Sunday, 27 September 2015

ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား အမှုဖွင့်

လွန်ခဲ့သည့် ၉ လခန့်က လမ်းခွဲခဲ့သည့် ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ကွန်ပျူတာတွင် ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ စက်တင်ဘာ ၂၅ ရက်တွင် စုံစမ်းသိရှိရသည်။
 

ကွန်ပျူတာ သုံးစဉ် သင့်မျက်စိကို ဂရုစိုက်ပါ

ကွန်ပျူတာ ၊ ဖုန်းစခရင်မ်တွေကို အကြည့်များတာကြောင့် မျက်စိညောင်းညာ ဒဏ်ဖြစ်မှု လျော့ပါးစေဖို့. ၂၀-၂၀-၂၀. ဆိုတဲ့ စဉ်းမျဉ်းကို လိုက်နာပါလို့ မျက်စိအထူးကုဆရာဝန်တေက သတိပေး ထားပါတယ်
အဆင့် ( ၁ ) ၂၀

ဆေးလိပ်သောက်သူများ ထိပ်ပြောင်နိုင်

တစ်နေ့ကို ဆေးလိပ် အလိပ် ၂၀ နဲ့ အထက် သောက်တဲ့အမျိုးသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နိုင်တယ်လို့သိရပါတယ်။ ဦးရေပြားဆီကို သွေးနဲ့ ဟော်မုန်း ရောက်ရှိမှု နည်းတဲ့အတွက်

တအာင်းပလောင် ဒေသထဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေ

ရှမ်းပြည် မြောက်ပိုင်း တအာင်း ပလောင်ဒေသ နေရာ အနှံ့မှာ အခုလ စက်တင်ဘာ ၁၉ ရက် နေ့ ကစပြီး ဒေသခံ တအောင်းပလောင် လက်နက်ကိုင် TNLA နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ် နေပါတယ်။
နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းတုံ၊ မူဆယ် နဲ့ ကွတ်ခိုင် မြို့နယ် တွေ မှာ အစိုးရ တပ်တွေ နဲ့ ကြား တိုက်ပွဲတွေ၊ ထိတွေ့ ပစ်ခတ်မှု တွေ ဖြစ်ပေါ် နေတယ် လို့ TNLA က ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ကို အလုပ်ရှင် မလိုက်နာ

ပဲခူးတိုင်း အင်းတကော် မှာရှိတဲ့ ဟုန်းကယူး Hung Kiu အထည်ချုပ် စက်ရုံမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမား သပိတ်ဟာ အလုပ်ရှင်ဘက်က အလုပ်ဝင်ကာစ အလုပ်သမား အသစ် တွေ ကို တစ်ရက် လုပ်ခ ၁၈၀၀ ကျပ် ပဲ ပေးနေတဲ့ အချက် အပေါ် မပြင်ဆင် နိုင်ခဲ့ပဲ ပြီးဆုံးခဲ့ ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ က စလို့ ၃ ရက်တိုင် စက်ရုံရှေ့ ထိုင်သပိတ် မှောက်ခဲ့တဲ့ အလုပ်သမား ၂၀၀၀ ကျော် ဟာ အစိုးရ က သတ်မှတ် ပြဌာန်းထားတဲ့ အနိမ့်ဆုံး လုပ်ခ တစ်ရက် ၃၆၀၀ ကျပ် နှုန်း အတိုင်း အလုပ်သမား အားလုံး တပြေးညီ ရရှိနိုင်ရေး အပါအဝင် ၊ ရက်မှန်ကြေး နဲ့ လုပ်ငန်း ကျွမ်းကျင်ကြေး တွေ ကို ရရှိနေကျ အတိုင်း အလုပ်ရှင် ဘက်က ပေးဖို့ တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

KIA အဖွဲ့မှ ကျေးရွာအ၀င်အထွက်လမ်းများတွင် မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိ

