Saturday, 22 December 2012

လက်သရဲ ဝင်ပူးသည့် ရောဂါ (ဂြိုလ်သားလက် ရောဂါ)

လက်သရဲ ဝင်ပူးသည့် ရောဂါ (ဂြိုလ်သားလက် ရောဂါ)
Saturday, 22 December 2012

လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သားလက် ရောဂါဝေဒါနာ ဖြစ်ပါတယ်။

ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အိင်္ကျီဝတ်ပေမယ့် ဝတ်လို့မရအောင် လက်က တားပါတယ်။ မီးခလုပ်ကို ပိတ်ပေမယ့် ပြန်ဖွင့် ပါတယ်။ ဘယ်လက်က လုပ်တာကို ညာလက်က ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက်ယှက်ပါတယ်။

သွားရင်းလာရင်း တွေ့ကရာ ပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိ ပါတယ်။ မီးထဲ လက်ထဲမိပါတယ်။ လည်နေတဲ့ စက်ထဲ လက်က အတင်း ဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို စိတ်ရောဂါလားလို့ တောင် ထင်မြင်ခဲ့ကြ ပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့် တီးတတ်တာမျိုး၊ စန္တယား တီးတတ်တာမျိုးတို့ လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင် စိတ် ရှိနေတဲ့ ရောဂါမျိုးလို့လည်း ခေါ်ပါတယ်။

လက်က သူ့ပါသူ အသက်ရှိနေသလို ဖြစ်ပြီး ကိုယ်က လုံးဝ ထိန်းချုပ်လို့ မရပါဘူး။ အချို့ ကျတော့ ရက်ပိုင်းအတွင်း ဖြစ်ပြီး ပျောက်ပေမယ့် အချို့ ကျ လပိုင်းကြာပါတယ်။ အချို့ ကျ တစ်သက်လုံး မပျောက်ပဲ ထင်ရင်ထင် သလို ရောဂါ ထဖောက်ပါတယ်။

စစ်တမ်းအရ ယင်းရောဂါဟာ ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှု ခံယူပြီး သူတွေ မှာ အဖြစ်များပြီး အချို့ ကျတော့ အလိုလိုကို ထပေါ်လာ တာ ဖြစ်ပါတယ်။ ကိုယ်က မခိုးပေမယ့် လက်က အလိုလို လုပ်မိသွားတာကို အချို့ ကတောင် ရှေးဘဝ ဗီဇလို့ ထင်မြင်ကြပါတယ်။ သို့ပေမယ့် ယင်းလူဟာ Alien Hand Syndrom (ဂြိုလ်သားလက် ရောဂါ) ခံစားနေရသူ ဖြစ်ပါတယ်။ သူ့အတွက်လည်း ကြောက်ဖို့ ကောင်းသလို သူ့ပတ်ဝန်းကျင်အတွက် လည်း ကြောက်ဖို့ ကောင်းပါတယ်။

သေချာတာကတော့ ဘတ်စ်ကားစီးလို့ အဆင်ပြေမယ့် ရောဂါမဟုတ်ပါဘူး။ ယင်းရောဂါဝေဒနာ လူတိုင်းခံစားရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသာ မသိလိုက်တာ တစ်ခါတစ်လေကျ ဖြစ်ခဲ့တာမျိုးတို့ ဖြစ်တတ်ပါတယ်။

ကမ္ဘာ့အနှံ့ က နိုင်ငံအသီးသီးမှာ Alien hand syndrome ဂေရာဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ အမေရိကန် ဆေးပညာရှင်တို့ က ပြောဆိုထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmarလက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သား လက် ရောဂါဝေဒါနာ ဖြစ် ပါတယ်။ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ် ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကိုထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အိင်္ကျီ ဝတ်ပေမယ့် ဝတ်လို့မရအောင် လက်ကတားပါတယ်။ မီးခလုပ်ကို

