Wednesday, 14 November 2012

အစ္စရေးလေတပ်က တိုက်ခိုက်မှုတွင် ဟားမတ်စ် စစ်ရေးခေါင်းဆောင် သေဆုံး

ဂါဇာကမ်းမြောက် ဂါဇာစီးတီးတွင် အစ္စရေးလေတပ်က ယနေ့ ပြုလုပ်ခဲ့သော ပစ်မှတ်ထား တိုက်ခိုက်မှုအတွင်း မီးလောင်းပျက်စီးသွားသည့် ဟားမတ်စ် စစ်ရေးခေါင်းဆောင် အာမက် ဂျက်ဘာရီ စီးနင်းလိုက်ပါလာသည့် မော်တော်ကားကို တွေ့ရစဉ်။

ဟားမတ်စ်ပြောက်ကျားအဖွဲ့၏ စစ်ရေးခေါင်းဆောင် အာမက် ဂျက်ဘာရီသည် အစ္စရေး၏ ယနေ့ပြုလုပ်သော လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း ဟားမတ်စ်နှင့် အစ္စရေးအစိုးရက အတည်ပြု ပြောကြားသည်။
Photo: @[262070863837170:274:RT News]
 
 
ဂါဇာကမ်းမြောက် ဂါဇာစီးတီးတွင် အစ္စရေးလေတပ်က ယနေ့ ပြုလုပ်ခဲ့သော ပစ်မှတ်ထား တိုက်ခိုက် မှုအ တွင်း မီးလောင်းပျက်စီးသွားသည့် ဟားမတ်စ် စစ်ရေးခေါင်းဆောင် အာမက် ဂျက်ဘာရီ စီးနင်းလိုက်ပါ လာသည့် မော်တော်ကားကို တွေ့ရစဉ်။

အစ္စရေး၊ ဆီးရီးယား၊ ဂိုလန်ကုန်းမြင့်ဒေသနှင့် တုံ့ပြန်တိုက်ခိုက်မှုများ


အစ္စရေး၊ ဆီးရီးယား၊ ဂိုလန်ကုန်းမြင့်ဒေသနှင့် တုံ့ပြန်တိုက်ခိုက်မှုများ 

(နိုင်ငံတကာ သတင်း သုံးသပ်ချက်)

ဆီးရီးယား နိုင်ငံ အတွင်းမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန် များသည် အစ္စရေးတို့ ထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် အစ္စရေး စစ်တပ်က နိုဝင်ဘာ ၁၂ ရက်တွင် ပြန်လည် ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေး နိုင်ငံ သည် တူရကီ နိုင်ငံ ပြီးလျှင် ဆီးရီးယား စစ်တပ်အားပြန်လည် လက်တုံ့ပြန် ပစ်ခတ် ခဲ့သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာ သည်ကို တွေ့ ရသည်။

အစ္စရေး စစ်တပ်သည် ၎င်းတို့၏ ပိုင်နက် အတွင်းသို့ လက်နက်များ ကျရောက် ပေါက်ကွဲမှုကြောင့် လွန်ခဲ့သည့် သီတင်းပတ် အကုန်က သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် အမြောက်ဆန် များသည် ပိုင်နက် အတွင်း ဆက်လက် ပေါက်ကွဲ လျက် ရှိ သောကြောင့် နိုဝင်ဘာ ၁၂ ရက်က အစ္စရေး တင့်ကား တစ်စီးက  တုံ့ပြန် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ဆီးရီးယား စစ်ကား တစ်စီးကို ထိမှန် ခဲ့သည်။

အစ္စရေး အစိုးရသည် လပေါင်း ၂ဝ နီးပါးကြာ ဖြစ်ပွား လျက်ရှိသည့် ဆီးရီးယား ပြည်တွင်းစစ် အတွင်းသို့ ဆွဲသွင်း မခံရစေရန် အထူး ဂရုစိုက်၍ ရှောင်ရှား ခဲ့သည်။ သို့သော် မကြာမီရက်များ အတွင်းက ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ဆီးရီးယား ဘက်မှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ကျရောက် ပေါက်ကွဲ မှုကြောင့် ဒေသခံများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိသော်လည်း သီးနှံ စိုက်ခင်းများ ပျက်စီးခဲ့ပြီး ထိတ်လန့်မှုများ ဖြစ်ပွား ခဲ့ရသည်။

