဦးစိုင်းစန်းဝေကလည်း အဲဒီကိစ္စကို ကေအိုင်အို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေဆီကနေတဆင့် တင်ပြထားကြောင်း၊ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မြစ်ဆုံ တီယန်စွပ်ဒေသ ရွှေမော်မှာ အဖမ်းခံခဲ့ရတဲ့ လူငယ် ၂ ယောက်ကိုတော့ မိဘဖြစ်သူတွေက ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေးရုံးမှာ သွားပြောတဲ့အတွက် မနေ့တနေ့က ပြန်လွှတ်လာပြီလို့ ပြောပါတယ်။

ကေအိုင်အိုဘက်ကတော့ တပ်သားသစ်စုဆောင်းရေးအတွက် ဒေသခံရွာသားတွေကို အတင်း အဓမ္မဆွဲခေါ်နေတဲ့ ကိစ္စဟာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

ကေအိုင်အို အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက “အရင်တုန်းကလုပ်တယ်။ စစ်ပွဲရပ်ပြီးတဲ့ ၂၀၀၃ နောက်ပိုင်း မလုပ်ဘူး။ ဒီနောက်ပိုင်း ကျနော်တို့က စည်းရုံးရေးပဲ လုပ်တယ်။ ပညာပေးသင်တန်းတွေ ရှိတယ်။ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန် ကိုယ့်အလုပ် ကိုယ်လုပ်ပေါ့။ ဖမ်းဆီးခံရတယ်ဆိုတာ အချက်အလက်တွေသိရင် မြစ်ကြီးနားမြို့ စီတာပူကွင်းရှေ့က ကျနော်တို့ရုံးမှာ ကိုယ်တိုင်သွားရောက်ဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက် ပြီးတော့ ဖြေရှင်းလို့ရတယ်လို့ အသိပေးချင်ပါတယ်” လို့ ပြောပါတယ်။

ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့ဟာ မနှစ် ၂၀၁၃ ဒီဇင်ဘာလက မံစီမြို့နယ်ထဲက သူတို့ ဖမ်းဆီးထိန်းသိမ်းထားသူ ၅၀ ကျော်အနက် တ၀က်ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဒီဗွီဘီကို ပြောပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာ ရှမ်းစာပေသင်တန်း ဆရာမတဦးနဲ့ ကျားဖြူပါတီဝင်တဦး အပါအ၀င် ရှမ်းရွာသား ၇ ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ပြောပါတယ်။

MH370 ခရီးသည် များ၏ မိသားစု များ လတ်တလော စားဝတ် နေရေး အတွက် ထောက်ပံ့ငွေ လက်မခံ

Photo: MH370 ခရီးသည် များ၏ မိသားစု များ လတ်တလော စားဝတ် နေရေး အတွက် ထောက်ပံ့ငွေ လက်မခံ
Firday, March 14, 2014

မလေးရှား လေကြောင်းလိုင်း မှ ယခု ထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ် ခရီးသည် များ၏ မိသားစု များအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန် အတွက် လေကြောင်းလိုင်းက ခရီးသည်တစ် ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင် စီ ထောက်ပံ့ရန် စီစဉ် ခဲ့ရာ မိသားစုဝင် များက လက်မခံ ဘဲ ပယ်ချ ခဲ့ကြကြောင်း သိ ရသည်။

လျော်ကြေးသဘောပေးခြင်းမဟုတ်၊ လက်တလော လေယာဉ် နှင့် အတူ ပျောက် ဆုံးနေသော မိသားစု ၀င် အတွက် ပူပင်သောက ရောက်ရမှုကြောင့် အလုပ်အကိုင်ပျက်ကြရ သဖြင့် စားဝတ် နေရေး ချောင်လည် စေ ရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောသည်။ လေယာဉ်ပေါ် ပါသွား သည့် တရုတ် နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တွင် နေ ထိုင်သူတစ်ဦး၏ ဆွေမျိုးတစ်ဦးက ကျွန်မ တို့ ပိုက်ဆံကို စိတ်မ၀င်စားပါဘူး။ လေယာဉ် ပေါ် ပါသွားသူတွေသတင်းကိုသာ ကြားချင် ပါတယ်။ အားလုံး ပြန်ရောက် လာ တာ ကိုပဲ လိုလား ပါတယ်”” ဟု ၎င်း က ပေကျင်း ဟိုတယ် မှ ပြောကြား လိုက်သည်။ လေယာဉ်ပေါ် ပါ သွားသော တရုတ်ခရီးသည် ၁၅၃ ဦး၏ မိသားစုဝင်များ ပေကျင်းသို့ စုဝေးရောက်ရှိနေ ပြီး လေယာဉ်သတင်းကို စောင့်စားလျက်ရှိသည်။

