Friday, 10 August 2012

“ဇရာသုတ်”




လူတို့၏ ဤအသက်သည် နည်းငယ် တိုတောင်းလှလေစွ၊ အနှစ်တစ်ရာ အတွင်း၌ သော်လည်း သေတတ်၏၊ အနှစ်တစ်ရာကို လွန်၍ အသက်ရှင်စေကာမူ အိုမင်း ရင့်ရော်၍သော်လည်း သေတတ်၏။ (၁)

လူတို့သည် မြတ်နိုးဖွယ် ၀တ္ထုကြောင့် စိုးရိမ်ပူဆွေးကြကုန်၏၊ မှန်၏-အမြဲထာဝရ သိမ်
းဆည်းထားနိုင်သော ပစ္စည်း ၀တ္ထုတို့မည်သည် မရှိကြကုန်၊ ဤသို့ အမြဲ ထာဝရသိမ်းဆည်း မထားနိုင်ခြင်းသည် (လောက၌) ထင်ရှားဖြစ်ပေါ် နေသော ကွေကွင်း ပျက်စီးခြင်းပင်တည်းဟု မြင်၍ အိမ်ရာတည်ထောင် လူတို့ ဘောင်၌ မနေရာ။ (၂)

ဒါးကမြစ် ရေလျှံ လို့ ကျောင်းကုန်းမြို့  ရေမြုပ်



သြဂုတ် ၉ ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒါးကမြစ်ရေ   မြင့်တက်လာသဖြင့် ကျောင်းကုန်းမြို့ အနိမ့်ပိုင်း ရေနစ်မြုပ်နေသော ရပ်ကွက်များမှ ရေဘေးသင့်   ပြည်သူများအား ကျောင်းကုန်းမြို့နယ်ရှိ ရေလွတ်ရာနေရားများသို့ ပြောင်းရွှေ့နေထိုင်စေခဲ့ပါသည်။   ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ဆန်ထောက်ပံ့ခြင်း၊ ကျန်းမာရေး စောင့်ရှောက်ကုသပေးခြင်း စသည်တို့ကို နယ်ဘက်၊ စစ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်

သက်တမ်း နှစ် ၇၅၀ ကျော် Redwood Tree, California



ရုက္ခဗေဒ ပညာရှင်တွေဟာ သက်တမ်း 750 years ၀န်းကျင်ရှိပြီဖြစ်တဲ့ Redwood သစ်ပင်ရဲ့ အတ္ထုပ္ပတ္တိကို အသေးစိတ်လေ့လာမှတ်သား နေကြတာပါ..။ Redwoods သစ်ပင်တွေဟာ တစ်ချိန်မှာ ကမ္ဘာမြေရဲ့ အကြီးဆုံး(largest) နဲ့ အသက်အကြီးရင့်ဆုံး(oldest) ဇီဝရုပ်များ ဖြစ်လာနိုင်လို့ပါ..။ ပညာရှင်တွေဟာ အဲ့ဒီသစ်ပင်တွေရဲ့ ကျန်းမာရေး နဲ့ပတ်သက်ပြီး အခုလိုပဲ မကြာမကြာ စစ်ဆေးပေးရပါတယ်..။ အဓိက ကတော့ အမြစ်ကထောက်ပံ့ ပေးနေတဲ့ ရေအဟာရ ဟာသစ်ပင်ကြီးကို လုံလောက်စွာအကျိုးပြု နိုင်ပါရဲ့လား ဆိုတာရယ်.. သူတို့ရဲ့ ပုံမှန်အသက်ရှင်နိုင်တဲ့သက်တမ်းထက်ပိုပြီး အသက်ရှင်နိုင်အောင် တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေကို မကြာမကြာပြုလုပ်ပေးရတာပါလို့ National Geographic page မှာရေးသားထား တာကို တွေ့မိပါတယ်..။ 

ပုသိမ်မြို့  ရေကြီးနေမှု မြင်ကွင်းများ






" ဒါးက " ကျိုး၍ ရန်ကုန်-ပုသိမ် ကားလမ်း ရေကျော်

ယနေ့ သြဂုတ် ၁၀ ရက် ၁  ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်နှင့် ကန်ကြီးဒေါင်းကြားတွင်'ဒါးက'တာ ကျိုး၍ ရန်ကုန်-ပုသိမ်သွား ကားလမ်းရေလွှမ်းနေကြောင်း သိရှိရပါသည်။ 

စစ်တွေတွင် ညမထွက်ရအမိန့်ကို လျော့ချပြီ

ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို တစ်နာရီလျော့ ချသတ်မှတ် လိုက်ကြောင်း သိရသည်။

