Monday, 29 April 2013

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Monday, April 29, 2013 

အဂတိလိုက်စားမှုသည် ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသည့် အဓိက အကြောင်း တရားဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက် ကျင်းပနေသည့် ၇ ကြိမ်မြောက် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆိုင်ရာ ၀န်ကြီးများ အဆင့် ညီလာခံ၌ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာတမ်းဖတ်ကြားကာ အဓိက ဆွေးနွေးသူ တဦးအဖြစ် တင်ပြသွားခြင်း ဖြစ်သည်။

မွန်ဂိုလီးယားနိုင်ငံ အစိုးရအိမ်တော် Grand Hall တွင် ကျင်းပနေသော အဆိုပါ ညီလာခံသို့ တက်ရောက်ရန် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj က ဒေါ်အောင်ဆန်းစုကြည် အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံသားတိုင်းက အစိုးရများနှင့် ခေါင်းဆောင်တိုင်းအပေါ် မျှော်လင့်ချက် မြင့်မားကြောင်း၊ ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ပိုမိုအားကောင်းစေရန် အဂတိလိုက်စားမှု တိုက်ဖျက် ရေးသည် လွန်စွာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပြောဆိုသည်။

အဂတိလိုက်စားမှုသည် ရှုပ်ထွေး နက်ရှိုင်းပြီး အလွှာအသီးသီး၌ ပြဿနာအဖြစ် တည်ရှိနေသည်ကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုကြောင့် နိုင်ငံတော်၏ ခွန်အား ယုတ်လျော့စေပြီး တိုင်းပြည် စီးပွားရေးကိုလည်း ဆုတ် ယုတ် စေကြောင်း အဓိကထား ဆွေးနွေးသွားသည်။

အဂတိလိုက်စားမှုသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် လူထု ယုံကြည်မှု ကျဆင်းစေပြီး တန်းတူညီမျှ အခွင့် အရေးများအပေါ် ထိခိုက်စေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က“နိုင်ငံတနိုင်ငံရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဟာ အစိုးရမဟုတ်ဘူး၊ ပြည်သူတွေပဲ ဖြစ် တယ်”ဟုလည်း ပြောဆိုသွားသည်။

နိုင်ငံပေါင်း ၁၃၁ နိုင်ငံမှ ညီလာခံ တက်ရောက်လာသူများကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေကြ သည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ပြောဆို ဆွေးနွေးခဲ့ကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ထို့အပြင် ဒီမိုကရေစီအား ခြိမ်းခြောက်မှု၊ လူထုအခြေပြု လူ့အဖွဲ့အစည်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု၊ အွန်လိုင်းနှင့် ပုံနှိပ် မီဒီယာ ဆိုင်ရာ လွတ်လပ်မှုများနှင့် ဒီမိုကရေစီ စံနှုန်းများ၊ သင်ခန်းစာများ စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးကြ ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ အာရုံစိုက်မှု ရလာသော်လည်း လက်ရှိအခြေအနေများကို မျက်ကွယ်မပြုသင့်ကြောင်း၊ တိုင်းရင်းသား ပဋိပက္ခများ မြန်မာနိုင်ငံတွင် ယနေ့အထိ ရှိနေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ ကြေ ညာ ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

“တိုင်းပြည်အပေါ် အာရုံစိုက်ခံလာရချိန်မှာ ကျမတို့ လက်ရှိအခြေအနေကို မျက်ကွယ်မပြုသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီမို ကရေစီ အရေးကို ကျမတို့ ကာကွယ်သွားသင့်တယ်။ အခုထိ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခက ရှိနေဆဲပဲ”ဟုလည်း ဒေါ်အောင်ဆန်း စုကြည်၏ ကြေညာချက်တွင် ဖြော်ပထားသည်။

အဆိုပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း၊ မွန်ဂိုလီးယားနှင့် မြန်မာတို့မှာ အခြေအနေ ဆင်တူသည်များရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။

“မွန်ဂိုလီးယားနဲ့မြန်မာဟာလည်း ဥပမာအားဖြင့် အိမ်နီးချင်း အင်အားကြီး ၂ နိုင်ငံရှိတာလည်း အတူတူပါဘဲ၊ ကျမတို့ ဟာ အိမ်နီးချင်းတွေနဲ့ ဆက်ဆံတဲ့အခါ ညီမျှတဲ့ ဆက်ဆံရေးစနစ် ရှိကြရပါမယ်။ မွန်ဂိုလီးယားရဲ့အတွေ့အကြုံတွေလည်း ကျမတို့ သင်ခန်းစာယူကြရမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ ညီလာခံဖွင့်ပွဲ မိန့်ခွန်းကို မွန်ဂိုလီးယားသမ္မတ Tsakhia Elbegdorj က ပြောကြားခဲ့ရာတွင် လွန်ခဲ့သည့် ၂ နှစ် က ယခုကဲ့သို့ ညီလာခံမျိုးကျင်းပချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗီဒီယို မိန့်ခွန်းသာ ပေးပို့နိုင်ခဲ့ပြီး ယခုနှစ် လူကိုယ်တိုင် တက်ရောက်နိုင်သည့် အတွက် လွန်စွာ ၀မ်းမြောက်ကြောင်း ထည့်သွင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီ အရေး ရုန်းကန်လှုပ်ရှားမှုများကြောင့် ယခုနှစ် အတွက် Geremek Award ဆုကို ပေးအပ်ရန် ညီလာခံက ရွေးချယ်လိုက်ကြောင်းလည်း သိရသည်။

မွန်ဂိုလီးယား သမ္မတနှင့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂ ဦး တွဲဖက်၍ ဧပြီလ ၃၀ ရက် နေ့တွင် အစိုးရ အိမ်တော်၌ “Mongolia and Myanmar: Freedom and Path Toward Democracy” ခေါင်းစဉ်ဖြင့် ဟောပြောရန် ရှိကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါညီလာခံသို့ တက်ရောက်ရန် ဧပြီလ ၂၇ နေ့ ည ၁၂ နာရီခန့်က ရန်ကုန်မှ ထွက်ခွာခဲ့ပြီး မေလ ၃ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

မြန်မာနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးကို ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့ ညီလာခံ၌ ယနေ့ ပြောဆို ရှင်းလင်းနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – infomongolia.com)

အဂတိလိုက်စားမှုသည် ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသည့် အဓိက အကြောင်း တရားဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်သည်။

မူစယ်အိမ်ရာစီမံကိန်း ကုမ္ပဏီနှင့် ပြည်သူ့စစ် ပဋိပက္ခဖြစ်ပွား

ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က သျှမ်းပြည်(မြောက်ပိုင်း) မူစယ်မြို့အိမ်ယာမြေ စီမံကိန်းဧရိယာအတွင်း နယူးစတားလိုက် ကုမ္ပဏီမှ မြေညှိလုပ်ငန်းဆောင်ရွက်နေစဉ် ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ လာရောက်တားဆီးခဲ့သဖြင့် နှစ်ဘက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီ၏ မြေညှိလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား နိုင်ငံသားများ ကေဆုန် စက်မှုဇုန်မှ ထွက်ခွာ

မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား နိုင်ငံသားများ ကေဆုန် စက်မှုဇုန်မှ ထွက်ခွာ