တစ်ချိန်တည်း မှာပင် အာဆတ် အစိုးရသည် အစ္စရေးနှင့် လက်နက်ကိုင် ပဋိပက္ခ တစ်ရပ် ဖန်တီးပြီး အစ္စရေး တို့အား တိုက်ခိုက်ရန် အတွက် လက်ဘနွန်မှ ဟစ်ဇဘိုလာ ပြောက်ကျားများနှင့် ဂါဇာ ကမ်းမြောင် ဒေသရှိ ဟားမားစ်  စစ်သွေးကြွများ အတွက် လမ်းဖွင့်ပေးရန် ကြိုးပမ်း နိုင်ဖွယ် ရှိသည် ဟူသော စိုးရိမ်မှု များလည်း ဖြစ်ပေါ်လျက် ရှိသည်။ ထို့အပြင် ဆီးရီးယား အစိုးရသည် ၎င်းတို့၏ ဓာတု လက်နက်များကို အစ္စရေး တို့အား တိုက်ခိုက်ရန် အသုံးပြု လာနိုင်ကြောင်း အစ္စရေး အစိုးရက သတိပေး ထားသည်။ အလားတူပင် ပြည်တွင်း စစ်တွင် အတိုက်အခံ များက အနိုင် ရရှိပြီး အာဆတ် အစိုးရ ပြုတ်ကျ ခဲ့ပါက ဆီးရီးယား နိုင်ငံသည်  အစွန်း ရောက်များ သို့မဟုတ် သဘောထား မတူညီသည့် အုပ်စုများ အကြား တိုက်ခိုက်မှုများ အတွင်းသို့ ကျရောက် သွားမည်ကို  အစ္စရေး တို့က စိုးရိမ်လျက် ရှိသည်။

နိုဝင်ဘာလ အစောပိုင်း တွင်လည်း ဆီးရီးယား တင့်ကား သုံးစီးသည် ဂိုလန် ကုန်းမြင့် ဒေသရှိ စစ်မဲ့ဇုန် အတွင်းသို့ ဝင်ရောက်လာ ခဲ့သည်။ ထို့အပြင် အခြား ဖြစ်ရပ် တစ်ခု တွင်လည်း အစ္စရေး ကင်းလှည့်ယာဉ် တစ်စီးအား ဆီးရီးယား နိုင်ငံအတွင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါ ပစ်ခတ်မှုသည် မတော်တဆမှု အဖြစ်  အစ္စရေးက မှတ်ယူ ခဲ့သည်။

သို့ရာတွင် အစ္စရေး ထိန်းချုပ် နယ်မြေ အတွင်းသို့ ဆီးရီးယားမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ဆက်တိုက် ကျရောက်မှုသည် အစ္စရေးနှင့် ဆီးရီးယား အကြား တင်းမာမှု များကို မြင့်တက် စေပြီး တုံ့ပြန် ပစ်ခတ်မှု များကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သုံးသပ် ရပါ သည်။  ။

http://www.myawady.com.mm/all-news/international/2012-11-14-02-42-04
ဆီးရီးယား နိုင်ငံ အတွင်းမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန် များသည် အစ္စရေးတို့ ထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် အစ္စရေး စစ်တပ်က နိုဝင်ဘာ ၁၂ ရက် တွင် ပြန်လည် ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေး နိုင်ငံ သည် တူရကီ နိုင်ငံ ပြီးလျှင် ဆီးရီးယား စစ်တပ် အားပြန် လည် လက်တုံ့ပြန် ပစ်ခတ် ခဲ့သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာ သည်ကို တွေ့ ရသည်။

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် အရိုးစု တူးဖော်တွေ့ရှိ

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် အရိုးစု တူးဖော်တွေ့ရှိ

14 NOVEMBER 2012  

သွေးစုပ် ဖုတ်ကောင် တကယ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးယခင် ကတည်းက ပဟေဠိဆန်နေတဲ့ မေးခွန်းတစ်ခုဖြစ် ပါတယ်။ ဒါပေမယ့် သွေးစုပ်ဖုတ် ကောင်တွေ အလယ်ခေတ် (Middle Ages) မှာ တကယ် ရှိခဲ့ကြတယ်ဆိုတာ ကို အခုဗြိတိန်နိုင်ငံမှာ တူးဖော်တွေ့ရှိ ခဲ့တဲ့ အရိုးစု တစ်ခု အရ သက်သေထူ နေပါပြီ။ နော်တင်ဟမ်ရှိုင်းယားပြည် နယ် ဆောက်သ်ဝဲလ်မြို့က ရှေး ဟောင်းခရစ်ယာန်ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ အေဒီ ၅၅၀-၇၀ဝ ဝန်း ကျင်က အရိုးစုတစ်ခုဖြစ်ပါတယ်။
ထူးခြားတာက ပုခုံးနှစ်ဖက်၊ နှလုံးနဲ့ ခြေကျင်းဝတ်တွေနေရာမှာ သတ္တုစူး တံတွေ ဖောက်ဝင် နေတာကြောင့် ယင်း ခေတ်လူတွေက အန္တရာယ်ရှိ လူသား တစ်ယောက်လို့ သတ်မှတ်ထားခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ် မယ်လို့ ယုံကြည်နေကြပါတယ်။
ဒီလို မျိုး အရိုးစုတွေကို ဗြိတိန်မှာ တူးဖော် တွေ့ရှိတာ ပမာဏ အနည်းငယ်မျှ လောက်ပဲ ရှိပါသေးတယ်။ “ဆောက် ဝဲလ်ဒေသက အရိုးစုဖြစ်ပါတယ်။ ဒါ ပေမယ့် ဒီအရိုးစုအကြောင်းကို ကျွန် တော်တို့ များများစားစားမသိသေးပါ ဘူး။ အနီးစပ်ဆုံးခန့်မှန်းရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်နိုင် ပါတယ်။
ဘာကြောင့်လဲဆိုတော့ အရိုး စုကို မြေကြီးမှာ သံချောင်း ၄ ချောင်း နဲ့ ထိုးစိုက်ချည်နှောင်ထားလို့ပါ။ လူ တွေအတွက် အန္တရာယ်များတဲ့ အကောင်တစ်ကောင်ဆိုရင်လည်း မမှားနိုင်ဘူးထင်ပါရဲ့”လို့ ရှေး ဟောင်း သုတေသနပညာရှင် မစ္စတာ ဂျွန်လော့ခ် ကပြောကြားခဲ့ပါတယ်။

