ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၂ ရွာ ရေတိုက်စားခံရခြင်းနှင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်းသုံးထောင်ခန့် သုံးစွဲကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ညောင်ဦး၊ မြင်းခြံ၊ ကျောက်ဆည်၊ ပြင်ဦးလွင်နှင့် မန္တလေးခရိုင်များအတွင်းရှိ ဧရာဝတီမြစ်ရေ တိုက်စားခံခဲ့ရပြီး ကမ်းပြိုမှုကြုံတွေ့နေရသည့် ကျေးရွာ ၂၂ ရွာ ၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်း ၂,၉၂၀ကျော် သုံးစွဲလုပ်ကိုင်မည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်းဦးစီးမှူး ဦးဝင်းလှိုင်က ပြောသည်။
Tuesday, 9 June 2015
မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၂ ရွာ ကမ်းပြို ကာကွယ်ရေး ကျပ်သန်းသုံးထောင်ခန့် သုံးမည်
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၂ ရွာ ရေတိုက်စားခံရခြင်းနှင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်းသုံးထောင်ခန့် သုံးစွဲကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။ညောင်ဦး၊ မြင်းခြံ၊ ကျောက်ဆည်၊ ပြင်ဦးလွင်နှင့် မန္တလေးခရိုင်များအတွင်းရှိ ဧရာဝတီမြစ်ရေ တိုက်စားခံခဲ့ရပြီး ကမ်းပြိုမှုကြုံတွေ့နေရသည့် ကျေးရွာ ၂၂ ရွာ ၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်း ၂,၉၂၀ကျော် သုံးစွဲလုပ်ကိုင်မည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်းဦးစီးမှူး ဦးဝင်းလှိုင်က ပြောသည်။
အမုန်းဘယ်လိုဖြေပါ့မယ်
စစ်ပွဲများကြောင့် နေရပ်တိမ်းရှောင်ထွက် ပြေး လာရသူများကို စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ်အ နီးကပ်ကူညီပေးနေသူ ကချင် တိုင်းရင်းသူလေး မလွမ်ညယ်တွင် ဗမာလူမျိုးအပေါင်းအသင်းဟူ၍ သိပ်မရှိပါ။ထို့အပြင် ဗမာလူမျိုးဆိုလျှင် စကားမပြောဖြစ်အောင် ရှောင်တတ်သေးသည်။ ထို့အတွက် သူမတွင် အကြောင်းပြချက် ခိုင်ခိုင်မာမာရှိနေပါသည်။လွန်ခဲ့သော၂နှစ်ခန့်က စစ် ကြောင့် အစ်ကိုအရင်းဖြစ်သူ၏ အသက်စတေးခဲ့ရသဖြင့် မလွမ်း ညယ်တွင် အနာမကျက်သေးပေ။ ၎င်းနှင့် ထိတွေ့ဆက်ဆံနေရ သော မျိုးနွယ်တူဒုက္ခသည်များထံ မှ ကြားရဖန်များလာသော အဖြစ် ဆိုးများက သူ့ကို ဗမာလူမျိုးများ နှင့် အဝေးဆုံးရောက်အောင် တွန်းပို့ထားသည်။
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် အမျိုးသမီး အခွင့်အရေးရုပ်ရှင်များ ပြသမည်
တတိယအကြိမ်ပြုလုပ် မည့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် တွင် နှစ်စဉ်ပြုလုပ်နေကျ ကလေးသူငယ်အခွင့်အရေး ရုပ်ရှင်ပြသသည့် အစီအစဉ်ကိုသာမက အမျိုးသမီးများ၏ အခွင့်အရေး ရုပ်ရှင်ဇာတ်ကားများ ပြသသွားရန် အစီအစဉ်ရှိကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
‘‘အမျိုးသမီးတွေရဲ့ အခွင့် အရေးနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား ငါးကားပါတယ်။ အင်မတန်လည်း ထူးခြားပါတယ်။ ဒါပေမဲ့ အဲဒီကားတွေက ပြိုင်ပွဲဝင်ကား တွေတော့ မဟုတ်ပါဘူး’’ဟု ၎င်း က ပြောသည်။
