Monday, 20 August 2012

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များ မိမိအသိစိတ်ဓါတ်ဖြင့် နှုတ်ထွက်စေရန် တောင်းဆိုထားသော သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဌထံ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ


ပြည်သူ့လွှတ်တော်ဥက္ကဌက (၁၄-၈-၂၀၁၂)ရက်စွဲနဲ့ သ၀ဏ်လွှာ(၁)စောင် ပေးပို့လာခဲ့ပါတယ်။ ဒီသ၀ဏ်လွှာကတော့ ပြည်ထောင်စုအဆင့်သတ်မှတ်ချက်နဲ့ စပ်လျဉ်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၀၁)ဦးက မကျေနပ်တဲ့အတွက် လက်မှတ်ရေးထိုးပြီး ခုံရုံးအဖွဲ့ဝင်(၉)ဦးကို စွပ်စွဲ ပြစ်တင်မှု ဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက် အပေါ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌက သည်းခံကြရန်မေတ္တာရပ်ခံပြီး နိုင်ငံတော်သမ္မတ   ထံ ပေးပို့ လာခြင်း ဖြစ်ပါတယ်။

ရန်ကုန် ဆိုးခရီးစဉ် စက်တင်ဘာ လအတွင်းစတင်တိုက်ရိုက် ပျံသန်း မည်


မြန်မာနိုင်ငံရန်ကုန်မြို့နှင့် ကိုးရီးယားသမ္မတနိုင်ငံ ဆိုးမြို့တို့အကြား ခရီးစဉ်ကို ကိုရီးယားလေကြောင်းလိုင်းမှ လာမည့် စက်တင်ဘာလ ၁၃ တွင် စတင်၍ပျံသန်း ပြေးဆွဲသွားရန် ရှိကြောင်း ရန်ကုန် အခြေစိုက် ဆန်းဖား လေကြောင်း လက်မှတ် အရောင်းကုမ္မဏီ မှ သတင်းပေးပို့ချက်များ အရ သိရှိရသည်။
 
 
NLD ကော့သောင်းခရိုင်ရုံး၏ မြို့နယ် ကော်မတီ ဖွဲ့စည်းမှုများကို ကျေနပ်မှု မရှိသောကြောင့် ယနေ့ မွန်းလွဲ တစ်နာရီခန့်တွင် NLD ပါတီဝင် ၅၀ ခန့်က ကော့သောင်း NLD ရုံးရှေ့တွင် အစာငတ်ခံ ဆန္ဒပြမှု ပြုလုပ် လျက်ရှိကြောင်း ကော့သောင်း မြို့ခံ The Voice Weekly သတင်းရင်းမြစ်များက ပြောကြားသည်။
 
 

ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး၏ ရှင်းလင်းချက်

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲက ထုတ်ဝေစာအားလုံးကို ယနေ့က စပြီး ထုတ်တင် စနစ်ပြောင်းလဲကျင့်သုံးလိုက်တာနဲ့ ပတ်သက်လို့ စာနယ်ဇင်းသမားများက ဖုန်းနဲ့ဆက် သွယ်မေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် အားလုံးသိအောင် ပြန်ကြားရေးဝန်ကြီးဌာန က ဆောင်ရွက်ခဲ့တဲ့ မီဒီယာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အကျဉ်းချုပ်ကို ရှင်းပြလိုပါတယ်။

အခုနောက်ဆုံးဆောင်ရွက်ခဲ့တဲ့ စာပေစိစစ်ရေးမူများ ဖြေလျှော့ပေးလိုက်မှုဟာ ၂၀၀၈ ခုနှစ်က စတင်ခဲ့တဲ့ မီဒီယာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ ရလဒ်လည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ က အတည်ပြုပြီးတဲ့အချိန်က စပြီး  ပြန်ကြားရေး ၀န်ကြီးဌာနဟာ ပြည်သူများအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ် ထားတဲ့နိုင်ငံသားများရဲ့အခွင့်အရေးများကို ဥပဒေနဲ့အညီကျင့်သုံးနိုင်ဖို့အတွက်မီဒီ ယာပြုပြင်ပြောင်း လဲမှုများကို ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ကြိုတင်လေ့ လာမှုတွေပြုလုပ် ခဲ့ပါတယ်။ အဓိကကတော့ နိုင်ငံတကာရဲ့ ပုံနှိပ်မီဒီယာဥပဒေများ နြဲ့ပည်တွင်းမီဒီယာကဏ္ဍဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်ချက်များကို လေ့လာခဲ့တာဖြစ်ပါ တယ်။

