Monday, 4 November 2013

အပစ်အခတ် ရပ်စဲထားသော ဒေသများ၏ လူနေမှုဘဝ အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများရှိ အပစ်အခတ် ရပ်စဲထားသော ကျေးရွာနှစ်ရာကျော် က ဒေသခံ များ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဆင်းရဲမွဲတေမှု အခြေအနေများ အကြောင်း ကွင်းဆင်း ပြုစုထားသော အစီရင်ခံစာ တစ်စောင်ကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC,The Border Consortium) က တရားဝင် ထုတ်ပြန်သည်။

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို
Monday, November 4, 2013

ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

CESR (Comprehensive Education Sector Review) ရဲ့ ပထမအဆင့် အစီရင်ခံစာကို မြန်မာနိုင်ငံ မှာရှိတဲ့ ပညာရေးအဖွဲ့အစည်းတွေအားလုံးကို ဖြန့်ဝေပြီးဖြစ်ပြီး နောက်နှစ်စပိုင်းမှာ ဒုတိယအဆင့် အစီရင်ခံစာထွက်ရှိမယ်လို့ ဗြိတိသျှကောင်စီရဲ့ ပညာရေးဒါရိုက်တာ Susana Galvan ကစကားပြန်မှ တစ်ဆင့်ပြောပါတယ်။ တတိယအစီရင်ခံစာကိုတော့ ရှေ့ကထုတ်ခဲ့တဲ့အစီရင်ခံစာကိုတော့ ရှေ့က ထုတ်ခဲ့တဲ့ အစီရင်ခံစာနှစ်ခုအပေါ် အခြေခံပြီးထောက်ခံချက်တွေပေးကာ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါရှိပါမယ်လို့သိရတယ်။

CESR ကိုမြန်မာအစိုးရက အကောင်အထည်ဖော်နေပြီး ဗြိတိသျှကောင်စီကလည်း အဖွဲ့ဝင်တစ်ခုအ နေနဲ့ ကူညီပံ့ပိုးပြီး လက်တွဲဆောင်ရွက်နေတယ်လို့ ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie ကစကားပြန်မှတစ်ဆင့် ပြောပါတယ်။ CESR ကိုအခြေခံပြီး ဆက်လက်ကာနိုင်ငံမှာ အဆင့်မြင့်ပညာရေးဥပဒေကို ပြဋ္ဌာန်းသွားမှာဖြစ်တယ်လို့ သိရတယ်။

ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie က 'CESR ကိုအကောင်အထည်ဖော်တဲ့နေ ရာမှာ အလယ်အလတ်ပဲရှိပါသေးတယ်၊ သတင်းအချက်အလက်က မစုံလင်သေးပါဘူး။ ကျွန်တော်တို့ ကိုလဲ ဒီလုပ်ငန်းစဉ်မှာ ပံ့ပိုးဖို့ပဲဖိတ်ခေါ်တာပါ။ CESR ကရရှိတဲ့ အချက်တွေစုဆောင်းပြီး လွှတ်တော်မှာ ကော်မတီအမျိုးမျိုးကနေ ဒါတွေကိုဆွေးနွေးမှာပါ' လို့ပြောပါတယ်။

CESR နဲ့ပတ်သက်ပြီး ဆက်သွယ်ရေးပိုင်းမှာ တော်တော်လေး အားနည်းတာတွေ့ရတယ်လို့ ဗြိတိသျှ ကောင်စီရဲ့မြန်မာမှ ပညာရေးဒါရိုက်တာ Susan Galvan က ပြောပါတယ်။ CESR ကိုဆက်သွယ်ပညာ ပေးဖို့အတွက် အားလုံးကဆက်သွယ်ရေး အစီအစဉ်တစ်ခုရေးဆွဲနေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအနှံ့ ဆက်သွယ်ပညာပေးဖို့ စီစဉ်နေတယ်လို့ သိရတယ်။

