Wednesday, 30 March 2016

ယနေ့ အစိုးရအာဏာလွှဲပြောင်းမည်

သမ္မတသစ် ဦးထင်ကျော် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်

အစိုးရ အဖွဲ့သစ် ခေါင်း ဆောင် သမ္မတသစ် ဦးထင်ကျော် က နိုင်ငံတော်သမ္မတအဖြစ် တာ ဝန်ထမ်းဆောင်ရန် ကတိသစ္စာ ပြုပြီးနောက် ၎င်း၏ အစိုးရ လက်ထက်၌ ဆောင်ရွက်မည့် မူဝါဒများပါဝင်သော နိုင်ငံတော် အခြေပြမိန့်ခွန်းကို ပထမဆုံးအ ကြိမ် ပြောကြားမည်ဖြစ်သည်။သမ္မတသစ်၏မိန့်ခွန်းတွင် လာမည့် အစိုးရသစ်ငါးနှစ်သက် တမ်းအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည့် ကဏ္ဍများအ ကြောင်း၊ အစိုးရသစ်၏နိုင်ငံခြား ရေးမူဝါဒများ၊ ပြည်တွင်းငြိမ်းချမ်း ရေးတို့ကို ထည့်သွင်းပြောကြား လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူ များက သုံးသပ်ကြသည်။
နိုင်ငံတော် သမ္မတသစ်အ ဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဦးထင်ကျော်နှင့် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူများက ပြည် ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စုလွှတ်တော် ရှေ့ မှောက်တွင် ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင် စုလွှတ်တော်၌ မိန့်ခွန်းပြောကြား ခြင်းတို့ကို မြန်မာ့ရုပ်မြင်သံကြား (News Channel)၊ လွှတ်တော် (Channel)နှင့် မြန်မာ့အသံရေဒီ ယိုအစီအစဉ်တို့မှ ယင်းနေ့နံနက် ၁၀ နာရီမှစ၍ တိုက်ရိုက် ထုတ် လွှင့်ပေးမည်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
သမ္မတသစ် ဦးထင်ကျော် သည် ပြည်ထောင်စုလွှတ်တော် တွင် ကတိသစ္စာပြုခြင်းနှင့် မိန့်ခွန်းပြောကြားခြင်းတို့ ပြုလုပ်ပြီးပါက သမ္မတအိမ်တော်သို့ သွားရောက် ကာ အာဏာ လွှဲပြောင်းပေးရန် စောင့်ဆိုင်းနေသည့် လက်ရှိအစိုး ရအဖွဲ့ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ် သည်။  ယင်းနောက် သီဟာသန ပလ္လင်ရှေ့တွင် သမ္မတတစ်ဦး၏ အဆောင်အယောင်ဖြစ်သော ရွှေ စလွယ်ကို လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင် ဦးသိန်းစိန်က အစိုး ရအဖွဲ့သစ်ခေါင်းဆောင် သမ္မတ သစ် ဦးထင်ကျော်အား လွှဲပြောင်း ပေးအပ်မည်ဖြစ်သည်။
မတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ကျင်းပမည့် အာဏာလွှဲပြောင်းပွဲအခမ်းအနား ကို MRTV News Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့ မှ တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စု လွှတ်တော် တွင် ကတိသစ္စာပြုခြင်း၊ နိုင်ငံ တော်အခြေပြမိန့်ခွန်း ပြောကြား ခြင်းနှင့် သမ္မတ အိမ်တော်၌ အာဏာလွှဲပြောင်းခြင်းတို့ ပြုလုပ်ပြီးနောက် ညနေပိုင်းတွင် သမ္မတအိမ်တော် မြက်ခင်းပြင်၌ ညစာစားပွဲပြုလုပ်မည်ဖြစ်သည်။
လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၂၀၁၁ မှစ၍ နိုင်ငံကိုအုပ်ချုပ်ခဲ့ခြင်းဖြစ်ကာ ယခုလ ၃၀ရက်၌ ၎င်းအစိုးရ၏ ငါးနှစ်တာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

"အီဂျစ်လေယာဉ်အပိုင်စီးသူ အကြမ်းဖက်ရန် ရည်ရွယ်ချက် မရှိနိုင်ဟုဆို"


အီဂျစ် ခရီးသည်တင် လေယာဉ်ကို အပိုင်စီးထားသည့် အမျိုးသားသည် အကြမ်းဖက်မှု ရည်ရွယ်ချက်မျိုး မရှိနိုင်ကြောင်း ဆိုက်ပရပ်စ် အစိုးရက ပြောကြားခဲ့သည်။ အီဂျစ်လေကြောင်းပိုင် MS181ကို အပိုင်စီးကာ ဆိုက်ပရပ်စ်သို့ လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့သည့် အီဂျစ်အမျိုးသားသည် ခရီးသည် အများစုနှင့် အနည်းဆုံး လေယာဉ်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။
လတ်တလောတွင် နိုင်ငံခြားသား လေးဦးနှင့် လေယာဉ် အမှုထမ်းအချို့ကို ဆက်လက် ထိန်းသိမ်းထားသည့် ပြန်ပေးသမားက ၎င်း၏ ဇနီးဟောင်းဖြစ်သူ ဆိုက်ပရပ်စ် နိုင်ငံသူ အမျိုးသမီးကို ခေါ်ပေးရန် အာဏာပိုင်များကို တောင်းဆိုထားကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် လေယာဉ်ရှိနေသည့် လန်ကာရာ လေဆိပ်သို့ လာရောက်နေပြီ ဖြစ်သည်။ ဆိုက်ပရပ်စ် သမ္မတ နစ်ကော့စ် အနာစတက်ရှာဒက်စ်က ယခုပြန်ပေးမှုသည် အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ဟု ပြောကြားခဲ့သည်။ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ခရီးသည် အများအပြား ပြန်ဆင်းလာပြီ ဖြစ်သော်လည်း လေယာဉ်ပေါ်တွင် လူအရေအတွက် မည်မျှ ကျန်နေသေးသည်ကို တိတိကျကျ မသိရသေးဟုလည်း သတင်းများက ဖော်ပြထားသည်။
Ref: Guardian

