Saturday, 11 May 2013

မိုး/ဇလ၏ မုန်တိုင်းသတင်း ထုတ်ပြန်ချက် နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းချက်များနှင့် လွဲချော်နေ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ် စောင့်ကြည့်ရန်လို

Photo: မိုး/ဇလ၏ မုန်တိုင်းသတင်း ထုတ်ပြန်ချက် နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းချက်များနှင့် လွဲချော်နေ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ် စောင့်ကြည့်ရန်လို

အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် အမည်ပေးသည့် အဆင့်သို့ ရောက်ရှိနေသည့် ဂျမာလာမုန်တိုင်းဖြစ်ပြီး သက်ရောက်နိုင်ခြေ အတွက်ကိုမူ သီရိလင်္ကာ ဖြစ်သည်ဟု လတ်တလောတွင် နိုင်ငံတကာမှ ခန့်မှန်းထားကြသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B အပူပိုင်း မုန်တိုင်းနှင့် ပတ်သက်၍လည်း နိုင်ငံတကာမှ မိုးလေ၀သခန့်မှန်းရေးဆိုင်ရာ ၀က်ဘ်ဆိုက်အချို့တွင် ခန့်မှန်းမှုများကို ထုတ်ပြန်ခဲ့ကြသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် သည့် Tropical Cyclone 01B (www.gdacs.com တွင် One-13 ဟု လတ်တလော ဖော်ပြထား) နှင့်ပတ်သက်၍ Tropical Storm Risk(TSR) က ခန့်မှန်းချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ မုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဆင့်ဖြင့် မြန်မာနိုင်ငံ ကမ်းခြေကို မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

TSR ၏ ခန့်မှန်းချက်အရ မေလ ၁၁ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်၊ မေလ ၁၂ ရက်နေ့တွင် category 1 ၊ မေလ ၁၃ ရက်နေ့တွင် category 1 ၊ မေလ ၁၄ ရက် နေ့တွင် category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟုလည်း သိရှိရသည်။

Joint Typhoon Warning Center (JTWC) ၏ ခန့်မှန်းဂရပ် ဖော်ပြမှုတွင်မူ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် နီးကပ်လာမည့်ရက်ကို မေလ ၁၄ ရက်နေ့ဟု ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုများကို ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System က အပူပိုင်း မုန်တိုင်းသည် သက်ရောက်မည့် ဒေသ၏ လူဦးရေ၊ ၎င်းတို့၏ သက်ရောက်လွယ်နိုင်ခြေနှင့် လေတိုက်နှုန်း ပြင်းထန်မှု စသည်တို့ပေါ်တွင် မူတည်ကာ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း ဆိုထားသည်။

ယခုဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သို့ သက်ရောက်နိုင်ခြေရှိကြောင်း accuweather.com တွင် ခန့်မှန်းဖော်ပြထားသည်။

အဆိုပါ အပူပိုင်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက် တည်ရှိပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့သည်။

၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့ မွန်း လွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း ဘန်ဒါအာချေးမြို့၏ အနောက်ဘက် မိုင် ၁၅၀ ခန့်အကွာ မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းငယ်အား အ၀ါရောင်အဆင့်ဟု သတ်မှတ်ထားကာ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ထားကြောင်းလည်း မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုး/ဇလမှ ပြောကြားချက်အရ သိရှိရသည်။

''မုန်တိုင်းကို ဆက်လက်စောင့်ကြည့် နေပါတယ်။ သတင်းထုတ်ပြန်ချက် တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်မှာ ဖြစ်ပါတယ်'' ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁၀ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

ထို့ပြင် မေလ ၁၀ ရက်နေ့ ည ၇ နာရီ အချိန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုကြောင်း၊ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားကာ အ၀ါရောင်အဆင့်သာ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ထားကြောင်း နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်မှုသည် ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းနှင့် ပတ်သက်၍ နိုင်ငံတကာ မိုးလေ၀သနှင့် ပတ်သက်သော ၀က်ဘ်ဆိုက်များတွင် ဖော်ပြထားချက်များနှင့် လွဲချော်နေကြောင်း တွေ့ရှိရသည်။

ဘင်္ဂလားပင်လယ်အော် အတွင်းရှိ အမည်မသတ်မှတ်ရသေးသော မုန်တိုင်းနှင့် ပတ်သက်၍ မေလ ၁၀ ရက်နေ့ည ၁၂ နာရီအချိန် ဆက်သွယ်မေးမြန်းချက်အရလည်း အဆိုပါ ထုတ်ပြန်ချက်မှာ အပြောင်းအလဲ မရှိဘဲ နောက်ရက်များတွင် အပြောင်းအလဲရှိပါက ဆက်လက် ထုတ်ပြန်သွားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြေကြားခဲ့သည်။

လက်ရှိကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ်ပါက ပိုမိုသတိပြုရလေ့ရှိသည်။

၁၈၇၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၃၅ နှစ်တာ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁၃၁၂ ကြိမ်ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅ ကြိမ် ၀င်ရောက်ခဲ့ကြောင်း၊ ယင်းအနက် ၅၁ ရာခိုင်နှုန်းသည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ဖြစ်ပေါ်မှုများ ယခုနောက်ပိုင်း နှစ်များတွင် လျော့နည်းလာပြီး ယင်းသို့ လျော့နည်းလာခြင်းသည် မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်း မရှိသော မိုးရာသီတွင်သာ လျော့နည်းလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းကို သတိပြုရသော ကာလများသည် မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလ ဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ဖြစ်ပြီး မုတ်သုံအ၀င် နောက်ကျမှုနှင့် အထွက်စောမှုတို့က မုန်တိုင်းရာသီကို ပိုမိုရှည်လျား လာစေခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်း ငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။

ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် မေလ ၁ ရက်နေ့တွင် category 2 အဆင့်ဖြစ်ပြီး ၀င်ရောက်တိုက်ခတ်ချိန်တွင်မူ အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ် category 4 အဆင့်ဖြင့် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ၀န်းကျင် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၈၄၀၀၀ ၀န်းကျင်၊ ပျောက်ဆုံးသူ ၅၄၀၀၀ ၀န်းကျင်၊ ထိခိုက်သူ ၁၁ သန်းခန့်၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု ၇၄၅၇၆၄ ခု၊ အစိုးရပိုင် ပျက်စီးဆုံးရှုံးမှု ကျပ် ၃ ဒသမ ၃၅၄၇ ထရီလီယံ၊ ပုဂ္ဂလိကပိုင်ဆုံးရှုံးမှု ကျပ် ၈ ဒသမ ၃၈၀၀ ထရီလီယံရှိခဲ့ကာ ကမ္ဘာတွင် ပျက်စီးဆုံးရှုံးမှု၊ သေကြေမှု အမြင့်မားဆုံး နံပါတ်(၈)အဆင့် ဖြစ်ခဲ့သည်။

အဆိုပါ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့သို့ အဓိက သက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ပျက်စီးဆုံးရှုံးမှု ပိုမိုခဲ့သည်။
အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။

အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိ ရှိနေ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ဗဟိုချက်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အကြား ရှိနေကြောင်း သတင်းရရှိပါသည်။

