Wednesday, 12 August 2015

လက်ပံဖြိုးခွင်းမှု တာဝန်ရှိ ရဲမှူးနှင့် အာမခံ ၁၁ ဦးလျှောက်ထားမှု ပယ်ချခံရ

လက်ပံတန်း ပင်မသပိတ်စစ်ကြောင်းကို ဖြိုးခွင်းခဲ့ရာတွင် တာဝန်ရှိ ရဲမှူးနှင့် ၁၁ ဦး အာမခံလျှောက်ထားမှုကို သာယာဝတီ တရားရုံးက ပယ်ချလိုက်ကြောင်း အဆိုပါ တရားရုံးမှ သိရသည်။

စစ်ရှောင်ဒုက္ခသည်စခန်းများအားထောက်ပံ့ရန် အကြောင်းပြ၍ ရွှေတူးဖော်လုပ်ကိုင်သူများနှင့် သစ်လုပ်ငန်းရှင် များထံမှ KIA အဖွဲ့ ရိက္ခာဆန်များ ကောက်ခံ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဟိုင်းကိုင်ကျေးရွာရှိ ရွှေတူးဖော်လုပ်ကိုင်နေသူများနှင့် သဖန်းပင်ကျေးရွာရှိ သစ် လုပ်ငန်းရှင်များထံမှ စစ်ရှောင်ဒုက္ခသည်စခန်းများအား ထောက်ပံ့ရန်အကြောင်းပြ၍ KIA အဖွဲ့မှ သြဂုတ်လ ၈ ရက်နေ့ တွင် ရိက္ခာဆန်များ ကောက်ခံသွားခဲ့ကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရှိရပါသည်။ 

နိုင်ငံရေးပြဿနာများကို ဖြောင့်မတ်စွာဖြေရှင်းလိုသည့် စိတ်ဓာတ် အစိုးရတွင် မရှိကြောင်း ကေအိုင်အိုဥက္ကဋ္ဌပြော

အစိုးရသည် ယခု အချိန်အထိ နိုင်ငံရေးပြဿနာများကို ဖြောင့်မတ်စွာ ဖြေရှင်းလိုသည့် စိတ်ဓာတ်မတွေ့ရှိရသေးကြောင်းနှင့် အင်အားတောင့်တင်းသည့် စစ်တပ်ကို အသုံးချ၍ တိုင်းရင်းသားလက်နက်ကိုင်များအား အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းလိုသည့် နည်းလမ်းကို လက်ကိုင်ထားဆဲဖြစ်ကြောင်း သြဂုတ် ၁၀ ရက်တွင် ကျရောက်သည့် ကချင်အာဇာနည်နေ့၌ ကေအိုင်အိုဥက္ကဋ္ဌ ဦးလ ဇောင်ဟရားက ပြောကြားသည်။

ဂူးဂဲလ်ကုမ္ပဏီကို အယ်လ်ဖာဘတ်အမည်သစ်ဖြင့် ပြန်လည်ဖွဲ့စည်း

အယ်လ်ဖာဘတ် (Alphabet)ဟု အမည်ပေး ထားသော မိခင်ကုမ္ပဏီအသစ် တစ်ခု တည်ထောင်ခြင်းဖြင့် ဂူးဂဲလ်ကုမ္ပဏီက လုပ်ငန်းပြန်လည် ဖွဲ့စည်းမှုကို မမျှော်လင့်ဘဲ ကြေ ညာခဲ့သည်။

ယွမ်ငွေတန်ဖိုး ကျဆင်းမှု တရုတ်ဗဟိုဘဏ် ကြေညာ

အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပြီး တရုတ်နိုင်ငံသုံး ရန်မင်ဘီ (ယွမ်ငွေ)၏ နေ့စဉ် ရည်ညွှန်းနှုန်းထားကို လျှော့ချရန် တရုတ်ဗဟိုဘဏ်က ကြေညာ သည်။