ယင်းဇာတ်ကားများမှာ အ ရည်အသွေးအားဖြင့် ကောင်းသ လို အမျိုးသမီးများ အိမ်တွင်းအ ကြမ်းဖက်မှုခံရခြင်း၊ အဖွဲ့အစည်းများက အနိုင်ကျင့်ခြင်း၊ ခင်ပွန်း ဖြစ်သူက အနိုင်ကျင့်ခြင်း၊ ချစ်သူရည်းစားက အနိုင်ကျင့်ခြင်း စ သည့် အကြောင်းအရာမျိုးစုံကို ပုံဖော်ထားကြောင်း ၎င်းက ဆို သည်။

လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်ပုံစံ(၇)ထုတ်ယူမှု မသမာမှုများကြောင့် လယ်သမားများနစ်နာနေ
အစိုးရဘဏ်မှ ချေးငွေ ရရှိရန် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇)ထုတ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ မသမာမှုများကြောင့် လယ်သမား များ လယ်မြေပိုင်ဆိုင်ခွင့်များပါ ဆုံးရှုံးခဲ့ရသည်ဟု တောင်သူလယ် သမားထံမှ သတင်းရရှိသည်။
‘‘ဒီပုံစံ (၇) လုပ်ရင် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် လုပ်ရတာ အဆင်မပြေတာတွေ ရှိတယ်။ ရွာထဲမှာ ပွဲစားတွေက အလိမ်ခံရတာ တချို့တွေခံရတာ ရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဆီ တင်ထားပြီး ပုံစံ (၇)မကျသေး တဲ့ လယ်သမားတွေရှိတယ်’’ဟု မအူပင်မြို့နယ်မှ လယ်သမား ဦး စိန်ဝင်းက ပြောသည်။
ပုံစံ (၇) သည် ဘဏ်လုပ်ငန်း အဆင်ပြေရေး ပိုင်ဆိုင်မှုတင်ပြ ရန်ဖြစ်ပြီး ပုံစံ(၇)မတိုင်မီ လယ်သမားများအနေဖြင့်ဘဏ်မှ ချေးငွေယူရာတွင် လယ်ယာပိုင် ဆိုင်မှုအတွက် ပိုင်ဆိုင်ကြောင်းအ ထောက်အထား စာရွက်များပြရ ကြောင်း တောင်သူလယ်သမား များဖွံ့ဖြိုးတိုးတက်ရေးပါတီအ တွင်းရေးမှူး ဒေါ်ခင်သန်းဦးက ပြောသည်။

Monday, 8 June 2015
လှေစီးဒုက္ခသည်များ ထားရှိသည့်နေရာမှ ဘင်္ဂါလီနှစ်ဦး ထွက်ပြေး
မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့တွင် ယာယီ လက်ခံထားသည့် လှေစီးဘင်္ဂါလီ ခုနစ်ရာကျော်အနက် နှစ်ဦးသည် ဇွန်လ ၅ ရက်၌ ထွက်ပြေးသွား ကြောင်းသတင်းရရှိသည်။
လှေစီး ဘင်္ဂါလီများကို စစ်တွေ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က ဇွန်လ ၆ ရက်မှ စတင်ကာ လာရောက်စစ်ဆေးမှု များပြုလုပ်နေပြီး ယင်းနေ့မတိုင်မီ ဇွန်လ ၅ ရက်နံနက် ၅ နာရီခွဲခန့် တွင် စခန်းအမှတ် (၃၇)မှ ဘင်္ဂါ လီနှစ်ဦး ထွက်ပြေးသွားခြင်းဖြစ် ကြောင်း မောင်တောခရိုင်လဝက ဦးစီးဌာနမှ အရာရှိတစ်ဦးကပြော ကြားသည်။‘‘ထွက်ပြေးသွားတဲ့ဘင်္ဂါလီ နှစ်ဦး နံပါတ်က ၄၇ နဲ့ ၄၈ ဖြစ်ပါ တယ်။ ကျွန်တော်တို့လည်း လှေစီးဘင်္ဂါလီတချို့ကို ဘင်္ဂလားဒေ့ရှ် ကိုပြန်လွှဲပေးဖို့ စီစဉ်နေတဲ့ အတွက် အလုပ်များနေတာကြောင့် သတိထားဖို့မရလိုက်ပါဘူး’’ ဟု ၎င်းကပြောသည်။

ပြည်ပ အမှာမရသဖြင့် စက်ရုံအချို့ ပိတ်သိမ်း
ပြည်ပမှ အမှာမရသဖြင့်ရန်ကုန်တိုင်းရှိ စက်ရုံအချို့ စီးပွားရေးအရ တွက်ခြေမကိုက်၍ ယခုနှစ်အတွင်း စက်ရုံငါးခု ပိတ်သိမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။
‘‘အပြီးပိတ်တာရှိသလို တ ချို့ကလည်း အော်ဒါမရလို့ ဆိုပြီး ယာယီ ရပ်နားတာမျိုးတွေ ရှိပါ တယ်။ အကြမ်းဖျင်းလောက်က တော့ ဒီနှစ်ထဲမှာ ငါးရုံလောက် အပြီး ပိတ်သွားတယ်လို့ သိထားရ တယ်’’ဟု အလုပ်သမားညွှန်ကြား မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