အေးချမ်းမွန်မှ  FIRST MUSIC NEWS တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : FIRST MUSIC NEWS
 
နိုဝင်ဘာ ၁၄

သွေးစုပ် ဖုတ်ကောင် တကယ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးယခင် ကတည်းက ပဟေဠိ ဆန်နေတဲ့ မေးခွန်းတစ်ခုဖြစ် ပါတယ်။ ဒါပေမယ့် သွေးစုပ်ဖုတ် ကောင်တွေ အလယ်ခေတ် (Middle Ages) မှာ တကယ် ရှိခဲ့ကြတယ်ဆိုတာ ကို အခုဗြိတိန်နိုင်ငံမှာ တူးဖော်တွေ့ရှိ ခဲ့တဲ့ အရိုးစု တစ်ခု အရ သက်သေထူ နေပါပြီ။ နော်တင်ဟမ်ရှိုင်းယားပြည် နယ် ဆောက်သ် ဝဲလ်မြို့က ရှေး ဟောင်း ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ အေဒီ ၅၅၀-၇၀ဝ ဝန်း ကျင် က အရိုးစုတစ်ခုဖြစ်ပါတယ်။

အိုဘားမား မြန်မာ ပြည်သူလူထုကို မိန့်ခွန်း ပြောမည်



ရန်ကုန်၊ နိုဝင်ဘာ ၁၄

အမေရိကန် ပြည်ထောင်စု သမ္မတ အဖြစ် ဒုတိယ အကြိမ် ရွေးချယ်ခြင်း ခံရသော သမ္မတ ဘားရက် အို ဘားမား ပထမဆုံး အကြိမ် မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အတွင်း မြန်မာ ပြည်သူ လူထုအား မိန် ခွန်း ပြောကြားမည် ဟု အမေရိကန် သံရုံး က နိုဝင်ဘာလ ၁၄ရက် နေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။
" မိန့်ခွန်း ပြော ကြား မယ့် နေရာ အတိအကျ တော့ မသိသေး ပါဘူး။ နေရာရွေး နေတုန်းပါ။ မီဒီယာ ကို လည်း ဖိတ်ထားတော့ အခု လာမယ့် သောကြာနေ့ ကို သတင်း ထုတ်ပြန် သွားမှာပါ" ဟု အမေရိကန် သံရုံး မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို ကဏ္ဍ ၃ ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်မည်


မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို ကဏ္ဍ ၃ ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်မည်
Wednesday, 14 November 2012

ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာ ရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ရေးဆွဲတဲ့ ဦးဆောင် အဖွဲ့ကို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရပါတယ်။ ဒီလို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း
ဆောင်ရွက် ရာမှာ မြို့ပြ စီမံကိန်း ရေးဆွဲမှု ကဏ္ဍ၊ မြို့ပြ ဆိုင်ရာ အခြေခံ အဆောက်အအုံ ရေးဆွဲမှု ကဏ္ဍနဲ့ အခြေခံ သတင်း အချက်အလက်နဲ့ လူမှုရေး ကဏ္ဍစတဲ့ အချက် တွေနဲ့ ဖွဲ့စည်း ရေးဆွဲ ထားတာ ဖြစ်ပါတယ်။

မြို့ပြ စီမံကိန်း ရေးဆွဲမှု ကဏ္ဍအောက် မှာတော့ မြို့ပြစီမံကိန်း ရေးဆွဲမှု လုပ်ငန်း အဖွဲ့၊ စီးပွားရေး လုပ်ငန်း အဖွဲ့ရဲ့ စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့တို့ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ပြ ဆိုင်ရာ အခြေခံ အဆောက်
အအုံ ရေးဆွဲမှု ကဏ္ဍ အောက်မှာ မြို့ပြ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း အဖွဲ့နဲ့ မြို့ပြ အခြေခံ အဆောက်အအုံများ၊ လုပ်ငန်း အဖွဲ့များ ပါဝင်ပါတယ်။