စတိဗ်ဂျော့ ရွက်လှေကို နယ်သာလှန်အစိုးရပိုင်အဖြစ် သိမ်း

စတိဗ်ဂျော့ ရွက်လှေကို နယ်သာလှန်အစိုးရပိုင်အဖြစ် သိမ်း
Saturday, 22 December 2012

စတိဗ်ဂျော့ပိုင်တဲ့ လှေကို နယ်သာလှန်နိုင်ငံ၊ Amsterdam မြို့  ဆိပ်ကမ်းက အာဏာပိုင်တို့ သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ကြွေးမြီကိစ္စ စကားများလို့ ဖြစ်ပါတယ်။ ယင်းလှေကို ပြုလုပ်ပေးသူကတော့ နယ်သာလှန် ဒီဇိုင်နာ Mr Starck ရဲ့  UBik ကုမ္မဏီက ဖြစ်ပါတယ်။ ယင်းအတွက် ငါးနှစ်တောင် အချိန်ယူခဲ့ရပါတယ်။ ရွက်လှေ တည်ဆောက်မှု ပရောဂျက်အတွက် Mr Starck ကို ယူရိုငွေ ၉ သန်း ပေးရမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ၃ သန်းပေးဖို့ ကျန်ရှိနေသေးပြီး ဒီအတွက်
ငွေတောင်းဆိုနေပါတယ်။ နောက်ဆုံး လှေကိုတောင် ယူမယ့် အနေအထားအထိ ဖြစ်ခဲ့ပါတယ်။

လှေရဲ့  စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၃၈ သန်း ဖြစ်ပြီး စတိဗ်ဂျော့မှ ပေးချေပြီး ဖြစ်ပါတယ်။ အလူနီယမ် ကိုယ်ထည့်နဲ့ ပြုလုပ်ထား တဲ့ အဆင့်မြင့် ဇိမ်ခံ ရွက်လှေဖြစ်ပြီး Venus (ဗီးနတ်စ်)လို့ အမည်ပေးထားပါတယ်။

၂၀၁၁ မှာ ကွယ်လွန်ခဲ့တဲ့ စတိဂျော့ကတော့ ရွက်လှေကို ရေချတဲ့ အထိတောင် မမြင်လိုက်ရပါဘူး။ ယခုဆိုရင် ယင်းလှေက ပင်လယ် ခရီး သွားနိုင်နေပြီ ဖြစ်ပါတယ်။ ပေ ၂၆၀ ရှည်တဲ့ ဈေးကြီး ရွက်လှေ တစ်စီး ဖြစ်ပါတယ်။ ယခုတော့ နယ်သာလန် Amsterdam ဆိပ်ကမ်း အာဏာပိုင်တို့က ကြွေးမြီ ပြဿနာ ကြောင့် Venus ကို သိမ်းဆည်း လိုက်ကြောင်း သိရပါတယ်။
--
Ref: BBC
Aung Kham (TSJ team)
TechSpace Journalစတိဗ်ဂျော့ပိုင်တဲ့ လှေကို နယ်သာလှန်နိုင်ငံ၊ Amsterdam မြို့  ဆိပ်ကမ်းက အာဏာပိုင်တို့ သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ကြွေးမြီကိစ္စ စကားများလို့ ဖြစ်ပါတယ်။ ယင်းလှေကို ပြု လုပ်ပေး သူကတော့ နယ်သာလှန် ဒီဇိုင်နာ Mr Starck ရဲ့  UBik ကုမ္မဏီက ဖြစ်ပါတယ်။ ယင်းအတွက် ငါးနှစ်တောင် အချိန်ယူခဲ့ရ

ကွေးညွန့်နိုင်သော ၅.၅ လက်မ စမတ်ဖုန်းကို Samsung မှ ထုတ်ဖော်ပြသ မည်

ကွေးညွန့်နိုင်သော ၅.၅ လက်မ စမတ်ဖုန်းကို Samsung မှ ထုတ်ဖော်ပြသ မည် 

လာမယ့် ၂၀၁၃ CES မှာ ပြသမှာ ဖြစ်ပါတယ်။ 1,280x720-pixel HD resolution  အဆင့်ထိ ရှိတဲ့ ၅.၅ လက်မ မျက်နှာပြင်နဲ့ ဖုန်း ဖြစ်ပါတယ်။ 