ပြန်ပေးဆွဲထားသည့် အီဂျစ်လေယာဉ်မှ ခရီးသည်အများစု ပြန်လွတ်လာ


အီဂျစ်လေကြောင်းပိုင် ပြည်တွင်းခရီးစဉ်အမှတ် MS181ကို ပြန်ပေးဆွဲထားသည့် အီဂျစ်အမျိုးသားက ခရီးသည် အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း လေယာဉ်အဖွဲ့သားများနှင့် နိုင်ငံခြားသား ခရီးသည် အချို့ကို ထိန်းချုပ်ထားဆဲဟု သိရသည်။
ပြန်ပေးသမားသည် အီဂျစ်နိုင်ငံသားတစ်ဦးဟု သတင်းများက ဖော်ပြထားပြီး ၎င်းသည် အီဂျစ်နိုင်ငံသား မဟုတ်သူ ခရီးသည် ၄ ဦးနှင့် အမှုထမ်းများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ လေယာဉ်သည် မူလက အလက်ဇန္ဒရီးယားမှ ကိုင်ရိုသို့ ဦးတည်ပျံသန်းသော်လည်း ပြန်ပေးသမား၏ တောင်းဆိုမှုကြောင့် ဆိုက်ပရပ်စ်တောင်ပိုင်းရှိ လန်ကာရာ လေဆိပ်တွင် ဆိုက်ကပ်ပြီး ပိတ်မိနေဆဲ ဖြစ်သည်။
အီဂျစ်လေကြောင်းလိုင်းက လေယာဉ်ပေါ် လိုက်ပါသွားသူ ၈၁ ဦး ရှိခဲ့ပြီး ခရီးသည် အများစု လွတ်မြောက်လာပြီဟု အတည်ပြု ကြေညာသည်။ မျက်မြင်များကလည်း လေယာဉ်ပေါ်မှ ဆင်းသက်လာသူများသည် ဘတ်စ်ကားတစ်စီး
ပေါ်တက်ကာ အခင်းဖြစ်ရာ နေရာမှ ထွက်ခွာသွားကြောင်း ပြောကြားခဲ့သည်။ ခရီးသည် တစ်ဦးက ပြန်ပေးသမားသည် ဖောက်ခွဲရေး ပစ္စည်းများ ပါရှိသည့် ခါးပတ်ကို ဝတ်ဆင်ထားကြောင်း ဆိုသည်။

Tuesday, 29 March 2016

ထင်ရှားကျော်ကြား သူတွေနဲအတူ အသက် (၃၀)ပြည့် မွေးပွဲနေ့ ကျင်းပတဲ့ လေဒီဂါဂါ

အမေရိကန် အဆိုတော် လေဒီဂါဂါသည် အသက် (၃၀)ပြည့်မွေးနေ့ကို ထင်ရှားကျော်ကြားသော အနု ပညာရှင်မိတ်ဆွေများနှင့်အတူ ကျင်းပခဲ့သည်။ မတ်လ ၂၈ ရက် တွင် အသက် (၃၀)ပြည့်မည့် လေဒီဂါဂါသည် မွေးနေ့မတိုင်မီ နှစ်ရက်ကြို၍ ပွဲကျင်းပခြင်းဖြစ် သည်။ လေဒီဂါဂါ၏ မွေးနေ့ပွဲကို မတ်လ ၂၆ ရက်တွင် ဟောလိဝုဒ်ရှိNo Name ကလပ်၌ ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်သည်။လေဒီဂါဂါ၏ မွေးနေ့ပွဲသို့ တက်ရောက်သူများတွင် တေလာ ဆွစ်ဖ်၊ လာနာဒယ်ရေး၊ ကိတ် ဟက်ဆန်၊ ဖာရဲလ်ဝီလီယံ၊ ဂျွန် လက်ဂျန့်နှင့်ဇနီး၊ ကက်သီဘိတ်စ် နှင့် လေဒီဂါဂါ၏ခင်ပွန်းလောင်း တေလာကင်နေးတို့ ပါဝင်ခဲ့သည်။

ပထမအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မယ့် ထယ်ယွန်း


 တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ Girls' Generation  အဖွဲ့ဝင် ထယ်ယွန်းသည် ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွကျင်းပပြုလုပ် မည်ဟု ၎င်း၏အေဂျင်စီ SM Entertainment ကပြောသည်။Taeyeon, Butterfly Kiss ဟု အမည်ပေးထားသော ဖျော် ဖြေပွဲများကို ဧပြီ ၂၃ ရက်နှင့်၂၄ ရက်တွင် ဆိုးလ်မြို့ အိုလံပစ်အားကစားကွင်း၌ ကျင်းပပြုလုပ် မည်ဖြစ်သည်။
ထယ်ယွန်းသည် ပြီးခဲ့သည့် နှစ်အောက်တိုဘာက SM ဖျော် ဖြေပွဲစီးရီးများ၌ ပါဝင်ဖျော်ဖြေခဲ့ ပြီးနောက် တစ်ကိုယ်တော်ဖျော် ဖြေပွဲ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ထယ်ယွန်းသည် အဖွဲ့လိုက် အနုပညာလှုပ်ရှားမှုတွင်သာမက တစ်ကိုယ်တော် အနုပညာလှုပ် ရှားမှုတွင်လည်း အောင်မြင်ခဲ့၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပရိသတ်များက မျှော်လင့်လျက်ရှိ သည်။

Monday, 28 March 2016

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်သစ် အမည်စာရင်းများ ထွက်ပေါ်

ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် အမည်စာရင်းများ လွှတ်တော်များသို့ တရားဝင်တင်သွင်းကြေညာမည့် မတ်လ ၂၈ ရက် မတိုင်မီတစ်ရက်အလိုကတည်းက ထွက်ပေါ်ခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာလင်းထွဋ်၊ ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ဦးညီပု ဖြစ်လာမည်ဟု သတင်းရရှိသည်။သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်များက အတည်ပြုကြေညာခြင်း မရှိသေးသော်လည်း သမ္မတသစ်ဦးထင်ကျော်က တာ ၀န်ပေးအပ်မည့် ၀န်ကြီးချုပ်အ မည်စာရင်းပါ စာအိတ်ကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးများတွင် မတ်လ ၂၇ ရက် မွန်းလွဲပိုင်း၌ တံခါးပိတ်အစည်းအ ဝေးပြုလုပ်၍ ဖွင့်ဖောက်အသိပေး ခဲ့ပြီးနောက် ၀န်ကြီးချုပ်အသစ်အ မည် စာရင်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။‘‘စာက ဗဟိုကလာတာပါ။ ဒီနေ့မွန်းလွဲ ၃ နာရီမှ တိုင်းအင်န် အယ်လ်ဒီရုံးမှာ ပါတီရဲ့ လွှတ် တော်ဥက္ကဋ္ဌက ပါတီရဲ့ညွှန်ကြား ချက်ကိုဖတ်ပြတယ်။ စာထဲမှာ တော့သမ္မတက ၀န်ကြီးချုပ်တွေ အဖြစ် တာဝန်ပေးဖို့ လျာထားတဲ့ ၁၄ ဦး အမည်စာရင်း ပါတယ်။ မကွေးတိုင်းအတွက်တော့ ဒေါက် တာအောင်မိုးညိုပေါ့။

စတော့အိတ်ချိန်းပေါ်လာ၍အိမ်ခြံမြေဈေးကွက်ကျဆင်းလာမည်

မြန်မာနိုင်ငံ၌ စတော့ရှယ် ယာဈေးကွက်ကြီး ပေါ်ပေါက်လာ သဖြင့် အိမ်ခြံမြေဈေးကွက် ကျဆင်းလာနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
''စတော့အိတ်ချိန်းက စဖွင့်တဲ့ နေ့မှာပဲ ရှယ်ယာပေါင်း ၁၁ဝဝဝဝ ကျော် ရောင်းရတယ်ဆိုတော့ အတော်လေးအားရစရာ ကောင်း ပါတယ်။ အဲဒီနေ့မှာပဲ စတော့အိတ် ချိန်းအတွင်း စီးဝင်သွားတဲ့ ငွေကျပ် ၃ ဒသမ ၅ ဘီလီယံရှိပါတယ်။ ဒီလို စတော့အိတ်ချိန်းအတွင်း ပထမနေ့ မှာပဲ ဘီလီယံနဲ့ချီပြီး စီးဝင်လာ တယ်ဆိုတော့ နောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက်လည်း ကျဆင်း သွားနိုင်ပါတယ်။ စတော့အိတ်ချိန်း ရဲ့ အဓိကရည်ရွယ်ချက်ကလည်း ဒီကိစ္စတွေပါဝင်ပါတယ်။ စတော့ အိတ်ချိန်းက ရင်းနှီးမြှုပ်နှံ လိုသူတွေအတွက် ကျပ်တည်းမနေ တော့ဘဲ ရင်းနှီးမြှုပ်နှံဖို့ နေရာ တစ်ခုကို ဖန်တီးပေးလိုက်တာပါ'' ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပ သော အခမ်းအနားတစ်ခုတွင် ပြောကြားသည်။
မြန်မာနိုင်ငံ၌ လွန်ခဲ့သော အနှစ် ၂ဝ ကျော်ကတည်းက ရှယ်ယာအရောင်းအဝယ်များ ရှိခဲ့ သော်လည်း တရားဝင်Regu- lated Market မှာ စတော့အိတ် ချိန်းဖွင့်လှစ်ပြီးနောက် ပေါ်ပေါက် လာခဲ့သည်။ မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများကို မတ် ၂၅ ရက် ကစတင်၍ တရားဝင်လိုင်စင်ရListed ကုမ္ပဏီတစ်ခုဖြစ်သည့် FMI က ရှယ်ယာများ စတင်ထုတ်ရောင်း ခဲ့သည်။
ဧပြီလကုန်ပိုင်းတွင် Listed ကုမ္ပဏီတစ်ခုဖြစ်သည့် သီလဝါ ကုမ္ပဏီကလည်း ရှယ်ယာများစတင်ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက်Listedကုမ္ပဏီခြောက်ခုအထိ တစ်ခုပြီး တစ်ခု ရှယ်ယာများထုတ်ရောင်း သွားရန် စီစဉ်လျက်ရှိသည်။

