Saturday, 11 August 2012

Breaking News!

အီရန်နိုင်ငံမြောက်ပိုင်း အေဟာမြို့အနီးတွင် ဒေသစံတော်ချိန် ယနေ့ညနေ ၄း၅၃ နာရီက Magnitude 6.4 နှင့် Magnitude 6.3 အဆင့်ရှိ အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၈၀ သေဆုံးပြီး လူ ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း RT - Latest News က ပြောကြားသည်။ ငလျင်လှုပ်ခတ်ရာ ဒေသတွင်းရှိ ရွာပေါင်း ၆၀ မှာ အကြီးအကျယ် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းစင်တာအနီး ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွား

ယနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်က ရန်ကင်းမြို့နယ် ဆရာစံလမ်းနှင့် ရန်ကင်းလမ်းထောင့် ရန်ကင်းစင်တာအနီး ဆရာစံလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း (စုံးစမ်းဆဲ) မောင်းနှင်လာသော ကင်တာယာဉ်အမျိုးအစား ယာဉ်အမှတ် (၈စ/........) ယာဉ်သည် ရန်ကင်းစင်တာအနီးသို့ အရောက် ၄င်းရှေ့ရှိ ယာဉ်အား ကျော်တက်စဉ် ရန်ကင်းလမ်းမှ ဆရာစံလမ်းအတိုင်း မောင်းနှင်လာသော မထသ (၂၅၅) ယာဉ်လိုင်းမှအမှတ် (ည/
...........) ခရီးသည်တင်ဘီအမ်ယာဉ်အား ၀င်ရောက်တိုက်မိခဲ့သည်။
ထိုယာဉ်တိုက်မှုကြောင့် ကင်တာယာဉ်မှာ ယာဉ်ခေါင်းခန်း ပျက်စီးသွားပြီး ကားခေါင်းခန်းအတွင်း လိုက်ပါလာသော ယာဉ်မောင်းဖြစ်သူမှအပ ကျန်ဝန်ထမ်းများဖြစ်သော ကိုဝင်းထွဋ်ဝင်း (၁၈) နှစ် ကိုအောင်စိုး (၂၄)၊ ကိုကျော်မင်းသူ (၁၉) နှစ်တို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ၄င်းတို့အနက် ကျော်မင်းသူမှာ ကားဒတ်ဘွတ်နှင့် ညက်နေသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ယင်းအား ကားအတွင်းမှ မိနစ် ၂၀ ခန့်ထုတ်ယူခဲ့ရကြောင်း သိရသည်။ ထိုယာဉ်တိုက်မှုနှင့်ပတ်သက်၍ ရန်ကင်းရဲစခန်းမှ ပုဒ်မ ၂၇၉/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
 ref:popular

“ရွှေကျင် ဆရာတော်ဘုရားကြီး၏ သိကောဝါဒစကားပုံ မှ ..”




၁။ ပုထုဇဉ်သော်လည်း သီလရှိလျှင် (အရိယာ)နှင့် တူ၏။ အပါယ် မရောက်။

၂။ ရေရှိမှ ကြာပွားသည်။ သီလရှိမှ သမာဓိများ၏။

“ဓမ္မ၏ အနှစ်သာရ (၃)မျိုး”



ဓမ္မရဲ့ အနှစ်သာရ (၃)မျိုးကတော့ သီလ၊ သမာဓိ၊ ပညာပါပဲ။ အဲသည်အနှစ်သာရ (၃)မျိုးက တန်ဖိုးရှိတယ်။ ဓမ္မရဲ့ အနှစ်သာရဖြစ်လို့ ကောင်းကျိုးပြုတယ်။ အနှစ်သာရကို ပိုင်ပိုင်နိုင်နိုင် တွေ့ရှိ ဆုပ်ကိုင်မိလေလေ မှန်ကန်သော ချမ်းသာသုခကို ရရှိလေလေပါပဲ။

ဘရာဇီးကို အနိုင်ယူပြီး အိုလံပစ်ချန်ပီယံ ဖြစ်ခဲ့သည့် မက္ကဆီကို # ဘရာဇီး ၁-၂ မက္ကဆီကို