ထိုင်ဝမ် ကုမ္ပဏီ ၃၁ ခု မြန်မာ့ဈေးကွက်သို့ ဝင်လာတော့မည်

စီးပွါးရေးပိတ်ဆို့မှုများဖြေလျှော့လာသည့်နောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာသည့်အချိန် တွင် မြန်မာနိုင်ငံ အတွင်းသို့ ထိုင်ဝမ်ကုမ္ပဏီ ၃၁ ခုလည်း ဝင်ရောက်လာရန်ပြင်ဆင်နေပြီ ဖြစ်သည်။

အမ်းမြို့ မှာ ဖမ်း မိ တဲ့ သံဃာ အယောင်ဆောင် ဘင်္ဂါ လီတွေ ကို ရုံး တင်စစ်ဆေး

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သံဃာအယောင်ဆောင် မူဆလင် ၈ ဦးထဲက ၆ ဦးကို အမ်းမြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရုံးတင်စစ်ဆေးနေပြီး ကျန် ၂ ဦးကိုလည်း ထပ်မံအရေးယူဆောင်ရွက်နေပြီလို့ သိရပါတယ်။

လုပ်သား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ ၅၀ ကျော်ကို ကွင်းဆင်း စစ်ဆေးမည်


Photo: လုပ်သား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ ၅၀ ကျော်ကို ကွင်းဆင်း စစ်ဆေးမည်
Saturday, May 11, 2013

အလုပ်ရှင်၊ အလုပ်သမားများကြား ဖြစ်ပွားနေသည့် ပြဿနာ ဇာစ်မြစ်ကို ရှာဖွေ ရန် လွှတ်တော်ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ နီးပါးကို မေလတတိယ ပတ်တွင် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ် ကြောင်း အဆိုပါကော်မတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ကနဦးအနေနှင့် လက်ရှိလုပ်ငန်း အခြေအနေကို သိရှိနိုင်ရန် စက်ရုံပေါင်း ၅၀ ကျော်ကို အလုပ်ရှင်၊ အလုပ်သမားများထံသို့ စာဖြင့် မေးခွန်းပို့ထားပြီး ရရှိလာသော အဖြေများကို သုံးသပ်ကာ အဖွဲ့သုံးဖွဲ့ ခွဲ၍ ကွင်းဆင်းစစ်ဆေးမှု များကို စတင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာ၊ ရွှေပြည်သာစသည့် စက်ရုံလုပ်ငန်း အများအပြား ရှိသောနေရာများကို သွားရောက်စစ်ဆေးမည် ဖြစ်ပြီး အထည်ချုပ်၊ အအေးခန်းအပါအဝင် လုပ်ငန်းစုံကို ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရှိရသည်။
"အလုပ်ရှင်၊ အလုပ်သမားကြား ပဋိပက္ခမဖြစ်အောင် မျှခြေတစ်ခုကို ဖန်တီးပေးသွားဖို့ လုပ်တာပါ" ဟု ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ကွင်းဆင်း စစ်ဆေးပြီးပါက အလုပ်ရှင်၊ အလုပ်သမား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး စစ်ဆေး တွေ့ရှိချက်များကို မေလ ၃၁ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည် ဖြစ်ကြောင်း ဥပဒေပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ ထံမှ သိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သားများ ပါဝင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ တို့တွင် ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အမျိုးသား လွှတ်တော်ကို ပေးပို့ခဲ့သဖြင့် ယခုကဲ့သို့ အကောင်အထည်ဖော် လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။
The Voice Weekly

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

၂၀၁၂ ခုနှစ်တွင် ဆန္ဒပြမူ ဖြစ်ခဲ့တဲ့ Hi-Mo ဆံပင်တုကုမ္ပဏီက ဆန္ဒပြအလုပ်သမားများ
၂၀၁၂ ခုနှစ်တွင် ဆန္ဒပြမူ ဖြစ်ခဲ့တဲ့ Hi-Mo ဆံပင်တုကုမ္ပဏီက ဆန္ဒပြအလုပ်သမားများ
အလုပ်ရှင်၊ အလုပ်သမားများကြား ဖြစ်ပွားနေသည့် ပြဿနာ ဇာစ်မြစ်ကို ရှာဖွေ ရန် လွှတ်တော်ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ နီးပါးကို မေလတတိယ ပတ်တွင် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ် ကြောင်း အဆိုပါကော်မတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

မြိတ်မြို့ ၌ ပီလော ပီနံ ဥစား မိ၍ အစာ အဆိပ် သင့်

Photo: မြိတ်မြို့၌ ပီလောပီနံဥစားမိ၍ အစာအဆိပ်သင့်
Saturday, May 11, 2013

၂၀၁၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်၊ သုခ (၃)လမ်းနေ မိသားစုတချို့သည် ပီလောပီနံဥ စားမိ၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

အစာအဆိပ်သင့်ဖြစ်ပွားသူ ကလေး (၁၀)ဦးကို မြိတ်မြို့ ကလေးဆေးရုံ၌ ဆေးကုသမှုခံယူလျှက်ရှိပြီး၊ လူလတ်ပိုင်း (၃)ဦးကို မြိတ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရှိရသည်။ ပီလောပီနံဥကို စားသုံးမိ၍ အစာအဆိပ်သင့်သောသူများလည်း ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ဆေးရုံရှိ တာဝန်ကျ ဆရာဝန်များ၊ သူနာပြုများမှလည်း ပီလောပီနံဥ စားသုံးမိသူများကို အစာအဆိပ်သင့်မှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးရုံသို့တက်ရောက်ပြီး ဆေးစစ်ဆေးမှုခံယူရန် ခေါ်ယူထားကြောင်း သိရှိရသည်။

Tanintharyi Thar
အဖြူရောင်စာမျက်နှာ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
၂၀၁၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်၊ သုခ (၃)လမ်းနေ မိသားစုတချို့သည် ပီလောပီနံဥ စားမိ၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ

Photo: မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ
Saturday, May 11, 2013

ရွှေစီမံကိန်းများမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များ တင်ပို့ရောင်း ချမည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ ပြီဖြစ်ကြောင်း အဆိုပါ ပိုက်လိုင်းစီမံကိန်းကို လုပ်ဆောင်နေသည့် SEAGP နှင့် SEAOP ဒုတိယဥက္ကဋ္ဌ Li Zilin က မေလ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

”ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းကို တစ်ပြိုင်နက်တည်း သွယ်တန်း တာပါ။ ဓာတ်ငွေ့ပိုက်လိုင်းက သတ်မှတ်ချိန်အတိုင်း မေလကုန်မှာ ပေးပို့ဖို့ အဆင်သင့်ဖြစ်နေပြီ။ ပေးပို့မယ့်ရက် အတိအကျတော့ မသိသေးဘူး” ဟု Li Zilin က ပြောသည်။

မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်လျား ပြီး ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်လျားသည်။ ဓာတ်ငွေ့ ပိုက်လိုင်းသည် ကနဦးကာလတွင် တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗပေ ၅ ဒသမ ၂ ဘီလျံ တင်ပို့နိုင်ပြီး နောက်ပိုင်းတွင် ကုဗမီတာ ၁၂ ဘီလျံအထိ
 ပေးပို့နိုင်မည်ဖြစ်သည်။

ရေနံစိမ်းပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း
 ပေးပို့နိုင်မည်ဖြစ်ပြီး အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂ သန်းနှင့် ဓာတ်ငွေ့ကုဗမီတာ ၂ ဘီလျံကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းခ အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေနှင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်သည်။