(၇၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် ယာဉ်ယန္တရားများ နေပြည်တော်စစ်ရေးပြကွင်းသို့ ချီတက်စဉ်







တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

(၇၁)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူ ဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

(၇၁)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် အညတရမိုးကောင်းကင် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ၀တ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ အညတရမိုးကောင်းကင် ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ၀တ္ထုစာမူဆုရရှိသူ စာပေပညာရှင်များ တက်ရောက်ကြသည်။







ရှေးဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော်နေ့ဂုဏ်ပြု အညတရ မိုးကောင်းကင် ဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် ဇာတ်ကားဖြစ်မြောက်ရေး တာဝန်ခံ ဗိုလ်မှူးကြီးခင်မောင်ချို၊ ထုတ်လုပ်မှုတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး၊ ၀တ္ထု၊ ဇာတ်ညွှန်းနှင့်ဒါရိုက်တာ ဗိုလ်ကြီးတင်အောင်စိုး၊ စက်မှုနှင့်တည်းဖြတ် ဗိုလ်ကြီး ဗညားအောင်၊ ဒါရိုက်တာနှင့်သရုပ်ဆောင် အကယ်ဒမီဝေဠုကျော်၊ ရုပ်ရှင်သရုပ်ဆောင် များဖြစ်ကြသည့် နေဒွေး၊ အေးမြတ်သူ၊ အကယ်ဒမီ မေသဉ္ဖာဦး၊ အကယ်ဒမီ ယွန်းယွန်း၊ ဂွမ်းပုံ၊ မိုးလရောင်နှင့် ဟန်ဆက်လူလူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ဆက်လက်၍ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်မောင်မောင်အေး က (၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ချီတေးသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော တပ်ကြပ်ကြီးဖုန်းမြင့်၊ ဒုတိယဆုရရှိသော ဒေါ်ခင်မိုးထွေး/မိုးသူ(သုခုမ) ၊ တတိယဆုရရှိသော တပ်ကြပ်ကြီး စောစဲနေကနဲစော၊ နှစ်သိမ့်ဆုရရှိသော ဦးဝေလင်း(ဝေလင်း-သုခုမ) နှင့် တပ်ကြပ်ကြီး ဇော်မျိုးထွန်း၊ စစ်သည်တေးသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဒေါ်ခင်စန္ဒီစိမ့်(အလင်္ကာမေ)၊ ဒုတိယဆုရရှိသော ဗိုလ်ကြီး ဥာဏ်ပိုင်စိုး(စစ်သူ)၊ တတိယဆုရရှိသော တပ်ကြပ်ကြီး ဖုန်းမြင့်၊ နှစ်သိမ့်ဆုရရှိသော ဒေါ်မေသန့်ရွှေ(ငယ်သန့်-သုခုမ)နှင့် ဦးဝေလင်း(ဝေလင်း-သုခုမ) တို့အား ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်းက ကဗျာတိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးမိုးအောင်(မောင်မောင်မိုးအောင်)၊ ဒုတိယဆုရရှိသော ဦးအေးဝင်း(မင်းသစ်ဝင်း- ကျောက်တံခါး)၊ တတိယဆုရရှိသော ဦးမြင့်ငွေ(ချမ်းမြဆောင်း-ကလော)၊ နှစ်သိမ့်ဆုရရှိသော တပ်ကြပ်ကျော်ကျော်(မနောသစ်-ပခုက္ကူ)၊ ကဗျာရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးခင်မောင်ထွန်း(မင်းသွေးနွယ်-ဇီးကုန်း)၊ ဒုတိယဆုရရှိသော ဦးမျိုးဌေး(၀င်းနွယ်-သစ်တော)၊ တတိယဆုရရှိသော ဒေါ်ခိုင်သူဇာဝင်း (ခင်လယ်လယ်ချစ်-မြန်ဂုဏ်)၊ နှစ်သိမ့်ဆုရရှိသော ဗိုလ်မှူးတင်ထွန်း(ငြိမ်း) (မောင်ရင်ငြိမ်း)တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

Thursday, 24 March 2016

(၇၁)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်း


"အညတရမိုးကောင်းကင်"ထုတ်လွှင့်ပြသမည်

မီးလောင်သည့် မန္တလေးမင်္ဂလာဈေးကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်


