Friday, 21 December 2012
ကမ္ဘာ့ ရေအနက်ဆုံးတွင် စက်ဘီးမောင်းနင်မှု
Photo: ကမ္ဘာ့ ရေအနက်ဆုံးတွင် စက်ဘီးမောင်းနင်မှု
(The deepest cycling underwater)
Friday, 21 December 2012
အီတလီနိုင်ငံ၊ Liguria ဆိပ်ကမ်းပြည်နယ်၊ Santa Margherita Ligure ဆိပ်ကမ်းမြို့ငယ်အနီးတွင် ရေအောက်စက်ဘီးမောင်းနင်မှု ကို Vittorio Innocenteအမည်ရအီတလီလူမျိုး တစ်ဦးက ပြုလုပ်ခဲ့သည်။
ရေအနက် ၂၁၈ ပေ ၂.၁၁ လက်မ အနက် တွင် မောင်းနှင်ခြင်း
ဖြစ်သော ကြောင့် အနက်ဆုံး ရေအောက် စက်ဘီးမောင်းနှင်သော
လူသား အဖြစ် စံချိန်တင်ခဲ့သည်။
Ref:Douknow
International news for myanmarအီတလီနိုင်ငံ၊ Liguria ဆိပ်ကမ်းပြည်နယ်၊ Santa Margherita Ligure ဆိပ်ကမ်းမြို့ငယ်အနီးတွင် ရေအောက်စက်ဘီးမောင်းနင်မှု ကို Vittorio Innocenteအမည်ရအီတလီလူမျိုး တစ်ဦးက ပြုလုပ်ခဲ့သည်။ရေအနက်
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်
Photo: ကမ္ဘာ့ဈေးအကြီးဆုံးအိမ်
Friday, 21 December 2012
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်းတွင် တွေ့ရမည် ဖြစ်သည်။
ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုအုပ်စုပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းပိုင်ရှင်လည်းဖြစ်သည်။ စွမ်းအင်၊ ဓာတ်သတ္တု လုပ်ငန်း လုပ်ငန်းများကို Reliance Industries Limited (RIL) အမည်ဖြင့် လုပ်ကိုင်ပြီး အောင်မြင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။
သူပိုင်ဆိုင်သော အိမ်ကို Antilia ဟု အမည်ပေးထားပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံနှင့် အထက်တွင် ရှိကြောင်း သိရသည်။ Antilia တိုက်သည် ၂၇ ထပ်မြင့်ပြီး လူ၅၀ ဆန့်သော ရုပ်ရှင်ရုံငယ်ကို ရှစ်ထပ်တွင်ထားရှိသည်။ ရေကူးကန်တစ်ကန်၊ သုံးထပ်စာပန်းခြံ၊ ခန်းမကြီးတစ်ခုတို့လည်း ပါဝင်သည်။
စတုရန်းပေ လေးသိန်းကျယ်သော နေထိုင်ရာနေရာ၊ ကား ၁၆၈ စီး ထားသိုနိုင်သော ပါကင်၊ ကားပြင်အလုပ်ရုံကြီး တစ်ထပ်၊ ရဟတ်ယာဉ် ဆင်းသက်ကွင်း ၃ ကွင်း၊ လေကြောင်းထိန်းချုပ်စင်တာ တစ်ခု၊ ကျန်းမာရေး spa တစ်ခု၊ ရောဂျကျင့်ရန်သီးသန့်ခန်း၊ လူလုပ်ရေခဲခန်းတစ်ခန်း၊
ကျောက်ဆောင်၊ ကျောက်ခဲများဖြင့် ပြုလုပ်ဖန်တီးထားသော ပန်းခြံတစ်ခု၊ ကမ္ဘာ့အကြီးဆုံး ရှေးခေတ်အပ်ချုပ်စက်များ ခင်းကျင်းပြသထားသည့်
ပြတိုက်ငယ် စသည်တို့လည်းပါရှိသည်။
ဓာတ်လှေကား ၉ ခုပါရှိပြီး အမြင့် ၅၆၈ ပေ ရှိသော Antilia အမည်ရတိုက် တွင် ဝန်ထမ်းပေါင်း ၆၀၀ ကျော်က နေ့စဉ်တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။
တိုက်ကို ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံး အဆင့် ၁၀တွင်ရှိသော Altamount လမ်းတွင် တည်ဆောက်ထားပြီး ၂၀၀၇ခုနှစ်က စတင်ရာ ၂၀၁၀ ခုနှစ်တွင်
ဆောက်လုပ်ပြီးစီးခဲ့သည်။ ၂၀၁၀ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်နေထိုင်သော ယင်းတိုက်ကို ကမ္ဘာတစ်လွှားမှ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများကို ဧည့်ခံတွေ့ဆုံလေ့ 
ရှိကြောင်း သိရသည်။
Ref:dailymail
International news for myanmarကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်းတွင် တွေ့ရမည် ဖြစ်သည်။
ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေး အုပ်စု အုပ်စုပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး ရေနံချက် လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ ၏ အကြီးဆုံး ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်း ပိုင်ရှင်လည်းဖြစ်သည်။ စွမ်းအင်၊ ဓာတ်သတ္တု လုပ်ငန်း လုပ်ငန်းများကို Reliance Industries Limited (RIL) အမည်ဖြင့်
ဂျာမနီတပ်ဖွဲ့များသည် PATRIOT ဒုံးစနစ်များကို တပ်ဖြန့် ချထားရန်အတွက် တူရကီနိုင်ငံသို့ ရောက်ရှိ လာခဲ့ခြင်း
ဂျာမနီတပ်ဖွဲ့များသည် PATRIOT ဒုံးစနစ်များကို တပ်ဖြန့် ချထားရန်အတွက် တူရကီနိုင်ငံသို့ ရောက်ရှိ လာခဲ့ခြင်း
ဂျာမနီ တပ်ဖွဲ့များသည် တူရကီ နိုင်ငံအပေါ် ဆီးရီးယားနိုင်ငံမှ ခြိမ်းခြောက်နိုင်ခြေ ရှိမှုများကို ကာကွယ်ရန် အတွက် Patriot ဒုံးစနစ်များ တပ်ဖြန့် ချထားရန် တူရကီ နိုင်ငံ အရှေ့တောင်ပိုင်းရှိ Kahramanmaras ပြည်နယ်သို့ ရောက်ရှိ လာခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
ဂျာမနီ တပ်ဖွဲ့များသည် တူရကီနိုင်ငံ တောင်ပိုင်း Adana ပြည်နယ်ရှိ NATO အဖွဲ့၏ Incirlik လေတပ် အခြေစိုက် စခန်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညက ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့သည် ယာဉ်နှစ်စီးဖြင့် Kahramanmaras ပြည်နယ်သို့ တူရကီ စစ်ဘက်အစောင့်လိုက် ယာဉ်တန်းနှင့် အတူ ဒီဇင်ဘာလ ၁၈ ရက် နေ့ မနက်တွင် ဆက်လက် ထွက်ခွာသွားကြောင်း သိရှိရပါသည်။ 
တူရကီ နိုင်ငံသို့ အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန် နိုင်ငံတို့မှ စုစုပေါင်း Patriot ဒုံးတပ်ခွဲ ၆ ခွဲ စေလွှတ်သွားမည် ဖြစ်ကြောင်း၊ ယင်းတပ်ခွဲ ၆ ခွဲအား NATO စစ်အုပ်စု၏ ကွပ်ကဲမှု လက်အောက်တွင် ထားရှိမည် ဖြစ်ကြောင်းနှင့် စစ်ဆင်ရေး ကာလအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အကုန်အထိ သတ်မှတ် ထားကြောင်း သိရှိရ ပါသည်။
http://www.myawady.com.mm/allnews/global/item/2538-2012-12-21-15-27-42
ဂျာမနီ တပ်ဖွဲ့များသည် တူရကီ နိုင်ငံအပေါ် ဆီးရီးယားနိုင်ငံမှ ခြိမ်းခြောက်နိုင်ခြေရှိမှုများကို ကာကွယ်ရန်အတွက် Patriot ဒုံးစနစ်များ တပ်ဖြန့်ချထားရန် တူရကီ နိုင်ငံ အရှေ့တောင်ပိုင်းရှိ Kahramanmaras ပြည်နယ်သို့ ရောက်ရှိလာခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
ဂျာမနီ တပ်ဖွဲ့များသည် တူရကီနိုင်ငံ တောင်ပိုင်း Adana ပြည်နယ်ရှိ NATO အဖွဲ့၏ Incirlik လေတပ် အခြေစိုက် စခန်းသို့ ဒီဇင်ဘာလ ၁၇
NLD ပါတီဝင်များ သင်ပြလိုရာပြနိုင်သည်။ KIA ကို ဆန့်ကျင်ကြောင်း ဆန္ဒပြရာတွင် NLD ပါတီဝင်များ မပါရ ဟု ပိတ်ပင်ထားခြင်း မရှိ
Photo: NLD ပါတီဝင်များ သင်ပြလိုရာပြနိုင်သည်။ KIA ကို ဆန့်ကျင်ကြောင်း 
ဆန္ဒပြရာတွင် NLD ပါတီဝင်များ မပါရ ဟု ပိတ်ပင်ထားခြင်း မရှိ