လက်ရှိမှာ CESR နဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တစ်ခုလုပ်နေပြီး မကြာခင် လေ့လာနိုင်မယ်လို့ သိရ တယ်။

မော်ဒန်သတင်းဂျာနယ်
ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့ လုပ်ငန်း စဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့်မှုကြောင့် ၀န်ဆောင်စရိတ် တိုးလာသည့်အပေါ် ဈေးနှုန်းတက်ရ တော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က လက်လီလုပ်ငန်းရှင်များသို့ အသိပေး

နိုဝင်ဘာလမှ စတင်ပြီး လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် ၀န်ဆောင် စရိတ် တိုးလာသည့်အတွက် ကုန်စည်အချို့ ဈေးနှုန်းတက်၍ ရောင်းချ သွားတော့ မည်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့မှ လက်လီရောင်းချနေသည့် လုပ်ငန်းရှင်များသို့ အသိပေး ထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

NLD ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် သဘောထား ရယူမှုများ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်နေရာ ပြီးစီး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထား ရယူမှုများမှာ နိုဝင်ဘာ ၃ ရက်အထိ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်မြို့နယ်တွင် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကချင်ဒေသခံ ထောင်ချီကြိုဆို

အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် နိုဝင်ဘာ ၃ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များကို ထောင်ချီသည့် ကချင်ဒေသခံများက ကြိုဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု များပြားနေသော်လည်း လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု ကဏ္ဍတွင် အားနည်းနေ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တတိယအများဆုံး တိုင်ကြားနေသော်လည်း လက်ရှိကာလအထိ ရဲ တပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုများ အားနည်းနေ ဆဲဖြစ်ကြောင်း ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးဖြစ်သူ ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောကြားသည်။

Sunday, 3 November 2013

NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲကို တောင်ဥက္ကလာပ၊ မရမ်းကုန်းနှင့် စမ်းချောင်းမြို့နယ်တို့်တွင် တစ်ရက်တည်း ပြုလုပ်

I-3-11
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူရေး ဟောပြောပွဲ ကျင်းပနေသည်ကို တွေ့ရစဉ်
နိုဝင်ဘာ ၂ ရက်တွင် NLD ပါတီ ပြုလုပ်လျက်ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူရေး ဟောပြောပွဲ များအား တောင်ဥက္ကလာပမြို့နယ်၊ မရန်းကုန်းမြို့နယ်ရှိ မျက်မမြင်ကျောင်းနှင့် စမ်းချောင်းမြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်ရှိနေခြင်းက တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း လိုင်ဇာထိပ်သီး ဆွေးနွေးပွဲက ကြေညာချက်ထုတ်ပြန်

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြဿနာများအား တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေ ရှင်းဆောင် ရွက်နေသည့် အချိန်တွင် တိုင်းရင်းသား နယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းသည် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်အား အဟန့်

အမေရိကန်ပြည်ထောင်စု အနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားဖို့လိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်သည့် အပေါ် နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိနိုင်ငံ၏ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံ တစ်နိုင်ငံ အချုပ်အခြာ အာဏာ ကိုလည်း လေးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြု မှုရရှိပြီးမှ ဒုတိယအဆင့် အပစ်ရပ် လက်မှတ်ထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား RCSS/SSA မှလွဲ၍ တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ လက်မှတ်ရေးထိုး

I.3.11
နိုဝင်ဘာ ၂ ရက်က အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား လက်မှတ် ရေးထိုးနေကြစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း )
အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြုမှု ရရှိပြီးမှ ဒုတိယအဆင့်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့မှလွဲ၍ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာကို စစ်ရေးအကူအညီ တိုးမြှင့်ပေးမည်

မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာနှင့် ပိုမိုပူးပေါင်းကာ စစ်ရေးအကူအညီ တိုးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း The Times of India သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ

8.1.1
စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွား များ အား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)
ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