မန္တလေးမြို့တွင် မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးကို အန္တရာယ်ရှိ အ ဆောက်အုံအဖြစ် သတ်မှတ် ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာအသင်း(မန္တလေး)၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုင်းအ ဆင့် အင်ဂျင်နီယာများ၊ ဆည် မြောင်းဦးစီးဌာနမှ တိုင်းအဆင့် အင်ဂျင်နီယာများနှင့် နည်းပညာ တက္ကသိုလ်မှ ကထိက အင်ဂျင်နီ ယာများပါဝင်သော အဖွဲ့သည် မီး လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး အဆောက်အအုံ၏ကြံ့ခိုင်မှုကို မတ်လ ၂၃ ရက်၌ စစ်ဆေးခဲ့ပြီး နောက် အန္တရာယ်ရှိအဆောက် အအုံအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ် သည်ဟု စည်ပင်သာယာတာဝန် ရှိသူများက ပြောကြားသည်။
‘‘ဈေးရဲ့ကြံ့ခိုင်မှုအတွက် အင်ဂျင်နီယာတွေက အာမမခံ ဘူး။ အဲဒါကြောင့် လောလော ဆယ်အန္တရာယ်ရှိ အဆောက်အ အုံအဖြစ် သတ်မှတ်လိုက်တယ်။ အမြင်နဲ့ကြည့်ပြီး ဆုံးဖြတ်ထားတဲ့ သဘောပါ။ နောက်ပြီးရင် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း(ရန် ကုန်)နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာရှိတဲ့ စက်ကိရိယာတွေနဲ့ အသေးစိတ်ထပ်မံတိုင်းတာ စစ် ဆေးဦးမှာဖြစ်ပါတယ်။ စက်တွေ နဲ့ ထပ်မံစစ်ဆေးပြီး အဖြေပေါ်မှ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး ဆွေးနွေးပြီး ဆက်လုပ်ရမှာပါ’’ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြော သည်။ မင်္ဂလာဈေးကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်လုပ်မည့်အစီ အစဉ်ရှိ၊ မရှိနှင့်ပတ်သက်၍ အ တိအကျမပြောနိုင်သေးကြောင်း ဦးသက်နိုင်ထွန်းက ဆိုသည်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်သည့်အတွက် ဈေးအ သစ်ပြန်ဆောက်မည့် အနေအ ထားဟု ထင်မြင်ကြောင်း မင်္ဂလာ ဈေးမှ ဆိုင်ခန်းပိုင်ရှင်အချို့က ပြောသည်။
ဈေးသစ်ဆောက်မည်ဆို လျှင် လက်ရှိ ဈေးသည်များအဆင် ပြေစေရေးအဓိကထား၍ စဉ်းစား တည်ဆောက်ရန်နှင့် လတ်တ လောတွင် မီးလောင်ဒဏ်ခံနေရ သည့်ဈေးသည်များအဆင်ပြေစေ ရန် ယာယီဈေးတစ်ခု သတ်မှတ် ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင်အ ချို့က ပြောသည်။

ကျပ် ၃၂ ဘီလီယံဖြင့် ခုံးကျော်တံတားစီမံကိန်းနှစ်ခု ဆောက်မည့်အစား ကျေးလက်လမ်းများဖောက်ရန် အကြံပြုထားဟုဆို


ယာဉ်ကြောပိတ်ဆို့မှုကို ဖြေ ရှင်းရန် ရန်ကုန်တိုင်းဒေသကြီး တွင် ခုံးကျော်တံတားများစွာ တည်ဆောက်ခဲ့သော်လည်း ယနေ့အချိန်အထိ ယာဉ်ကြောပိတ်ဆို့သဖြင့် တံတားတည်ဆောက်ရေး ကို ဆက်မလုပ်ဘဲ အမှန်တကယ် လိုအပ်နေသည့် ကျေးလက်လမ်း ဖောက်လုပ်ရေးအတွက် အသုံး စရိတ်ပြောင်းရွှေ့ရန် အကြံပြုခြင်းဖြစ်သည်ဟု ဦးသိန်းမြင့်က ပြောသည်။ ‘‘ဘတ်ဂျက်က ချထားပြီး သားဆိုတော့ စီမံကိန်းဖျက်ခိုင်းဖို့ မဖြစ်နိုင်ဘူး။ ခေါင်းစဉ်ပြောင်းသုံး ဖို့ပဲ ရမယ်။ ကျေးလက်လမ်းတွေ ကလည်း အရေးကြီးတော့ ဒါတွေ လုပ်ဖို့ပဲ အကြံပြုရတာပါ’’ဟု ဦးသိန်းမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံး စရိတ်များသည် ပြည်သူလူထုအ တွက် အရေးကြီးလုပ်ငန်းများ ထက် ဆောက်လုပ်ရေးလုပ်ငန်း များဖြစ်သော ခုံးကျော်တံတား တည်ဆောက်မှုများတွင်သာ အ များဆုံးအသုံးပြုနေခြင်းကို ပြန် လည်စဉ်းစားသုံးသပ်သင့်သည် ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ် ချက် အစီရင်ခံစာ၌ ရေးသား ထားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုကို အ ကြောင်းပြုပြီး မြောက်ဥက္ကလာပ မြို့နယ် မြောက်ဥက္ကလာလမ်း ဆုံတွင် ကျပ် ၁၆ ဘီလီယံကျော်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီ လမ်းဆုံတွင် ကျပ် ၁၅ ဘီလီယံ ကျော် တန်ဖိုးရှိ ခုံးကျော်တံတား များ တည်ဆောက်ရန် တိုင်းဒေသ ကြီးအစိုးရအား အဆိုပြုထား သည်။ ခုံးကျော်တံတားများတည် ဆောက်ပြီး ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းခြင်းသည် နိုင်ငံတော် ငွေကြေးများ ဆုံးရှုံးပြီး တည် ဆောက်ရေးကုမ္ပဏီကြီးများအ တွက် အခွင့်အလမ်းများ ဖန်တီး ပေးသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်နေကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့်ပတ် သက်၍ ဦးသိန်းစိန်အစိုးရသည် ကျပ်ဘီလီယံ ၁၃၀ ကျော် အသုံး ပြုပြီး ခုံးကျော်တံတားများ တည် ဆောက်ခဲ့သည်။

