၂၀၁၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊
မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ ဓါတ်ငွေ့ရည်ဆိုင်ရှေ့၊
မိုင်တိုင်အမှတ်(၃၂၇/ ၇)အနီးတွင် ဆိုင်ကယ် တိမ်းမှောက်ကြောင်းသတင်းအရ မကွေးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မကွေးမြို့နယ်၊ နွားကူးကျေးရွာနေ မျိုးနိုင်ဦး(၃၂)နှစ်သည် ၁၀ယ/xxxx ကန်ဘို-၁၁၀ အစိမ်းရောင်ဆိုင်ကယ်ဖြင့် တောင်တွင်းကြီးလမ်းအတိုင်း ကြာပန်းအ၀ိုင်းမှနွားကူးကျေးရွာ သို့
မောင်းနှင်
Saturday, 8 March 2014
စစ်တပ်၏ သိမ်းဆည်းမြေများထဲမှ နောက်ထပ် ဧက တစ်သိန်းခွဲကျော် ပြန်လည်စွန့်လွှတ်ပေးရန်ရှိဟု ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ပြောကြား
စစ်တပ်သိမ်းဆည်း မြေများထဲမှ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် သီးခြားအဖွဲ့
စနစ်ဖြင့် စိစစ်ဆောင်ရွက်မှုများအရ နောက်ထပ် ပြန်လည်စွန့် လွှတ်ပေးမည့်
မြေဧကပေါင်း ၁၅၄၈၉၂ ဒသမ ၁၀၂ ရှိပြီး အဆိုပါ မြေများကို
သက်ဆိုင်သူများထံသို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေး ဆောင်ရွက်ရန် လိုသည်ဟု ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားခဲ့ကြောင်း မတ် ၇ ရက် နိုင်ငံပိုင်ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။
မတ် ၇ ရက်က နေပြည်တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော မြေအသုံးချရေး စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၂/၂၀၁၄ တွင် အဆိုပါကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကား ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မတ် ၇ ရက်က နေပြည်တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော မြေအသုံးချရေး စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၂/၂၀၁၄ တွင် အဆိုပါကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကား ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မန္တလေး ဘူတာကြီး အနီးတွင် ပြိုင်ကားတစ်စီး လမ်းလယ်ကျွန်း တိုက်မိ၍ တိမ်းမှောက်
မန္တလေး ဘူတာကြီး အရှေ့တွင် မတ်လ ၆ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ် အချိန်က Toyota Supra အနက်ရောင် ပြိုင်ကား တစ်စီးသည် အဝိုင်းပတ်ကို လမ်း ၃၀ ဘက်မှ မောင်းနှင်ပြီး ၇၈ လမ်းနှင့် ၃၁ လမ်းဘက်သို့ ကွေ့မောင်းစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပလက်ဖောင်းကို တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုယာဉ်တိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူနှင့် အသက် သေဆုံးသူ မရှိကြောင်း၊ ကားမောင်းနှင်သူမှာ လူငယ် တစ်ဦးဖြစ်ပြီး ကားအမျိုးအစားမှာ ၂ ဃ - - - Toyota Supra ပြိုင်ကား အမျိုးအစား ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