ဘက်ထရီအား အသုံးပြုမှုနည်းပြီး တကယ် ရုပ်ထွက်ကြည်လင်မယ့် ဖုန်း ဖြစ်ပါတယ်။ ၂၀၁၁ CES မှာတုန်းကလည်း ၄.၅ လက်မ အရွယ် ပြသခဲ့ပေမယ့် ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ မရောက်ခဲ့ပါဘူး။ အစမ်း ထုတ်လုပ်မှုအနေနဲ့ ဥပမာ သုံးလေးခုလောက်ပဲ ပြသခဲ့တာ ဖြစ်ပါတယ်။ 

ယခုကတော့ တကယ် ထုတ်လုပ်မှု အဆင့်ထိကို ရောက်မယ့် ကွေးညွန့် မျက်နှာပြင် ဖုန်း ဖြစ်ပါတယ်။ အစကတောင် နောက်ထွက်မယ့် Samsung Glaxy S4 ဟာ ကွေးညွတ်မျက်နှာပြင် ဖြစ်မယ်လို့တောင် သတင်ထွက် နေပါသေးတယ်။ 

သီးသန့် စမတ်ဖုန်း အနေနဲ့ ထွက်ရှိမှာလား S4 လားဆိုတာ ဘယ်သူမှ အတည် မပြုနိုင်သေးပါဘူး။ သို့ပေမယ့် CES မှာ တော့ ကွေးညွန့် မျက်နှာပြင် စမတ်ဖုန်းများ အမှန်တကယ် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။ 
---
Ref:cnet.
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/samsung.html

--
လာမယ့် ၂၀၁၃ CES မှာ ပြသမှာ ဖြစ်ပါတယ်။ 1,280x720-pixel HD resolution အဆင့်ထိ ရှိတဲ့ ၅.၅ လက်မ မျက်နှာပြင်နဲ့ ဖုန်း ဖြစ်ပါတယ်။
ဘက်ထရီအား အသုံးပြုမှုနည်းပြီး တကယ်ရုပ်ထွက်ကြည်လင်မယ့် ဖုန်း ဖြစ်ပါတယ်။ ၂၀၁၁ CES မှာတုန်းကလည်း ၄.၅ လက်မ အရွယ် ပြသခဲ့ပေမယ့် ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ မရောက်ခဲ့ပါဘူး။ အစမ်း ထုတ်လုပ်မှုအနေနဲ့ ဥပမာ သုံးလေးခုလောက်ပဲ ပြသခဲ့တာ ဖြစ်

အသက် မသေသော်လည်း ဘဝသေခဲ့ရသော တိုက်တန်းနစ်ပေါ်က ဂျပန်တစ်ယောာက်

တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တစ်ဦးတည်းပဲ ပါဝင် ပါတယ်။ တကယ့် ရှားရှားပါးပါးပါပဲ။ ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဌာနက အသက် ၄၂ နှစ်အရွယ် ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ Masabumi Hosono လို့ အမည်ရပါတယ်။
ရုရှား နိုင်ငံကနေ မီးရထားလမ်းပညာ လေ့လာသင်ယူပြီးနောက် ဂျပန် ကို ပြန်ရမှာ ဖြစ်ပေမယ့် လန်ဒန်အရင်ရောက်ပါတယ်။ တိုက်တန်းနစ် သင်္ဘောရဲ့  ခရီးစဉ်မှာသူလည်းပါလာပါတယ်။ ဒုတိယတန်းစား ခရီးသည်အနေနဲ့ လိုက်စီးတာ ဖြစ်ပါတယ်။ သင်္ဘောရေခဲနဲ့ တိုက်ချိန်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ်၌ ခင်းကျင်း ပြသ ထားသော သင်ကြားရေး အထောက်အကူပြု သုတေသန ဓာတ်ခွဲခန်းသုံး ပစ္စည်းများအား ကြည့်ရှု

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ်၌ ခင်းကျင်း ပြသ ထားသော သင်ကြားရေး အထောက်အကူပြု သုတေသန ဓာတ်ခွဲခန်းသုံး ပစ္စည်းများအား ကြည့်ရှု
Saturday, 22 December 2012