Friday, 21 December 2012
KIA ကို ဆန့်ကျင်ကြောင်း ဆနပြရန် ကချင်လူငယ်များ ဦးဆောင်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက်က ဆောင်ရွက်လျက်ရှိရာတွင် NLD ပါတီဝင်များ မပါရ ဟု ပိတ်ပင်ထားခြင်း မရှိကြောင်း NLD ပါတီ၏
ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။
NLD ပါတီအနေဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို အစဉ်အမြဲ အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ KIA အား ဆနပြမည့် သတင်းများ ထွက်ပေါ်လာနေခြင်းတွင် ပါတီဝင်များ ပါဝင်ရန် ခွင့်ပြုထားခြင်း ရှိ မရှိအား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း
ဖြစ်သည်။
ပါတီဝင်များအနေဖြင့် မိမိတို့ ကိုယ်တိုင် ဆုံးဖြတ် ဆောင်ရွက်ကြရန်သာ
ဖြစ်ကြောင်း၊ ပါတီဝင်တစ်ဦး ချင်း၏ အမျိုးသားရေးဆောင်ရွက်မှုများကို ပါတီဌာနချုပ်က ပိတ်ပင် ကန့် သတ်ထားခြင်း မရှိကြောင်း သိရှိရသည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုရဲရင့်အောင်က ၄င်းတို့ အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့  တရားဝင် ခွင့်ပြုချက်တင်ကာ တရားဝင်
ငြိမ်းချမ်းစွာ ဆနပြမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်မည်
ဖြစ်ကြောင်း ပြောကြားလိုက်သည်။
The Street ViewKIA ကို ဆန့်ကျင်ကြောင်း ဆနပြရန် ကချင်လူငယ်များ ဦးဆောင် သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက် က ဆောင်ရွက်လျက် ရှိရာတွင် NLD ပါတီဝင်များ မပါရဟု ပိတ်ပင်ထားခြင်း မရှိကြောင်း NLD ပါတီ၏ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ထုတ်ဖော် ပြောကြား လိုက်သည်။ NLD ပါတီအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးကို အစဉ် အမြဲ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ KIA အား ဆနပြမည့် သတင်းများ ထွက်ပေါ်လာနေခြင်းတွင် ပါတီဝင်များပါဝင်ရန်
ည အပူချိန် များ ထူးကဲစွာ လျော့နည်းမည်
Photo: ည အပူချိန် များ ထူးကဲစွာ လျော့နည်းမည်
Friday, 21 December 2012
ရှမ်းပြည် တောင်ပိုင်း ဒေသ အချို့ အပါအဝင် ပြည်နယ် နှင့် တိုင်း ဒေသကြီး အချို့ တွင် ည အပူချိန် များ ထူးကဲစွာ လျော့နည်း လျက် ရှိကြောင်း မိုးလေ ဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန၏ တိုင်းထွာချက် များအရ သိရှိ ရသည်။
အဆိုပါ ထူးခြားသည့် ည အပူချိန် များမှာ လွိုင်လင် မြို့တွင် ၁ ဒီဂရီ စင်တီဂရိတ်၊ ပင်လောင်း မြို့တွင် ၀ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန် မြို့တွင် ၁ ဒီဂရီ စင်တီဂရိတ်၊ ဟဲဟိုး မြို့တွင် ၂ ဒီဂရီ စင်တီ ဂရိတ် နှင့် ဟားခါး မြို့တွင် ၅ ဒီဂရီ စင်တီ ဂရိတ် အထိ လျော့နည်း ကျဆင်း မှု ဖြစ်ပေါ် လျက် ရှိပြီး မကွေးတိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ် နှင့် ကယား ပြည်နယ် တို့တွင် ဒီဇင်ဘာလ ၏ ပျမ်းမျှ အပူချိန် အောက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ် အထိ လျော့နည်း ကျဆင်းလျက် ရှိကြောင်း အပြင် ပဲခူးတိုင်း ဒေသကြီး ၌ ဒီဇင်ဘာ လ၏ ပျမ်းမျှ အပူချိန် အောက် ၅ ဒီဂရီ စင်တီဂရိတ် လျော့နည်း ခဲ့ကာ ကျန် တိုင်း ဒေသ ကြီးတွင် ပျမ်းမျှ အပူချိန် သာ ရှိကြောင်း အဆိုပါ ဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
“ဒီမှာ ရာသီ ဥတုက အရင် နှစ်ကထက် ပိုအေးတယ်။ သိသိ သာသာ
အေးနေတယ်” ဟု ဟဲဟိုး မြို့နယ်တွင် နေထိုင်သူ ဒေသခံ တစ်ဦးက ဆိုသည်။ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက် များအရ မြန်မာ နိုင်ငံ အရှေ့ပိုင်း ဒေသ ၌ နောက်နှစ်ရက် အတွင်း ညအပူချိန်များဆက်လက် လျော့နည်းလာမည် ဖြစ်ကြောင်း နိုင်ငံပိုင် 
မီဒီယာ များတွင် ဖော်ပြ ထားသည်။
The Voice Weeklyရှမ်းပြည် တောင်ပိုင်း ဒေသအချို့အပါအဝင် ပြည်နယ် နှင့် တိုင်း ဒေသ ကြီးအချို့တွင် ညအပူချိန်များ ထူးကဲစွာ လျော့နည်းလျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ သိရှိရသည်။
အဆိုပါ ထူးခြားသည့် ည အပူချိန်များမှာ လွိုင်လင်မြို့တွင် ၁ ဒီဂရီ စင်တီဂရိတ်၊ ပင်လောင်း မြို့တွင် ၀ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန် မြို့တွင် ၁ ဒီဂရီ စင်တီဂရိတ်၊ ဟဲဟိုး မြို့တွင် ၂ ဒီဂရီ စင်တီဂရိတ် နှင့် ဟားခါး
ရန်ကုန်မြို့ ကျောက်မြောင်းလမ်းနှင့် မလွှကုန်းလမ်းထောင့်ရှိ ဖြိုဖျက်နေဆဲ နှစ်ထပ်တိုက် ပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
ရန်ကုန်မြို့ကျောက်မြောင်းလမ်းနှင့် မလွှကုန်းလမ်းထောင့်ရှိ ဖြိုဖျက်နေဆဲ နှစ်ထပ်တိုက်သည် ယနေ့ (ဒီဇင်ဘာလ ၂၁ရက်နေ့) မွန်းလွဲ တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့်က ပြိုကျခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပြိုကျမှုကြောင့် တိုက်ရှေ့တွင် အိပ်ပျော်နေသည့် တိုက်ဖြိုသည့် အလုပ်သမားများအတွက် ချက်ပြုတ်ပေးသော ထမင်းချက် အမျိုးသမီး တိုက်ပိ၍ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ကျောက်မြောင်းလမ်းနှင့် မလွှကုန်းလမ်းထောင့်ရှိ ဖြိုဖျက်နေ ဆဲ နှစ်ထပ်တိုက် ပြိုကျမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံး
ဗြိတိသျှ တပ်ဖွဲ့ဝင် ၃၈ဝဝ ဦး ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာဖဂန် နစ္စတန်မှ ပြန်လည် ရုပ်သိမ်းမည်
ဗြိတိသျှ တပ်ဖွဲ့ဝင် ၃၈ဝဝ ဦး ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာဖဂန် နစ္စတန်မှ ပြန်လည် ရုပ်သိမ်းမည်
အာဖဂန် နစ္စတန် နိုင်ငံရှိ ဗြိတိသျှ တပ်ဖွဲ့ဝင် ၉ဝဝဝ အနက် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်ဖွဲ့ဝင် ၃၈ဝဝ အား ပြန်လည် ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒီဇင် ဘာ ၁၉ ရက်တွင် ပြောကြား ခဲ့သည်။
အာဖဂန် နစ္စတန်ရှိ မိမိတို့ တပ်ဖွဲ့ဝင် များအား ၂ဝ၁၃ နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် နှစ်သုတ်ခွဲ၍ ရုပ်သိမ်းသွား မည် ဖြစ်ပြီး  လက်ရှိ ဗြိတိသျှ တပ်ဖွဲ့ဝင် ၉ဝဝဝ အနက် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပြီးနောက် တပ်ဖွဲ့ဝင် ၅၂ဝဝ ခန့် ရုပ်သိမ်းပြီး ဖြစ်လိမ့်မည် ဖြစ်ကြောင်း ကင်မရွန်းက ပါလီမန်သို့ ပြောကြား ခဲ့သည်။