မြောက်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဝေဟင်နှင့် မြေပြင် စစ်သည်များ ပူး ပေါင်း လေ့ကျင့်မည့် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ်ကို လုပ်ဆောင်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား အလုပ်သမားများသည် ကေဆုန် ပူးတွဲစက်မှုဇုန်မှ ဧပြီ ၂၇ ရက်တွင် ထွက်ခွာခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင် များ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။
ကေဆုန် ပူးတွဲစက်မှုဇုန်ရှိ လုပ်ငန်းများ လည်ပတ်မှု ရပ်ဆိုင်းခဲ့မှု အပေါ် ဖြေရှင်းရန် အတွက် တရားဝင် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် တောင်ကိုရီးယား အစိုးရ၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယား အစိုးရက ငြင်းပယ်ခဲ့ ပြီးနောက် တောင်ကိုရီးယား အလုပ်သမား အားလုံးကို ကေဆုန် စက်မှုဇုန်မှ ပြန်လည် ခေါ်ယူရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ၏ အစောပိုင်းက ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
တောင်ကိုရီးယား အလုပ်သမား ၁၁ ဦးခန့်သည် ကေဆုန် စက်မှုဇုန်မှ ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင် စတင် ထွက်ခွာ ခဲ့ပြီး ယင်းနေ့ နှောင်းပိုင်းတွင်လည်း အလုပ်သမား ၁၁၆ ဦး ထပ်မံ ထွက်ခွာခဲ့ကြောင်း သိရသည်။
ကေဆုန် စက်မှုဇုန်တွင် ဧပြီ ၂၆ ရက်က တောင်ကိုရီးယား အလုပ်သမား ၁၇၅ ဦးခန့် ရှိနေပြီး ဧပြီ ၂၇ ရက်တွင် အလုပ်သမား ၁၂၇ ဦး စတင် ထွက်ခွာခဲ့ပြီးနောက် ကျန်ရှိနေသော အလုပ်သမား များသည် ဧပြီ ၂၉ ရက်တွင် ထွက်ခွာနိုင်ဖွယ် ရှိကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား အစိုးရသည် နိုင်ငံတောင်ပိုင်းရှိ ပြုံဂန်ပြည်နယ် နမ်ဖိုမြို့ အနီးတွင် လေ ယာဉ်နှင့် အမြောက်တပ်ဖွဲ့များ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြောင်း ထောက် လှမ်းရေး သတင်း အချက် အလက်များ အရ သိရကြောင်း တောင်ကိုရီးယား အစိုးရ ဘက်မှ အရာရှိ တစ်ဦးက ပြော ကြားခဲ့ကြောင်း သိရသည်။ 

 

http://bit.ly/13FkgYp

မြောက်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဝေဟင်နှင့် မြေပြင် စစ်သည် များ ပူး ပေါင်း လေ့ကျင့်မည့် စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို လုပ်ဆောင်ရန်စီစဉ်နေစဉ် အတွင်း တောင် ကိုရီးယား အလုပ်သမားများသည် ကေဆုန်ပူးတွဲစက်မှုဇုန်မှ ဧပြီ ၂၇ ရက်တွင် ထွက်ခွာ ခဲ့ကြောင်း တောင်ကိုရီးယားအာဏာပိုင်များ၏ ပြောကြားချက်ကိုကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ သမ္မတများ

Photo: မြန်မာနိုင်ငံ၏ သမ္မတများ
Monday,April 29 , 2013

၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ
လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့
သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့
ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသား
ဖြစ်လေသည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့
လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့
ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့
သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ဘိုးဘေးများမှာ
မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့်
ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး
၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့
ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ
တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ
သားသမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)
အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။
ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့
တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး
၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ထို့နောက် ၁၉၇၆ခုတွင်
ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ
ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်
တွင်ကွယ်လွန်ခဲ့သည်။
x x x x x x x x
၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့
တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန်
အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင်
အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင်
တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။
ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊
မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။
မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့်
နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ
မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၈။ဦးသိန်းစိန်(၁၉၄၅)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး
ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို
ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့
ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်
တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထက်ပြီး
သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ
တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။
https://www.facebook.com/sanay.minthar

၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတအဖြစ် လူသိများ လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ

ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ



Photo: ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ 
Monday,April 29 , 2013

ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇  ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်နားမှာ Sohel Rana ကိုဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက်အဦးပြိုကျတဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ပိုင်ရှင် Rana ပျောက်နေတာဖြစ်ပါတယ်။
 
စနေနေ့တုန်းကလည်း စက်ရုံကအရာရှိ ၂ ယောက်နဲ့ အင်ဂျင်နီယာ ၂ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အထည်ချုပ်စက်ရုံပါရှိတဲ့ အဆောက်အဦးကြီး ပြိုကျခဲ့မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ စုစုပေါင်း ဖမ်းဆီးထားတာ ၇ ယောက်ရှိသွားပါပြီ။
 
တချိန်တည်းမှာပဲ အဆောက်အဦး ပြိုကျတဲ့နေရာမှာ မီးလောင်ခဲ့တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးကို တာဝန်ရှိသူတွေ ယာယီဆိုင်းထားခဲ့ရပါတယ်။ ပိတ်မိနေတဲ့ အမျိုးသမီးကိုကယ်ဖို့ သံမဏိထုပ်တန်း   ကို ဖြတ်ဖို့ကြိုးစားနေစဉ် တနင်္ဂနွေနေ့ညက မီးလောင်ခဲ့တာဖြစ်ပါတယ်။ မီးကြောင့် အဲဒီအမျိုးသမီး သေဆုံးခဲ့ပုံရပြီး ကယ်ဆယ်ရေးသမား ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
VOA
ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ် နားမှာ Sohel Rana ကိုဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက် အဦးပြိုကျတဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ပိုင်ရှင် Rana ပျောက်နေတာဖြစ်ပါတယ်။

ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေကျင်းတူးရာမှ ငွေဒင်္ဂါးပြားများတွေ့ရှိ

၂၆-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် ၊ ကျောက် ရဲ ကျေးရွာ အောင်ဇေတ၀န်ထန်းတောကျောင်းတိုက်၌ ကျောင်းဆောင်သစ်ဆောက် လုပ်ရန် ကျောင်း ထိုင် ဆရာတော်ဦးစီး၍ ရွာသား(၉)ဦးဖြင့် ကျောင်းဆောင်ဟောင်း၏(၂၅)ပေခန့်အကွာတွင် မြေကျင်း တူးရာ (၉)လက်မခန့်အရောက်တွင် ၁၈၆၂ ခုနှစ်မှ ၁၉၀၁ ခုနှစ်အတွင်းရှိ ငွေဒင်္ဂါးပြား ၂၀၆ ပြား ကို မြေ အိုးဖြင့်ထည့်လျက် တူးဖော်တွေ့ရှိခဲ့သည်။

MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ


Photo: MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ

မန္တလေး၊ ဧပြီ ၂၈
 MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
 ``မန္တလေး-ဂျပန်၊ ရန်ကုန်-ဂျပန် ဘယ်ဟာကောင်းမလဲ စီစဉ်နေပါပြီ။ 
အစဉ်ပြေမယ့် လမ်းကြောင်းကို ပြေးဆွဲသွားဖို့ ရှိပါတယ်´´ဟု MAI လေကြောင်းလိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။
 ဂျပန်နိုင်ငံသို့ တိုက်ရိုက်မပြေးဆွဲမီ ဂျပန်နိုင်ငံမှ စီးလုံးငှား လာရောက်လည်ပတ်မှု နှစ်ကြိမ်ရှိကြောင်း ၎င်းကပြောသည်။
 ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်ရခြင်းမှာ ဂျပန်နိုင်ငံမှ
 စိတ်ဝင်စားမှုများလာသော ကြောင့်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ များလာ၍ စီစဉ်ပေးရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။
 ``ဂျပန်နိုင်ငံအပြင် အခြား ကွမ်ကျိုး၊ကူမင်း၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေကို တိုက်ရိုက်ပြေးဆွဲနိုင်ရန် 
စီစဉ်လျက် ရှိပါတယ်။ လာအိုကတော့ ရန်ကုန်ကနေပဲ တိုက်ရိုက်ဆွဲဖို့ များတယ်´´ဟု ဦးဇော်ဝင်းက ထပ်မံဆိုသည်။
 နောက်ပိုင်း ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ဥရောပနိုင်ငံများအထိပါ ထပ်မံပြေးဆွဲနိုင်ရန် 
စီစဉ်နေကြောင်း ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
 လက်ရှိတွင် MAI လေကြောင်းလိုင်း Air bus လေယာဉ် ၈ စီးနှင့် ပြေးဆွဲလျက်ရှိပြီး 
ရပ်နားထားသော မန္တလေး-ရန်ကုန် ခရီးစဉ်ကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။စိုင်းလမင်း
MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။

သောက်သုံးရေ ရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့်ေ ကျးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိ

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ သောက်သုံးရေရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့် ကျေးရွာ ဒေသများသို့ နယ်မြေခံ တပ်မတော်သားများက တပ်ပိုင်ရေ သယ်ယာဉ်များဖြင့် သောက်သုံးရေများ ဆက်လက် ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ ဧပြီ ၂၇ ရက်တွင် ရမည်းသင်း မြို့နယ်ရှိ ရွှေမြင်တင်တောင် ဘုရားတွင် ရေကန် ဆယ်တင်ခြင်းအား ဆောင်ရွက် ခဲ့သည့် အပြင် ညောင်ပင်အိုင် ကျေးရွာရှိ အိမ်ထောင်စု ၅၂ဝ စုအတွက် သောက်သုံး ရေဂါလန် ၄၈ဝဝ အား လည်းကောင်း၊ မန္တလေး တပ်နယ်ရှိ ပုသိမ်ကြီး မြို့နယ် အတွင်း ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ရေသန့်ဘူးကြီး ၁ဝဝ ဘူးနှင့် သောက်သုံးရေ ဂါလန် ၉၂ဝဝ အား လည်းကောင်း၊ ကျောက်ပန်းတောင်း မြို့နယ် ပေါက်သစ် ကျေးရွာရှိ အိမ်ထောင်စု ၂၅ဝ စု
အတွက် သောက်သုံးရေ ဂါလန် ၃၂ဝဝ နှင့် ချောင်းဖျား ကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၉ဝ စု အတွက် သောက်သုံးရေ ဂါလန် ၁၆ဝဝ အား လည်းကောင်း၊ ညောင်ဦးမြို့နယ် မင်းနန်သူ ကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၁၁၈ စုအတွက် သောက်သုံး ရေဂါလန် ၃ဝဝဝ အား လည်းကောင်း အသီးသီး ဖြန့်ဝေ လှူဒါန်းသည်။

Sunday, 28 April 2013

သုံးဘီးဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား သယ်ဆောင် လာသူများအား ဖမ်းဆီးအရေးယူ

၂၇-၄-၂၀၁၃ ရက်နေ့ ၁၆၀၅ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေး ဂိတ် တာဝန်ကျ ပူးပေါင်းအဖွဲ့သည် သတင်းအရ ၀ိုင်းမော်မှ မြစ်ကြီးနားသို့ မောင်းနှင်သည့် ခရီးသည်တင် သုံးဘီးဆိုင်ကယ်အား ရှာဖွေစစ်ဆေးခဲ့သည်။ 

ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ

Photo: ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
Sunday, April 28, 2013


ယနေ့ မွန်းလွဲ၃း၀၀ နာရီခန့်က MITT သီလ၀ါဆိပ်ကမ်းမှ ထွက်ခွါလာသောကားတင်သင်္ဘောနှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး ဆီတင်သင်္ဘောနစ်မြုပ်ခဲ့သည်။

M.VMelacca Highway ကားတင်သင်္ဘောမှာ သီလ၀ါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ထွက်ခွါလာချိန်တွင် ရန်ကုန်မြစ်ဝမှ ၀င်လာသော မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်မြန်အောင် လောင်စာဆီတင်သင်္ဘောနှင့် တိုက်မိပြီး ရန်ကုန်မြစ်အတွင်း သီလ၀ါဆိပ်ကမ်းတောင်ဘက်တွင်မြန်အောင်သင်္ဘောနစ်မြုပ်ခဲ့သည်။


မြန်အောင်သင်္ဘောပေါ်တွင်ပါရှိသူများကိုမြန်မာ့ရေတပ်မတော်မှ ကယ်တင်ထားခဲ့ပြီး ကားတင်သင်္ဘောမှာ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားခဲ့ရသည်ဟုဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ရေလမ်းကြောင်းစီစဉ်သူတစ်ဦး ကပြောသည်။

Yangon Press International
ယနေ့မွန်းလွဲ ၃း၀၀ နာရီခန့်က MITT သီလ၀ါဆိပ်ကမ်းမှ ထွက်ခွါလာသောကားတင် သင်္ဘော နှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး ဆီတင်သင်္ဘောနစ်မြုပ်ခဲ့ သည်။

လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ

Photo: ""လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ""
Sunday, April 28, 2013

လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက်ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်း မာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်းစွာဖြစ်ပေါ်လာေ စနိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက်ကို သတိပြုရန်
လိုအပ်ပေသည်။

(၁) လိင်ဆက်ဆံခြင်းသည် သင့်ကိုယ်အလေး ချိန်ကို ကျဆင်းစေအောင် ရပ်ပေးနိုင်သည်။လိင်ဆက်ဆံခြင်းအချိန် နာရီဝက်ခန့်အ တွင်း ကယ်လိုရီ ၇၅ မှ ၁၅ဝ အထိကို လောင် ကျွမ်းကုန်ဆုံးစေနိုင်ကြောင်း သတိပြုရန်
လိုအပ်သည်။ နာရီဝက်လမ်းလျှောက်ခြင်းသည် (၁၅၃) ကယ်လိုရီ၊ ကခုန်ခြင်းသည် (၁၂၉) ကယ်လိုရီ ဖြင့် နှိုင်းယှဉ်လျှင်ကျန်းမာစေရန် 
အထောက် အကူတစ်ခုဖြစ်သည်။

(၂) နှလုံးသွေးလှည့်ပတ်မှုကို အားကောင်းစေ သည်။ ကျန်းမာသောအစာ
စားခြင်း၊ ကော်လက် စထရောများ စစ်ဆေးပေးခြင်းဖြင့် နှလုံးကို ထိန်းသိမ်းနိုင်သကဲ့သို့ လိင်ဆက်ဆံခြင်းသည် နှလုံးအတွင်း အကောင်းဆုံးသွေးလှည့်ပတ်စီး ဆင်းခြင်းများ ဖြစ်စေသည်ကို အထူးသတိပြု ရန်လိုသည်။