အခြေခံ သတင်း အချက်အလက်နဲ့ လူမှုရေး ကဏ္ဍအောက် မှာတော့ အခြေခံ သတင်း အချက်အလက် လူမှု ပတ်ဝန်းကျင် လုပ်ငန်းအဖွဲ့၊ လူမှု လေ့ကျင့်ရေး လုပ်ငန်း အဖွဲ့၊ ပထ၀ီ မြေပုံရေးဆွဲရေး လုပ်ငန်း အဖွဲ့နဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်း အဖွဲ့တို့ကို ဖွဲ့စည်း ပါဝင်တာ
ဖြစ်ပါတယ်။ အဲ့ဒီ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း မှာတော့ မြို့ပြ လမ်းပန်း ဆက်သွယ် သွားလာမှု ကွန်ရက်၊ မြို့ပြ သောက်သုံးရေ
ဖြန့်ဝေရေး ကဏ္ဍ၊ မြို့ပြ မီးရထား ကွန်ရက် စတာတွေ ပါဝင်မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

MRTV - 4


ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာ ရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ရေးဆွဲတဲ့ ဦးဆောင် အဖွဲ့ကို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာ ယာရေး ကော်မတီမှ သိရပါတယ်။ ဒီလို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း ဆောင်ရွက် ရာမှာ မြို့ပြ စီမံကိန်း ရေးဆွဲမှု ကဏ္ဍ၊ မြို့ပြ ဆိုင်ရာ အခြေခံ အဆောက်အအုံ ရေးဆွဲမှု ကဏ္ဍနဲ့ အခြေခံ သတင်း အချက်အလက်နဲ့ လူမှုရေး ကဏ္ဍစတဲ့ အချက် တွေနဲ့ ဖွဲ့စည်း ရေးဆွဲ ထားတာ ဖြစ်ပါတယ်။

ရေနံခပ်စဉ် ရေနံခွက်သံကိုင်းနှင့် စက်သီးတို့ ရိုက်မိပြီး မီးလောင်မှု ဖြစ်ပွား



၁၄-၁၁-၂၀၁၂ ရက်နေ့ ၀၃း၄၀ အချိန် မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိတောက် ပင်ရေနံမြေ ကျင်းအမှတ်(၃၈) ကျင်းပိုင်ရှင် ဦးလှဌေး ၏ ရေနံကျင်းအား မင်းသူဟန် (၂၃)နှစ် ဗမာ/ဗုဒ္ဓ ရေနံ ခပ်လုပ်သား၊ ညောင်ကုန်းရွာ ပခုက္ကူမြို့နယ်နေသူမှ ရေနံခပ်စဉ် ရေနံခွက်သံကိုင်းနှင့် စက်သီးတို့ ရိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ မနရမှူး(သရက်)ဦးစီး တပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးသတ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် 


iPhone အသုံးပြုသူများအတွက် Citizen နာရီ






iPhone အသုံးပြုသူများအတွက် တွဲဖက်သုံးလို့ရမယ့် နာရီမျိုးကို ဂျပန် Citizen နာရီ ကုမ္မဏီက ထုတ် လုပ်ပေး လိုက်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၀၀ ကျော်တဲ့ အတွက် မြန် မာပြည်မှာ လေးသိန်း ဝန်းကျင် ပေါက်ဈေး ရှိနိုင်ပါတယ်။ လေးသိန်းပေးပြီး ဝယ်သင့်မဝယ်သင့် သူ့ရဲ့  အသုံးဝင်မှုကို ဆက်လက် လေ့လာနိုင်ပါတယ်။

မယူမနေရပင်စင်အပေးခံရသော မန္တလေးဆေးတက္ကသိုလ်ဝန်ထမ်းကို လွှတ်တော်တာဝန်ရှိသူများက တွေ့ဆုံမည် -


မယူမနေရပင်စင်အပေးခံရသော မန္တလေးဆေးတက္ကသိုလ်ဝန်ထမ်းကို လွှတ်တော်တာဝန်ရှိသူများက တွေ့ဆုံမည် -