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ အ၀င်အထွက်လမ်းများ၌ စက်တင်ဘာလ ၂၄ ရက်နေ့တွင် KIA အဖွဲ့မှ အစိုးရတပ်များ ၀င်ရောက် သွားလာလှုပ်ရှားမှု မပြုလုပ်နိုင်စေရန် မိုင်းများထောင်ထားကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။
“ရွာကို KIA အဖွဲ့တွေရောက်လာတယ်၊ ကျေးရွာအ၀င်အထွက်လမ်းတွေမှာ မိုင်းတွေလိုက်ထောင်တယ်၊ သူတို့ ကတော့ အစိုးရတပ်တွေကို ထောင်တာ လို့ပြောတယ်၊ မိုင်းထိလိုက်ရင် ဒေသခံတွေပဲလေ၊ သေလိုက်၊ ပြတ် လိုက်၊

မရမ်းကုန်းမြို့နယ်၌ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၅၄ဝဝ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သမိုင်း(၁)ရပ်ကွက် မြို့သစ်(၁) လမ်းထိပ် ရိုးကြီးချောင်းအတွင်း စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ က စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

ဆင်းရဲတဲ့နိုင်ငံတွေကို တရုတ်က ကန်ဒေါ်လာ သန်း ၂၀၀၀ လှူမည်


တရုတ်နိုင်ငံက ဖွံဖြိုးဆဲနိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ လှူမယ်လို့ မနေ့က

လက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်နိုင်ရေး ကျေနပ်လောက်သည့် လုပ်ဆောင်ချက်ရမှ NCA လက်မှတ်ထိုးမည်ဟု KNPP ဆုံးဖြတ်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် နိုင်မှ (သို့မဟုတ်) အားလုံးပါဝင် ရေးအတွက် ကျေနပ်လောက် သည့် လုပ်ဆောင်မှုကို အစိုးရနှင့် တပ်မတော်က လုပ်ဆောင်ပြမှ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)အနေဖြင့် NCA ကို လက်မှတ်ရေးထိုးမည်ဟု ကေအင်န်ပီပီအရေးပေါ်အစည်း အဝေးက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ဆိုင်ကယ်လဲ၍ ဒဏ်ရာရသူကို ကူညီနေသော ရဲတပ်သား ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တ လေးလမ်းဟောင်းတွင် အမျိုးသား တစ်ဦး ဆိုင်ကယ်မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သဖြင့် သွားရောက်ကူညီသည့်ရဲ တပ်သားကို အခြားဆိုင်ကယ်တစ် စီးက ဝင်ရောက်တိုက်မိ၍ သေဆုံး သွားကြောင်း သတင်းရရှိသည်။
ရန်ကုန်-မန္တလေးလမ်း ဟောင်းတွင် စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီခန့်က အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာများရရှိနေသဖြင့် အမှတ် (၂)နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦး သွားရောက်ကူညီ နေစဉ် အခြားဆိုင်ကယ်စီးသူတစ် ဦးက ဝင်ရောက်တိုက်မိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

Breaking News: မက်ဆီအား ၂ လ ခန့် ကြာ လက်လွှတ်ရတော့မယ့် ဘာစီလိုနာ


ဘာစီလိုနာ အသင်း လက်စ်ပါးလ်မက်စ် အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သော ပွဲစဉ်တွင် အဓိက ကစားသမား မက်ဆီ ဒဏ်ရာရ ရှိ သွားခဲ့သည်၊၊

အဆိုပါ ဒဏ်ရာကြောင့် မက်ဆီသည် နှစ်လအထိ နားရတော့မည် ဖြစ်ကြောင်းသိရသည်၊၊ ဒူးဒဏ်ရာဖြစ်သောကြောင့် ခန့် မှန်းထားသည့် အချိနိထက်ပင် ပိုမိုကြာနိုင်ကြောင်း၊ သို့ သော်လည်း

တစ်ပြိုင်နက်တည်းဖြစ်ပွားမည့် စူပါမွန်းနှင့် လကြတ်မှုကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်မဟုတ်