သို့သော်လည်း  ၂ဝ၁၄ ခုနှစ် နှစ်ကုန် ပြီးနောက် အာဖဂန် နစ္စတန် နိုင်ငံတွင် ဗြိတိန် တပ်ဖွဲ့ဝင် အရေ အတွက် မည်မျှ ရှိနေမည်ကို ဆုံးဖြတ်ချက် မချရ သေးကြောင်း ကင်မရွန်းက ပြောကြားခဲ့သည်။ ထိုအချိန် တွင် နေတိုး တပ်ဖွဲ့သည် စစ်ဆင်ရေး တာဝန်များကို အဆုံးသတ်မည် ဖြစ်ကာ  လုပ်ငန်း တာဝန် များကို အာဖဂန် နစ္စတန် ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့များသို့ လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
သို့သော်လည်း ဗြိတိန် နိုင်ငံက အာဖဂန် နစ္စတန် နိုင်ငံတွင် အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်း ဖွဲ့စည်း တည်ထောင် မှုကို အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ကင်မရွန်းက ပြောကြား ခဲ့သည်။
ဗြိတိန် အစိုးရသည် အာဖဂန် နစ္စတန်မှ တပ်ဖွဲ့ဝင် များကို ပြန်လည် ရုပ်သိမ်းရန် ဖိအားပေး ခံရလျက် ရှိပြီး ဗြိတိသျှ တပ်ဖွဲ့ဝင် များသည် ၂ဝဝ၁ ခု နှစ်မှစ၍ အာဖဂန် နစ္စတန် နိုင်ငံတွင်း တာဝန်ထမ်းဆောင် ခဲ့သည်ဟု  သိရသည်။
http://www.myawady.com.mm/allnews/global/item/2491-2012-12-21-11-53-17အာဖဂန် နစ္စတန် နိုင်ငံရှိ ဗြိတိသျှ တပ်ဖွဲ့ဝင် ၉ဝဝဝ အနက် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်ဖွဲ့ဝင် ၃၈ဝဝ အား ပြန်လည် ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒီဇင် ဘာ ၁၉
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ပြင်ဆင်မှုများ
Photo: ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုရန်ပြင်ဆင်နေကြသည်ကို ဒီဇင်ဘာ၂၁ရက်ကတွေ့ရစဉ်
7Day News Journal
ကော့သောင်းမြို့သို့ ဒီဇင်ဘာ ၂၂ ရက်တွင် ရောက် ရှိ မည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ပြင်ဆင်မှုများ ပြု လုပ်နေ ပြီး ၎င်း၏လုံခြုံရေးအတွက် အထူးဂရုစိုက်ပြင်ဆင် လျက်ရှိ သည်ကို တွေ့ရကြောင်း ကော့သောင်းမြို့ရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည် မလာမီရက်ပိုင်းအလိုကတည်း က ကော့သောင်း မြို့ပေါ်ရှိ နေအိမ် အချို့တွင် NLD ပါတီအလံများ လွှင့်ထူခြင်း၊ လမ်းဆုံလမ်းခွများတွင် ၎င်းအားကြိုဆိုသည့် ဗီနိုင်းဆိုင်းဘုတ် များထောင်ကာ ကြိုတင်ပြင်
မန္တလေး- မြစ်ကြီးနားမီးရထားမိုင်းကွဲလူ၃ ဦး ဒဏ်ရာရ
မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ဆက်သွယ်သည့် အဓိကလမ်းကြောင်းဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင်ကုန်တင်ရထားတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) မှ
၃၂ လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြားစက် ကျသင့်အခွန်ပေး၍ လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူနိုင်ပြီ
၃၂ လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြားစက် ကျသင့်အခွန်ပေး၍ လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူနိုင်ပြီ
ပြည်တွင်းသို့ သယ်ဆောင်လာသည့် ခရီးသည် တစ်ကိုယ်ရေသုံး ပစ္စည်းများ အဖြစ် ရုပ်မြင်သံကြား စက်ကို ယခင်က ခွင့်ပြု ထားခဲ့သည့် (၃၂) လက်မ ရုပ်မြင်သံကြား စက်ထက် ပိုကြီးပါက ရန်ကုန် လေဆိပ်တွင် ကျသင့် အခွန်ပေး၍ တိုက်ရိုက် ထုတ်ယူ နိုင်ပြီဖြစ်ကြောင်း အကောက်ခွန် ဦးစီး ဌာနမှ ထုတ်ပြန်ချက် များအရ သိရသည်။
အကောက်ခွန် ဦးစီး ဌာနမှ ယခင်က မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးသည် များအတွက် တစ်ကိုယ်ရေသုံး ဝန်စည် ပစ္စည်းများ အဖြစ် အကောက်ခွန် ကင်းလွတ်ခွင့် ရှိသည့် ကိုယ်သုံး ဝန်စည်ပစ္စည်း (၁၄) မျိုးကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။
ယခုအခါ ခွင့်ပြု ထားခဲ့သည့် (၃၂) လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြား စက်များကို စိစစ်၍ လိုင်စင် ရှိပါက ကျသင့်အခွန် ပေးဆောင်၍ ထုတ်ယူနိုင်ပြီး လိုင်စင် မရှိပါက ဒဏ်ငွေဆောင်၍ ကျသင့်အခွန် ပေးကာ ရန်ကုန် လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူ ခွင့်ပြုထားကြောင်း အကောက်ခွန် ဦးစီး ဌာနမှ သိရသည်။
http://www.myawady.net.mm/allnews/localnews/item/2476-2012-12-21-10-23-00
ပြည်တွင်းသို့ သယ်ဆောင်လာသည့် ခရီးသည် တစ်ကိုယ်ရေသုံး ပစ္စည်းများ အဖြစ် ရုပ်မြင်သံကြား စက်ကို ယခင်က ခွင့်ပြုထားခဲ့သည့် (၃၂) လက်မ ရုပ်မြင်သံကြား စက်ထက် ပိုကြီးပါက ရန်ကုန် လေ ဆိပ် တွင် ကျသင့်အခွန်ပေး၍ တိုက်ရိုက်ထုတ်ယူနိုင် ပြီဖြစ်ကြောင်း အကောက် ခွန် ဦးစီး ဌာနမှ ထုတ်ပြန်ချက် များအရ သိရသည်။
အကောက်ခွန်ဦးစီးဌာနမှ ယခင်က မြန်မာ နိုင်ငံသို့လာရောက်မည့် ခရီးသည်များအတွက် တစ်ကိုယ်ရေသုံး ဝန်စည်ပစ္စည်းများ အဖြစ်
ထိုင်းနိုင်ငံအတွင်းရှိ အကူအညီတောင်းနိုင်သည့် ဖုန်းနံပါတ်များ
မြန်မာ့အလင်းသတင်းစာ ၊ ဒီဇင်ဘာလ ၂၁ ရက်နေ့
ဒုတိယကမ္ဘာစစ်က နစ်မြုပ်ခဲ့သောကြည်းရေနှစ်သွယ်…စစ်ဆင်ရေးယာဉ်တွေ့ရ
ဒုတိယကမ္ဘာစစ်က နစ်မြုပ်ခဲ့သောကြည်းရေနှစ်သွယ်…စစ်ဆင်ရေးယာဉ်တွေ့ရ
ဒုတိယကမ္ဘာစစ်အတွင်း၊ ဥရောပတိုက်ပွဲများ ပြီးဆုံးခါ နီးတွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ  ဂါဒါရေကန်အတွင်း ကြည်းရေ နှစ်သွယ် စစ်ဆင်ရေးရေယာဉ် နစ်မြုပ်ခဲ့သဖြင့် အမေရိကန်စစ် သည် ၂၃ ဦးသေဆုံးခဲ့ရသည်။ သို့သော်သေဆုံးသူတို့၏ရုပ်ကြွင်း များနှင့် ရေယာဉ်မှာပျောက်ဆုံး လျက်ရှိခဲ့သည်။
ထိုရေယာဉ်နစ်မြုပ်ပြီးနှစ် ပေါင်း၇၀ကျော်ကြာမှကန်၏ အောက်ခြေတွင်ရေယာဉ်အားတွေ့ ရှိခဲ့ကြရခြင်းဖြစ်သည်။အပျော် တမ်း သမိုင်းသုတေသီများသည် ဘီး ၆ ဘီးပါရှိသော အလေးချိန် ၂ တန်ရှိ ဒီယူကေဒဗလျူ ကြည်း ရေနှစ်သွယ် စစ်ဆင်ရေးရေယာဉ် အား လပေါင်းများစွာရှာဖွေခဲ့ ကြပြီး ယခုဒီဇင်ဘာလတွင်မှ ရေယာဉ် အားတွေ့ရှိကြောင်း အတည်ပြု ပြောကြားခဲ့ကြ သည်။ထိုရေယာဉ်မှာ ၁၉၄၅ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်မုန်တိုင်း ဒဏ်ကြောင့်နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
