Thursday, 18 October 2012
နေပြည်တော်စကားဝိုင်း အပြုသဘောဆောင်ဟု အမေရိကန် ပြော
ပြီးဆုံးခဲ့ပြီဖြစ်တဲ့
ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ
လူ့အခွင့်အရေးစကားဝိုင်းဟာ “သိပ်ကိုအပြုသဘောဆောင် တယ်” လို့ အမေရိကန်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောကြားလိုက် ပါတယ်။
“အခုဆိုရင် လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးဖို့နဲ့ မြန်မာအစိုးရနဲ့ အမေရိကန်ပြည်ထောင်စုအကြား လမ်းကြောင်း ပွင့်သွားပြီလို့ ကျမတို့ယုံကြည်ပါတယ်။ ပြီးတော့ ကျမတို့အနေနဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်
အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲနှင့် ပြုပြင်ပြောင်းလဲရမည့် မြန်မာ့အရေး
မနေ
့က အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ
သမတဘရက်ခ် အိုဘားမား က သူ့ပြိုင်ဖက် ရီပတ်ပလင်ကန် သမ္မတလောင်း Mitt Romney
ကို ပြန် ဦးဆောင် တိုက်ခိုက်ခဲ့ပါသည် ။မန်ဆာချုးဆက်ပြည်နယ်
အုပ်ချုပ်ရေးမှုးဟောင်း မစ် ရွန်မနီက လည်း ပြန်ပြီး ပြင်းပြင်း ထန်ထန်
ခုခံခဲ့ပါသည် ဆိုသောသတင်းကို အင်တာနက် သတင်း စာမျက်နှာများ မှာ တွေ့ ရသည့်
အပြင် မနေ့ ညက တီဗီမှ သူတို့ နှစ်ဦး၏ debate စကားစစ်ထိုးပွဲကို ကိုယ်တိုင်
တိုက်ရိုက်ကြည့်လိုက်ရသောအခါ လွတ်လပ်ပြီး တရားမျှတသော
ရွေးကောက်ပွဲမှတက်လာမည့် အနာဂတ် အမေရိကန် သမ္မတလောင်း ကို လေးစားမိသလို
လူထုမှ တိုက်ရိုက်မေးမြန်းသော မေးခွန်းများကို အချိန်အကန့် အသတ်
တစ်ခုအ တွင်း နှစ်ဦးစလုံးမှ ပါတီ၏ မူဝါဒများ ဆုပ်ကိုင်ပြီး တိကျမှန်ကန်စွာ
ပြန်လည်ချေပ ဆွေးနွေးခြင်းသည်ပင် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ၏
အနှစ်သာရတစ်ခု အဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရပါသည် ။
သမ္မတကြီးအား မေးမြန်းလိုသော မေးခွန်းများအား အွန်လိုင်းမှ တဆင့်ပေးစေလိုကြောင်း ဦးမှူးဇော် တောင်းခံ
သမ္မတကြီး
US သွားခဲ့စဉ်က တွေ့ရှိချက်အရ Asia Society သည် အွန်လိုင်းမှ တစ်ဆင့်
မေးလိုသော မေးခွန်းများကို တောင်းခံပြီး အရေးကြီးသော မေးခွန်းများ
ရယူ ခဲ့ကြောင်း တွေ့ရှိရပါသည်။
အလားတူ ပြည်သူများထံ မေးမြန်းစေလိုသော မေးခွန်းများ တောင်းခံ၍ မေးမြန်းလျှင် ပိုမိုကောင်းမွန်မည် ဟု အကြံပြုလိုပါသည်။
KNU မှ ဗဟိုကော်မတီဝင် ၃ ဦး ထုတ်ပယ်ခြင်း သည် နိုင်ငံရေး လုပ်ကြံမှု ဟု ပဒိုမန်းငြိမ်းမောင် ဆို
KNU ဗဟိုကော်မတီအစည်းအဝေးမတိုင်မီ တစ်ပတ်ခန့်အလိုတွင် ဗဟိုေ ကာ် မ တီဝင် ၃
ဦးအား ထုတ်ပယ် ပစ်ခြင်းမှာ နိုင်ငံရေးအရ လုပ်ကြံမှုဟု ယူဆနိုင်ကြောင်း
မန်းငြိမ်းမောင်က ပြောသည်။
ပြည်ထောင်စုအစိုးရနှင့် ငြိမ်း ချမ်းရေး တည်ဆောက်ရာ တွင် သဘောထား ကွဲလွဲမှုများ ရှိလာပြီး အောက်တိုဘာလ ၂ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး စောမူထူးစောဖိုး၊ ဗဟိုတရားရေးတာ ဝန်ခံ ပဒိုဒေးဗစ်ထောနှင့် လူမှုဝန် ထမ်းနှင့် ကယ်ဆယ်ရေးဌာနတာဝန်ခံ ပဒိုရောဂျာခင်တို့အား ရာထူးမှ ထုတ်ပယ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ သည်။
စစ်တွေတွင် AZG ဆေးခန်းဖွင့်မည့် အစီအစဉ် ပျက်
စစ်တွေတွင် ဟော်လန်နိုင်ငံ အခြေစိုက် INGO တစ်ခုဖြစ်သော AZG က
