Sunday, 6 October 2013

ကင်ဆာ ရောဂါကို ကာကွယ်နိုင်သော သဘာဝ ဟင်းသီးဟင်းရွက်များ

ကင်ဆာအမျိုးပေါင်း ၂ဝဝ ကျော်ရှိသည့်အနက် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာတို့ဟာ ဖြစ်ပွားမှုအများဆုံး ဖြစ်တယ်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရှမ်းနီလူဦးရေ စာရင်းများ စတင်ကောက်ခံ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုင်းလိုင်(ရှမ်းနီ)လူဦးရေစာရင်းအား စတင် ကောက်ခံ လျှက်ရှိကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုင်းဌေးအောင်က ပြောကြား သည်။

ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၏ လျှို့ဝှက်စာ ပေးပို့မှု တောင်တက် ကား အသင်း ငြင်းဆို

ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ရန်ပုံငွေအတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကင်ပွန်းစခန်း (တောင်ခြေ)မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားဖူးကားငါးစီး ပြေးဆွဲခွင့်ပြုရန် တောင်းဆိုထားမှုကို

ဘုံချောင်းကျေးရွာတွင် ပညာဗိမာန်စာကြည့်တိုက်ဖွင့်

ကချင်ြပည်နယ်၊ မိုးညှင်းမြို့နယ် အင်းကုန်းအုပ်စု၊ ဘုံချောင်းကျေးရွာတွင် ပညာဗိမာန်စာကြည့််တိုက် ဖွင့်ပွဲ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အောက်တိုဘာလ ၅ရက်နေ့က မြို့နယ်အထွေထွေ

လျော်ကြေးကိစ္စ မပြီးမချင်း လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်း ထားရန် ဒေသခံများ တောင်းဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပေးလျော်ရမည့် မြေယာ လျော်ကြေးကိစ္စများ မပြီးမချင်း စီမံ ကိန်းကို ရပ်ဆိုင်းထားရန် လက်ပံတောင်းတောင်အရေး တက်ကြွစွာလှုပ်ရှားခဲ့သူများက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို တောင်းဆိုခဲ့သည်။

ယူနီဖောင်းဝတ်ထားသူများက အကြမ်းဖက်စစ်ဆေးမေးမြန်း မှုကြောင့် ဆေးရုံတက်ရောက်ကုသနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ညအချိန်၌ ပြည်သူ့စစ် ယူနီဖောင်း ၀တ်ဆင်ထားသူများနှင့် ရဲ အရာရှိယူနီဖောင်းဝတ်ဆင်ထားသူများက ဒေသခံတစ်ဦးအား စက်တင်ဘာလ(၂၇)ရက်နေ့ညက ရဲစခန်း မဟုတ်သော အဝေးတစ်နေရာသို့ ခေါ်ဆောင်သွား၍ ညုင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြင်း ထန်သော ဒဏ်ရာများရရှိကာ လားရှိုးပြည့်သူ့ ဆေးရုံသို့ တက်ရောက်ကုသနေ ရကြောင်း ကာယကံရှင် ထံမှ သိရသည်။

အမေရိကန် အထူးတပ်ဖွဲ့တွေ ဆိုမာလီနဲ့ လစ်ဗျားမှာ ဝင်ရောက် စီးနင်းမှု နှစ်ခု ပြုလုပ်

Photo: အမေရိကန် အထူးတပ်ဖွဲ့တွေ ဆိုမာလီနဲ့ လစ်ဗျားမှာ ဝင်ရောက် စီးနင်းမှု နှစ်ခု ပြုလုပ် 
Sunday, October 6, 2013

အမေရိကန် အထူး တပ်ဖွဲ့တွေဟာ အာဖရိက က အစ္စလာမ် ဝါဒီ စစ်သွေးကြွ ခေါင်းဆောင်တွေကို တိုက်ခိုက် စီးနင်းမှု နှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပိုပြီး သိသိသာသာ ထင်ရှားလာပါပြီ။

အဲဒီ တိုက်ခိုက်မှု နှစ်ခုကတော့ လစ်ဗျား နိုင်ငံ ထရစ်ပိုလီမြို့နဲ့ ဆိုမာလီ နိုင်ငံက ဆိပ်ကမ်း မြို့ဖြစ်တဲ့ ဘရာဝီ မှာ ဖြစ်ပါတယ်။

လစ်ဗျားက အယ်ကိုင်းဒါး ခေါင်းဆောင် Anas al Libiကို ထရစ်ပိုလီ မြို့မှာ ဖမ်းဆီး ရမိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

အသက် ၄၉နှစ် ရှိပြီ ဖြစ်တဲ့ အနက်စ် လီဘီ ဟာ ၁၉၉၈ ခုနှစ်တုန်းက အရှေ့အာဖရိက အမေရိကန် သံရုံးတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ပတ်သက်ခဲ့တယ် ဆိုပြီး အလိုရှိနေတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဖို့ သတင်းပေးနိုင်တဲ့သူကို ဆုငွေ ဒေါ်လာ သန်းငါးရာ ပေးမယ် လို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

အခုလို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စစ်သွေးကြွ ခေါင်းဆောင်ရဲ့ ဇနီးက မျက်မြင် သက်သေ အဖြစ် တွေ့ခဲ့တာ ဖြစ်ပြီး နိုင်ငံခြားသားတွေက ခင်ပွန်းသည် ဖြစ်သူကို ဖမ်းသွားတာလို့ ပြောကြောင်း အနက်စ် လီဘီရဲ့ ညီအကို တော်စပ်သူ တယောက်က ကိုးကား ပြောဆိုခဲ့ပါတယ်။

