Friday, 16 October 2015
လစာတစ်ချို့တစ်ဝက် မိဘများကို ပေးရမည်ဟု တရုတ်ကုမ္ပဏီက မူချမှတ်ရာမှ အငြင်းပွားမှုများဖြစ်
တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုသည် အလုပ်သမားများအား လစာထဲမှ တစ်ချို့တစ်ဝက်ကို မိဘဖြစ်သူများအား မဖြစ်မနေ ပေးရမည်ဟု ထုံးစံမရှိသည့် ပေါ်လစီတစ်ရပ်ကို ချမှတ်ထားရာ အဆိုပါ သားသမီး ကျင့်ဝတ်ခွန်နှင့် ပတ်သက်ကာ အွန်လိုင်းပေါ်တွင် အငြင်းပွားမှုများ ပြင်းထန်သွားသည်။
အလှကုန်ပစ္စည်းထုတ်ရာ ယင်းကုမ္ပဏီကို အမည်မဖော်ပြထားသော်လည်း အလုပ်သမားကြားတွင် ကောင်းမွန်သည့် ကိုယ်ကျင့်သိက္ခာတန်ဖိုးမြင့်တက်ရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကွမ်ကျို့နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။မိဘကို ရိုသေလေးမြတ်ခြင်းသည် တရုတ်လူအဖွဲ့အစည်းနှင့် ယဉ်ကျေးမှုတွင် အဓိကတန်ဖိုးနှုန်းထားဖြစ်သည်။ သို့သော် ယခုဖြစ်ရပ်ကမူ ဒေသတွင်းမီဒီယာများတွင် ယင်းကုမ္ပဏီက အကဲပိုလွန်းခြင်းဖြစ် သည်ဟု ရေးသားဖော်ပြကြသည်။
ဒီမိုကရေးစီသို့ အမြန်ပြန်သွားရန် ထိုင်းကို အမေရိကန် ထပ်မံတောင်းဆို
လက်ရှိတည်ရှိနေသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံး တိုးတက်လုပ်ဆောင်ရန် ကတိပြုသော်လည်း လမ်းပြမြေပုံအရ ဒီမိုကရေစီသို့ အမြန်ဆုံးပြန်သွားရန် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်က ထပ်မံတောင်းဆိုခဲ့သည်။အမေရိကန်သံအမတ်ကြီး ဂလင်းဒေးဗီးစ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွီနိုင်ကို အောက်တိုဘာ ၁၅က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်လည်ကျင့်သုံးရေးအပါအ၀င် များပြားလှသည့်ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သံအမတ်က ပြောသည်။နှစ်ပေါင်း ၁၈၀ကျော်ပြီဖြစ်သော နှစ်နိုင်ငံကြား ဆက်ဆံရေးကို နောက်ထပ်အားကောင်းစေရန့် အမေရိကန်က နည်းလမ်းများရှာဖွေနေသည်ဟုလည်း ၄င်းက ပြောသည်။
"ဒီမိုကရေစီစနစ်ကို အမြန်ပြန်သွားပြီး ရွေးကောက်ခံအရပ်သားအစိုးရတစ်ရပ်ကို ဖွဲ့စည်းရေး ထိုင်းနိုင်ငံက ဆက်လက်လုပ်သွားမည်လို့ ကျွန်တော်တို့(အမေရိကန်တွေ) မျှော်လင့်ပါတယ်"ဟု မစ္စတာဒေးဗီးစ်က ပြောသည်။
Thursday, 15 October 2015
မိသားစုများ ပြန်လည် တွေ့ဆုံရေး အစီအစဉ်အတွက် တောင်ကိုရီးယား ရှေ့ပြေးအဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်
ကွဲကွာခဲ့သည့် မိသားစုများ ပြန်လည် ပေါင်းစည်းပေးရေး အစီအစဉ်အရ တောင်ကိုရီးယား အစိုးရ စေလွှတ်သည့် အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားသို့ ကြိုတင် ဝင်ရောက်သွားကြောင်း သိရှိရသည်။
စစ်အတွင်းက ကွဲကွာသွားသည့် မိသားစုများ ပြန်လည် တွေ့ဆုံပေးရေး အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ သဘောတူညီထားပြီး လာမည့်သီတင်းပတ်တွင် အကောင်အထည် ဖော်မည် ဖြစ်သည်။ အောက်တိုဘာ ၁၅ တွင်မူ တောင်ကိုရီးယား အစိုးရက လူ ၂၅ ဦး ပါဝင်သည့် အဖွဲ့တစ်ခုကို မြောက်ကိုရီးယားထံ စေလွှတ်လိုက်ကြောင်း ကြေညာခဲ့သည်။
