Tuesday, 25 September 2012
ဦးညိုအုံးမြင့် (NLD-LA) အဖွဲ့ဝင်ဟောင်း နှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်
ဦးညိုအုံးမြင့် (NLD-LA) အဖွဲ့ဝင်ဟောင်း နှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏အဖွဲ့ဝင် တဦးဖြစ်ခဲ့ဘူးသူ   ဦးညိုအုံးမြင့် အနေဖြင့်လွန်ခဲ့သည့်စက်တင်ဘာလဆန်းတွင်ပြည်တွင်းသို့ဝင်ရောက်သွားပြီးသတင်းမီဒီယာများနှင့်
တွေ့ဆုံဆွေးနွေးခန်းများလုပ်ဆောင်နေမှုနှင့်စပ်လျဉ်း၍အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ) ၏  သဘောထားကိုထုတ်ပြန်လိုက်ပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ပြောကြားသည့် မိန့်ခွန်း
အစိုးရမှမြေကွက်သတ်မှတ်ပြီးသား မြို့မြေဖော်ထုတ်ရေးအဖွဲ့မှချထား ပြီးသား မြေများ ပေါ်တွင်အတင်း ၀င်ရောက်နေထိုင်ခြင်း၊ ယာယီတဲ၊ ယာယီ ၀င်းထရံ ကာရံခြင်းများ ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်၊ ဒီကိစ္စတွေဟာ တရားမ၀င်ဘူး ဆိုတာ မြို့တော်ဝန်နှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးတို့မှ ( ၁၁-၇-၂၀၁၂)၊ (၁၁-၉-၂၀၁၂) ရက်နေ့တွေနဲ့ (၁၄-၉-၂၀၁၂)ရက်နေ့တွေမှာ တွေ့ဆုံ အသိပေး၊ သတိပေးပြောကြားပြီးလည်းဖြစ်ပါတယ်၊ ငွေရေးကြေးရေးကို လုပ်စားမဲ့ ပုဂ္ဂိုလ်များ ပေါ်လာပြီးတော့   ရောင်းချခွင့် ရှိပြီးသကဲ့သို့ ဆောင်ရွက်ခဲ့ကြပါတယ်၊ ၀ယ်ယူဖို့ လာရောက်တဲ့သူတွေရဲ့ လက်ထဲမှာ ပါလာတဲ့ ငွေကြေးအပေါ်မူတည်ပြီး သင့်သလို ခွဲခြမ်း၍ ရောင်းချခြင်းများ လုပ်ခဲ့ကြတာကို သိရပါတယ်၊ 
သေဆုံးသူ၏ ကလီစာ စစ်ဆေးနေဆဲ ဟုဆို
ရိုက်နှက်ခံရပြီး နှစ်ရက် အကြာတွင် သေဆုံးသွားသည့် အိမ်အကူကို သရုပ် ဆောင်မေဇွန်က ရိုက်နှက် ခဲ့ကြောင်း ၀န်ခံ ထားပြီးဖြစ်သည့် အဆိုပါ သေဆုံးမှုအတွက် သေဆုံးသူ၏ ကလီစာကို စစ်ဆေးနေဆဲ   ဖြစ်ကြောင်း စက်တင်ဘာလ ၂၀ ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက တာဝန်ရှိသူ တစ်ဦး အဆိုအရ သိရသည်။
ဂျစ်ကားနှင့် ဆိုက်ကား ဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟ
ပြည်တွင်း ကားဈေးကွက် အတွင်းတွင် ယခင်က လူကြိုက်များ ကာ အရောင်း အဝယ်ဖြစ်ခဲ့သော ဂျစ်ကားများသည် ယခုအခါဈေး ကျဆင်းလာသောကြောင့် ဂျစ်ကား နှင့် ဆိုက်ကားဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟကြောင်း ဟံ သာဝတီကားပွဲစားတန်းထံမှသိရ သည်။
ထိုင်းနိုင်ငံ Bangkok Bank မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ပါပြီ
Tuesday, September 25, 2012
ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ် Bangkok Bank ဟာ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တွေနဲ့ ပူးပေါင်း ဆောင် ရွက်မှုေ တွ စတင်ပြီလို့  ကြေငြာချက် ထုတ်ပြန်ထားပါတယ်။
ရသေ့တောင် ရခိုင်ဒေသ လူထု အစည်းအဝေးသို့ ရခိုင် ANC မှ သ၀ဏ်လွှာပို့
September 25, 2012 at 10:25 am
အိန္ဒိယ အခြေစိုက် ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) က ယနေ့ စတင်ကျင်းပသော ရသေ့တောင် ရခိုင်ဒေသလူထု အစည်းအဝေးသို့ သ၀ဏ်လွှာ တစ်စောင် ရေးသား ပေးပို့ခ