(၃) အိပ်ပျော်ခြင်းကို ပိုဖြစ်စေသည်။
တစ်ပတ်တွင် (+) ကြိမ် လိင်ဆက်ဆံခြင်း ဖြင့် ကိုယ်ခံအားစနစ် ၃ဝ ရာခိုင်နှုန်းအထိကို မြှင့်တင်စေပြီး အိပ်ပျော်မှုကို ပို၍ကောင်းစေ သည်။

(၄) ကိုယ်လက်ကိုက်ခဲမှုကို လျှော့ချစေနိုင် သည်။
လိင်ဆက်ဆံနေစဉ်အတွင်း စစ်ထုတ်လိုက် သော (Oxytocin) ဟိုမုန်းသည် ခေါင်းကိုက် ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းကို လျော့ကျစေ သော ဓာတ်ပစ္စည်းဖြစ်သည်။

(၅) ဆီးအိမ်ထိန်းသိမ်းမှုစွမ်းအားပိုကောင်း
ဆီးအိမ်၏ ကြွက်သားများ ကျုံ့ထားနိုင်စွမ်း ကို ပို၍ကောင်းအောင်ပြုလုပ်ပေးနိုင်စွမ်းကို ပို ဆောင်ရွက်ပေးသည်ဟု မှတ်ချက်ပြုထားကြ သည်။

(၆) စိတ်ကျန်းမာရေးကိုပါ တိုးတက်စေသည်။
စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျဆင်း နေ သူများအတွက် ကုသမှုမှာ လိင်ဆက်ဆံခြင်းဟု ပင် အကြံပြုထားသည်။

(၇) အရေပြားကျန်းမာရေးအတွက်အကောင်း ဆုံး
စစ်ထုတ်ပေးလိုက်သော ဟိုမုန်းကြောင့် ကိုယ်ခံအားစနစ်ပိုကောင်းလာပြီး ကိုယ်အရေ ပြား လှပစိုပြည်နိုင်သည်ဟု သုတေသီများဖော် ပြကြသည်။

(၈) ကိုယ်ခံအားစနစ်ပို၍ကောင်းလာ
ကိုယ်ခံအားစနစ်ကောင်းစေရန်နည်း လမ်းကို သင်၏ အိပ်ခန်းအတွင်း စွမ်းဆောင် နိုင်ပြီး အချိန်တိုအတွင်း ကိုယ်လက်ကြွက်သား များ လျှော့ချအနားပေးစေပြီး လွှတ်ထုတ်ပေး လိုက်သော (Testosterone) ဟိုမုန်းများမှာ အရိုးများကို ထောင့်ကန်ပေးထားသည့် ကြွက် သားများ ထိန်းထားနိုင်မှုကို ကောင်းမွန်စေသည်။

Mr. Magazine

လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက်ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှသော အချက် မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာတွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်းမာရေးကောင်းလာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်း စွာဖြစ်ပေါ်လာေ စနိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက်ကို သတိပြုရန် လိုအပ်ပေသည်။

ရုရှားစိတ်ကျန်းမာရေး ဆေးရုံမီးလောင်ကျွမ်းမှုကြောင့် လူ(၃၆)ဦးသေဆုံး…

ရုရှားနိုင်ငံ ၊မော်စကိုမြို့မြောက်ဘက်ရှိ စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့ က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ(၃၆)ဦးသေဆုံးခဲ့ကြောင်း မီဒီယာကထုတ်ပြန်ကြေညာသည်။

ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ကျော်ရှိ

Photo: ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ကျော်ရှိ
Sunday, April 28, 2013

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ကေအိုင်အေ တို့၏ တိုက်ပွဲများကြောင့် မန်ဝိုင်ကြီးအနီး တွင် အသစ်ဖွင့်လိုက်သော ဒုက္ခသည်စခန်း သစ်တွင် နေရပ်စွန့်ခွာလာသူ တစ်ထောင် ကျော်လာပြီဖြစ်ကြောင်း သွားရောက်ကူညီ ပေးနေသည့် ဘာသာရေး အဖွဲ့အစည်းများ ထံမှ သိရသည်။

"တိုက်ပွဲက ဆက်ဖြစ်နေသေးတော့ ဒုက္ခသည်တွေ ဆက်ရောက်နေသေးတယ်" ဟု ဒုက္ခသည်များကို သွားရောက် ကူညီခဲ့သည့် ကက်သလစ်ဘာသာရေးအသင်း အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မန်ဝိုင်းကြီးအနီးတွင် ဒုက္ခသည် စခန်းသစ်မှာ တည်ဆောက်နေဆဲ ဖြစ်သော်လည်း ဒုက္ခသည် လာရောက်ခိုလှုံသည့် အတွက် ယခုလဆန်းပိုင်းတွင် လက်ခံ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် တရုတ်နယ်စပ်တစ် လျှောက်တွင် ဒုက္ခသည်စခန်းပေါင်း ၃၀ နီးပါးရှိပြီး ဒုက္ခသည်ပေါင်း နှစ်သောင်း ကျော်ရှိကြောင်း ကေအိုင်အို၏ ကောက်ယူ ထားသော စာရင်းများအရ သိရသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်ဆိုင်းထားပြီ ဖြစ်သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ ကေအိုင်အေ တပ်မဟာ (၄) အောက်ရှိ တပ်ရင်း ၉ စခန်း နယ်မြေတွင်ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည့် ကာလအတွင်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် တစ်ခုတည်းသော ဒေသလည်းဖြစ်သည်။

ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကမူ "တပ်မတော်က စစ်ကြောင်း သုံးကြောင်းနဲ့ တိုက်ခိုက်နေတယ်" ဟု ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ပြည့်တော့မည် ဖြစ်ပြီး အပစ်ခတ်ရပ်စဲရေး အတွက် နှစ်ဦးနှစ်ဖက် ပြေလည်မှုမရသေးဘဲ ဆွေးနွေးရန် ညှိနှိုင်းနေဆဲဖြစ်သည်။

The Voice Weekly
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ကေအိုင်အေ တို့၏ တိုက်ပွဲများကြောင့် မန်ဝိုင်ကြီးအနီးတွင် အသစ်ဖွင့်လိုက်သော ဒုက္ခသည်စခန်းသစ်တွင် နေရပ်စွန့်ခွာလာသူ တစ်ထောင် ကျော် လာပြီဖြစ်ကြောင်း သွားရောက်ကူညီ ပေးနေသည့် ဘာသာရေး အဖွဲ့အစည်းများ ထံမှ သိရသည်။

MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ

Photo: MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ
Sunday, April 28, 2013

MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

``မန္တလေး-ဂျပန်၊ ရန်ကုန်-ဂျပန် ဘယ်ဟာကောင်းမလဲ စီစဉ်နေပါပြီ။
အစဉ်ပြေမယ့် လမ်းကြောင်းကို ပြေးဆွဲသွားဖို့ ရှိပါတယ်´´ဟု MAI လေကြောင်းလိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။
ဂျပန်နိုင်ငံသို့ တိုက်ရိုက်မပြေးဆွဲမီ ဂျပန်နိုင်ငံမှ စီးလုံးငှား လာရောက်လည်ပတ်မှု နှစ်ကြိမ်ရှိကြောင်း ၎င်းကပြောသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်ရခြင်းမှာ ဂျပန်နိုင်ငံမှစိတ်ဝင်စားမှုများလာသော ကြောင့်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ များလာ၍ စီစဉ်ပေးရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။

