Sunday, 29 November 2015

အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများဆိုင်ရာ အမိန့်မူကြမ်းကို ပညာရှင်များ အကြံပြုချက်တောင်းခံပြီး အတည်ပြုမည်

အန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုမှ ကာကွယ်ရန် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း အမျိုးအစားများဆိုင်ရာ အမိန့်ကို ရေးဆွဲလျက်ရှိကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သတင်းရရှိ သည်။

လက်ရှိတွင် ဘေးအန္တရာယ် ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများ ဆိုင်ရာ အမိန့်(မူကြမ်း)ကို ရေးဆွဲ ၍ စီးပွားရေးလုပ်ငန်းရှင်အသင်း အဖွဲ့များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှင်များ၊ ပညာရှင်များ၏အကြံပြု ချက်များ ရယူကာ အတည်ပြုလုပ် ဆောင်သွားမည်ဖြစ်ကြောင်းသိရ သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ စက်ရုံအလုပ်ရုံကြီးများ၊ အထူးစီး ပွားရေးဇုန်များလုပ်ဆောင်ရန်ရှိ သည့်နေရာ၊ စက်ရုံများမှ ထွက်ရှိ သည့်စွန့်ပစ်ပစ္စည်းများတွင် အန္တ ရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ထိန်းသိမ်း ကာကွယ်ရန်လိုအပ် လာကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိန်ထွန်းလွင်က ပြော သည်။

မန္တလေးတွင် ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းမကြားဘဲ တရုတ်နိုင်ငံသားအချို့ အကြောအဆစ်ရောဂါ ကုသနေ

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရုတ်နိုင်ငံ သားများသည် သက်ဆိုင်ရာမြို့ နယ်ကျန်းမာရေးဦးစီးဌာနသို့ အ ကြောင်းမကြားဘဲ အခကြေးငွေ ယူ၍ အကြောအဆစ်နှင့်ပတ် သက်သည့်ရောဂါများကုသပေး နေကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် ကဉ္စ နမဟီရပ်ကွက် ၃၄ လမ်း၊ ၇၆× ၇၇ လမ်းကြား တရုတ်တန်း ဈေး တွင် တရုတ်နိုင်ငံသားသုံးဦးသည် မြန်မာစကားပြန်အမျိုးသား တစ်ဦးနှင့် နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ နံနက် ၈ နာရီမှ ၁၀ နာရီ အထိ ဆေးကုသပေးမှုပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ဆေးကုသပေးနေတယ်ဆို တာ အကြောင်းကြားတာမျိုး လည်း မရှိဘူး။ သိလည်းမသိဘူး။ ရပ်ကွက်ဥက္ကဋ္ဌတွေကိုလည်း မှာ ကြားထားတယ်။ နယ်မြေခံဆရာ မလေးတွေလည်းရှိတယ်။ ဒီဟာ တကယ်ကုသနေမှုဟုတ်၊ မဟုတ် ကိုတော့ သေချာစုံစမ်းသွားမယ်။ လိုင်စင်မရှိဘဲနဲ့ ကုသရင် အရေး ယူသွားမှာဖြစ်တယ်’’ဟုချမ်းအေး သာစံမြို့နယ် ကျန်းမာရေးဦးစီး မှူး ဒေါက်တာလင်းလင်းချစ်က ပြောကြားသည်။

အင်န်အယ်လ်ဒီ ကမ်းလှမ်းလာပါက ဖက်ဒရယ်မူဖြင့်သာ စကားပြောမည်ဟု ဦးခွန်ထွန်းဦးပြောကြား

အစိုးရသစ်ဖြစ်လာ မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကသာ ကမ်းလှမ်းလာပါက စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေး မူဝါဒ ပေါ်တွင်သာ ရပ်တည်၍ စကားပြော မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၏ ၂၀၁၅ ရွေးကောက်ပွဲပြန်လည် သုံးသပ်ခြင်းအစည်းအဝေး၌ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့သည့် ပါတီ ကိုယ်စားလှယ်လောင်း အားလုံးကို ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