နိုဝင်ဘာ ၁၄ရက်၊ ၂၀၁၂ခုနှစ် ၊ သတင်း - The Hot News Weekly

မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်အပါအ၀င် မော်ကွန်း  ထိန်းနှင့်ငွေစာရင်းအရာရှိတို့၏   ခြစားနေမှုများအား ထောက်ပြ ခဲ့သည်ဆိုသော မန္တလေးဆေး တက္ကသိုလ်ငွေစာရင်းဌာနက စာ ရင်းကိုင် မစန်းလှကို ဆေး တက္ကသိုလ်တာဝန်ရှိသူများက မ ယူမနေရ ပင်စင်ပေးခဲ့ခြင်း၊မစန်း လှမှ ပြည်ထောင်စုအဆင့်ဌာန ဆိုင်ရာများထံ အလုပ်တာဝန်  ပြန်လည်ထမ်းဆောင်ခွင့်ရရေး အတွက် အသနားခံစာများတင်ခဲ့  ခြင်းတို့နှင့်ပတ်သက်၍ နိုဝင်ဘာ   (၁၅)ရက် ကြာသပတေးနေ့  နေ့လယ်(၃)နာရီတွင် လွှတ်တော် လူ့အခွင့်အရေးကော်မတီတာဝန် ရှိသူများ၊ကျန်းမာရေးဝန်ကြီးဌာန   မှတာဝန်ရှိသူများက မစန်းလှနှင့်   တွေ့ဆုံမည်ဖြစ်ကြာင်းသိရသည်။
““မန္တလေးဆေးတက္ကသိုလ်က မစန်းလှကိစ်္စကို လွှတ်တော်တာဝန်  ရှိသူတွေ ပြီးတော့ ကျန်းမာရေး  ၀န်ကြီးဌာနက တာဝန်ရှိသူတွေ   နဲ့ပတ်သက်ပြီး ဘယ်သတင်းမီဒီ ယာကိုမှ မဖိတ်ပါဘူး။ဒီဟာက   ကျွန်တော်တို့ ကော်မတီတွေရဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီလိုတွေ့ဆုံ   တဲ့ရလဒ်ကို လွှတ်တော်ဥက္ကဋ္ဌကြီး     ဆီ ဆက်လက်အစီရင်ခံရမှာပါ။  အဲသလိုတွေ့ပြီးတော့မှ မစန်းလှ ကို သူ့ရဲ့ပုဂ်္ဂိုလ်ရေးတွေကို ဆက် သွယ်မေးမြန်းပါ။ကျွန်တော်တို့ လွှတ်တော်ကော်မတီတာဝန်ရှိသူ   တွေအနေနဲ့ကတော့ ထုတ်ပြန်သင့် ရင်ထုတ်ပြန်ပါ့မယ်။တွေ့ဆုံတဲ့နေ ရာကိုတော့ မီဒီယာသမားတွေမ ဖိတ်ပါဘူး””ဟု အမျိုးသားလွှတ် တော် နိုင်ငံသားများ၏ မူလအ ခွင့်အရေးနှင့်ဒီမိုကရေစီရေး ကော်မတီဥက္ကဋ္ဌဒေါက်တာအေး မောင်က Hot News သို့ပြောကြား   သွားခဲ့သည်။
ထိုသို့ (Force to retire) မယူမနေရပင်စင်အပေးခံရသည့်  မန္တလေးဆေးတက္ကသိုလ်မှ စာရင်း ကိုင် မစန်းလှအား နိုဝင်ဘာ(၁၅)  ရက် နေ့လယ် (၃)နာရီအချိန်  ၌ အမျိုးသားလွှတ်တော်နိုင်ငံ သားများ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ကော်မတီဝင်လွှတ်တော်ကိုယ်စား လှယ်များ၊ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များမှ ဗိုလ် မှူးချုပ်မြင့်ထွန်း၊ဗိုလ်မှူးချုပ်စံဝင်း တို့ပါဝင်ကာ လွှတ်တော်အဆောက် အအုံ အဆောင်(၁၇)၌ တွေ့ဆုံ  ကြမည်ဖြစ်သည်။

 

ခန့်ခန့်(ဒဿနိက)

နိုဝင်ဘာ ၁၄ရက်၊

မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်အပါအ၀င် မော်ကွန်း ထိန်းနှင့်ငွေစာရင်းအရာရှိတို့၏ ခြစားနေမှုများ အား ထောက်ပြ ခဲ့သည်ဆိုသော မန္တလေးဆေး တက္ကသိုလ်ငွေစာရင်းဌာနက စာ ရင်းကိုင် မစန်းလှကို ဆေး တက္ကသိုလ် တာဝန်ရှိသူများက မ ယူမနေရ ပင်စင်ပေးခဲ့ခြင်း၊မစန်း လှမှ ပြည်ထောင်စုအဆင့်ဌာန ဆိုင်ရာ များ ထံ အလုပ်တာဝန် ပြန်လည်ထမ်းဆောင်ခွင့်ရရေး အတွက် အသနားခံစာများ တင်ခဲ့ ခြင်းတို့နှင့်ပတ် သက်၍ နိုဝင်ဘာ (၁၅)ရက် ကြာသပတေးနေ့ နေ့လယ်(၃)နာရီတွင် လွှတ်တော် လူ့အခွင့်အရေးကော်မ တီတာဝန် ရှိသူများ၊ကျန်းမာရေးဝန်ကြီးဌာန မှတာဝန်ရှိသူများက မစန်းလှနှင့် တွေ့ဆုံ မည်ဖြစ်ကြာင်း သိရ သည်။