မြန်မာရေဘေးကိုကူဖို့ ICRC အရေးပေါ် ရံပုံငွေရှာ

မြန်မာနိုင်ငံ တဝှမ်း ရေဘေးဒဏ် အဆိုးရွားဆုံး သင့်ခဲ့တဲ့ မြို့နယ် တွေထဲက လူတွေ ကို ကူညီနိုင်ဖို့ နိုင်ငံတကာ ကြ⁠က်ခြေနီနဲ့ လခြမ်းနီ အသင်း ICRC က အရေးပေါ် နှိုးဆော်ချက် တွေ ဩဂုတ်လ ၁၁ ရက် နေ့က စတင် ပြုလုပ် လာပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်စတင်

တရားဝင် ပတ်စ်ပို့ ကိုင်ဆောင်ထားကြတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မနေ့ သြဂုတ်လ ၁၁ ရက်နေ့ကနေစပြီး ထိုင်းနဲ့ မြန်မာကို အပြန်အလှန် ခရီးသွားတဲ့အခါ နှစ်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ တောင်းစရာမလိုဘဲ ခရီးသွားလာခွင့် ရပြီဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် ပစ္စည်း ၃၆ မျိုးပါ အလှူသေတ္တာတစ်ပုံးစီကို ရေဘေးသင့်အိမ်ထောင်စုများအား လှူဒါန်း

ရေဘေးသင့်ပြည်သူများထံ ပို့ဆောင်မည့် အလှူပစ္စည်းများကိုစစ်ဆေးနေသည့် သမ္မတဦးသိန်းစိန် (ဓာတ်ပုံ−Ohn Myint’s FB)
နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က ရေဘေးသင့်ပြည်သူ များအတွက် လူငါးဦးရှိ မိသားစု တစ်ခုလျှင် ပစ္စည်း ၃၆ မျိုးပါ အလှူသေတ္တာတစ်ပုံးစီ ထောက်ပံ့လှူ ဒါန်းသွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

လေဖိအားနည်းရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးရွာသွန်းမှုနှင့် လေပြင်းအန္တရာယ်ရှိ

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်ရပ်ဝန်းဖြစ်နေသည်ကို ဂြိုဟ်တုပုံရိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ − မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
ဘင်္ဂလားပင်လယ် အော်တွင် သြဂုတ် ၁၁ ရက် ညနေမှစတင်၍ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ယင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင် ကမ်းရိုးတန်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျမည့် အန္တရာယ်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ချုပ် ဦးကျော်မိုးဦး က ပြောကြားသည်။

ရေကြီးနစ်မြုပ်ပြီး ပျိုးပင်နှင့် လယ်မြေများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံလိုအပ်နေ

ကလေးမြို့နယ်အတွင်းမှ ရေဘေးဒဏ်ခံရပြီး ရွံ့နွံများဖုံးလွှမ်းနေသော လယ်မြေများ(ဓာတ်ပုံ - ကျော်ဇင်သန်း)
ရေကြီးနစ်မြုပ်မှု ကြောင့် ပျိုးပင်နှင့် လယ်မြေများ ပျက်စီးဆုံးရှုံးခဲ့သည့် မြောက်ဦးမြို့နယ်ရှိ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထပ်မံလိုအပ်နေကြောင်း စပါးစိုက်တောင်သူများထံမှ သတင်းရရှိသည်။

တောင်သမန် အင်းတွင် ငါးများ ထပ်မံသေဆုံး

တောင်သမန်အင်းအတွင်း ထပ်မံသေဆုံးနေသော ငါးအချို့ (ဓာတ်ပုံ − ချမ်းဇော်အောင်)
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် ရေလုံလောက်စွာ ရှိသော်လည်း ငါးများသေဆုံးမှု ထပ်မံဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ဆန်ဈေးနှုန်း တည်ငြိမ်ရေး ၁၉ မြို့နယ်တွင် ဆန်စပါးအသင်းချုပ်က အရောင်းဆိုင်များ ဖွင့်လှစ်

