Monday, 27 January 2014

Look Younger Secrets အသက်ရပေမဲ့ ဆက်လှချင်သလား

• Start With Primer (ပရိုင်မာ) အခြေခံက စပါ
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။

ကမ္ဘာ့သရဲအခြောက်ဆုံးနေရာ စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အိမ်ဖြူတော်


 အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့် ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

မြန်မာ-ဂျာမနီမော်ဒယ်လေး လင်းလင်းရဲ့ ည၀တ်ဖက်ရှင်

Friday, 24 January 2014

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ

Photo: ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ
Friday, January 24, 2014

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်းအဓမ္မကောက်ခံလျှက်ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။  

ပွင့်လင်းရာသီရောက်လာလို့ ဟိုပင် ဆယ်ဇင်း ကားလမ်းပွင့်ပြီး ကျနော်တို့ရွာသားတွေ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေခဲ့ပါတယ်။ ခုတော့ KIA ကလမ်းကကားတွေကို လမ်းပြင်စားရိတ်ဆိုပြီး ၁၂ဘီးကားကို တစ်စီး ၁၅သိန်း၊ ခရီးသည်တင်ကားကို တစ်စီး ၅သိန်း ဆပ်ကြေးကောက်ခံနေပါတယ်။ ဦးဆောင်သူကတော့ KIA ဆယ်ဇင်းရွာတာဝန်ခံ ဦးဌေး နှင့် နဂါးလေးတို့ဖြစ်ပါတယ်။ ဆပ်ကြေးမပေးရင်လဲ KIA ကကားတွေကိုမီးရှို့မယ်လို့ နဂါးလေးကိုယ်တိုင်ရွာထဲမှာ ခြိမ်းခြောက်ထားပါတယ်။ ဒါတင်မကသေးပဲ KIA ရိက္ခာအတွက်ဆိုပီး ၁၂ဘီးကို ၁၂သိန်း ခရီးသည်တင်ကားကို ၇သိန်းမပေးမနေရ ထပ်ကောက်နေပြန်ပါတယ်။ ဆပ်ကြေးတွေ ခေါင်းစဉ်အမျိုးမျိုးနဲ့ မတရားကောက်ခံနေတာကြောင့် ကားပိုင်တွေ ဒုက္ခရောက်ရသလို ကျေးရွာနေ ပြည်သူတွေကလဲ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ဆပ်ကြေးပေးရခြင်းဖြင့် အတော့်ကို ဒုက္ခရောက်နေကြရပါတယ်ခင်ဗျာ။ DVB ကperson of the year ပေးထားတဲ့ ဗိုလ်ချုပ်ဂွမ်မော်နှင့် သက်ဆိုင်သူများ ဒီကိစ္စတွေကို သိသလားတော့ မသိဘူး။ သက်ဆိုင်သူတွေအနေနဲ့  အမြန်လာရောက် ကူညီဖြေရှင်းပေးစေချင်ပါတယ်။ 

From : .... www.MyanmarExpress.net
ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်း အဓမ္မကောက်ခံ လျှက် ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။ 

Wednesday, 22 January 2014

၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ

၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ
----------------
ရေးသားသူ- နန်းအောင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်

မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက်နိုင်လောက်သည့် မေးခွန်းတစ်ခုကို ဖြေကြားရတော့မည်ဖြစ်သည်။

မေးခွန်းက “သင်မည်သည့်လူမျိုးဖြစ်သနည်း”ပင်ဖြစ်သည်။

လာမည့်မတ်လ ၃၀ ရက်မှစတင်ပြီး နှစ်ပတ်ကြာကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အထက်ပါမေးခွန်းကို ဖြေကြရမည်ဖြစ်သည်။

“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း”စသည့် တိုင်းရင်းသားမျိုးနွယ်စုကြီးများထဲမှ တစ်ခုခုကိုဖြေပြီး မေးခွန်းကလွယ်လွန်းသည်ဟု ထင်သူများအတွက် ဦးနှောက်ခြောက်စေမည့် နောက်ထပ်မေးခွန်းတစ်ခုရှိသေးသည်။

ဥပမာ- သင်က ဗမာဟုဖြေလိုက်သည်ထားတော့။ နောက်ဆက်တွဲမေးခွန်းက “ဗမာမျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ထားသည့် ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး (ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်)” ကိုးမျိုးထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

