Wednesday, 24 June 2015

တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရှိဘဲ ပုဒ်မ ၄၃၆ (က)၊ (ခ) များကို မည်သည့်အခါမျှ ပြင်ဆင်နိုင်မည်မဟုတ်ကြောင်းနှင့် မဖြစ်မနေပြင်ဆင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဆွေးနွေး

တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုမရှိဘဲ ပုဒ်မ ၄၃၆ (က)၊ (ခ) များကို မည်သည့်အခါမျှ ပြင်ဆင်နိုင်မည် မဟုတ်ကြောင်းနှင့် မဖြစ်မနေ ပြင်ဆင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့်အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်က ဇွန် ၂၃ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရာခိုင်နှုန်းများကို မူလအတိုင်းထားရှိရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အဓိက ကန့်ကွက်ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ)ပါ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကိုယ်စား လှယ် ရာခိုင်နှုန်းများကို ပြင်ဆင်ခြင်းမပြုသင့်ဘဲ မူလအတိုင်းထားရှိရန် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်က အဓိက ကန့်ကွက်ဆွေးနွေးပြောကြားသည်။

လိပ်ကျွန်းလူသတ်မှုတွင် အဓိကသက်သေနှစ်ဦးကို ဆင့်ခေါ်ပေးရန် မြန်မာသံရုံး အထူးအဖွဲ့တောင်းဆို

သေဆုံးသူ ဟန်နာဝစ်သာရစ်ခ်ျ၏သူငယ်ချင်း ရှောင်မက် နာဟေးစ်နှင့် ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦး တွေ့ဆုံပြော ကြားနေစဉ် (ဓာတ်ပုံ − mirror.co.uk) 
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် တွင် အခင်းဖြစ်ပွားစဉ်က အဓိကသက်သေဖြစ် သည့် သေဆုံးသူ ဟန်နာဝစ်သာရစ်ခ်ျနှင့် ဒေးဗစ်မီလာတို့၏ သူငယ်ချင်းများကို သက်သေအဖြစ်ထွက်ဆိုပေးရေး နိုင်ငံချင်း ချိတ်ဆက်၍ ဆင့်ခေါ်ပေးရန် မြန်မာသံရုံးအထူးအဖွဲ့က တရား ရုံးသို့ တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

ဆီးဂိမ်းထူးချွန်ဆုံး အားကစားမောင်မယ် ၁၀ ဦးတွင် မြန်မာယူ-၂၃ အသင်းခေါင်းဆောင် နေလင်းထွန်းပါဝင်

မြန်မာယူ−၂၃အသင်းခေါင်းဆောင်နေလင်းထွန်း(ကျောနံပါတ်−၈)-ဓာတ်ပုံ−Seagames2015.com
ကျင်းပပြီးစီးခဲ့သည့် စင်ကာပူဆီးဂိမ်းအားကစားပြိုင်ပွဲမှ အထူးချွန်ဆုံးအားကစားမောင် မယ် ၁၀ ဦးအား ရွေးထုတ်ခဲ့ရာ မြန်မာယူ-၂၃ ဘောလုံးအသင်းမှ အ သင်းခေါင်းဆောင် နေလင်းထွန်း ပါဝင်လာကြောင်း  သတင်းရရှိ သည်။

ခေါင်းအုံးအတွင်း ဘိန်းဖြူထည့် သယ်ဆောင်လာသည့်ယာဉ် ကွတ်ခိုင်မြို့နယ်၌ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-လားရှိုးသွား လမ်းမပေါ်တွင် ရွှေလီ(၂) စစ်ဆင်ရေးအရ စစ်ဆေးနေစဉ် ဘိန်းဖြူများကို ခေါင်းအုံးအတွင်းသို့ ထည့်၍သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို ဖမ်းမိခဲ့ကြောင်း သတင်း ရရှိသည်။