 
အိုလံပစ် ပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲ ၏ ဗိုလ်လုပွဲ အဖြစ် ဂျပန် အား အနိုင်ရယူခဲ့သည့် မက္ကဆီကို နှင့် ကိုးရီးယားအား ကျော်ဖြတ် လာခဲ့သည့် ဘရာဇီး အသင်းတို့ ထိပ်တိုက် ယှဉ်ပြိုင် ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်ရှိ ဝင်ဘလေ ကွင်းတွင် ကစားသွား ခဲ့သော ဗိုလ်လုပွဲတွင် မက္ကဆီကို သည် တိုက်စစ်မှုး ပါရယ်လ်တာ ၏ ဂိုးနှစ်ဂိုးနှင့် အတူ ဘရာဇီးအား ၂-၁ ဖြင့် အနိုင်ရယူ ခဲ့ကာ ချန်ပီယံ ဖြစ်ခဲ့သည်။ ယခု ပွဲစဉ်၌ မက္ကဆီကို အသင်းသည် အဓိက ကစားသမား ဒေါ့ဆန်းတို့စ် ဒဏ်ရာ ရရှိနေသောကြောင့် ၄-၅-၁ ကစားကွက်ကို ပုံဖော် ခဲ့ပြီး ပါရယ်လ်တာ ကို အထောင် ထားခဲ့ပြီး အင်းနရစ်၊ အကီနို၊ ဖေဘီယံ တို့ဖြင့် ကွင်းလယ်မှ ဝန်းရံ တိုက်စစ် ဆင်စေ ခဲ့သည်။ ဘရာဇီး အသင်းတွင်တော့ တိုက်စစ်မှုး နေးမာ၊ ဒါမီရို အစရှိသူတို့ ပါဝင် ခဲ့ပြီး ၎င်းတို့ ပွဲစဉ်တစ်လျှောက် အသုံးပြုခဲ့သော လူစာရင်း ဖြင့်သာ ပွဲထွက် ခဲ့ပြီး ၄-၂-၂-၂ ကစားကွက် ကို အခြေခံ ပုံဖော် ခဲ့သည်။

တနင်္လာနေ့မှာစပြီး AGD ညောင်ရွှေ ဘဏ်ခွဲတွင် နိုင်ငံခြားငွေ လဲလှယ်နိုင်မည်


၁၃-၈-၂၀၁၂ ရက်နေ့ (တနင်္လာနေ့)မှ စတင်ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ညောင်ရွှေဘဏ်ခွဲ တွင် နိုင်ငံခြားငွေလဲကောင်တာ (Money Changer) ကို ဖွင့်လှစ်မည်ဖြစ်ပြီး၊ မည်သူမဆို အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို မည်သည့်စာရွက်စာတမ်းမှ မလိုအပ်ဘဲ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အလုပ်အမှုဆောင် ဖွဲ့ စည်းပြီး


ဥက္ကဌ - မောင်ဝံသ
ဒု ဥက္ကဌ ( ၁ ) - ဦးကိုကို
ဒု ဥက္ကဌ ( ၂ ) - ဦးသီဟစော
ဒု ဥက္ကဌ ( ၃ ) - ဦးဝင်းငြိမ်း
အတွင်းရေးမှူး - ဦးဖိုးနိုင်လင်း
တွဲဖက်အတွင်းရေးမှူး ( ၁ ) - ဒေါက်တာမျိုးမင်းထိုက်
တွဲဖက်အတွင်းရေးမှူး ( ၂ ) - ကျော်စွာမင်း
တွဲဖက်အတွင်းရေးမှူး ( ၃ ) - မေသင်္ကြန်ဟိန်
ဘဏ္ဍာရေးမှူး - ဒေါ်ဆင့်ဆင့်အောင်
စာရင်းစစ်မှူး - ဦးအောင်သူမြိုင်
ပြန်ကြားရေးမှူး - ဦးမြတ်ခိုင်
နိုင်ငံခြားဆက်ဆံရေးမှူး - ဦးအောင်လှထွန်း