ရွှေစီမံကိန်းသည် မြန်မာနိုင်ငံ၏ တတိယမြောက် ပြည်ပသို့ တင်ပို့ရောင်းချမည့် သဘာဝဓာတ်ငွေ့သိုက် တစ်ခုဖြစ်ပြီး နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ရပိုင်ခွင့်များဖြစ်သော ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့သယ်ဆောင်ခရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ဓာတ်ငွေ့တင်ပို့ ရောင်းချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် မြန်မာဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ရတနာနှင့် ရဲတံခွန် စီမံကိန်းများသည် ဓာတ်ငွေ့ထုတ်လုပ်နိုင်သည့် အချိန်မှစ၍ ၅ နှစ်မှ ၇ နှစ်ကြားတွင် အရင်းကြေခဲ့ကြောင်း သိရသည်။ စီမံကိန်းဝင်ငွေ ရပိုင်ခွင့် ခွဲဝေရာတွင် အရင်းမကြေမီ ကာလနှင့် အရင်းကြေပြီး ကာလအကြား ကွာဟချက်များရှိကြောင်း သိရသည်။

ရတနာနှင့် ရဲတံခွန် စီမံကိန်းအရင်း မကြေမီကာလတွင် မြန်မာဘက်မှ ၄၀ မှ ၅၀ ရာခိုင်နှုန်းကြား ရရှိပြီး အရင်းကြေပြီး ကာလများတွင် ၆၇ ရာခိုင်နှုန်း ၀န်းကျင် ရရှိကြောင်း သိရသည်။

ယခုတရုတ်နိုင်ငံသို့ မကြာမီရောင်းချတော့မည့် ရွှေစီမံကိန်းနှင့် ယခုနှစ် အတွင်း ထိုင်းနိုင်ငံသို့ ရောင်းချမည့် ဇောတိကစီမံကိန်းများမှ ရရှိသော ၀င်ငွေ၏ ၆၀ ရာခိုင်နှုန်းကို မြန်မာဘက်မှ ရရှိမည်ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီး ဌာနက ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို Daewoo မှ ၈၅ ရာခိုင်နှုန်း၊ OVL မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ GAIL မှ ၈ ဒသမ ၅ ရာခိုင်နှုန်း၊ KOGAS မှ ၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်သည်။

မြန်မာ့သယံဇာတဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ ရောင်းချမှုနှင့် ပတ်သက်၍ ယခင်က ပြည်တွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက် မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံ အဆောက်အဦများ တည်ဆောက်ရန်
 နိုင်ငံခြားငွေ လိုအပ်ချက်များကြောင့် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနောက်ပိုင်း တွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း သုံးစွဲရန် ဦးစားပေးသွားမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့မည် မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်း သုံးစွဲရန် ဖူလုံပြည့်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်
 ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယခင်နှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန် ကြေညာထားသည်။

Eleven Media Group

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရွှေစီမံကိန်းများမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များ တင်ပို့ရောင်း ချမည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ ပြီဖြစ်ကြောင်း အဆိုပါ ပိုက်လိုင်းစီမံကိန်းကို လုပ်ဆောင်နေသည့် SEAGP နှင့် SEAOP ဒုတိယဥက္ကဋ္ဌ Li Zilin က မေလ ၁၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

သီ လ ဝါ ဆိပ် ကမ်း တွင် မြန် မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ ပိုင် ဆိုင် သည့် ဆိပ် ကမ်း တည်ဆောက် ခွင့်ပြု

SSA(ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့၏ တရားမဝင် စခန်းများအား တပ်မတော် စစ်ကြောင်းများမှ ဝင်ရောက် ရှင်းလင်း

Photo: SSA(ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့၏ တရားမဝင် စခန်းများအား တပ်မတော် စစ်ကြောင်းများမှ ဝင်ရောက် ရှင်းလင်း
Saturday, May 11, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်မတာနှင့် နောင်ခမ်း ကျေးရွာအနီး သောင်းကျန်းသူ စခန်း တစ်ခုအား နယ်မြေခံ ကျေးရွာလူထု၏ သတင်း ပေးချက်အရ တပ်မတော် လှုပ်ရှားစစ်ကြောင်း ၁ ကြောင်းမှ ၂၀၁၃ ခုနှစ် မေလ ၉ ရက်က ဝင်ရောက်ရှင်းလင်း ခဲ့ကြောင်း သတင်း ရရှိပါသည်။

တပ်မတော် တာဝန်ရှိသူ များ၏ စိစစ်ချက်အရ ၂၀၁၃ ခုနှစ် မေလ ၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့် တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နောင်ဟင်ရွာသို့ စာအုပ်များ၊ ရုပ်ပုံကားချပ်များ လှည့်လည် ရောင်းချသည့် ၅ ဦးအား လက်နက်ကိုင် သောင်းကျန်းသူ ၁၀ ဦးခန့်က အကြောင်းမဲ့ လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားသည့် သတင်းရလျှင် ရခြင်း အပြစ်မဲ့ ပြည်သူ ဖမ်းဆီး ခံရသူများ ပြန်လည် လွတ်မြောက်စေရေး အတွက် တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းရာ တင်းခါး ကျေးရွာအနီးတွင် သောင်းကျန်းသူ အဖွဲ့၏ အခွန်ကောက် စခန်းအား မေလ ၅ ရက်နေ့တွင် လည်းကောင်း၊ ထပ်မံ၍ သောင်းကျန်းသူများ အခြေချမှုကို မလိုလားသော၊ လက်သင့် မခံကြသော ဒေသခံ ပြည်သူများမှ SSA(ရွက်ဆစ်)၊ ရင်း(၇၀၁)မှ အင်အား ၅၀ ခန့်သည် နောင်ခမ်းမြို့ အနီး နောင်မတာ ကျေးရွာနှင့် မန်ကွန် ကျေးရွာကြားတွင် ရွာသားပိုင် လယ်မြေများအား အဓမ္မ သိမ်းယူ၍ စခန်းတစ်ခု တည်ဆောက်လျက် ရှိကြောင်း၊ နမ့်ခမ်းဘက်မှ ရွှေလီမြစ်အား ကူး၍ တရုတ် နိုင်ငံဘက်သို့ သွားရောက်သော သရီးကရောင်းယာဉ်၊ ထော်လာဂျီ ယာဉ်များထံမှ တစ်စီးလျှင် တစ်သောင်းကျပ်နှုန်း ကောက်ခံလျက် ရှိကြောင်း၊ နယ်မြေ ရှင်းနေသည့် တပ်မတော် စစ်ကြောင်းသို့ လာရောက် သတင်းပို့ချက် အရ လှုပ်ရှား တပ်မတော် စစ်ကြောင်းများမှ ဝင်ရောက် ရှင်းလင်းရာ မေလ ၉ ရက်နေ့ နံနက် ၄ နာရီခွဲမှ နေ့လယ် ၁ နာရီအထိ နောင်ခမ်းရွာ အနီး၌လည်းကောင်း၊ နံနက် ၈ နာရီခွဲခန့်မှ နေ့လယ် ၁ နာရီအထိ နောင်မတာ အနီး၌လည်းကောင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ညနေ ၂ နာရီချိန် စခန်းများအား ရှင်းလင်းပြီးခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်များတွင် လက်နက် ၂ လက်၊ မိုင်းမျိုးစုံ ၃၄ လုံး၊ တီအမ်တီ ယမ်းတုံးများ၊ လက်ပစ်ဗုံးနှင့် ခဲယမ်း အမြောက်အများ၊ မိုင်းခွဲရာတွင်  သုံးစွဲသည့် ရီမုတ် ကွန်ထရိုးနှင့် ဓာတ်ခဲများ၊ လမ်းလျှောက် စကားပြောစက်များ၊ ကွန်ပျူတာ နှစ်စုံနှင့် အဓမ္မ စုဆောင်းထားသည့် ရိက္ခာဆန်များ၊ ၄င်းတို့ နေထိုင်သည့် အဆောက် အဦများနှင့် လေ့ကျင့်ရေး ကွင်းများ၊ ကွန်ကရစ် ဘန်ကာနှင့် အသုံးအဆောင် ပစ္စည်း အချို့ကို သိမ်းဆည်း ရရှိခဲ့ပါသည်။