စားသုံးသူများနှင့် ရေ ဘေးလှူဒါန်းလိုသူများ ဈေးနှုန်း နှင့် အရည်သွေးမှန်ကန်စွာ ၀ယ် ယူနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်က ဦးဆောင်၍ ရေဘေး သင့်ဒေသအချို့ အပါအ၀င် မြို့ နယ် ၁၉ ခုတွင် ဆန်အရောင်းဆိုင်များ ဖွင့်လှစ်လိုက်ကြောင်းသတင်းရရှိသည်။

MPT ဖုန်းသုံးစွဲသူများထံမှ ရေဘေးအလှူငွေ ကျပ်သိန်း ၂,၀၀၀ ခန့်ရရှိထား

အက်စ်အမ်အက်စ်ပေးပို့ကာ လှူဒါန်းရန် နှိုးဆော်ထားစဉ်
မိုဘိုင်းဖုန်းအသုံးပြုသူ များက လေးရက်အတွင်းရေဘေး အတွက် SMS ပေးပို့၍ လှူဒါန်း သည့် ငွေကျပ်သိန်း ၁,၈၀၀ကျော် ရရှိပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း MPT က သ တင်းထုတ်ပြန်သည်။

Tuesday, 11 August 2015

သဘာဝဘေးအန္တရာယ် ကျရောက်ချိန် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ

စတုထ္ထမဏ္ဍိုင်ဟုလည်း တင်စားခေါ်ဝေါ်ကြသည့် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍနှင့် ပတ်သက်၍ အလျဉ်းသင့်တိုင်း ပြောဆိုနေကြသည်။ အစိုးရကို တာဝန်ခံမှုရှိအောင်၊ အစိုးရ၏ အားနည်းချက်များ ကို ဝေဘန်ထောက်ပြဖို့ ဆိုသည့် တာဝန်၊ အစိုးရသာမက အများနှင့် သက် ဆိုင်သည့် မည်သည့် အဖွဲ့အစည်းမဆိုအများကို တာဝန်ခံမှုရှိစေရန် ပွင့်လင်းမြင်သာမှုရှိစေရန် စောင့်ကြည့်ဝေဖန်ဖို့၊ မသမာမှု များကို စောင့်ကြည့်ဖေါ်ထုတ်ရေးသားဖို့ စသည်၊ စသည် တာဝန်များ သည် သတင်းမီဒီယာ၏ အရေးကြီးလှသည့် တာဝန်များပင်ဖြစ်သည်။
သတင်းမီဒီယာ သမားများအနေဖြင့် သတင်းအလုပ်လုပ်ကိုင်ရာတွင် အစဉ်ထည့်သွင်း စဉ်းစားရသော ဦးစားပေးရသော အရာတစ်ခုမှာ “အများအကျိုးစီးပွား” ပင်ဖြစ်သည်။ အထက်က ရည်ညွှန်းခဲ့သည့် သတင်းမီဒီယာ၏ အခန်းကဏ္ဍ တနည်းအားဖြင့် တာဝန် များမှာ သတင်းမီဒီယာသမားများအနေဖြင့် အစဉ်ထမ်းဆောင် နေကြရပေသည်။

``ဆွမ်းဆန်ထဲ ရောနေသော´´

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ် ပေါ်၍ လေပြင်းတိုက်ခတ်မှုများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပေါ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၂) ခုတွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရလျှက်ရှိသည်။ အချို့ပြည်နယ် တိုင်းဒေသကြီးများတွင်ပင် ရေပြန်လည်ကျဆင်း လျှက်ရှိပြီ၊ ရင်ဆိုင်နေရဆဲ ရေဘေး အန္တရာယ်ကြောင့် သြဂုတ်လ (၅) ရက်နေ့အထိ လူ ၆၉ ဦး သေဆုံးပြီး အိမ်အလုံးရေ ၆၀၀၀ ကျော် ပျက်ဆီးကာ အိမ်အလုံးရေ ၄၀၀၀၀ နီးပါးအထိ ရွှေ့ပြောင်းပေးခဲ့ရကြောင်းနှင့် ရေဘေးဒဏ်ခံစားရသူ လူဦးရေမှာ ၂၅၀၀၀၀ ကျော်ရှိပြီး၊ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၅၀ကျော်ထောက်ပံ့ပေး ခဲ့သည်ဟု သတင်းဖော်ပြချက် များတွင် တွေ့ရှိရသည်။