စူပါမွန်းဖြစ်စဉ်နှင့် လ ကြတ်ခြင်းကို ဥရောပ၊ အမေ ရိကနှင့် အာဖရိကတိုက်နိုင်ငံများ မှ မြင်တွေ့ရမည်ဖြစ်သော်လည်း အာရှနိုင်ငံများအပါအဝင် မြန်မာ နိုင်ငံမှ မြင်တွေ့ရမည်မဟုတ် ကြောင်း ပညာရှင်များကဆိုသည်။
လကို ကမ္ဘာမှ အနီးဆုံးမြင်ရ သောကြောင့် ဖြစ်လာသည့် စူပါမွန်းဖြစ်စဉ်နှင့် လနှင့် နေကြား ကမ္ဘာက တစ်တန်းတည်း ရောက်သွားသည့် လကြတ်ခြင်းဖြစ်စဉ် (Supermoon Lunar Eclipse)ကို ဥရောပ၊ အမေရိကနှင့် အာဖရိကတိုက်တို့တွင် ယနေ့ (စက်တင်ဘာ၂၇ ရက် ည)တွင် မြင်တွေ့ရမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ မြန်မာနိုင်ငံစံတော်ချိန်အရ မူ စက်တင်ကာ ၂၈ ရက် နံနက်ပိုင်းဖြစ်သည်။ ၁၉၈၂ က နောက်ဆုံးအကြိမ်ဖြစ်ခဲ့ဖူးပြီး မြန်မာ နိုင်ငံတွင် လူပြောများနေသည့် သဘာဝဘေးအန္တရာယ်များကျ ရောက်နိုင်သည်ဟူသော ပြောစကားများမှာ ကောလာဟလသာဖြစ်သည်ဟု ဒေါက်တာထွန်းလွင် က ဆိုသည်။
Supermoon Lunar Eclipseဖြစ်စဉ်ကြောင့် ဒီရေအနည်းငယ် မြင့်တက်နိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းကြသော်လည်း စိုးရိမ်ရန်မလိုဟု ၎င်းကပြောသည်။ ၂၀၁၄ သြဂုတ်လကယခုကဲ့သို့ပင် စူပါမွန်းဖြစ်စဉ်ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံတွင် ဆူနာမီငလျင် ရင်ဆိုင်ရနိုင်သည်ဟူ သော ကောလာဟလနှင့်အတူ အစိုးရအဖွဲ့ကလည်း သတိပေးချက်များထုတ်ပြန်ခဲ့သောကြောင့်လူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့ဖူးသည်။
နက္ခတ်ဗေဒပညာရှင် ဦး ဇေယျာကိုက ယခုဖြစ်စဉ်ကို မြန်မာနိုင်ငံမှ လုံးဝမြင်တွေ့ရမည်မဟုတ်သောကြောင့် နက္ခတ်ပညာအရ မြန်မာနိုင်ငံအတွက် ထူးထူးခြားခြားသက်ရောက်မှုရှိမည်မဟုတ်ဟု ဆိုသည်။
ဥရောပနှင့် အာရှနိုင်ငံအချို့ တွင်မူ တစ်လအတွင်း ငလျင်လှုပ်ရှားနိုင်ခြေရှိသည်ဟု ၎င်းက ခန့်မှန်းတွက်ချက်သည်။
ထိုကဲ့သို့ ဖြစ်စဉ်သည် သမိုင်းမှတ်တမ်းများအရ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း၌ ငါးကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ၁၉၈၂ ဒီဇင်ဘာ ၃၀ ရက်က ဖြစ်ခဲ့သည်။ ၃၃ နှစ်အကြာ ယခုနှစ်တွင်ထပ်မံဖြစ်ပွားပြီး လာမည့် ၂၀၃၃ အောက်တိုဘာလ ၉ ရက်တွင် တစ်ကြိမ်ထပ်ဖြစ်မည်ဟု နိုင်ငံတကာသိပ္ပံပညာရှင်များက သတင်းထုတ်ပြန်ထားသည်။
၂၀၃၃ တွင်မူ မြန်မာနိုင်ငံမှ မြင်တွေ့ရမည်ဟု ဦးဇေယျာကို က ပြောသည်။
7Day Daily