Source: AFP
ဓာတ်ပုံ-AFP
Messenger News Journal
မလေးရှား လေကြောင်းလိုင်း မှ ယခု ထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ် ခရီးသည် များ၏ မိသားစု များအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန် အတွက် လေကြောင်းလိုင်းက ခရီးသည်တစ် ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင် စီ ထောက်ပံ့ရန် စီစဉ် ခဲ့ရာ မိသားစုဝင် များက လက်မခံ ဘဲ ပယ်ချ ခဲ့ကြကြောင်း သိ ရသည်။

မလေးရှားလေယာဉ် ၄ နာရီကြာ ဆက်ပျံခဲ့ဖွယ်ရှိ

Photo: မလေးရှားလေယာဉ် ၄ နာရီကြာ ဆက်ပျံခဲ့ဖွယ်ရှိ
Firday, March 14, 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ် သွားခဲ့ပြီးတဲ့နောက်မှာ လေးနာရီ လောက်ကြာအောင် ဆက်ပြီး ပျံသန်းနေနိုင်တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ်ခဲ့တာ တွေ့ရပြီး ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ လက္ခဏာလို့လဲ ပြောပါတယ်။

ဒါ့အပြင် လေယာဉ်ပျံဟာ လေကြောင်း ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးတဲ့ နောက်မှာ မိုင်ပေါင်း ၂၅၀၀လောက် ဆက်ပြီး ပျံသန်းခဲ့ပုံရတယ်လို့  ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို မူလလေယာဉ်ပျံသန်းမယ့် လမ်းကြောင်းရဲ့ အနောက်ဖက် အတော်ဝေးဝေးနေရာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ အထိ တိုးချဲ့ပြီး ရှာဖွေနေပါတယ်။

လူပေါင်း ၂၃၉ဦး လိုက်ပါလာတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းတဲ့ မလေးရှားလေကြောင်းခရီးစဉ်အမှတ် ၃၇၀ဟာ စနေနေ့ မနက် အစောပိုင်းမှာပဲ စတင်ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ဘိုအင်း 777 ပျောက်ဆုံးလေယာဉ်ကို နိုင်ငံပေါင်း ၁၂နိုင်ငံက လေကြောင်းကရော၊  သဘောင်္တွေကိုပါ သုံးပြီး ရှာဖွေနေကြပေမဲ့ အခုထက်ထိ အစအနတောင် မတွေ့ရသေးပါဘူး။

အာဏာပိုင်တွေက စက်ချို့ယွင်းမှု ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တာလား၊ အကြမ်းဖက်သမားကြောင့်လား၊ လေယာဉ်မှူးရဲ့ သေကြောင်းကြံစည်မှုကြောင့်လားဆိုတဲ့ တွက်ဆချက်တွေအပါအဝင် ဘယ်တွက်ဆချက်မျိုးကိုမှ လက်မခံသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ် သွားခဲ့ပြီးတဲ့နောက်မှာ လေးနာရီ လောက်ကြာအောင် ဆက်ပြီး ပျံသန်းနေနိုင်တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ်ခဲ့တာ တွေ့ရပြီး ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ လက္ခဏာလို့လဲ ပြောပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်

Photo: ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်
Firday, March 14, 2014

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ လုပ်ကိုင်နေရာမှ လွှတ်တော် နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချထားကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။

မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မီကာဆာ ဟိုတယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် The Voice နှင့် တွေ့ဆုံစဉ်၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ကူးပြောင်းမှု ဖြစ်စဉ်များတွင် လစ်လပ်နေသော နေရာများကို ဝင်ရောက် ဖြည့်ဆည်း ပေးနိုင်ရန်အတွက် လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“ရွေးကောက်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်မှာပါ၊ ဒါပေမဲ့ ဒီ ၂၀၁၅ ကို ဝင်ပြိုင်မှာလား၊ ဘယ်လို ပုံစံနဲ့ ဝင်ရောက် ယှဉ်ပြိုင်မလဲ ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ အမည်ကိုလည်း ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဦးကိုကိုကြီးသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဟောပြော ဆောင်ရွက်နေပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံထားသည်။

ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံထားပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လွှတ်တော်ရေးရာ ကိစ္စရပ်များတွင် ဝင်ရောက် ပါဝင်လာရန် ကမ်းလှမ်းခြင်း ခံထားရသူ တစ်ဦးဖြစ်သည်။

The Voice Weekly
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ လုပ်ကိုင်နေရာမှ လွှတ်တော် နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချ ထားကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။