“ကချင်”ပါဟု ဖြေကြားသူများအတွက်လည်း “ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိန်းဖော၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ (လော်ဂေါ်)၊ ရ၀မ်၊ လရှီ၊ အဇီး၊ လီဆူး”မျိုးနွယ်စုများထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

ယခင်အစိုးရများလက်ထက်က တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ရာတွင် အငြင်းပွားစရာ ဆုံးဖြတ်ချက်များရှိခဲ့ကြောင်း တိုင်းရင်းသားမျိုးနွယ်စုများက အစဉ်တစိုက်ဝေဖန်ခဲ့ကြသည်။

ဂဏန်းနံပါတ်အစွဲအလမ်းကြီးလွန်းသည့် အစိုးရအရာရှိများ၏စနက်ကြောင့် ၁+၃+၅=၉ ဖြင့် ၁၃၅ ဖြစ်လာသည်ဟုလည်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၁၉၉၀ စက်တင်ဘာ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၏ လူမျိုး ၁၃၅ မျိုး သတ်မှတ်ချက်မှစတင်သည်ဟုလည်း ပြောလေ့ရှိသည်။

အစိုးရဘက်ကတော့ သမိုင်းပညာရှင်များ၊ သမိုင်းကြောင်းအချက်အလက်များကို လေ့လာသုတေသနပြုရာမှ ထွက်ပေါ်ခဲ့သည့်စာရင်းဟု တုံ့ပြန်ခဲ့သည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ချိန်တွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး သတ်မှတ်မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုအရှိန်သည် အမြင့်ဆုံးသို့ ရောက်လာနိုင်ကြောင်း တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်အချို့ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာရင်းထဲတွင် မပါဝင်သူများအား သီးခြားစာရင်းခွဲကာ ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ၀က) ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားထားသည်။

ကယန်းပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလွင်က ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အချက်အလက်များရရှိရန် သန်းခေါင်စာရင်းကောက်ခံခြင်းအပေါ် ထောက်ခံသော်လည်း တိုင်းရင်းသားများ၏ခံစားချက် ထည့်သွင်းစဉ်းစားရန် အစိုးရကပျက်ကွက်ခြင်းကို ကန့်ကွက်ကြောင်း ပြောသည်။

“တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်ကိုမယူဘဲနဲ့ အစိုးရရဲ့ တစ်ဖက်သတ် သတ်မှတ်ချက်တွေအပေါ် အခြေခံပြီးလုပ်တဲ့အခါကျတော့ ဆိုးကျိုးတွေဖြစ်လာမှာ သေချာပါတယ်။ တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုးကြား အထင်အမြင်လွဲမှားမှုတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်”ဟု ဗိုလ်မှူးစောလွင်ကပြောသည်။

အစိုးရသတ်မှတ်ချက်များအရ စာရင်းကောက်ခံမည်ဆိုပါက ၎င်းတို့သည် “ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ (ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်”အဖြစ် သတ်မှတ်ထားသည့် ကယားမျိုးနွယ်စု ကိုးစုအောက်တွင် စာရင်းရောက်ရှိမည်ဖြစ်သည်။

ယင်းကဲ့သို့သတ်မှတ်ချက်ကို ကယန်းလူမျိုးများက အပြင်းအထန်ကန့်ကွက်မှုများရှိနေသည်။ သီးခြားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရန် “ကယန်း(ပဒေါင်)” အမည်တွင် “ပဒေါင်”သည် နှိမ့်ချသည့်အသုံးအနှုန်းဖြစ်သောကြောင့် ပယ်ဖျက်ပေးရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် Kayun အစား Kayan ဟုသုံးနှုန်းရန် စသည့်အချက်များကိုလည်း ကယန်းတိုင်းရင်းသားများအရေး လှုပ်ရှားသူများက အပြင်းအထန်တောင်းဆိုလျက်ရှိသည်။

အစိုးရသတ်မှတ်စာရင်းတွင် မျိုးနွယ်စု ၅၃ စုထိ သတ်မှတ်ထည့်သွင်းကာ ချင်းတိုင်းရင်းသားမျိုးနွယ်စုခေါင်းစဉ်အောက်တွင် ကောက်ခံခဲ့ပါကလည်း အဆိုပါမျိုးနွယ်စုဝင်များအကြား စည်းလုံးညီညွတ်မှုများ ပျက်ပြားမည်ကို စိုးရိမ်မိကြာင်း ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါးကပြောသည်။