ဲ့သည်။ အဆိုပါ သ၀ဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဂျပန်စကားပြောစွမ်းရည် ပြိုင်ပွဲကျင်းပမည်
၂၅-၉-၂၀၁၂
The Kake Education Group ကကြီးမှူးပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထောက်ခံမှုဖြင့် ဒုတိယအကြိမ်မြောက် ဂျပန်စကားပြောစွမ်းရည် ပြိုင်ပွဲကို "ဂုဏ်ယူစရာ ပြည်မြန်မာခေါင်းစဉ်" ဖြင့် စက်တင်ဘာလ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် Conference Hall, Myanmar Info-Tech (MICT Park) ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
KIO မှ ကချင်ပြည်နယ်အတွက် သီးသန့် FM ရေဒီယို အစီစဉ်တစ်ခု စတင်ထုတ်လွင့်
Tuesday, 25 September 2012
Photo: KIO မှ LAIZA. FM ရေဒီယို အစီစဉ်တစ်ခု စတင်ထုတ်လွင့်
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)မှ ကချင် ပြည်နယ် နေရာအနှံ့တွင် ဖမ်းယူနားဆင်နိုင်
ရန်ရည်ရွယ်၍ FM ရေဒီယို အသံလွှင့် အစီအစဉ်ကို အစမ်းသဘောဖြင့် လိုင်ဇာဌာနချုပ်မှ
အစီစဉ်တစ်ခု စတင်ထုတ်လွှင့်လိုက်သည်။
တောင်ကိုရီးယားကုမ္ပဏီ ၆၀ ပါဝင်မည့် ကုန်စည်ပြပွဲ ရန်ကုန်တွင် ကျင်းပမည်
ရန်ကုန်၊ စက်တင်ဘာ ၂၅
တောင်ကိုရီးယား ကုမ္ပဏီပေါင်း ၆၀ ပါဝင် ပြသသည့် ပထမဆုံး ကုန်စည်ပြပွဲကြီးကို ရန်ကုန်၌ နိုဝင် ဘာလတွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း ကိုရီးယား ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ရေး အေဂျင်စီက စက်တင်ဘာ ၂၄ရက်တွင် ထုတ်ပြန်သည်။
၁၂နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အလိုမတူ အားဓမ္မပြုကျင့်
Tuesday, 25 September 2012
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOnglK59wQUwsySaaRfC_K_orVuONQ2uKuviUN8d5yGTcOi2mAAaN_sZ0cpIU8IhVGJ6PdphBuKsHFu7FrpWikdmfu9ySvm8fK07PcjO41nfg_fr4JaTUlUp8q1jHtl1oezvCk_AXJvcU/s1600/12+old-girl-raped-.jpg  
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရင်ဂမြို့နယ် ဒတ်မာ ရာဒေသ၌ ၁၂နှစ်အရွယ် မိန်းကလေးတဦး ကိုအလိုမတူဘဲ မုဒိမ်းပြုကျင့် ဖြစ်ရပ်တခု ပေါ် ပေါက်ခဲ့သည်ဟု ၄င်းတို့၏နိုင်ငံပိုင် သတင်းတွင်ဖေါ်ပြထားသည်။
KIO မှ ကချင်ပြည်နယ်အတွက် သီးသန့် FM ရေဒီယို အစီစဉ်တစ်ခု စတင်ထုတ်လွင့်
Tuesday, 25 September 2012
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiyqasJcEXScMR7cFT1_bWxlCj5XzECbGC3e6E4-QFGMiwTeZPgQ-Tx7g2j9l6dfiIWV5pb6KC3sDgzqvX4IXjxrLm78VoaI0EmmKBxi6G4N-NDKUYDXJA96-7Z1vzVDDe3z5o3p18VD4/s1600/shwe+myanmar+media.jpg
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)မှ ကချင်ပြည်နယ် နေရာအနှံ့တွင် ဖမ်းယူနားဆင်နိုင်ရန်ရည်ရွယ်၍ FM ရေဒီယို အသံလွှင့် အစီအစဉ်ကို အစမ်းသဘောဖြင့် လိုင်ဇာဌာနချုပ်မှ အစီစဉ်တစ်ခု စတင်ထုတ်လွှင့်လိုက်သည်။
"သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့  အမေရိကပြည်ထောင်စုသို့  ရောက်လာချိန် ရခိုင်အရေး ဆွေးနွေးရန် တိုက်တွန်းခြင်း"
Tuesday, 25 September 2012
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBx2RL2sjq2SBKdezUkMBLfNS2bdqtiApQdAVXHo1FxQDVpCAj03PISH7G8NvMpR-b1EYTh9zmXySWVTir8dejwTzdhuMDzb8_coiEqr4aEIWEe9kYF9pxFQVb-OqhLUdy-4JxaJPJU3U/s1600/TSdeggr.jpg
ဒေါ်အောင်ဆန်းစုကြည်အမေရိကပြည်ထောင်စုကို ရောက်လာတော့ဝါရှင်တန်ဒီစီဆုလက်ခံယူပွဲမှာ
 ဟောပြောသွားပါတယ် ။ ဒီကနေ့ မျက်မှောက်ကာလမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ သမ္မတ
ဒီမိုစံနှုန်းနှင့်အညီ ပြုပြင်မည်ဟု ဦးအောင်ကြည်ပြော
စက်တင်ဘာလ(၂၅)
ဒီမိုကရေစီ စံနှုန်းနှင့်အညီ မီဒီယာ တိုးတက်ပြောင်းလဲမှုကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေးဦးစွာ ပုံနှိပ်မီဒီယာကို ပြုပြင်ပြောင်းလဲသွားရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြန်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ယနေ့ ဒီမိုကရက်တစ်မြန်မာ့အသံ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆွီဒင် ရေဒီယိုတို့ ပူးပေါင်းကျင်းပသည့် လူထုကိုယ်စားပြု ရုပ်သံလွှင့် မီဒီယာလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲ မီဒီယာများနှ င့် တွေ့ဆုံမှု အစီအစဉ်တွင်ပြောကြားသည်။
စင်္ကာပူနိုင်ငံမှ တစ်ဆင့် သြစတြေးလျ နိုင်ငံသို့ ဦးရွှေမန်းသွားရောက်မည်
Tuesday, 25 September 2012
စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်ကာ စင်္ကာပူလွှတ်တော် ဥက္ကဋ္ဌ ၏ ဖိတ်ကြားချက်အရ စင်္ကာပူနိုင်ငံသို့ သွားရောက်လျက်ရှိသည့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် စင်္ကာပူလွှတ်တော်ကို သုံးရက် တိုင် လေ့လာမည်ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ တစ်ဆင့် သြစတြေးလျ နိုင်ငံသို့ သွားရောက် မည်ဖြစ်ေ ကြာင်း ပြည် သူ့လွှတ်တော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
News from : The Voice Weekly
ကမ္ဘာ့ထိပ်သီးကလပ် ရီးယဲယ်မက်ဒရစ်မှ နည်းပြအဖွဲ့ဝင်(၃)ဦး မြန်မာနိုင်ငံသို့ လာရောက်၍ နည်းပြအချို့နှင့်လူငယ်ကစားသမားများကိုသင်ကြားလေ့ကျင့် ပေးမည်
Tuesday, 25 September 2012 
Digicel ကုမ္ပဏီ၏ ကူညီဆက်သွယ် ပေးမှုဖြင့် Real Madrid Clinic အစီအစဉ်အရ ကမ္ဘာ့ထိပ်သီးက လပ်ဖြစ်သော ရီးယဲယ်မက်ဒရစ်အသင်းမှ နည်းပြအဖွဲ့ဝင် (၃)ဦးသည် မြန်မာနိုင်ငံသို့လာရောက်၍ နည်းပြအချို့နှင့် လူငယ်ကစားသမားများကို သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း
လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် အချို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ကြန့်ကြာနိုင် ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပြော
ရန်ကုန်၊ စက်တင်ဘာ၂၅
