တရုတ်နိုင်ငံသို့ မဲခေါင်မြစ်ဖြတ်၍ ကျောင်းသွားတက် သည့် မြန်မာ ကလေးငယ် ၁၄ ဦးမှာ ၂-၉-၂၀၁၂ ရက်က စက်လှေ နစ်၍ သေဆုံး ခဲ့ရကြောင်း ၅-၉-၂၀၁၂ ရက်က သိရသည်။ တရုတ်-မြန်မာ နယ်စပ်အနီးရှိ မိုင်းလား ၄ နယ်မြေမှ ကလေးငယ်များဖြစ်ပြီး တရုတ်နိုင်ငံသို့ အပတ်စဉ် တနင်္ဂနွေမှ သောကြာနေ့အထိ သွားရောက်ကာ စာသင်ကြားနေသော မြန်မာကျောင်းသားများ ဖြစ်ပြီး ၎င်းတို့ စီးနင်းလာသော စက်လှေမှာ ခရီးသည် ၃၀ ကျော် ပါဝင်ပြီး ၂၂ ဦးမှာ သေဆုံးခဲ့ရသည်ဟု သိရသည်။
Friday, 14 September 2012
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် စစ်ပွဲများရပ်တန့်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဆန္ဒထုတ်ဖော်ပွဲများ ကျင်ပသွားမည်ဖြစ်ကြောင်း သတင်းရရှိ
"ရန်ကုန်က လူနှစ်ရာ့ငါးဆယ်လောက်နဲ့ နေပြည်တော်ကို နေ့ချင်းပြန်သွားမယ်။ သမ္မတအိမ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွေမှာ လူထုဆန္ဒထုတ်ဖော်ပွဲလုပ်မယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုမယ်" ဟုကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်အက်စတာက စက်တင်ဘာ ၁၄ ရက်တွင် မီဒီယာများအား ရှင်းလင်းပြော ကြားသည်။
နိုင်ငံတခုရဲ့ စံတန်ဘိုးတွေဟာ နယ်ကျော်သွားရင် တခြားသူအတွက် ပြသာနာတွေ တက်နိုင်သလား။
အမေရိကန်နိုင်ငံသားတဦး ရိုက်ကူးပြသနေတဲ့ " Desert Warriors" ရုပ်ရှင်ကားအပေါ် အာရပ်ကမ္ဘာက မကြေမနပ် ဖြစ်နေပြီး အရှေ.အလယ်ပိုင်းမှာ နိုင်ငံတိုင်းနည်းပါ အမေရိကန် ဆန်.ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်နေပါသည်။ ဒီအခြေအနေဟာ အမေရိကန် အစိုးရအတွက် ရတက်မအေးရတဲ့ အခြေ အနေပါ။ အမေရိကန် သံတမန်နဲ. အမေရိကန် အကျိုးစီးပွားတွေကို လုံခြုံဖို. တဖက်က ကာ ကွယ်ပေးဖို. ကြီးမားတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်နေသလို တဖက်မှာလည်း အမေရီကန် အကျိုးစီးပွားတွက် အာရပ်နိုင်ငံတချို.နဲ. ဆက်ဆံရေးတွေ တင်းမာ ပျက်ဆီးမှာကိုလည်း စိုးရိမ် နေရတာပါ။
မြန်မာစစ်တပ်နဲ့ ညှိနှိုင်းဖို့ အမေရိကန်ကို တိုက်တွန်း
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီးတိုးမြှင့်
ဆောင်ရွက်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ့ တပ်မတော်နဲ့
ညှိနှိုင်းဆောင်ရွက် သင့်တယ်၊ တရုတ်နိုင်ငံနဲ့ ပူးတွဲဆောင်ရွက် သင့်တယ်၊
ပြီးတော့ မြန်မာနိုင်ငံ အပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ် အရေးယူမှု တွေကိုလည်း
လျှော့ချသင့်တယ်လို့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့်
နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies –
CSIS) က တိုက်တွန်းလိုက်ပါတယ်။
CSIS က တာဝန်ရှိသူတွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု တွေကို လေ့လာစူးစမ်းဖို့ အတွက် သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း ညှိနှိုင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ အစီရင်ခံ တင်ပြခဲ့တာပါ။