“နောက်တစ်ချက်က ဥပမာ လူဦးရေ ၀ ဒသမ ၀၁ ရာခိုင်နှုန်းရှိတယ်ဆိုရင် ပြည်နယ်တစ်ခုမှာလား။ တိုင်းဒေသကြီးတစ်ခုမှာလား။ တိုင်းရင်းသားရေးရာဝန်ကြီးတွေရှိရမယ်ဆိုတာ ဖြစ်လာတော့ ၁၃၅ မျိုး တစ်ခုချင်းဆီကို အခြေခံမှာလား။ ဒါမှမဟုတ် အရင်တုန်းကလို ချင်း၊ ရှမ်း၊ ကချင် အဲလိုဟာမျိုးကို အခြေခံမှာလားဆိုတာက မေးခွန်းမေးစရာဖြစ်လာတယ်”ဟု ဒေါက်တာရွှေခါးကပြောသည်။

အထက်ပါ တိုင်းရင်းသားခေါင်းဆောင်များ စိုးရိမ်သလို အခြားတိုင်းရင်းသားများလည်း အဆိုပါ ၁၃၅ မျိုးကိစ္စအပေါ် စိုးရိမ်စိတ်ကိုယ်စီရှိနေကြသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဟု ဆိုနေကြသည့် ရခိုင်ပြည်နယ်တွင်လည်း “ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်”ဟု သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတွက် စိုးရိမ်စိတ်မကင်းဖြစ်လျက်ရှိသည်။

ရခိုင်မျိုးနွယ်စုအောက်သတ်မှတ်ချက်ထဲထည့်သွင်းပြီး “ကမန်” လူမျိုးများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ထားရှိမှုသည် ကမန်များနှင့် ဘာသာတူဘင်္ဂါလီများ အခွင့်အရေးအဖြစ် အသုံးချမည်ကို ရခိုင်တိုင်းရင်းသားများက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။

လက်ရှိအချိန်တွင်ပင် ကမန်အမည်ခံ ဘင်္ဂါလီအများအပြား နိုင်ငံသားလက်မှတ် လက်ဝယ်ရရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများကဆိုသည်။

မျိုးနွယ်စုအမည် ထည့်သွင်းသတ်မှတ်ရာတွင် တစ်မျိုးတည်းကို ထပ်ခါထပ်ခါရေတွက်ခြင်းများလည်းရှိကြောင်း၊ အပြင်လောကတွင် အမှန်တကယ်မရှိသည့် မျိုးနွယ်စုဝင်များ စာရင်းပေါက်နေသည်များလည်းရှိကြောင်း တိုင်းရင်းသားများကထောက်ပြသည်။

“ကရင်ပြည်နယ်မှာတော့ စကောကရင်ရယ်၊ ပိုးကရင်ရယ်ဆိုပြီးတော့ပဲရှိတယ်။ အဲဒီတော့မျိုးနွယ်စုကိစ္စတော့ ပြဿနာသိပ်မရှိဘူး။ ဒါပေမဲ့ စာဖြူကရင်ဆိုတာကို လူမျိုးနာမည်ထဲမှာ ထည့်မယ်ဆိုလို့တော့ ကြားထားတယ်။ ဒါကလူမျိုးနာမည်တော့ မဟုတ်ဘူး။ ခရစ်ယာန်ကိုးကွယ်ကြတဲ့ ကရင်လူမျိုးတွေကို ခေါ်ကြတာပါ”ဟု ဖလုံစခေါ်ဒီမိုကရက်တစ်ပါတီ(ဥက္ကဋ္ဌ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်ကပြောသည်။

အစိုးရစာရင်းများအရ ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင်(စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်)တို့ဖြစ်သည်။

ကချင်တိုင်းရင်းသားစာရင်းတွင် မျိုးနွယ်စုတစ်ခုအဖြစ် “ကချင်”ကို ပြန်လည်ထည့်သွင်းထားခြင်းကြောင့် ပြည်နယ်အတွင်းတိုင်းရင်းသားများအကြား ဝေဖန်မှုများရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။