``ဂျပန်နိုင်ငံအပြင် အခြား ကွမ်ကျိုး၊ကူမင်း၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေကို တိုက်ရိုက်ပြေးဆွဲနိုင်ရန်စီစဉ်လျက် ရှိပါတယ်။ လာအိုကတော့ ရန်ကုန်ကနေပဲ တိုက်ရိုက်ဆွဲဖို့ များတယ်´´ဟု ဦးဇော်ဝင်းက ထပ်မံဆိုသည်။နောက်ပိုင်း ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ဥရောပနိုင်ငံများအထိပါ ထပ်မံပြေးဆွဲနိုင်ရန်
စီစဉ်နေကြောင်း ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် MAI လေကြောင်းလိုင်း Air bus လေယာဉ် ၈ စီးနှင့် ပြေးဆွဲလျက်ရှိပြီးရပ်နားထားသော မန္တလေး-ရန်ကုန် ခရီးစဉ်ကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။

စိုင်းလမင်း 
Popular Myanmar News Journal
MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲရေး ကန်ဒေါ်လာ သန်း ၁၅၀ UNDP ထောက်ပံ့မည်

Photo: ပြုပြင်ပြောင်းလဲရေး ကန်ဒေါ်လာ သန်း ၁၅၀ UNDP ထောက်ပံ့မည်

ဧပြီလ ၂၈ ရက် ၂၀၁၃

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်စွာ ပေးဆောင်နိုင်ရန် ကြိုးပမ်း .နေသော အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်ရေးအတွက် ကန် .ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (United Nations Development Programme) မှ ပြန်ကြားရေးတာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။

ယင်းငွေများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂနိုင်ငံများ ဖွံ့ဖြိုးရေး အစီအစဉ် ၏၂၀၁၃ -၂ဝ၁၅ ခုနှစ် သုံးနှစ်တာလုပ်ငန်းစဉ် အတွက် သုံးစွဲသွားမည်ဖြစ် .ကြောင်း ၄င်းက ဆိုသည်။

ကန်ဒေါ်လာ သန်း၁၅၀ အနက် ၄၅ သန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းတကျ အုပ်ချုပ်ရေး၊ ၅၉ သန်းကို ဒေသန္တရအစိုးရ အုပ်ချုပ်ရေး ကောင်းမွန်ရေးနှင့် ကျန် ၄၆ သန်းကိုမူ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး တို့အတွက် သုံးစွဲရန် လျာထားကြောင်း ဦးညီညီအောင်က ပြောသည်။

အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းကျရေး အတွက် နိုင်ငံ့ဝန်ထမ်း စွမ်းရည်မြှင့်သင်တန်းများ၊ ဝန်ထမ်းရွေးချယ်ရေး သင်တန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေးကောင်းမွန်ရေး အတွက်မူ ဒေသခံ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း အကောင် အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေး ကောင်းမွန်စေရန် မြို့နယ် ၄၉ မြို့နယ်၌ UNDP ရုံးခွဲများ ဖွင့် လှစ်ပြီး တိုက်ရိုက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

"အကောင်အထည်ဖော်တဲ့ အနေနဲ့ ဒီနှစ်ဆန်းပိုင်းမှာ လွှတ်တော် ကိုယ်စား လှယ် အရည်အချင်း မြှင့်တင်ရေးသင်တန်းတွေ လုပ်တယ်။ လွှတ်တော် စာကြည့်တိုက် အတွက် စာအုပ်လှူတယ်" ဟု ဦးညီညီအောင်က ဆိုသည်။

ယင်းသုံးနှစ်တာ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရေး အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Ajay Chhibber တို့ ဧပြီလ ၈ ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

The voice
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာ ပေးဆောင်နိုင်ရန် ကြိုးပမ်းနေသောအစိုးရ၏ အုပ်ချုပ်ရေး ယန္တရား ကောင်းမွန်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (United Nations Development Programme) မှ ပြန်ကြားရေးတာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။

Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ

Photo: Facebook ပေါ်တွင် လူပျောက်ကြော်ငြာခဲ့သည့် မိန်းကလေးအား အလောင်းအဖြစ် ပြန်တွေ့သည့်ဖြစ်စဉ် အပြည့်အစုံ

၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်း တစ်ယောက်အကူအ ညီတောင်း၍လူပျောက်ကြော်ငြာPost တစ်ခုတင်ခဲ့ပါသည်ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည် ။ 

သို့သော်အသက်ရှင်လျက်တော့ မဟုတ်ပါ ထို့ကြောင့်၎င်းသေဆုံးမှုသည် လူသေမှုဖြစ်နိုင်လား လူသတ် မှုဖြစ်နိုင်လားဆိုသည်ကိုဝိုင်းဝန်းစဉ်းစားစုံ စမ်းနိုင်ရန် ဒီစာကိုမေးမြန်းရေးသားပါသည် ။

ယနေ့အချိန်ခါတွင် facebookခေါ်လူ မှုကွန်ယက်အားအ လွှာအသီးသီး မှအသုံး ပြုနေသဖြင့် မိမိထက်သိမိမိထက်တက် တက်သိနားလည် သူများရှိပါကကာယကံ ရှင်များအားမိမိထက်ပိုမိုကူ ညီနိုင်ရန်၎င်းမိ မိတက်စွမ်းသ၍ကူညီချင်သူများရှိပါက ကူညီနိုင်ရန်အ သိပေးခြင်း သာဖြစ်ပါသည်။

သေဆုံးသူမှာရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေး ရွာအုပ် စု ရေတာရှည်ကျေးရွာမှအဖဦးဇော်ထွန်း အမိဒေါ်နော်မယ်စေး၏ သမီး ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် တွင်ဒုတိယနှစ် တွင် တက်ရောက် ပညာသင်ကြားနေသောကျောင်း သူမနော်မေသူ သူ ဇော်ဖြစ်ပါသည် ၄င်း၏ချစ်သူမှာရန်ကုန် ဆေး၁ တွင်ပညာ သင်ကြားနေသော ဒုတိယနှစ်ကျောင်းသားမောင်ရဲမင်းဦးဖြစ်ပါသည်

အခင်းဖြစ်ပွားသည့်နေ့ ၁၉.၄.၂၀၁၃ေooနေအိမ်မှအပြင်ထွက် သွားခဲ့ပါသည် မောင်ရဲမင်းဦးမွေးနေ့သို့သွား၍ထိုမှတဆင့်မိဘများနေထိုင်
ရာရေတာရှည်ကျေးရွာသို့သွားမည်ဖြစ်ကြောင်းသိရပါသည် 

၁၉.၄.၂၀၁၃ရက်နေ့ ည၈း၀၀နာရီခန့် တွင် ဒေါ်နော်မယ်စေး ထံသို့ မောင်ရဲမင်း ဦးမှဖုန်းဆက်၍`အန်တီသမီးကိုည ၇း၃၀နာရီကမှော်ဘီကားပေါ်သို့ တင်ပေး လိုက်ကြောင်း သွားကြိုရန်ပြောကြားခဲ့သည်´

ထို အခါဒေါ်နော်မယ်စေးမှလူလွတ်၍အကြို ခိုင်းသော်လည်းပြန် လည်ရောက်ရှိလာခြင်းမရှိပေ ထို့ကြောင့်ဒေါ်နော်မယ်စေးမှ ည၁၀း၃၀ခန့်တွင်မောင်ရဲမင်းဦးထံဖုန်းဆက်၍၄င်၏သမီးအားကားပေါ်
တင်ပေးလိုက်တာသေချာလားဟုမေးသောအခါသေ ချာကြောင်း၎င်းကိုယ်တိုင်ကားထွက်မှပြန် လာကြောင်းပြောကြားခဲ့ပါသည်။