CSIS က တာဝန်ရှိသူတွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု တွေကို လေ့လာစူးစမ်းဖို့ အတွက် သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း ညှိနှိုင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ အစီရင်ခံ တင်ပြခဲ့တာပါ။
ဖားကန့်မြို့လယ်တိုက်ပွဲကြောင့် ဆန်တစ်အိတ်ကျပ်ငါးသောင်းအထိမြင့်တက်
ကချင်ပြည်နယ်
ဖားကန့်မြို့၌ မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဈေးမှာ
တစ်အိတ်လျှင် ကျပ်ငါးသောင်းအထိ မြင့်တက်လာကြောင်း ဒေသခံများထံက သိရှိရသည်။
စက်တင်ဘာလ(၁၃)ရက်နေ့ နေ့လည်ပိုင်းက ဖားကန့်မြို့လယ် မော်ဝမ်းကြီးနှင့်
မော်ဝမ်းလေး ရပ်ကွက်နှင့် ဧရာဦးဆေးဆိုင်ရှေ့တွင် တပ်မ(၃၃)နှင့်
KIOအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြ စ်သည်။
ဗင်နက်ဆာ ပရာဒစ်၏ စံအိမ်ကြီးကို ဂျွန်နီဒိပ် ဝယ်ယူ
၎င်းနှင့် ချစ်သူများအဖြစ်မှ ပြတ်စဲခဲ့သော ဗင်နက်ဆာ
ပရာဒစ်၏ စံအိမ်ကြီးကို ဟောလီးဝုဒ်မင်းသား ဂျွန်နီဒိပ်က ဝယ်ယူလိုက်ကြောင်း
သိရှိရသည်။ Pirates of Caribbeanစတား ဇာတ်ဆောင် မင်းသားနှင့် ပြင်သစ်
မင်းသမီးတို့သည် ဇွန်လအတွင်းက မိမိတို့၏ (၁၄)နှစ်ကြာ အချစ်ရေး
အဆုံးသတ်ပြီ ဟု ကြေညာခဲ့သည်။
ပီကေစားရင်း မတော်တဆမျိုချပါက ထိခိုက်မှု မရှိ …….
ဂျပန်နှင့်ပိုင်နက်အငြင်းပွားရေပြင်သို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်
ဂျပန်အစိုးရကဝယ်ယူရန်ကြိုးပမ်းလျက်ရှိသည့် တရုတ်နှင့်ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော ကျွန်းများ အနီးသို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်သွားကြောင်း ဘီဘီစီ သတင်းတွင်ဖော်ပြထားသည်။
အဆိုပါ ကင်းလှည့်စစ်သဘောင်္များသည် တရုတ်အခေါ် ဒိုင်အိုယု ဂျပန်အခေါ် ဆန်ကကု
ဟုခေါ်သော ကျွန်းများတွင် တရားဥပဒေစိုးမိုးမှုရှိစေရန်
လှည့်လည်စောင့်ကြည့်သွားမည်ဖြစ် ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဖားကန့်မြို့နယ်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ တစ်ဦး သေဆုံး
ကချင်ပြည်နယ်
ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် (၁) ဆွတ်ငိုင်ယန် တွင် စက်တင်ဘာလ ၁၃
ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ
တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား အချို့ ဒဏ်ရာရရှိခဲ့ကြောင်း
ဖားကန့်ဒေသခံအချို့က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
သေဆုံးခဲ့သော ကျောင်းသူသည် ဖားကန့်ရှိ အထက်တန်းကျောင်းမှ နေထိုင်ရာ
ရပ်ကွက်သို့အပြန် လမ်းတွင် ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
ထိုင်းနိုင်ငံရောက်မြန်မာဒုက္ခသည် တစ်သိန်းကျော် တစ်နှစ်အတွင်းပြန်ဖွယ်ရှိ
ဘန်ကောက်၊ စက်တင်ဘာ - ၁၄
မြန်မာနှင့်ထိုင်းအစိုးရတို့အကြားဆွေးနွေးညှိုနှိုင်းမှုများပြုလု ပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာဒုက္ခသည် တစ်သိန်းနှစ်သောင်းခန့်သည် တစ်နှစ်အတွင်းမြန်မာနိုင်ငံသို့ ပြန်ဖွယ်ရှိကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင် စီNSC၏ပြောကြားချက်ကို CNA သတင်းတွင်ဖော်ပြထားသည်။