Tuesday, 22 March 2016

ဆေးပညာဘွဲ့ရဆရာဝန်နှင့် သွားဘက်ဆိုင်ရာဆေးပညာ ဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းသင်တန်း ဆင်းပွဲကျင်းပ

ဆေးပညာဘွဲ့ရဆရာဝန်နှင့် သွားဘက်ဆိုင်ရာဆေးပညာ ဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ် လူအေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ၀င်းကိုကိုနှင့် တပ်နယ်မှအရာရှိကြီးများ၊ သင်တန်းဆင်းဗိုလ်လောင်းများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။




ဦးစွာ ဗိုလ်ချုပ်လူအေးက သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိ ခန့်အပ်လွှာများပေးအပ်၍ အမှာစကားပြောကြားသည်။ အခမ်းအနားအပြီးတွင် စစ်ရာထူးခန့်ချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းဆင်း အရာရှိများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ သင်တန်းအား သင်တန်းသား ၂၆ ဦးဖြင့် ဇန်န၀ါရီ ၅ ရက်မှ မတ် ၉ ရက်ထိ ရက်သတ္တ ၁၀ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ တပ်မတော်တွင် ၁၉၅၄ ခုနှစ်မှစ၍ အမျိုးသမီးစစ်ဝန်ထမ်း တပ်ဖွဲ့များကို ဖွဲ့စည်းကာ အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၁၄ ခုနှစ်တွင် လည်းကောင်း၊ အမှတ်စဉ်(၂)ကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း အသီးသီးဖွင့်လှစ်၍ စုစုပေါင်းအမျိုးသမီး ပြန်တမ်းဝင်အရာရှိ ၂၁၉ ဦးကို တာဝန်ပေးအပ်ခဲ့ပြီးဖြစ်သည်။ အလားတူ ဆေးပညာဘွဲ့ရဆရာဝန်နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ(အမျိုးသမီး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁)နှင့် (၂)မှ အမျိုးသမီး ပြန်တမ်းဝင်အရာရှိ ၃၅ ဦးကိုလည်း သင်တန်းဆင်းပေးခဲ့ပြီး ယခုအခါ တပ်မတော်ဆေးရုံများတွင် တာဝန်အသီးသီး ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တရားမဝင် ကာကွယ်ဆေး ရောင်းဝယ်နေသည့် အဖွဲ့အစည်း သတင်းကြောင့် တရုတ်ပြည်သူများ ဒေါသထွက်