တခါ ဆိုမာလီ စစ်သွေးကြွ အယ်ရှာဘတ် အဖွဲ့တွေ ခြေကုပ်ယူရာ အရပ်မှာလည်း ပြီးခဲ့တဲ့ စနေနေ့ အစောပိုင်းတုန်းက အမေရိကန် ကမ်းတပ် အထူးတပ်ဖွဲ့တွေက ၀င်ရောက် စီးနင်းခဲ့တယ်လို့ အမေရိကန် အရာရှိတွေ ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

ဆိုမာလီ တောင်ပိုင်းက Barawe ဆိပ်ကမ်းမြို့က အယ်ရှာဘတ် ထိပ် တန်း ခေါင်းဆောင်တယောက် နေတဲ့ အိမ်ကို အမေရိကန် ရေတပ် အထူး တပ်ဖွဲ့တွေက ပင်လယ်ရေကြောင်းကနေ တက်ပြီး ၀င်တိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေက ပြောပါတယ်။

အဲဒီ အယ်ရှာဘတ် ခေါင်းဆောင်ရဲ့ ကံကြမ္မာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တုန်းက ကင်ညာ နိုင်ငံ နိုင်ရိုဘီမြို့က ဝက်စ်ဂိတ် ကုန်တိုက် တိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ ပြောတဲ့ အယ်ရှာဘတ် အဖွဲ့ကတော့ အနောက် နိုင်ငံ တပ်ဖွဲ့တွေက ဘရာဝီ ကို ဝင်ရောက် စီးနင်းခဲ့တာကြောင့် စစ်သွေးကြွ တယောက် သေဆုံးသွားပေမယ့် အခုတော့ အဲဒီ တပ်ဖွဲ့တွေ သူတို့က ပြန်မောင်းထုတ်လိုက်ပြီလို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အမေရိကန် အထူး တပ်ဖွဲ့တွေဟာ အာဖရိကက အစ္စလာမ်ဝါဒီစစ်သွေးကြွ ခေါင်းဆောင်တွေကို တိုက်ခိုက် စီးနင်းမှုနှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပိုပြီးသိသိသာသာ ထင်ရှား လာပါပြီ။

အခြေခံဥပဒေကို အသစ်ရေးဆွဲပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝဖျက်သိမ်း လိုက် ပါက နိုင် ငံတော်နှင့် နိုင်ငံသားများအတွက် အလွန် အန္တရာယ်များပြီး မမျှော်မှန်းနိုင်သည့် ကိစ္စရပ် များ ဖြစ်ပေါ် လာနိုင်ကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ သတိပေး

အခြေခံဥပဒေကို အသစ်ရေးဆွဲပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းလိုက် ပါက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ်များပြီး မမျှော်မှန်းနိုင်သည့် ကိစ္စရပ် များ ဖြစ်ပေါ် လာနိုင်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအား ပြည် သူများသာ ခံစားကြရမည်ကို သတိပြုဆင်ခြင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အာဏာ ရ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အောက်တိုဘာ ၅ ရက် နေ့စွဲဖြင့် ကြေညာ ချက် ထုတ်ပြန် ၍ သတိပေးခဲ့သည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ မြန်မာလုပ်သားများ အသိ အမှတ်ပြု လက်မှတ်နှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိ သဖြင့် လုပ် ခ လစာများ နစ်နာလျက်ရှိ

Photo: ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ မြန်မာလုပ်သားများ အသိ အမှတ်ပြု လက်မှတ်နှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိ သဖြင့် လုပ် ခ လစာများ နစ်နာလျက်ရှိ
Sunday, October 6, 2013

တနသာင်္ရီတိုင်း ဒေသကြီးရှိ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း မှ မြန်မာလုပ်သားများမှာ လုပ်ငန်းခွင် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များနှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိသဖြင့် လုပ်ငန်းခွင်အတွင်း လစာနည်းပါးခြင်းများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများက အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အောက်တိုဘာ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အလုပ်သမားဘက်မှ တောင်းဆိုချက် များဖြစ်သည့် မြန်မာနှင့် ထိုင်းလုပ်သားများ လစာကွာခြားနေမှု၊ နေ့စား အလုပ်သမားများ လုပ်ခလစာ နည်းပါးမှု၊ အလုပ်ချိန် များပြားသည့်အပြင် အချိန်ပို (OT) ကြေး မရရှိမှုနှင့် စီမံကိန်းရှိ လုပ်ငန်းခွင်အတွင်း အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေးရန် စသောကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