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် တပ်မတော်
ဆေးတက္ကသိုလ် ပင်မ စာသင်ဆောင်၌ ခင်းကျင်း ပြသထားသော သင်ကြားရေး အထောက်အကူပြု သုတေသန ဓာတ်ခွဲခန်းသုံး ပစ္စည်းများအား လှည့်လည် ကြည့်ရှုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ပြခန်း
အတွင်း ခင်းကျင်း ပြသ ထားသော ဇီဝ ဓာတုဗေဒ ဆိုင်ရာ၊ အဏုဇီဝ ဆိုင်ရာ၊ ရောဂါဗေဒ ဆိုင်ရာ၊ ဇီဝကမ္မ ဆိုင်ရာ၊ ဆေးဝါး ဗေဒဆိုင်ရာနှင့်
မော်လီကျူး ရောဂါ ရှာဖွေရေး ဆိုင်ရာ သင်ကြားရေး အထောက် အကူပြု သုတေသန ဓာတ်ခွဲခန်းသုံး စက်ပစ္စည်း များအား လှည့်လည် ကြည့်ရှုကြရာ ဆေးဝန် ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခ ချုပ်တို့မှ လိုက်လံ ရှင်းလင်း ပြသ ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရ သက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် ဆေး တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ပင်မ စာ

Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ

Photo: Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ 
Saturday, 22 December 2012

အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည်နယ်မှာ
သောကြာနေ့က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ ၄ယောက်
သေဆုံးပြီးတော့ ပြည်နယ်ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရ သွားခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ပြည်နယ်မြို့တော် Harrisburg မြို့ ရဲ့ မိုင်တစ်ရာလောက်ဝေးတဲ့ Frankstown မြို့မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

သေဆုံးသူ လေးယောက်ထဲမှာ သေနတ်သမားလည်း ပါဝင်ခဲ့ပြီး 
အရေးပေါ် အခြေအနေက ကျော်လွန် သွားပြီဖြစ်တယ်လို့ ပြောပါတယ်။
သေနတ်သမားက ပစ်ခတ်တာကြောင့် အမျိုးသားနှစ်ယောက်၊ အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က Sandy Hook မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပတ်အကြာမှာ အခုလို ထပ်ပြီးတော့ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ 

ဗွီအိုအေအမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည် နယ် မှာ  သောကြာနေ့ က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ ၄ယောက်သေဆုံးပြီးတော့ ပြည်နယ်ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရ

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ သို့ရောက်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ သို့ရောက်ရှိ 
Saturday, 22 December 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀း၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ကို ရောက်ရှိလာပြီး၊ မကြာမီအချိန်အတွင်းတွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင် ဘောလုံးကွင်းတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ယခုမိန့်ခွန်းပြောရန် ကော့သောင်းလေဆိပ်မှ မိန့်ခွန်းပြောကြားမည့်
နေရာသို့ သွားရောက်နေပြီဖြစ်ကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။

7Day News Journalအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀း၃၀ နာရီ အချိန်တွင် ကော့သောင်း မြို့ကို ရောက် ရှိလာပြီး၊ မကြာမီအချိန် အတွင်း တွင် ကော့သောင်း မြို့၊ အေးရိပ်

အမေရိကန် နိုင်ငံသား တစ်ဦးအား မြောက်ကိုရီးယား ဖမ်းဆီး

Photo: အမေရိကန် နိုင်ငံသား တစ်ဦးအား မြောက်ကိုရီးယား ဖမ်းဆီး
Saturday, 22 December 2012

မြောက်ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် နိုင်ငံသား တစ်ဦးကို ရာဇဝတ်မှုဖြင့် ဖမ်းဆီး ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရက ဒီဇင်ဘာ 
၂၁ ရက်တွင် ကြေညာခဲ့သည်။

ဘေဂျွန်ဟို အမည်ရှိ ယင်းအမေရိကန် နိုင်ငံသားသည် ယခုနှစ် နိုဝင်ဘာ ၃ ရက်က ကမ္ဘာလှည့် ခရီးသည် တစ်ဦးအဖြစ် ဝင်ရောက် လာခဲ့ပြီး ၎င်းအား အာဏာပိုင် များက ပြစ်မှု ကျူးလွန်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မည်သည့် ပြစ်မှုဖြင့် ဖမ်းဆီး ခဲ့သည်ကို အာဏာပိုင် များက ဖော်ပြခဲ့ခြင်း မရှိပေ။