ဆီးရီးယား စစ်မြေပြင်တွင် ဖျက်ဆီးအားပြင်းသည့် ဒုံးကျည်စနစ် ရုရှားအသုံးပြုနေဟု သတင်းများထွက်ပေါ်
ဆီးရီးယားတွင် ရုရှားအနေဖြင့် TOS-1A အမျိုးအစား ဒုံးကျည်လက်နက်များ ဖြန့်ကျက် အသုံးပြုသွားရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။တောက်ပသောကြယ်ဟု နာမည်ပြောင် ခေါ်ဝေါ်လေ့ရှိသည့် အဆိုပါ လက်နက်စနစ်တွင် ဒုံးကျည် အများအပြားကို ပစ်လွှတ်နိုင်ပြီး မြို့ကြီး တစ်မြို့၏ ရပ်ကွက်ရှစ်ခုစာမျှ အကျယ်အဝန်းကို ပြားပြားဝပ်သွားစေနိုင်သည်အထိ ဖျက်ဆီးအား ပြင်းထန်ကြောင်း သိရသည်။ဆီးရီးယားတွင် သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်ဘက်မှ ပါဝင်ကူညီပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့နှင့် အခြားသော သူပုန်များကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည်။ ယခုအခါတွင်မူ ရုရှားသည် တင့်ကားပေါ် တင်ဆောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်လက်နက်များကိုပါ ဆီးရီးယားတွင် ဖြန့်ကျက်သွားရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။စက်တင်ဘာ ၃၀ မှ စတင်ကာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရုရှားသည် အောက်တိုဘာ ၁၃ နှင့် ၁၄ ရက်များတွင် အိုင်အက်စ်ပစ်မှတ် ၄၀ ကျော်ကို ဗုံးကြဲခဲ့ပြီး ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။
ကရင်ပြည်နယ်ရှိ ကလေးများ အာဟာရဖွံ့ဖြိုးရန် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်
ကရင်ပြည်နယ်ရှိ ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဆင့်သုံးဆင့်ဖြင့် လာမည့်နှစ်မှစတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ယင်းပြည်နယ်တွင် ဆောင်ရွက်ရခြင်းမှာ အာဟာရဖွံ့ဖြိုးမှု နောက်ကျခြင်းနှင့် အာဟာရချို့တဲ့မှု များပြားခြင်းတို့ကြောင့်ဖြစ်ပြီး ယင်းအစီအစဉ်ကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာန ဒုညွှန်မှူး ဒေါက်တာထင်လင်းက ပြောသည်။‘‘အာဟာရချို့တဲ့မှုများတဲ့ နေရာဒေသရွေးလိုက်တဲ့အခါမှာ မကွေး၊ ချင်း၊ ရခိုင်၊ ဧရာဝတီ၊ ကရင်ဆိုပြီး ထွက်လာတယ်။ ဒါ ကြောင့် နောက်နှစ်မှာ ကရင်မှာ လုပ်ဖို့ရှိတယ်။ လုပ်တဲ့အခါမှာ ပိုမိုထိရောက်တဲ့ နည်းစနစ်ကျင့်သုံးဖို့ အတွက် ရည်ရွယ်ပြီး အဆင့်သုံး ဆင့်နဲ့ ဆောင်ရွက်မှာပါ’’ဟု ၎င်း က ပြောသည်။
ဧရာဝတီနှင့်ရန်ကုန်တွင် အာဟာရဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်
ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင် အာဟာရအားဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားအာဟာရဌာနခွဲမှ သတင်းရရှိသည်။အဆိုပါတိုင်းဒေသကြီးနှစ်ခု ရှိ ဆန်စက်များနှင့်ညှိနှိုင်း၍ ခေတ်မီစက်ကြီးများဖြင့် အာဟာရအတွက် အားဖြည့်ဆန်ထုတ်လုပ် ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာ နလက်အောက်ရှိ အမျိုးသားအာ ဟာရဌာနခွဲ (NNA) ၊ FDA ၊ PSI အဖွဲ့အစည်းနှင့် နိုင်ငံပေါင်း ၇၀ ကျော်ကို အာဟာရလုပ်ငန်းများ ကူညီ ထောက်ပံ့ပေးနေသည့် PATH အဖွဲ့အစည်းတို့ကပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။‘‘အမှန်က ဒီလမှာစပြီးဖြန့်ရ မှာ။ စက်ပစ္စည်းတွေကနေ ဆန် ထုတ်တာမနိုင်တာတို့၊ ဆန်ထဲမှာ ထည့်ရမယ့် အနုအာဟာရတွေလိုနေသေးတာတို့၊ FDA ခွင့်ပြုချက် တို့၊ ဥပဒေရေးရာကင်းလွတ်ခွင့် လိုတာတွေနဲ့ ပြည်သူလူထု လက် ခံသုံးစွဲအောင် ပညာပေးဖို့လိုတာ တွေ၊ ဖြန့်ဖြူးရောင်းချမယ့်လူလိုတာတွေကြောင့်ဈေးကွက်ထဲ မ ဖြန့်နိုင်သေးဘူး။ ဒါကြောင့် နိုဝင် ဘာနဲ့ ဒီဇင်ဘာလောက်မှာတော့ တိုင်းနှစ်ခုမှာ စပြီးဖြန့်ပါမယ်’’ဟု အမျိုးသားအာဟာရဌာနခွဲ ဒုညွှန် မှူး ဒေါက်တာထင်လင်းကပြောသည်။
အရည်အသွေးမပြည့်မီသည့် ငှက်ဖျားဆေးများကြောင့် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ်ထိခိုက်နိုင်
အရည်အသွေးမပြည့်မီသော ငှက်ဖျားဆေးအတုများသည် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ် ထိခိုက်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် FDA အမှတ်အသားပါမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆေးပညာရှင်များက အကြံပြု ပြောကြားသည်။ဆေးဈေးကွက်အတွင်းသို့ အိန္ဒိယနှင့် တရုတ်နယ်စပ်များမှ ငှက်ဖျားဆေးဝါးအတုများ ဝင်ရောက်နိုင်ခြင်းကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က အသိအမှတ် ပြုစစ်ဆေးထားသည့် Myanmar Registration Number (MRN) နံပါတ်ပါရှိသော ဆေးမှသာ စိတ်ချရကြောင်း အင်းစိန်ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည် က အကြံပြုသည်။
‘‘ဆေးအတုတွေက အလွန်ကို အန္တရာယ်ရှိပါတယ်။ အဆိုးရွားဆုံးကတော့ ရာနှုန်းပြည့်သေသွားနိုင်တယ်။ ပြောရရင် ရာနှုန်းပြည့်စံနှုန်းမမီဘူး။ သွေးထဲမှာ ငှက် ဖျားပိုးတွေ ပျံ့နေတဲ့သူကို ထိုးမိမယ်၊ သောက်မိမယ်ဆိုရင် မကောင်းဘူး။ အသက်သေနိုင် တယ်။ ဒါကြောင့် ဆေးမှာ FDA အသိအမှတ်ပြု နံပါတ်ပါတဲ့ သောက်ဆေး၊ ထိုးဆေးဆိုရင် ဒီဆေးက အစစ်ပဲ။ အခုဆေးဈေး ကွက်ထဲမှာ ဆေးဝါးအတုတွေရဲ့ အန္တရာယ်က တော်တော်သတိ ထားရမယ်။ မရှိဘူး မဟုတ်ဘူးရှိ တယ်။ နယ်စပ်ပေါက်တွေက ဝင်လာတယ်လို့ ယူဆရတယ်’’ဟု ၎င်းက ပြောသည်။
ရခိုင်နှင့် စစ်ကိုင်းတွင် ငှက်ဖျားဖြစ်ပွားသူ မြင့်မားလျက်ရှိ