ထိုရေယာဉ်သည်ဂါဒါရေကန် ၏မြောက်ဘက်ဖျားရှိအမေရိကန် စစ်စခန်းတစ်ခုအတွက်ထောက်ပံ့ ရေးပစ္စည်းများနှင့်လက်နက်ခဲယမ်း များသယ်ဆောင်ပေးခဲ့စဉ်နစ်မြုပ် သွားခဲ့ခြင်းဖြစ်ပြီး ရေယာဉ်သည် အမှတ် (၁၀) တောင်တက်တပ်မ ၏ အမှတ်(၆၀၅)စစ်မြေပြင် အမြောက်တပ်ရင်းမှ စစ်သည် ၂၄ ဦးအားသယ်ဆောင်သွား ခဲ့ခြင်းဖြစ်ကာ ၎င်းင်းတို့အနက် တစ်ဦးသာလျှင်အသက်ရှင်လွတ် မြောက်ခဲ့သည်။သေဆုံးသူများမှာ အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြား ရှိစစ်သည်များဖြစ်ကြသည်။
ထိုရေယာဉ်နစ်မြုပ်မှုမှာ ခေတ်သစ် ဂါဒါရေကန်သမိုင်း တွင် အကြီးမားဆုံးသဘာဝဘေး အန္တရာယ်ဖြစ်ကြောင်း၊ ရေယာဉ် အား ရှာဖွေတွေ့ရှိသည့်သုတေ သီအဖွဲ့၏ခေါင်းဆောင်မာအူရို  ဖူဆာတိုက ပြောကြားလိုက် သည်။
ရေယာဉ်မှာအနက်ပေ၉၀၅ ပေရှိရေကန်အောက်ခြေတွင် တည်ရှိနေသဖြင့် ယခင်ကမတွေ့ ရှိခဲ့ကြခြင်းဖြစ်ပြီး ဆိုနာကရိယာ ၏အကူအညီဖြင့် ရေယာဉ်ပျက် တည်ရှိရာနေရာကို ပဏာမသိ ရှိခဲ့ကြကာ အဝေးထိန်းကင်မရာ များကရေယာဉ်အားအခြေအနေ မပျက် တည့်တည့်မတ်မတ်အနေ အထား တွင်ရှိနေကြောင်းဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ကြသည်ဟုဖူဆာတိုက အန်ဆာသတင်းဌာနသို့ ပြော ကြား လိုက်သည်။
နောက်တစ်ဆင့်ဆောင်ရွက် ရန်မှာသေဆုံးသူတို့၏အလောင်း များနှင့်စစ်ပစ္စည်းများ ရေယာဉ် ပျက် အနီးတ၀ိုက်တွင်ရှိ/မရှိ    အတည်ပြုဖော်ထုတ်ရန်ပင်ဖြစ်ကြောင်း၊ရေယာဉ်အားဆယ်ယူရန် မှာ နည်းပညာအရစိမ်ခေါ်မှု တစ် ရပ်ဖြစ်နေကြောင်း၊ရေယာဉ်တည် ရှိရာနေရာသည်ရေငုပ်သမားများ အတွက်နက်လွန်းကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဥက္ကာအာင်
 Source:Christian Science  Monitor
ံHot news Weekly
ဒုတိယကမ္ဘာစစ်အတွင်း၊ ဥရောပတိုက်ပွဲများ ပြီးဆုံးခါ နီးတွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ ဂါဒါရေကန်အတွင်း ကြည်းရေ နှစ်သွယ် စစ်ဆင်ရေးရေယာဉ် နစ်မြုပ်ခဲ့သဖြင့် အမေရိကန်စစ် သည် ၂၃ ဦးသေဆုံးခဲ့ရသည်။ သို့သော်သေဆုံးသူတို့၏ ရုပ်ကြွင်
တရုတ်ပြည်သို့ ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးပေါင်း သောင်းဂဏန်းပမာဏအထိရှိနေ
တရုတ်ပြည်သို့ ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးပေါင်း သောင်းဂဏန်းပမာဏအထိရှိနေ 
Friday, 21 December 2012 11:52
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မထိမ်းမြားလက်ထပ်မှု ပြုလုပ်ရန် ရောင်းစားခံထားရသည့် အမျိုးသမီးပမာဏမှာ သောင်းဂဏန်းအထိ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုဗဟိုတွင် ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ၊ ရဲမှူးကြီး ရာလျံမုန်း (အငြိမ်းစား)က ပြောကြားခဲ့သည်။
'' မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားတို့ကနေ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့  အမျိုးသမီးတွေ အများကြီးရှိနေတယ်။ မြန်မာအမျိုးသမီးတွေဆိုလည်း သောင်းဂဏန်းမကရှိနေတယ်။ ရုပ်ရည်နဲ့ အသက်အရွယ်ကိုကြည့်ပြီး အရောင်းအ၀ယ်ဖြစ်နေကြတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ရောင်းစားရာတွင် နိုင်ငံအတွင်း အမျိုးသမီး ပြတ်လပ်မှုဖြစ်ပေါ်နေသော တရုတ်အမျိုးသားများက ဇနီးမယားအဖြစ် ပေါင်းသင်းရန် ၀ယ်ယူခြင်းဖြစ်ပြီး  မြန်မာအမျိုးသမီးတစ်ဦးကို ဘုံမယားအဖြစ် အဓမ္မပေါင်းသင်းသည့် အဖြစ်မျိုးပါ ဖြစ်ပေါ်နေသည်ဟု သိရသည်။
လူကုန်ကူးမှုမှာ လွန်စွာအကျိုးအမြတ်ရရှိသော အလုပ်ဖြစ်နေပြီး ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင် ချစ်သူရည်းစားအဖြစ် ဟန်ဆောင်လက်ထပ်ပြီးမှ တစ်ဘက်နိုင်ငံသို့ ရောင်းစားသည့်နည်းလမ်း အထူးတွင်ကျယ်ခဲ့သည်ဟု ရဲမှူးကြီး ရာလျံမုန်း(အငြိမ်းစား)က ဆက်လက် ပြောကြားခဲ့သည်။
'' အချို့က မိန်းကလေးကို ချစ်သူရည်းစားဟန်ဆောင်ပြီး တစ်ဘက်နိုင်ငံရောက်မှ ရောင်းစားရုံသာမကပဲ လက်ထပ်စာချုပ်မှာ လတ်မှတ်ထိုးပြီးမှ တစ်ဘက်နိုင်ငံကို ခေါ်သွားပြီး ရောင်းစားတာတွေ ရှိတယ်။ တောင်ကြီးသားတစ်ယောက်ဆိုရင် အဲဒီလိုရောင်းစားနေတာ ကိုးယောက်မြောက်မိန်းမကျမှ မိတယ်'' ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးမှုတွင် အမျိုးသမီးများကိုသာမကဘဲ ကလေးသူငယ်များကိုပါ မွေးစားရန် ရောင်းချခြင်းများ ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများ၏ ၇၀ ရာခိုင်နှုန်းမှာ မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားခြင်းဖြစ်ကြောင်း သိရသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှု ပေါင်း ၈၈၅ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးတရားခံ ၂၄၅၃ ဦးကိုလည်း အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Google
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မထိမ်းမြား လက်ထပ်မှု ပြုလုပ် ရန် ရောင်းစားခံထားရသည့် အမျိုးသမီး ပမာဏ မှာ သောင်းဂဏန်း အထိရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု ဗဟိုတွင် ဆယ်နှစ် ကြာတာဝန်ထမ်းဆောင်ခဲ့သူ၊ ရဲမှူးကြီးရာလျံမုန်း (အငြိမ်းစား) က ပြောကြားခဲ့သည်။''မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားတို့ကနေ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ အမျိုး သမီးတွေ အများကြီးရှိနေတယ်။ မြန်မာအမျိုးသမီးတွေ ဆို
မြေငလျင်သတင်း
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၃၀၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၂)နာရီ(၂၄)မိနစ်(၅၆)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက်(၆၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၆)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
____________________________________
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)(မြန်မာစံတော်ချိန် ၁၃၀၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၂)နာရီ(၂၄)ိနစ်(၅၆)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက်(၆၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ မြောက်ဘက်
KIA ကို တစ်နိုင်ငံလုံး ဆန္ဒပြတော့မည်
KIA  ကို တစ်နိုင်ငံလုံး ဆန္ဒပြတော့မည်
ဒီနေ့တော့   ကျွန်တော် အလုပ်ကနေပြန်အလာ  ကွန်ပျူတာကို ဖွင့်ပြီး ဖတ်ကြည့် မိတဲ့အခါ  KIA ကို တစ်နိုင်ငံ လုံးဆန္ဒပြမည့် အကြောင်း ဖတ်မိတဲ့အတွက် ကျွန်တော် ပြန်လည် မျှဝေလိုက်ပါတယ်