ဥရောပ ၆ နိုင်ငံကို အမေရိကန် စစ်လက်နက်အကူ ကြိုတင်ပေး

နေတိုးမဟာမိတ်နိုင်ငံတွေအပေါ် ရုရှားနိုင်ငံနဲ့ တခြားအကြမ်းဖက် အဖွဲ့တွေရဲ့ ခြိမ်းချောက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ဘော်လတစ်နိုင်ငံတွေ အပါအ၀င် ဥရောပတိုက်အတွင်းက နိုင်ငံပေါင်း ၆ နိုင်ငံမှာ တင့်ကား အစီး ၂၅၀ နဲ့ တခြား လက်နက်ကြီးတွေကို အမေရိကန် ပြည်ထောင်စုက ကြိုတင် ချထားမှာ ဖြစ်ပါတယ်။

ဖားကန့်မြို့မရဲစခန်းအတွင်းသို့ အမည်မသိလူနှစ်ဦးက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

ဖားကန့်မြို့ မြို့မရဲစခန်းအတွင်းသို့ ဇွန် ၂၃ ရက် နံနက်ပိုင်းက ဆိုင်ကယ်စီးလာသော အမည်မသိလူနှစ်ဦးမှ ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တိုက်တန်းနစ် ဇာတ်ကားအတွက် တေးသွားများ ဖန်တီးပေးခဲ့သူ ဂျိမ်း(စ်)ဟော်နာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်

အော်စကာဆုရ ကမ္ဘာကျော် ရုပ်ရှင် တိုက်တန်းနစ် ဇာတ်ကားအတွက် တေးသွားများဖန်တီးပေးခဲ့သူ ဂျိမ်း(စ်)ဟော်နာ(James Horner)မှာ ကယ်လီဖိုးနီးယားတွင် လေယာဉ်ပျက်ကျသဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

Tuesday, 23 June 2015

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူ သားအတွက် ဖခင် ဖြစ်သူက လက်နက်ကိုင်အဖွဲ့  ငှားရမ်းကယ်ထုတ်

၁၅-၆-၂၀၁၅ ရက်နေ့၊ ညနေ (၃)နာရီချိန်ခန့်တွင် ကလော မှ တောင်ကြီး ခရိုင်တရားရုံးသို့ ရုံးထုတ်စစ်ဆေးသည့် တရားခံ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၁)ဦး၊ ဒုရဲအုပ် ဦးစီး အစောင့် (၅)ဦး၊ ယာဉ်မောင်း(၁)ဦး ပေါင်း(၁၄)ဦးတို့ လိုက်ပါသည့် လိုက်ထရပ်ယာဉ်သည် တရားခံများအား ခရိုင်တရားရုံးမှ တောင်လေးလုံးထောင်သို့ ပြန်လည်ပို့ဆောင်ရန် ထွက်ခွာလာ စဉ် ထောင်သို့မရောက်မီ လမ်းခုလတ်ဖြစ်သော ရေနွေးရွာအနီးအရောက်တွင် တရားခံတဦးအား လက်နက်ကိုင်အဖွဲ့ က ကယ်ထုတ်ကယ်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။
အဆိုပါ တရားခံများတင်ဆောင်လာသည့် ကားအား ရေနွေးရွာ အနီးအရောက်တွင် မတ်တူး(အဖြူ)တစ်စီးမှ ယာဉ်၏လမ်းကြောတွင် ပိတ်ရပ်ထားသဖြင့် ယာဉ်အားရပ်တန့်လိုက်စဉ် ထိုမတ်တူးယာဉ်ပေါ်မှ အရပ်ဝတ်ဖြင့် ယာဉ်မောင်း(၁)ဦး၊ အမည်မသိ ပြောက်ကျားဝတ်(၄)ဦး သည် လက်နက်များကိုင်ဆောင် ဆင်းသက်လာပြီး လိုက်ထရပ်ယာဉ်မှ ဒုရဲအုပ်နှင့် အစောင့်များကို လက်နက်ဖြင့်ခြိမ်းခြောက်၍ ထောင်ပို့တရားခံများအနက်မှ မူး/စိတ် တရားခံဖြစ်သူ ခွန်နန်း အသက်(၂၃)နှစ်၊ (ဘ)ဦးမောင်တော ဒီမော့ဆိုမြို့နေသူ တစ်ဦးကိုသာ အစောင့်များလက်မှ လက်ထိပ်ဖြုတ်စေ လျှက် လုယူခေါ်ဆောင်သွားပြီး မတ်တူးယာဉ်ဖြင့် အောင်ပန်းမြို့သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ပါသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ သစ်စက်လုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ ဇွန်လ ၁၉ ရက်နေ့တွင် KIA အဖွဲ့ ရောက်ရှိလာပြီး သစ်ခွဲစက်ပိုင်ရှင်များထံမှ ဆက်ကြေးငွေများ လာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ ရောက်ရှိလာပြီး သစ်ခွဲစက်ပိုင်ရှင်များဖြစ်သော ဦးသန်းဝင်း၊ ဦးညိုဝင်းနှင့် ဦးဖိုးထောင်တို့ ၃ ဦးအား ခေါ်ယူ၍သစ်ခွဲစက် တစ်လုံးလျှင် ၃၀၀၀၀ ကျပ်နှုန်းတောင်းခံသွားပြီး နန့်စီးအောင်ကျေးရွာ ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံ တစ်ဦးမှ ပြောသည်။