ရွှေ့ပြောင်းသွားလာမှု များပြားခြင်းကြောင့် ရခိုင်နှင့် စစ်ကိုင်းတိုင်းတွင် ငှက်ဖျားဖြစ်ပွားသူဦးရေ မြင့်မားလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ငှက်ဖျား ဖြစ်ပွားသူဦးရေ သုံးသောင်း ခြောက်ထောင်ကျော်ရှိကာ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းသည် သုံးသောင်းတစ်ထောင်ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရန်ကုန်တွင် သုံးရာကျော်နှင့် မန္တလေးတိုင်းတွင် ခြောက်ထောင်ကျော်ဖြင့် ငှက်ဖျားဖြစ်ပွားနှုန်း အနည်းဆုံးဖြစ်ကြောင်း အမျိုးသားငှက်ဖျား ရောဂါတိုက်ဖျက်ရေး စီမံချက် ၂၀၁၄ စာရင်းများအရ သိရသည်။‘‘၂၀၁၁ ကနေ ၂၀၁၄ အထိ ကြည့်လိုက်ရင် ငှက်ဖျားဖြစ်ပွားနှုန်းက တဖြည်းဖြည်းနည်းလာပေမယ့် ရခိုင်နဲ့ စစ်ကိုင်းမှာတော့ များ နေသေးတာ တွေ့ရတယ်။ တိုင်း နဲ့ပြည်နယ်တွေကို ငှက်ဖျားပိုးရှိ၊ မရှိ သွေးဖောက်စစ်လိုက်တဲ့အခါ မှာ ရခိုင်နဲ့ စစ်ကိုင်းက အများဆုံးဖြစ်နေတယ်’’ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါနှိမ်နင်းရေးဌာန(ရပကန) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။
Wednesday, 14 October 2015
NLD အောင် နိုင်ရေး Online လှုပ်ရှားမှုဆိုသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အနီရောင်တီရှပ် ကျပ်သိန်း ၆,၀၀၀ ကျော်ဖိုး ၀ယ်ယူသည့်သတင်း မမှန်နိုင်ကြောင်း ဈေးကွက်အတွင်း အထည်ဆိုင်များဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး အတွက် ပါဝင်ကူညီခဲ့သည့် အနှေးယာဉ်နှင့် ယာဉ်မောင်းများ
ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပျံ့နှံ့နေသည့် မင်္ဂလာဈေးမှ တီရှပ်အနီရောင် ကျပ်သိန်း ၆,၀၀၀ ကျော်ဖိုး ၀ယ်ယူသွားသည့်သတင်းမှာ မဟုတ်မှန်နိုင်ကြောင်း အဆိုပါဈေးရှိ တီရှပ်လက်ကားဆိုင်ကြီးများမှ သတင်းရရှိသည်။ရွေးကောက်ပွဲနီးကပ်လာ ချိန်တွင် အဓိကအတိုက်အခံပါတီ ကြီးဖြစ်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ ပါတီဝတ်စုံနှင့် အ ရောင်တူညီသည့် အနီရောင်တီ ရှပ်များကို အများအပြားဝယ်ယူ သည့် သတင်းပျံ့နှံ့လာခြင်း ဖြစ် သည်။ အဆိုပါ သတင်းကြောင့် ရွေးကောက်ပွဲနေ့တွင် တီရှပ်များ ပေါ်၌ ဒီချုပ်တံဆိပ်များရိုက်နှိပ်ဝတ်ဆင်ပြီး ရွေးကောက်ပွဲဥပဒေ နှင့် မညီသည့်အရာများပြုလုပ် မည်ကို စိုးရိမ်မှုများရှိနေသည်။‘‘အဲဒီသတင်းကို ကျွန်တော် မကြားပါဘူး။ အဲဒီလိုလာဝယ် တာလည်း မရှိပါဘူး’’ဟု မင်္ဂလာဈေး (ရွှေပြည့်စုံဈေး) မြေညီထပ်ရှိ တီ ရှပ်အင်္ကျီလက်ကားအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မူးမြစ်ရေမြင့်တက်လာ၍ မြစ်ကမ်းတစ်လျှောက် ကျေးရွာများရှိ လူတစ်သောင်းကျော် ရေဘေးသင့်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အောက်တိုဘာလဆန်း က မိုးသည်းထန်စွာ ရွာသွန်းခဲ့ ခြင်းကြောင့် မူးမြစ်ရေမြင့်တက် လာကာ အရာတော်နှင့် ၀က်လက်မြို့နယ်အတွင်း မူးမြစ်ကမ်းဘေး ကျေးရွာများတွင် အောက်တိုဘာ ၁၁ ရက်မှစ၍ ရေများတစ်ကျော့ ပြန်ဝင်ရောက်ခဲ့သဖြင့် ဒေသခံတစ်သောင်းကျော် ရေဘေးဒုက္ခခံနေရကြောင်း သတင်းရရှိသည်။ရွှေဘိုခရိုင် ၀က်လက်မြို့ နယ်အတွင်း မူးမြစ်ရေမြင့်တက်မှု ကြောင့် လှကွေ၊ ကျောက်ကုန်း၊ သရက်ချို၊ မင်းကန်၊ သမရိုး၊ တည်တောအပါအ၀င် ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ခြေနှစ်ထောင်ကျော်အတွင်း