‘‘အကယ်၍များ အင်န် အယ်လ်ဒီက ကမ်းလှမ်းလာခဲ့ရင် ဒီမူဘောင်နဲ့ပဲ စကားပြောမယ်။ ဒီ မူဘောင်ပေါ်မှာပဲ ရပ်တည်မယ်။ ရှမ်းပြည်အတွက် ရှမ်းလူမျိုးတွေ အတွက် လုံးဝလျှော့မှာ မဟုတ်ပါ ဘူး’’ဟု ဦးခွန်ထွန်းဦးကပြောသည်။

၁၉၉၀ ကတည်း က SNLD စွဲကိုင်ခဲ့သော တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ကို ဆက်လက် ကိုင်စွဲသွားမည့် အဓိပ္ပာယ်လည်း ဖြစ်သည်။

စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ရာ တပ်မတော် ၏ သဘောဆန္ဒက အရေးကြီး လာသည်။

တရုတ်နိုင်ငံက လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး ကားအစီးငါးရာကျော်ကို ကားမရှိသည့် နယ်မြေရဲစခန်းများတွင် ဦးစားပေးထားရှိမည်

တရုတ်နိုင်ငံကလှူဒါန်းထားသော ရဲတပ်ဖွဲ့သုံးကားအချို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လှူဒါန်းသည့် တရုတ်ယွမ်မင်ဘီ ၉၉ သန်းဖိုးရှိ ရဲတပ်ဖွဲ့ဝင်သုံးမော် တော်ယာဉ်အစီးရေ ၅၀၅ စီးကို အဓိကလိုအပ်ချက်ရှိနေသည့် နယ်မြေရဲစခန်းများတွင် ဦးစား ပေးထားရှိသွားမည်ဟု သတင်းရ ရှိသည်။
တရုတ်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် ၂၀၁၄ က မြန်မာနိုင်ငံ သို့လာရောက်သည့် ခရီးစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကူညီဆောင် ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်စိုး မြိုင်ကပြောသည်။

ပါရမီယာဉ်အရှိန်လွန်ပြီး အငှားယာဉ်ရှစ်စီးကို ဆင့်တိုက်

လှည်းတန်းခုံးတံတား အောက်ရှိ မီးပွိုင့်အ၀င်တွင် ပါရမီ ယာဉ်လိုင်းမှယာဉ်တစ်စီး အရှိန် လွန်ပြီး အငှားယာဉ်ရှစ်စီးနှင့် အိမ်ကားတစ်စီးကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၈ ရက် နံနက် ၉နာရီခန့်က စိုက်ပျိုးရေး မှတ်တိုင်ဘက်မှ လှည်းတန်းဘက်သို့ ပြည်လမ်းအတိုင်းမောင်းနှင်လာသည့်(၁၇၄) ပါရမီယာဉ်က ၀င်တိုက်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ယာဉ်မောင်း ထွက်ပြေးသွားခဲ့သော်လည်း ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူများက ယာဉ်မောင်းကို ရဲတပ်ဖွဲ့ထံ ပြန်လည် အပ်နှံခဲ့သည်ဟု ကမာရွတ်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲမှူးအောင်ကြီးက ပြောသည်။
‘‘ကျွန်တော့်ကားကို အ နောက်ဘက်က အရှိန်နဲ့ဝင်တိုက် လိုက်တော့ ကျွန်တော်ရော ခေါင်း ခန်းကခရီးသည်ရော ဒဏ်ရာတွေ ရသွားတယ်။ ပြီးမှ အရှိန်ပြင်းပြင်း နဲ့ ဂျာနယ်ရောင်းနေတဲ့ ကောင်မ လေးရော တခြားကားတွေကိုပါ ဆက်တိုက်တိုက်သွားတယ်။ ဒရိုင်ဘာက ထွက်ပြေးသွားတယ်’’ဟု အငှားယာဉ်မောင်းက ပြောသည်။