(မှတ်ချက် ယခင်က မောင်ရဲမင်းဦးသည်မနော် မေသူသူဇော်၏မိဘများထံသို့တစ်ခါမျှဖုန်း ဆက်သွယ်ဖူးခြင်း မရှိကြောင်းသိရသည်) 

၂၀.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးသည်သမီးနှင့်အတူနေထိုင်ရာ၎င်း၏ မောင်နေအိမ်သို့သို့သွားရောက်၍သမီး၏ သူငယ်ချင်းလိပ်စာ ဖုန်းနံပတ်များစုံစမ်း၍ ဆက်သွယ်မေးမြန်း ရာ၎င်းတို့ထံ သို့မလာ ကြောင်းသိရှိခဲ့ရပါသည်

ထို့နောက်မှော် ဘီသို့ပြန်လာ၍ မှော်ဘီရဲစခန်းသို့လူ ပျောက် အမှုဖွင့်သောအခါမှော် ဘီရဲစခန်း မှတာဝန်ရှိသူများအကြံပေးချက်ဖြင့်၎င်းသ မီးနေထိုင်ရာမရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းသို့အ မှုဖွင့်ရန်စီစဉ် ရပါသည် ။

ထိုနေ့မိုးချုပ်သွားသဖြင့နောက်တစ်နေ့တွင်မှသာအမှုဖွင့်နိုင်ပါသည် ၂၁.၄.၂၀၁၃ရက်နေ့တွင် ဦးဇော်ထွန်းဒေါ် နော်မယ်စေး တို့သည် မောင်ရဲမင်းအောင် နေအိမ်ကိုစုံစမ်းသွားရောက်၍မောင်ရဲမင်းဦးနေအိမ်ကိုစုံစမ်းသွားရောက်၍

၎င်း၏မိဘများနှင့်အတူ မရမ်းကုန်းမြို့နယ်ဘုရင့် နောင်ရဲစခန်းသို့ သွားရောက်၍နေ့လည် ၁၀း၀၀နာရီအချိန်ခန်တွင် ရဲတပ်ကြပ်ကြီး ကျော်ဆန်းဝင်းထံ လူပျောက်အမှုဖွင့်၍တိုင်ကြားခဲ့ပါသည် 

၎င်းရဲတပ်ကြပ်ကြီးကျော် ဆနးဝင်းမှ နှစ်နာရီအချိန်တွင်စခန်းအား လုံးဖြန့်ဝေပေးမည်ဟုပြောကြားခဲ့ပါသည်

ထိုနေ့ညနေ၀၆၀၀အချိန်ခန့်တွင်မောင်ရဲမင်းဦးမှဒေါ်နော်မယ်စေးထံ ဖုန်းဆက်၍ `၄င်းသည်မနော်မေသူသူဇော် ကိုင်သောဖုန်းအား ညနေ၄း၀၀နာရီခန့်ကဆက်၍ရ ကြောင်းသို့ရာတွင်ယောက်ျားတစယောက်ကိုင်ကြောင်းလှိုင်သာယာလို့ပြောသံ ကြားကြောင်းထို့နောက် ဖုန်းချသွားကြောင်း´ ပြောကြားခံ့ပါသည် ။

၂၂.၄.၂၀၁၃ရက်နေ့တွင်ဒေါ်နော်မယ် စေးထံသို့ဝါးနက်ချောင်းကျေးရွာ မှော်ဘီမြို့ နယ်ချင်းကျောင်းမှ မနော်မေသူသူအောင် ၏ပစ္စည်းများလှိုင် သာယာရဲစခန်းတွင်အပ်နှံထားကြောင်း၎င်းတို့ထံသို့လှိုင်သာယာခရစ်ယာန်
ဘုရားကျောင်းမှအကြောင်းကြားသောကြောင့်ပြောခြင်းဖြစ်ကြောင်းမှန်မ မှန်သွားကြည့်ရန်ပြောခဲ့ပါသည်။

ထို့ကြောင့်နေ့လည်၁၁း၀၀နာရီခန့်တွင် မောင်ရဲမင်း ဦးထံနှင့် ဘုရင့်ရဲစခန်းမှရဲတပ်ကြပ်ကြီးကျော်ဆန်းဝင်း ထံသို့ ဖုန်းဆက်အကြောင်း ကြားပြီးလှိုင်သာယာရဲစခန်းသို့ လိုက်သွားရာနေ့လည်၂း၁၅အချိန် ခန့်တွင်ရောက်ရှိ၍ ပစ္စည်းများစစ်ကြည့်ရာ မှန်ကန်ကြောင်းတွေ့ရပါသည် ။

၎င်းပစ္စည်းများကို၁၉.၄.၂၀၁၃ရက်နေ့တွင် ည၈း၁၅အချိန်ခန့် တွင်အောင်ဇေယျတံတား(လှိုင်သာယာဘက်ကမ်း)တွင်လုံခြုံရေး တာဝန်ထမ်းဆောင်နေသောတာဝန်ကျရဲ ထံသို့ အမည်မသိအမျိုး သမီး၃ဦးမှလာ၍အပ်နှံ သွားကြောင်းသိရသည် 

ပစ္စည်းများမှာ မေ န်ာမေသူသူဇော်ကိုင်ဆောင်သော လက် ကိုင်အိတ် ကျောင်း သားကဒ် အမေရိကန် သံရုံးစာကြည့်တိုက် အသင်းဝင် ကဒ်ဒေါက်ဖိနပ်တစ်ရံ စုစုပေါင်းပစ္စည်း၁၁မျိုး တို့ ဖြစ်သည် ထို့နောက်ဘု ရင့်နောင် ရဲစခန်းသို့ လိုက်သွားပြီး ထွက်ဆိုချက်များပေးခဲ့ရပါသည်


၂၃.၄.၂၀၁၃ရက်နေ့တွင်မနက်၀၉း၀၀ အချိန်ခန့်တွင် ဘုရင့်နောင်ရဲစခန်းသို့ ဒေါ် နော်မယ်ဆေးနှင့်အတူ ၄င်း၏မောင်နှင့် တူမတို့ထွက်ဆိုချက်များသွားပေးခဲ့ပါသည်ထိုအချိန်တွင် အမှုစစ်ဒုရဲအုပ်ကျော်ဝင်း နိုင်သည်ပစ္စည်းများ စတင်သိမ်းဆည်းခဲ့သော ရဲတပ်ကြပ်ကြီးဟာတူးမောင်အားစစ် ဆေးရန်လှိုင်သာယာရဲစခန်းသို့သွားမည် ဖြစ်သဖြင့်၎င်းနှင့်အတူလိုက်သွားခဲ့ပါသည်

ထိုသို့စစ်ဆေးနေစဉ်ဒုရဲအုပ်ကျော် ဝင်းနိုင်ထံသို့ ပိုင်ရှင်မဲ့ အလောင်း တစ် လောင်းအင်းစိန်ဆေးရုံကြီး သို့ရောက် ရှိနေကြောင်းဖုန်း သတင်းဝင်လာပါသည်