ယခု သိမ်းပိုက် ရရှိခဲ့သည့် SSA (ရွက်ဆစ်)၊ ရင်း(၇၀၁)စခန်းမှာ ငြိမ်းချမ်းရေး သဘော တူညီချက်ဖြစ် သည့် ရှမ်းပြည်နယ် တောင်ပိုင်း မုံးထော်/မုံးထ နယ်မြေမှ ကျော်လွန်၍ လာရောက်တပ်စွဲ နယ်မြေချဲ့ထွင် သည့် စခန်းဖြစ်သည့် အပြင် ဒေသခံ တိုင်းရင်းသားများ အပေါ် လူသစ် အဓမ္မ စုဆောင်းခြင်း၊ ဆက်ကြေးနှင့် အခွန်အခ မတရား ကောက်ခံခြင်း တို့ကြောင့် ဒေသခံများ၏ သတင်းပေးမှု၊ လက်မခံမှု များကြောင့် တပ်မတော်စစ်ကြောင်း များမှ ၀င်ရောက် ရှင်းလင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

တိုက်ပွဲ ဖြစ်ပွားချိန် အတွင်း မေလ ၉ ရက် နံနက် ၈နာရီခွဲတွင် SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့သည် မူဆယ်မြို့နယ်၊ (၁၀၅)မိုင် ရှောင်ကွင်း လမ်းပေါ်၌ အပြစ်မဲ့ ပြည်သူများအား လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ၁ ဦး သေဆုံးကာ၊ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ည ၁၀ နာရီခွဲတွင် SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့မှ ပြောက်ကျား ယူနီဖောင်းဝတ် ၂ ဦးသည် မူဆယ် မြို့နယ်၊ နမ့်ပန်းနှင့် နမ့်ဆွမ်းရွာ ကြားရှိ အမြဲကောင်း စိုက်ပျိုးရေး ခြံ၌ ခြံစောင့် မိသားစုအား လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် ခြံစောင့် သေဆုံး၍ ၄င်း၏ မိသားစုဝင် ၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်းများကို မေလ ၁၀ရက် နှင့် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာ များတွင် သတင်း ဖော်ပြပြီး ဖြစ်ပါသည်။

ငြိမ်းချမ်းရေး ရယူထားသော်လည်း SSA(ရွက်ဆစ်) အဖွဲ့ဝင် တစ်ချို့၏ အပြစ်မဲ့ ပြည်သူများ အပေါ် တရား ဥပဒေမဲ့စွာ လုပ်ဆောင် နေမှုများကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်စိတ် များ ဖြစ်ပေါ်လျက် ရှိသဖြင့် တပ်မတော်မှ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး ၎င်းနယ်မြေ အတွင်း ဆက်လက်ရှင်းလင်း ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်းနှင့် ဖြစ်စဉ် များ ဖြစ်ပွား သည့် နေရာများသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နှစ်နိုင်ငံ နယ်စပ်အနီး မိမိ နိုင်ငံဘက် အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း ဖြစ်စဉ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ ရင်းနှီး ချစ်ကြည်မှု မထိပါး စေရေးအတွက် နိုင်ငံခြား ရေးဝန်ကြီး ဌာနမှ တစ်ဆင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

MWD
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်မတာနှင့် နောင်ခမ်း ကျေးရွာအနီး သောင်းကျန်းသူ စခန်း တစ်ခုအား နယ်မြေခံ ကျေးရွာလူထု၏ သတင်း ပေးချက်အရ တပ်မတော် လှုပ်ရှားစစ်ကြောင်း ၁ ကြောင်းမှ ၂၀၁၃ ခုနှစ် မေလ ၉ ရက်က ဝင်ရောက်ရှင်းလင်း ခဲ့ကြောင်း သတင်း ရရှိပါသည်။

ပုဂံ တွင် ကမ္ဘာ လှည့် ခရီး သွား နှစ်ဦး ထံမှ ပစ္စည်း လုယူမှု ထပ်မံဖြစ်ပွား

Photo: ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား နှစ်ဦးထံမှ ပစ္စည်းလုယူမှု ထပ်မံဖြစ်ပွား
Saturday, May 11, 2013

ပုဂံယဉ်ကျေးမှု နယ်မြေတွင် ဗြိတိန် နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားနှစ်ဦးထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယူ ထွက်ပြေးသော အမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ရုံး ဦးစီးမှူး ရဲအုပ်အောင်ကြိုင်က ပြောကြားသည်။

မေလ ၆ ရက် ည ၉ နာရီ အချိန်ခန့်တွင် သရပါတံခါးမှ ညောင်ဦးဘက်သို့ ပုဂံမြို့ဟောင်းလမ်း အတိုင်း စက်ဘီးစီးလာသူ နိုင်ငံခြားသားနှစ်ဦး၏ စက်ဘီးရှေ့ခြင်းထဲ တွင် ထည့်ထားသော အိတ်တစ်လုံးကို ငါးမျက်နှာဘုရားရှေ့ အရောက်တွင် ဆိုင်ကယ်စီးလာသူ တစ်ဦးက လုယက်ယူ ထွက်ပြေး ခဲ့သဖြင့် ကင်မရာအကြီးတစ်လုံး၊ အသေးတစ်လုံး၊ မြန်မာငွေကျပ် တစ်သိန်းခွဲနှင့် အကြွေးဝယ်ကတ် သုံးကတ် ပါသွားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
"နိုင်ငံခြားသားတွေ ဘက်က အမှုတော့ မဖွင့်ဘူး။ လာအကြောင်းကြားတယ်။ ပစ္စည်းလုပြီး ထွက်ပြေးတဲ့သူကို ဖမ်းဆီးဖို့စုံစမ်း စစ်ဆေးမှုတွေ လုပ်တုန်းပဲ" ဟု ၄င်းကဆိုသည်။

ပုဂံဒေသတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက တစ်ပတ်အတွင်း နိုင်ငံခြားသား များထံမှ လုယက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ကျော်ခန့်က အလိုတော်ပြည့် ဘုရားအနီး စက်ဘီးစီးလာသူ တရုတ်နိုင်ငံသား အမျိုးသမီး တစ်ဦးထံမှ ဆိုင်ကယ်စီးလာသူ တစ်ဦးက လုယက်မှုတစ်ကြိမ်၊ ဝက်ကြီးအင်းရွာနှင့် အလိုတော်ပြည့် ဘုရားအကြားတွင်
 နိုင်ငံခြားသားတစ်ဦးကို လုယက်ခဲ့မှု တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပုဂံမှ ညောင်ဦး သို့ စက်ဘီးစီးလာသူ ဗြိတိန်နိုင်ငံသား အမျိုးသမီးနှစ်ဦး ထံမှ ဆိုင်ကယ်စီးလာသော လူနှစ်ဦးက လုယက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၄င်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း
 ညောင်ဦးမြို့နယ် ရဲစခန်းထံမှ သိရသည်။
The Voice Weekly