Microsoft မှ Windows ဥက္ကဌ Steven Sinofsky နှုတ်ထွက်

Microsoft မှ Windows ဥက္ကဌ Steven Sinofsky နှုတ်ထွက်

Microsoft ကုမ္မဏီမှ Windows နှင့် Windows Live အတွက် ခန့်အပ်ထားသော ဥက္ကဌ Steven Sinofsky မှာ နိုင်ဝင်ဘာလ ၁၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်ပြီး ကုမ္မဏီမှ ထွက်ခွာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Microsoft နှင့် လမ်းခွဲရသည့် အကြောင်းအရင်းကို ကုမ္မဏီရော စတီဗန်ပါ မပြောကြားခဲ့ချေ။ Windows 8 မိတ်ဆက်ပွဲတွင် စတီဗန်မှ ဦးဆောင်၍ မိတ်ဆက်ပေးခဲ့ပြီး Microsoft အတွက် သမိုင်းသစ် ဖန်တီးပေးခဲ့သည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လမှ စ၍ Microsoft တွင် ဆော့ဖ်ဝဲ ဒီဇိုင်းအင်ဂျင်နီယာ အဖြစ် လုပ်ကိုင်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတက်ခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် Windows -Division အတွက် ဥက္ကဌရာထူး အခန့် အပ်ခံခဲ့ရသည်။

Windows 7, Windows Phone 7 OS, Windows 8, Windows Phone 8 OS တို့ကို ဖန်တီးကာ ကမ္ဘာ့အိုင်တီလောက၏ ပြောင်းလဲမှုများတွင် အခန်းကဏ္ဍ ကြီး တစ်ခု အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ " သူဟာ Microsoft အတွက် အတော်အားကိုးရတဲ့ သူတစ်ယောက်ပါ၊ သူ့ရဲ့ လုပ်ဆောင် ချက်များဟာ Microsoft ကုမ္မဏီအတွက် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့ပါတယ်" ဟု Microsoft စီအီးအို Steve Ballmer မှ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

"Microsoft နဲ့ လက်တွဲလုပ်ကိုင်ရတာ ကျွန်တော့အတွက် ကြီးမားတဲ့ ဆုလဒ် တစ်ခုပဲ ဖြစ်ပါတယ်။ Microsoft ရဲ့ အားပေးထောက်ပံ့မှုသာ မရှိရင်လည်း ကျွန်တော် ဒီအခြေအနေကို ရောက်မလာနိုင်ပါဘူး။ ရာထူးက နှုတ်ထွက်ပေမယ့် Microsoft ဟာ ကျွန်တော့ ဘဝရဲ့ အမှတ်တရ တစ်ခု အဖြစ် ကျန်ရှိနေမှာပါ" ဟု စတီဗန်လည်း အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

စတီဗန်သည် အသက် ၄၆-၄၇ ဝန်းကျင်သာ ရှိသေးပြီး အရွယ်ကောင်းဆဲ ကာလ ဖြစ်သည်။ ထို့ကြောင်း Microsoft နှင့် လမ်းခွဲပြီးနောက် အနားယူမည်လား၊ အခြား ကုမ္မဏီတစ်ခုနှင့် ပူးပေါင်းမည်လား သို့တည်းမဟုတ် ကိုယ်ပိုင် ကုမ္မဏီတစ်ခု တည်ထောင်ချေ ရှိမရှိကို အများက စိတ်ဝင်တစား ရှိလျက် ရှိကြောင်း သိရသည်။
---
Ref: microsoft.com

TechSpace Journal

Microsoft ကုမ္မဏီမှ Windows နှင့် Windows Live အတွက် ခန့်အပ်ထားသော ဥက္ကဌ Steven Sinofsky မှာ နိုင်ဝင်ဘာလ ၁၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်ပြီး ကုမ္မဏီမှ ထွက်ခွာလိုက်ပြီ ဖြစ်ကြောင်း သိရ သည်။

အိုဘားမား မြန်မာခရီးစဉ် တရုတ်ကို မထိခိုက် -



နိုဝင်ဘာ ၁၄

လာမည့် နိုဝင်ဘာ ၁၉ ရက် အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို မထိခိုက်ကြောင်း ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။

မိုးကုတ်မြို့ မှာ ငလျှင်လှုပ် ပြီးနောက် ဗုဒ္ဓရုပ်ပွားတော် (ငွေ ရုပ်ပွားတော်) ၃- ဆူ ပေါ်ထွန်းခြင်း