အသစ်ဖွင့်လှစ်မည့် ရှုခင်း သာ ဆေးခန်းကို ယနေ့နံနက် ၉နာရီတွင် ဖွင့်ရန်
အစီအစဉ်ကို ဒေသခံ လူထုနှင့် သံဃာတော်များ ကန့်ကွက် မှုကြောင့် အစီစဉ်
ပျက်စီးသွားသည်။
KNU အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပမည်
ကရင်
အမျိုးသား အစည်းအရုံး (KNU) သည် လာမည့် အောက်တိုဘာလ (၂၂) ရက်နေ့ ဝန်းကျင်၌
တပ်မဟာ (၇) ဌာနချုပ် စခန်းတွင် အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပဖွယ်
ရှိကြောင်း ဗဟို ကော်မီတီဝင် တဦးဖြစ်သူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို
အောင်မောင်အေးမှ ပြောပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်တွင်း၊ပြည်ပ မီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ပြည်တွင်း၊ပြည်ပ မီဒီယာများနှင့်တွေ့ဆုံကာ
သတင်းစာရှင်း လင်းပွဲတစ်ရပ်ကို အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီတွင်
နေပြည်တော်၌ ပြုလုပ်သွားမည်ဟု သိရသည်။
Facebook ပေါ်တွင် မလုပ်ရ ၁၀ ချက်
ကမ္ဘာမှာ
အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁
ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း
ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ
အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။
မြောက်ဦးက ရဲ လာဒ်စားလိုက်ခြင်းအား Arakan Review မှထုတ်ဖော်လိုက်ပြီ
ရခိုင်ပြည်နယ်
မြောက်ဦးမြို့ ရဲစခန်းတွင် ပေါင်းတုတ်ကျေးရွာ ဗလီအတွင်း လက်နက်အလက်(၂၀၀)
ရှိသည် ဟု ဖြောင့်ချက်ပေး ခဲ့သော ဘင်္ဂလီ မူဆလင်ဘာသာဝင် မာမောက်ဆော်ကေ (ခ)
သိန်းရွှေမောင် ထံမှ မြောက်ဦးမြို့ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်
ကျော်စိုး (လ/၁၈၈၅၃၀) က ငွေ (၁၀) သိန်းတောင်းယူလျှက် ယနေ့ အောက်တိုဘာလ (၁၄)
ရက်၊ နံနက် (၁၀း၃၀) နာရီ ခန့် အချိန်တွင် အချုပ်ခန်း မှ
လွှတ်ပေးလိုက်ကြောင်း Arakan Review မှ သတင်းရရှိသည်။
ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား
မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး
အဖွဲ့(အိုအိုင်စီ) သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည်
မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ထိုသို့ အကြောင်းကြားလာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က ယမန်နေ့က အတည်ပြု ပြောကြားသည်ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။
ထိုသို့ အကြောင်းကြားလာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က ယမန်နေ့က အတည်ပြု ပြောကြားသည်ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။
Wednesday, 17 October 2012
Viber ဆော့ဖ်ဝဲကိစ္စ ဝေဖန်သံများညံ
အင်တာနက်စနစ်ချိတ်ဆက်ထားသောမိုဘိုင်းဖုန်းများမှတစ်ဆင့်ပြည်ပသို့ဖုန်းခေါ်ဆိုနိုင်သည့်Viber ဆော့ဖ်ဝဲ စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
တရားမ၀င်ကြောင်း သတ်မှတ်ပြီး အသုံးပြုခွင့် ပိတ်မည် ဟူသော
သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးအပေါ် ဝေဖန်မှုများပေါ်ထွက်လျက်ရှိသည်။
"တစ်ကမ္ဘာလုံးသုံးနေတဲ့ ဆော့ဖ်ဝဲကို ဘယ်နိုင်ငံက အော်ပရေတာကမှ