တရားမ၀င် အန်ဂျီအိုအဖွဲ့တွေ ပိတ်ပင်ရေးအဆို ရခိုင်လွှတ်တော် အတည်ပြု

ရခိုင်ပြည်နယ်မှာ တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်မရှိဘဲ ကူညီနေတဲ့ NGOs/INGOs တွေကို ရခိုင်ပြည် နယ် အစိုးရက တားဆီးပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး

Photo: ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး
Firday, March 14, 2014

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူအားထားရတဲ့ လူထုကိုယ်စားလှယ်တွေ ရွေးကောက်နိုင်ရေးအတွက် ပြည်သူတွေကို အသိပညာပေးရေးလုပ်ငန်းတွေမှာ အရပ်ဘက်အခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ မှန်မှန်ကန်ကန် မဲပေးနိုင်ခွင့်ရရှိအောင်လည်း ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတစ်ယောက်ဟာ မဲပေးပိုင်ခွင့်ရှိတယ်၊ ရွေးချယ်ပိုင်ခွင့်ရှိတယ်၊ မဲပေးနိုင်ဖို့ဆိုရင် မဲစာရင်းပါမှရမယ်၊ မဲစာရင်းမပါလာရင် လူ့အခွင့်အရေး ဆုံးရှုံးရမယ်၊ ဒါမျိုးတွေမဖြစ်အောင် မဲပေးပိုင်ခွင့်ရှိသူ မဲပေးမယ်၊ မဲပေးတဲ့အခါမှာ ပယ်မဲတွေမဖြစ်အောင် ဒါတွေကို ပညာပေးဖို့ဖြစ်ပါတယ်"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံတကာမှာဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေသာမက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့၂၀၁၀ ခုနှစ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့အားနည်းချက်၊ လစ်ဟာချက်တွေကို ပြင်ဆင်ပြီး၂၀၁၄-၂၀၁၈ မဟာဗျူဟာ စီမံကိန်းတစ်ခု ရေးဆွဲထားတယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းရဲ့ အခန်း ၁၂ ခန်းမှာ ဥပဒေရေးရာ မူဘောင်၊ ကော်မရှင်ဖွဲ့စည်းပုံ၊ ပြည်သူနှင့် မဲဆန္ဒရှင်ပညာပေး၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေး စတဲ့ အချက်တွေပါဝင်ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက မဲဆန္ဒရှင်ပြည်သူတွေကို အသိပညာပေးရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ မသန်စွမ်းလူ့အဖွဲ့အစည်းတွေ ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး စတာတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ Equality myanmar၊ လောကအလင်းနဲ့ ရှေ့နေများကွန်ရက်က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

RFA Burmese
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူအားထားရတဲ့ လူထုကိုယ်စားလှယ်တွေ ရွေးကောက်နိုင်ရေး အတွက် ပြည်သူတွေကို အသိပညာပေးရေးလုပ်ငန်းတွေမှာ အရပ်ဘက်အခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါ တယ်။

ကြံ့ခိုင်ရေးအမတ်ကို NLD တရားစွဲဖို့ပြင်

လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တရားစွဲဖို့ ပြင်ဆင်နေပါတယ်၊ NLD ရဲ့ ဂုဏ်သိက္ခာ ထိပါးစေလောက်အောင် ပါတီကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဖို့ ပြင်ဆင်နေပြီ လို့ NLD ဖက်က ပြောပါတယ်။ ဦးလှဆွေကတော့ သူ့ကို တရားစွဲဖို့ ရှိနေတဲ့ အပေါ်မှာ တစ်စုံတစ်ရာ ပြင်ဆင်ထားတာမျိုးမရှိသလိုလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို အလွယ်တကူ တရားဆွဲဖို့မဖြစ်နိုင်ဘူး ဆိုပြီးတော့ လည်း ပြန်လည်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာဖြစ်ပါတယ်။

ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ်အား မတ် ၁၁ ရက်မှစ၍ ခုနစ်ရက် အတွင်း မြန်မာ့ဝေဟင်ပိုင်နက်တွင်ရှာဖွေရန် မြန်မာအစိုးရ ခွင့်ပြု

မလေးရှားလေကြောင်းလိုင်းမှ ပျောက်ဆုံးနေသည့်  MH 370 လေယာဉ်အား မတ် ၁၁ ရက်မှစ၍ ခုနစ်ရက် အတွင်း မြန်မာနိုင်ငံဝေဟင်ပိုင်နက်တွင် ရှာဖွေရန် မြန်မာနိုင်ငံအစိုးရမှ ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင် ငံလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။