Thursday, 4 October 2012

ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု တရားရုံးချုပ် ဖြေရှင်းချက် တောင်းဆို

Thursday, 4 October 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့တိုက်ခိုက် မှုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အချိန်မီအကာကွယ်မပေးနိုင် တဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံချုပ်က အမိန့်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအပါအ၀င် အခင်းဖြစ်ပွားခဲ့တဲ့နယ်မြေတွေက လုံခြုံရေးအရာရှိတွေလည်း အခု အမိန့် ထုတ်ပြန်ချက်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမား ၁၇ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ

Thursday, October 04, 2012 
 
ထိုင်းနိုင်ငံ တောင်ပိုင်းက Trang လို့ ခေါ်တဲ့ မြို့နယ်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို ထိုင်းရဲတွေက သတင်းအရ အင်္ဂါနေ့မှာ သွားရောက် ဖမ်းဆီး လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ည ပြန်ရောက်မယ်

Thursday, October 04, 2012
 
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၇ ရက်ကြာ အမေရိကန် ခရီးစဉ် ပြီးဆုံးပြီး ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ခန့်တွင် ကိုရီယားလေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် ကစ်ဆင်းဂျားနဲ့ တွေ့ဆုံခဲ့

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် မြန်မာသမ္မတ ဦးသိန်းစိန် သည် ၎င်း၏ခရီးစဉ်အတွင်း ကမ္ဘာကျော် သံတမန်ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့်လည်း နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည်။
သမ္မတ ဦးသိန်းစိန် ကမ္ဘာကျော် သံတမန်ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့် နယူးယောက်မြို့တွင် တွေ့ဆုံ (Photo: President's office)
သမ္မတ ဦးသိန်းစိန် ကမ္ဘာကျော် သံတမန်ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့် နယူးယောက်မြို့တွင် တွေ့ဆုံ

Wednesday, 3 October 2012

လက်ပန်းတောင်းတောင်ကိစ္စ တွေးဆနိုင်ဖို.

မုံရွာတစ်ဖက်ကမ်း လက်ပန်းတောင်း တောင်ကိစ္စ နဲ.ပတ်သက်ပြီး သူများတွေ ပြောနေဆိုနေကြတာတွေကို ဖတ်နေတွေ.နေရပေမယ့်အကြောင်းအမျိုးမျိုးကြောင့် ဘာတစ်ခုမှ ၀င်မပြောဖြစ်ခဲ့ပါဘူး…။ ခုတော့ လယ်တွေ ပျက်စီးကုန်ပြီ…အက်စစ်တွေကြောင့် ကန်တွေ ပျက်စီးပြီး အဆိပ်သင့်ကုန်ပြီ…ဘာညာဆိုပြီး ဓါတ်ပုံေ တွ နဲ. တက်လာလို. မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကျနော်သိထားတာလေး ကို ရေးပြ မှ ဖြစ်တော့မယ်လို. စဉ်းစားမိလို. ဒီစာစုကိုရေးဖြစ်တာပါ…။ဒါကလဲ အခု လက် ပန်းတောင်းေ တာင် ကိစ္စ လှုပ်ရှားနေကြတဲ့ အဖွဲ.အစည်း တွေကို ကန်.ကွက်ပိတ်ပင်တဲ့ သဘောမဟုတ် ပဲ….တွေးဆ ဆင်ခြင်နိုင် ဖို.ရာအတွက် အခြားတဖက်က အကြောင်းအရာကို တင်ပြခြင်းသက်သက်ပဲဖြစ်ပါတယ်…။

အပြီးသတ် လူစာရင်းတွင် ကျော်ကိုကို၊ ရန်ပိုင်၊ ရာဇာဝင်းသိန်း၊ မင်းမင်းသူတို့ ပါဝင်နိုင်ဖွယ် မရှိကြောင်း သတင်းများ ထွက်ပေါ်