၂၀၁၁ ခုနှစ်မှာတော့ သမ္မတကြီးရဲ့ မူဝါဒနဲ့ အညီ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးကို လုပ်ငန်းစဉ်သုံးခုနဲ့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမလုပ်ငန်း စဉ်မှာ တည်ဆဲ ဥပဒေဖြစ်တဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ နှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ ကပေးအပ်ထား တဲ့ လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး စာပေစိစစ်ရေးမူများကို အဆင့် ဆင့် လျှော့ပေါ့ပေး ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ရခြင်းဟာ ပြည်တွင်းစာနယ်ဇင်းများ အနေ နဲ့ နောင်ပေါ်ပေါက် လာမယ့် ပုံနှိပ် မီဒီယာဥပဒေသစ်များနဲ့ သဟာဇာတဖြစ်ဖြစ် လုပ်ဆော င်နိုင်  ဖို့ အတွက် အလေ့အကျင့်များ ရရှိအောင် ဆောင်ရွက် ပေးခဲ့ ခြင်းပဲဖြစ်ပါတယ်။

အဲဒီလိုလုပ်ဆောင်ရာမှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး စာပေဘာသာရပ်ငါးမျိုးကို ထုတ်တင် စနစ်ကိုပြောင်းလဲကျင့်သုံးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ၀န်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တစ်နှစ်ပြည့်တဲ့ အချိန်မှာ ကြိုတင်စိစစ်တဲ့စနစ်ကို ဖျက်သိမ်းပြီး ထုတ်ဝေစာအားလုံး ထုတ်တင်စနစ်ဖြစ်အောင်ဆောင်ရွက်ပါ့မယ်၊အဲဒီအချိန်မှာပေါ်ပေါက်လာတဲ့ကျင့်ဝတ်ဆိုင်ရာပြဿ နာ များ၊ အငြင်းပွားမှုများ၊ ပြည်သူများရဲ့ ကန့်ကွက်တိုင်ကြားချက်များကို ကိုင်တွယ် ဖြေရှင်းနို င်ဖို့အတွက် အမြုတေစာနယ်ဇင်းကောင်စီတစ်ခုလည်း ဖွဲ့ပြီးဖြစ်အောင်ဆောင်ရွက်ပါ့မယ် ဆိုပြီး အထက် အကြီးအကဲများကို တင်ပြခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မေလအတွင်းမှာ လာမယ့် ဇွန်လကုန်ဆိုရင် ကြိုတင်စိစစ်တဲ့စနစ်ကို ဖျက်သိမ်းတော့ မယ်လို့ ပြောဆို မှုတွေရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းဒီလုပ်ငန်းစဉ်များကိုဆောင်ရွက်တဲ့အခါမှာ မျှော်လင့် မ  ထားတဲ့ အခက်အခဲအချို့ပေါ်ပေါက်ခဲ့တာကြောင့် အခု သြဂုတ်လ ၂၀ ရက်နေ့မှသာ ထုတ်ဝေစာ များကို ကြိုတင်စိစစ်တဲ့စနစ်ကို ဖျက်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အမြုတေစာ နယ်ဇင်းကောင်စီနဲ့ပတ်သက်တဲ့အခက်အခဲများကိုလည်းဖြေရှင်းနိုင်ဖို့ ကြိုးစားဆောင် ရွက်နေ ပါ  တယ်။