Saturday, 2 November 2013

နိုင်ငံရေး ဆွေးနွေးပွဲအတွက် အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အားလုံးပါဝင်သော ပူးတွဲကော်မတီဖြင့် လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ စီစဉ်

နိုင်ငံရေး ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အဖွဲ့ဝင်အားလုံး ပါဝင်သော ပူးတွဲကော်မတီဖြင့်သာ လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက စီစဉ်နေကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သော ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး ကိစ္စကို နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သော သူများကို ဦးစားပေးရန် လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အကြံပြု

ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သောသူ၊ ချေးငွေအသုံးပြုပြီး ဘ၀မြင့် မားအောင် ဆောင် ရွက်နိုင်သူကို မူအရ ဦးစားပေးရန် အရေးကြီးကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များက အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့် စွက်ရန်ပုံငွေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အကြံပြု ပြောကြားခဲ့သည်။

မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမြင့်လာနိုင်

8.1.1
ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် တက်ရောက် ကုသနေသည့် ဝေဒနာရှင် များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လာမည့်နှစ်နှစ်အတွင်း ကင်ဆာကြောင့် သေ ဆုံးနှုန်း နှစ်ဆတိုးမြင့် လာနိုင်ဟု ''ကင်ဆာရောဂါ ကင်းစင်ရေး အသိပညာဖြင့် ကာကွယ်ပေး'' ကျန်းမာရေး ဟောပြောပွဲတွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ဆိုသည်။

ဆီးဂိမ်းစ်အတွက် ငွေဆောင်တွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့် လုံခြုံရေး ဆောင်ရွက်မည်

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာတွင် ပါဝင်သော ငွေဆောင်ကမ်းခြေတွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Friday, 1 November 2013

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )

အင်္ဂလိပ်လို နားထောင်လိုပါက  https://soundcloud.com/infonldburma/dassk-sandhust
 

အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ယနေ့ဆုံးဖြတ်ချက်ချမည်

ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေး ပွဲမှတစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင်ထုတ်ပြန်မည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ မှ အတိုင်ပင်ခံ ဦးခွန်ဆိုင်း က အောက်တိုဘာ ၃၁ ရက် အစည်းအဝေးပြီးနောက် သတင်းမီဒီယာများကို ပြောသည်။

Facebook ၏ အန္တရာယ်

လူအများစုဟာ Facebook ရဲ့ အန္တရာယ်ကို သတိမမူမိကြဘဲ ဒီလူမှုကွန်ရက်ဆိုက်ထဲမှာ သူတို့ရဲ့ Profile တွေကို ဖန်တီးခဲ့ကြပါတယ်... Facebook ဟာ ကမ္ဘာအနှံကလူတွေကို မိတ်ဆွေဟောင်းတွေ နဲ့ပြန်ဆက် သွယ်နိုင်ဖို့... ပြီးတော့ မိတ်ဆွေသစ်တွေရရှိစေဖို့အတွက် ဆက်သွယ်ပေးတဲ့ ကြားခံစနစ်တစ်ခုအနေနဲ့ လုပ်ဆောင် ပေးနေပါတယ်... ဒါပေမဲ့ ဒီလူမှုကွန်ရက်ဆိုက်ဟာ အကျိုးကျေးဇူးတွေရှိနေသလို အန္တရာယ် တစ်ချို့နဲ့လည်း ဆက်နွယ်ပတ်သက်နေပါတယ်....

သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကို အိမ်ဝယ်သူ အများအပြား ပိုမိုစိတ်ဝင် တစားဝယ်ယူ

ယခုလက်ရှိ အိမ်ဝယ်ယူသူအများအပြားမှ တစ်ဝက်ခန့်သော ၀ယ်ယူ သူတွေဟာ သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကိုမှ ၀ယ်ယူကာ နေထိုင်ရတာ ပိုနှစ်သက် နေကြတယ်လို့ နယူးယောက် အိမ်ခြံမြေ ၀က်ဆိုဒ်တစ်ခု ဖြစ်တဲ့ realtor.com ရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။