"အခုလို စီမံကိန်းမှာ သွားရောက်ဆွေးနွေးရတာက နေပြည်တော် ကနေ တဆင့် ဦးတို့ဆီကို စာပြန်ဝင်လာပြီး ဆောင်ရွက်ပေးဖို့ ညွှန်ကြားချက် ကျလာခဲ့ပါ။ ပထမ အချက်က စီမံကိန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သားတွေ ထဲက ဘွဲ့ရလူငယ်တွေနဲ့ အင်ဂျင်နီယာ ဘွဲ့ရထားတဲ့ လုပ်သားတွေကို လစာပေးချေတဲ့ အခါမှာ ထိုင်းလုပ်သားတွေနဲ့ ကွာခြားတဲ့ ကိစ္စပါ။ စီမံကိန်းထဲမှာ သာမန်မြန်မာ လုပ်သားတစ်ယောက်က တစ်လကို ကျပ် ၁၄၀၀၀၀ နဲ့ အင်ဂျင်နီယာက ကျပ် ၁၈၀၀၀၀ ရတယ်။ ထိုင်းလုပ် သား တစ်ယောက်ရဲ့ လစာကတော့ ကားသမား ဆိုရင်တောင် မြန်မာငွေ ကျပ် ၆၀၀၀၀၀ နဲ့ အင်ဂျင်နီယာဆိုရင် ကျပ် ၉၀၀၀၀၀ လောက် ရနေ တာ တွေ့ရပါတယ်။ နေ့စားလုပ်သား ဆိုရင်လည်း မြန်မာလုပ်သား တစ်ယောက် က တစ်နေ့ကို ကျပ် ၃၅၀၀ သာရပြီး ထိုင်းလုပ်သား တစ်ယောက်က ကျပ် ၁၈၀၀၀ လောက် ရပါတယ်။ အလုပ်လုပ်ရတဲ့အပိုင်း အများကြီး မကွာပေမယ့် ရရှိတဲ့ လစာက အတော်ကြီး ကွာခြားနေတော့ ညှိပေးဖို့ အလုပ်သမားတွေက တောင်းဆိုတာပါ။ အလုပ်သမားတွေက သူတို့ကို ထိုင်းလုပ်သားတွေ ရနေတဲ့ လစာငွေရဲ့ တစ်ဝက်လောက်ကိုပဲ တိုးပေးဖို့ ပြောပါတယ်။ ထိုင်းကုမ္ပဏီဘက်က အဲဒါကို မပေးနိုင်ဘူး လို့ ပြောပါတယ်။ ထိုင်းဘက်က ပြောတာကတော့ မြန်မာဘက်မှာ အနိမ့်ဆုံး လစာဆိုတာ သတ်မှတ်ချက်ရယ် လုပ်ငန်းခွင် ကျွမ်းကျင်မှုအတွက် အသိအမှတ်ပြု လက်မှတ်တွေ မရှိတာပေါ့။ အခုလည်း စီမံကိန်းထဲမှာ ဘွဲ့ရလူငယ်လေးတွေ အလုပ်ကြမ်း သမားအဖြစ် လုပ်နေရတာ တွေ့တယ်။ အဓိကကတော့ လုပ်ငန်းကျွမ်းကျင်မှု လက်မှတ်တွေ မရှိလို့ဘဲ" ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

"ဒီဒေသမှာ နေ့စားအလုပ်သမား တစ်ယောက်က တစ်နေ့ကို မြန်မာငွေ ကျပ် ၁၅၀၀ လောက်ပဲ ရတာဖြစ်လို့ လက်ရှိသူတို့ပေးထားတဲ့ လစာကျပ် ၃၅၀၀ ကတောင် များနေပါသေးတယ်လို့ ဆိုပါတယ်။ အဲလိုပြောတာ ဒီဒေသက နေ့စားလုပ်သားခတွေကို သေသေချာချာ မလေ့လာသေးဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ လက်ရှိ ဒီဒေသက အပြင်လုပ်ငန်းခွင်မှာ ပန်းရန်လုပ်ငန်းက ဘိလပ်မြေဖျော်တဲ့ အလုပ်သမားတောင် တစ်နေ့ကို အနည်းဆုံး ကျပ် ၅၀၀၀ လောက် ရနေတာ လူတိုင်းသိတယ်။ နောက်ပြီး ဒီဒေသမှာက ကုန်ဈေးနှုန်းလို အထွေထွေ အသုံးစရိတ်တွေ မြင့်တယ်  ဆိုတာ သူတို့သိဖို့ လိုတယ်။ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ဘက်က တောင်း ဆို သမျှ အချက်တွေ အားလုံးနီးပါးကို ကုမ္ပဏီဘက်က အကြောင်းအ မျိုးမျိုးပြပြီး လုပ်မပေးနိုင်ဘူးလို့ ပယ်ချခဲ့တယ်" ဟု ထားဝယ်အထူး စီးပွားရေး ဇုန် စီမံကိန်းတွင် လုပ်ကိုင်နေသော အလုပ်သမား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဇော်မင်းထိုက်က ပြောကြားခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြန်မာလုပ်သား ၂၀၀၀ ကျော်နှင့် ထိုင်း လုပ်သား ၁၀၀၀ ကျော်ရှိပြီး ဒေသခံ ရွာသား အချို့လည်း ၀င်ရောက်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သား အလုပ်သမားများအား တွေ့ရစဉ်
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သား အလုပ်သမားများအား တွေ့ရစဉ်
တနသာင်္ရီတိုင်း ဒေသကြီးရှိ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း မှ မြန်မာလုပ်သားများမှာ လုပ်ငန်းခွင် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များနှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိသဖြင့် လုပ်ငန်းခွင်အတွင်း လစာနည်းပါးခြင်းများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ကေအိုင်အို ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေးအာမခံချက်၊ စစ်ရေး အာမခံချက်တို့ အပေါ် မူတည်ဟုဆို

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက် ပေးမှုအပေါ်တွင် မူတည်နေဟု အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင် ရွက်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။

သံတွဲပဋိပက္ခနောက်ဆက်တွဲ လူ ၃၀ ထက်မနည်း အဖမ်းခံထားရ

Photo: သံတွဲပဋိပက္ခနောက်ဆက်တွဲ လူ ၃၀ ထက်မနည်း အဖမ်းခံထားရ 
Sunday, October 6, 2013 

