Thursday, 18 April 2013
အမေရိကန်ပြည်အတွက် ကံဆိုးမိုးမှောင်ကျတဲ့ ဧပြီလ အဖြစ်အပျက်များ
ဧပြီလ ၁၅ ရက်နေ့ ဘော်စတွန်မြို့၊ Patriot နေ့အထိမ်းအမှတ် မာရသွန်ပြေးပွဲမှာ အကြမ်းဖက်သူတွေက ဗုံးထောင်လို့ လူ ၃ ဦး သေပြီး လူ ၁၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ လူ ၁၂ ဦး ခန့်ဟာ ဒဏ်ရာပြင်းထန်ပါတယ်။ လူအချို့ဟာ သူတို့ ခြေတွေ လက်တွေ ဖြတ်ပစ်ရတဲ့အထိ ထိခိုက်ခဲ့ကြပါတယ်။ အကြမ်းဖက်သမားက ဟင်းချက်တဲ့ ပေါင်းအိုးထဲမှာ သံတွေ၊ ဘောစိတွေ၊ ယမ်းတွေထည့်ပြီး လက်လုပ်ဗုံးနဲ့ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်အမှု ကို ပြည်နယ် နဲ့ ပြည်ထောင်စုအဆင့်အထိ အင်အားကုန်၊ အာဏာကုန်သုံးပြီး ဖော်ထုတ် စုံစမ်းလျက်ရှိပါတယ်။
မကြာမီရောင်းချမည့် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရောင်းချမည်
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်အတွင်း တန်ဖိုးနည်းဖုန်းများ ရောင်းချမည့် အစီအစဉ် ကြေညာ ထားသည်ကို တွေ့ရစဉ်
မကြာမီ ရောင်းချမည့် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရောင်းချမည်ဖြစ်ကြောင်း
သိရှိရသည်။
ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5
ပုံမှာ ပြထားတဲ့ iPhone 5 ရဲ့  ကာလတန်ဖိုးက ဗြိတိန်ပေါင် ၁၀ သန်း အထက်မှာ ရှိပါတယ်။
ဗြိတိန်အခြေဆိုက် ကျောက်မြတ်ရတနာ အလှဆင်နှင့် ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး
ကုမ္မဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Stuart Hughes
ဖြစ်ပါတယ်။ Home Button ကို ကမ္ဘာ့ အရှားပါး စာရင်းဝင်တဲ့ အပြစ်အနာဆာမယ့်
အနက်ရောင် စိန်တုံးကို အသုံးပြု ထားပါတယ်။ အလေးချိန်ကတော့ 26 cts ရှိပါတယ်။
ဗြိတိန်အခြေဆိုက် ကျောက်မြတ်ရတနာ အလှဆင်နှင့် ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Stuart Hughes ဖြစ်ပါတယ်။ Home Button ကို ကမ္ဘာ့ အရှားပါး စာရင်းဝင်တဲ့ အပြစ်အနာဆာမယ့် အနက်ရောင် စိန်တုံးကို အသုံးပြု ထားပါတယ်။ အလေးချိန်ကတော့ 26 cts ရှိပါတယ်။
ဝန်ကြီးဦးအောင်မင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ
ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတရုံး ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းကို ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ် (William
Hague) က တွေ့ဆုံပြီး၊ မြန်မာနိုင်ငံတွင်းမှာ ဆောင်ရွက်နေတဲ့ လူနည်းစု
တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေကို
ဆွေးနွေးခဲ့ကြပါတယ်။
“ဘော်စတွန်ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် သံသယရှိသူတစ်ဦး ဖမ်းဆီးရမိ”
ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း
အီရတ်တွင် အကြမ်းဖက်မှုများကြောင့် တစ်ရက်အတွင်း လူ ၂၁ ဦးကို သေဒဏ်စီရင်
အီရတ်နိုင်ငံတွင် ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်
စပ်လျဉ်း၍ ဧပြီလ ၁၆ ရက်တွင် အမျိုးသား ၂၁ ဦးကို
ကြိုးပေးကွပ်မျက်လိုက်ကြောင်း သိရသည်။
Boston တိုက်ခိုက်မှု နိုင်ငံတကာရှုတ်ချ
ဧပြီလ ၁၅ ရက်နေ့ ဗုံးပေါက်ကွဲပြီးနောက် ဆေးဝန်ထမ်းတွေ ကနေ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေစဉ်
အမေရိကန် ပြည်ထောင်စုမှာ လူအများအပြား ထိခိုက်သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အာဏာ ပိုင်တွေ စတင် စုံစမ်းစစ်ဆေး နေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်ခိုက်မှု အပေါ် ပြစ်တင် ရှုတ်ချသံတွေလည်း ထွက်ပေါ်လာကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း လူမဆန်တဲ့လုပ်ရပ်အဖြစ် ပြစ်တင်လိုက်သလို၊ ဥရောပသမဂ္ဂ (EU) ကလည်း စက်ဆုပ်စရာ တိုက်ခိုက်မှု အဖြစ် ပြောဆိုခဲ့တာပါ။ အလားတူ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ကအစ အာဖဂန်၊
အမေရိကန် ပြည်ထောင်စုမှာ လူအများအပြား ထိခိုက်သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အာဏာ ပိုင်တွေ စတင် စုံစမ်းစစ်ဆေး နေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်ခိုက်မှု အပေါ် ပြစ်တင် ရှုတ်ချသံတွေလည်း ထွက်ပေါ်လာကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း လူမဆန်တဲ့လုပ်ရပ်အဖြစ် ပြစ်တင်လိုက်သလို၊ ဥရောပသမဂ္ဂ (EU) ကလည်း စက်ဆုပ်စရာ တိုက်ခိုက်မှု အဖြစ် ပြောဆိုခဲ့တာပါ။ အလားတူ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ကအစ အာဖဂန်၊
ပါကစ္စတန်နိုင်ငံတွေအဆုံး
အကြမ်းဖက်လုပ်ရပ်အပေါ် ရှုတ်ချခဲ့ကြပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက
တုံ့ပြန်မှုတွေနဲ့ တချိန်တည်းမှာပဲ အမေရိကန်အစိုးရ အာဏာပိုင်တွေကတော့
တိုက်ခိုက်မှုရဲ့ လက်သည်တွေ ပေါ်ပေါက်အောင် စတင်ကြိုးပမ်းနေတဲ့အကြောင်း ကို မဆုမွန်က တင်ပြထားပါတယ်။
Wednesday, 17 April 2013
ကျောင်းသားကို စာရွက်စားခိုင်းသည့်ဆရာအား အလုပ်ဖြုတ်
စကားများသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းသားကို စာရွက်များ
ဝါးခိုင်းထားသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံ၊
မန်ဒူးမြို့တွင်ဖြစ် ပွားခဲ့သည်။
စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမ တစ်ဦး အား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေး ဝန်ကြီး ဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြု လုပ်နေကြကြောင်း ဒေသဆိုင်ရာသတင်းစာများ၏ ဖော်ပြချက်အရ သိရှိရသည်။
စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမ တစ်ဦး အား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေး ဝန်ကြီး ဌာနနှင့
ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်
ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင်မိန်းခလေးတစ်ဦးကို မကောင်းဆိုးဝါး စီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ်လိုက်သည့် မိသားစု တစ်စုကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင်ရှား
စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ် ရှိကြောင်း
ရှေ့နေတစ်ဦးကပြောကြားသည်။
ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ် ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။
Subscribe to:
Posts (Atom)