အိပ်မက်ဆုံရာ ရာသက်ပန်နောက်ဆုံးအဆင့်မှာ ဗိုလ်လုရမယ့် အောင်ထက်နဲ့ဂျေနဗီ

တင်ဆက်မှုပုံစံသစ်များ ပြောင်းလဲခဲ့သည့် အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်၏ နောက် ဆုံးအဆင့်သို့ ပြိုင်ပွဲဝင်အောင် ထက်နှင့် ဂျေနဗီတို့တက်ရောက် နိုင်ခဲ့ပြီး ပြိုင်ပွဲကို ဇူလိုင် ၅ရက်တွင်Strand ဟိုတယ်၌ ပြုလုပ်မည်ဟု Forever BecTro Country မန်နေဂျာ ကိုစိုးသူရကပြောသည်။
‘‘နောက်ဆုံးကျန်တဲ့နှစ် ယောက်ကနေ Winner ရွေး မယ်။ ကျန်တဲ့လူတွေ(ပြိုင်ပွဲဝင်) တွေကတော့ ဖျော်ဖြေရေးသက် သက်ပဲ’’ဟု ၎င်းကပြောသည်။
ပြိုင်ပွဲနောက်ဆုံးအဆင့်သို့ တက်ရောက်သွားသူနှစ်ဦးမှာ ပရိသတ်အားပေးမှုအများဆုံးရရှိ ထားသူများဖြစ်သည့် အောင်ထက်နှင့်ဂျေနဗီတို့ဖြစ်ပြီး ဇူလိုင် ၅ ရက် တွင် ၎င်းတို့နှစ်ဦး ဆက်လက်ယှဉ် ပြိုင်သွားမည်ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်တွင် ဂုဏ်သိက္ခာကျဆင်းအောင်ပြုမူသူကို ရွှေရေးထင်ထင်အမှုဖွင့်


အင်တာနက်လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ၌ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်သူတစ်ဦးကို စာရေးဆရာမရွှေရေးထင်ထင်က လသာရဲစခန်း တွင် အမှုဖွင့်တိုင်ကြားထား ကြောင်း သတင်းရရှိသည်။
ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်သူ Min Thu အမည်ဖြင့် အကောင့်ပိုင်ရှင်ကို ဇွန်လ ၂၂ ရက် နံနက်တွင် လသာမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း လသာမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။
‘‘ဒီနေ့ မနက်ကလာပြီး တိုင် တာပါ။ ကျွန်တော်တို့လည်း အမှု ကို လက်ခံပြီး ဖွင့်ပေးပါတယ်။ တရားခံကိုတော့ ကျွန်တော်တို့ စုံ စမ်းနေပါတယ်။ ဖမ်းဆီးရမိခဲ့ရင် လည်း တည်ဆဲဥပဒေအတိုင်း အ ရေးယူသွားမှာပါ’’ဟု အဆိုပါရဲ အရာရှိက ပြောသည်။
စာရေးဆရာမ ရွှေရေးထင် ထင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြထားသည့် အလှဓာတ် ပုံများကြောင့် ယခုနှစ်အတွင်း လူ သိများလာပြီးနောက် ရွှေရေးထင် ထင်အကောင့်အတုများစွာထွက်ရှိလာသည်ဟု ရွှေရေးထင်ထင်၏ ပရိသတ်ကိုဟိန်းက ပြောသည်။