ဒုတိယလုပ်ငန်းစဉ် အနေနဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ နှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေကို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးနိုင်မယ့် ပုံနှိပ်မီဒီယာ ဥပဒေတစ်ခုကို အသစ် ပြန်လည် ရေးဆွဲဖို့ဆောင်ရွက်ခဲ့ပါ တယ်။ဒီလိုဆောင် ရွက်နိုင်ဖို့အတွက်၂၀၀၈ ခုနှစ်ကစတင်ပြီး ဒေသတွင်း မီဒီယာအဖွဲ့ အစည်းများ ရဲ့ အကူအညီနဲ့ နိုင်ငံတကာမီဒီယာဥပဒေများကို လေ့လာခြင်း၊ ၀န်ကြီးဌာန အနေဖြင့် ပြည် တွင်းစာနယ်ဇင်းများက သတင်းလွတ်လပ်ခွင့်၊စာနယ်ဇင်း ကျင့်ဝတ်တို့နှင့် ပတ်သက် သည့်ရေးသား ချက်များကိုလေ့လာစုဆောင်းခြင်းတို့ ကိုပြုလုပ် ခဲ့ပါတယ်။ ဒီနောက် မှာ ပုံနှိပ်မီဒီယာဥပဒေကြမ်းကိုစတင်ပြုစုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ယူနက်စကိုအပါအ၀င်နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းခြင်း၊ ပြည်တွင်း မှာ အလုပ်ရုံဆွေးနွေးပွဲများပြု လုပ်ခြင်း တို့ကို ဆောင်ရွက်ကာ မူလဥပဒေကြမ်းကို ထပ်မံပြင်ဆင် မှုများ ပြုလုပ်ပြီး ရှေ့နေချုပ်ရုံးနဲ့ အကြိမ်ကြိမ်ညှိနှိုင်းပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ အခု ဆိုရင် သမ္မတရုံးက သုံးသပ်အကြံပြုချက်များ နဲ့ ပြန်လည်ပေးပို့လာတဲ့ ဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ပြီး သြဂုတ်လ ၇ ရက်နေ့ က သမ္မတရုံးကို ပြန်လည်တင်ပြထားပါတယ်။ ဒါဟာ သတ္တမမြောက်မူကြမ်းလည်းဖြစ်ပါတယ်။ ဒီမူကြမ်းကို အတည်ပြုခဲ့ ရင်တော့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က လက်ခံစဉ်းစားဖို့သဘော တူကြောင်းပြန်ကြားလို့ရှိရင် အခြားဥပဒေကြမ်းများ လိုပဲ နေ့စဉ်ထုတ်သတင်းစာများ ကတ ဆင့် ပြည်သူများလေ့ လာပြီး လွှတ်တော်ကိုယ်စားလှယ်များထံအကြံပြုနိုင်ဖို့အတွက် ထုတ်ပြန် သွား မှာဖြစ်ပါတယ်။

တတိယလုပ်ငန်းစဉ်ကတော့ နိုင်ငံပိုင်မီဒီယာများကိုလည်း ပြည်သူ့ရေးရာဝန်ဆောင်မှုမီဒီယာများဖြစ်အောင် ပြုပြင်ပြောင်းလဲသွားဖို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကလည်းအဆင့်ဆင့်ရှိပြီး လက်ရှိအခြေအနေမှာတော့ သတင်းစုဆောင်း မှု၊ ရေး သား မှုပုံစံ များကိုပြောင်းလဲနိုင်ဖို့အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ၀န်ထမ်းများကို လည်း လိုအပ်တဲ့ သင်တန်းပို့ချမှုများပြုလုပ်နေပြီဖြစ်ပါတယ်။