ထို့အတူ မြောက်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့သည့် သတင်းထောက် နှစ်ဦးအား ဖမ်းဆီးခဲ့ သော်လည်း နောက်ပိုင်းတွင် ပြန် လွှတ် ပေးခဲ့သည်ဟု သိရသည်။

တောင်ကိုရီးယား လူ့အခွင့် အရေး လှုပ်ရှားသူ များ၏ ပြောကြားချက် အရ ဘေသည် ခရီးသွား ကုမ္ပဏီ တစ်ခု ဖွင့်လှစ်ထားပြီး ကမ္ဘာလှည့် ခရီးသည် များအား မြောက်ကိုရီးယား နိုင်ငံအတွင်း လှည့်လည်
ပြသရန် ရောက်ရှိ လာပြီးနောက် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီမြောက်ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် နိုင်ငံသား တစ်ဦးကို ရာဇဝတ်မှုဖြင့် ဖမ်းဆီး ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရက ဒီဇင်ဘာ
၂၁ ရက်တွင် ကြေညာခဲ့သည်။ ဘေဂျွန်ဟို အမည်ရှိ ယင်း အမေရိကန် နိုင်ငံသားသည် ယခုနှစ် နိုဝင်ဘာ ၃ ရက်က ကမ္ဘာလှည့် ခရီးသည် တစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ပြီး ၎င်းအားအာဏာပိုင်

မောင်တောနယ်စပ် ကြိမ်ချောင်း - တောင်ပြို ကားလမ်းပြန်ဖွင့်

Photo: မောင်တောနယ်စပ် ကြိမ်ချောင်း - တောင်ပြို ကားလမ်းပြန်ဖွင့်
Saturday, December 22, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာမြောက်ချစ်ကြည်ရေးကားလမ်း
ဖောက်လုပ်ရန် လျာထားရှိသည့် လမ်းကြောင်း၏ တစ်စိတ် တစ်ခု
ဖြစ်သည့် မောင်တောနယ်စပ်ကြိမ်ချောင်း-တောင်ပြိုကားလမ်းအား ယခုလဆန်းပိုင်းမှစပြီးသက်ဆိုင်ရာမှ တရားဝင် ဖွင့်လှစ်ပေးခဲ့ရာ ခရီးသည်နှင့်ကုန်ကားများပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း ကြိမ်ချောင်းကားဂိတ်မှယာဉ်မောင်းများထံက သိရသည်။

အဆိုပါလမ်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော သမိုင်းဝင်လမ်းကြောင်း တစ်ခုဖြစ်ပြီး   မောင်တော နယ်စပ်
ဆောက်လုပ်ရေးအဖွဲ့မှ ကားများပြေးဆွဲနိုင်သည်အထိ အဆင့်
မြှင့်တင် ပြန်လည်ဖောက်လုပ်ပြီး ယခုနှစ် ဧပြီလ(၁)ရက်နေမှစ၍ ခရီးသည်နှင့်ကုန်ကားများ ပြေးဆွဲလာခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပါအ၀င် အောက်တိုဘာလဆန်းပိုင်းက နယ်စပ်ဆောက်လုပ်ရေး အဖွဲ့(G.E) သုံးဦးကို ပြန်ပေးဆွဲမှုနှင့် နယ်စပ်ဒေသလုံခြုံရေး အခြေအနေ များကြောင့် ဇွန်လမှ နိုဝင်ဘာလအတွင်း အဆိုပါလမ်းအား (၃)ကြိမ်တိုင်တိုင် ဖွင့်/ပိတ်မှုများ ရှိခဲ့သည်။

