ဇွန်၂ ရက်မှာတော့ နယူးဇီလန် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်းဟာ ယူကရိန်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကို တက်ရောက်နိုင်ရေး ဒီပွဲဟာ ၂ သင်းစလုံးအတွက် အရေးပါနေပါတယ်။ အုပ်စုတွင်းက အင်အားအတောင့်တင်းဆုံး အမေရိကန်ကို ခြေရည်တူ ကစားနိုင်ခဲ့တဲ့အတွက် မြန်မာဘောလုံးပရိသတ်က ဒီပွဲမှာ မြန်မာအသင်းပေါ်ကို အရမ်းကို မျှော်လင့်ထားပါတယ်။ ယူကရိန်းနဲ့ပွဲမှာ မြန်မာအသင်းအနေနဲ့ မထင်မှတ်တဲ့ စွမ်းဆောင်မှုတွေနဲ့ တခုခုလုပ်ပြနိုင်မယ်လို့လည်း ပရိသတ်တွေက မျှော်လင့်နေပါတယ်။ နယူးဇီလန်အထိ သွားရောက်ပြီး မြန်မာအသင်းကို အားပေးနေတဲ့ ဦးရဲမျိုးဟိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
Monday, 1 June 2015
ခေတ်သစ်မာရ်နတ်၏ သမီးများ အပိုင်း(၁)

ကိုးကန့်ဒေသလို့ လူသိများနေတဲ့ မြန်မာပြည်အရှေ့မြောက်ဖျားက အေးချမ်းပြီးသာယာလှပတဲ့ လောက်ကိုင်ဒေသကို လက်ရှိဒုက္ခတွေနဲ့ အရောင်ဆိုးဖန်တီးပေးနေတဲ့ ဖုန်ကြားရှင်နဲ့ပတ်သက်ပြီး ကိုးကန့်ဒေသမှာ အချိန်အတန်ကြာကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ၀န်ထမ်းဟောင်းတစ်ဦးအနေဖြင့် ဖုန်ကြားရှင်နဲ့ သူ့မိသားစုရဲ့ သရုပ်သကန်ကို အဟုတ် အမှန်အတိုင်း အများပြည်သူကိုသိစေခြင်လို့ ထုတ်ဖော်၍ တင်ပြသွားပါမယ်။
ဥရောပခေါင်းဆောင် ၈၉ ဦးကို ရုရှားနာမည်ပျက် စာရင်းသွင်း၊ အနောက်နိုင်ငံများ ဒေါသထွက်

ဥရောပ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင် ၉၈ ဦးကို ရုရှားနိုင်ငံက နာမည်ပျက်စာရင်းတွင် ထည့်သွင်း ပိတ်ပင်လိုက်မှုကို အနောက်နိုင်ငံများက ဒေါသထွက်လျက်ရှိပြီး ရုရှားနှင့် အနောက်တိုင်းကြား ဆက်ဆံရေး ပိုမိုတင်းမာလာနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဖေ့စ်ဘွတ်ကို အကျိုးရှိစွာသုံးသည့် ရွှေ့ပြောင်းအလုပ်သမားကြောင့် ထိုင်းရဲအတု ဖမ်းမိ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးက လူမှုကွန်ရက် ဖေ့ဘုတ်စ်စာ မျက်နှာကို အကျိုးရှိစွာ အသုံးချခဲ့တာကြောင့် ထိုင်းရဲအတု ၂ ဦးကို ဖမ်းဆီး ရမိတယ်လို့ ထိုင်းရတ် သတင်းမှာ ဖော်ပြပါတယ်။
မိမိကိုယ်မိမိ ထိုင်းရဲလို့ပြောဆိုပြီး ရွှေ့ပြောင်းအလုပ်သမားတွေပေါ် လိမ်လည်ငွေတောင်းနေတဲ့ ထိုင်းလူမျိုး ၂ ဦးကို ဖေ့စ်ဘုတ်ဗွီဒီယိုကလစ်ကနေတဆင့် စုံစမ်းရှာဖွေရာမှာ မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းမိုင်မြို့မရဲစခန်း စခန်းမှူး ၀ိရယုဒ်ပဆုပ်ချုတ်ချိုင်း က သတင်းထောက်တွေကို ပြောပါတယ်။
ခိုတောင်လူသတ်မှုတွင် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ ရှေ့ နေများက သက်သေခံအထောက် အထားများကို ပြန်လည်သုံးသပ်ရန် စောင့်ဆိုင်းနေရဆဲဟုဆို