အပြီးပိတ်သိမ်းသော စက်ရုံများအပြင် ပိတ်သိမ်းရန် တင်ပြသည့်စက်ရုံများလည်း ရှိသည်။ စက်ရုံအချို့ပိတ်သိမ်းခြင်းမှာ ၎င်းတို့လုပ်ငန်းရပ်တည်ရေး အခက်အခဲကြောင့်သာဖြစ်ပြီး အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးအငြင်းပွားမှုများနှင့် မသက်ဆိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် စက်မှုဇုန်များ ဧရာဝတီတိုင်းအတွင်း တည်ဆောက်ရန်ရှိ
ဂျပန်နိုင်ငံမှ ငွေကြေးအ ကူအညီဖြင့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း အထည်ချုပ်လုပ်ငန်းဦးစားပေးစက်မှုဇုန်များကို တည်ဆောက်အကောင်အထည်ဖော် ရန် စီစဉ်နေကြောင်း တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။‘‘မိဘတွေက လယ်ယာလုပ် ငန်းလုပ်ကိုင်နေတော့ သားသမီး တွေက အလုပ်မရှိဘူး။ သူတို့တွေ အလုပ်အကိုင်ရအောင်လို့ အခုလို စီစဉ်တာပါ။ အထည်ချုပ်လုပ်ငန်း က ပညာသိပ်တတ်စရာမလိုဘူး။ သုံးလေးတန်းအောင်ရုံနဲ့ လုပ်လို့ ရပါတယ်’’ဟု တိုင်းဝန်ကြီးချုပ် ဦး သိန်းအောင်က ပြောကြားသည်။
တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၀ တင်ပို့ရန် ဆန်စပါးအသင်းချုပ် စီစဉ်
ဆန်တန်ချိန်၃,၀၀၀ကို ဇွန်လ ၂၀ရက်နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်တရားဝင်တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။
‘‘တရုတ်ကိုတော့ တရားဝင် လမ်းကြောင်းကပေါက်ပြီ။ အာဖ ရိကနိုင်ငံနဲ့ တခြားဈေးကွက်တွေ ကိုလည်း တင်ပို့နိုင်ဖို့ ကြိုးစားနေ တယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်အထွေထွေအတွင်းရေး မှူးဦးရဲမင်းအောင်ကပြောသည်။
တရုတ်သို့ တရားဝင် ဆန်ရောင်းချရာတွင် ပိုးမွှားရောဂါ၊ ဆန်အရည်အသွေး၊ ဆန်စက် အခြေအနေ၊ ဆန်သိုလှောင်ထား မှုပုံစံတို့ကို စစ်ဆေးပြီးမှသာ သ ဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။ လက်ရှိတရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရာတွင်ကုမ္ပဏီ ၂၉ခုအားရွေးချယ် အသိအမှတ်ပြုထားပြီး ပထမဆုံး မြန်မာ့လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း(MAPCO)မှ တန် ၃,၀၀၀ စတင်ပို့မည်ဖြစ်သည်။

မုံရွာမြို့ ကြက်၊ ငုံး မွေးမြူရေးအထူးဇုန် ဇီဝလုံခြုံရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်း ဖွင့်လှစ်မည်
မုံရွာမြို့ ကြက်၊ ငုံးမွေးမြူ ရေး အထူးဇုန် ဇီဝလုံခြုံရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင် တန်းကို ကုလသမဂ္ဂ ကမ္ဘာ့စား နပ်ရိက္ခာအဖွဲ့ (FAO) က ဇွန်လ ၉မှ ၁၂ ရက်အထိ မွေးမြူရေးလုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဇီဝလုံခြုံရေးနဲ့ မွေးမြူရေး ဆိုင်ရာ နည်းပညာ သင်တန်းကို FAO က ပို့ချမှာပါ။ နှစ်တိုင်း လည်း သင်တန်းပို့ချခဲ့ပေမယ့် ဒီနှစ်တော့ ဇီဝလုံခြုံရေးအတွက် နည်းပညာ ကွဲပြားမှုတွေ ရှိနိုင် တယ်’’ဟု မုံရွာမြို့ ကြက်၊ ငုံး မွေး မြူရေးအထူးဇုန် ကြက်မွေးမြူရေး လုပ်ငန်းရှင် ဦးအောင်ဝင်းသန်းက ပြောကြားသည်။

အိုင်အက်စ်တို့လက်မှ ဘိုင်ဂျီမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်တပ်ကြေညာ
အမေရိကန်လေတပ်၏ ပံ့ပိုးမှုနှင့်အတူ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) လက်အောက်မှ ဘိုင်ဂျီမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်တပ်က ကြေညာခဲ့သည်။