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မနေ့ကညပိုင်းအထိ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရတဲ့ အခြေအနေတွေ ဆက်ရှိ နေသေးပါတယ်။ ဒါ့အပြင် ပေါက်တောနဲ့ လင်းသီရွာတွေဘက်မှာ အဖမ်းအဆီးတွေရှိခဲ့ပြီးတော့ အခုချိန်ထိဆိုရင် ဖမ်းဆီးခံထားရ သူ အယောက် ၃၀ လောက်ထိ ရှိသွားပြီလို့လည်း ခန့်မှန်း ပြောဆိုကြပါတယ်။ သံတွဲမြို့နဲ့ပတ်ဝန်းကျင်ဒေသရဲ့ နောက်ဆုံး အခြေအနေနဲ့ အဖမ်းအဆီးသတင်းတွေကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အချင်းချင်း စကားများရန်ဖြစ်ရာကနေ ဖြစ်ပွားခဲ့တဲ့ ရွာတွေမှာ မီးတွေရှို့၊ လူတွေသတ်ဖြတ်မူနဲ့ ပဋိပက္ခတွေဖြစ်အပြီး တစ်ပတ်ခန့်အကြာမှာတော့ လူဦးရေ ၃၀လောက် အဖမ်းဆီးခံခဲ့ရကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့မှာ လင်းသီနဲ့ ပေါက်တောရွာက လူ ၁၁ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ သံတွဲမြို့က သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်က ဆိုပါတယ်။

“ပေါက်တောမှာ၊ လင်းသီ ပေါက်တောပေါ့နော၊ အဲဒီမှာ စခန်းမှူးဦးဆောင်တဲ့အဖွဲ့ကတဲ့ ဘာအကြောင်းမှန်းမသိဘဲနဲ့ လိုက်လံ ဖမ်းဆီးနေတာ အခု ယောက်ျား ၁၁ ယောက်ရှိသွားပြီတဲ့၊ လင်းသီရွာနဲ့ ပေါက်တောရွာမှာနေကြတဲ့ အကြမ်းဖက်ခံထားရတဲ့၊ အိမ်တွေမီးရှို့ခံ ဖျက်ဆီးခံထားရတဲ့ လူငယ်လေးတွေပါ။ ဘာအကြောင်းဆိုတာ ကျနော်တို့ မသိဘူးတဲ့။ အခုလည်း ရွာကလူတွေ က သူတို့ဖမ်းမှာကြောက်လို့ ပုန်းနေရတယ်ဆိုပြီးတော့ ကျနော့်ဆီ ဖုန်းဆက်လာပါတယ်ခင်ဗျာ။ အခုဟာတော့ အကြမ်းဖက်ခံ ထားရတဲ့ အစ္စလာမ်တွေကိုဖမ်းတာက ၁၁ ယောက်ရှိပါတယ်၊ အားလုံးဆိုရင်တော့ ၃၀ လောက်ရှိမှာပေါ့။”

စက်တင်ဘာလ ၄ရက်နေ့ ညပိုင်းမှာလည်း မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဗောဓိကုန်း အမှတ် ၅ နဲ့ အမှတ် ၆ ရပ်ကွက်တွေဘက်မှာ သေနတ် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အသံတွေကို ကြားရတယ်လို့ ဆိုပါတယ်။

လင်းသီရွာဘက်မှာတော့ အဖမ်းအဆီးတွေ လုပ်နေတဲ့အကြောင်း၊ မီးရှို့ဖျက်ဆီးခံရလို့ တိမ်းရှောင်နေသူတစ်ဦးကို လာရောက် ဖမ်းဆီးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

“ကျမအိမ်ဘေးနားက ကျမမောင်လေးဆိုရင်၊ မောင်မောင်လေးဟာ ပေါက်တောမှာနေတာပါ၊ သူ့အိမ်ဟာ မီးလောင်တဲ့ထဲ ပါသွား ပါတယ်၊ မီးလောင်တော့ သူက ပေါက်တောကနေပြီးတော့ ထွက်ပြေးသွားပြီးတော့မှ လင်းသီရွာကို ဆင်းလာတာပါ။ သူက ကျမ တို့အိမ်မှာ နေတာကနေပြီးတော့ သူ့ကို ခနလိုက်ခဲ့ပါဆိုပြီးတော့ ခေါ်သွားပါတယ်။ နောက်ပြီးတော့ တစ်ယောက် နှစ်ယောက် လောက်တော့ အခုပါသွားပါပြီ။”

သံတွဲမြို့မှာ အာဏာပိုင်တွေက အဖမ်းအဆီးတွေလုပ်နေပေမဲ့ ဘာအတွက်ဖမ်းဆီးတယ်ဆိုတာကို အသိပေးခြင်းမရှိတာကြောင့် ဘာကြောင့် အဖမ်းဆီးခံနေရသလည်းဆိုတာကို မိသားစုဝင်တွေအနေနဲ့ သိလိုနေကြတာပါ။

သံတွဲမြို့ရဲစခန်းကို အဖမ်းဆီး လူဦး ရေနဲ့ပတ်သက်လို့ အတည်ပြုပြောကြားပေးဖို့ မေးမြန်းတဲ့အခါမှာတော့ - “အဲဒါတွေ မသိပါဘူးခင်ဗျာ၊ ကျနော်တို့ ဘာမှ ဖြေလို့ မရသေးပါဘူး၊ ကျနော် တို့ ဒီမှာ အလုပ်တွေများပါတယ်ဗျာ။”

သံတွဲမြို့မှာ ပြီးခဲ့တဲ့ဇွန်လလောက်ကစပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်က စပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လောက်အထိ ဆိုးဝါးတာမျိုးတွေ ထပ်မဖြစ်ခဲ့ပေမဲ့ မီးရှို့မှုတွေကတော့ မကြာခနဖြစ်ပွားခဲ့တာပါ။ သံတွဲမြို့က ဖြစ်ရပ်တွေအတွင်း လုံခြုံရေးအားနည်းမှု ရှိတယ်ဆိုတာကို အာဏာပိုင်တွေဘက်ကတော့ ၀န်ခံထားတာရှိပါတယ်။