ကြိုတင်မဲနှစ်ကြိမ်ထည့်သည့် ရဲအုပ် ယာဉ်ထိန်းတပ်ဖွဲ့မှ ထုတ်ပယ်ခံရပြီး အမှုပါရင်ဆိုင်နေရ

ကြိုတင်မဲနှစ်ကြိမ်ထည့် ခဲ့သည့် ယာဉ်ထိန်းရဲအုပ်ကို နိုဝင် ဘာတတိယပတ်တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပယ်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့(၂)မှ ဒုရဲမှူး ကြီး အောင်ကိုဦးက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက်ရှိ မဲရုံနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ယာဉ်ထိန်းသင်တန်းကျောင်းတို့ တွင် ကြိုတင်မဲနှစ်ကြိမ်ထည့်မိခဲ့ သောကြောင့် ယခုကဲ့သို့ထုတ်ပယ် ခဲ့ရခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။
‘‘ရဲတပ်ဖွဲ့စည်းမျဉ်းစည်း ကမ်းအတိုင်း သူ့ကို ယာဉ်ထိန်း ရဲအရာရှိအဖြစ်ကနေ ထုတ်ပယ် လိုက်တာပါ။ သူကိုယ်တိုင်လည်း အရာရှိဖြစ်ပြီး ဒီကိစ္စကို ပေါ့ပေါ့ ဆဆလုပ်ခဲ့လို့ အပြစ်ပေးခဲ့ရတာ ပါ။ ဝန်ထမ်းဖြစ်တဲ့အတွက် ချ မှတ်ထားတဲ့ စည်းကမ်းဖောက် ဖျက်တဲ့သူကို ဥပဒေအတိုင်း အ ရေးယူခဲ့ခြင်းဖြစ်ပါတယ်’’ဟု ဒုရဲ မှူးကြီး အောင်ကိုဦးက ပြော ကြားသည်။

ဒီချုပ်အမတ်များကို လစာဖြတ်မည်၊ စာမေးပွဲစစ်မည်၊ ပိုင်ဆိုင်မှုစစ်မည် ပြင်းပြင်းထန်ထန် ကိုင်တွယ်သည်ကို စိတ်ဓာတ်မကျရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များထံမှ လစာဖြတ်တောက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၈ ရက်က ရန် ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီ ခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လစာဖြတ်မယ်’’

‘‘အခုကတည်းက စောစောစီး စီးပြောထားတာ၊ ကိုယ်စားလှယ် အားလုံးရဲ့ လစာတွေ ကျွန်မတို့ ဖြတ်ပါမယ်။ အခုဆိုရင် ပြည် ထောင်စုကိုယ်စားလှယ်တိုင်းက တစ်လကို နှစ်သိန်းခွဲပေးရမယ်။ တိုင်းတို့၊ ပြည်နယ်တို့က လစာ နည်းတဲ့အတွက် ကျွန်မတို့ ကြည့် ပြီးဖြတ်မယ်။ အားလုံး ကိုယ်စား လှယ်တိုင်းဟာ လစာထဲက သတ် မှတ်ထားတဲ့အတိုင်း အဖွဲ့ချုပ်ကို ပေးရမှာဖြစ်ပါတယ်။ တချို့တွေ က ၀န်ကြီးနေရာတွေက ကိုယ်စား လှယ်တွေဆို ပိုပြီးတော့ဖြတ်မယ်။ လခ မြင့်သွားတာနဲ့အမျှ ပိုပြီး တော့ဖြတ်ပါမယ်။ အမြင့်ရောက် သွားတဲ့သူတွေကတော့ တစ်ဝက် ဖြတ်မှာပေါ့။ အမြင့်ဆုံးရောက် သွားတဲ့သူတွေကတော့ အနည်း ဆုံးတော့ တစ်ဝက်ပေးရမှာပေါ့။

Friday, 27 November 2015

ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်း (၆၆) ကျောင်း ပြန်တည် ဆောက်ရန် ကျန်ရှိ

ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်းများအနက် (၆၆) ကျောင်းကို ပြန်ဆောက်ရန် ကျန်ရှိနေ သေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

““ကျောင်းသူ ကျောင်းသားလေးတွေ ပုံမှန်အတိုင်း ပြန်တက် နေကြပါပြီ၊ ပြင်နေတဲ့ ကျောင်းတွေ တချို့အဆောင်တွေ ပြီးပြီ၊ မိုးရာသီမှာက ရေတွေနဲ့ ဆောက်လို့မပြီးလို့ အခုကျန်တာကို ပွင့်လင်းရာသီမှာ ဆက်ဆောက် နေပါပြီ””ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဦးလှစိန်ထွန်းက The Messenger Media သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မတ်လ ရေကြီးရေလျှံမှုများကြောင့် ကျောင်းပေါင်း(၂၉၂) ကျောင်း ပျက်စီးခဲ့ရာတွင် အများစုအား ပြန် လည် ပြုပြင် တည်ဆောက်ပြီးစီးခဲ့ပြီး (၆၆) ကျောင်း ကျန်ရှိနေခြင်း ဖြစ်သည်။ ယင်းကျောင်းများသည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တို့တွင် ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ လုံးဝ ကျောင်းပျက်စီး သွားသော နေရာများတွင် ယာယီ စာသင်ဆောင် (၆၁) ဆောင် ကိုလည်း ဆောက်လုပ်ပေးပြီ ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ကျောင်းသားကျောင်းသူပေါင်း (၇၀၀၀) ကျော် ရေဘေးသင့်ခဲ့သည်။

မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ တတ်နိုင်သလောက် ဖြေရှင်းမည်

ဧရာဝတီတိုင်း ဒေသကြီးမှ မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ဖြစ်နိုင်တဲ့ကိစ္စ၊ ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကိုတော့ အပြီး ဖြေရှင်းပေးသွားမှာပါဟု ၎င်းကပြောသည်။၂၀၁၀ မှ စတင်ကာ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ဧပြီလ (၁) ရက်နေ့တွင် အစိုးရသက်တမ်း ကုန်မည် ဖြစ်သည်။''ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့အခါမှာ အထက်ကနေအောက်၊ အောက်ကနေ အထက် အပြန်အလှန် စိစစ်ရမယ်။ ဖြစ်စဉ်ရဲ့ သဘော သဘာဝတွေကိုလည်း သေသေချာချာ လေ့လာသုံးသပ်ပြီးမှ အဖြေရှာလို့ရမှာ။ လေးလအတွင်း အဖြေထွက် ပြီးရောဆိုပြီး အလျင်အမြန်ဆုံး ဖြတ်ဆောင်ရွက် ပေးခဲ့ရင် အလွယ်အမှားတွေလည်း ဖြစ်နိုင်တယ်'' ဟု လယ်ယောမြေအရေး လှုပ်ရှားသည့် ကိုထွန်းထွန်းဦးက ပြောသည်။

အစိုးရ ဖွဲ့နိုင်သော်လည်း ပူးပေါင်း လုပ်ဆောင်မည်ဟု ဒေါ်စုဆို

 NLD ပါတီသည် ပါတီတစ်ခုတည်းနှင့် အစိုးရ ဖွဲ့နိုင်သော အခြေအနေတွင် ရှိသော်လည်း အားလုံး ယူမည်ပုံစံနှင့် လုပ်ဆောင်မည် မဟုတ်ပဲ ပူးပေါင်း လုပ်ဆောင်မည် ဆိုသော စိတ်နှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။ နိုဝင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်း RFA သတင်းဌာန၏ ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ““အစိုးရထဲမှာ NLD ပါတီဝင်မဟုတ်တဲ့ တိုင်းရင်းသား တွေလည်း ပါမယ်။ တခြားနိုင်ငံကို အကျိုးပြုနိုင်တဲ့ လူတွေလည်း ပါနိုင် လိမ့်မယ့်လို့ အစ်မတို့ မျှော်လင်တယ်””ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စာသင်၊ စာချ သံဃာတော်များကို အင်တာနက် အသုံးမပြုရန် တားမြစ်