ဇွန်လ ၇ ရက်တွင် အီရတ် စစ်တပ်နှင့် ပြည်သူ့စစ်များသည် ဘိုင်ဂျီမြို့တွင်းရှိ အစိုးရ အဆောက်အအုံများ၊ မြို့တော်ခန်းမ၊ အဓိက ဗလီကြီးနှင့် ပတ်ဝန်းကျင် ရပ်ကွက်များကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ကြောင်း အီရတ်စစ်တပ်မှ ဗိုလ်မှူးချုပ် တာဆင်း အီဘရာဟင်က CNNသို့ ပြောကြားခဲ့သည်။

မားစ်ရောဂါ ကူးစက်မှုကြောင့် နိုင်ငံစီးပွားရေး ထိခိုက်လာမည်ကို တောင်ကိုရီးယား စိုးရိမ်
မားစ်ရောဂါပိုး ကူးစက် ပျံ့နှံ့နေမှုများကြောင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍကို သက်ရောက်မှု ကြီးမားစွာ ထိခိုက်လာမည်ကို တောင်ကိုရီးယား အစိုးရက စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။
အရှေ့အလယ်ပိုင်းဒေသမှ စတင်ကူးစက်လာသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် လတ်တလောတွင် တောင်ကိုရီးယား လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေပြီး ဆိုးလ်မြို့တော်သို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွား အများအပြားသည်လည်း ၎င်းတို့၏ ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြသည်။

ပြည်မြို့တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ အရေးယူမည်
ပြည်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို စစ်ဆေး အရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ကုန်လမ်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာနက ထုတ်ပေး သည့် တရားဝင်လိုင်စင်မရှိသော ဆိုင်ကယ်များ စစ်ဆေးအရေးယူခြင်းကို ဇွန်လ ၈ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ပြည်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက စီစဉ်ခြင်းဖြစ်ကြောင်း ပြည်မြို့၊ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။‘‘လိုင်စင်မဲ့ဆိုင်ကယ်တွေကို စစ်ဆေးအရေးယူသွားတော့မယ် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိ အောင် ဆောင်ရွက်ပေးဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ ညွှန်ကြား ချက်အရ ကြေညာပေးတာပါ။ ပြည်မြို့နယ်အတွင်းပဲလို့ သိရ တယ်’’ ဟု ဆံတော်ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးညွန့်လှိုင်က ပြော ကြားသည်။
ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပေးပို့လာသည့် ပြည်သူ့ရင်ဖွင့်သံများကို လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ ကြိုးစားပေးမည်ဟု သူရဦးရွှေမန်းပြောကြား
လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် တင်ပြလာသည့် ပြည် သူများ၏ ရင်ဖွင့်သံများကို လက် ခံကြိုဆိုနေပြီး လုပ်ပိုင်ခွင့်မူ ဘောင်အတွင်းမှ ကြိုးစားဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ပြည် ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။