လက်ရှိ သံတွဲမြို့နဲ့ နယ်အစွန်အဖျားနေရာတွေဘက်မှာတော့ မနက် ၆ နာရီကနေ ည ၆ နာရီအထိ ညမထွက်ရအမိန့်နဲ့ လုံခြုံရေး
တွေ တင်းကျပ်စွာချထားပေမဲ့ စိုးရိမ်ပူပန်မူတွေ ရှိနေဆဲပဲလို့ဆိုပါတယ်။

VOA
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မနေ့ကညပိုင်းအထိ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရတဲ့ အခြေအနေတွေ ဆက်ရှိ နေသေးပါတယ်။ ဒါ့အပြင် ပေါက်တောနဲ့ လင်းသီရွာတွေဘက်မှာ အဖမ်းအဆီးတွေရှိခဲ့ပြီးတော့ အခုချိန်ထိဆိုရင် ဖမ်းဆီးခံထားရ သူ အယောက် ၃၀ လောက်ထိ ရှိသွားပြီလို့လည်း ခန့်မှန်း ပြောဆိုကြ ပါတယ်။

သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (၂) ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်း တည်ဆောက် နေမှုနှင့် ဒေါပုံမြို့နယ် သမဝါယမ အသင်းစု လုပ်ငန်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး

Photo: သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (၂) ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်း တည်ဆောက် နေမှုနှင့် ဒေါပုံမြို့နယ် သမဝါယမ အသင်းစု လုပ်ငန်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး
Sunday, October 6, 2013

သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းသည် တာဝန်ရှိ သူများ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီက ရွှေနှင်းဆီ အထွေထွေ စီးပွားရေးလုပ်ငန်း

သမဝါယမ အသင်းသို့ ရောက်ရှိခဲ့ရာ အသင်းဥက္ကဋ္ဌ ဒေါ်သီတာအောင်က ရေယာဉ် လျှောလမ်းလုပ်ငန်း အား အသင်းသား ကိုးဦး၊ ဝန်ထမ်း ၁ဝ ဦး၊ အလုပ်သမား ၃ဝ ဦးတို့ဖြင့် ၂ဝ၁၁ ခုနှစ်တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုန်တွဲဆွဲရေယာဉ် တစ်စင်း တည်ဆောက်ပြီးစီးခဲ့မှု၊ ယခုအခါ မန္တလေး-ပုဂံ Packet ပြေးဆွဲရန် နှစ်ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်းတည် ဆောက်နေမှုနှင့်အပျော်စီး နှစ်ထပ် သင်္ဘောတစ်စင်း တည်ဆောက်မည့် အခြေ အနေများကို ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်းကုန် စည်ပို့ဆောင်ရေးတွင် ရေကြောင်းပို့ ဆောင်ရေးသည် အဓိကဖြစ်ကြောင်း၊ သို့ပါ၍ သင်္ဘောကျင်း တိုးချဲ့ပြင်ဆင်ခြင်းကို Master Plan ရေးဆွဲဆောင်ရွက် ရန်လိုကြောင်း၊ ဝန်ထမ်းများအား အတွေ့အကြုံ၊ နည်းပညာများရရှိအောင် ပြည်ပသို့ သင်တန်း များ၊ လေ့လာရေးခရီးများ စေလွှတ်ဆောင်ရွက် ရန်လိုကြောင်း၊ မိမိအနေဖြင့် နိုင်ငံတကာ အထောက်အပံ့ နည်းပညာ၊ Grant နှင့် ချေးငွေများ ရရှိအောင် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒေါပုံမြို့နယ် သမဝါယမ အသင်းစုတွင် မြို့နယ် သမဝါယမအသင်း ဦးစီးဌာန ဝန်ထမ်းများ အသင်းစုနှင့် မြို့နယ်အတွင်းရှိ အခြေခံ အသင်းများမှ အမှုဆောင်များနှင့် တွေ့ဆုံရာ အသင်းစု ဥက္ကဋ္ဌ ဦးကျော်စိန်က စတိုးဆိုင်ဖွင့် လှစ်ရောင်းချနေမှု၊ လစဉ် ဆန်ကုန်ကြွေးရောင်းချမှု၊ Micro finance လုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် တိုးချဲ့ဆောင် ရွက်မည့်အိမ်ဆောက်ပစ္စည်း၊ အခြေခံ စားသောက်ကုန်၊ လက်လီလက်ကား ရောင်းချရေးလုပ်ငန်း ကိစ္စများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီး က Micro financ လုပ်ငန်းနှင့် သမဝါယမ အသင်းများ တိုးတက်ရေးလုပ်ငန်း တို့ကို ဆောင်ရွက်မှသာ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ ကုန်ကြွေး ရောင်းချစနစ်အား စနစ်တကျ ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း၊ ၎င်းအပြင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၍ ပြည်သူများ ယုံကြည်မှုရှိအောင် ရောင်းချနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အခြေခံ အသင်းများ အနေဖြင့်လည်း အဆင့်မြှင့်တင်ရန်အတွက် စီမံချက်ရေး ဆွဲ၍ တင်ပြစေလိုကြောင်း၊ Micro financ လုပ်ငန်းအောင်မြင်ရန် ချေးငွေများကို ထိထိရောက်ရောက် အသုံးပြု ရေး အမှုဆောင်များက ကြပ်မတ်ရန် လိုသလို အသင်းသားများကလည်း သတ်မှတ်ကာလတွင် တိတိကျကျ ပြန်လည်ပေးဆပ်ရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။ 

မြ၀တီ
သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီက ရွှေနှင်းဆီ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသို့ ရောက်ရှိခဲ့ရာ အသင်း

စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆၀၀ နီးပါးရှိ

Photo: စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆၀၀ နီးပါးရှိ
Sunday, October 6, 2013

စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ခဲ့ပြီး ဒဏ်ရာရရှိသူမှာ ၁၆၀၀ နီးပါး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်မှာ နေပြည်တော် အပါအ၀င် တိုင်းနှင့်ပြည်နယ် ၁၄ ခု၏ စစ်ဆေး သတ်မှတ် ထားချက်များဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးများကိုပါ ထည့် သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ရန်ကုန်တိုင်း ဒေသကြီးမှာ ၂၅၇ မှု ဖြစ်ပွား ခဲ့ပြီး၊ သေဆုံးသူ ၄၇ ဦးထိ ရှိကာ ဒဏ်ရာရရှိသူ ၂၉၈ ဦးထိ အများ ဆုံး ဖြစ်ခဲ့သည်။

ယင်းနောက် မန္တလေးတွင် ယာဉ်တိုက်မှု ၁၅၁ မှုတွင် လူသေဆုံးမှု ၄၃ မှု၊ ဒဏ်ရာရရှိသူ ၂၁၂ ဦး ရှိခဲ့ပြီး ပဲခူးတိုင်းတွင် ၁၁၃ မှု ဖြစ်ခဲ့ကာ လူသေမှု ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၁၈၅ ဦး ရှိခဲ့ကြောင်း သိရသည်။

ယာဉ်အစီးရေ နည်းပါးသော ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည် နယ်တို့မှာ ယာဉ်တိုက်မှုဖြစ်စဉ် အနည်းဆုံးတွင် တည်ရှိနေ သည်။

ယာဉ်တိုက်မှုဖြစ်စဉ် အများဆုံးသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းတွင် ယာဉ်နှင့်ပတ်သက်သော စည်းကမ်းချက် ထုတ်ပြန်မှုများ ပြုလုပ်နေသော် လည်း နေ့စဉ် ယာဉ်မောင်း ၅၀၀ ကျော်ကို စစ်ဆေးနေရဆဲဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရှစ်လတာ ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၉၀၅၈ မှု၊ သေဆုံးသူ ၂၄၁၇ ဒဏ်ရာရရှိသူ ၁၅၆၅၇ ထိရှိကြောင်း သိရသည်။

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ၁၉၉၉မှု ၊ ဖေဖော်ဝါရီလတွင် ၁၁၂၇ မှု၊ မတ်လတွင် ၁၁၈၆ မှု၊ ဧပြီတွင် ၁၃၂၁ မှု၊ မေလတွင် ၁၀၇ မှု၊ ဇွန်လတွင် ၁၀၈၈ မှု၊ ဇူလိုင်လတွင် ၁၀၈၀ မှု၊ သြဂုတ်လတွင် ၁၀၅၀ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Eleven Media Group

စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လူတစ်ဦးအား ယာဉ်ဖြင့်အတိုက်ခံရမှုကို တွေ့ရစဉ်
စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လူတစ်ဦးအား ယာဉ်ဖြင့်အတိုက်ခံရမှုကို တွေ့ရစဉ်
စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ခဲ့ပြီး ဒဏ်ရာရရှိသူ မှာ ၁၆၀၀ နီးပါး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကမန်တိုင်းရင်းသား နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်း ကွဲများ တွေ့ ရှိ ရသဖြင့် ဖမ်းဆီးစစ်ဆေးနေ

သံတွဲမြို့နယ်၊ ရွှေလှေ (လင်းသည်)ကျေးရွာတွင် ကမန်တိုင်းရင်း သား နေထိုင်သည့် နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲများ ရောနှောထည့်ထားသည့်ပုလင်းများကို စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက် ကွဲစေတတ်သော အရာဝတ္တုပစ္စည်းများ ဥပဒေပုဒ်မ (၅)ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၅ ရက်က သတင်းရရှိသည်။

Saturday, 5 October 2013

မြစ်ကြီးနား ဒေသခံအများအပြား ကြိုဆိုစောင့်ဆိုင်းခဲ့ကြသော်လည်း သမ္မတ၏ မြစ်ကြီးနားခရီးစဉ် ရာသီဥတုကြောင့် ဖျက်သိမ်း

N-6-10
နိုင်ငံတော် သမ္မတ၏ မြစ်ကြီးနား ခရီးစဉ်အား ကြိုဆိုစောင့်ဆိုင်း နေကြသူများအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၅ ရက်တွင် သွားရောက်ရန် စီစဉ်ထားသော ပထမဆုံး အကြိမ် ကချင်ပြည်နယ်ခရီးစဉ်အား ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ဖျက်သိမ်းခဲ့ကြောင်း ကချင်ပြည် နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို

Photo: အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို
Saturday, October 5, 2013

မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အင်အား စုဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲတာထက် ပြင် ဆင် သင့် တာတွေကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဌာနချုပ်ရှိတဲ့ ပန်ဆန်းမြို့မှာ မနေ့က လာရောက်ဆွေးနွေးတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပြည်လုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ကို တရားဝင်ဖိတ်ကြားပါက UWSA ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့အနေနဲ့ တက်ရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ဆွေးနွေးပွဲအတွက် ဆွေးနွေးမယ့်အချက်တွေကို ကြိုတင် ရရှိထားဖို့လိုတယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ပြောပါတယ်။

“ကျနော်တို့ရဲ့ သဘောထားက နိုင်ငံတော်အစိုးရကနေပြီးတော့ ဒီအစည်း အဝေးမှာ ဆွေးနွေးမယ့် အချက်အလက်တွေ၊ လက်မှတ်ထိုးမယ့် အချက် အလက်တွေကို တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးကို အစည်းအဝေး မတိုင်ခင် ကြိုတင်ဖြန့်ဝေပြီးတော့ ဆွေးနွေး ညှိနှိုင်း သွားဖို့လိုပါ တယ်၊ အောက်ခြေမှာဆွေးနွေးပြီးတော့ အားလုံးကလက်ခံတယ်၊ သဘောတူတယ်၊ လက်မှတ်ရေးထိုးနိုင်တယ်ဆိုတဲ့ ဒီအဆင့်အထိရောက် လို့ရှိရင် အကောင်းဆုံးပဲ၊ အအောင်မြင်ဆုံးပဲလို့ ကျနော်တို့ယူဆတယ်”