ခွေးသားစားခြင်းအား ပိတ်ပင်ရန် ကမ္ဘာက တောင်းဆိုမှု မြင့်တက်


(သွေးထွက်သံယို ဓာတ်ပုံများပါသည်/ Content Warning)
တရုတ်ပြည် တောင်အလယ်ပိုင်းဒေသက Yulin (ယုလင်) မြို့မှာ နှစ်စဉ် ယခုကာလမှာ ခွေးသားစားပွဲတော် (Dog meat festival) ပြုလုပ်ပါတယ်။ နှစ်စဉ် ယင်း ပွဲတော်အပေါ် ဆန့်ကျင်တားဆီးမှုများပေမယ့် ယခုနှစ်ကတော့ အများဆုံး ဖြစ်ပါတယ်။
ယင်းသတင်းနဲ့ ပက်သက်လို့ ယခုတလော လူ Share များနေကြတော့ သိတဲ့သူများလည်း သိပြီးသား ဖြစ်မှာပါ။ Dog meat festival ကို တရုတ်ပြည် အစိုးရမှ တရားဝင် ပိတ်ပင်ခြင်းက ယခင် နှစ်နှစ်လောက်က စတင်ခဲ့ပေမယ့် တရားဥပဒေ စိုးမိုးမှု နည်းနေပါသေးတယ်။ ဒါကြောင့်မို့ ခွေးသားစား ပွဲတော်ဟာ ရပ်တန့်မသွားသေးပဲ ဆက်ဖြစ်နေပါတယ်။ Bonus အနေနဲ့ ကြောင်များ နဲ့ အခြား အိမ်မွေး တိရစ္ဆာန် အချို့တောင် ပါဝင်လိုက်ပါသေးတယ်။ ယင်းဒေသခံများရဲ့ အယူအရ ခွေးသားစားခြင်းဖြင့် စီးပွားတက်ကြောင်း၊ ကျန်းမာကြောင်း အစရှိသဖြင့် ယုံကြည်ချက် အမျိုးမျိုးများဖြင့် စားသုံးနေခြင်း ဖြစ်ပါတယ်။

Monday, 22 June 2015

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရန် နှစ်ဖက်တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မည်

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရေးအတွက် နှစ်ဖက်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဇွန်လ ပထမပတ်အတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသအနီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် အိန္ဒိယ တပ်မတော်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ် တွေ့ဆုံညှိနှိုင်းမှုများအရ NSCN (IM) တပ်ဖွဲ့များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခိုအောင်းမှု မရှိစေရန်အတွက် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် ပုံမှန်နယ်မြေရှင်းလင်းလျက် ရှိသည့် တပ်များအပြင် ထပ်မံ တပ်အင်အား ဖြည့်တင်းပြီး နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိသော အိန္ဒိယတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း တပ်ချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြင်ဦးလွင်တွင် ဇနီးနှင့် သားကိုသာမက ကိုယ်တိုင်ပါ ဓာတ်ဆီလောင်း မီးရှို့