ဆူဇူကီး ဖလား ခြေစစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေး အသင်း၏ အပြီးသတ် လူစာရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိသေး သော်လည်း ထွက်ပေါ်နေသည့် သတင်းများ အရ ၀ါရင့် ကစားသမား များ ဖြစ် သည့် ကွင်းလယ်လူ ရာဇာဝင်းသိန်းနှင့် မင်းမင်းသူတို့မှာ အပြီးသတ် လူစာရင်းတွင် ပါဝင်နိုင်ဖွယ် မရှိကြောင်း သိရသည်။ အဆိုပါ ကစားသမား နှစ်ဦးအပြင် အသင်းအတွက် အရေးပါသည့် တိုက်စစ် မှူး နှစ်ဦးဖြစ်သည့် ရန်ပိုင်နှင့် ကျော်ကိုကို တို့မှာလည်း ရရှိထားသည့် ဒဏ်ရာများမှ အသီးသီး သက် သာ လာခြင်း မရှိသေး သောကြောင့် အပြီးသတ် လူစာရင်းတွင် ပါဝင်လာနိုင်ခြေ မရှိတော့ကြောင်း သိရသည်။ ထို့အပြင်ဂိုးသမား (၃)ဦးအနက်မှ တတိယ ဂိုးသမား မျိုးမင်းလတ်မှာလည်း အသင်းသို့ ပြန်ရဖွယ် ရှိနေကြောင်း သိရသည်။

ကျေးလက်တွင် နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်း အရစ်ကျ ရောင်းမည်

ရန်ကုန်၊ အောက်တိုဘာ ၃

 
 မြန်မာနိုင်ငံ လူဦးရေ၏ ခုနှစ်ဆယ်ရာခိုင်နှုန်းရှိသော ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများအား ဝယ်ယူ အသုံးပြုနိုင်ရန် ကျပ်နှစ်သိန်းတန် GSM ဖုန်းများကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးသွား မည်ဖြ စ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့တို့ နယ်စပ်တွင် တွေ့ဆုံ -

နှစ်နိုင်ငံ အလံတင် တပ်မှူး အဆင့် ဆွေးနွေးပွဲကို မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ အကြား ယမန်နေ့က ဘင်္ဂလားဒေခ်ျ့ အပိုင် နယ်စပ် ကျေးရွာ တစ်ခု ဖြစ်သော ခေါင်းတုံး တွင် ပြုလုပ်ခဲ့ သည်။
နစကနှင့် ဘီဂျီဘီ တပ်မှူးများ ယခုလို မကြာခဏ တွေ့ဆုံကြသည်။

မြွေပူရာ ကင်းမှောင့်တဲ့ ဖားကန့်

ဖားကန့်မြို့အနီး၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ကန်တာရိုးကျိုးခဲ့ဖြင့် အိမ်ခြေ ၂၀ ကျော်မှာ ရေစီးဖြင့်လုံးဝမျောပါသွားပြီး ခရစ်ယာန် ဘုရားကျောင်းတစ်ခုအပါအ၀င် အိမ်ခြေ ၆၀ ကျော်မှာ အကြီးစားပျက်စီးသွား ခဲ့ကြောင်း ဒေသခံများ ကပြောသည်။

အီရန်နိုင်ငံ၏ အခြေခံ အဆောက်အအုံများ၊ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများ ဆိုက်ဘာတိုက်ခိုက်မှုခံ ရ

 
အီရန်နိုင်ငံ၏ အခြေခံ အဆောက်အအုံများ၊ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများ ဆိုက်ဘာတိုက်ခိုက်မှုခံ ရပြီးနောက် တစ်နိုင်ငံလုံးတွင် အင်တာနက်သုံးစွဲမှု အခက်အခဲများ တွေ့ကြုံခဲ့ရကြောင်း အီရန်အစိုးရ တာဝန် ရှိသူတစ်ဦးက ယနေ့ ထုတ်ဖော်ပြောကြားသည်။

စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ အဆုတ်ကင်ဆာရောဂါဖြစ်ပွားနေ

 မောင်ဝံသ
စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသမှာ အဆုတ်ကင်ဆာရောဂါဖြစ်ပွားနေပြီလို့ ဆရာမောင်ဝံသ ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီကနေ့ ကိုယ်တိုင်ရေးသားဖေါ်ပြထားပါတယ်။ အောက်တိုဘာ ၁-ရက်နဲ့ ၂-ရက်နေ့ တွေ က စင်င်္ကာပူ နိုင်ငံ Mt Elizabeth ဆေးရုံမှာ ဆေးစစ်ခဲ့ပြီး၊ အဲဒီဆေးစစ်ချက်အရ အဆုတ်ကင်ဆာဖြစ်နေကြောင်း အဆုတ်ရောဂါ အထူးကုဆရာဝန်ကြီး Dr Philip Eng က အသိပေးခဲ့ တာဖြစ်ပါတယ်။ ဒီ့အတွက် ဆရာမောင်ဝံသဟာ စင်င်္ကာပူမှာပဲ ဆေးကုသမှု ဆက်လက်ခံယူပြိး မကြာခင် ရန်ကုန်ပြန်လာမယ်လို့ သိရပါတယ်။ ဆရာမောင်ဝံသဟာ ပြည်တွင်း ထုတ်ဂျာနယ်တွေမှာ နိုင်ငံပြုပြင်ပြောင်းလဲရေးဆောင်းပါးတွေ ရေးသားနေပြီး၊ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ စာနယ်ဇင်းကောင်စီ ယာယီဒုဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။
ဆရာ မောင်ဝံသ ၏ ကြေငြာချက် .....