Miss Universe Myanmar 2015 - 2016 ပြိုင်ပွဲအတွက် ရန်ကုန်မှ ယှဉ်ပြိုင်မည့် သူများကို လျှောက်လွှာခေါ်

ရန်ကုန်မြို့တွင် ကျင်းပမည့် Miss Universe Myanmar 2015 -  2016  ပြိုင်ပွဲ ဖိုင်နယ် ရွေးချယ်ပွဲ အတွက် လျှောက်လွှာများ စတင်  လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း Miss Myanmar Universe ဖေ့ဘုတ် စာမျက်နှာတွင် ကြေညာ ထားသည်။
Miss Universe Myanmar 2015 ပြိုင်ပွဲ အတွက် ရန်ကုန်မြို့အပြင် မြို့ကြီး ၁၄မြို့မှ ကိုယ်စားပြု အလှမယ် များလည်း ၀င်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး ယခု ခေါ်ယူသည့် ဖောင်များသည် ရန်ကုန် မှ လျှောက်ထားမည့် သူများ အတွက် ခေါ်ယူခြင်း ဖြစ်သည်။
Miss Universe Myanmar 2015 & 2016 Finalist ရွေးချယ်ပွဲ အတွက် လျှောက်လွှာဖောင် များကို Miss Myanmar Universe ဖေ့ဘုတ် စာမျက်နှာတွင် Download ရယူ နိုင်သလို Hello Madam Media Group ၏ ရုံးချုပ်တွင် သွားရောက် ထုတ်ယူကာ  သြဂုတ် ၂၅ရက် နောက်ဆုံး ထား လျှောက်ထား ရမည် ဖြစ်သည်။

ဟေတီ ရွေးကောက်ပွဲအကြမ်းဖက်မှုများအတွင်း လူနှစ်ဦးသေဆုံးပြီး မဲရုံပေါင်းများစွာ ဖျက်စီးခံရ

ဆင်းရဲသည့် ကာရစ်ဘီယံနိုင်ငံတစ်ခုဖြစ်သော ဟေတီနိုင်ငံတွင် ကာလရှည်ကြန့်ကြာနေခဲ့ရသည့် ပါလီမန်ရွေးကောက်ပွဲများ အတွင်း နိုင်ငံရေးအကြမ်းဖက် မှုဖြစ်ပွား ခဲ့သောကြောင့် ပြည်သူ ၂ဦးသေဆုံးခဲ့ရပြီး မဲရုံပေါင်းများစွာမှာလည်း စောစီးစွာ ပိတ်သိမ်းခဲ့ရသည်ဟု ဆိုသည်။
မြို့တော် ပို့အူပရင့်စ်တွင် နံနက်ပိုင်းက မဲရုံများစွာဖျက်စီးခံခဲ့ရပြီးလမ်းပေါ်အကြမ်းဖက်မှုများကြောင့်အခြားသောမဲရုံ ၂၆ရုံကိုလည်း ပိတ်သိမ်းလိုက်ရသောကြောင့် လေးနှစ်တာ ကြန့်ကြာနေပြီးမှ ကျင်းပခဲ့ ရသည့် တနင်္လာနေ့ ရွေးကောက်ပွဲများတွင် မဲပေးသူအရေအတွက်မှာ နည်းပါးခဲ့သည်ဟုဆိုသည်။

"ကျနော်တို့က အမာလိုင်းသမားတွေ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူတွေပါ။"