နိုဝင်ဘာလ ၁၄ ရက်

၁၃၇၄-ခုနှစ် သီတင်းကျွတ် လဆန်း-၁၂ရက် တနင်္ဂနွေနေ့၊ ငှင်းနေ့ရက်သည် မြန်မာပြည် ရွှေဘိုမြို့ အရှေ့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ မဟာပထ၀ီ(မြေငလျှင် တုန်လှုပ်မှုကြီး) ဖြစ်ပေါ် ခဲ့ သည်။ မြေငလျှင်တုန်လှုပ်မှုသည်သက်ရှိလူသားများနှင့်သတ္တ၀ါ အပေါင်းတို့၏ နာဘေး၊ သေဘေး (ဥပစ္စေဒ ကကံ) အသက် အန္တရာယ်များ ဖြစ်ပေါ်စေခဲ့ရာ သက်ရှိ သက်မဲ့ ဖြစ်သောအသက် အိုးအိမ် တိုက်တာ ယာဉ် စသော အသုံးအဆောင် ပစ္စည်းများ ပျက်စီးဆုံးရှုံး စေသည့် သဘာဝ အန္တရာယ်ပင်ဖြစ်သည်။ 

တနင်္သာရီကမ်းရိုးတန်းဒေသများနှင့်မွန်ပြည်နယ်ဒေသအချို့တွင် မိုးသက်လေပြင်းကျရောက်နိုင်


ရန်ကုန်၊ နိုဝင်ဘာ - ၁၄

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်သောမုန်တိုင်းကြောင့် တနင်္သာရီကမ်းရိုးတန်းဒေသများတွင် တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်
Wednesday, 14 November 2012 

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏သမိုင်းဝင်ခရီးစဉ်
တွင် မိန့်ခွန်းပြောကြားမည့်နေရာကိုအမေရိကန်သံရုံးက လောလောဆယ်
တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါအခမ်းအနားသို့ တက်ရောက်
သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီ
ဖြစ်သည်။  ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်းခွန်းပြောကြားမည့်နေရာကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမဟုခန့်မှန်းပြောဆိုနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်နေ့တွင်ကျင်းပမည့် ရန်ကုန်တက္ကသိုလ့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
"ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော်၎င်းသတင်းနှင့်ပတ်သက်ပြီး
နှစ်နိုင်ငံလုံးမှတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။

Ref 7Days
 
နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

iPad Mini



Apple ဟာအားလုံးမျှော်လင့်နေခဲ့ကြတဲ့ mini တက်ဘလက်ကိုစတိဂျော့ဗ် မရှိတော့တဲ့   အချိန်မှာ ထုတ် လုပ်ခဲ့ ပါပြီ။ မူရင်းအရသာဖြစ်တဲ့ iPad ရဲ့ ပုံစံကိုမပျက်စေဘဲ မျက်နှာပြင်အရွယ်အစားကိုသာ အဓိက ထားလျော့ချထားတယ်လို့ဆိုနိုင်တဲ့ တက်ဘလက်တစ်လုံးဖြစ်ခဲ့ပါတယ်။ ယခုဆိုရင် ပြည်တွင်းကို လည်း ရောက်ရှိလာပြီဖြစ်လို့စိတ်ဝင်စားသူများ ၀ယ်ယူနိုင်ရန်အတွက်အသေးစိတ်အချက် အလက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ



အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ  
Wednesday, 14 November 2012 

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17  လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ  ရှိခဲ့သည်ဟု သိရသည်။

သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။

''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။


ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း  အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။

အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။

EMG
နိုဝင်ဘာ ၁၄

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြို တင်ပေး ပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင် ကာ မြန် မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါ သည်။အဆို ပါလေ ယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17 လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ ရှိခဲ့သည်ဟု သိရသည်။

မြို့တွင်းသို့ ပြေးဆွဲသော ၃၅ မီနီဘတ်စ် တစ်စီးပေါ်တွင်ခရီးသည်တစ်ဦး၏ပိုက်ဆံအိတ်ပျောက်ဆုံး

ယနေ့ နေ့လည် တစ်နာရီဝန်းကျင်ခန့်တွင်သာကေတမှ မြို့တွင်းသို့
ပြေးဆွဲသော ၃၅ မီနီဘတ်စ်တစ်စီးပေါ်တွင် ခရီးသည်တစ်ဦး၏ ပိုက်ဆံအိတ်ပျောက်ဆုံးခဲ့သည့်အတွက် ယာဉ်အား အနီးဆုံးဖြစ်သော လသာရဲစခန်းသို့မောင်းနှင်ကာ စစ်ဆေးမှုပြုလုပ်ခဲ့ရသည်။

“ လမ်းမှာဆင်းတာက အများကြီးပဲလေ။ ဘယ်အချိန်ကပျောက်နေမှန်းလည်းမသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တာဝန်အရ စခန်းပဲမောင်းရတာပဲ” ဟု ၄င်းကားမှ ယာဉ်နောက်လိုက်က ပြောသည်။ ယခုကဲ့သို့ ဘက်စ်ကားပေါ်တွင် အလစ်
သုတ် ခါးပိုက်နှိုက်မှုများ မကြာခဏ ကြုံတွေ့ ရသဖြင့် သတိပြုရန် သတိပေးစာများကပ်ထားသော်လည်းခရီးသည်များ အနေ
ဖြင့် ဂရုစိုက်မှုအားနည်း ကြောင်း၊ အထူးသဖြင့် လကုန်ရက်များ တွင် ပို၍ အဖြစ်များပြီး ခါးပိုက်နှိုက်များမှလူကျပ်တတ်သည့် ယာဉ်လိုင်းများ
ပေါ်တွင် အများဆုံး ကျင်လည်ကျက်စားတတ်ကြကြောင်းသိရသည်။