တောင်ကြီးတွင် ဆောက်လက်စ အဆောက်အဦး ငြမ်းပြိုကျ၊ လူ ၁၁ ဦးသေဆုံး




ယနေ့(၃.၁၀.၂၀၁၂) ညနေ (၃)နာရီဝန်းကျင် ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ပြည်တော်သာ ရပ်ကွက်၊ကြံ့ခိုင်ရေးလမ်းတွင် ဆောက်လုပ်လျှက်ရှိသော မန္တလေးဆေးရုံတွင် ငြမ်းပြိုကျကာ လူ(၁၁)ဦးခန့် on the spot သေဆုံးသွားကြောင်းသိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်

Britain's ambassador
မြန်မာနိုင်ငံဆိုင်ရာဗြိတိတိန်သံအမတ်ကြီး Mr. Andrew Heyn နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်း မှာ ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လူမျိုးနှစ်ခုအအကြားအမြင်တွေကို လေ့လာဆန်းစစ် မှုတွေ ပြုလုပ် ဖို့အ တွက် မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိခဲ့ပါတယ်

(၃.၁၀.၂၀၁၂) ညပိုင်း သတင်းများ

- လွှတ်တော်တွင်း တင်ပြချက်များသည် ပြည်သူ့လိုအပ်ချက်နှင့် ကွဲလွဲနေဟု ဒေါ်ဖြူဖြူသင်း ပြော click
- ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စတင်မည် click
- ရွှေဂက်စ်ပိုက်လိုင်းစီမံကိန်း ရပ်ထားရေး ပြည်တွင်း ၁၂ ဖွဲ့ တောင်းဆို click
- ရှားခဲကြီးအင်းပဋိပက္ခ သေဆုံးခဲ့မှုများကို အရေးမယူသည့်အတွက် ဒေသခံများ စိုးရိမ် click
- ငပလီ တပ်သိမ်းမြေကိစ္စ လွှတ်တော်ကော်မတီ ကွင်းဆင်းစစ်ဆေး click
- စစ်သားအဖြစ် အဓမ္မစုဆောင်းခံရသည့်ကိစ္စ အိုင်အယ်လ်အိုကို တိုင်ကြား click
- တောင်တွင်းကြီးမြို့က တပ်တွင်းအနိုင်ကျင့်မှုများ ဖြေရှင်းပေးပါ (ပေးစာ) click
- နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်း ပေါင်းပြီး အမှုဖုံးကွယ် click
- မြစ်ဆုံမှ ပြောင်းရွှေ့လာသော ရွာသားများ သောက်သုံးရေ အခက်တွေ့နေ click
- မန္တလေး ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ် click
- ၈၈ မျိုးဆက်ကျောင်းသားများကို ဦးသန်းရွှေ မွေးရပ်မြေက ထောင်ချီကြိုဆို click
- ဆန်ဖရန် Freedom Forum မှာ ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း (ရုပ်သံ) click
- သမ္မတ ဦးသိန်းစိန် ကစ်ဆင်းဂျားနဲ့ တွေ့ဆုံခဲ့ click
- ဦးတင်ဦး အင်တာဗျူး (ရုပ်သံ) click
- ချင်းအမျိုးသားတပ်ဦးက လူထုသဘောထားရရန် ကြိုးပမ်း click
- ဆရာမောင်ဝံသ အဆုတ်ကင်ဆာဝေဒနာ ခံစားနေရ click
- သတင်းစာဆရာကြီး မောင်ဝံသ အဆုတ်ကင်ဆာ စစ်ဆေးတွေ့ရှိရ click
- အပြောင်းအလဲကို မြင်ရပြီဖြစ်တဲ့ မီဒီယာလောက (ဆောင်းပါး) click
- ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု click
- အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဂျပန် စိတ်ဝင်စား (ရုပ်သံ) click
- နှစ်ခြမ်းကွဲ စစ်တွေ (ဆောင်းပါး) click
- ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမှု ကုလ ဖြေရှင်းပေးရန် တောင်းဆို click
- အိမ်ရှင်မတွေကို လစာပေးသင့်ရဲ့လား (အသံ) click
- မိုက်ကယ်ဘောလက် ဘောလုံးသမားဘ၀မှ အနားယူ click



ref:Dr.Lunswe

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကော်မတီ အရွယ်မရောက်သေး သူများအရေး ထိရောက်စွာဆောင်ရွက်နိုင်မှု မရှိသေး