Friday, 25 September 2015

စစ်ကိုင်းရှိ ရေကြီးနစ်မြုပ် ဒေသများတွင် အခြေခံ ငါးမွေးမြူရေး သင်တန်းဖွင့်မည်


စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများ တွင် အခြေခံငါးမွေးမြူရေး သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သတင်းရရှိသည်။
‘‘ရေကြီးနစ်မြုပ်တဲ့ဒေသမှာ အသက်မွေးဝမ်းကျောင်း ပညာ ရပ်အဖြစ် အခြေခံငါးမွေးမြူရေး သင်တန်းတွေ ဖွင့်လှစ်ပို့ချနေပါ တယ်။ နောက်ထပ်ရေဦး၊ ကန့် ဘလူ၊ ကောလင်း၊ ကလေး စတဲ့ မြို့နယ်တွေမှာလည်း သင်တန်း တွေ ဆက်ဖွင့်ဖို့စီစဉ်ထားတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ငါး လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။

အီးယူနှင့် ရေးဆွဲသော ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးရေး သဘောတူညီချက် ရှေ့နှစ်တွင် အပြီးသတ်နိုင်မည်


 ဥရောပရင်းနှီးမြှုပ်နှံမှု များ မြန်မာနိုင်ငံသို့ ယုံကြည်စိတ် ချစွာ ၀င်လာစေရန် ဥရောပသမဂ္ဂ အဖွဲ့နှင့် ရေးဆွဲနေသော ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူညီချက်သည် လာမည့်နှစ်တွင် အပြီးသတ်နိုင်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အထွေ ထွေအတွင်းရေးမှူး ဦးအောင်နိုင် ဦးကပြောသည်။

လက်ရှိတွင် အီးယူရင်းနှီး မြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူစာချုပ်၌ အခန်း ခုနစ်ခန်းပါဝင်ပြီး နှစ်ခန်းမှာ သဘောတူညီမှု ရရှိထားသည်။ ကျန်အခန်းများတွင် လေးခန်းမှာ ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး တစ်ခန်းမှာ ၅၀ ရာ ခိုင်နှုန်းခန့်သာ ပြီးသေးသည်ဟုဆိုသည်။

 ‘‘ဒီသဘောတူညီချက်က မြန်မာနိုင်ငံအတွက် အရမ်းအရေး ကြီးတယ်။ အရည်အသွေးပြည့် တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံအတွက် လိုအပ်နေတယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု လျော့နည်းမည်ဟုဆို


လာမည့်နှစ်တွင် မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းသွားမည်ဟု အာရှဖွံ့ ဖြိုးရေးဘဏ်(အေဒီဘီ)က အာရှ ၏ ဖွံ့ဖြိုးမှုအလားအလာ ၂၀၁၅ မွမ်းမံအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ၏  ငွေကြေးဖောင်းပွမှုသည် လာမည့်နှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိမည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရ အသုံးစရိတ် ကြီးမြင့်လာမှု၊ ဘတ်ဂျက်လိုငွေပြမှု၊ ၀န်ထမ်းများ လစာတိုးမြှင့်မှုကြောင့် ၂၀၁၅ တွင် ငွေကြေး ဖောင်းပွမှုသည် ၈ ဒသမ ၄ ရာခိုင်နှုန်းရှိနိုင်ကြောင်း ယခုနှစ်စပိုင်းတွင် အေဒီပီက ထုတ်ပြန်သည်။ ထို့ကြောင့် ခန့်မှန်းချက်မှန်လျှင် ငွေကြေးဖောင်းပွမှုမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်သည်။  လာမည့် နှစ်တွင်လည်း ကြွေးမြီများပြားလာခြင်း၊ အစိုးရ အသုံးစရိတ် မြင့်တက်လာခြင်း၊ ကုန်သွယ်မှု လိုငွေ များနေခြင်းတို့က စီးပွားရေးအပေါ် တိုက်ရိုက်အကျိုးဆက်များ ဖြစ်လာနိုင် ကြောင်း အေဒီဘီက အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ရေနံနှင့် ဓာတ်ငွေ့ ဈေးကျခြင်းကြောင့် လုပ်ကွက်သစ် စီးပွားဖြစ်ထုတ်လုပ်ရန် မသေချာ