ဒါ့အပြင် ဆွေးနွေးပွဲမှာ သဘောမတူတဲ့အဖွဲ့ကိုချန်ပြီး သဘောတူသူတွေနဲ့ လက်မှတ်ရေးထိုးမယ်ဆိုတဲ့မူကို လက်မခံကြောင်း၊ အားလုံး သဘောတူညီ ချက် နဲ့သာ ဆောင်ရွက်ဖို့လိုကြောင်း ပြောပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုဖြစ်တဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲ တာထက် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြော ဆိုပါတယ်။

ရတနာပုံ နည်းပညာ တက္ကသိုလ်သို့ ကန်ဒေါ်လာ လေးသောင်းကျော်ရှိ အီလက်ထရွန်နစ် သင်ထောက်ကူ ပစ္စည်းများ ဂျာမနီ ကုမ္ပဏီလှူ

Photo: ရတနာပုံ နည်းပညာ တက္ကသိုလ်သို့ ကန်ဒေါ်လာ လေးသောင်းကျော်ရှိ အီလက်ထရွန်နစ် သင်ထောက်ကူ ပစ္စည်းများ ဂျာမနီ ကုမ္ပဏီလှူ
Saturday, October 5, 2013

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ လေးသောင်းကျော် တန်ဖိုးရှိ စက်မှု အီလက်ထရွန်နစ် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ဂျာမနီနိုင်ငံ အခြေစိုက် Festo Didactic ကုမ္ပဏီနှင့် ၎င်း၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sea Lion ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံရှိ လူငယ်များ ကုန်ထုတ်စနစ်ဆိုင်ရာ နည်းပညာများ လေ့ကျင့် သင်ကြားမှု ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ Festo Didactic ကုမ္ပဏီနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အနာဂတ်ကို ရည်မျှော်သည့် ပညာရေးနှင့် လေ့ကျင့် သင်ကြားရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲ (Symposium on Education and Training for the Future) ကို စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း ကောင်း၊ အလိုအလျောက် စက်မှုကုန်ထုတ် စနစ်ဆိုင်ရာ လက်တွေ့အသုံးချ အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Industrial Automotion) ကို စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် လည်းကောင်း နေပြည်တော် MICC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသို့ ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များနှင့် စက်မှုလက်မှု သိပ္ပံများမှ ပါမောက္ခ၊ ဆရာ၊ ဆရာမ ၁၄ ဦးတို့သည် Festo Didactic ကုမ္ပဏီမှ အင်ဂျင်နီယာ Mr. Wolfgang Eckart နှင့်အတူ အလိုအလျောက် စက်မှုကုန်ထုတ်စနစ် ((Industrial Automation) နှင့် သက်ဆိုင်သော သင်ထောက်ကူ စက်ပစ္စည်းများနှင့် ပရိုဂရမ်များကို လက်တွေ့လေ့လာခဲ့ကြကြောင်း Sea Lion ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံတွင်မဆို စက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုကဏ္ဍ သင်ကြားရေးနှင့် လေ့ကျင့်ရေးတို့မှာ အရေးကြီးကြောင်း၊ မြန်မာနိုင်ငံမှ လူငယ်များ အိမ်နီးချင်း နိုင်ငံများနှင့် စက်မှုကဏ္ဍ ကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်ပေါင်တန်း နိုင်အောင် သင်ထောက်ကူ ပစ္စည်းများသာမက နည်းပညာများကိုပါ မျှဝေပေးသွားမည် ဖြစ်ကြောင်း Festo Didactic ကုမ္ပဏီမှ နိုင်ငံတကာ ပညာရေး ဌာန အကြီးအကဲ Dr. Nader Imani က ပြောကြားသည်။

Festo Didactic ကုမ္ပဏီသည် စက်မှုပညာရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများနှင့် လိုအပ်သော နည်းပညာများကို ထုတ်လုပ်ရောင်းချ လေ့ကျင့်သင်ကြား ဝန်ဆောင်မှု ပေးနေသော ဂျာမနီနိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်းစက်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ယမန်နှစ်က ကုမ္ပဏီ၏ ရောင်းအားမှာ ယူရို ၂ ဒသမ ၂ ဘီလီယံကျော် ရှိကြောင်း ယင်းကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ကို ၂၀၁၀ ပြည့်နှစ် အောက်ဆိုဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology)၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ (Electronic Engineering)၊ အဆင့်မြင့် ဒြပ်ပစ္စည်း အင်ဂျင်နီယာ (Advanced Materials Engineering)၊ တိကျ စက်ပစ္စည်း ထုတ်လုပ်မှု အင်ဂျင်နီယာ (Precision Engineering) အင်ဂျင်နီယာ ဘွဲ့သင်တန်း လေးမျိုးကို သင်ကြား ပို့ချပေးလျက် ရှိသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ လေးသောင်းကျော် တန်ဖိုးရှိ စက်မှု အီလက်ထရွန်နစ် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ဂျာမနီနိုင်ငံ အခြေစိုက် Festo Didactic ကုမ္ပဏီနှင့် ၎င်း၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sea Lion ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ပေးအပ်လှူဒါန်းခဲ့သည်။

သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက် မီးရှို့ မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ

Photo: သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက် မီးရှို့ မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ
Saturday, October 5, 2013

မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ် ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက် ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။ 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးအနေနဲ့ လွန်ခဲ့တဲ့ လအနည်း ငယ်ကလည်း မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြပါတယ်။ 

ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြုပြင်ပြောင်း လဲရေးကိုလည်း ထိခိုက်ပြီး ဒေသတွင်းသာမက ပြည်ပ နိုင်ငံတွေထိပါ သက်ရောက်စေတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘရပ်ဆဲလ် အခြေ စိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ (ICG) အဖွဲ့က အစီရင်ခံစာ ထုတ် ပြန်ခဲ့ပါတယ်။ 

အခုလည်း မလေးရှားမှာ မြန်မာပြည်က မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရတာကို မကျေနပ် လို့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တဆက်တည်း မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်စရာဖြစ်လာရ 
ပြန်ပြီ လို့ မလေးရှားရောက် မြန်မာတချို့က ပြောကြပါတယ်။ 

irrawaddy

ကွာလာလမ်ပူတွင် မနေ့က သောကြာနေ့ ၀တ်ပြုအပြီး ဆန္ဒပြ ကြွေးကြော် သံတိုင်ပေးနေတဲ့ မလေးရှားရောက် မြန်မာ မွတ်စလင် တဦး၊ ဓာတ်ပုံ- အေပီ
ကွာလာလမ်ပူတွင် မနေ့က သောကြာနေ့ ၀တ်ပြုအပြီး ဆန္ဒပြ ကြွေးကြော် သံတိုင်ပေးနေတဲ့ မလေးရှားရောက် မြန်မာ မွတ်စလင် တဦး၊ ဓာတ်ပုံ- အေပီ
မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ် စလင်တွေ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက်ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။

အကျဉ်း ထောင်နှင့် အချုပ်ခန်း များ ကို တရား ဥပဒေ စိုးမိုးရေး ကော်မတီ စစ်ဆေး မည်


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့် စီမံ ချက်ဖြင့် ဖမ်းဆီးနေသည့်စနစ်ကို ယခုအောက်တိုဘာ ၁ရက်မှစ တင်ကာ ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်း

မိခင်နှင့်ကလေး ကျန်းမာရေး ထောက်ပံ့ရန် ကမ်းလှမ်းမှု နှစ်ဆနီးပါးတိုး

Photo: မိခင်နှင့်ကလေး ကျန်းမာရေး ထောက်ပံ့ရန် ကမ်းလှမ်းမှု နှစ်ဆနီးပါးတိုး 
Saturday, October 5, 2013

အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲ မှု များကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီ လိုသော နိုင်ငံ တကာ အဖွဲ့အစည်းများ နှစ်ဆနီးပါး တိုးလာကြောင်း ကျန်း မာရေး ဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြား သည်။

ကျန်းမာရေးဝန်ကြီးဌာနသို့ လာရောက် ဆက်သွယ်ထားသော ပြည်ပ မိခင်နှင့်ကလေး ကျန်းမာရေး ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းများတွင် အနောက်နိုင်ငံများက အများဆုံး ပါဝင်ပြီး ရန်ပုံငွေလည်း ပိုများကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “၂၀၁၂ ခုနှစ်က နိုင်ငံတကာ အဖွဲ့ အစည်း ၁၃ ခုဆို အခု ၂၆ လောက်ထိ များလာတယ်။ အများစုက 3MDG နဲ့ ဆက်စပ်ပြီး ပါလာကြတာ” ဟု ဒေါက်တာသိင်္ဂီမြင့်က ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် အရန်သားဖွား ဆရာမများ မွေးထုတ်ပေးခြင်း၊ ကိုယ် ဝန်ဆောင် မိခင် စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း တို့သည် ထောင်စုနှစ် ရည်မှန်းချက်များကို ပြည့်မီသော်လည်း သားဆက်ခြား လိုသော်လည်း သားဆက်ခြား ပစ္စည်းများ ပံ့ပိုးပေးနိုင်မှု အခက်အခဲများ ရှိနေသေးကြောင်း ၎င်း၏ပြောကြားချက်များအရ သိရသည်။ “မြန်မာနိုင်ငံအတွက် ရန်ပုံငွေတွေ ထပ်ရဖို့ ရှိသေးတယ်။ အဲဒီအတွက် ရရှိထားတဲ့ ရန်ပုံငွေတွေ ကို ယုံယုံကြည်ကြည် ဖြစ်အောင် သုံးပြပေးဖို့တော့ လိုအပ်မယ်” ဟု ရောဂါ သုံးမျိုး တိုက်ဖျက်ရေး ထောင်စုနှစ် ရည်မှန်းချက်များ (3MDG) မှ ရန်ပုံငွေ ညွှန်ကြားရေးမှူး ဒေါက်တာ ပေါလ်ဆန်ဒါက ယခုနှစ် စက်တင်ဘာ လဆန်း ပိုင်းက The Voice နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

3MDG အနေနှင့် မိခင်နှင့်ကလေး ကျန်းမာရေးအတွက် ချင်းပြည်နယ်တွင် ယခုနှစ်ပိုင်းက စတင်ကာ အကူအညီပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ကိုယ်ဝန်ဆောင် မိခင်သေဆုံးနှုန်း အမြင့်ဆုံး အရှေ့တောင် အာရှ နိုင်ငံများတွင် ပါဝင်နေသောကြောင့် ပွင့်လင်း လာသော အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာ အလှူရှင်များ၏ စိတ်ဝင်စားမှု ပိုရရှိခြင်း ဖြစ်သည်။

The Voice Weekly
အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီလိုသော နိုင်ငံတကာအဖွဲ့အစည်းများ နှစ်ဆနီးပါးတိုးလာကြောင်း ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေး ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြား သည်။