ရေများဝင်ရောက်နေ၍ လူဦးရေ ၉,၀၀၀ ကျော် ရေဘေး အခက်ကြုံတွေ့ခဲ့ရကြောင်း စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတ် တမ်းများအရ သိရသည်။မုံရွာခရိုင် အရာတော်မြို့ နယ်အတွင်း မူးမြစ်ရေမြင့်တက်မှု ကြောင့် ကူးတို့ကိုင်း၊ ပေါက်ပင် ဆိပ်၊ ဆင်တလည်၊ အောင်သာ၊ လက်ပံသာစသည့် ကျေးရွာများ အတွင်းသို့ ရေ၀င်ရောက်လာ၍လူဦးရေ နှစ်ထောင်ကျော်ရေဘေးကြုံတွေ့ခဲ့ရသည်။
မင်းလှမြို့နယ်တွင် ချောင်းရေစီးအတွင်း လူခုနစ်ဦးမျောပါ
မကွေးတိုင်းဒေသ ကြီး မင်းလှမြို့နယ်တွင်ချောင်းရေ ကြီးမှုကြောင့် ဓာတ်ကုန်းချောင်းနံ ဘေးရှိ ယာခင်းများအတွင်း တဲ ငယ်များဆောက်လုပ်နေထိုင်သူ များအနက် ခုနစ်ဦး ရေစီးနှင့်မျော ပါသွားခဲ့ကြောင်း သရက်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အောက်တိုဘာ ၁၂ ရက် နံ နက် ၁ နာရီ မိနစ် ၃၀ ခန့်က အဆိုပါ ငနောင်မုန်းကျေးရွာအနီး ဓာတ်ကုန်းချောင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ချောင်းရေကြီးမှု ဖြစ်ပေါ်ခဲ့ကာ ချောင်းကမ်းနံဘေး ယာခင်းများအတွင်း ယာယီတဲငယ်များဖြင့် နေထိုင်ကြ သော မိသားစုများ မျောပါသွား ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက အတည်ပြုပြော သည်။
ချောင်းရေဖြင့် မျောပါသွား သူများသည် အခြားမြို့နယ်များမှ လာရောက်ပြီး ပျံကျလုပ်ကိုင်စား သောက်သည့် မိသားစုများဖြစ် ကြောင်းနှင့် မြိုင်မြို့နယ်မှ အမျိုး သားသုံးဦး၊ မင်းဘူးမြို့နယ်မှ အ မျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ် ဦးတို့ဖြစ်ကြောင်း ၎င်းကပြော သည်။
ပုဂ္ဂလိက တယ်လီဖုန်းတာဝါတိုင်စိုက်ထူမှု ရပ်ကွက်နေပြည်သူအချို့ ကန့်ကွက်
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ စဥ့်ဟယ် (၁) ရပ် ကွက်၊ နယ်မြေ (၁) အတွင်းရှိ လူ နေခြံဝင်းတစ်ခုအတွင်း စတင်စိုက်ထူနေသည့် ပုဂ္ဂလိကတယ်လီနော ဆက်သွယ်ရေးတာဝါတိုင်ကို ရပ်ကွက်နေပြည်သူ ၃၀ ဦးခန့်က လက်မှတ်ရေးထိုးကန့်ကွက်ထားကြောင်း သတင်းရရှိသည်။
စဥ့်ဟယ် (၁) ရပ်ကွက်၊ နယ်မြေ (၁) အတွင်းနေထိုင်သူ ၃၀ ဦးခန့်က အောက်တိုဘာလဆန်းက ရှမ်းပြည် နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနအသီးသီးထံသို့ လိပ်မူကန့်ကွက်တိုင်ကြားထားကြသည်ဟု ကန့်ကွက်ရာတွင် ပါဝင်သူ ဒေါ်မြင့်မြင့်ဟန်က ပြောသည်။ ‘‘တာဝါတိုင်က နှိုးတဲ့စက် တွေရှိတယ်။ အဲဒီက ဆူညံသံတွေ အဲဒီကနေ ထွက်လာမယ့် အနံ့တွေကို ကျန်းမာရေးအတွက် ကန့်ကွက်ရခြင်း ဖြစ်တယ်။ နောက်ပြီး သ ဘာဝဘေးအန္တရာယ်ကိုလည်း စိုးရိမ်လို့ ကန့်ကွက်တာပါ။ ပြည်နယ်ဝန်ကြီးချုပ်ဆီကိုလည်း လိပ်မူပြီး တိုင်ကြားထားပါတယ်’’ဟု ဒေါ် မြင့်မြင့်ဟန်က ပြောသည်။
ရေကြီး မြေပြိုသဘာဝဘေးများကြောင့် ကျပ်ဘီလီယံနှစ်ရာကျော်ဆုံးရှုံးခဲ့