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက် (၈) ယုဇနလမ်းရှိ နေအိမ်တစ်လုံးတွင် ဇွန်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က အသက် ၄၂ နှစ်အရွယ် အမျိုးသားမှာ ၎င်းကိုယ်တိုင်နှင့် လေးနှစ်အရွယ် သားဖြစ်သူနှင့် ဇနီးသည်ကိုပါ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဟိုတယ်တည်ဆောက်ရေး ငြမ်းပြိုကျမှု ဉာဏ်မိသားစု ဆောက်လုပ်ရေး တာဝန်ရှိသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာ မန္တလေး စီမံကိန်း ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျမှုကြောင့် တာဝန်ရှိသည်ဟုဆိုသော ဉာဏ်မိသားစု ဆောက်လုပ်ရေးတာဝန်ရှိသူ တစ်ဦးကို ပြစ်မှုပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ ကဖြင့် အမှုဖွင့်၍ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောကြားသည်။

Sunday, 21 June 2015

လှေစီးပြေးတွေကို ဂျပန်ကဒေါ်လာ ၃သန်းခွဲကူညီမယ်

နိုင်ငံပြောင်းရွေ့ အခြေချဖို့ ကြိုးစားနေ တဲ့ လှေစီးပြေးတွေအတွက် ဂျပန်နိုင် ငံကအမေရိကန်ဒေါ်လာ

ကျောင်းသားသပိတ် ပြန်စမည်

ပြည်ထောင်စုလွှတ်တော်က အပြီးသတ် အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင် သဘောတူညီထားသည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် အပါအဝင် အချက်အလက်အချို့ မပါ၍ သပိတ်တိုက်ပွဲများ ဆက်လုပ်မည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြောကြားသည်။
ရန်ကုန်မြို့တော် ခဝဲခြံ မျက်မမြင်ကျောင်းတွင် ဇွန်လ ၂၀ ရက် နေ့လယ် ၁ နာရီခန့်က ပြုလုပ်သည့် ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ဒုတိယအကြိမ် ညီလာခံ သဘောတူညီချက်များ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယွန်းဝတီလွင်မိုးနှင့် တွဲရိုက်ထားသူမှာ ချစ်သူမဟုတ်ဟုဆို

ယွန်းဝတီလွင်မိုး၏ ချစ်သူဟုဆိုသော အမျိုးသားငယ်တစ်ဦးနှင့်တွဲရိုက်ထားသည့် ဓာတ်ပုံလူမှုကွန်ရက်တွင် ပျံ့နှံ့နေသဖြင့် ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်း ယွန်းဝတီလွင်မိုး၏ ဖန်ပေ့ခ်ျ၌ ရေးသားထားသည်။ ‘‘ဒီပုံလေးကို တွေ့လိုက်လို့ ဒါခေးရဲ့ဖေဖေရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့ သားပါရှင့်။ မိဘတွေကလည်း ခေးမမွေးခင်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေပါ။ ခေးခေးတို့နှစ်ယောက်ကလည်း မွေးကတည်းကအတူတူကြီးပြင်းခဲ့ကြတဲ့မောင်နှမအရင်းတွေလိုပါပဲ။ ခေးရဲ့ ဘယ်တော့မှမပြောင်းလဲမယ့်အချစ်ဆုံးအစ်ကိုပါ’’ဟု ယွန်းဝတီလွင်မိုး၏ ဖန်ပေ့ခ်ျစာမျက်နှာတွင်ဖြေရှင်းထားသည်။

ခွေးသားစား ပွဲတော်မှ ခွေးအကောင် ၁၀၀ ကို တရုတ်အမျိုးသမီး ၀ယ်ယူကယ်ဆယ်

ဇွန် ၂၁။ ။ တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီ ပြည်နယ်ရှိ ယုလင်မြို့မှ ခွေးသားစား ပွဲတော်အတွင်း အစားခံရမယ့် ခွေး အကောင် ၁၀၀ ကို တိရစ္ဆာန်ချစ်သူ တရုတ် အမျိုးသမီးတစ်ဦးက ယွမ် ၇၀၀၀ ခန့် (ဒေါ်လာ ၁၀၀၀ခန့်) ပေးပြီး ကယ်ဆယ်ခဲ့ကြောင်း Netease ၀က်ဘ်ဆိုက်သတင်းကို အေအက်ဖ်က တနင်္ဂနွေနေ့က ကိုးကား ဖော်ပြခဲ့ပါတယ်။