“အားလုံးက စိုးရိမ်ပူပန်ပြီး ကချင်ပျောက်မှာစိုးလို့ ကချင်မှာပဲ အားလုံးထည့်ပါပြောတော့ အားလုံးထည့်ရင် ကျန်တဲ့လဝေါ်တို့၊ လချိပ်တို့၊ ဂျိန်းဖောတို့ဆိုတာ ပျောက်သွားမှာပေါ့နော်”ဟု ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်ဒွဲဘူကပြောသည်။

၁၃၅ စာရင်းတွင် ထူးခြားမှုအနေဖြင့် မျိုးနွယ်စုတစ်စုတည်းသာ အစိုးရသတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစုတစ်စုလည်းရှိသည်။ “မွန်”သည် ထပ်မံခွဲခြားစိတ်ဖြာခြင်းမခံရသည့် တစ်ခုတည်းသောတိုင်းရင်းသား ဖြစ်သည်။

သို့သော်လည်း သူတို့တွင်လည်း စိန်ခေါ်မှုအများအပြားရှိနေဆဲဖြစ်သည်။ မွန်တိုင်းရင်းသားများသည် ယခင်ကာလများက အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်(သို့) သန်းခေါင်စာရင်းတွင် “မွန်”အဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသောကြောင့် လူမျိုးပျောက်ကွယ်မည့်အရေး ကြုံတွေ့နေရကြောင်း မွန်တိုင်းရင်းသားများကဆိုသည်။

သန်းခေါင်စာရင်းကောက်ယူသည့်အချိန်မတိုင်မီ မွန်သံဃာတော်များနှင့် မွန်ခေါင်းဆောင်များက အဆိုပါအချက်ကို အစဉ်အမြဲထောက်ပြကာ မွန်လူမျိုးစာရင်းကောက်ယူရေးအတွက် ကြိုးစားလျက်ရှိသည်။

“ကျွန်တော်တို့က ပအိုဝ်းလူမျိုးက ကရင်ပြည်နယ်မှာ လူနည်းစုပါ။ ဒါပေမဲ့ သန်းခေါင်စာရင်းမှာ လူမျိုးနာမည်ဖြည့်မယ်ဆိုရင်တော့ ပအိုဝ်းလူမျိုးဆိုပြီး ဖြည့်မှာပါ။ လူကြီးတွေကလည်း ကိုယ့်လူမျိုးနာမည်ပဲဖြည့်လို့ပြောထားတယ်။ အဲလိုဖြည့်လို့လည်း ပြဿနာမဖြစ်လောက်ပါဘူး။ ကိုယ့်လူမျိုးနာမည်ဖြည့်မှ ဘာလူမျိုးလဲဆိုတာကို သိကြမှာလေ။ ရပ်ကွက်ထဲက လူကြီးတွေကတော့ သန်းခေါင်စာရင်းမှာ ဘယ်လိုဖြည့်ရမလဲဆိုတာတော့ ပြောထားတာရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ကိုယ်လူမျိုးနာမည်ပဲ ဖြည့်မှာပါ”ဟု ကရင်ပြည်နယ်၊ နောင်သငဲ့ကျေးရွာမှ ပအိုဝ်းတိုင်းရင်းသား ခွန်မျိုးလွင်ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပုံစံနှင့် လူမျိုးအမည် ကုတ်သတ်မှတ်ချက်များသည် သက်ဆိုင်ရာလူမျိုးစုများအကြား ရှုပ်ထွေးနေပြီး အငြင်းပွားမှုများရှိနေ၍ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းများက သန်းခေါင်စာရင်းကောက်ယူမှုကို အချိန်ရွှေ့ဆိုင်းနောက်ဆုတ်ပေးရန် ဇန်န၀ါရီ ၁၂ ရက်က အစိုးရထံတောင်းဆိုထားသည်။

“ကချင်တိုင်းရင်းသားတွေရဲ့ လိုလားချက်က ဘာလဲဆိုတာကို အရင်ဆွေးနွေးပြီးမှ သူတို့ကုတ်သတ်မှတ်ရမှာ။ အဲဒီလိုမဆွေးနွေးဘဲနဲ့ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ချပေးတော့ အောက်ခြေမှာ မကျေမလည်တွေ အများကြီးဖြစ်တာပေါ့”ဟု ဒေါ်ဒွဲဘူကပြောသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာမှ တစ်ကျော့ပြန်လာသည့် သန်းခေါင်စာရင်းကောက်ယူမှုမှာ ယခင်အစိုးရများလက်ထက် သတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးအရေးနှင့် မကြာမီအချိန်အတွင်း သန်း ၆၀ သော နိုင်ငံသားများ ကြုံတွေ့ရတော့မည်ဖြစ်သည်။

