Monday, 29 October 2012
မူဆယ်ခရိုင် ဒေသအတွင်း အဓမ္မ လူသစ် စုဆောင်း ခံရသည့် အရပ်သား များအား အဓမ္မ စုဆောင်း ခဲ့သည့် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ နှင့် အတူ လက်ရ ဖမ်းဆီးရမိ
၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်
ထားသော သောင်း ကျန်းသူ အဖွဲ့တစ်ဖွဲ့ သည် ပန်ခမ်း ဒေသတွင် ကျေးရွာ များမှ
အဓမ္မ စုဆောင်း ထားသော လူသစ် များဖြင့် တပ် သား သစ် သင်တန်း ဖွင့်လှစ်
လျက်ရှိကြောင်း သတင်းအရ မိမိ နယ်မြေခံ စစ်ကြောင်း များဖြင့် နယ်မြေ
ရှင်းလင်းခဲ့ရာ ၄င်း သောင်းကျန်းသူ အဖွဲ့နှင့် အဓမ္မစုဆောင်း ခံရသည့်
အရပ်သား များသည် ရှမ်းပြည် နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်
တာပန်းကုန်း၊ ရှောက် ပန်းကုန်း ဒေသသို့ တိမ်းရှောင်
ရောက်ရှိ ခဲ့ကြောင်း၊ သောင်းကျန်းသူ များသည် ၄င်းဒေသရှိ ကျေးရွာများ မှ
လူသစ် များအား အတင်း အဓမ္မ ထပ်မံ စုဆောင်းခဲ့ရာ နယ်မြေခံ စစ်ကြောင်း
များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ထို ဖြစ်စဉ်တွင် ပြောက်ကျား
ယူနီဖောင်း ဝတ်ဆင် ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင် ဖမ်းဆီး
ရမိခဲ့ပြီး အဖွဲ့ ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း
ရရှိသည်။

အိမ်ရာဝင်းအတွင်းဖွင့်ထားသော ဟိုတယ်ကြောင့် အနီးရှိပြည်သူများအနှောက်အယှက်ဖြစ်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့် မြင့်အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း ဖွင့်လှစ် ထားရှိသောဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမ ဟုတ်ပဲ။ ငယ်ရွယ် သူကျောင်း သား၊ ကျောင်း သူများ၊ စုံတွဲများနှင့် ပြည့်တန်ဆာ လုပ်ကိုင်သောအမျိုးသမီးများ သာ နေ့ည မပြတ်ဝင် ထွက်သွားကနေ သဖြင့် အနီးရှိအိမ်ရာနေပြည်သူများ သားကောင်းသမီး ပျိုများ အတွက် များစွာ အနှောက်အယှက်ဖြစ်ခြင်း၊
အရှက်ရဖွယ်ရာများနေ့ စဉ်မြင်တွေ့နေရကြောင်း အိမ်ရာ
နေပြည်သူတစ်ဦး ၏ပြောပြ ချက် အရ သိရှိရသည်။
အစားထိုးသီးနှံများဖန်တီးပေးပါက ရှမ်းပြည်တောင်တိုင်း အချို့နေရာများရှိ ဘိန်းစိုက်ပျိုးနေမှုများပပျောက်သွားနိုင်
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အချို့သောတောင်သူများ စားဝတ်နေရေးအတွက်
မှီခိုလုပ်ကိုင် နေကြရ သည့် ဘိန်းစိုက်ခင်းများအစား၊အစားထိုးသီးနှံများဖန်တီးပေးနိုင်မည့်လမ်းပန်းဆက်သွယ်ရေးလွယ်ကူအဆင်ပြေစေ ရန်ဆောင်ရွက်ပေးသွားနိုင်မည် ဆိုပါက အဆိုပါ ဘိန်းစိုက်ပျိုးနေမှုများလျော့နည်းလာမည့်အပြင် တစ်ချိန် တွင် လုံးဝပပျောက်သွား နိုင်ကြောင်း
အမေရိကန်လက် ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ရှမ်းပြည် နယ်အစိုးရအဖွဲ့တို့ တွေ့ ဆုံဆွေနွေးစဉ် ၀န်ကြီးချုပ် ဦးစ၀် အောင်မြတ်မှ ပြောကြားသွားခဲ့သည်။

7Day News ဂျာနယ်မှ ဖြေရှင်းချက်
7Day