ဒါကတော့ ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၀၈ ခုနှစ်ကစတင်အစပျိုးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လက်တွေ့ စတင်အကောင်အထည်ဖော်ခဲ့တဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အကျဉ်းချုပ်ပဲဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်များအတွင်း ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေမှာ မှားခဲ့တာတွေရှိနိုင်ပါတယ်။ ဘ၀င်မကျနိုင် တာတွေလည်းရှိမှာသေချာပါတယ်။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနက ၀န်ကြီးနဲ့ တာဝန်ရှိသူအဆင့်ဆင့်ဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်ပြီး ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်ကို ကြိုပမ်း အကောင်အထည်ဖော်ခဲ့တယ်၊ ဆက်ပြီးအကောင်အထည်ဖော် ဖို့လည်းကြိုးစားနေတယ်ဆိုတာကိုတော့ အာမခံချင်ပါတယ်။ ကျွန်တော်တို့အပေါ်မှာ သံသယတွေရှိနေဆဲပဲဆိုတာလည်း သိပါတယ်။ ဒါတွေကို ကျွန်တော်တို့ရဲု့လုပ်ဆောင် ချက်များ နဲ့ ကျော်လွှားနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ ကျွန်တော်တို့ ကို မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးအဖြစ်မမြင်ပဲ လုပ်ဖော်ကိုင်ဘက်အဖြစ် မြင်လာေ အာင် လည်း ကြိုးစား သွားမှာပါ။

မြန်မာ့စီးပွားရေး ဆယ်စုနှစ်အတွင်း တစ်နှစ်ရှစ်ရာခိုင်နှုန်း တိုးတက်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း


မြန်မာ့စီးပွားရေးသည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်မှုတိုးတက်အောင် အစိုးရက ပြုလုပ်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း နိမ့်အောင် ထိန်းထားခြင်းအားဖြင့် လာမည့်ဆယ်စုနှစ်အတွင်း တစ်နှစ်ရှစ်ရာခိုင်နှုန်းဖြင့် စီးပွားရေးတိုးတက်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းလိုက်သည်။

စာနယ်ဇင်းများအားလုံး စာပေစိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရပြီ

မြန်မာနိုင်ငံတွင်ပုံနှိပ်ထုတ်ဝေနေသောစာနယ်ဇင်းများနှင့်ထုတ်ဝေစာများအားလုံး သြဂုတ်၂၀ရက်နေမှစ ပြီး စာပေစိစစ်ရေးသို့တင်စရာမလိုဘဲထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနက   ပြောကြား  သည်။

ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများ

ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်ပါသည်။

(၁) ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော ၂၀၁၂ ခုနှစ် စာစစ်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၂) တောင်သူလယ်သမားနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးခြင်း။ အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

(၃) အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်း၊ သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်း၊ အတည်ပြုချက် ရယူခြင်း။

ADSLအင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေး

ယခု ၁ ရက်နေ့မှစတင်၍ ADSL အင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေးခဲ့သည်ဟု ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက သြဂုတ်လ ၁၅ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ပြောသည်။ 

အင်းစိန်ရပ်ကွက်အချို့ ရေလျှံခြင်းမှာရွာမသံမဏိစက်ရုံရေဆင်းပေါက်များပိတ်ထားခြင်း ကြောင်းဟုရပ်ကွက်နေသူများစွပ်စွဲ

ရွာမသံမဏိစက်ရုံမှရေဆင်းပေါက်များဖွင့်မပေးသောကြောင့်၎င်းတို့ ရပ်ကွက်များအတွင်းရေကြီးရေလျှံမှု များဖြစ်ပွားေ နကြောင်းအင်း စိန်မြို့ နယ် အတွင်းရှိရပ်ကွက်အချို့ မှဒေသခံများကစွပ်စွဲလိုက်သည်။

မြန်မာ့ မြန်မာ့ ရုပ်ရှင် ...... လူမျိုး ဂုဏ်အင် ....