 ရေနံနှင့်ဓာတ်ငွေ့ဈေးကျဆင်းနေသောကြောင့် မုတ္တမ ကမ်းလွန်ရှိ မြန်မာနိုင်ငံ၏ လုပ် ကွက်သစ်ဖြစ်လာမည့် အောင် သိင်္ခရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် (M-3) တွင် သဘာဝ ဓာတ်ငွေ့ကို စီးပွားဖြစ်ထုတ်ယူ ရန် မသေချာသေးကြောင်း သတင်းရရှိသည်။

ယင်းလုပ်ကွက်ကို ထိုင်း ရေနံကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားပြီး လက်ရှိလေ့လာစမ်းသပ်မှုများအရ သဘာဝ ဓာတ်ငွေ့ ခန့်မှန်းသည်ထက် လျော့နည်း နေသောကြောင့် ရေနံဈေးကျ ဆင်းချိန်တွင် ထုတ်ယူရန် နှောင့် နှေးနေရခြင်းဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာနမှ အရာရှိတစ်ဦး ကပြောသည်။

‘‘ကုမ္ပဏီဘက်က စီးပွားဖြစ် ထုတ်ဖို့အခက်အခဲဖြစ်နေတယ်။ နှစ်ဖက်ပြန်ညှိပေးရမယ်။ အချိန် လည်း ပိုပေးရမယ် ထင်တယ်။ အခု လေ့လာဆန်းစစ်မှုလုပ်နေတဲ့ အချိန်ကျန်သေးတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ဆင်မကျေးရွာအနီးရှိ ပင်လယ်ကမ်းစပ်တွင် ပင်လယ်မှ မျောပါလာသည့် လူသုံးပစ္စည်းများ တွေ့ရ


ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်မကျေးရွာ၊ ဆင်မကျွန်းအနောက်ဘက်ကမ်း ခြေတွင် စက်တင်ဘာ ၂၂ ရက် ညနေမှစ၍ လူအသုံးအဆောင်ပစ္စည်းများ၊ သင်္ဘောအပျက်အစီးအပိုင်းအစများဟု ယူဆရသည့် သစ်စများ မျောပါလာကြောင်း ဒေသခံများက ပြောသည်။

ပင်လယ်ကမ်းစပ်သို့ မျောပါလာသည့် လူသုံးကုန်ပစ္စည်းများ တွင် ဒီဇယ်ပီပါများ၊ အချိုရည် ဘူးများ၊ ဇီးထုပ်များ၊ ခေါက်ဆွဲ ခြောက်များနှင့် တစ်လီတာဆံ့ ဆီ ဘူးများပါဝင်ကြောင်း ဒေသခံများက ပြောသည်။

‘‘ပစ္စည်းတွေ မျောလာတာ ဟုတ်ပါတယ်။ မျောလာတဲ့အထဲ မှာ အစားအသောက်တွေက များ တယ်။ ပြည်တွင်းက ထုတ်တဲ့ ပစ္စည်းတွေလို့ သုံးသပ်ကြတယ်။ ဒီပစ္စည်းတွေ ရရှိထားတဲ့သူတွေ ကိုလည်း လာပြီးအပ်ဖို့ ကျေးရွာကို ပြောထားတယ်’’ဟု ဆင်မကျေး ရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောသည်။