News ဂျာနယ်သည် နေ့စဉ်ဖြစ်ပေါ်နေသော သတင်းအကြောင်းအရာများကို စာဖတ်သူများ
အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုသိရှိနိုင်ရန် သတင်းအချက်အလက်နှင့်
သတင်းဓာတ်ပုံများအား ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့်
ဝက်ဘ်ဆိုက်တို့မှတစ်ဆင့် တင်ဆက်လျက်ရှိပါသည်။
ရခိုင် ဆူပူ အကြမ်းဖက်မူ နိုင်ငံခြားမှ အဖွဲ့တချို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ALD ပြော
ရခိုင်ပြည်နယ် အတွင်း ဒုတိယ အကြိမ် တကျော့ပြန် ဖြစ်ပေါ်နေသော ဆူပူ
အကြမ်းဖက်မူကို နိုင်ငံခြား အဖွဲ့အစည်းတချို့မှ နောက်ကွယ်က ကြိုးကိုင်
လူပ်ရှားခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က သူ၏ ကျေညာချက်ထဲ
မှတဆင့် ထုတ်ဖေါ် စွပ်စွဲ ပြောကြားလိုက်သည်။
ရန်ကုန်မြို့အတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဆုံးဖြတ်ချက်များ
- လွန်ခဲ့သောလပိုင်းများမှစ၍ မြန်မာ့နိုင်ငံေ၇းတွင် အပြောင်းအလဲ အချို့ပေါ်ထွန်းခဲ့၍ ထိုသည်တို့ဧ။် အကျိုးသက်ရောက်မှုမှာ မြန်မာပြည်တွင် ရင်းနှီးမြှပ်နှံလိုသူများ တိုးပွားပေါ်ပေါက်လာခြင်းပင် ဖြစ်ပေသည်။
ကျပ်နဲ့ဘတ် တရားဝင် မလဲလှယ်နိုင်တော့ ဘာဖြစ်သလဲ
ဘဏ်များတွင် ထိုင်းဘတ် နှင့် မြန်မာကျပ်ငွေကို တရားဝင် လဲလှယ်နိုင်ခြင်း
မရှိသည့်အတွက် ကုန်သွယ်မှု တွင် မြန်မာကုန်သည်တို့ နစ်နာကြသည်ဟုမြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးနယ်စပ် ကုန်သွယ်ရေး ဇုန်ဖြစ် သည့် မြ၀တီဇုန်ရှိ ကုန်သည်တို့က ပြောသည်။ထိုသို့ နစ်နာကြသည်မှာ ဆယ်စုနှစ် ၂ ခု ကျော်လာပြီဟု ဆိုသည်။
ရခိုင်ဒေသ ပဋိပက္ခပြဿနာများဖြစ်ပွားလာရခြင်းနှင့်လှုပ်ရှားမှုများ အပိုင်း (၁)
၁။ OIC နဲ့ ရိုဟင်ဂျာ ဘာလဲ၊ ဘယ်လဲ။
ရခိုင်ပြည်တွင်း ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ဘီဘီစီသတင်းဌာနက မြောက်ဦးမြို့နယ်အတွင်းနေတဲ့ ဘင်္ဂါ လီ တဦး ကို အောက်တိုလာလ ၂၇ ရက်၊
မနက်ပိုင်းအစီအစဉ် အတွင်း အင်တာဗျူးရာမှာ လက်ရှိဖြစ် ပွားနေ တဲ့
ရခိုင်ပဋိပက္ခကို ငြိမ်းချမ်းအောင် ဘယ်လိုလုပ်မလဲလို့ ဘင်္ဂါလီတဦးကိုမေးပါတယ်။ ဒီတော့ အဲဒီ အမျိုးသားက သူတို့ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုပြီးတော့ တိုင်းရင်းသားအဖြစ် လက်ခံလိုက် ရင် ပြဿနာေ တွ ပြီးသွားမှာပါတဲ့။
RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ ပြီးပြီလား
ဒီရက်ပိုင်း
ဘီဘီစီမှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် ။ သတင်းက ဒီလိုပါ။ ဘီဘီစီ
ရုပ်သံလွှင့်ဌာနမှာ Top of the Pops နဲ့ Jim’ll Fix It ဆိုတဲ့
နာမည်ကြီးအစီအစဉ်တွေကို တင်ဆက်ခဲ့သူ Mr. Jimmy Savile ဆိုသူဟာ
သူမသေခင်တုန်းက ကလေးတွေနဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပေါ်
လိင်ပိုင်းဆိုင်ရာ မတရား ကျူးလွန်မှုတွေ ၊ ဘီဘီစီဌာနတွင်း ဝန်ထမ်း
အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့တယ်။