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစ္စမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။  
 ၂၀၁၁ ခု၊ ဇွန်လမှ ၂၀၁၂ ခု၊ စက်တင်ဘာလအထိ KIA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အရပ်ဖက်မှ တံတားများ မိုင်းခွဲခံခဲ့ရသည်မှာ ၃၁၂ ကြိမ်ခန့်  ရှိပြီ ဖြစ်ကြောင်း၊ အလားတူ အရပ်သား ပြည်သူများ သေဆုံးမှု၊ ဖမ်းဆီးခံရမှုတို့ မှာ ၃၉၇ ကြိမ်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ အရပ်သား သေဆုံးသူဦးရေ ၉၅ ဦး၊ ဒဏ်ရာရရှိသူ ၁၇၄၈ ဦး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၅ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့  စာရင်းတွင် မပါရှိသေးသည့် အခြားထိခိုက်ဆုံးရှုံးမှုများလည်း ရှိနိုင်ကြောင်း၊ ဆန္ဒပြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို တမင် သက်သက်နှောင့်နှေးကြန့် ကြာစေရန် အချိန်ဆွဲ ခေါင်းဆောင်နေသော KIA-KIO ခေါင်းဆောင်များအနေဖြင့် အမြန်ဆုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့  ဦးတည်လာစေရန် ဖြစ်ကြောင်း အခြား ကချင်လူငယ်တစ်ဦးက ပြောသည်။
 ဆန္ဒပြရုံသက်သက်ဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ဖြစ်လာနိုင်မည် မဟုတ် ဟူသည်ကို မိမိတို့  သိရှိပါကြောင်း၊ အဓိက လိုလားချက်မှာ မိမိတို့ ပြည်သူများ၏ သဘောထားကို သမ္မတ ကြီးဦးသိန်းစိန်၊   ငြိမ်းချမ်းရေးတာဝန်ခံ ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော လွှတ်တော် အမတ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ မြန်မာစစ်တပ်နှင့် KIA တို့  အားလုံး သိရှိစေရန်   ဖြစ်ကြောင်း  ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရေး၊ KIA ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းရေး၊ တရားဥပဒေကို KIA တပ်များနှင့် မြန်မာ စစ်တပ်တို့  (၂)ဖက်စလုံး လိုက်နာရေးတို့ ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။
 လောလောဆယ်ကာလတွင် ငြိမ်းချမ်းရေးဆန္ဒပြမှုများကို မိမိတို့  လူငယ်များ သက်သက် သာ ဆောင် ရွက်မည် ဖြစ်ကြောင်း၊ ရဟန်းသံဃာများ ပူးပေါင်းပါဝင်မည့် ဖိတ်ခေါ်ချက်များ ရရှိခဲ့သော်လည်း မိမိတို့  လက်မခံခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းအခြေအနေမှာ သံဃာများ နိုင်ငံရေးနှင့် ဆက်စပ်နေရန် မသင့်သောကြောင့် ဖြစ်ကြောင်း၊ ယခုဆန္ဒပြမည့် အဖွဲ့ ဝင် များတွင် ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်ကြောင်း၊ ခရစ္စမတ်နေ့ ကို ရွေးချယ် ဆန္ဒပြရခြင်းမှာ KIA-KIO ခေါင်းဆောင်များ အကြီးအကျယ် ပျှော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန်တွင် သေဆုံးခဲ့ရသူ၊ ဒဏ်ရာ ရရှိခဲ့သူ၊ အတိဒုက္ခရောက်နေရသူ အပြစ်မဲ့ ပြည်သူများ၏ ဘ၀ကို စာနာနားလည်နိုင်စေရန်အတွက် ဖြစ်ကြောင်း၊ ၄င်းတို့  ပျှော်ရွှင်နေသည့် အချိန်တွင် မိမိတို့  လူငယ်များ မည်သို့  ဆန္ဒထုတ်ဖော်နေသည်ကို သိရှိစေရန်အတွက်လည်း ဖြစ်ကြောင်း ဆန္ဒပြမည့် အစေခံလူငယ်များကွန်ယက်မှ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
 ယခု ဆန္ဒပြမှုများကြောင့် ငြိမ်းချမ်းရေး မရရှိနိုင်သော်လည်း ပြည်သူများ၏ သဘောထားကို ထုတ်ဖော်နိုင်ရန် ဖြစ်ကြောင်း၊ ဆန္ဒပြမှုများကို အကြိမ်ကြိမ် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ထိုသို့  ဆန္ဒထုတ်ဖော် တောင်းဆိုနေသည့် ကြားမှ KIA ၏ လုပ်ဆောင်ချက်များ ရပ်တန့် ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လွှတ်တော် အမတ်များထံ ဆက်လက်တောင်းဆို သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA သောင်းကျန်းသူများကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းပေးရန် တောင်းဆိုမှု ပြုလုပ်ရန်အထိ ရည်မှန်းထားကြောင်း၊   ပြည်သူလူထု တစ်ရပ် လုံး၏ ထောက်ခံမှု၊ လွှတ်တော်များ၏ ထောက်ခံမှုဖြင့် KIA ကို တိုက်ခိုက်နိုင်စေရန်အထိ ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကိုရဲရင့်ကျော်က ပြောသည်။
 မိမိတို့ သည် အစိုးရနှင့်ရော မြန်မာစစ်တပ်နှင့်ပါ အဆက်အစပ် မရှိကြောင်း၊ ငြိမ်းချမ်းရေး မြတ်နိုးသော ကချင်လူငယ်များ အဓိက ဦးဆောင်ပါဝင်ပြီး မည်သည့်နိုင်ငံရေးပါတီနှင့်မှလည်း အဆက်အသွယ် မရှိကြောင်း ၄င်းက ပြောကြားသည်။
 ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network)သည် မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက် (၃) ခုဖြင့် ဖွဲ့စည်းထားသော လူငယ်လှုပ်ရှားမှု ကွန်ရက်တစ်ခု ဖြစ်ပြီး ယခုအခါ နိုင်ငံတစ်ဝှမ်း ကွန်ရက်အဖွဲ့ ဝင် (၃၀၀၀)ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ကွန်ရက်၏ အမှတ်တံဆိပ် မှာ မြန်မာနိုင်ငံမြေပုံပေါ်တွင် ငြိမ်းချမ်းရေးချိုးငှက် သံလွင်ခက် ချီလာသည့် ရုပ်ပုံ ဖြစ်ပြီး ခရစ္စမတ်နေ့ တွင် ယင်းဝတ်စုံများဖြင့် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။
..........................................................................
ကျွန်တော့် အမြင်ပြောရရင် ကချင်ဒေသက ပြည်သူများဟာလည်း
ခုချိန်မှာဆို ကျီးစာလန့်လန့် ဖြစ်နေမယ်လို့ ကျွန်တော်ထင်ပါတယ်
တပ်မတော် ပိုင်းအနေနဲ့ပြောရရင်လည်း အသက်ဆုံးရှုံးသွားတဲ့
စစ်သည်များ အတွက်ကျွန်တော်  သူတို့ မိသားစုများနဲ့ ထပ်တူ ထပ်မျှ 
စိတ်ထဲမှာ ၀မ်းနည်းမိပါတယ်......
ကေအိုင်အေ အနေနဲ့ပြောရရင်တော့ သူတို့ဟာ ကချင်ပြည်နယ်
လွှတ်မြောက်ရေး ကချင်ပြည်နယ် ကောင်းစားရေးလို့ သူတို့ပြောပါတယ်
ဒါပေမဲ့ တစ်ကယ်တမ်းဖြစ်နေတာက ဆတ်ကြေးကောက်တယ်
လူသစ်ကို အတင်းအဓမ္မ စုတယ်.....ဒါတွေက ကချင်ပြည်နယ် ကောင်းစားဖို့အတွက်တဲ့လားဗျာ
ကျွန်တော် ပြောနေတာတွေက
တစ်ဖတ်သတ်ပြောနေတာ မဟုတ်ပါဘူး ကိုယ်တိုင် ခံစား ရတဲ့ လူငယ်
တစ်ယောက်ကိုယ်တိုင်က ပြောပြတာပါ....ခုချိန်မှာ ကျွန်တော်  ဖြစ်စေချင်တာကတော့  အင်တာနက်ပေါ်မှာ မဟုတ်ပဲ
စစ်ပွဲတွေ ငြိမ်းချမ်းဖို့ အတွက် ကိုယ်တက်နိုင်တဲ့ ဖက်ကနေ ကူညီ
အကြံဥာဏ်များ ပေးစေလို့ပါတယ်.....အချင်း ချင်းဆဲဆိုနေတာတွေကို
ကျွန်တော် မလိုလားပါဘူးခင်ဗျာ......