အချို့အတွက်တော့ “သင် မည်သည့်လူမျိုးဖြစ်သနည်း”ဆိုသည့်မေးခွန်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ရေး ကန့်သတ်ချက် ၅၉(စ)ကို ပြင်ရေး၊ မပြင်ရေး(သို့မဟုတ်) လွှတ်တော်တွင်း ပုံမှန်ခွဲတမ်းရနေမည့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များ စစ်တန်းလျား ပြန်ရေး၊ မပြန်ရေး ကိစ္စထက်လည်း ပိုအရေးကြီးလေးနက်သည့်ကိစ္စတစ်ခုလည်း ဖြစ်နိုင်ပေသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက်နိုင်လောက် သည့် မေးခွန်းတစ်ခုကို ဖြေကြား ရတော့ မည်ဖြစ်သည်။

အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် ကံတရားပေါ်မှာ အားယူထားတယ်လို့ ဆိုတဲ့ နေတိုး

 မကြာသေးခင်ကမှ ဖန်ဆင်းရှင်ဆိုတဲ့ တေးစီးရီးကို အဆိုတော်ရိန်မိုးနဲ့ထွက်ရှိခဲ့ပြီး၂၀၁၄ထဲမှာ အမ်တီဗီ ထွက်နိုင်အောင်ကြိုးစားရိုက်ကူးသွားမယ်ဆိုတဲ့ နေတိုးက နှင်းဆီအဖွဲ့နဲ့ ပြည်ပဖျော်ဖြေရေးတွေလဲ ရှိတာကြောင့် ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက်မေးမြန်းဖြစ်တဲ့အခါ သူက ‘အခုရိုက်နေတဲ့ ကားလေးက ဗီးနပ်စ်ရဲ့ ပန်းသီးတဲ့။ မင်းသမီးက အိချောပို၊ ဒါရိုက်တာက ဦးဒေါနပါ။ ရိုမန့်စ် ဒရာမာလေးပေါ့။ အစ်ကိုက ဒီထဲမှာ ဆရာဝန်တစ်ယောက်ပါ’တဲ့။
န၀ရတ်ရဲ့ အလှအပလေးများ

Tuesday, 21 January 2014

ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ။ ။ ။


တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သင်တို့နှစ်ယောက်ပါပဲ။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။

လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထား တတ်ပါတယ်။ ဒါကြောင့် elastic ဖြစ်နှုန်း ကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာ ထားကြ ပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက် အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။

ဒါတင်မက အင်္ဂါသို့ ရောက်အောင် သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေ ကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွား ပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။

သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက် ကတော့ အမျိုးသားတို့ ဆေးလိပ် သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှုကို ပိုမို တိုက်ရိုက် ဆက်စပ် စေကြောင်း သိရပါတယ်။

Ref: medic-facts
တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မော်ဒယ်လ် ဘေီဘီမောင်ရဲ့ ဖက်ရှင်ဒီဇိုင်းအလန်းများ..

Thursday, 16 January 2014

လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက် ဒဏ်ရာရ လူနားအချို့ ဒဏ်ရာရ လူနားအချို့

PhotoPhotoPhoto
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဇန်န၀ါရီ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ် အပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ

Photo: UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ
Thursday, January 16, 2014

ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း) မြို့နယ်(၆)မြို့နယ် ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းသတ်မှတ်ထားပါတယ်။ အလားတူပဲ နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်တွေကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ် ၂၀၀၈ဖွဲ့စည်းပုံဥပဒေ အာဏာစတင်တည်ခဲ့တဲ့၂၀၀၈ခုနှစ်၊မေလ ၂၉ ရက်နေ စပြီး သတ်မှတ်ခဲ့ပါတယ်။နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်စတဲ့ဒေသတွေက ဘာသံမှထွက်မလာခဲ့ပေမယ့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကတော့ ပေးထားတာထက်ပိုပြီး ထပ်တိုးပေးဖို့ တောင်းဆိုနေပါတယ်။

၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေသူတွေအနေနဲ့ ၀ တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့သင့်၊မသင့် စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ သူတို့ထပ်တိုးပြီး တောင်းဆိုထားတဲ့ နေရာဒေသ တွေမှာ နေထိုင်တဲ့လူဦးရေအရ ဆုံးဖြတ်မယ်ဆိုရင် ရှမ်းလူမျိုးတွေကပိုများနေပါတယ်။ လက်ရှိမှာလည်း ရှမ်းလူမျိုးတွေက ၀ တွေရဲ့တောင်းဆိုချက်ကို ကန့်ကွက်နေကြပါတယ်။ ၀တွေဟာ UWSA ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့စည်းပြီး သူတို့နယ်မြေကို ကာကွယ်ထားသလို ရှမ်းပြည်နယ်မှာနေထိုင်တဲ့ ၀ မဟုတ်တဲ့ လူမျိုးတွေကိုလည်း မူးယစ်ဆေးဝါးနဲ့တိုက်ခိုက် ဖျက်ဆီးနေပါတယ်။

ဟိုအရင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) လက်အောက်မှာ နေစဉ်ကတည်းက ၀ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ စီးပွားရေးရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထဲမှာ လက်နက်ကိုင် ဘ၀နဲ့ ဘိန်းကနေတစ်ဆင့် မူးယစ်ဆေးဝါးတွေကို အဆင့်မြှင့်ထုတ်လုပ်လာခဲ့တာဒီကနေ့အထိဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတာဟာ ၀ တွေ ကြောင့်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကနေရတဲ့ငွေကြေးတွေနဲ့ အဆင့်မြင့်လက်နက်တွေ၊ လေယာဉ်ပျံတွေ ၀ယ်ယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်နိမိတ်ကို တိုးမြင့်တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဝတွေရဲ့နောက်မှာ တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားပါတယ်။ ၀ တွေမူးယစ်ဆေးဝါး ထုတ်လုပ်နေမှန်းသိလျက်နဲ့ မသိချင်ယောင်ဆောင်နေတာတရုတ်ရဲ့မူဝါဒဖြစ်ပါတယ်။ သူတို့မှာ အမြဲတန်း ရန်သူ၊အမြဲတန်းမိတ်ဆွေဆိုတာမရှိပေမယ့် အမြဲတန်းအကျိုးစီးပွားဆိုတာတော့ ရှိနေပါတယ်။မြန်မာပြည်ထဲ မှာ တရုတ်တွေ ၀င်ရောက်ခြယ်လှယ်နေသလို နယ်စပ်ဒေသတွေမှာလည်း သူတို့ချယ်လှယ်နေပါတယ်။ အထူးသဖြင့် UWSAလို့ ခေါ်တဲ့ ၀ တပ်တွေကိုလက်နက်တပ်ဆင်ပေးထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုကို မသိချင်ယောင်ဆောင်နေတာဟာ ရှမ်းပြည်နယ်ကို တည်ငြိမ်မှုမရှိအောင်လုပ်နေတာဖြစ်ပါတယ်။

ဝ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေအနေနဲ့ မူးယစ်ဆေးဝါြးေ ကာင့် အလွန်အမင်းချမ်းသာကြွယ်ဝနေ ပေမယ့် ၀ ငယ်သားတွေကတော့ တောထဲတောင်ထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ အသေခံနေကြရပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ထောင်ကျတဲ့အကျဉ်းသားတွေမကြာမကြာပြန်လွှတ်ပေးနေတော့ အခုအခါ မှာ မူးယစ်ဆေးဝါးအမှုနဲ့ထောင်ကျနေတဲ့ ၀ တပ်ဖွဲ့ဝင်တွေလည်း ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ ဒီလူ တွေအဖို့တော့ ငွေကြေးအမြောက်အများကို တစ်လုံးတစ်ခဲတည်းရတဲ့လုပ်ငန်းဟာ မူးယစ်ဆေးဝါးပဲဖြစ်တာမို့ လို့သူတို့ဟာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေးတွေနဲ့ပဲ သံသရာလည်နေတော့မှာဖြစ်ပါကြောင်း တင်ပြ လိုက်ပါတယ်။

Credit to - လုံတ
ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း) မြို့နယ်(၆ )မြို့နယ်ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့် သွင်း သတ်မှတ်ထားပါတယ်။