တရားဝင် အသိအမှတ်ပြုမထားသည့် အဖွဲ့အစည်းတစ်ခုက ကာကွယ်ဆေးရောင်းဝယ်မှုများကို ၅ နှစ်မျှ လုပ်ကိုင်နေခဲ့ကြောင်း သတင်းကြောင့် တရုတ်ပြည်သူအများအပြား စိတ်ဆိုးဒေါသထွက်နေကြောင်း သိရသည်။
ရှန်ဒေါင်းတွင် အဓိကလုပ်ငန်းလည်ပတ်ပြီး ပြည်နယ် ၂၄ ခုနှင့် မြို့ကြီးများတွင် ဖြန့်ကျက်ထားသည့် အဆိုပါတရားမဝင် အသိုက်အဝန်းတွင် အဖွဲ့သား ရာနှင့်ချီပါဝင်သည်ဟု ဆိုသည်။ ၎င်းတို့ကို အစိုးရက အသိအမှတ်ပြုမထားဘဲ ကာကွယ်ဆေး ဖြန့်ချိရောင်းချသည့် လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
မတ် ၂၁ ရက်တွင်မူ ကာကွယ်ဆေးအထိုးမှားသဖြင့် ကလေးငယ်တစ်ဦး သေဆုံးကြောင်း သတင်းများထွက်ပေါ်လာရာ လူအများစိတ်ဆိုးဒေါသထွက်မှု ပိုမိုပြင်းထန်ပေါက်ကွဲလာသည်။ အာဏာပိုင်များကမူ အဆိုပါဖြစ်ရပ်သည် ရှန်ဒေါင်းရှိ အဖွဲ့အစည်းနှင့် ဆက်စပ်မှု မရှိဟု ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ တရားဝင်မဟုတ်သည့် အဖွဲ့အစည်းတစ်ခုက ကာကွယ်ဆေးများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းသည် တရုတ်ကျန်းမာရေးဌာနအရာရှိများအတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်လာသည်။ အဆိုပါ အဖွဲ့သည် ၂၀၁၁ ခုနှစ်ကတည်းက စတင်လှုပ်ရှားနေကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါ အဖွဲ့၏ခေါင်းဆောင်ဖြစ်သည့် သားအမိကို ဖမ်းဆီးထားပြီ ဖြစ်သည်။ ၎င်းတို့သည် တရားဝင်နှင့်တရားမဝင် ရင်းမြစ်များမှ ကာကွယ်ဆေးများ ဝယ်ယူကာ ၎င်းတို့၏ တရားမဝင်ကာကွယ်ဆေး ထိုးပေးသည့် အေးဂျင့်များနှင့် ဒေသဆိုင်ရာ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများသို့ ဈေးတင်ကာ ပြန်ရောင်းလေ့ရှိကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
ဒေါ်လာ ၈၈ သန်းမျှ တန်ဖိုးရှိသည့် ကာကွယ်ဆေး အမျိုးမျိုးကို ရောင်းချခဲ့ပြီး ဖြစ်သလို အဆိုပါဆေးဝါးများကို သယ်ယူပို့ဆောင်ရာတွင် အအေးပေးထားခြင်း၊ သို့မဟုတ် တရားဝင်ထောက်ခံချက် ပေးထားသည့် အခြေအနေအတိုင်း သိုလှောင်ခြင်းများ မရှိကြောင်းလည်း သိရသည်။ ထိုသို့ သတ်မှတ်စံနှုန်းအတိုင်းမထားသည့် ကာကွယ်ဆေးများကို ထိုးမိပါက အာနိသင်ပြောင်းလဲပြီး သေဆုံးခြင်း၊ သို့မဟုတ် မသန်စွမ်းဖြစ်သွားခြင်းမျိုး ကြုံနိုင်ကြောင်း Xinhua က ဆိုသည်။
အာဏာပိုင်များသည် အဆိုပါအဖွဲ့အစည်း၏ သတင်းကို ယမန်နှစ်၊ ဧပြီလကတည်းက ကြားသိထားသော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမှ လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အသိုက်အဝန်းကြောင့် ထိခိုက်နစ်နာခဲ့သူများရှိပါက ခြေရာခံ ဖော်ထုတ် သိရှိလိုသဖြင့် ကူညီသတင်းပေးရန် ပန်ကြားသောအချိန်တွင်မှ ထိုအဖွဲ့အကြောင်း ဖွင့်ချခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင်မူ တရုတ်၏ ပြည်တွင်း လူမှုကွန်ရက်ဖြစ်သော Weibo တွင် လူအများက ဒေါသတကြီး တုံ့ပြန်ရေးသားမှုများ ရှိလာသည်။ “ဒီလောက် အမှုကြီး ဖြစ်ခဲ့တာတောင် ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ယောက်ယောက်က ရှေ့ထွက်လာပြီး တောင်းပန်တာမျိုး လုံးဝမရှိဘူး။ တာဝန်ယူနုတ်ထွက်သူ တစ်ယောက်မှ မရှိဘူး။ ဒီစနစ်ကြီးက အရပ်သား ပြည်သူတွေ သေသေရှင်ရှင် ဂရုမစိုက်ဘူးဆိုတာ သိသာတယ်” ဟု ဝေဖန်ရေးသားခဲ့သည်။
အခြားတစ်ဦးကလည်း “ပြည်နယ် ၂၄ ခုမှ ၅ နှစ်လောက် လှုပ်ရှားခဲ့တယ် ဟုတ်လား။ ကလေးတွေ ဘယ်လောက်များများ ထိခိုက်ခဲ့မလဲ။ အမှုပေါ်တာကြာပြီး တစ်နှစ်လောက်နေမှ ထုတ်ပြောတယ် ဟုတ်လား။ ဒါဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ သဘောမျိုး ဖြစ်မနေဘူးလား။ ကျုပ်ဘယ်လောက် ဒေါသထွက်နေတယ်ဆိုတာ ပြောစရာစကားလုံးတောင် ရှာမတွေ့ဘူး” ဟု ဆိုသည်။

ပါကစ္စတန်တွင် မျက်နှာဖုံးစွပ်ထားသည့် ကလေးငယ်ကို လုံခြုံရေးအစောင့်က ပစ်သတ်


ကရာချိမြို့တွင် နောက်ပြောင်လိုဟန်ရှိသည့် ကလေးငယ်က မကောင်းဆိုးရွားမျက်နှာဖုံးကို ဝတ်ဆင်ကာ လုံခြုံရေးအစောင့်ကို ကျီစယ်ခြောက်လှန့်ခဲ့သော်လည်း သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်းဟု ရဲတပ်ဖွဲ့က ဆိုသည်။ မတ် ၂၀ ရက်က ဖြစ်ရပ်တွင် ကလေးငယ်ကို ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ကွယ်လွန်ခဲ့ရှာသည်။
ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သည့် လုံခြုံရေးအစောင့်ကို ဂူလမ်နာဘီကို ဖမ်းဆီးထားလိုက်သည်။ ၎င်းကို လူသတ်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရအရာရှိ ဆိုဟေးလ်ခန်က AFPသို့ ပြောကြားခဲ့သည်။ “သူကတော့ လေထဲကို ပစ်ပြီး ခြောက်လှန့်လိုက်တာလို့ ပြောတယ်။ ဒါပေမဲ့ စိတ်လောပြီး ကလေးကို သေနတ်မှန်သွားတာလို့ ထွက်ဆိုထားတယ်” ဟု ခန်က ဆိုသည်။