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ပုဂံယဉ်ကျေးမှု နယ်မြေတွင် ဗြိတိန် နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားနှစ်ဦးထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယူ ထွက်ပြေးသော အမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ရုံး ဦးစီးမှူး ရဲအုပ်အောင်ကြိုင်က ပြောကြားသည်။

လူထုကျန်းမာရေး(ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သား ကျန်းမာရေး)

Photo: -လူထုကျန်းမာရေး(ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သား ကျန်းမာရေး)-
Saturday, May 11, 2013

မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက် တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

 (၁) ဖြည့်စွက်ဆေး သောက်ပါ ရင်သား ကျန်းမာရေး အတွက် လိုအပ်တဲ့ အစား အသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲ သင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရ တွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။
 (၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန် စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်း လာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ကတော့ ငါးအဆီ၊ အခွံမာသီး၊ အစေ့ အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

 (၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ ဖိုင်တိုဟော်မုန်း တွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေ ဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာ စေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

 (၄) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ အသည်းရဲ့ လုပ်ငန်း ဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန် ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား ကျန်းမာနေမှာ ဖြစ်ပါတယ်။

 (၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ စိတ်ဖိစီးမှုကို လျှော့ချနိုင် ဖို့က အပြော လွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါ တယ်။

 (၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေ တာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် ရှိအောင် ထိန်းသင့်ပါတယ်။

 (၇) အမျှင်ဓာတ်များသော အစားအစာ စားပါ အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက် တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှား ပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေ ကို စားပေးသင့်ပါတယ်။ အသားကို လျှော့စား သင့်ပါတယ်။

 (၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ ထိခိုက် စေနိုင်ပါတယ်။

 **သော်တာမောင်** 
**Public Health**  JACBA(မြန်မာပြည်သား)

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက် တွေ ကို ဖော်ပြ ပေး လိုက် ပါတယ်။

10.5.2013 မှ 16.5.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
စိတ်လေနေမည်။ ရည်ရွယ်ချက်တွေများပြီး တကယ်တမ်း လက်တွေ့အကောင်အထည် မဖော်နိုင်ဖြစ်နေ မည်။ သို့ပေမဲ့ လုပ်ငန်း တစ်ခု (သို့) သင်တန်းတစ်ခု ဖြင့်ခရီးသွားခြင်း ခေတ္တ ပြောင်းရွှေ့နေ ထိုင်ခြင်းတို့ဖြစ်မည်။ ကိုယ်ရေးကိုယ်တာ ကိစ္စ များ ခေတ္တ ဆိုင်းငံ့နေရတတ်သည်။ လူယုံ ထားပြီး ငွေကြေးပစ္စည်းများ အပ်နှံမှု့တို့မပြုလုပ်သင့်ပါ။ စက်ပစ္စည်းများ ၊ ချို့ယွင်းတတ်သည်။ အချစ်ရေးမှာ ခေတ္တနှောင့်နှေးမှု့ ဖြစ်မည်။ အထင်မြင်လွဲမှားမှု့ ဖြစ်မည်။ ပြန်ပြေလည်မည်။

ကမ္ဘာ တစ်ဝန်းရှိ ဘဏ်များအား ဆိုက်ဘာ တိုက်ခိုက်၍ ဒေါ်လာ ၄၅ သန်းခန့် ခိုးယူခဲ့သူ ခုနစ်ဦးကို တရားစွဲထား

Photo: ကမ္ဘာ တစ်ဝန်းရှိ ဘဏ်များအား ဆိုက်ဘာ တိုက်ခိုက်၍ ဒေါ်လာ ၄၅ သန်းခန့် ခိုးယူခဲ့သူ ခုနစ်ဦးကို တရားစွဲထား
Saturday, May 11, 2013

ကမ္ဘာ တစ်ဝန်းရှိ ဘဏ်များတွင် အသုံးပြု နေသည့် ငွေထုတ်ကတ်များ၏ အသေးစိတ် အချက် အလက် များကို ခိုးယူ၍ အမေ ရိကန်ဒေါ်လာ ၄၅ သန်းခန့်ကို နိုင်ငံ အနှံ့ အပြားရှိ ငွေထုတ်စက် များမှ
ထုတ်ယူ ခဲ့ကြသည်ဟု ယူဆရသူ လူခုနစ်ဦးကို အမေရိကန် အာဏာ ပိုင်များက နယူးယောက် မြို့တွင် တရားစွဲ ဆိုထားကြောင်း သိရသည်။
အဆိုပါ ဟက်ကာ အဖွဲ့သည် နိုင်ငံ ပေါင်း ၂၆ နိုင်ငံရှိ ငွေထုတ် စက်များမှ ငွေများကို တရား မဝင် ထုတ်ယူ ခဲ့ပြီး ၎င်းအဖွဲ့မှ ရှစ်ဦးမြောက် အဖွဲ့ဝင် တစ်ဦးသည် ဧပြီလ အတွင်းက အသတ် ခံခဲ့ ရဖွယ် ရှိသည်ဟု အာဏာပိုင် များက ယူဆလျက် ရှိသည်။

ထို့အပြင် အဆိုပါ ကွန်ရက် အဖွဲ့သည် အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် အိုမန် နိုင်ငံ တို့တွင် ရှိသော ဘဏ်များကို အဓိက ပစ်မှတ် ထား၍ ငွေထုတ်ကတ် အတုများကို အသုံးပြုခဲ့ ကြခြင်း ဖြစ်သည်ဟု တရားရုံး အထောက် အထား စာရွက် စာတမ်း များတွင် ဖော်ပြ ထားသည်။
အဆိုပါ ဆိုက်ဘာ ပြစ်မှု ကျူးလွန် သူများ အဖွဲ့အား စုံစမ်း ဖော်ထုတ်ခဲ့ ရာတွင် ဂျပန်၊ ကနေဒါ၊ ဗြိတိန်၊ ရိုမေးနီးယားနှင့် နိုင်ငံ ၁၂ နိုင်ငံတို့မှ တရား ဥပဒေ စိုးမိုးရေး အဖွဲ့များက ပူးပေါင်း ပါဝင် ခဲ့ကြပြီး ဖမ်းဆီးမှု များကိုလည်း အခြား နိုင်ငံများတွင် ပြုလုပ် ခဲ့ကြသည်ဟု အစိုးရ ရှေ့နေ များက ပြောကြားသည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
ကမ္ဘာ တစ်ဝန်းရှိ ဘဏ်များတွင် အသုံးပြု နေသည့် ငွေထုတ်ကတ်များ၏ အသေးစိတ် အချက် အလက် များကို ခိုးယူ၍ အမေ ရိကန်ဒေါ်လာ ၄၅ သန်းခန့်ကို နိုင်ငံ အနှံ့ အပြားရှိ ငွေထုတ်စက် များမှ ထုတ်ယူ ခဲ့ကြသည်ဟု ယူဆရသူ လူခုနစ်ဦးကို အမေရိကန် အာဏာ ပိုင်များက နယူးယောက် မြို့တွင် တရားစွဲ ဆိုထားကြောင်း သိရသည်။