မြန်မာနိုင်ငံအနေဖြင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကော်မတီများအား မြို့နယ်တိုင်းတွင် ဖွဲ့ စည်း ထားသော်လည်း ကလေးသူငယ်များ ၏ အခွင့်အရေးအားထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိသေးေ ကြာင်း၊ ပြည်ကြီးခင်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်နွယ်ဇင်အေးက ပြောသည်။

ခရိုနီ နှင့် ဒီမိုကရေစီ တွေ့ကြပြီ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားတွင် ယမန်နေ့ည သန်းခေါင် အချိန်မှာ လူငယ်များ အချင်းများရာမှ ကားဖြင့် တိုက်သည့်အတွက် မောင်ဝေအောင် အမည် ရှိ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသည်။

မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး

မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန် ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင် က ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်၌ ပြုလုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင် ၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။

အမျိုးသမီးငယ် တစ်ဦး ကာဘော်လစ်ဆီသောက် သေဆုံး

ရန်ကုန် ၊အောက်တိုဘာလ ၃

သံလျင် မြို့နယ် ဖားကူး ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ကာဘွန်လစ် ဆီ သောက်၍ သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်း က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။

အဓိကရုဏ်းကြောင့် လူသေဆုံးခဲ့သည့် ရှားခဲကြီးအင်း အများလုပ်ကိုင်နိုင်အောင် လေလံကြေးလျော်ပြီ

အဓိကရုဏ်းကြောင့် လူ သုံးဦး သေဆုံးခဲ့သော ရှားခဲကြီးအင်းကို အများလုပ်ကိုင်နိုင်သည့် ဘုံစား အင်း အဖြစ်သို့ သတ်မှတ်ပေးလိုက်သည်ဟု ဧရာဝတီတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးသိန်းအောင် က ပြောသည်။

စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ ရှားခဲကြီး အင်း ကျေးရွာ ၌ ဒေသခံရေ လုပ်သား များ နှင့် လေလံအောင်ထားသည့် ဝိုင်း ဝိုင်းလည် ကုန်ထုတ်သမအသင်း တို့ကြား ရှားခဲကြီးအင်း လုပ်ကိုင် ခွင့် အပေါ် အခြေခံ၍ အဓိကရုဏ်း ဖြစ်ပွားခဲ့ရာလူသုံးဦး သေဆုံး၍ နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးချုပ် ဦးသိန်း အောင်နှင့် အဖွဲ့သည် ရှားခဲကြီး၊ ရှားခဲလေးရွာ သို့ ရောက်ရှိလာပြီး ဘုံစားအင်းအဖြစ် လုပ်ကိုင်ခွင့်ပြု မည် ဖြစ်ကြောင်း၊ ပြဿနာများနှ င့် သေဆုံးမှု အပေါ် တရားဥပဒေအ တိုင်းဖြေရှင်းသွားမည်ဟု အေးအေး ချမ်းချမ်း ဖြေရှင်းကြ ရန် ပြောကြား ခဲ့ ကြောင်း ဒေသ ခံ တစ်ဦးက ပြော သည်။ ”ဘဏ္ဍာငွေ နစ်နာရင် နစ်နာ ပါစေ။ လေလံအောင် ထား တဲ့သူကို ၆၅ သိန်း ပေးေ လျာ်ပြီးဖြစ် ပွားပြီး နောက်ရက်အတွင်းမှာပဲ ဘုံစားအင်း အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် က ပြောသည်။

ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု


ရန်ကုန် ညောင်ပင်လေးဈေးတွင် ပက်စီနှင့် ကိုကာကိုလာ ကတ်များ သယ်နေသည့် အလုပ်သမားတဦး

ကမ္ဘာကျော် အချိုရည်များဖြစ်ကြသည့် ပက်စီနှင့် ကိုကာကိုလာ အချိုရည်များ မြန်မာဈေးကွက် အတွင်း သို့ ပြန်လည် ၀င်ရောက်လာပြီး လအနည်းငယ် အတွင်း ပြည်တွင်းအချိုရည် ဈေးကွက် စတင်ပြို လဲေ နပြီဖြစ်ကြောင်း လုပ်ငန်းရှင်တချို့ ၏ ပြောကြားချက်နှင့် ဈေးကွက်အတွင်း စုံစမ်းမှုများအရ သိရှိရသည်။