လွန်ခဲ့သည့် သုံးလခန့်က စ၍ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ရေကြီး၊ မြေပြိုမှုသဘာဝဘေး အန္တရာယ်များကြောင့် လူဦးရေ ၁ဒသမ ၆၇ သန်းဘေးသင့်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု ကျပ်ဘီလီယံ၂၀၀ ကျော် ရှိခဲ့ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဘေးအန္တရာယ်ဖြစ်ပွားမှု ၄၁၅ ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှု ကျပ်သန်း ပေါင်း ငါးရာခြောက်ဆယ်ကျော်ရှိ ခဲ့ကာ သဘာဝဘေးအန္တရာယ် ကြောင့် ဘေးသင့်လူဦးရေမှာ ခုနစ်သောင်းကျော်သာ ရှိခဲ့သည်။‘‘မကြာသေးခင်က မြန်မာ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေ လျှံမှုနဲ့ မြေပြိုမှုကြောင့် ဆုံးရှုံးခဲ့ရ တဲ့ ပမာဏကိုကြည့်ရင် သဘာဝ ဘေးကြောင့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ ဖြိုးတိုးတက်မှုကို များစွာအဟန့် အတားဖြစ်စေတယ်ဆိုတာ သိရှိ နိုင်ပါတယ်’’ဟု အပြည်ပြည်ဆိုင် ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ယခုနှစ်အတွင်းဖြစ်ပေါ်ခဲ့ သော သဘာဝဘေးအန္တရာယ် ကြောင့် အသက်ဆုံးရှုံးမှုဦးရေ သည် တစ်ရာကျော်ရှိခဲ့ရာ နာဂစ် မုန်တိုင်းပြီးလျှင် ပျက်စီးဆုံးရှုံးမှု နှင့် အသက်အန္တရာယ်ထိခိုက်မှု များသော နှစ်ဖြစ်သည်။
Tuesday, 13 October 2015
တိုင်းရင်းသားလက်နက်ကိုင်တွေ သိသင့်တဲ့ DDR
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးကြတော့မှာဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဋ္ဌ ရွက်ဆစ်က သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၈ ရက်နေ့မှာပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ရွက်ဆစ်ကို DVB ၊ ဧရာဝတီ၊ မဇ္ဈိမ သတင်းဌာနတွေက NCA နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ DDR နဲ့ပတ်သက်ပြီး မေးမြန်းမှု အပေါ် ရွက်ဆစ်က “DDR ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုပြည်လည်တည်ထောင်ဖို့ လုပ်မှာလေ၊ တိုင်းရင်းသား အားလုံးရော အစိုးရ၊ တပ်မတော်ရော အားလုံးလက်နက်ဖြုတ်သိမ်းပြီးမှ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ပြန်တည်ဆောက်မှာလေ၊ ဘယ်လိုပြန်ဖွဲ့မယ်၊ ရာခိုင်နှုန်းနဲ့လား ဘာလားဆိုတာတော့ ကျနော်တို့ ပြန်ပြီး ဆွေးနွေးရမယ် ” လို့ ဖြေကြားသွားပါတယ်။
ကျောက်ဖရုံသီး မိုးကြိုးလွှဲသည်ဟု မကြားဖူးကြောင်း ဒေါက်တာထွန်းလွင်ပြော
ကျောက်ဖရုံသီးမှာ မိုး ကြိုးလွှဲသည်ဟု မကြားဖူးကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။‘‘ကျောက်ဖရုံသီးက မိုးကြိုး လွှဲတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ မိုးကြိုးလွှဲကိရိယာတွေလည်းအလွယ်တကူဝယ်လို့ရတာပဲ’’ ဟု ရန်ကုန်မြို့ ဈေးကြီးအချို့၏ ခေါင် မိုးတွင် မိုးကြိုးမပစ်အောင် ကျောက် ဖရုံ သီးများ တင်ထားခြင်းနှင့် ပတ် သက်၍ 7Day Daily က မေးမြန်း ရာ၌ ဒေါက်တာထွန်းလွင်က အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားသည်။