ွ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် ညမထွက်ရ အမိန့်ကို စစ်တွေမြို့တွင် ၂၀၁၂ ခုနစ် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ ရာ ယခုအခါ ၂ လတိုင်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်ရေတပ်သည် စပရက်တလီကျွန်းစုမှ တရုတ်ငါးဖမ်းသင်္ဘော ၂ဝ စီးကို မောင်းထုတ် သွားမည်ဟုဆို

ဖိလစ်ပိုင် ရေတပ်သင်္ဘောများသည် နိုင်ငံ၏ရေပိုင်နက်အတွင်းရှိ တရုတ်ငါးဖမ်းသင်္ဘောများအား ထွက်ခွာသွားရေး အသိပေးရန်အတွက် စပရက်တလီကျွန်းစုသို့သွားရောက်ရန်အသင့်ရှိကြောင်း ဖိလစ်ပိုင် အနောက်ပိုင်းရေတပ်ဖွဲ့အကြီးအကဲ ရေတပ်ဗိုလ်မှူးချုပ် ရတ်စတွန်ပီနာက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဖြစ်ပေါ်

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေ အန်ဒရာပရာဒက်ရှ်ပြည်နယ်နှင့် သြရိသပြည်နယ် နယ်စပ်အနီး တွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လျှက်ရှိကြောင်း အိန္ဒိ.မိုးလေဝသဌာနမှ သြဂုတ်လ(၁၀)ရက်အတွက် ထုတ်ပြန်သည့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မိုးလေဝသထုတ်ပြန်ကြေငြာချက်တွင် ဖေါ်ပြထားပါသည်။၊ 

ကုန်းတွင်းရောက် တိုင်ဖွန်း HAIKUI အကြွင်းအကျန်များ အင်အားလျော့လာ

ကုန်းတွင်းရောက်နေသည့် တိုင်ဖွန်းမုန်တိုင်း HAIKUI(12W) အကြွင်းအကျန်များသည် အင်အားလျော့လာသော်လည်း ဗဟိုဖိအား ကျဆင်းလျှက်ရှိနေသေးကြောင်း တွေ့ရပါသည်။
 

မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် သတ်မှတ် မြေနေရာအဆင်မပြေပါက စီမံချက် ဖျက်သိမ်းမည်

မန္တလေးမြို့တော်မှ ၁၀ မိုင်ခန့် အကွာ ရှိ အင်းဝရှေးဟောင်းနယ်မြေ အနီးတွင် မြို့တော်သစ် တည်ထောင် မည်ဖြစ်သည့် အတွက် မြေနေရာ သတ်မှတ်ထားရာ အဆိုပါ မြေနေရာမှာ မူလပိုင်ရှင်များ နှင့် ညှိနှိုင်းမှု များ အဆင်မပြေပါက စီမံ ကိန်းကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို အဓိက တာဝန်ယူ   ဆောင်ရွက်နေသော စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ယခုလ ၄ ရက်နေ့က ပြောသည်။

တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် သင်္ဘောဖျက်ဒုံးပျံထုတ်လုပ်ရေး ဆွေးနွေးပွဲစတင်

လက်နက်များကိုယ်ပိုင်သီးခြားလွတ်လပ်စွာထုတ်လုပ်နိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ကြိုးပမ်းမှု တစ်စိတ် တစ်ပိုင်းအဖြစ် တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် C-705 သင်္ဘောဖျက်ဒုံးပျံများထုတ်လုပ်ရေး တွေ့ဆုံ   ဆွေးနွေးပွဲများအား စတင်ပြုလုပ်ခဲ့ကြကြောင်း ဇူလိုင်လ ၂၇ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ 

Apple Siri နှင့် ယှဉ်ပြိုင်မည့် အသံနှင့်ရှာဖွေမှုပြုလုပ်နိုင်သော app သစ်ကို Google မိတ်ဆက်

Google ကုမ္ပဏီက Google Search ကို အဆင့်မြှင့်ထားသည့် iPhone app သစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်း app သည် Apple ၏ Siri software နှင့် ယှဉ်ပြိုင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အကြံပေး၏ နိုင်ငံရေး လက်ထောက်နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့ တွေ့ဆုံ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်၏ နိုင်ငံရေးလက်ထောက် Mrs. Maricanne Hagien နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့သည် သြဂုတ် ၁၀ ရက် မနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက် UNESCO မှ အကူအညီပေးမည်

အေဒီ ၁၀ ရာစုမှ ၁၄ ရာစုနှစ်အတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းအဆောက်အဦးပေါင်း သုံးထောင်ကျော် ကျန်ရှိနေသေးသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် UNESCO မှ အကူအညီပေးသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရှိရသည်။