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်
ခူဦးရယ်သည် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အထွေထွေအတွင်းရေးမှူးနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။ယခုသီးသန့်တွေ့ဆုံပြီး မေးမြန်းထားမှုတွင် ခူးဦးရယ်က UNFC ၏ ရည်မှန်းချက် ပန်းတိုင်များ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူညီချက်ရရှိရေး ဆွေးနွေးမှုများ၏ လက်ရှိ အခြေအနေများ၊ မြန်မာအစိုးရနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာ ငြိမ်းချမ်းရေးဗဟိုဌာန (MPC) ကဲ့သို့သော အဖွဲ့အစည်းများမှ တစ်ဆင့်ငွေကြေးထောက်ပံ့ ကူညီနေသော နိုင်ငံတကာအသိုင်းအ၀ိုင်း၏အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ ဖြေကြားထားသည်။

SPA Group ကယ်ဆယ်ရေးဆောင်ရွက်နေ

Serge Pun & Associates (SPA Group) သည် First Myanmar Investment နှင့် Yoma Strategic Holdings ကုမ္ပဏီတို့နှင့်အတူ ရေဘေးသင့် ရခိုင်ပြည်နယ်ဒေသများတွင် ကူညီမှုများ ဆက်လက်ဆောင်ရွက်နေသည်။

ရခိုင်ပြည်နယ် စစ်ထွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များနှင့် နန်းကျရွာတို့တွင် အကြိုစစ်တမ်းများ ကောက်ယူခဲ့သည်။

ရောက်ရှိခဲ့သည့် ရွာများမှာ ရေသန့်ရှင်းမှုမရှိသည်ကိုတွေ့ရပြီး အကြီးမားဆုံး ပြဿနာဖြစ်သည်ဟု SPA ကုမ္ပဏီအုပ်စုက ထုတ်ပြန်သည်။ ပန်းလှိုင်စီလုံဆေးရုံ (PHSH) မှ အဖွဲ့တစ်ဖွဲ့က ရေသန့်စင်ဆေးများအသုံးပြုရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

Monday, 10 August 2015

နယ်နိမိတ်ဇုန်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲခြင်းသည် မြောက်ကိုရီးယား လက်ချက်ဟု တောင်ကိုရီးယားစွပ်စွဲ

နှစ်နိုင်ငံကြား ပိုင်းခြားသတ်မှတ်ထားသည့် စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းသည် မြောက်ကိုရီးယား၏ လက်ချက်ဖြစ်ကြောင်း တောင်ကိုရီးယားက စွပ်စွဲ ပြောကြားလိုက်သည်။
အစောပိုင်းက တောင်ကိုရီးယားသည် ယခုဖြစ်ရပ်တွင် မြောက်ကိုရီးယား၏ စနက် ပါဝင်ဖွယ် မရှိဟု မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ဩဂုတ် ၁၀ ရက်တွင် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းသည် တောင်ကိုရီးယား စစ်သည်များကို ထိခိုက်သေကြေစေရန် မြောက်ကိုရီးယားဘက်က ရည်ရွယ်ချက်ရှိရှိ ဆင်ထားသော မြေမြှုပ်မိုင်းများကြောင့်ဟု ဖော်ပြထားသည်။ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားသော ပေါက်ကွဲမှုတွင် တောင်ကိုရီးယား စစ်သားတစ်ဦးမှာ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ပြီး အခြားတစ်ဦးမှာလည်း ခြေတစ်ဖက် ဖြတ်လိုက်ရသည်။ အဆိုပါ မြေမြှုပ်မိုင်းကို မြောက်ကိုရီးယား စစ်သားများက ထောင်ထားခြင်းဖြစ်ပြီး ယင်းအတွက် အညှာအတာမရှိ တုံ့ပြန်မှုမျိုး ကြုံသွားနိုင်ကြောင်း တောင်ကိုရီးယား အစိုးရက သတိပေးလိုက်သည်။