အကြမ်းဖက်မှုကြားက ပါကစ္စတန် ရွေးကောက်ပွဲ

Photo: အကြမ်းဖက်မှုကြားက ပါကစ္စတန် ရွေးကောက်ပွဲ 
Saturday, May 11, 2013

ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပခင် တရက်အလိုမှာ ဗုံးပေါက် ကွဲမှုတွေဖြစ်ခဲ့တာကြောင့် လူ ၄ ယောက်ထက်မနည်းသေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရသွားပါတယ်။ တာလီဘန်တွေ နဲ့ အယ်လ်ခိုင်းဒါးတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ မြောက်ဝါဇီရစ္စတန်
ပြည်နယ်က နိုင်ငံရေးပါတီရုံးတခုနားမှာ သောကြာနေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ယောက် သေဆုံးသွားခဲ့တာပါ။
 
အစောပိုင်းသတင်းတွေအရတော့ သေဆုံးသူဦးရေဟာ ၅ ဦးရှိပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ပါကစ္စတန်ပြည်သူ့ပါတီရုံးရဲ့ အပြင်ဘက်မှာ လူ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီ ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး ဘယ်သူကမှတော့ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့  ပြောဆိုခြင်း
မရှိသေးပါဘူး။

ဒါပေမဲ့ တာလီဘန်တွေက ရွေးကောက်ပွဲကို ဖျက်ဖို့အတွက် တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို၊ အသေခံဗုံးခွဲသမားတွေကိုလည်း စေလွှတ်ထားတယ် လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းကစပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီးတော့၊ အတော်များများလည်း ဒဏ်ရရခဲ့ပါတယ်။

VOA

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပခင် တရက်အလိုမှာ ဗုံးပေါက် ကွဲမှုတွေဖြစ်ခဲ့တာကြောင့် လူ ၄ ယောက်ထက်မနည်းသေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရသွားပါတယ်။ တာလီဘန်တွေနဲ့ အယ်လ် ခိုင်းဒါးတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ မြောက်ဝါဇီရစ္စတန်ပြည်နယ်က နိုင်ငံရေးပါတီရုံးတခုနားမှာ သောကြာ   နေ့ က ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ယောက် သေဆုံးသွားခဲ့တာပါ။

မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအား ဟိုပန်မြို့ခံများမှ ဆန္ဒပြရန်အတွက်တရားဝင်ခွင့်ပြု မိန့်တင်


Photo: မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအား ဟိုပန်မြို့ခံများမှ ဆန္ဒပြရန်အတွက်တရားဝင်ခွင့်ပြု မိန့်တင်
Saturday, May 11, 2013

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်နေသော မင်းကိုနိုင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အား ယခုလ ၁၄ ရက်နေ့တွင် ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြရန်အတွက် ဟိုပန်မြို့နယ်ဒေသခံများမှ သက်ဆိုင်ရာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ခွင့်ပြုမိန့် တင်ပြထားကြောင်းသိရသည်။ ၎င်းတင်ပြသည့်စာတွင် ဟိုပန်မြို့သို့ ၈၈ မျိုးဆက်သစ်ကျောင်းသားများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါ်သည့် အဖွဲ့ဝင်များလာ ရောက်ရန် ကန့်ကွက်ကြောင်းအား (၇-၅-၂၀၁၃)ရက်နေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူလူထုများမှ ဖောင်ဆိပ် တွင်ငြိမ်းချမ်းစွာဆန္ဒပြ၍ တားမြစ်ရန်စောင့်ဆိုင်းခဲ့ပါသည်။ မိမိတို့ ဟိုပန်ဒေသအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည် သူလူထုများ စည်းလုံးမှုအင်အားကိုသိရှိသွားသဖြင့် ကိုမင်းကိုနိုင်ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါ်သည့်အဖွဲ့ဝင်များသိရှိသွား၍ ခရီးစဉ်အားပယ်ဖျက်ပြီးနောက်ကြောင်းပြန်လှည့်သွား ခဲ့ကြပါသည်။ ကိုမင်းကိုနိုင်ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လာ ရောက်ရန်ဖိတ်ခေါ်ခဲ့သည့် ဒေသခံမဟုတ်သည့် ဦးဝင်တင်၊ အောင်အောင်(ခ)အောင်ကိုဦးတို့သည် မိမိတို့ဒေသခံ ပြည်သူလူထုမှ ၎င်းတို့အား လက်မခံကြသည်ကိုသိပါလျက်နှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများထင်ယောင်ထင်မှား ဖြစ်အောင် မဟုတ်မမှန်သည့်သတင်းများအား ဖန်တီးလုပ်ကြံပြီး ပြည်တွင်းပြည်ပရှိ အသံလွှင့်ဌာနများ၊ သတင်းမီဒီ ယာနှင့် ဆက်သွယ်၍ ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်လျက်ရှိကြပါသည်။
သို့ဖြစ်ပါ၍ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်လျက်ရှိကြ သော ပြည်သူများအားလုံးမှ မိမိတို့ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသအတွင်းတွင် အေးချမ်းစွာနေထိုင်လျက်ရှိ သည့် ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ သွေးစည်းညီညွတ်မှု၊ စည်းလုံးမှုအင်အားကိုပြသရန်နှင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအား လာရောက်ရန်ဖိတ်ခေါ်ခဲ့ သည့် ဒေသခံမဟုတ်သည့် ဦးဝင်းတင်၊ အောင်အောင်(ခ)အောင်ကိုဝင်းတို့၏ဖန်တီးလုပ်ကြံသည့်မဟုတ်မမှန်သည့် သတင်းများအား ပြန်လည်တုန့်ပြန်ခြင်း၊ ၎င်းတို့၏လုပ်ဆောင်ချက် ဒေသခံပြည်သူလူထုမှလက်မခံခြင်း၊ ကန့်ကွက် ခြင်းအားငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲအား ဟိုပန်မြို့၊ မြို့သစ်ရပ်ကွက်လမ်းဆုံ၌ (၁၄-၅-၂၀၁၃)ရက်နေ့တွင် ဥပဒေ ဘောင်အတွင်းမှပြုလုပ်လိုပါသဖြင့် ခွင့်ပြုနိုင်ပါရန်နှင့် လိုအပ်သည်များ ဆက်လက်ညွှန်ကြားပေးနိုင်ပါရန် ရပ်ဖိရပ်ဖ နှင့် ဒေသခံပြည်သူလူထုမှ တင်ပြအပ်ပါသည်ဟု ပါရှိပါသည်။

Sai Lay
Hopan

Inle Media
ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်နေသော မင်းကိုနိုင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့ အား ယခုလ ၁၄ ရက်နေ့တွင် ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြရန်အတွက် ဟိုပန်မြို့နယ်ဒေသခံ များမှ သက်ဆိုင်ရာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ခွင့်ပြုမိန့် တင်ပြထားကြောင်းသိရသည်။ 

လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း

Photo: လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း

ပုံမှန်သုံးလာတဲ့ လက်ကိုင်ဖုန်းဘက်ထရီဟာ တဖြေးဖြေးနဲ့  အသုံးမခံတော့တာတွေ့ ရတတ်ပါတယ်။ အားသွင်းထားပေမယ့်လည်း ခဏလေးနဲ့  အားကုန်သွားတာဟာ ဘက်ထရီမကောင်းတော့လို့ ဖြစ်ပါတယ်။ အဲ့ဒီဘက်ထရီကို အသုံးခံအောင် အားပြည့်လာအောင် လုပ်ကြရအောင်ပါ။
အသုံးပြုရမယ့်ပစ္စည်းတွေကတော့
၁) သတင်းစာစက္ကူအပွစား
၂) ကပ်ကြေး (လက်နဲ့ ဖြတ်လည်းရပါတယ်) 
၃) သားရေကွင်း
၎) ပလပ်စတစ်အိတ်(ဟင်းထုတ်အိတ်အရွယ်)
	၅) ရေခဲသေတ္တာ