From:ပလေတို ဒီမို
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစ္စမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြ မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ
အိမ်ဖော်အမျိုးသမီးအား သတ်မှုဖြင့် တရားစွဲဆို ခံထားရသော သရုပ်ဆောင် မေဇွန်အမှုမှ သက်သေနှစ်ဦးအား အနောက်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေး
အိမ်ဖော်အမျိုးသမီးအား သတ်မှုဖြင့် တရားစွဲဆို ခံထားရသော သရုပ်ဆောင် မေဇွန်အမှုမှ သက်သေနှစ်ဦးအား အနောက်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေး  
Friday, 21 December 2012 11:14
အိမ်ဖော်အမျိုးသမီးအား သတ်မှုဖြင့် တရားစွဲခံထားရသော သရုပ်ဆောင် မေဇွန်အမှုမှ သက်သေနှစ်ဦးအား ဒီဇင်ဘာ ၂၀ ရက် နံနက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သက်သေနှစ်ဦးမှာ သရုပ်ဆောင် မေဇွန်အား ပုသိမ်မြို့သို့ ကိုယ်ပိုင်အငှားယာဉ်ဖြင့် လိုက်ပို့ပေးခဲ့သော ဦးမြတ်သူနှင့် အခင်းဖြစ်ပွားစဉ် ကမာရွတ်စခန်းမှူးမှ သက်သေအဖြစ် လိုက်ပါရန် တောင်းဆိုခံခဲ့ရသော ဦးနိုင်လင်းဇော်တို့ ဖြစ်သည်။
ကိုယ်ပိုင်အငှားယာဉ်မောင်း ဦးမြတ်သူ၏ ထွက်ဆိုချက်တွင် လွန်ခဲ့သော သုံးလခန့်က မိမိအား သရုပ်ဆောင် မေဇွန်မှ ပုသိမ်မြို့သို့ စာမေးပွဲဖြေဆိုရန် ကားငှားလိုကြောင်း ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး မိမိ အသိမိတ်ဆွေများနှင့် ရင်းနှီးမှုရှိသဖြင့် မိမိမှာလည်း လက်ခံခဲ့ကြောင်း၊ ဖုန်းဆက်ပြီး နောက်တစ်နေ့ ခရီးထွက်ဖြစ်ကြောင်း၊ ခရီးမထွက်မီ မေဇွန်မှာ လပြည့်ဝန်းပလာဇာ၌ ကြေညာရိုက်ကူးနေသဖြင့် သွားရောက်ခဲ့ပြီး လပြည့်ဝန်းပလာဇာမှတစ်ဆင့် ၄င်းတိုက်ခန်းသို့ သွားရောက်ခဲ့ကြောင်း၊ ၄င်းတိုက်ခန်းအရောက် တိုက်ခန်းသို့ ညွှန်ပြပြီး သော့ပေးကာ အောက်သို့ချထားသောကြိုးအား ဆွဲချခိုင်းခဲ့ပြီး မိန်းကလေးနှစ်ဦးစလုံး ထွက်ကြည့်ခဲ့ကြောင်း၊ ယင်းနောက် မိန်းကလေးနှစ်ဦးမှာ အထုပ်အပိုးများဖြင့် ဆင်းလာခဲ့ကြောင်း၊ လိုက်ပို့သူ နှစ်ဦးမှာလည်း ကျန်းမာရေးကောင်းသည့် ပုံစံမျိုးဖြစ်ကြောင်း၊ ထို့နောက် အိမ်ဖော်တစ်ဦးဖြစ်သည့် ဇင်ဇင်ထိုက်မှာ မေဇွန်နှင့် လိုက်ပါလာပြီး သေဆုံးသွားသည့် အိမ်ဖော်မှာ ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အငှားယာဉ်မှာ လှိုင်သာယာ တိုးဂိတ်အရောက် မေဇွန်မှ လိုက်ပါလာသူ ဇင်ဇင်ထိုက်အား အိမ်သော့ ခတ်ခဲ့သလား၊ အိမ်သော့ ပါသလားဟု မေးမြန်းရာ ဇင်ဇင်ထိုက်မှာ ပါလာခဲ့ကြောင်း၊ အိမ်တံခါး နှစ်ချပ်လုံးအား ပိတ်ထားခဲ့ကြောင်း ၄င်း၏ ထွက်ဆိုချက်အရ သိရသည်။
ယင်းနောက် မေဇွန်မှ တံခါးနှစ်ချပ်လုံး ဘာကြောင့်ပိတ်ခဲ့သလဲဟု ထိပ်ခေါက်ခဲ့ကြောင်းနှင့် မိမိမှာ မည်သို့သက်သေအဖြစ် ထွက်ဆိုရခြင်းမှာ လိုက်ပို့ပြီး နှစ်ရက်ခန့်အကြာ ကမာရွတ်ရဲစခန်းမှ ဆက်သွယ်အကြောင်းကြား လာခဲ့ခြင်းကြောင့် ကျန်ရှိခဲ့သည့်အိမ်ဖော် သေဆုံးနေရခြင်းကို သိရပါကြောင်း  အဆိုပါ ယာဉ်မောင်းမှ ထွက်ဆိုခဲ့သည်။
ကျန်ရှိသည့် သက်သေတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာ နေရာသို့ ကမာရွတ်စခန်းမှူးနှင့်အတူ သက်သေအဖြစ် လိုက်ပါသူ ကိုနိုင်လင်းဇော်၏ ထွက်ဆိုချက်တွင် မိမိမှာ ကမာရွတ်ရဲစခန်းသို့ ကိစ္စတစ်ခုဖြင့် ရောက်ရှိနေစဉ် စခန်းမှူးမှ မှုခင်းတစ်ခု ဖြစ်ပွားသဖြင့် သက်သေအဖြစ် လိုက်ပါဆောင်ရွက်ရန် ခေါ်သဖြင့် လိုက်ခဲ့ရာ ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ အခင်းဖြစ်ပွားရာ တိုက်ခန်းသို့ ရောက်ရှိခဲ့ပြီး တိုက်ခန်း၏ ကြမ်းပြင်တွင် မိန်းကလေးတစ်ဦး သေဆုံးလျက် ရှိနေသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့နောက် သေဆုံးသူ အိမ်ဖော်မိန်းကလေးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကမာရွတ်ရဲစခန်းမှ မေဇွန်နှင့် ကျန်ရှိသည့် အိမ်ဖော်မလေးအား ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း၊ အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ကမာရွတ် ရဲစခန်းမှူးမှ ဖုန်းဆက်လှမ်းခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ ယင်းတွင် ဇင်ဇင်ထိုက်မှ ၄င်းနှင့်သေဆုံးသူကို ရိုက်နှက်ရာတွင် အသုံးပြုသော သစ်သားတုတ်အရှည် နှစ် x တစ်လက်မကို ပေးအပ်ရာတွင် ၄င်းနှင့်အတူ သက်သေသုံးဦး ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကမာရွတ်ရဲစခန်းတွင် စခန်းမှူးကိုယ်တိုင် မေဇွန်အား စစ်ဆေးမေးမြန်းရာတွင်  ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခိုင်း၍ ၄င်းကိုယ်တိုင် ရိုက်ကူးခဲ့ကြောင်း၊ ထိုနောက် ဗီဒီယိုခွေအား အမှုစစ် ရဲအရာရှိက အမှုသက်သေများအက် ဥပဒေဖြင့် မညီညွတ်သဖြင့် သက်သေခံအဖြစ် လက်မခံနိုင်ကြောင်း   ထည့်သွင်းပြောကြားသည်။
ထို့ပြင် မဇင်ဇင်ထိုက်မှ သက်သေခံအဖြစ် ထုတ်ပေးသော သက်သေခံ (က) မှာ အမှန်တကယ်အားဖြင့် ယခုကိစ္စ၌ ပတ်သတ်မှု ရှိ/မရှိ မိမိမှာ မပြောနိုင်ကြောင်း ထွက်ဆိုခဲ့သည်။
ယခု တရားစွဲဆို ခံထားရသော မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက် ဗဟိုလမ်းတွင် စက်တင်ဘာ ၁၀ ရက်ညက အိမ်ဖော်မလေး သေဆုံးမှုတွင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညဉ်းပန်းနှိပ်စက်ခြင်းများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်နှင့် နံရံများဖြင့်ရိုက်ခြင်း၊ ပက်လက်လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းနှင့် ကိုယ်တိုင်မရိုက်ပါက အိမ်အကူနှစ်ဦးအား ကြက်မွေးတစ်ချောင်းပေး၍ ၄င်းစိတ်ကျေနပ်သည်အထိ ရိုက်ခိုင်းခဲ့ကြောင်း ၀န်ခံချက်အရ သိရသည်။
အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
အိမ်ဖော်အမျိုးသမီးအား သတ်မှုဖြင့် တရားစွဲခံထားရသော သရုပ်ဆောင် မေဇွန်အမှုမှ သက်သေနှစ်ဦးအား ဒီဇင်ဘာ ၂၀ ရက် နံနက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိ သည်။ အဆိုပါ သက်သေနှစ်ဦးမှာ သရုပ်ဆောင် မေဇွန်အား ပုသိမ်မြို့သို့ ကိုယ်ပိုင်အငှားယာဉ်ဖြင့် လိုက်ပို့ပေးခဲ့သော ဦးမြတ်သူနှင့် အခင်းဖြစ်ပွားစဉ် ကမာရွတ်စခန်းမှူးမှ သက်သေအဖြစ်