“သက်ဆိုင်ရာမှ အခုလဆန်းပိုင်းမှ ပြန်ဖွင့် ပေးခဲ့တာဖြစ်ပါတယ်။ မိုးတွင်းကာလတစ်လျှောက်လုံးလိုလို   ပြန်ဖွင့်လိုက် ပြန်ပိတ်လိုက် နဲ့ နယ်စပ် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ စီးပွားရေးထိခိုက် နစ်နာမှုတွေ ရှိခဲ့ပါတယ်။ ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ သက်ဆိုင် ရာတွေကို
ကျေးဇူးတင်ရမှာပါ။”ဟု ကြိမ်ချောင်း ဒေသမှ နယ်စပ်ပို့ကုန်
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ကြိမ်ချောင်း -တောင်ပြို ကားလမ်းအသုံးပြုပြီး ပြည်တွင်းမှ ကုန်ပစ္စည်းများကို အဆိုပါလမ်းကြောင်း အသုံးပြုပြီး မောင်တောဒေသမှ တိုက်ရိုက်
တင်ပို့နိုင်သလို တစ်ဖက်ဘင်္ဂလာဒေ့ရှ်မှ ကုန်ပစ္စည်းများ အား တိုက်ရိုက်တင်သွင်းနိုင်သည့် နယ်စယ်ကုန်သွယ်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်သည်။

ကြိမ်ချောင်း -တောင်ပြို ကားလမ်းမှာ(၁၅)မိုင်ခန့်ရှည်လျားပြီး
နေ့စဉ်ခရီးသွားအင်အား (၁၅၀)မှ (၂၀၀)အတွင်း သွားလာလျက်ရှိသည်။

အာရကန်ကိုကို-မောင်တော(မြစ်မခ)
Myit Makha Mediagroupမြန်မာ-ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာမြောက် ချစ်ကြည်ရေး ကား လမ်း ဖောက်လုပ်ရန်လျာထားရှိသည့် လမ်းကြောင်း ၏ တစ်စိတ် တစ်ခု ဖြစ်သည့် မောင်တောနယ် စပ်ကြိမ်ချောင်း -တောင်ပြို ကားလမ်းအား ယခုလဆန်းပိုင်းမှစပြီးသက်ဆိုင်ရာမှ တရားဝင် ဖွင့်လှစ်ပေးခဲ့ရာ ခရီးသည်နှင့် ကုန်ကားများပြန် လည် ပြေး ဆွဲနေပြီဖြစ်ကြောင်း ကြိမ်ချောင်း ကားဂိတ်မှ ယာဉ်မောင်းများထံက

၂၀၁၁ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲအတွက် ဆန်ခါတင် ဇာတ်ကားစာရင်းများ



၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ Page

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်
Saturday, 22 December 2012

တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၄) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရ သက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ဇနီး ဒေါ်ထွေးထွေးညွန့်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးနှင့် ဇနီး ဒေါ်နီနီ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော် ဆေးတက္ကသိုလ်
ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများ၏ မိဘ ဆွေမျိုး များ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် သင်တန်းဆင်း အရာရှိများ၊ မိဘ ဆွေမျိုးများနှင့် အတူ ညစာ သုံးဆောင် ကြသည်။

သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌
ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲ မှုအောက် မြဝတီ တေးဂီတ အဖွဲ့နှင့် အငြိမ့်အဖွဲ့ တို့၏ ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီတပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၄) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော်ဆေးတက္ကသိုလ်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး

အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲ မိုက်ကယ် ဂျက်ဆင်၏ လက်အိတ် ကြေးအမြင့်ဆုံး ရရှိ

အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲ မိုက်ကယ် ဂျက်ဆင်၏ လက်အိတ် ကြေးအမြင့်ဆုံး ရရှိ

လော့အိန်ဂျလိစ် မြို့တွင် ယခု သီတင်းပတ် အတွင်း ပြုလုပ်သည့် အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲတွင် မိုက်ကယ် ဂျက်ဆင်၏ အမှတ်အသားဟု ဆိုရသော ၎င်း၏ လက်အိတ် တစ်ဖက်သည် ကြေးအမြင့်ဆုံး ရရှိခဲ့ကြောင်း လေလံတင် ကုမ္ပဏီက ဒီဇင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့သည်။

မိုက်ကယ် ဂျက်ဆင်၏ လက်အိတ် တစ်ဖက်အား အမေရိကန် ဒေါ်လာ ၁၉၉၀၆၉ ဖြင့် လေလံတင် ရောင်းချ ခဲ့ကြောင်း Nade D.Sanders လေလံတင် ကုမ္ပဏီက ပြောကြား ခဲ့သည်။