စွမ်းဆောင်ရည် မြင့်မားသော်လည်း ဈေးနှုန်းသက်သာသည့် iPhone SE ကို Apple မိတ်ဆက်


Apple သည် မတ် ၂၁ ရက်က ပြုလုပ်သည့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွင် ဈေးနှုန်းပိုင်းလျှော့ချထားသော်လည်း စွမ်းဆောင်ရည်မြင့်မားသည့် ဘတ်ဂျတ် iPhone မျိုးဆက်သစ်ကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
iPhone SEဟု အမည်ပေးထားသည့် အဆိုပါဖုန်းအသစ်သည် iPhone 5S နှင့် iPhone 5C တို့နောက်ပိုင်း Appleက ပထမဆုံးအကြိမ် ၄ လက်မအရွယ် Screen ကို ပြန်လည်အသုံးပြုထားသည့် ဖုန်းလည်းဖြစ်လာသည်။ Apple ၏ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က iPhone SEသည် ထွက်ရှိဖူးသမျှ စွမ်းဆောင်ရည် အမြင့်ဆုံးဖုန်းတစ်လုံးဟု ညွှန်းဆိုခဲ့သည်။

ဆန်ဖရန်ဆစ္စကိုတွင် ကျင်းပသည့်အခမ်းအနားတွင် Appleက Tablet မျိုးဆက်သစ်တစ်ခုကိုလည်း ပြသလာခဲ့သည်။ ယခုနှစ်အခမ်းအနားသည် Apple အနေဖြင့် စွမ်းဆောင်ရည်ပိုင်းကို ထိန်းသိမ်းပြီး ဈေးနှုန်းလျှော့ချသည့် မူဝါဒပိုင်းကို ပြောင်းလဲချဉ်းကပ်လာကြောင်း တွေ့မြင်နိုင်သည်။
iPhone 6 နှင့် iPhone 6S မျိုးဆက်များတွင် Screen အရွယ်အစားကို မြှင့်တင်ခဲ့သော်လည်း Appleက iPhone SE တွင် ယခင်က သေးငယ်ကျစ်လစ်သည့် မျိုးဆက်ဟောင်းများ ပုံစံသို့ပြန်သွားခဲ့သည်။ iPhone SE သည် iPhone 6S၊ iPhone 6S Plus များနှင့် အခြေခံ စွမ်းဆောင်ရည်အားလုံး တူညီမည်ဖြစ်သော်လည်း ဈေးနှုန်းမှာ သိသိသာသာ လျော့နည်းသွားကာ ၃၉၉ ဒေါ်လာမှ စတင်သတ်မှတ် ရောင်းချမည်ဟု သိရသည်။
iPhone SE တွင် Space Grey၊ Silve

သရုပ်ဆောင်မှု အားနည်းချက်တွေကို နားလည်ပေးပါလို့ပြောတဲ့ ခင်ဝင့်ဝါ

၂၀၁၄ သင်္ကြန်တွင် ရိပ်သာဝင်မည်ဟု ပြောပြီးမှ ‘သင်္ကြန်ပြတိုက်’ရုပ်ရှင်ရိုက်ကူးဖြစ်ခဲ့ခြင်းဖြစ်သကဲ့သို့ သင်္ကြန်၌ စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲ၍တွေ့ရသော ကြောင့် ချစ်သူဟု အထင်ခံခဲ့ရကြောင်း ယင်းဇာတ်ကားရိုက်ကူး ရေး အမှတ်တရကို ခင်ဝင့်ဝါက ပြောသည်။
‘‘အမှတ်တရကတော့ ရိပ် သာဝင်မယ်ဆိုပြီး သိထားတဲ့အ ချိန်မှာ သင်္ကြန်မှာထွက်ရိုက် တယ်။ သင်္ကြန်မှာရိုက်တဲ့အချိန် မှာ ပရိသတ်တွေက ကိုစိုင်းနဲ့တွဲ ပြီး တွေ့လိုက်တဲ့အချိန်မှာ ကိုစိုင်း နဲ့ သို့လောသို့လော ကိုစိုင်းနဲ့ ကြိုက်နေတာလား။ တော်တော် လေးပြန့်သွားတယ်။ အကုန်လုံးကလည်း တွေ့တိုင်း ကိုစိုင်းနဲ့ကြိုက်နေတာလားပဲ မေးကြ တယ်’’ဟု ခင်ဝင့်ဝါက ပြော သည်။
‘သင်္ကြန်ပြတိုက်’ရုပ်ရှင် သည် ၎င်း၏ ပထမဆုံးရုပ်ရှင်ဖြစ် သောကြောင့် စိတ်လှုပ်ရှားနေ သကဲ့သို့ ပရိသတ်များ၏ တုံ့ပြန်မှု ကိုလည်း ရင်ခုန်နေကြောင်း ၎င်း က ဆိုသည်။
‘‘အများကြီးလိုသေးတယ်။ ကာရိုက်တာလည်း သိပ်မဝင် သလို ခံစားရတယ်။ မိတ်ကပ်တွေ၊ဆံပင်တွေရော အများကြီး အား နည်းတယ်လို့ ခံစားရတယ်။ အဲဒီ အတွက်လည်း ကြိုးစားပြင်ဆင်ရ မှာပေါ့’’ဟု သင်္ကြန်ပြတိုက်ရုပ်ရှင် အထူးပွဲပြသသည့်နေ့တွင် ခင်ဝင့် ဝါက ၎င်း၏ သရုပ်ဆောင်မှုအ ပေါ် ခံစားချက်ကိုပြောသည်။