မာယန်လူကြီးကတော့ နေ့သစ်ကိုကြိုနေပါတယ်တဲ့။
မာယန်လူကြီးကတော့ နေ့သစ်ကိုကြိုနေပါတယ်တဲ့။
Friday, 21 December 2012
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကမ္ဘာပျက်သုန်းတဲ့နေ့လို့ ရှေးဟောင်းမာယန်တို့ရဲ့ ပြက္ခဒိန်ကို အဓိပ္ပါယ်ပြန်ဆိုကြတဲ့သူတွေကြောင့် ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး စိုးရိမ်တဲ့သူတွေက ဒီရက်ပိုင်းအတွင်း
ကြောက်လန့်တကြား ပြင်ဆင်နေကြပါတယ်။
မာယန်ပြက္ခဒိန်က ၅၁၂၅ နှစ် ပြည့်တဲ့ ဒီဇင်ဘာ ၂၁ မှာ ရပ်တန့်သွားခဲ့တာ
ကို အဓိပ္ပါယ်ကောက်ယူခဲ့ကြတာပါ။ ကမ္ဘာနဲ့အ၀ှမ်း ကောလဟာလ ပြန့်နှံ့ပြီး လူတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရာမှာ ကုန်ပစ္စည်းအရောင်းတွေ တဟုန်ထိုး တက်သွားခဲ့ပါတယ်။
တရုတ်နဲ့ ရုရှနိုင်ငံတွေမှာ လူတွေ ဖယောင်းတိုင်နဲ့ အရေးပေါ်ပစ္စည်းတွေ
ပြေးလွှား ၀ယ်ယူကြတာရှိသလို အမေရိကန်နိုင်ငံမှာလည်း အရေးပေါ် ခိုလုံနိုင်တဲ့ရွက်ဖျဉ်တဲအရောင်းကလည်း ဘယ်တုန်းကနဲ့မှမတူအောင် အရောင်းစံချိန် တင်သွားခဲ့ပါတယ်။ ပြင်သစ်မှာ ဒီအဆိုကို ယုံကြတဲ့သူတွေက
ဂြိုလ်သားတွေ လာကယ်လိမ့်မယ်လို့ ယူဆတဲ့ တောင်တွေမှာ ပုန်းအောင်း ဖို့ ပြင်ဆင်ကြတယ်လို့ ဆိုပါတယ်။
မြေအောက်ခိုလုံရာ လှိုင်ခေါင်းကို ခေတ်မှီနည်းစနစ်တွေနဲ့ ဆောက်လုပ်တဲ့ အမေရိကန်က လုပ်ငန်းရှင်ကတော့ စီးပွားရေး အကျိုးအမြတ် အင်မတန် များခဲ့တယ်လို့ ဆိုပါတယ်။
ရုရှနိုင်ငံက နိုဗိုကုဇနက်မြို့မှာ ကာလဟာလတွေကြောင့် ဓာတ်မီးတွေ၊
ရေနွေးဓာတ်ဗူးတွေ၊ မီးအိမ်တွေ၊ တခုမှမကျန်တော့အောင်
ကြောက်လန့်တကြားဝယ်ကြ၊ စုကြ ဖြစ်လာတဲ့အတွက် ရုရှဝန်ကြီးချုပ် မီဗေဒေ ကတောင် ကမ္ဘာပျက်မယ်ဆိုတဲ့ကောလဟာလကို သူမယုံဘူးလို့ ၀င်ပြောရတဲ့အထိ ဖြစ်လာပါတယ်။ အနဲဆုံးတော့ ဒီနှစ်မှာ မဖြစ်နိုင်ဘူးတဲ့။
တရုတ်ပြည်မှာ ရှန်ဟိုင်းထောင်ထဲက ထောင်ကျတယောက်က
နောက်ဆုံး အချိန်မှာ အလှူလုပ်သင့်တယ်ဆိုပြီး တခြားအကျဉ်းသားတွေ ဆီက စုဆောင်းငွေ လိမ်ညာယူတဲ့အမှု ဖြစ်ခဲ့တယ်လို့လည်း ကြားရပါတယ်။
တချိန်က မာယန်ယဉ်ကျေးမှု လွှမ်းခဲ့တဲ့ မက္ကစီကိုနိုင်ငံမှာတော့ ကမ္ဘာ့နောက်ဆုံးအချိန်ဆိုတဲ့ တဘောင်ကို အခွင့်အရေးတခု အနေနဲ့
မြင်ပုံရပါတယ်။ မာယန်နဲ့ ပတ်သက်တာ မှန်သမျှ အရုပ်ကအစ ပွဲတွေလမ်းတွေ ရောင်းကုန်တွေ၊ ခရီးစဉ်တွေ အကုန်လုံး ပြင်ဆင် ထုတ်လုပ်ပြီးတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွယ်တော့တာပါပဲ။ အဲဒီတော့ ဒီနှစ် မက္ကစီကို ကိုလာတဲ့ ခရီးသည်ဟာ အရင်နှစ်တွေကထက် အနဲဆုံး ၂ ဆတိုးသွားခဲ့ပါတယ်။
နာဆာ (NASA) အာကာသ စူးစမ်းတဲ့အဖွဲ့က ဒီကောလာဟာလတွေ မဟုတ်တဲ့အကြောင်း မဖြစ်နိုင်တဲ့အကြောင်း ကြိုးစားပြီး ရှင်းလင်းခဲ့ပါတယ်။ ကမ္ဘာကို လာရောက်ရိုက်ခတ်မယ်ဆိုတဲ့ အရာကို မတွေ့ရကြောင်း ရှင်းပြခဲ့ပေမဲ့ သူတို့ဆီကို ကလေးလူကြီး တွေက ဆက်သွယ်လာပြီး ဇာတ်လမ်းမျိုးစုံပြောတာ ကြုံရတယ်လို့ ပြောပါတယ်။
အံ့သြစရာကောင်းတာကတော့ မာယန်ပြက္ခဒိန်ကို အဓိပ္ပါယ်ကောက်ပြီး ကမ္ဘာအနှံ့က လူတချို့ ဒီလောက်အထိ သွေးပျက်ခြောက်ခြားနေပေမဲ့
မောယန်တွေ ကိုယ်တိုင်ကတော့ အေးအေးဆေးဆေးပါပဲတဲ့။
သူတို့က ကမ္ဘာကြီး ပျက်သုန်းမယ်ဆိုတဲ့ အရိပ်လက္ခဏာ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။
မာယန်လူမျိုးစုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ပေဒရို စာလက်စ်တီနို ရာနိုခ်ျ က ဂျူးဘားမှာပြုလုပ်တဲ့ ပြက္ခဒိန်ကုန်ဆုံးရက်ဖြစ်တဲ့ ၂၁ ရက်နေ့ အခန်းအနားမှာ သစ်စေ့နဲ့ သစ်သီးတွေကို မီးရှို့ အထိမ်းအမှတ်ပြုခဲ့ပါတယ်။ ၂၁ ရက်နေ့ဟာ ပြက္ခဒိန်ဟောင်းကို နှုတ်ဆက်ကျေးဇူးတင်ကြောင်း
ပြောတဲ့နေ့ ဖြစ်ပြီး ၂၂ ရက်နေ့ဟာ ပြက္ခဒိန်သစ် စတင်တဲ့ နေ့သစ်ကို ကြိုဆိုတဲ့ နေ့ရက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်တဲ့။
(ဓာတ်ပုံ- ဂျူးဘား နိုင်ငံ ဟာဗာနာမြို့ အရှေ့ဘက်က ဘာကူရာနောင် ကမ်းခြေမှာကျင်းပတဲ့ မာယန်ဓလေ့ ရိုးရာပွဲတခုမှာ ဂျူးဘားနိုင်ငံသားတွေ ပါဝင်ဆင်နွဲနေတဲ့ပုံပါ (အေအက်ပီ)
Burma-Newselite
ကမ္ဘာပျက်သုန်းတဲ့နေ့လို့ ရှေးဟောင်းမာယန်တို့ရဲ့ ပြက္ခဒိန်ကို အဓိပ္ပါယ်ပြန် ဆိုကြတဲ့သူတွေကြောင့် ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး စိုးရိမ်တဲ့သူတွေက ဒီရက်ပိုင်းအတွင်းကြောက်လန့် တကြား ပြင်ဆင်နေကြပါတယ်။မာယန်ပြက္ခဒိန်က ၅၁၂၅ နှစ် ပြည့်တဲ့ ဒီဇင်ဘာ ၂၁ မှာ ရပ်တန့်သွားခဲ့တာကို အဓိပ္ပါယ်ကောက်ယူခဲ့ကြတာပါ။ ကမ္ဘာနဲ့အ၀ှမ်း ကောလဟာလ ပြန့်နှံ့ပြီး လူတွေကြောက်လန့်
SIM ကတ် အဟောင်း နှင့် အသစ်များ အရည်အသွေး ကွာခြားမည် မဟုတ်ဟုဆို
Photo: SIM ကတ် အဟောင်း နှင့် အသစ်များ အရည်အသွေး ကွာခြားမည် မဟုတ်ဟုဆို
Friday, December 21, 2012
မြန်မာ နိုင်ငံတွင် လာမည့်နှစ် ဇန်နဝါရီလ တွင် ချထား ပေးမည့် တန်ဖိုးနည်း GSM လိုင်းကတ်များ နှင့် ယခင် ချထား ပေးခဲ့သော လိုင်းကတ်များ အရည် အသွေးပိုင်း ကွာခြားမှု မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က The Voice Weekly သို့ ပြောကြားသည်။
လက်ရှိ အသစ် ချထားပေးမည့် မိုဘိုင်းဖုန်း SIM ကတ်များနှင့် ယခင် ချထား ပေးခဲ့သော မိုဘိုင်းဖုန်း SIM ကတ်များ အရည်အသွေး ပိုင်းနှင့် စနစ်ပိုင်း ဆိုင်ရာ ကွာခြားမှု ရှိမည်ကို မိုဘိုင်းဖုန်း အသုံးပြုသူ အများက စိုးရိမ် နေကြသည်။
“ကျွန်တော်တို့ အခု သုံးနေတဲ့ ကတ်တွေက အသစ် ချထား ပေးမယ့် ကတ်တွေနဲ့ ဘာတွေ ကွာလဲ သိချင်တယ်၊ 2G 3G မတူတဲ့ အတွက်ရော အခက်အခဲ ဘာတွေ ရှိနိုင်လဲ ဆိုတာ သိချင်တယ်” ဟု လက်ရှိ GSM မိုဘိုင်းဖုန်း အသုံးပြု နေသူ ဦးရန်ပိုင်စိုးက ပြောကြားသည်။
လက်ရှိ အချိန်တွင် မြန်မာ့ ဆက်သွယ်ရေး မှ ရောင်းချမည့် မိုဘိုင်းဖုန်း SIM ကတ်များ ထုတ်လုပ်ရန် စင်ကာပူ ကုမ္ပဏီ တစ်ခုနှင့် နှင့် ပြင်သစ် ကုမ္ပဏီ တစ်ခုတို့ တင်ဒါ အောင်မြင် ထားပြီး ယခု လိုင်းကတ် အသစ်များကို အဆိုပါ ကုမ္ပဏီ များမှ ထုတ်လုပ်မည် ဖြစ်သည်။