မေးခွန်းကို တိုက်ရိုက် ဖြေဆိုရန် အစိုးရအဖွဲ့ကို လွှတ်တော်ဥက္ကဋ္ဌ ပြော
လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို သွယ်ဝိုက်ခြင်း
မရှိဘဲ မေးခွန်းအတွက် အဖြေကိုသာ တိုက်ရိုက်ဖြေဆိုရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရ ဦးရွှေမန်းက သမ္မတရုံး အမှတ်(၄) ဒုတိယဝန်ကြီး ဦးအောင်သိမ်းနှင့်
ပြည်ထောင်စု အစိုးရအဖွဲ့ကို ပြောကြားသည်။
“နောင်ဆိုရင် မေးခွန်းကို တိုက်ရိုက်ဖြေဖို့ လိုမယ်လို့ ပြောလိုပါတယ်။ မဖြေနိုင်သေးရင် မဖြေနိုင်ဘူးလို့ ပြောလို့ရပါတယ်။ နောင်များ လွှတ်တော် ကိုယ်စားလှယ် မေးတဲ့ မေးခွန်းကို မေးတဲ့ အကြောင်းအရာကို တစ်ခါတည်း ဖြေဖို့ လိုကြောင်းကို သမ္မတရုံး ဒုဝန်ကြီး အမှတ် (၄) ကိုလည်း တစ်ဆင့် ဒီလိုပဲ ပြောကြားရမှာ ဖြစ်ပါတယ်” ဟု သူရ ဦးရွှေမန်းက ဆိုသည်။
ယင်းကဲ့သို့ ဖြေကြားပေးရန် ဝန်ကြီးဌာန အသီးသီးသို့ သမ္မတရုံးမှ တစ်ဆင့် ညွန်ကြားပေးရန်လည်း သူရ ဦးရွှေမန်းက တိုက်တွန်းခဲ့သည်။
“နောင်ဆိုရင် မေးခွန်းကို တိုက်ရိုက်ဖြေဖို့ လိုမယ်လို့ ပြောလိုပါတယ်။ မဖြေနိုင်သေးရင် မဖြေနိုင်ဘူးလို့ ပြောလို့ရပါတယ်။ နောင်များ လွှတ်တော် ကိုယ်စားလှယ် မေးတဲ့ မေးခွန်းကို မေးတဲ့ အကြောင်းအရာကို တစ်ခါတည်း ဖြေဖို့ လိုကြောင်းကို သမ္မတရုံး ဒုဝန်ကြီး အမှတ် (၄) ကိုလည်း တစ်ဆင့် ဒီလိုပဲ ပြောကြားရမှာ ဖြစ်ပါတယ်” ဟု သူရ ဦးရွှေမန်းက ဆိုသည်။
ယင်းကဲ့သို့ ဖြေကြားပေးရန် ဝန်ကြီးဌာန အသီးသီးသို့ သမ္မတရုံးမှ တစ်ဆင့် ညွန်ကြားပေးရန်လည်း သူရ ဦးရွှေမန်းက တိုက်တွန်းခဲ့သည်။
Friday, 7 March 2014
အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် လုပ်ငန်းများ အကဲဖြတ်ရေး ဗြိတိန် ဒေါ်လာနှစ်သန်း ကူညီမည်
အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း လုပ်ကိုင်သည့် (Private - Public Partnership - PPP) စီမံကိန်းများနှင့် ဖက်စပ် လုပ်ငန်းများကို အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် မဟာဗျူဟာ ရေးဆွဲခြင်း လုပ်ငန်းများ အတွက် ဗြိတိန် အစိုးရက အမေရိကန်ဒေါ်လာ နှစ်သန်း ကူညီမည် ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စီမံခန့်ခွဲမည် ဖြစ်ကြောင်း ADB က သတင်း ထုတ်ပြန်သည်။
ပညာရေးဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်

နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကနေ ပညာရေးမူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို သဘောတူညီချက်ရရှိခဲ့ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်အောင် ဆက်လက် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။
အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် လုပ်ငန်းများ အကဲဖြတ်ရေး ဗြိတိန် ဒေါ်လာနှစ်သန်း ကူညီမည်
အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း လုပ်ကိုင်သည့် (Private - Public Partnership - PPP) စီမံကိန်းများနှင့် ဖက်စပ် လုပ်ငန်းများကို အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် မဟာဗျူဟာ ရေးဆွဲခြင်း လုပ်ငန်းများ အတွက် ဗြိတိန်အစိုးရက အမေရိကန်ဒေါ်လာ နှစ်သန်း ကူညီမည် ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စီမံခန့်ခွဲမည် ဖြစ်ကြောင်း ADB က သတင်း ထုတ်ပြန်သည်။
မိုင်းထောင်သူ မိုင်းကွဲသေဆုံး

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာနေ (အဘ)ဦးလင်ခွန်နော်+(အမိ)ဒေါ်ဇိန်ခံကော့၊ (ဇနီး)ဒေါ်ခွန်မိုင်၏ ယောကျာ်းဖြစ်သူ KIA တပ်သား ဦးအင်ခွန်တန်သည် ၄င်း ဟိုကပ်ကျေးရွာအနီး ရွာသူ/သားများ လယ်ယာလုပ်ငန်းခွင်သွားရာနှင့် တပ်မတော်နှင့် တာလောကြီးဒေသ ဌာနေပြည်သူ့စစ်များ လှုပ်ရှားသွားလာသည့် လမ်းကြောင်းတွင် မိုင်းထောင်ရာ မိုင်းပေါက်ကွဲသဖြင့် (၃-၃-၂၀၁၄) ရက်နေ့ ညနေ (၃း၀၀)နာရီကျော်အချိန်တွင် ဟိုကပ်ကျေးရွာ မန်ကွေ့လယ်ထိပ် လူသွား လမ်းကြောင်း၌ မိုင်းထောင်သူ ဦးအင်ခွန်တန် သေဆုံးနေကြောင်း ကျေးရွာပြည်သူများ၏ သတင်းပေးပို့ချက် အရ သိရှိရသည်။
သိန်လင်ရွာက လူငယ်ရှစ်ဦးအား KIA မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုဖြစ်ပွား

မြန်မာပြည်မြောက်ပိုင်း၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အနီး သိန်လင်ရွာက လူငယ်(၈)ဦးအား (၄၊၃၊၂၀၁၄) ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိဟု အစိုးရ ထပ်မံငြင်းဆို

တပ်မတော် အစိုးရလက်ထက် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ပုံမှန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှ အပ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ လုံးဝ မရှိတော့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထပ်မံ ငြင်းဆိုလိုက်သည်။
မိုးကုတ်ရွှေဆိုင်ဓားပြမှု တရားခံသုံးဦး အဖွဲ့အစည်းတစ်ခုနှင့်ဆက်နွယ်နေ၍ဖမ်းဆီးမရမိသေး
ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ အောင်ချမ်းသာဈေးတွင် ဇန်န၀ါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ တိုက်မှုတွင် ပါဝင်ခဲ့သော တရားခုနစ်ဦးအနက် လေးဦး ဖမ်းဆီးရမိကာ သုံးဦးမှာ အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်နေ၍ သွားရောက်ဖမ်းဆီးခြင်းမရှိသေြးေ ကာင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးဇော်မင်းဦးက မတ်လ ၆ ရက်၌ မဇ္ဈိမကို ပြောသည်။
အခြေခံနှင့် အဆင့်မြင့်ပညာ ပြောင်းလဲမှုများ လာမည့် ပညာသင်နှစ် စတင်မည်ဟုဆို

အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲ ရလဒ်များပေါ် မူတည်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံနှင့် အဆင့်မြင့်ပညာရပ် ဆိုင်ရာ အခြေခံကျသော ပြုပြင် ပြောင်းလဲမှုများ စတင်မည် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။
သန်းခေါင်စာရင်း မေးခွန်းပုံစံနှင့် အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ အသုံးပြုမယ့် သန်းခေါင်စာရင်း မေးခွန်းပုံစံတွေနဲ့ အထောက် အပံ့ပစ္စည်းတွေကို နေပြည်တော်ရုံးချုပ်နဲ့ ရန်ကုန်မြို့ကတဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်တွေကို လက်ဝယ်အရောက် ကုန်တင်ယာဉ်ကြီးတွေနဲ့ စနစ်တကျ ထုတ်ပိုးသယ်ဆောင် ဖြန့်ဝေနေပါတယ်။
ပျော်ဘွယ်မြို့နယ် အနောက်ဘက်ပိုင်း ကျေးရွာများတွင် တံတား လေးစင်း တည်ဆောက်မည်
မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရေး အတွက် မိုးရာသီအမီ တံတားလေးစင်း တည်ဆောက် ပေးနေကြောင်း မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ် အမှတ် (၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးက ပြောကြားသည်။
ဒုံးကျည် ကာကွယ်ရေးစနစ် အတွက် အစ္စရေးထံမှ နည်းပညာ အိန္ဒိယ ဝယ်ယူ

အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းက ပြည်ပမှ တိုက်ခိုက်လာမည့် ဒုံးကျည်များကို ကာကွယ်နိုင်ရန် အတွက် အစ္စရေး ကာကွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ကာ နည်းပညာများ ဝယ်ယူမှု စတင်ပြီ ဖြစ်ကြောင်း strategy page.com အင်တာနက် စာမျက်နှာက အစိုးရ ထုတ်ပြန်ချက်များကို ကိုးကားလျက် ဖော်ပြထားသည်။
၂၀၁၅ တွင် ကြံ့ခိုင်ရေးပါတီ ရှုံးလျှင်လည်း ဒီမိုကရေစီနိုင်ငံ တည်ငြိမ်ရေး ထိခိုက်မည် မဟုတ်ဟု သူရ ဦးရွှေမန်း အာမခံ

တပ်မတော်အစိုးရ ခေါင်းဆောင်ဟောင်း များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ်ခဲ့ပါကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်မည် မဟုတ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။
“ထိခိုက်မယ် မထင်ပါဘူး။ ပြည်ခိုင်ဖြိုး ရှုံးသွားတာနဲ့ အဲဒီလိုတော့ မဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။
Thursday, 6 March 2014
ထားဝယ်လူမျိုး မရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက် ထားဝယ် တိုင်းရင်းသားများပါတီ ကန့်ကွက်
လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးအနက် ထားဝယ်လူမျိုး မပါဝင်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ပြောကြားချက်ကို ထားဝယ် တိုင်းရင်းသားများ ပါတီက ကန့်ကွက်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။
အရက်ချက်စက်ရုံ စွန့်ပစ်ရေဆိုးများမှ လျှပ်စစ်ထုတ်လုပ်ရန် စမ်းသပ်မှု ရာနှုန်းပြည့်နီးပါး အောင်မြင် ဟုဆို
အရက်ချက်စက်ရုံမှ ထွက်ရှိသည့် ရေဆိုးများကို ဘိုင်အိုဂက်စ်အဖြစ် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ၉၅ ရာခိုင်နှုန်းခန့် အောင်မြင်နေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ရွှေဘုရင်မ အရက်ချက်စက်ရုံ မန်နေဂျာ ဦးအောင်လှိုင်ထွန်းက ပြောကြားသည်။
ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန်လေးသိန်းခန့် ကျဆင်းဟု ပြည်ထောင်စု ဝန်ကြီးဆို
မြန်မာဆန် ပြည်ပသို့ တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန်လေးသိန်းခန့် ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မတ်လ ၅ ရက်နေ့ တွင် ရန်ကုန်မြို့တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော မြန်မာလယ်ယာ ထွက်ကုန်ပစ္စည်းပြပွဲ တွင် ပြောကြားသည်။
တရုတ်က ၂၀၁၄ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ၁၂ ရာခိုင်နှုန်းကျော် တိုးမြှင့်
ပေကျင်းရှိ Forbidden City ဘေးတွင် မိုဘိုင်းအင်တာနက် အချက်အလက် ဖမ်းယူသည့်စက်ကို နေရာချနေသော တရုတ်ပြည်သူ့ စစ်ရဲများကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (Photo:AFP)
တရုတ်က ၎င်း၏ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်အတွက် အသုံးစရိတ် ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ထားသော ၂၀၁၄ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒေသတွင်းနှင့် ၀ါရှင်တန်ကို စိုးရိမ်မှု မြင့်တက်စေခဲ့သည်။
Subscribe to:
Posts (Atom)