(၂၀.၈.၂၀၁၂) မနက်ပိုင်း သတင်းများ

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်   Link
ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းတခု ရေလွှမ်း၍ ညအချိန် ပိတ်   Link
ဆုံးရှုံး မျိုးစပါး အစားထိုး ပြန်ပေးနိုင်ရန် အလှူငွေ ကောက်ခံ   Link
ရေကြီးဒဏ်ခံ ပုသိမ်သားတို့ နေစရာ စားစရာ အခက်ကြုံ    Link
အငြင်းပွားကျွန်းပေါ်မှာ ဂျပန်လည်း ဆန္ဒပြ    Link
ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး ခုထိ ရှာမတွေ့သေး   Link
အာဆီယံဦးဆောင်သူများ အစည်းအဝေး ဒေါ်စု မိန့်ခွန်းပြောမည်    Link
အငြင်းပွားဖွယ် ကျွန်းစုအနား ဂျပန် သင်္ဘောတွေရောက်     Link
တရုတ်မှာ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြ     Link
ရန်ကုန်မြို့  တွင် ရခိုင်အမျိုးသားများက UN/INGOs များနှင့် ပက်သက်ပြီး ဆန္ဒဖော်ထုတ်     Link
ရိုဟင်ဂျာဆိုသူတွေကို စုဆောင်းနေတယ်လို့ စွပ်စွဲခံရတဲ့ စစ်သွေးကြွခေါင်းဆောင်ကို ဘင်္ဂလားရဲက ဖမ်းဆီး ၊ ရမန်ယူ   Link
မင်းဘူးမြို့  နယ်က သူဌေးဦးမောင်လှ တရားမ၀င် ငွေတိုးချေး၊စည်ပင်နဲ့ ပူးပေါင်းကြံစည်ပြီး ဈေးသည်တွေရဲ့  ဆိုင်ခန်းများ သိမ်းယူ    Link
ဘဘဦးကြည်မောင် (ရွေးကောက်ပွဲ အောင်နိုင်ရေး ဗိသုကာ)    Link
ရိုဟင်ဂျာတွေဟာ မြန်မာလူမျိုးစုထဲမှာ ဘယ်တုန်းကမှ မပါခဲ့ပါဘူး    Link
ယောင်္ကျားဥာဏ်     Link
 

Sunday, 19 August 2012

“သောတာပန်၏ ထူးခြားချက်(၇)ရပ်”





ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။   ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ

လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို၊ ဓာတ်ပုံများ ပါကစ္စတန်မှ လာကြောင်း အိန္ဒိယ တွေ့ရှိ


မြန်မာနိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ်မှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်နေပါတယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို နဲ့ ဓာတ်ပုံတွေကို ပါကစ္စတန်နိုင်ငံထဲ ကနေ ပြုလုပ် ဖြန့်ချိနေတာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောဆိုလိုက် ပါတယ်။

နည်းပညာကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ပုံတွေကို ပါကစ္စတန် နိုင်ငံအတွင်းက အင်တာနက် ဘလော့ စာမျက်နှာတစ်ခုမှာ စတင်ဖေါ်ပြခဲ့တာလို့ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး က ပြောပါတယ်။

ဒီကိစ္စကို ပါကစ္စတန် အစိုးရနဲ့ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊  ပါကစ္စတန်နိုင်ငံထဲကနေ အခုလို လုပ်ကြံ ၀ါဒဖြန့်တဲ့ ပုံတွေ စတင်ခဲ့တာနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အထောက်အထားတွေ ရှိကြောင်းလည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖြန်ချိတဲ့ ၀က်ဆိုဒ်ပေါင်း အနည်းဆုံး ၁၁၀ ကျော် ပါဝင်နေတာ တွေ့ရပြီး၊ အဲဒီထဲက ၇၆ ခုကို အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။လုပ်ကြံထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် သေဆုံးနေတဲ့ အလောင်းတွေကို အာသံပြည်နယ်ထဲမှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားပြီး၊ ငလျင်ဒဏ်ကြောင့် သေဆုံး သူတွေရဲ့ပုံတွေကို မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်တွေက မူဆလင်တွေ ကို သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားလို့ ဆိုပါတယ်။

ကမ္ဘာကျော် ဂျပန်လက်ရွေးစင်ဘောလုံးသမားဟောင်း နာကာတာ မြန်မာနိုင်ငံသို့ ရောက်ရှိ

ကမ္ဘာကျော် ဂျပန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဟီဒဲတိုရှိနာ ကာတာသည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆း၄၅နာရီအချိန်က ထိုင်းလေကြောင်းလိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ 

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက သြဂုတ် ၂၀ (မနက်ဖြန်) မွန်းလွဲ ၁ နာရီတွင် သတင်းစာ ရှင်းပွဲပြုလုပ်မည်