တရုတ်သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့ရန် စီစဉ်


ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် တရုတ်သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းရန် ပြင်ဆင် နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံ အမတ်ကြီးက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။နေပြည်တော်ရှိ မြန်မာအ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် စက်တင်ဘာ ၂၄ ရက် ညနေက ကျင်းပသည့် (၆၆) နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်း အနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းမည့်အကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု  နိုင်ငံပိုင်သတင်းဌာနများက စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။

Thursday, 24 September 2015

NLD ကို မဲမပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် စည်းရုံးမှုက ဆင်ခြင်ဥာဏ်မဲ့ လုပ်ရပ်ဟု NLDအမတ် တုံ့ပြန်

 ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီသည် အစိုးရအဖွဲ့ကို အကြပ်အတည်းတွေ့အောင် လုပ်သည့်ပါတီဟုဆိုကာ မဲမပေးရန် ပြောဆိုမှုသည် ဆင်ခြင်ဥာဏ်မဲ့ စည်းရုံးမှုသာ ဖြစ်သည်ဟု အင်န်အယ်လ်ဒီ၏ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောသည်။
"ဝန်ကြီးချုပ်ဟာ ကိုယ်စားလှယ်လောင်းဂုဏ်သိက္ခာမဲ့၊ ပညာမဲ့၊ ဆင်ခြင်ဥာဏ်မဲ့စည်းရုံး မဲဆွယ်တာ၊ ဒီလိုလူတွေ တိုင်းဒေသကြီး အမြင့်ဆုံးနေရာရခဲ့တယ်။ ၅ နှစ် ဘယ်လောက် အန္တရာယ်ကြီးလဲ" ဟု ဒေါက်တာလှမြတ်သွေးက ပြောသည်။ဝန်ကြီးချုပ်က စက်တက်ဘာလ ၁၉ရက်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ရွေးကောက်ပွဲ လုံခြုံရေးတွေ့ဆုံပွဲတွင် အင်န်အယ်လ်ဒီကို မဲမပေးရန် တက်ရောက်လာသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု တရုတ်ရှေ့နေပြောကြား


 တရုတ်နိုင်ငံ၏ အထင်ကရ အစိုးရကို ဝေဖန်သူနှင့် လူ့အခွင့်အရေး ရပ်ခံအရေးဆိုသူ ရှေ့နေဖြစ်သည့် ကောက်ကျီရှန်းက ၄င်းအား ဖမ်းဆီးထိန်းသိမ်းထားစဉ် တစ်ကိုယ်တည်း တိုက်ပိတ်ထားပြီး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရကြောင်းကို ဖွင့်ဟပြောကြားလာခဲ့သည်။ အသက် ၅၁နှစ်အရွယ်ရှိ ကောက်ကို ၂၀၁၄ခုနှစ် သြဂုတ်လက အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ဖမ်းဆီးထိန်းသိမ်းခံရစဉ်က နိုဘဲငြိမ်းချမ်းရေးဆုအတွက် လျာထားခံရသူ မစ္စတာကောက်မှာ ခံစားမှုမဲ့နေခဲ့ပြီး၊ အခြခံအားဖြင့် သိစိတ်လည်းကင်းလွတ်နေကာ အာဟာရချို့တဲ့မှုကြောင့် သွားများလည်း ကျိုးပဲ့ကုန်ခဲ့သည်ဟု ၄င်း၏ ရှေ့နေက ပြောကြားခဲ့သည်။
မစ္စတာကောက်က ၅နှစ်အတွင် ပထမဆုံးအင်တာဗျူးတွင် အေပီသတင်းဌာနအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။မျက်နှာကို လျှပ်စစ်တုတ်ဖြင့် နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပြီး သုံးနှစ်တိုင်တိုင် တစ်ကိုယ်တည်း တိုက်ပိတ်ခံထားခဲ့ရသည်ဟု ဆိုသည်။ မစ္စတာကောက်မှာ Falun Gong လှုပ်ရှားမှု အဖွဲ့ဝင်များနှင့် တရုတ်ခရစ်ယာန်များကို ရပ်ခံကာကွယ်မှုဖြင့် လူသိများသည်။