သတင်း၊ ဓါတ်ပုံ - AKS
 
ယနေ့ နေ့လည် တစ်နာရီဝန်းကျင်ခန့်တွင်သာကေတမှ မြို့တွင်းသို့ ပြေးဆွဲသော ၃၅ မီနီဘတ်စ် တစ်စီးပေါ် တွင်ခရီးသည်တစ်ဦး၏ပိုက်ဆံအိတ်ပျောက်ဆုံးခဲ့သည့်အတွက်ယာဉ်အား အနီးဆုံးဖြစ်သော လသာရဲစခန်း သို့မောင်းနှင်ကာ စစ်ဆေးမှုပြုလုပ်ခဲ့ရသည်။

"ညနေခင်း အချိန် ဈေးဝယ်ရန် ဟန်ဆောင်၍ ဆိုင်ပေါ်တက် ဓားထောက် လုယက်မှု့ တစ်ခု ကမာရွတ် မြို့ နယ်၌ ဖြစ်ပွား"


ရန်ကုန် နိုဝင်ဘာ ၁၄

ကမာရွတ်မြို့ နယ်(၁၀)ရပ်ကွက် သံလွင်လမ်း၌ ဖွင့်လှစ်ထားသည့် အိတ် အရောင်းဆိုင် တစ်ဆိုင်သို့  အ သက် (၁၉)နှစ် အရွယ် လူငယ်တစ်ဦး ဈေး ၀ယ်ရန် ဟန်ဆောင်ကာ ဈေးရောင်းသူ အမျိုးသမီးငယ်အား ဓားဖြင့်ေ ထာက်ကာ လုယက်မှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

မြေငလျင်ပညာရှင်များ ကွင်းဆင်းလေ့လာပြီ



ရန်ကုန်၊နိုဝင်ဘာ-၁၄

မြန်မာနိုင်ငံမြေငလျင်ကော်မတီသည်ငလျင်အခြေအနေကိုကွင်းဆင်းလေ့လာရန်ထွက်ခွာသွားပြီ ဟု ကော် မ တီ အတွင်းရေးမှူး ဦးစိုးသူရထွန်းကပြောသည်။

နိုဝင်ဘာ ၁၁ ရက် နံနက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်သင့်ဒေသများသို့ ခန့်မှန်းခြေ တစ် ပတ်ခန့်ကြာေ လ့လာသွားမည်ဖြစ်ပြီး အဖွဲ့ဝင်ဆယ်ဦး

"ငလျင် အန္တရာယ် စိုးရိမ်ဖွယ် မရှိအောင် ရွှေတိဂုံစေတီတော်အား ကြိုတင်ပြင်ဆင်ထား"


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNlQkZc9yBOBf9H6DYHUA_8bzG4hmPIwFjszkHrslTMBfO3iTDICgRmxernKq091mAjfNMsbFlsmVs343yf-1c_fG-718eQ-pMFyQ7JnYy9TgAoyVRXLOPg4D8rGVDp89g4vzXce4GbOI/s1600/404737_199850060113001_100002640245416_346324_234764603_n.jpg
ရွှေတိဂုံ စေတီတော်၏အထက်ပိုင်းနား ကြံ့ခိုင်မှုအတွက်လွန်ခဲ့သည့်နှစ်နှစ်ကတည်းကလုပ်ဆောင် ထားပြီး   ဖြစ်၍ ငလျင်အတွက် စိုးရိမ်စရာ မရှိကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

သေကြောင်းကြံမှု မနှစ်ကထက် ပိုများလာ


ဒုရဲမှူးကြီးသက်လွင်
ဒုရဲမှူးကြီးသက်လွင်
ဒီနှစ်အတွင်း ရန်ကုန်မှာ မှုခင်း ဖြစ်ပွားမှုနှုန်း အခြေအနေက ဘယ်လို ရှိပါသလဲ။
အခု ၂ဝ၁၂ ခုနှစ်ရဲ့ လက်ရှိအခြေအနေအရကို ပြောရရင် ၂ဝ၁၁ ခုနှစ်ထက်ကို ၂၃၅ မှု လျော့နေ ပါသေးပါတယ်။ ဒါကြောင့် မှုခင်းဖြစ်ပွားမှုနှုန်းကို ပြောရင် လျော့ နည်းသွားတယ်လို့ ဆိုနိုင်ပါတယ်။