ထိုအကြောင့်အမှုစစ်ဒုရဲအုပ်ကျော်ဝင်းနိုင်နှင့်အတူ အင်းစိန်ရဲစခန်းသို့သွားရောက်ခဲ့ရပါသည် ထို့နောက် အင်းစိန်စခန်းမှူး ဓါတ်ပုံများထုတ်ပြ၍မနော်မေသူသူဇော် ဟုတ်မဟုတ်ကြည့်ခိုင်းပါ သည်

ဒေါ်နော်မယ်စေး၏ ဆွေမျိုးများ မှအင်းစိန်ဆေးရုံကြီးသို့ ဖုန်းဆက်၍ အလောင်းရှိမရှိမေးမြန်း၍ ရှိသည်ဟု ပြော သဖြင့်၀၄း၀၀နာရီ အချိန်ခန့်တွင်အင်း စိန်ဆေးရုံကြီးသို့လိုက်သွားခဲ့သည်

ထိုနေ့ ကအလောင်းသယ်ယူသော ကားမအား၍ နောက်ကျခြင်းကြောင့်သာ အလောင်းကို ပြန်ရခြင်းဖြစ်သည် အကယ်၍ကားနောက် မကျပါက မိခင်မှာသမီးကိုမြင်တွေ့ ခွင့်ရ မည်မဟုတ်ပေ ထိုအလောင်း ကို၂၀.၄.၂၀၁၃ရက်နေ့ နံနက်၉း၀၀နာရီအချိန်ခန့်တွင် အင်းစိန်ရွာမအနောက်၆ရပ်ကွက် ငါးဒိုင်အနီးရှိမြစ် ကမ်းမှ၅ပေအကွာ တွင်တွေ့ရှိဆယ်ယူပြီး အင်းစိန်ရဲစခန်းသို့အကြောင်းကြားခဲ့ကြ သည် 

စခန်းမှလာရောက်၍ နေ့လည်၁နာ ရီခန့်တွင်အင်းစိန်ဆေးရုံကြီး သို့ပို့ဆောင် ခဲ့သည် ၂၄.၄.၂၀၁၃ရက်နေ့ တွင်ထိန်ပင်သို့ ပို့ဆောင်ဂူသွင်းသည်

အထက်ပါဖြစ်စဉ်များကိုသေချာဖတ် ၍အကြံပြုပေးကြပါ ဖြန့်ဝေပေးပါ ၁ စော်ဘွားကြီးကုန်းမှအောင်ဇေယျ တံတား ညနေ၀၇း၃၀ တွင်သွားပါက၄၅ မိနစ်ဖြင့်ရောက်နိုင်ပါသလား ၂ ဘုရင့်နောင်ရဲစခန်းမှ လူပျောက်အ မှုဖွင့်ထားပြီး 

၂နာရီအတွင်းရန်ကုန်တိုင်းရှိ စခန်းအားလုံးဖြန့်မည်ဆိုသော်လည်းအ ဘယ့်ကြောင့် လှိုင်သာယာရဲစခန်းမှပစ္စ ည်းများလက်ခံထိန်း သိမ်းပြီးလူပျောက်အ မှုကိုမသိရှိသလဲ ၃ ၄င်းပစ္စည့်းများထဲတွင် ကျောင်းသား ကဒ် မှတ်ပုံတင်များပါရှိပြီး

၎င်းကဒ်များတွ င်နေရပ်လိပ်စာများ ပါရှိသော်လည်းအဘယ့်ကြောင့် ကာယကံရှင်များအားအကြောင်း မကြားသနည်း (သိ့မဟုတ်)ကာယကံရှင် များနေထိုင်ရာမြို့ နယ်ရဲစခန်းသို့အ ကြောင်းမကြားသလဲ ၄ လူသေမှုဖြစ်နိုင် သလား(သို့မဟုတ်) လူသတ်မှုဖြစ်နိုင်သလားစာ ဖတ်သူများလည်းသေ ချာဖတ်၍စဉ်း စားပေးပါ အမှားအယွင်းပါပါကတောင်း ပန်ပါသည် အမှန်တရား တန်ဖိုးထားနိုင်ကြပါစေ။

Kothein Htike

Posted From လူထု မောင်ကာဠု

၂၂.၄.၂၀၁၃ ရက်နေ့က သူငယ်ချင်းတစ်ယောက်အကူအညီတောင်း၍ လူပျောက်ကြော်ငြာPost တစ်ခု တင်ခဲ့ပါသည် ထို လူပျောက်ကြော်ငြာထဲကမိန်းကလေးပြန် လည်တွေ့ရှိပါသည်

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ တပ်လှန့်ထား

Photo: ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ တပ်လှန့်ထား
Sunday, April 28, 2013

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက H7N9 ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွါးနိုင်ဖွယ်ရာများနှင့်ပတ်သက်၍ နှိုးဆော်သတိပေးမှုများဆောင်ရွက်လျက်ရှိသည်။

ဧပြီလ ၂၄ရက်နေ့က ထိုင်ဝမ်ရှိ အမျိုးသားတစ်ဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ က ယခုကဲ့သို့ဆောင်ရွက်လာခြင်းဖြစ်သည်။

ထိုင်ဝမ်၌ ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိခြင်းမှာ တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးတွေ့ရှိခြင်းပင်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဧပြီလ ၂၅ရက်နေ့အထိ လူပေါင်း ၁၀၉ဦး ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိရပြီး ၂၂ဦးမှာ အဆိုပါရောဂါဖြင့် သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏန်းများအရ သိရသည်။

ထိုင်းနိုင်ငံတွင် ယခုအချိန်အထိ ကြက်ငှက်တုပ်ကွေးရောဂါရှိသူ မတွေ့ရှိသေးသော်လည်း ကြိုတင်ကာကွယ် နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး Pradit Sintawanarong က ဧပြီလ ၂၇ရက်နေ့တွင် ပြောကြားသည်။

အာရှနိုင်ငံများကလည်း ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ နိုးကြား လျက်ရှိကာ ပြန့်နှံ့မှုမရှိ စေရေးအတွက် ကြိုတင်သတိပေးမှုများ ဆောင်ရွက် ထားကြသည်ဟုလည်း ၎င်းက ဆိုသည်။

Source: ဗန်ကောက်ပို့စ်
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက H7N9 ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွါးနိုင်ဖွယ်ရာများနှင့် ပတ်သက်၍ နှိုးဆော်သတိပေးမှုများဆောင်ရွက်လျက်ရှိသည်။

တန့်ယန်းလမ်းခွဲအနီးတွင် ကားတိမ်းမှောက် လူ ၆ ဦးသေ

ဧပြီလ ၂၇ရက်နေ့ ညနေသုံးနာရီခွဲအချိန်ခန့်တွင် လားရှိုး-မန္တလေး အဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၄)ရှိ တန့်ယန်းလမ်းခွဲအနီး ခေးနင်းကျေးရွာ၊ ရေကျော်ခုံးတံတားအဆင်း တွင် နေပြည်တော် မှ လောက်ကိုင်မြို့သို့သွားသော ကားတစ်စီးတိမ်းမှောင့်ရာ ခရီးသည် ၆ဦး သေဆုံးကာ ၂၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာ့ခေတ်မှ စုံစမ်းသိရရှိသည်။

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း


အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
28.4.2013

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုးသကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံး စီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ် လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ည တစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက် ခန့် ကို မှန်မှန် သောက်သုံးသွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက် ကင်း စေပါသည်။