 မိုဘိုင်းဖုန်းများဖြင့် အင်တာနက် အသုံးမပြုရန် စာချ၊ စာသင် သံဃာတော်များကို ပုသိမ်မြို့ ပစ္ဆိမာရုံ ကျောင်းတိုက်က တားမြစ်ထားကြောင်း သိရသည်။ မြတ်စွာဘုရားက အစွန်အဖျား ကျတဲ့နေရာ လူသူဝေးတဲ့ နေရာမှာ သီတင်းသုံး နေထိုင်ရမယ်လို့ မူလကတည်းက ဟောထားတယ်။ ဘာလို့ ဒီလို ဟောထားလဲ စိတ်ဓာတ် ပူလောင်မှုတွေ ငြိမ်းအေးအောင် လူနဲ့ပတ်သတ်တဲ့ ပြဿနာ အရှုပ်အထွေးတွေ ကင်းအောင် နေခိုင်းတာ ဒီတော့ အင်တာနက် ဆိုတာ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ထား တာဆိုရင် တစ်ကမ္ဘာလုံးနဲ့ ပတ်သက်တာတွေ အရှုပ်ထုတ်တွေ ၀ိနည်းနဲ့ တားမြစ် ထားတဲ့ အရာတွေ မမြင်နိုင်ဘူးလား။ ဒါ ကြောင့် တားမြစ်ရတာ ဟု ပစ္ဆိမာရုံ တိုက်ကြပ် ဆရာတော် အရှင် ဉဏိဿရဘိဝံသက မိန့်သည်။

တောင်ကြီး မီးပုံးပျံပွဲ ဧည့်လာ ရောက်မှု ယခင်နှစ်များထက် နည်းပါး

တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲသို့ ဧည့်သည် လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း တောင်ကြီးမြို့ ဒေသခံများထံက သိရသည်။

နိုဝင်ဘာလ (၁၈) ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသော တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီးသို့ ရပ်ဝေးရပ်နီး ဧည်သည်များ လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း တောင်ကြီးမြို့တွင် လူမှုကူညီရေး လုပ်ငန်း များအား လုပ်ဆောင်နေသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုနေမျိုးက ပြောသည်။

မဲပေးသူများ စာရင်း အလျင်မြန်ဆုံး ထုတ်ပြန်မည်ဟုဆို

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးခဲ့သူများ စာရင်းအား အလျင်မြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

လက်ရှိအချိန်တွင် အထွေထွေ ရွေးကောက်ပွဲအား ကျင်းပပြီးစီး၍ အနိုင်ရပါတီ အနေဖြင့် အစိုးရသစ် ဖွဲ့စည်းရန် စောင့်ဆိုင်းနေသည့် ကြားကာလ ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ကန့်ကွက်လွှာ လက်ခံခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်ပြမှုအား လက်ခံခြင်းနှင့် မဲပေးသူများ စာရင်းအား ပြုစုခြင်းများကို လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အနိုင်ရရန် လုံလောက်သည့်အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ကြောင်း ဗန်ဂါးလ်ဖွင့်ဟ

ပီအက်စ်ဗွီကို ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသော်လည်း မန်ယူအသင်းနည်း ပြဗန်ဂါးလ်က မိမိတို့အနေဖြင့် အနိုင်ရရန်လုံလောက်သည့် အခွင့်အရေးများဖန်တီး နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။ မန်ယူအသင်းသည် အနိုင်ရ ပါက နောက်တစ်ဆင့်သို့ တက်ရောက် နိုင်မည်ဖြစ်သော်လည်း သရေရလဒ်ကြောင့် နောက်ဆုံးပွဲစဉ်တွင် မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်သည်။ မန်ယူအသင်း၏ ခြေစွမ်းသည်စိတ်ပျက်စရာဖြစ်ခဲ့သောကြောင့် ကစားသမားဟောင်းများဖြစ်သော ရွိုင်ကိန်းနှင့် ပေါလ်စခိုးတို့က ပြင်းထန်စွာဝေဖန်ခဲ့သည်။ သို့သော် ဗန်ဂါးလ်က မန်ယူအသင်းသည် ပီအက်စ်ဗွီကိုအနိုင်ရရန် အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူများ၏ ဈာပနအခမ်းအနား ယနေ့ပြုလုပ်မည်

ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွား သူများအားလုံးအတွက် ဈာပနအ ခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၇ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လုံးခင်းရဲစခန်းမှ သိရသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းကို ကျပ်သိန်းတစ်ထောင် အကုန်အကျခံ၍ပြန်လည်တူးဖော်မည်

တူးဖော်မှုများ ရပ်နားထားသော သုဝဏ္ဏဘူမိ မြို့ ဟောင်းကို ဘတ်ဂျက် ကျပ်သိန်းတစ်ထောင်ကျော် အသုံးပြုကာ တတိယ အကြိမ်ပြန်လည်တူးဖော် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး အကျဉ်းသားများ အမြန်လွှတ်ပေးရေး မကွေးတွင် တစ်ကိုယ်တော်ဆန္ဒပြ

နိုင်ငံရေး အကျဉ်းသား ဟောင်းများ အမြန်လွှတ်ပေးရန် မကွေးဒေသခံအမျိုးသားတစ်ဦး က မကွေးမြို့ပေါ် တွင် နိုဝင်ဘာ ၂၅ရက် နံနက်က တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကာမလိမ်လည်ယူထားသူက နစ်နာကြေးပေးထားသည့်မြေကွက်အတွင်း ပြန်လည်နေထိုင်မှုကြောင့် ဆန္ဒပြမည်

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မုံတော(မြောက်)ကျေးရွာအုပ်စု သဲကုန်းကြီး ကျေးရွာတွင် အသက် ၁၆ နှစ်အရွယ် ဆွံ့အနားမကြား အမျိုးသမီးကို ကာမလိမ်လည်ရယူမှုကြောင့် နစ်နာကြေးအဖြစ် ပေးအပ် ထားသော မြေကွက်အတွင်း တရားခံက ထောင်မှလွတ်လာချိန်တွင် ပြန်လည်နေထိုင်နေသောကြောင့် တားဆီးပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါအမျိုးသမီး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ ငါးနှစ်အတွင်း တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှု ဆိုင်းငံ့ ပိတ်သိမ်းထားသော အမှု ၆၉ မှုရှိပြီး လုယက်မှုနှင့် ဖောက်ထွင်းမှုဖြစ်စဉ် အများဆုံးဖြစ်

ကျပ်သိန်း ၃၅၀ခန့် လုယူခံခဲ့ရသည့် Farmer Money Changer အား သြဂုတ် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
ရန်ကုန်တိုင်းဒေသကြီး၌  ၂၀၁၁ ခုနှစ်မှ ယခု ၂၀၁၅ ခုနှစ် လက်ရှိအချိန်ထိ ငါးနှစ်အတွင်း တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှုအား ဆိုင်းငံ့ပိတ်သိမ်းထားသော အမှု ၆၉ မှုထိရှိပြီး လုယက်မှု ဖြစ်စဉ်မှာ အများဆုံး ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဂျပန်သင်္ဘောနှင့်လိုက်ပါလာမည့် အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များ မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်လေ့လာမည်

ဓာတ်ပုံ-နစ်ကီ  
အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် (SSEAYP)အဖြစ် လူငယ်သုံးရာကျော် လိုက်ပါ လာသည့် Nippon Maru သင်္ဘောသည် မြန်မာနိုင်ငံ တွင် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ သုံးရက်ကြာ လှည့်လည်လေ့လာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။