ဝမ်ကျားပေါင် ၀န်ကြီးချုပ်ဖြစ်စဉ်ကာလအတွင်း သူ၏ ဆွေမျိုးသားချင်းများမှာ အလွန်အမင်း ကြွယ်ဝချမ်းသာလာခဲ့ပြီး ပိုင်ဆိုင်မှုစုစုပေါင်း ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ရှိနိုင်ကြောင်း နယူးယောက်တိုင်းမ်ဖော်ပြ
တရုတ်ဝန်ကြီးချုပ်အဖြစ် ၀မ်ကျားပေါင်တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း သူ၏ဆွေမျိုးသား ချင်းများ မှာ အလွန်အမင်း ချမ်းသာကြွယ်ဝလာခဲ့ပြီး ပိုင်ဆိုင်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ
၇ ဘီလျံ အထိ ရှိနိုင်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ၏ စုံစမ်းဖော်ထုတ်ရေးသားသည့် သတင်း တစ်ပုဒ် တွင် ဖော်ပြထားသည်။
အာရှရေပိုင်နက်တွင် လွတ်လပ်စွာသွားလာခွင့်ကို စောင့်ကြပ်ကာကွယ် သွားမည်ဟု အမေရိကန်ကြေညာ
အာရှဒေသတွင်အမေရိကန်ရေတပ်ချထားခြင်းမှာပင်လယ်ရေကြောင်းလွတ်လပ်စွာသွားလာခွင့်ကို
စောင့်ကြပ် ကာကွယ်ရာတွင် ကူညီပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန်
လေယာဉ်တင်သင်္ဘော USS George Washington ၏ တပ်မှူးက အောက်တိုဘာလ ၂၅ ရက်တွင်
ပြောကြားခဲ့သည်။
ဒုတိယ ကမ္ဘာစစ်က ကျည်ကာယာဉ်များ လေလံတင်ရောင်းချမည်
အမေရိကန်
လေလံလုပ်ငန်းစုမှ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသား
စစ်လက် နက်ဟောင်း များ စုဆောင်းရေးစင်တာ (National Military History Center)
မှာ ကျန်ရှိနေတဲ့ စက်ယန္တရားများ ဖြစ်ပါတယ်။
ကြိမ်ဝါး လုပ်ငန်းရှင် အချို့ လုပ်ငန်း စွန့်ခွာ
သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ၀န်ကြီးဌာန၊ သစ်တော
ဦးစီးဌာန မှ လုပ်ထုံး လုပ်နည်း အချို့ကြောင့် ကြိမ်၊ ၀ါး အချောထည် များ
ရောင်းချသော လုပ်ငန်းရှင် အချို့ လုပ်ငန်း ကို စွန့်ခွာ ကြကြောင်း ကြိမ်ဝါး
လုပ်ငန်းရှင် များ အသင်း ဥက္ကဌ ဦးကျော်သူ က ပြောကြား သည်။
"တရုတ်သံရုံး၏ မြန်မာနိုင်ငံတွင်း ခြေရှုပ်မှုများ"
အမေရိကန်
ဒေါ်လာ ၂.၇ ဘီလျှံ ကျော် ချမ်းသာ ကြွယ်ဝသည့် တရုတ် ၀န်ကြီးချုပ်
ဝမ်ကျားပေါင်၏ ဇနီးဖြစ်သူ ကျန်ပိုင်လီ သည် ရန်ကုန်မြို့ ရှိ တရုတ်သံရုံး၊
မန္တလေး မြို့ ရှိ တရုတ်ကောင်စစ်ဝန်ရုံးတို့ မှ တစ်ဆင့်ကချင်ပြည်နယ်မှ
ထွက်ရှိသော ကျောက်စိမ်းများကို သံတမန် ကင်းလွတ်ခွင့် အပါအ၀င်
နည်းမျိုးစုံဖြင့် ၀ယ်ယူ၍ နယူးယောက်၊ ပါရီရှိ ကျောက် စိမ်းနှင့် လက်ဝတ်
လက်စား ဈေးကွက်သို့  ပြန် လည် ရောင်းချသည်။
ရခိုင်အရေး ခေါင်းအေးအေး အဖြေရှာနိုင်ရင် အောင်မြင်နိုင်
ရခိုင်ပြည်နယ်အရေး ခေါင်းအေးအေးထားပြီး အဖြေရှာနိုင်ရင် အောင်မြင်မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်နေရတာဟာ လူမျိုးရေးကြောင့်လည်း မဟုတ်သလို ဘာသာရေးကြောင့် လည်း မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာလည်း မဟုတ်သလို လူမျိုးတုန်း သုတ်သင်နေတာ လည်း မဟုတ်ပါဘူး။
Subscribe to:
Posts (Atom)