‘ဖေ့စ်ဘွတ်ခ်မှပေးပို့လာ သော ပြည်သူများ၏ ရင်ဖွင့်စ ကားသံများကို လက်ခံကြိုဆို လျက်ရှိပြီး လွှတ်တော်ဥက္ကဋ္ဌတစ် ယောက်ရဲ့ လုပ်ပေးနိုင်တဲ့ မူ ဘောင်များအတွင်းမှ တိုင်းပြည် အကျိုး၊ ပြည်သူများအကျိုးအ တွက် ကြိုးစားဆောင်ရွက်သွားပါ မယ်။ မိမိနဲ့အတူ ပူးပေါင်းပါဝင် ကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်’’ ဟု သူရဦးရွှေမန်းက ဇွန်လ ၇ရက် တွင် ရေးသားထားသည်။

Saturday, 6 June 2015
အစိုးရကို ဆန္ဒပြချင်သည်
မေလ ၃၁ ရက်မှ စတင်ကာအစိုးရကို ဆန္ဒပြချင်စိတ်များကိန်းအောင်းနေသည်။ အထူးသဖြင့်တော့ စည်ပင်သာယာဌာနကို ဖြစ်သည်။ကိုယ်က အစိုးရသတ်မှတ်ထားသော ဆန္ဒပြခွင့်ပုဒ်မ ၁၈ တွေ၊ ဘာညာ သာရကာထွေလီ ကာလီသတ်မှတ်ချက်တွေကိုတော့ဖြင့် နားမလည်လှ။ မိမိလိုက်ပါချင်သော ဆန္ဒပြပွဲများကို လိုက်ပါခဲ့ဖူးသော်လည်း ကိုယ်တိုင်ဦးမဆောင်ခဲ့ဖူး။ ထို့ကြောင့် ခွင့်ပြုချက်မည် သို့ တင်ပြတောင်းခံရမည်လည်း မသိ။ သို့သော် ယမန်နေ့ကစ၍ စိတ်ထဲမှာ ကလိ ကလိ တရိရိဖြင့်ဆန္ဒပြချင်နေသည်ကိုသာ သိ သည်။
ဖမ်းမိသမျှ လှေစီးဒုက္ခသည်များ ရခိုင်သို့ ပို့နေမှု စစ်တွေမြို့မိမြို့ဖအဖွဲ့ကန့်ကွက်မည်
ပင်လယ်ပြင်အတွင်း ဖမ်းဆီးခံခဲ့ရသည့် လှေစီးဒုက္ခ သည်များအား ရခိုင်ပြည်နယ်အ တွင်းသို့ပို့ဆောင်နေသည့် အစိုးရ ၏ လုပ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်မှုများကို ရပ် တန့်ရန် ဇွန်လ ၄ ရက်၌ ဆုံးဖြတ် လိုက်သည်။
စစ်တွေမြို့မှ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့် ဒေသခံများအ ကြား သြဇာကြီးသည့်အဖွဲ့အ စည်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းအချို့ တွင် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။
စစ်တွေ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့်ပူးပေါင်းဆောင် ရွက်နေသည့် မြို့နယ်အထောက် အကူပြုကော်မတီ၊ စည်ပင်သာ ယာကော်မတီ၊ နိုင်ငံသားစိစစ် ရေးကော်မတီနှင့် ဘင်္ဂါလီ၊ ၀ှိုက် ကတ်၊ လှေစီးဒုက္ခသည်များအား စိစစ်နေသည့် ကိစ္စများတွင် ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ် တော့မည်မဟုတ်ကြောင်းစစ်တွေ မြို့မိမြို့ဖအဖွဲ့မှ ဦးသန်း ထွန်းက ပြောသည်။
ပြီးခဲ့သည့် မေလ တတိယ နှင့် စတုတ္ထပတ်အတွင်း မြန်မာ့ ရေပြင်တွင်တွေ့ရှိခဲ့သည့် လှေ စီးဒုက္ခသည် ၉၀၀ ကျော် ရခိုင် ပြည်နယ်သို့ ပို့ဆောင်နေသည့် အစိုးရ၏ အစီအစဉ်ကို မကျေနပ် ကြောင်း ပြသသည့်အနေဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ် ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့မှ ဦးသန်းထွန်းက ပြော ကြားသည်။

ဖေ့စ်ဘွတ်ခ်သုံး၍ ခိုက်ရန်ဖြစ်ပွားပါက ကျောင်းထုတ်မည်ဟုဆို
ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းတွင် ဖေ့စ်ဘွတ်ခ်လူ မှုကွန်ရက်အသုံးပြုပြီး ခိုက်ရန်ဖြစ် ပွားသော ကျောင်းသား၊ ကျောင်း သူများကို ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည် ဖြစ် ကြောင်း သတင်းထွက်ပေါ်နေ သည်။
အထက(၅) ဗိုလ်တထောင် ကျောင်းတွင် ကျောင်းသားများ ဖေ့စ်ဘွတ်ခ်သုံး၍ ရန်ဖြစ်ပါက ကျောင်းကထုတ်ပယ်မည့် စည်း ကမ်းကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ အထူးစည်းကမ်းအဖြစ် ထုတ်ပြန်လိုက်ကြောင်း ဇွန်လ ၃ ရက်၌ အင်တာနက်တွင် ပျံ့နှံ့နေခဲ့ သည်။