The Voice Weeklyမြန်မာ နိုင်ငံတွင် လာမည့်နှစ် ဇန်နဝါရီလ တွင် ချထား ပေးမည့် တန်ဖိုးနည်း GSM လိုင်းကတ်များ နှင့် ယခင် ချထား ပေးခဲ့သော လိုင်းကတ်များ အရည် အသွေးပိုင်း ကွာခြားမှု မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က The
Apple သမားများ အတွက် ဂူဂဲလ် မြေပုံသုံးစနစ် ပြန်လာပြီ
Photo: Apple သမားများ အတွက် ဂူဂဲလ် မြေပုံသုံးစနစ် ပြန်လာပြီ
Friday, December 21, 2012 
iOS အသုံးပြုနေသူများအတွက် သတင်းကောင်းတခု ရှိပါတယ်။ သူတို့အတွက် အချိန်အတော်ကြာ ပြဿနာ တက်ခဲ့တဲ့ မြေပုံသုံးစနစ် ဟာ အခုဆိုလျှင် ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ် ပြန်လည် အသုံးပြုတော့မယ်လို့  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Apple Store မှာ စတင် ကြေညာလိုက်လို့ပါပဲ။  ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ်ကို အိုင်ဖုန်း၊ အိုင်ပက် စတဲ့ နာမည်ကြီး ပစ္စည်းတွေမှာ   အဆင်ပြေ လွယ်ကူစွာ  ပြန်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
ယခုထွက်လာတဲ့ iOS အတွက် ဂူဂဲလ် မြေပုံသုံးစနစ်တွေဟာ  ဗားရှင်းအဟောင်းထက် သာလွန် ကောင်းမွန်နေပါတယ်။  ဂူဂဲလ်က ထုတ်တဲ့ အန်းဒရိုက် ဆော့ဖ်ဝဲလ်မှာသာ ပါတဲ့  စွမ်းဆောင်ချက်တွေ အတိုင်း လုပ်ဆောင်နိုင်တာကို တွေ့ ရမှာပါ။ နမူနာ အနေနဲ့ ဆိုရင် - အရင်တုန်းက အန်းဒရိုက် ဆောဗ့်ဝဲယ်တွေမှာသာ ပါခဲ့တဲ့  turn-by-turn directions လို့ ခေါ်တဲ့ ဘယ်ကွေ့၊ ညာကွေ့    စတဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာပါတယ်။
အသစ် ထွက်လာတဲ့ iOS အသစ်ကို အသုံးပြုချင်ရင် စတင် ရယူ လုပ်ယူနိုင်ပြီဖြစ်ပေမယ့် အသုံးပြုသူများစွာ လာရောက်ကူးယူနေတာကြောင့် Apple ရဲ့ ဆာဗာ ဟာ မကြာခဏ ကျနေတတ်ပါတယ်။ ဒီလိုပြဿနာနဲ့ ကြုံရရင်  ခဏ ဆိုင်းငံ့ပြီး  ပြန်လည် သွားရောက် ကူးယူနိုင်ပါတယ်။ 
နာမည်ကြီး နည်းပညာဝက်ဆိုဒ် မက်ရှဘယ်မှာတော့
(၁)  ဂူဂဲလ် ရဲ့ မြေပုံသုံးစနစ်   အရင်ကထက် ပိုမိုဆန်းသစ်လာတယ်၊
(၂)အသံ နဲ့  ဘယ်ကွေ့ ၊ ညာကွေ့ စနစ် ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်တယ်
စသဖြင့် ချီးကျူးသွားပါတယ်။
Apple ဟာ သူတို့ ရဲ့ ကိုယ်ပိုင် Apple မြေပုံသုံး စနစ် ကို မကြာသေးမီက စတင်မိတ်ဆက်ပြီး Apple ပစ္စည်းတွေမှာ ဂူဂဲလ် မြေပုံသုံးစနစ် ကို ဖယ်ရှားခဲ့ရာမှာ စွမ်းဆောင်ရည် ညံ့ဖျင်းတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အပတ်ကတင် သြစတေးလျမှာ Apple မြေပုံသုံးစနစ် ကြောင့် လမ်းပျောက်သူ အတော် များခဲ့တဲ့အထိ  စွမ်းဆောင်ရည် ဆိုးရွားခဲ့တာပါ။
အခုလို ဂူဂဲလ် ရဲ့ မြေပုံသုံးစနစ် ကို ပြန်သုံးဖို့ ဆုံးဖြတ်လိုက်တာကြောင့် Apple ပစ္စည်း အသုံးပြုသူ တော်တော်များများ ပြန်လည် အဆင်ပြေစေမှာဖြစ်ပါတယ်။
iOS သမားတွေ ဂူဂဲလ် မြေပုံစနစ် ပြန်သုံးချင်တယ်ဆိုရင် အောက်ပါလင့်မှာ သွားရောက် ရယူနိုင်ပါတယ်။
https://itunes.apple.com/us/app/google-maps/id585027354?mt=8
ကိုးကား စာမျက်နှာများ -
http://www.bbc.co.uk/news/technology-20694028
http://mashable.com/2012/12/13/google-maps-ios-here/
ဧရာဝတီiOS အသုံးပြုနေသူများအတွက် သတင်းကောင်းတခု ရှိပါတယ်။ သူတို့ အတွက် အချိန်အတော်ကြာ ပြဿနာတက်ခဲ့တဲ့ မြေပုံသုံးစနစ်ဟာ အခု ဆိုလျှင် ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ် ပြန်လည် အသုံးပြုတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Apple Store မှာ စတင် ကြေညာလိုက်လို့ပါပဲ။ ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ်ကို အိုင်ဖုန်း၊ အိုင်ပက်စတဲ့ နာမည်ကြီးပစ္စည်းတွေမှာ အဆင်ပြေ လွယ်
ဖုန်းအရောင်းဆိုင် များ၌ Sim Card များ အရောင်းပိတ်ထား
ဖုန်းအရောင်းဆိုင် များ၌ Sim Card များ အရောင်းပိတ်ထား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တွေမှာ ဖုန်း Sim Card များ ရောင်းချမှုကို ခေတ္တ ပိတ်ထား တယ်လို့  E-Life Tech မှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက်
အရ သိရပါတယ်။  အခုလို အရောင်းပိတ် ထားမှုကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့လောက် ကစတင် ရပ်နားထား တာဖြစ်ပါတယ်။ ဒီလို ခေတ္တ ရပ်ထားတာဟာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပေး ထားတဲ့ ကျပ် ၂ သိန်းနဲ့ ၂ သိန်းခွဲတန် Sim Card တွေကို ပြန်လည်ပြီး အပ်နှံဖို့ အတွက် အရောင်း ကိုယ်စားလှယ်တွေထံ အသိပေး ခဲ့တာကြောင့် ဖြစ်ပါတယ်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့လည်း အခုလိုဖုန်း Sim Card တွေကို ပြန်လည် သိမ်းယူရ တာဟာ လာမယ့် နှစ်ဆန်းပိုင်းမှာ တန်ဖိုးနည်းဖုန်း များကို ရောင်းချပေး တော့မှာ ဖြစ်လို့ ဈေးကွက် အတွင်း Sim Card လက်ကျန်တွေ ဖြစ်ပေါ်ကာ အရောင်းအ၀ယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ် လာမှာ စိုးတဲ့ အတွက် ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အရောင်း ကိုယ်စားလှယ် ရယူထားတဲ့ သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီး ကလည်း မိမိတို့ မြို့နယ်၊ ဒေသအလိုက် ရောင်းချရမှု မရှိသေးတဲ့ Sim Card တွေကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ အချိန်မီ ပြန်လည် အပ်နှံရမှာ ဖြစ်တယ်လို့ သိရပါတယ်။MRTV 4
ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တွေမှာ ဖုန်း Sim Card များ ရောင်းချမှုကို ခေတ္တ ပိတ်ထား တယ်လို့ E-Life Tech မှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ အခုလို အရောင်း ပိတ်ထားမှုကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့လောက် ကစတင် ရပ်နားထားတာဖြစ်ပါတယ်။ ဒီလို ခေတ္တ ရပ်ထားတာဟာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပေးထားတဲ့ ကျပ် ၂ သိန်းနဲ့ ၂ သိန်း