ပြုလုပ်ပုံအဆင့်ဆင့်
	- သတင်းစာစက္ကူအပွစားကို (A4) အရွယ်ရဲ့  တ၀က်စာလောက် အရွယ်ကို ဖြတ်ပါ။ (ဘက်ထရီအကြီးအသေးပေါ်မူတည်ပြီးစက္ကူကိုဖြတ်ပါ)
	- လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ဖြတ်ထားတဲ့ စက္ကူတစ်ရွက် နဲ့  အထပ်ထပ်ထုပ်ပါ။
	- သားရေကွင်းနဲ့ စည်းပါ။
	- စက္ကူနဲ့ ထုတ်ထားတဲ့ ဘက်ထရီကို ပလပ်စတစ်အိပ်နဲ့  လိပ်ပတ်ပြီးပြန်ထုပ်ပါ။ 
	- ထုပ်ပြီးသား လက်ကိုင်ဖုန်းဘက်ထရီကို ရေခဲသေတ္တထဲက ပုံမှန်အခန်းမှာ ၃ ရက်ထဲ့ထားပါ။
	- ရေခဲသေတ္တထဲမှာ ၃ရက်ပြည့်ပြီးနောက်ပြန်ထုတ်ပါ။ ပလပ်စတစ်အိပ်နဲ့ စက္ကူကို ဖြေပါ။ 
	- ပုံမှန်အပူချိန်ရှိတဲ့ မိမိနေအိမ်ရဲ့ တနေရာရာမှ ၃ ရက်ထားပါ။ 
	- ၃ ရက် ထားပြီးနောက် အဲ့ဒီဘက်ထရီကို ၈ နာရီကြာ အားသွင်းပါ။
အဲ့ဒီလိုအားသွင်းပြီးရင်တော့ အသုံးခံတဲ့ ဘက်ထရီဖြစ်လာပါလိမ့်မယ်။ 
TPBS ထိုင်းရုပ်မြင်သံကြားဌာနက ထုတ်လွှင့်သွားတာကို တင်ပြလိုက်ရတာဖြစ်ပါတယ်။
ပုံမှန်သုံးလာတဲ့ လက်ကိုင်ဖုန်းဘက်ထရီဟာ တဖြေးဖြေးနဲ့  အသုံးမခံတော့တာတွေ့ ရတတ်ပါတယ်။ အားသွင်းထားပေမယ့်လည်း ခဏလေးနဲ့  အားကုန်သွားတာဟာ ဘက်ထရီမကောင်းတော့လို့ ဖြစ်ပါတယ်။ အဲ့ဒီ ဘက်ထရီကို အသုံးခံအောင် အားပြည့်လာအောင် လုပ်ကြရအောင်ပါ။

ကျောက်မျက်ရတနာဖြင့် ငွေချေးနိုင်သောဘဏ် ဖွင့်မည်

Photo: ကျောက်မျက်ရတနာဖြင့် ငွေချေးနိုင်သောဘဏ် ဖွင့်မည်
Saturday, May 11, 2013

ကျောက်မျက်ရတနာများကို အာမခံ(အပေါင်)ထား၍ ချေးငွေပေးမည့် အများပိုင်ဘဏ်တစ်ခုကို ကျောက်မျက် လုပ်ငန်းရှင်များ ပူးပေါင်း၍ ယခုနှစ်ကုန်တွင် ရန်ကုန်မြို့တော်၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း
 မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး(၃) ဦးထွန်းလှအောင်က ပြောကြားခဲ့သည်။

 “အခုဖွင့်ထားတဲ့ ဘဏ်တွေမှာ တန်ဖိုးဖြတ်ရခက်တဲ့အတွက် ကျောက်မျက် ရတနာတွေ အာမခံ(အပေါင်)ထားပြီး ငွေချေးလို့ မရဘူး” ဟု ကမ္ဘောဇဘဏ် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ရှင်းပြသည်။ ယခု ဖွင့်လှစ်မည့် ဘဏ်တွင် ကျောက်မျက်လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်း ထားသောကြောင့် ကျောက်မျက်များကို တန်ဖိုးဖြတ်ရာတွင် အဆင်ပြေမည်
 ဖြစ်သဖြင့် ကျောက်မျက်ကို အာမခံထားကာ ချေးငွေရယူလိုသူများအတွက် ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း ဘဏ်တည်ထောင်ခြင်း၏ ရည်ရွယ်ချက်ကို ဦးထွန်းလှအောင်က ရှင်းပြသည်။

 “အခြားငွေချေးတဲ့ သူတွေကိုလည်း ကူညီမှာပါ။ မတည်ရင်းနှီးငွေက ဘယ်လောက်နဲ့စမယ်၊ ရှယ်ယာတွေကို ဘယ်လောက်နဲ့ ထုတ်ရောင်းမယ် ဆိုတာက ဆွေးနွေးဆဲပါ” ဟု ၄င်းက ဆိုသည်။ အဆိုပါဘဏ် ဖွင့်လှစ်ရန် 
 မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ခွင့်ပြုချက်ရရှိလျှင် မြန်မာနိုင်ငံ ဗဟိုဘဏ် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက
 ပြောကြားသည်။ အဆိုပါဘဏ်မှာ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် သက်ဆိုင်မှုမရှိဘဲ ကျောက်မျက်လုပ်ငန်းရှင်များ စုပေါင်းတည်ထောင်ခြင်းသာ
 ဖြစ်ပြီး အများပိုင်ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းများအတိုင်း ဘဏ်ဥက္ကဋ္ဌနှင့် ဒါရိုက်တာများကို ရွေးချယ်မည်ဟု ဦးထွန်းလှအောင်က ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်
 ဖော်ပြထားပါသည်။

Khit Lu Nge

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ကျောက်မျက်ရတနာများကို အာမခံ(အပေါင်)ထား၍ ချေးငွေပေးမည့် အများပိုင်ဘဏ် တစ်ခုကို ကျောက် မျက် လုပ်ငန်းရှင်များ ပူးပေါင်း၍ ယခုနှစ်ကုန်တွင် ရန်ကုန်မြို့တော်၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန် မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး(၃) ဦးထွန်းလှအောင် က ပြောကြားခဲ့ သည်။

အင်္ကျီထူထူ အမြန်ခြောက်အောင် လှန်းရအောင်


Photo: အင်္ကျီထူထူ အမြန်ခြောက်အောင် လှန်းရအောင်

အ၀တ်ထူထူကို အမြန်ခြောက်အောင်ဆိုရင် ပုံထဲမှာပြထားတဲ့အတိုင်း 
၁) အင်္ကျီချိတ် ၁ ချောင်း
၂) ပလပ်စတစ်ရေဘူး အလွတ် အရွယ်မကြီးမငယ် ၂ ပုလင်း