လက်ပန်းတောင်းတောင် လက်ရှိအခြေအနေ ဒေါ်အောင်ဆန်းစုကြည် ဖုန်းဆက်မေးမြန်း
လက်ရှိ လက်ပန်းတောင်းတောင် ကိစ္စကို ဒီချုပ်ဥက္ကဋ္ဌအနေဖြင့် စိတ်ဝင်စားမှုရှိကြောင်းနှင့် အဖမ်းခံရ သူများအတွက် စိုးရိမ်နေကြောင်း ယင်းအရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဒီချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား ဒေါ်အောင်ဆန်းစုကြည်က ဆက်သွယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
ဦးကျော်မောင်ချေ အသုဘတွင် လူသတ်တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် ပြည်သူများ တောင်းဆို
ယမန်နေ့က ပြုလုပ်သော ဦးကျော်မောင်ချေ အသုဘတွင် သူ့အား သတ်ဖြတ်သူ တရားခံ
အစစ် အမှန်များကို ဖေါ်ထုတ်ပေးရန် အသုဘ လာသူများက ပိုစတာများ ကိုင်ဆောင်ပြီး
တောင်း ဆိုခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် တာဝန်ရှိသူ အများအပြားသည် ပြစ်မူ ကျူးလွန်သူများထံမှ လာဒ်ငွေ အမြောက်အမြား ယူပြီး လွတ်ပေးကာ ပြစ်မူ မကျူးလွန်သူများကိုသာ ဖမ်းဆီး အရေးယူလေ့ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တာဝန်ရှိသူ အများအပြားသည် ပြစ်မူ ကျူးလွန်သူများထံမှ လာဒ်ငွေ အမြောက်အမြား ယူပြီး လွတ်ပေးကာ ပြစ်မူ မကျူးလွန်သူများကိုသာ ဖမ်းဆီး အရေးယူလေ့ရှိနေကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ကလေးမြို့ အာဏာပိုင်များက ပြန်လည်ရောင်း ချ
မြန်မာနိုင်ငံတွင်
မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ကာ ကုန်သည်များထံမှ ဖမ်းဆီးထားသည့် အိန္ဒိယ
နိုင်ငံထုတ် ဆေးလုံးများကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ အာဏာပိုင်များက
ပြန်လည်ရောင်းချ ခဲ့ကြောင်း သိရသည်။
ကလေးမြို့  ရဲစခန်းမှူး ထွန်းငွေ ဦးဆောင်သည့်အဖွဲ့ က ဖမ်းဆီးရမိခဲ့သည့် ဆေးလုံးများကို မူး ယစ်ဆေးဝါးရောင်းဝယ်သူများထံ ခိုးရောင်းနေကြောင်း ကလေးမြို့  ဒေသခံတဦး ထံမှ သိရှိ ရသည်။
“မကြာသေးဘူးပေါ့နော်၊ ည ၁၂း၀၀ လောက်မှာ ကားစိမ်းနဲ့  သူတို့ သိုလှောင်ထားတဲ့ ဂိုဒေါင်က နေသယ်သွားတာ။ ၁၂ ခေါက်လောက် ထုတ်ယူပြီး သယ်သွားတယ်။ ရဲတွေက ရောင်းတာ။ သူတို့  ကဘဲ ဒီဆေးတွေ သိမ်းတယ်ဆိုတော့ ခိုးရောင်းတာပေါ့” ဟု အဆိုပါဒေသခံက ပြောသည်။
ကလေးမြို့  ရဲစခန်းမှူး ထွန်းငွေ ဦးဆောင်သည့်အဖွဲ့ က ဖမ်းဆီးရမိခဲ့သည့် ဆေးလုံးများကို မူး ယစ်ဆေးဝါးရောင်းဝယ်သူများထံ ခိုးရောင်းနေကြောင်း ကလေးမြို့  ဒေသခံတဦး ထံမှ သိရှိ ရသည်။
“မကြာသေးဘူးပေါ့နော်၊ ည ၁၂း၀၀ လောက်မှာ ကားစိမ်းနဲ့  သူတို့ သိုလှောင်ထားတဲ့ ဂိုဒေါင်က နေသယ်သွားတာ။ ၁၂ ခေါက်လောက် ထုတ်ယူပြီး သယ်သွားတယ်။ ရဲတွေက ရောင်းတာ။ သူတို့  ကဘဲ ဒီဆေးတွေ သိမ်းတယ်ဆိုတော့ ခိုးရောင်းတာပေါ့” ဟု အဆိုပါဒေသခံက ပြောသည်။
Subscribe to:
Posts (Atom)