အထက်ပါ အကြောင်းအရာ နှင့်ပတ်သက်၍ အထက(၅)ဗိုလ် တထောင်ကျောင်းသို့ သွားရောက်မေးမြန်းခဲ့သော်လည်း ကျောင်းရှိ ဆရာ၊ ဆရာမများက လက်ခံတွေ့ဆုံခြင်းမရှိခဲ့သကဲ့သို့ ပြန်လည် ဖြေကြားခြင်းလည်း မရှိခဲ့ပေ။ ကျောင်းသား၊ ကျောင်းသူများ ဖေ့စ်ဘွတ်ခ်အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး ဆဲဆိုရန်ဖြစ်ခြင်း၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် သူတစ်ပါးအ ကြောင်း မကောင်းရေးခြင်း၊ မှတ်ချက်ပေးခြင်း၊ ညစ်ညမ်းသောဓာတ်ပုံများ၊ စာများရေးသားခြင်း များပြုလုပ်ပါက ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ် ကြောင်း အဆိုပါ ကျောင်းစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်စာတွင် ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ရာကျော်ကို လူကုန်ကူးသည့် ထိုင်းလူမျိုးအား စတင်စစ်ဆေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာကျော်ကို လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသားအပါအဝင် လူငါး ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
မောင်တောမြို့နှင့် ထိစပ်နေ သည့် မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများနှင့် ပတ်သက်၍ လူကုန် ကူးသူ အဓိကတရားခံ ထိုင်းအမျိုး သားတစ်ဦးကို မေလ ၂၉ ရက်၌ ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့သည်။ ထို့နောက် ၎င်းနှင့် ဆက်နွှယ်သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
ရန်ကုန်တွင် မိန်းကလေးချင်း ဓားထောက်လုယက်မှုဖြစ်ပွား
ရန်ကုန်တိုင်း တာမွေ မြို့နယ်တွင် အသက်(၂၀)ခန့် မိန်းကလေးချင်း ဓားဖြင့်ထောက်ကာ လုယက်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၄ ရက် ညနေက အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် လစာထုတ်ပြီး ဧရာဝတီတိုင်း မော်ကျွန်းမြို့သို့ပြန်ရန် အချိန်မမီတော့သဖြင့် လမ်းမတော်မြို့နယ် (၁၅)လမ်းမှ ၎င်းနေထိုင်သည့် တာမွေမြို့နယ် (၁၃၃)လမ်းရှိ အဆောင်သို့ ပြန်ရန် ကားငှားစီးရာ လမ်းကြောင်းတူသည့် မိန်းကလေးတစ်ဦးနှင့် ပေါင်း၍ ငှားစီးခဲ့သည်။
(၁၃၅)လမ်း အရောက်၌ ကားအတူငှားစီးလာသည့် အသက်(၂၁)နှစ်အရွယ် မိန်းကလေးက တိုက်ခန်းလေးလွှာသို့ လိမ်ညာခေါ်ဆောင်သွားကာ ဓားထောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ အမှုစစ်အရာရှိက ပြောကြားသည်။
တပ်ချုပ်ပါဝင်လှူဒါန်းသည့် ကြေးသွန်းခေါင်းလောင်းကြီးကို ထားဝယ် ရွှေတောင်စားစေတီတွင် ရေစက်ချလှူဒါန်း

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ပါဝင်လှူဒါန်းခဲ့ သည့် ကြေးပိဿချိန်တစ်သောင်းကျော် ရှိ မဟာခေါင်းလောင်းကြီးကို ထားဝယ်မြို့ ရွှေတောင်စားစေတီ တော်၌ ထားရှိရန် ရေစက်ချလှူ ဒါန်းခဲ့ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါအ၀င် တပ်မ တော်(ကြည်း၊ရေ၊လေ)မိသားစု များနှင့် စေတနာရှင် အလှူရှင် များက စုစုပေါင်းကျပ်သိန်းသုံးရာ ကျော်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
Subscribe to:
Posts (Atom)