ဝတ်မှုန်ရွှေရည် ရဲ့  ၂၄ နှစ်ပြည့် အလှူ



ဝတ်မှုန်ရွှေရည်က သူမရဲ့ ၂၄ နှစ်ပြည့်မွေးနေ့ကို သြဂုတ်လ ၁၀ ရက်နေ့က မှော်ဘီမြို့    အောင်ဇဗ္မူတောရကျောင်းမှာ ကျင်းပခဲ့ပါတယ်။ အောင်ဇဗ္မူတောရကျောင်းမှာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဖွယ်ဝတ္တုများလည်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ 

စင်္ကာပူ အမျိုးသား တက္ကသိုလ် မီးလောင်

စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (National University of Singapore - NUS) ရှိ Engineering Block E3A တွင် ဒေသစံတော်ချိန် မွန်းလွဲ ၃း၀၀ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်း
မှုဖြစ်ပွားပြီးနောက် လူတစ်ဦးအား ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း Channel News Asia သတင်းက   ပြောကြားသည်။ ယခုအခါ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ NUS မီးလောင်ကျွမ်းမှု မှတ်တမ်ဓာတ်ပုံများအား Channel News Asia က စုစည်းဖြော်ပသည်။



ဝေဟင်ထက်က ကရုဏာရှင် လေယာဉ်မှူး

ထားဝယ်မြို့တစ်မြို့လုံး အံ့ဩချီးမွမ်း မဆုံးဖြစ်ခဲ့ရတဲ့ အဖြစ် အပျက်လေးတစ်ခု ထားဝယ်လေဆိပ်မှာ ဇူလိုင်လ ၁၀ ရက် နေ့ ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ဖြစ်ပွား ခဲ့ပါတယ်။




လူသားအချင်းချင်း စာနာထောက် ထားတတ်တဲ့စိတ်ဓာတ်နဲ့ မြန်မာလူ မျိုး တွေရဲ့ တစ်ဦးကိုတစ်ဦး ကူညီဖေးမတတ်တဲ့ ကရုဏာစိတ်ထားတွေ ကို ထားဝယ် မြို့ခံတွေအားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အံ့ဩ ချီးမွမ်းမဆုံးဖြစ်ခဲ့ရ သူ ကရုဏာရှင် လေယာဉ်မှူးအဖြစ် ဂုဏ်ပြုခံရသူ ကတော့   မြန်မာ့လေကြောင်းက လေယာဉ်မှူးကြီး ဦးသန်းထွေးပဲ ဖြစ်ပါ တယ်။


အရက်ကို တာရှည် အလွန်အမင်းသောက်ခြင်း၏ ကျန်းမာရေးဆိုးကျိုး ၁၂ ရပ်

အရက် အလွန်အကျွံသောက်ပြီး အမူးလွန်တာကြောင့် အသည်းခြောက် ရောဂါလို ရောဂါတွေအပြင် ကားတိုက်တာကြောင့် ထိခိုက်မှုတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။လေ့လာမှုတွေအရ အရက်ကို အချိန်ကြာကြာနဲ့ အလွန်အကျွံ သောက်တာကြောင့် အောက်ပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

၁၀ လကျော်အတွင်း ပြည်ပမှ ကားအစီးရေခြောက်သောင်းကျော် ဆိပ်ကမ်းအရောက် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖိုး တင်သွင်းထား


ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေးစီမံကိန်း စတင်သော ၂၀၁၁ စက်တင်ဘာ ၁၉ရက်မှ၂၀၁၂ဇူလိုင် ၂၇ရက်အထိ ၁၀လကျော်အတွင်း ကားအစီးရေ စုစုပေါင်း ၆၃၉၄၂စီး တင်သွင်းပြီးဖြစ်ကာ စုစုပေါင်း ဆိပ်ကမ်းအရောက်တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ၁ ဒသမ ၆ ဘီလီယံရှိခဲ့သည်။

'' UNESCO က မြန်မာမီဒီယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ကူညီမည်''


UNESCO ညွှန်ကြားရေးမှူးချုပ် မစ္စအီရိနာဘိုကိုဗာက မြန်မာနိုင်ငံ၏ မီဒီယာ ကဏ္ဍဖွံ့ဖြိုးရေး အတွက် စီစဉ်ဆောင်ရွက် ကူညီပေးသွားမည် ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။ထို့အပြင် သူမက UNESCO အနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိမ်းသိမ်းရေးအတွက် ဆက်လက် တိုးမြှင့်ကူညီ သွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။
မစ္စအီရိနာဘိုကိုဗာက မြန်မာနိုင်ငံရောက်ရှိခိုက် သမ္မတ ဦးသိန်းစိန်၊ အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အရပ်ဖက် အဖွဲ့အစည်းများပါ တွေ့ဆုံခဲ့ပြီး၊ ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။



ref:popular