၆၅ နှစ်ကျော်ကြာ ကမ္ဘာအရှည်ကြာဆုံး စစ်ပွဲများ ဖြစ်ပွားရာ မြန်မာနိုင်ငံ ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် အချို့၏ ပြောစကားများနှင့် ၊ လုပ်ထုံးလုပ်နည်း များကြောင့် ကြန့်ကြာနိုင်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တွဲဖက် အတွင်းရေးမှုး ဦးခင်မောင်ကြီး က ပြောကြားသည်။
လှော်ကား ရေပို့ ပိုက်လိုင်းချို့ယွင်း မှုကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်များရေအခက်အခဲဖြစ်နေ
Tuesday, 25 September 2012
ရန်ကုန်မြို့တော်တွင်းသို့ အဓိက ရေပေးဝေလျက် ရှိသည့်လှော်ကား ရေပို့ ပိုက်လိုင်းချို့ယွင်း မှုကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်များ တွင်ရေပေးဝေမှု ပြတ်တောက်သွားပြီး သောက်သုံးရေ အခက်အခဲ ဖြစ်ေ နကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော်ကလေး တွင် နေထိုင်သူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
၈၈ မျိုးဆက်ကြားက အဖုအထစ်လေးများ (ပေးစာ)
၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန သို့ စုစုပေါင်း (၁၉)  ဦး လျှောက်ထားခဲ့ရာ အစပိုင်းတွင် (၂) ဦးသာ ခွင့်ပြုချက်ရရှိခဲ့သော်လည်း ကျန်ရှိသူ (၁၇) ဦး၏ နိုင်ငံကူးလက်မှတ်များအား စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြု လိုက် သောကြောင့် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် နိုင်ငံရပ်ခြား ခရီးစဉ်များအား သွားရောက်နိုင် ကြပြီဖြစ်ပါသည်။ထို့ကြောင့် ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် နိုင်ငံရပ်ခြား ခရီးစဉ်များ အား စနစ် တကျ စီစဉ်ကြ၏။ မည့်သည့်နိုင်ငံကို အရင်သွားရောက်မည်၊ မည်သူတွေနှင့်အဖွဲ့တွေခွဲ သွားမည်၊ မည် သူတွေနှင့်တွေ့ ဆုံကြမည် စ သည်ဖြင့် အသေးစိတ် ဆွေးနွေး တိုင်ပင်ကြသည်။
ကုလသမဂ္ဂ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံက အများကြီး မျှော်လင့်ထားကြောင်းပြောကြား
Tuesday, 25 September 2012
ကုလသမဂ္ဂ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံက အများကြီး မျှော်လင့်ထားကြောင်း၊ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ပူးပေါင်းဆောင်ရွက်ရေး တွေကနေ မြန်မာနိုင်ငံ ကို ဦးေ ဆာင် သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။
ဖားကန့်-တာမခန်လမ်းပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံအချို့ တိမ်းရှောင်ထွက်ပြေး
Tuesday, 25 September 2012
ဖားကန့်မြို့တောင်ဘက် ၂၁မိုင်ခန့်အကွာ တွင်တည်ရှိ သည့် တာမခန်ရွာသို့သွားရာ ဖားကန့်-တာမခန် လမ်းပေါ်တွင် စက်တင် ဘာ ၂၁ရက် နေ့လယ် ၁၁နာရီခန့်မှ စ၍ KIA နှင့် မြန်မာတပ်မတော်ကြား ပစ်ခက် တိုက်ခိုက်မှုအချို့ရှိခဲ့ရာ အဆိုပါလမ်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့နှင့် ဆက်လျက် ရှိသည့်  ဆိုင်းတောင်ရွာနှင့် တာမခန်ရွာများသို့ ပြောင်းရွှေ့တိမ်းရှောင် နေကြကြောင်း
 ဖားကန့်မြို့နှင့် ဆိုင်းတောင်ရွာ ဒေသခံများထံမှ သတင်းရရှိသည်။