ထို့အပြင် မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ရန်ကုန်မြို့ရှိ ဈေးကြီးအချို့၏ ခေါင်မိုးများတွင် ကျောက်ဖရုံသီးများကို မိုးကြိုးလွှဲအဖြစ် တပ်ဆင်ခြင်းထက် မိုးကြိုးလွှဲ ကိရိယာများသာ တပ်ဆင်သင့်ကြောင်း ပြောသည်။
‘‘မိုးကြိုးလွှဲဖို့က မိုးကြိုးလွှဲကိ ရိယာတွေ တပ်ဆင်ရမှာပါ။ မိုး ကြိုးလွှဲဖို့အပြင် တခြားပတ်သက် မှုတွေရှိနိုင်မယ် ထင်တယ်’’ ဟု အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို မတရားအသင်းမှ ပယ်ဖျက်၊ နှစ်ဖွဲ့ကို အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာ
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးလက်မှတ်မရေးထိုး မီ သုံးရက်အလိုတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို သမ္မတအမိန့်ဖြင့် မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးလိုက် သည်။
မတရားအသင်းအဖြစ် ကြေ ညာထားသော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ၊ ရှမ်းပြည်တပ်မ တော် တောင်ပိုင်း (RCSS/SSA) တို့ကို သမ္မတအမိန့်ဖြင့် မတရား အသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထို့အပြင် RCSS/SSA နှင့် ABSDF တို့ကို အောက်တိုဘာ၁၂ ရက်မှစ၍ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်သည်။
မြို့နယ် ၃၄ ခုရှိ ကျေးရွာအုပ်စု ၄၀၀ ကျော်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်ကြေညာ
လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲကျင်းပရန်အ ခြေအနေမရှိသဖြင့် မြို့နယ် ၃၄ခု ရှိကျေးရွာအုပ်စု လေးရာကျော် တွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ကြေညာချက်ငါးစောင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ရှိသည့်အနက် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခု၊ မွန်ပြည်နယ်ရှိမြို့နယ်တစ်ခု၊ ရှမ်းပြည်နယ်ရှိမြို့နယ် ၁၃ ခုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှစ်ခုစုစုပေါင်းမြို့နယ် ၃၄ ခုရှိ ကျေးရွာအုပ်စုများတွင် နိုဝင်ဘာ ၈ရက်၌ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မည်မဟုတ်ပေ။ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၃၄ ခုတွင် ပန်ဆန်း(ပန်ခမ်း)မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ နားဖန်းမြို့နယ်တို့မှလွဲပြီး ကျန်မြို့နယ်၃၀ တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ၀င်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ စာရင်းပေးသွင်းထားသည်။
ဒေါ်လာဈေးနှုန်း ကျဆင်းလာ၍ ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်မြင့်တက်