သလင်းကျောက် များဖြင့် အလှဆင်ထားသော အဆိုပါ လက်အိတ်အား မိုက်ကယ် ဂျက်ဆင်သည် ၁၉၈၄ ခုနှစ်က ပြုလုပ်ခဲ့သော အမေရိကန် ဂီတ ထူးချွန်ဆု ပေးပွဲ၌ ဝတ်ဆင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအမေရိကန် ဂီတဆု ပေးပွဲတွင် မိုက်ကယ် ဂျက်ဆင်၏ "Thriller" တေးအယ်လ် ဘမ်သည် ရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ် ဆုကို ရရှိခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/arts/artcorner/item/2559-2012-12-22-11-09-48
လော့အိန်ဂျလိစ်မြို့တွင် ယခုသီတင်းပတ်အတွင်း ပြုလုပ်သည့် အမှတ်တရ ပစ္စည်း လေလံတင် ရောင်းချပွဲတွင် မိုက်ကယ်ဂျက်ဆင်၏ အမှတ်အသားဟု ဆိုရသော ၎င်း၏ လက်အိတ် တစ်ဖက်သည် ကြေးအမြင့်ဆုံး ရရှိ ခဲ့ကြောင်း လေ လံတင်ကုမ္ပဏီက ဒီဇင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့သည်။
မိုက်ကယ်ဂျက်ဆင်၏ လက်အိတ်တစ်ဖက်အား အမေရိကန် ဒေါ်လာ ၁၉၉၀၆၉ ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း Nade D.Sanders လေလံတင်

ဆရာကြီး ဦးဂိုအင်ကာ ၏ ခရီးစဉ်

Photo
ဒီဇင်ဘာ၂၂ မနက်၇နာရီတွင် ဦးဂိုအင်ကာ နှင့်မိသားစု တို့ကပင့်သံဃာ ၁၃၅ ပါးတို့အားဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ သည်။အဆိုပါ ဆွမ်းဆက် ကပ်လှူဒါန်းပွဲသို့ ပြည်တွင်းပြည်ပမှ ဆရာကြီး၏တပည့် တရားပြဆရာ

ပြီးခဲ့သည့်လ၀က်ကထက် ယာဉ်မတော်တဆမှု(၆)မှု လျော့နည်းလာ


မထသ (ဗဟို) အနေဖြင့် ယာဉ်မတော်တဆမှုများအား အနည်းဆုံးနှင့်အန္တရယ်အကင်းဆုံး ဖြစ်အောင်


ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြည်သူလူထုအားတွေ့ဆုံ စကားပြောမည့် စင်မြင့်ကို ကန်ဖျားရပ်ကွက်၊ ကျန်တောလမ်းမှာရှိတဲ့ ဦးစောဂျက်ခန်းမအား နေ့လည် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် တွေ့မြင်ရစဉ်
ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား

ဗီဇာကတ် ကမ္ဘောဇဘဏ် ATM စက်များ တွင် အသုံးပြုနိုင်ပြီ

ဗီဇာကတ် ကမ္ဘောဇဘဏ် ATM စက်များ တွင် အသုံးပြုနိုင်ပြီ


ဗီဇာကတ်ကို ကမ္ဘောဇဘဏ်(KBZ) ATM စက်များတွင် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဗီဇာကတ် ကိုင်ဆောင်ထားသော မည်သူမဆို ကမ္ဘောဇ ATM စက်များတွင် မြန်မာကျပ်ငွေ ထုတ်ယူ နိုင်ပြီဖြစ်ပြီး တစ်ကြိမ်ထုတ်ယူပါက ကျပ်သုံးသိန်းဖြင့် တစ်ရက်လျှင် ကျပ် ၁၀ သိန်း အများဆုံးထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီဇာကတ်များသည် ကမ္ဘောဇအပြင် CB ဘဏ် ATM စက်များတွင်ပါ ထုတ်ယူအသုံးပြုနိုင်ပြီး မကြာမီကာလတွင် MOB ဘဏ် ATM စက်များ၌ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်တွင် ATM စက် အလုံးပေါင်း ၃၇ လုံး တပ်ဆင်ထား ရှိပြီးဖြစ် ကာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မေမြို့၊ ညောင်ဦး၊ နေပြည်တော် တို့တွင် တပ်ဆင်ထားရှိကြောင်း သိရသည်။