မြ၀တီ
အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီးလာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။
ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံး စီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ် လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။

သင့် ခန္ဓာကိုယ် ကျန်းမာလှပနေစေရန် ဗီတာမင် ငါးမျိုး၏ အကျိုးပြုချက်များ

Photo: သင့် ခန္ဓာကိုယ် ကျန်းမာလှပနေစေရန် ဗီတာမင် ငါးမျိုး၏ အကျိုးပြုချက်များ
Sunday, April 28, 2013

ဗီတာမင်ဆိုတာနဲ့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး ကောင်းကျိုးဖြစ်စေတယ်လို့ လူတိုင်း သိကြပါတယ်။ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ စတာတွေကတော့ လူသိလည်းများသလို၊ ခန္ဓာကိုယ်အတွက် တကယ် လိုအပ်တာတွေလည်း ဖြစ်ပါတယ်။ အဲဒီဗီတာမင်တွေက သင့်ခန္ဓာကိုယ် ဘယ်လို အစိတ်အပိုင်းတွေကို ဘယ်လို အကျိုးပြုသလဲ ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

ဗီတာမင် အီး၏ စွမ်းဆောင်ချက်

ဗီတာမင်အီးဟာ အရေပြားနဲ့ ခန္ဓာကိုယ်က အမွေးအမှင်တွေကို ခြောက်သွေ့မှု ကင်းစေတဲ့ အကျိုးအာနိသင် ရှိတယ်လို့ ဆိုပါတယ်။ ဗီတာမင်အီးဟာ အဆီတွေကို ပျော်ဝင်စေတဲ့ အင်တီအောက်ဆီဒင့် တစ်ခုအဖြစ် စွမ်းဆောင်နိုင်ပြီး အရေပြားအတွက် လိုအပ်တဲ့ သဘာဝ ရေဓာတ်တစ်မျိုး အဖြစ်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်း အတော်များများမှာ ဗီတာမင်အီးကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ် အသုံးပြုနေကြတာပါ။ အောက်စီဂျင် မရတာကြောင့် အရေပြား ပျက်စီးတာမျိုး မဖြစ်အောင် ဗီတာမင်အီးက ကာကွယ်ပေးနိုင်ပြီး အရေပြား ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။ ဒါပေမဲ့ ဗီတာမင်အီးကို ဖြည့်စွက်မှု အနေနဲ့ သောက်သုံးပေးတာမျိုးက တစ်ခါတလေ မလိုအပ်ဘဲ လွန်ကဲမှု ဖြစ်စေတတ်တာကြောင့် သင်စားနေတဲ့ အစားအစာထဲမှာ ဗီတာမင်အီးပါဝင်မှု နည်းတယ်ထင်ရင် ဗီတာမင်မျိုးစုံ ပါဝင်တဲ့ အားဆေး တစ်မျိုးကိုသာ မှီဝဲပါ။

ဗီတာမင် အေ၏ စွမ်းဆောင်ချက်

ဗီတာမင်အေမှာ သဘာဝ ရတီနောတွေ ပါဝင်ပြီး ပါးရေတွန့်တာနဲ့ အရေးကြောင်းတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ဝက်ခြံ၊ အမည်းစက်၊ အမာရွတ်နဲ့ အရေးကြောင်းတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်အေမှာ အရေပြားအတွက် လိုအပ်တဲ့ ကော်လာဂျင်တွေလည်း ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အမြင်စွမ်းအင်နဲ့ အရိုးဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ပြုတာကြောင့် ဗီတာမင်အေ ချို့တဲ့ရင် ကလေးငယ်တွေမှာ မျက်စိ အမြင်အာရုံကို ချို့တဲ့စေပါတယ်။ အရေပြားထဲက အဆီဂလင်းတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံပျောက်ဆေး အတော်များများမှာ ဗီတာမင်အေ ပါဝင်တတ်ပါတယ်။

ဗီတာမင် စီ၏ စွမ်းဆောင်ချက်

တော်ရုံ အအေးမိ ဖျားနာတာလောက်ကတော့ ဗီတာမင်စီ ကြွယ်ဝသူ အနေနဲ့ သိပ်မဖြစ်တတ်ပါဘူး။ သဘာဝ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်ပြီး လိုအပ်တဲ့ တစ်သျှူးတွေကိုလည်း ဖွံ့ဖြိုးစေပါတယ်။ အရိုးကို သန်မာစေပြီး သွားတွေကို ခိုင်မာစေကာ ခံတွင်းရောဂါတွေကိုလည်း ကင်းစေပါတယ်။ မျက်နှာပေါ်က အစက်အပြောက်တွေကိုလည်း ကင်းစေပါတယ်။ အရေပြားအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ရရှိစေပြီး၊ အရေပြား ကြည်လင်စေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ် အကျိုးပြု ဖရီးရယ်ဒီကယ် တစ်မျိုးလို့ ခေါ်ကြပါတယ်။

ဗီတာမင် ကေ၏ စွမ်းဆောင်ချက်

ဗီတာမင်ကေကတော့ ကျောက်ကပ် လုပ်ငန်းဆောင်တာနဲ့ အရိုးအဆစ်တွေ ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုတဲ့ ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ကောင်းမွန်စေတဲ့ ဖြည့်စွက် ဗီတာမင် တစ်မျိုးထဲမှာ ဗီတာမင်ကေလည်း ပါဝင်နေပါတယ်။ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ သွေးခဲကွက်တွေကို သက်သာစေပါတယ်။ ဒါ့အပြင် အရေပြားပေါ်က သွေးကြောမျှင် ပေါ်တာတွေ၊ မျက်ကွင်းညိုတာတွေနဲ့ သွေးကြောပြတ်ရာတွေကိုလည်း ပျောက်ကင်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် အမည်းစက် ပျောက်စေတဲ့ ဆေးအတော်များများနဲ့ အလှကုန်တွေမှာ ဗီတာမင်ကေ ပါဝင်ပါတယ်။

ဗီတာမင် B3 ၏ စွမ်းဆောင်ချက်

ဗီတာမင် B3 ဟာ အရေပြားမှာ ရေဓာတ်ရရှိစေတဲ့ ဗီတာမင်အဖြစ် အစွမ်းထက်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းကို ရရှိစေပြီး အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာကိုလည်း ကောင်းမွန်စေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကိုလည်း အထောက်အကူ ပြုပါတယ်။ အရေပြားမှာ လိုအပ်တဲ့ ရေဓာတ်ကို ရရှိစေပြီး အရေပြား ခြောက်သွေ့မှုကို ပြန်လည် ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အရေပြား ကြေးချွတ်ပစ္စည်းတွေထဲမှာ ဗီတာမင် B3 ကို ပါဝင်အောင် အသုံးပြုတတ်ကြပါတယ်။

သဲသဲ
Good Health
ဗီတာမင်ဆိုတာနဲ့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး ကောင်းကျိုးဖြစ်စေတယ်လို့ လူတိုင်း သိကြပါတယ်။ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ စတာတွေကတော့ လူသိလည်းများသလို၊ ခန္ဓာကိုယ်အတွက် တကယ် လိုအပ်တာတွေလည်း ဖြစ်ပါတယ်။ အဲဒီဗီတာမင်တွေက သင့်ခန္ဓာကိုယ် ဘယ်လို အစိတ်အပိုင်းတွေကို ဘယ်လို အကျိုးပြုသလဲ ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။