သာသနာပြုခြင်းကို လူမှုရေးလုပ်ငန်းနှင့် တွဲလုပ်ခြင်းဖြင့် အမျိုးစောင့်နိုင်ဟု သီတဂူဆရာတော် အရှင်ဉဏိဿရမိန့်

ရဟန်းသံဃာတော်ပေါင်း သောင်းချီတက်ရောက်သော မန္တလေး သံဃညီလာခံတွင် သီတဂူဆရာတော် အရှင်ဉဏိဿရက အမျိုးဘာသာ သာသနာအရေးများနှင့် ပတ်သက်ပြီး သဘောထားများကို မိန့်ကြားခဲ့ သည်ဟု RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

ကားပေါ်တွင်ဆေးကုသမှုပေးမည့် NLD ကျန်းမာရေးကွန်ရက်၏ လူနာတင်ယာဉ် ဧပြီတွင် စသုံးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမျိုးသားကျန်းမာရေးကွန်ရက်၏ အရေးပေါ် ဆေးကု သမှုပြုလုပ် နိုင်သော (Emergency Medical Service) လူနာတင်ယာဉ်ကို လာမည့် ဧပြီလကုန်ပိုင်းတွင် စတင်အ သုံးပြုနိုင်ရန် စီစဉ်နေသည်ဟု ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

လားရှိုးမြို့က အမျိုးသမီးငယ်ကို တရုတ်နိုင်ငံသို့ရောင်းစားသူ ဖမ်းမိပြီ

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံရှိ သစ်ခွခြံတွင် အလုပ်ရမည်ဟု စည်း ရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ မခင်သန်းမြင့်ကို အရေးယူပေးရန် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဖမ်းမိပြီဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် သမ္မတ မျှော်မှန်း

လာမည့် ဘဏ္ဍာရေးနှစ် (၂၀၁၄-၂၀၁၅) ၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် နိုင်ငံတော်သမ္မတက ၎င်း၏အမျိုးသားစီမံကိန်းတွင် မျှော်မှန်းထားသည့်အချက်မှာ ဇန်န၀ါရီ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ကိုယ်စား လာရောက်တင်ပြသည့် နေပြည်တော်ကောင်စီဝင် ဦးကံချွန်၏ ရှင်းလင်းပြောဆိုမှု၌ ပါဝင်သည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် လျာထား တောင်းခံခြင်းလည်း ဖြစ်သည်။

NLD လူငယ်များ အခက်အခဲကို ကိုယ်တိုင်ဖြေရှင်းရန် ဒေါ်စုပြော

NLD လူငယ်ညီလာခံကျင်းပရန် ကြုံတွေ့ရသည့်အခက်အခဲများကို လူငယ်များကိုယ်တိုင် ဖြေရှင်းကြရန် လုပ်ပိုင်ခွင့် အပြည့်အ၀ပေးထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ရမည်

ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှု နှေးကွေးနေသေးသည့် မြန်မာနိုင်ငံတွင်၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံခြား ဘဏ်များ စတင် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။

မျိုးစောင့်ဥပဒေ အတည်ပြုပြဋ္ဌာန်းသည်ထိ ဆောင်ရွက်မည်ဟု သံဃာ့ညီလာခံ ထုတ်ပြန်

မျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေး တွင် ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည် သံဃာ့ညီလာခံက အချက် ၁၁ ချက်ပါ ကြေညာချက်တစ် စောင်ကို ဇန်န၀ါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

ကျူးကျော်များနှင့် ဒေသခံများ အပြန်အလှန်ရိုက်နှက်၊ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ထိန်းသိမ်း

လှိုင်သာယာ-တွံတေး တံတားအနီး ပန်းလှိုင်မြစ်ဘေး ကျူးကျော်တဲထိုးနေထိုင်သူများနှင့် ကျူးကျော်တဲ များကို ဖျက်သိမ်းသူ ဒေသခံရွာသားများအကြား အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွားလာသည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်ထောင်ပစ်ကာ လူစုခွဲပြီး ကျူးကျော်နေထိုင်သူအချို့ကို ခေတ္တထိန်းသိမ်းထားသည် ဟု တာဝန်ရှိသူများက မဇ္ဈိမကို အတည်ပြုပြောသည်။