From: http://www.facebook.com/pages/Myawady-News/351018658329305?ref=streamဗီဇာကတ်ကို ကမ္ဘောဇဘဏ်(KBZ) ATM စက်များတွင် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဗီဇာကတ် ကိုင်ဆောင်ထားသော မည်သူမဆို ကမ္ဘောဇ ATM စက်များ တွင် မြန်မာကျပ်ငွေ ထုတ်ယူ နိုင်ပြီဖြစ်ပြီး တစ်ကြိမ်ထုတ်ယူပါက ကျပ်သုံး သိန်းဖြင့် တစ်ရက်လျှင် ကျပ် ၁၀ သိန်း အများဆုံးထုတ်

လက်ပန်းတောင်းတောင်အကြမ်းဖတ်မူစုံစမ်းစစ်ဆေးရေး ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စုံစမ်း စစ်ဆေးရေးကော်မရှင် သတင်းထုတ်ပြန် ချက်အမှတ်(၃/၂ဝ၁၂)၁၃၇၄ခုနှစ်၊ နတ်တော် လဆန်း ၈ရက်(၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်)
၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာ အမှတ် (၉၅/၂၀၁၂)ဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင်

တောင်ငူ နဲ့ ယာဉ်ကြောပိတ်ဆို့မှု


~ မင်းကြီးညိုရုပ်တုရှေ့က တွေ့ရတဲ့ မြင်ကွင်း ~

ကတ္တရာလမ်းပေါ်က မျဉ်းတွေ၊ အမှတ်အသားတွေကို ရေးဆွဲရာမှာ တောင်ငူမြို့ဟာ တခြားမြို့တွေနဲ့ တူချင်မှ တူပါလိမ့်မယ်။
~ မင်းကြီးညိုရုပ်တုဘက်ကို သွားတဲ့လမ်းမှာ ပိတ်ဆို့ထားပုံ ~
မနေ့ညနေပိုင်း တောင်ငူမြို့ အသွားအလာများတဲ့လမ်းဆုံတခုမှာ ဆွဲထားတဲ့ မျဉ်းဖြူမျဉ်းဝါတွေ ဆေး

ဦးပိုင်နဲ့ ၀မ်ပေါင်ကို တရားစွဲမယ်




မြန်မာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီတို့ကို

Friday, 21 December 2012

ကမ္ဘာ့ ရေအနက်ဆုံးတွင် စက်ဘီးမောင်းနင်မှု

Photo: ကမ္ဘာ့ ရေအနက်ဆုံးတွင် စက်ဘီးမောင်းနင်မှု
(The deepest cycling underwater)
Friday, 21 December 2012

အီတလီနိုင်ငံ၊ Liguria ဆိပ်ကမ်းပြည်နယ်၊ Santa Margherita Ligure ဆိပ်ကမ်းမြို့ငယ်အနီးတွင် ရေအောက်စက်ဘီးမောင်းနင်မှု ကို Vittorio Innocenteအမည်ရအီတလီလူမျိုး တစ်ဦးက ပြုလုပ်ခဲ့သည်။

ရေအနက် ၂၁၈ ပေ ၂.၁၁ လက်မ အနက် တွင် မောင်းနှင်ခြင်း
ဖြစ်သော ကြောင့် အနက်ဆုံး ရေအောက် စက်ဘီးမောင်းနှင်သော
လူသား အဖြစ် စံချိန်တင်ခဲ့သည်။

Ref:Douknow
International news for myanmarအီတလီနိုင်ငံ၊ Liguria ဆိပ်ကမ်းပြည်နယ်၊ Santa Margherita Ligure ဆိပ်ကမ်းမြို့ငယ်အနီးတွင် ရေအောက်စက်ဘီးမောင်းနင်မှု ကို Vittorio Innocenteအမည်ရအီတလီလူမျိုး တစ်ဦးက ပြုလုပ်ခဲ့သည်။ရေအနက်