ကမ္ဘာ့ရွှေဈေးမြင့်တက် လာချိန်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာသဖြင့် ပြည် တွင်း၌ ကျပ်ငွေတန်ဖိုးအနည်းငယ် ပြန်လည် မြင့်တက်လာကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် အမေရိကန် ဒေါ် လာ ၁,၁၅၀ ခန့်ရှိလာပြီး ယခင် တစ်ပတ်ထက် ၄ ရာခိုင်နှုန်းမြင့် တက်လာသည်။ ကမ္ဘာ့ဈေးကွက် တွင် ရွှေနှင့်ဒေါ်လာဈေးသည် ပြောင်းပြန်ဖြစ်နေ၍ အမေရိကန် ဒေါ်လာတန်ဖိုးမှာ စတင် ကျ ဆင်းလာပြီး မြန်မာနိုင်ငံတွင် လည်း ဒေါ်လာငွေလဲနှုန်း ပြန် လည်ကျဆင်းလာကြောင်း စီးပွား ရေးသမားအချို့က ရှင်းပြသည်။ပြည်တွင်း၌ ငွေလဲနှုန်းကျ ဆင်းမှုသည် စက်တင်ဘာ ၁၂ ရက်တွင် ပြင်ပဈေးတစ်ဒေါ်လာ လျှင် ၁,၂၈၅ ကျပ်ခန့်သာ ဈေးရှိ နေသည်။ စက်တင်ဘာ ၈ ရက် တွင် ပြင်ပဈေးကွက်၌ ငွေလဲနှုန်း သည် တစ်ဒေါ်လာလျှင် ၁,၂၉၀ ကျပ်ခန့် ရှိခဲ့သည်။ ပြင်ပ ဈေးကွက်တွင် ငွေလဲနှုန်းကျဆင်းလာမှုကြောင့် မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း ရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁,၂၈၆ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။ ဗဟိုဘဏ်က သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းသည် ယခင်တစ်ပတ်လျှင် ၁,၂၈၇ ကျပ်နှင့်အထက်သာ ရှိခဲ့သည်။
ထိုင်းဆန်ဟု သံသယရှိသော ဆန်အိတ် ၂၀၀ ကို စစ်ဆေးနေ
ပဲခူး-ညောင်းခါးရှည် လမ်းကြောင်းမှ ဝင်ရောက်လာ သည့် ဆန်အိတ်နှစ်ရာကို ထိုင်း ဆန်များဟု သံသယရှိသော ကြောင့် ဓာတ်ခွဲစမ်းသပ်ရန် တရားမဝင်ကုန်သွယ်မှု တားဆီးရေးဗဟို (Mobile Team) က သိမ်းဆည်း ထားကြောင်း သတင်းရရှိသည်။
ပြည်တွင်း ဆန်ဈေးကွက်သို့ ထိုင်းနိုင်ငံမှ ဆန်များ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာ သည်ဟု သတင်းများပျံ့နှံ့နေခြင်း ကြောင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ တင်ဆောင်လာဖွယ်ရှိသည့် ဆန် အိတ်နှစ်ရာကို ဝေါမြို့အနီးတွင် အောက်တိုဘာ ၁၁ ရက်က သိမ်း ဆည်းခဲ့ခြင်းဖြစ်သည်။
‘‘စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဌာနက လယ်ယာ ထွက်ကုန် ဓာတ်ခွဲစမ်းသပ်ခန်းမှာ စမ်းသပ်ဖို့ ပို့ထားတယ်။ ထိုင်း ဆန်ဆိုရင် တရားမဝင်ကုန်သွယ် မှုနဲ့ အရေးယူသွားမယ်’’ ဟု Mobile Team မှ ဒုတိယညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။
တောင်ကိုရီးယားတွင် မားစ်ရောဂါဖြစ်ပွားပြန်
တောင်ကိုရီးယားတွင် မားစ်ရောဂါကင်းစင်ပြီဆိုကာ ဆေးရုံဆင်းခွင့်ရသည့် အမျိုးသားတစ်ဦး ကိုးရက်အကြာတွင် ရောဂါပြန်လည်ပေါ်ပေါက်လာကြောင်း အာဏာပိုင်များက ပြောသည်။
အသက် ၃၅ နှစ်ရှိ ယင်းအမျိုးသားသည် ကိုယ်အပူချိန်အရမ်တက်၍ ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံသို့ အောက်တိုဘာ ၁၁ ရက်က ပြန်လည်တက်ရောက်လာရကြောင်း ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောသည်။
အောက်တိုဘာအစောပိုင်းက ရောဂါကူးစက်ခြင်းမရှိတော့ဟု စမ်းသပ်တွေ့ရှိပြီးနောက် ဆေးရုံမှ ဆင်းခိုင်းလိုက်သည့် ယင်းအမျိုးသားက ပထမဆုံးရောဂါဖြင့် ဆေးရုံပြန်တက်ရောက်လာရသည့် လူနာဖြစ်ခဲ့သည်။
Subscribe to:
Posts (Atom)