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်။
လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ မောင်တောမြို့တွင် (၈.၄၆)လက်မ၊ ကျောက်ဖြူမြို့တွင် (၅.၀၇)လက်မ၊ မော်လမြိုင်မြို့တွင် (၅.၀၃)လက်မ၊ ကော့ကရိတ်မြို့တွင် (၄.၂၅)လက်မ၊ ကျိုက်မရောမြို့တွင် (၄.၀၁)လက်မ၊ ကြို့ပင်ကောက်မြို့တွင် (၃.၆၆)လက်မနှင့် ပေါင်မြို့တွင် (၃.၆၂)လက်မတို့ ဖြစ်ကြပါသည်။

ရင်းနှီးမြှုနှံမှု ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက် ပြည်မကြီးနှင့် ထိုင်ဝမ် လက်မှတ် ရေးထိုး


တရုတ်ပြည်မကြီးကို လိုလားသော ထိုင်ဝမ် သမ္မတ မာရင်ဂျိုး လက်ထက်တွင် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို မြှင့်တင်သည့် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ် နှစ်နိုင်ငံတို့ သဘောတူ လက်မှတ် ရေးထိုးလိုက်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပန်းချီပန်းပုဆရာများက ၈၅သိန်းကျော်ဖိုးရှိ ပစ္စည်းများလှူဒါန်း

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေး ရန်ပုံငွေရရှိရန် မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်း အရုံး(ဗဟို)မှ ကြီးမှူ်း၍ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပန်းချီ ပန်းပုပညာရှင်များအား စုစည်းပြီး (၁၃.၇.၂၀၁၂)မှ (၂၁.၇.၂၀၁၂) နေ့အထိ ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းဈေးအရှေ့ဘက်တန်း ရှိ အစည်းအရုံး(ဗဟို) ပြခန်း တွင် ကျင်းပခဲ့ရာ ပန်းချီကား (၅၅)ကား နှင့် ပန်းပုရုပ် (၁၃)ရုပ်ကို ၈၅၆၉၉၅၀ ကျပ်ဖြင့် ရောင်းချခဲ့ ရသည်။ 

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (အဆုံး)


သဲအိတ်များကို ရေတိုက်စားခြင်း လှိုင်းပုတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ရလေအောင်   ရေတိုးရာ ရေဦးတိုက် နေရာများတွင် အောက်ဖော်ပြပါ ပုံကဲ့သို့ သေသေချာချာ ကာကွယ်နိုင်သော အကာအရံများ ထပ်မံဖြည့်သွင်း တည်ဆောက် ထားသင့်ပါသေးသည်။ ထိုသို့ တည်ဆောက်ရာတွင် ခိုင်ခံသော သစ်သားများကို အသုံးပြုပြီး အခြေကိုလဲ ရေတိုက်စားခြင်း မရှိရလေအောင် သေသေချာချာ စီမံပြုလုပ် အသုံးပြုသင့်ပါသည်။

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၃)

တာပုံ သဲအိတ်စီနည်းကို ပိုမိုကောင်းမွန်အောင် အလွယ်တကူ ရေမဝင်နိုင်စေရန် ပလပ်စတစ်အလွှာတွေ အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ကြာရှည်စွာ ရေတက်နေ၊ ရေကြီးတတ်တဲ့ ဒေသတွေအတွက် အလွန်ပင် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပလပ်စတစ်အစတွေကို ပြုလုပ်ထားတဲ့ သဲအိတ်တာပေါ်မှာ ထပ်ပြီးခင်းတဲ့သဘောပါ။ တော်ရုံနဲ့ ရေမစိမ့်နိုင်တော့သလို ရေတိုးနေတဲ့ ဒဏ်ကိုလဲ ခံနိုင်ရည် ပိုရှိလာပါမယ်။

ပုံ (၁၁) ပလပ်စတစ်အားဖြည့် သဲအိတ်တာ

ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ


မြန်မာ အိမ်နီချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံ၌ ဗလီဝတ်ပြုပြီး ပြန်အထွက်တွင် မိုးကြိုးပစ်ခံရ၍ လူ ၁၀ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိသွားကြောင်း ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း တိုက်ခိုက်ခံရ

အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ်ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟု Jakataglobe ဆိုဒ်တွင် ရေးသားထားသည်။

Customers များအား စော်ကားသော RedLink

Red Link ၏ Customer များအား စော်ကားမှု .. မူရင်း Note ကို ဖျက်လိုက်လို့ Print Screen ဖမ်းပြီးတော့ကို တင်တာ ... ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်မှတော့ ရိုက်သတ်မှပဲရတော့မယ် ...
ref:Alingar May Kyaw 'FB

အပြာရောင် လေးနဲ့ လှနေတဲ့ သဉ္ဖာနွယ်ဝင်း





 

ယူကေနိုင်ငံ University of Portsmouth မှ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လွန် ဒီပလိုမာ သင်တန်း မုံရွာတွင် ဖွင့်မည်

ယူကေနိုင်ငံ University of Portsmouth မှ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လွန် ဒီပလိုမာ၊ ဘွဲ့သင်တန်းနှင့် အသိအမှတ်ပြုလက်မှတ်(Certificate) များကို မြုံရွာမြို့တွင်ပင် တက်ရောက်သင်ကြားနိုင်မည့် နိုင်ငံတကာ အသိအမှတ်ပြု e-learning center တစ်ခုကို မကြာမီ ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာန အသီးသီး၏ website စာရင်းများ

အီရန်နိုင်ငံသည် ပစ်မှတ်တိကျသည့်ဒုံးပျံနှင့်ရေယာဉ်ပျံသစ်များကို ထုတ်လုပ်သွားမည်ဟုဆို

အီရန်နိုင်ငံသည် ပစ်မှတ်ကိုတိကျစွာထိမှန်သည့်ဒုံးပျံနှင့် လက်နက်တပ်ဆင်နိုင်သည့် ရေယာဉ်ပျံသစ်များ (Armed Flying Boats)ကို ပြည်တွင်း၌မကြာမီစတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဘာဟီဒီက ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

မြောင်းထဲရောက်နေသည့် မြန်မာအသင်းကို သူတို့ ဆွဲတင်ပေးနိုင်မလား



ခေါင်းစဉ်နှင့် ပတ်သက်၍ ဦးစွာ ရှင်းလင်း လိုပါသည်။ ယခုခေါင်းစဉ်သည် ကြမ်းကောင်းကြမ်းမည်၊ ရိုင်းကောင်းလည်း ရိုင်းနေပေမည်။ သို့သော် မှန်သင့်သလောက်လည်း မှန်ပေသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း မြန်မာ့ လက်ရွေးစင် အသင်း၏ ခြေစွမ်းနှင့် အဆင့်အတန်း၊ ရလဒ်များနှင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များက သက်သေတည် ပေလိ့မ်မည်။ ယခုခေါင်းစဉ်သည် မြန်မာ့ဘောလုံး ဖွံ့ဖြိုး တိုးတက်စေရေး အတွက် အားကြိုးမာန်တက် ကြိုးပမ်း အားထုတ်နေသူ တစ်ဦး တစ်ယောက်ကိုမျှ စော်ကား ပုတ်ခတ်လို၍ မဟုတ်၊ နိမ့်ကျနေသည့် မြန်မာ့ဘောလုံး အဆင့်အတန်းအား ပြန်လည် ဆွဲတင်ပေးနိုင်မည့် အခွင့်အရေး တစ်ခု ရှိနေသည့် အချိန်တွင် အမှန်တကယ် ဆွဲတင် ပေးနိုင်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်၊ ဆွဲတင် ပေးကြစေလိုသည့် ဆန္ဒ၊ ဆွဲတင် ပေးနိုင်ကြပါစေ ဆိုသည့် ဆုတောင်း အစရှိသည်တို့အား အခြေခံ၍ ဖြစ်ပေါ်လာသည့် ခေါင်းစဉ် တစ်ခုမျှသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။။