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက သြဂုတ် ၂၀ (မနက်ဖြန်) မွန်းလွဲ ၁ နာရီတွင် သတင်းစာ ရှင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဆုံးဖြတ်ခြင်းမှာ မှားယွင်း ဆုံးဖြတ်ခြင်းဖြစ်ပြီး ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက စွပ်စွဲပြစ်တင်လက်မှတ်ရေးထိုးတောင်းဆိုထားသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က နိုင်ငံတော်     သမ္မတထံ သ၀ဏ်လွှာရေးသား၍ ဖေဖော်ဝါရီ ၂ ရက်က တင်သွင်းခဲ့သည့် တင်သွင်းလွှာ အား ပြန်ရုပ် သိမ်းပေး ရန် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှအနားယူရန် တို့ကို သြဂုတ် ၂၁ ရက် မတိုင်ခင် အပြီးဆောင်ရွက်ပေးရန် ထိုသို့ဆောင်ရွက်ပါက လွှတ်တော် ကိုယ်စားလှယ် များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်းကိစ္စကို ပြုလုပ်မည်မဟုတ်ကြောင်း သ၀ဏ် လွှာရေးသားပေး ပို့ခဲ့သည်။

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်များတွင် ဖြစ်ပေါ်သည့် မုန်တိုင်း အရေအတွက် ၁၅ လုံး အထိရှိသွားပြီဖြစ်

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ် ပင်လယ်များ တွင် ဖြစ်ပေါ်သည့် မုန်တိုင်း အရေအတွက် ၁၅ လုံး အထိရှိသွားပြီဖြစ်ပြီး ၄င်း မုန်တိုင်းများအနက် အနောက်ဘက် ဗီယက်နန်နိုင်ငံ ကမ်းရိုးတန်းနှင့် တရုတ်ပြည် တောင်ပိုင်း ကမ်းခြေများဆီသို့ ဦးတည်ဝင်ရောက်သည့် မုန်တိုင်းများ၏ အကြွင်းအကျန်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းများ ကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။


တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ၁၂ ရက်အတွင်း တိုင်စာ ၄၀ ကျော်ရောက်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဖွဲ့စည်းပြီး ၁၂ ရက်အကြာ ဒေသပေါင်းစုံမှ တိုင်ကြားစာ ၄၀ ကျော် ရောက်ရှိလာကြောင်း ယင်းကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

“အကြမ်းဖျင်း ပြောရရင် တရားရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်စာတွေပါ”ဟု ၎င်းကဆိုသည်။

စုံစမ်းရေးကော်မရှင်၏ ပထမဆုံး အစည်းအဝေးကျင်းပ


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းရန်နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေး အကြံပြုရန် နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့သော စုံစမ်းရေးကော်မရှင်က ပထမဆုံး အစည်းအဝေးအား ယနေ့(သြဂုတ် ၁၉ ရက်)နံနက် ၁၀ နာရီမှ ၁၂ နာရီထိ မြန်မာအီးဂရက်ရုံးတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်အမျိုးသား ကွန်ရက်မှ ရခိုင်အရေးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖေါ်

ရခိုင်အမျိုးသား ကွန်ရက်ဟု အမည်ပေးထားသည့် အဖွဲ့မှ ဦးစီးကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသည့် အရေးကိစ္စ များနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်မှု တရပ်ကို ယနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်မှ စတင်ပြု လုပ်လျှက်ရှိသည်။

Saturday, 18 August 2012

တိုင်ဖွန်းမုန်တိုင်း KAI-TAK ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးဖြစ်

သြဂုတ်လ ၁၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data များအရ တိုင်ဖွန်းမုန်တိုင်း KAI-TAK သည် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းစွန်း Lai-Chau ပြည်နယ်သို့ ရောက် ရှိလာပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့လာလျှက်ရှိပါသည်။

14W KAI-TAK – 18 Aug 2012 0600Z
Location: 22.1 103.8
Winds: 30 knots
Central Pressure: 1000 hPa