ပြုလုပ်ပုံ
အင်္ကျီချိတ် နှစ်ဘက်ကို ဆွဲညစ်ပါ။
ဆွဲညစ်ပြီးတဲ့ အင်္ကျီချိတ် အစွန်းတစ်ဘက်ဆီမှာ ပလပ်စတစ်ရေဘူး တစ်ဘူးဆီ စွပ်ထဲ့ပါ။ 
ပြီးရင် အင်္ကျီကို ချိတ်ပြီး  လှန်းနိုင်ပါပြီး။ 

သဘောက အင်္ကျီချိတ်နဲ့ လှန်းတော့ အ၀တ်က ကဒ်နေပြီး ခြောက်ရတာကြတယ်။ အခုလိုပလပ်စတစ်ဘူးခံထားလိုက်တော့ လေ၀င်လေထွက်ကောင်းပြီး အမြန်ခြောက်နိုင်တာဖြစ်ပါတယ်။

အ၀တ်ထူထူကို အမြန်ခြောက်အောင်ဆိုရင် ပုံထဲမှာပြထားတဲ့အတိုင်း
၁) အင်္ကျီချိတ် ၁ ချောင်း

ကမ္ဘာ့ ဈေးအကြီးဆုံး အာရှလေလံကား ဖြစ်သွားရသည့် တိုယိုတာ 2000GT

Photo: ကမ္ဘာ့ ဈေးအကြီးဆုံး အာရှလေလံကား ဖြစ်သွားရသည့် တိုယိုတာ 2000GT

အမေရိကန်ဒေါ်လာ ၁.၁၆ သန်းနဲ့ လေလံတင် အရောင်းချ ခံရပြီးနောက် Toyota 2000GT ကို ကမ္ဘာ့ ဈေးအကြီးဆုံး လေလံတင်ကား အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။

အင်ဂျင်ပါဝါ ၂၀၀၀ စီစီ မြင်းကောင်ရေအား ၁၅၀ ထုတ်လုပ်နိုင် တဲ့ ပြိုင်ကား ဖြစ်ပြီး တစ်နာရီ ၁၃၅ မိုင် မောင်းနှင် နိုင်ပါတယ်။ ဆလင်ဒါ ၆ လုံးပူး Straight အင်ဂျင်ဖြစ်ပြီး ဂီယာ ၅ ချက်ရိုးရိုးကား ဖြစ်ပါတယ်။ ဒီဇိုင်း ကတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း တံခါး ၂ ပေါက် ပြိုင်ကား ဖြစ်ပါတယ်။ 

စုစုပေါင်း အစီးရေ ၃၅၁ စီးသာ ထုတ်လုပ်ထားခဲ့ဖူးတဲ့ ဂျပန် Toyota 2000GT ဟာ ကမ္ဘာ့ဈေးအကြီးဆုံးကားစာရင်းထဲလည်း ပါဝင်လာကြေင်း သိရပါတယ်။
--
Ref: autoblog

အမေရိကန်ဒေါ်လာ ၁.၁၆ သန်းနဲ့ လေလံတင် အရောင်းချ ခံရပြီးနောက် Toyota 2000GT ကို ကမ္ဘာ့ ဈေး အကြီးဆုံး လေလံတင်ကား အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသို့ ချယ်လ်ဆီးအသင်း လာရောက်ကစားမည်

Photo: မြန်မာနိုင်ငံသို့ ချယ်လ်ဆီးအသင်း လာရောက်ကစားမည်
Saturday, May 11, 2013

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း ချယ်လ်ဆီးသည် မြန်မာနိုင်ငံ အခြေစိုက် အဖျော်ယမကာ ကုမ္ပဏီ International Beverage Trading Company (IBTC)နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ်တစ်ရပ် ချုပ်ဆို လိုက်ကြောင်း သိရသည်။ (၂)နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ IBTCနှင့် ၎င်းထုတ်လုပ်သော Grand Royal ဝီစကီတို့သည် ချယ်လ်ဆီး၏ မိတ်ဖက် စပွန်ဆာ အမှတ်တံဆိပ်များအဖြစ် အကျုံးဝင်လာမည် ဖြစ်သည်။ ချယ်လ်ဆီးသည် အဖျော်ယမကာနှင့် ဆက်စပ်သော လုပ်ငန်းများနှင့် ဒုတိယမြောက် အဓိက စပွန်ဆာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခြင်းလည်း
 ဖြစ်လာသည်။ 

လက်ရှိ ဥရောပ ချန်ပီယံလိဂ် ဆုဖလား ပိုင်ရှင်ဖြစ်သော ချယ်လ်ဆီး အသင်းသည် IBTC၏ လူသိထင်ရှားသော ကြော်ငြာ ကဏ္ဍတစ်ခုအဖြစ် ပါဝင်ကူညီမည် ဖြစ်သည်။ ယခုစပွန်ဆာ စာချုပ်ကိစ္စတွင် ကြားဝင်
 ဆောင်ရွက်ပေးခဲ့သည့် Sport Revolution အေဂျင်စီ၏ စီမံရေးရာ ဒါရိုက်တာ အန်တိုနီ မာကူက "ကျွန်တော်တို့ဟာ ခုလိုမျိုး ထင်ရှားတဲ့ အကျိုးတူ အခွင့်အရေး တစ်ရပ်မှာ အကျိုးဆောင်ပေးခွင့်ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ Grand Royal ဝီစကီဟာ ဒေသတွင်း
 ဘောလုံးကဏ္ဍကို နှစ်ရှည်လများ ထောက်ပံ့ပေးခဲ့ ပြီးသားပါ။ ခုချိန်မှာတော့ အာရှတိုက်မှာ ပရီးမီးယားလိဂ်ရဲ့ လွှမ်းမိုးမှု ပိုကျယ်ပြန့်လာတာကို အခြေခံပြီး စပွန်ဆာ စာချုပ်တစ်ရပ် ချုပ်ဆိုဖြစ်တာပါ"ဟု ရှင်းလင်း ပြောဆိုခဲ့သည်။

Goal.com၏ ဖော်ပြချက်အရ ချယ်လ်ဆီး အသင်းသည် (၂၀၁၃-၁၄) ဘောလုံးရာသီကြို ကာလများတွင် မြန်မာနိုင်ငံသို့ ခြေစမ်းပွဲ လာကစားမည်ဟု သိရသည်။ ချယ်လ်ဆီးသည် IBTCနှင့် စာချုပ်ခဲ့သလို ကာလရှည် စပွန်ဆာ လက်တွဲဖော်ဖြစ်သော Shigha ဘီယာနှင့်လည်း (၂၀၁၇)ခုနှစ်ထိ သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

Planet Myanmar

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း ချယ်လ်ဆီးသည် မြန်မာနိုင်ငံ အခြေစိုက် အဖျော်ယမကာ ကုမ္ပဏီ International Beverage Trading Company (IBTC)နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ်တစ်ရပ် ချုပ်ဆို လိုက်ကြောင်း သိရသည်။ (၂)နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ IBTCနှင့် ၎င်းထုတ်လုပ်သော Grand Royal ဝီစကီတို့သည် ချယ်လ်ဆီး၏ မိတ်ဖက် စပွန်ဆာ အမှတ်တံဆိပ်များအဖြစ် အကျုံးဝင်လာမည် ဖြစ် သည်။ ချယ်လ်ဆီးသည် အဖျော်ယမကာနှင့် ဆက်စပ်သော လုပ်ငန်းများနှင့် ဒုတိယမြောက် အဓိက စပွန်ဆာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခြင်းလည်း ဖြစ်လာသည်။