ပိတ်တာမကြားဖူးဘူး။ နိုင်ငံတကာ သုံးလို့ ရနေပြီးမှ ဘာလို့ ကိုယ့်နိုင်ငံမှာ
ဒီလိုပြည်သူတွေ အဆင်ပြေနေပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ နည်းလမ်းတွေကို
ပိတ်ပင်နေရတာလည်းဆိုတာ အခုတလောဖြစ်နေတယ်"ဟု ရန်ကုန်အခြေစိုက်
နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးကပြောသည်။
"တစ်ကမ္ဘာလုံးသုံးနေတဲ့ ဆော့ဖ်ဝဲကို ဘယ်နိုင်ငံက အော်ပရေတာကမှ ပိတ်တာမကြားဖူးဘူး။ နိုင်ငံတကာ သုံးလို့ ရနေပြီးမှ ဘာလို့ ကိုယ့်နိုင်ငံမှာ ဒီလိုပြည်သူတွေ အဆင်ပြေနေပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ နည်းလမ်းတွေကို ပိတ်ပင်နေရတာလည်းဆိုတာ အခုတလောဖြစ်နေတယ်"ဟု ရန်ကုန်အခြေစိုက် နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးကပြောသည်။
ကန်ဒေါ်လာ အဟောင်းအနွမ်းများလက်ခံရန် ဗဟိုဘဏ် ကြားခံဆောင် ရွက်ပေးတော့မည်
ကန်ဒေါ်လာ အဟောင်းအနွမ်း၊ အစုတ်အပြဲများကို အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကဘဏ်များ၌ လဲလှယ်ခွင့်ရရန် ဗဟိုဘဏ်က ကြားခံ ဆောင်ရွက်ပေးတော့မည်ဟု ဗဟိုဘဏ်၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် က ထုတ်ဖော်ပြောသည်။
အကျင့်ပျက်ခြစားသော ယာဉ်ထိန်းရဲ တည်ဆဲဥပဒေအပြင် ရဲကျင့် ဝတ်ဖောက်ဖျက်မှုနှင့်ပါ အရေးယူမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်ပိုင်ရှင်များနှင့်
ယာဉ်မောင်း သူများထံမှ ဥပဒေမဲ့ အ ခကြေးငွေ များ တောင်းခံနေသည့် အကျင့်ပျက်ခြ
စားနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး၏
အမိန့်အရ စုံစမ်းဖော်ထုတ်အရေးယူသွားရန်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း
မကွေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ ၂၀၁၀ အငြင်းပွား ဖွယ် ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရ သည်။
Monday, 15 October 2012
ပခုက္ကူမြို့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်
မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့ တွင် သံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ဆန္ဒထုတ်ဖော်ကို ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင် စာသင်တိုက်မှ သံဃာ အပါး ၅၀၀
ခန့်က စတင်ခဲ့ခြင်းဖြစ်ကာ အမှတ်(၁) ရပ်ကွက် မဟာဝိဇယာ ရာမ ပါဠိတက္ကသိုလ်
စာသင်တိုက်သို့ ရောက်ရှိချိန်၌ အဆိုပါ စာသင် တိုက်မှ သံဃာ အပါး ၃၀၀ ခန့်က
ထပ်မံပူးပေါင်းခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်
မြန်မာနိုင်ငံတွင်
OIC ရုံးဖွင့်လှစ်ရန် သတင်း ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ
သံဃာတော် များနှင့် လူထု၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင်
စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန် ပစိဖိတ်ဒေသ စစ်ဦးစီးမှူးနှင့် အဖွဲ့ မြန်မာပြည် ရောက်
အမေရိကန် စစ်တပ်မှ ပစိဖိတ် ဒေသဆိုင်ရာ စစ်ဦးစီးမှူး ဒု ဗိုလ်ချုပ်ကြီး Francis Wiercinski ဦးဆောင်ပြီး အရပ်ဘက် အရာရှိများနှင့် ၀ါရင့် စစ်အရာရှိများ ပါဝင်သော လူဦး ရေ ၃၀ ခန့်ရှိ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။
Subscribe to:
Posts (Atom)