ထိုင်းနိုင်ငံမှ ဗြိတိန်ကမ္ဘာ့လှည့် ခရီးသွားစုံတွဲကို သတ်သည်ဟု စွပ် စွဲခြင်းခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက ၎င်းတို့သည် တရားရုံးစစ်ဆေးမှုမစတင်မီ မှုခင်း ဆေးပညာဆိုင်ရာ သက်သေခံအ ထောက်အထားများကို လွတ်လပ် စွာပြန်လည်သုံးသပ်ခွင့်မရမည်ကို စိုးရိမ်မိကြောင်း မေ ၃၁ ရက်တွင် ပြောသည်ဟု င်္ဗဏ သတင်းတွင် ဖော်ပြသည်။
မြန်မာ-ယူကရိန်း ယူ ၂၀ ပွဲုကြို သုံးသပ်ချက်
ဇွန် ၂ ရက် မြန်မာစံတော်ချိန် ၇ နာရီခွဲမှာ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်းဟာ ယူကရိန်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
မြန်မာ-ယူကရိန်း ဘောလုံးပြိုင်ပွဲမှာ ကွင်းလယ်ဒိုင်နဲ့ အကူဒိုင်တွေအဖြစ် ဘရာဇီးနိုင်ငံသားတွေက ဆောင်ရွက်မှာဖြစ်သလို နောက်အကူဒိုင်ကတော့ ဂါနာနိုင်ငံသား က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မြန်မာအသင်းပါဝင်နေတဲ့ အုပ်စု (က)ကို ကြည့်မယ်ဆိုရင်တော့ အမေရိကန် အသင်းက တပွဲကစား တပွဲနိုင် ၃ မှတ်နဲ့ အုပ်စု ပထမနေရာ ရယူထားပါတယ်။
မြန်မာ-ယူကရိန်း ဘောလုံးပြိုင်ပွဲမှာ ကွင်းလယ်ဒိုင်နဲ့ အကူဒိုင်တွေအဖြစ် ဘရာဇီးနိုင်ငံသားတွေက ဆောင်ရွက်မှာဖြစ်သလို နောက်အကူဒိုင်ကတော့ ဂါနာနိုင်ငံသား က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မြန်မာအသင်းပါဝင်နေတဲ့ အုပ်စု (က)ကို ကြည့်မယ်ဆိုရင်တော့ အမေရိကန် အသင်းက တပွဲကစား တပွဲနိုင် ၃ မှတ်နဲ့ အုပ်စု ပထမနေရာ ရယူထားပါတယ်။
ညှဉ်းပန်းနှိပ်စက်ခံရ၍ လှေစီးထွက်ပြေးသည်ဟု ပြောဆိုချက် ရင့်သီးလွန်းသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တုံ့ပြန်
နိုင်ငံတကာတွင် ဟိုးလေးတကျော်ကျော် ဖြစ်ပွားနေသည့် လှေစီးခိုးဝင်သူများတွင် ညှဉ်းပန်းနှိပ်စက်ခံရ၍ ရခိုင်ပြည်နယ်က ထွက်ပြေးသူများ ပါဝင်နေသည်ဟု ပြောဆိုချက်များမှာ ရင့်သီးလွန်းကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။
လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ Orchid ဟိုတယ်တွင် မေလ ၃၁ ရက်နေ့က ပြုလုပ်သည့် DVB Debate တွင် လှေစီးခိုးဝင်သူများတွင် ညှဉ်းပန်းနှိပ်စက်ခံရ၍ ရခိုင်ပြည်နယ်က ထွက်ပြေးသူများ ပါဝင်နေသည်ဟု ဆွေးနွေးချက်များနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ Orchid ဟိုတယ်တွင် မေလ ၃၁ ရက်နေ့က ပြုလုပ်သည့် DVB Debate တွင် လှေစီးခိုးဝင်သူများတွင် ညှဉ်းပန်းနှိပ်စက်ခံရ၍ ရခိုင်ပြည်နယ်က ထွက်ပြေးသူများ ပါဝင်နေသည်ဟု ဆွေးနွေးချက်များနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
အာရုံစူးစိုက်မှု အပြည့်ထားရမည်ဟု မြန်မာယူ ၂၀ အသင်းကို လက်ထောက်နည်းပြ သတိပေး
နယူးဇီလန်နိုင်ငံတွင် ကျင်းပလျက် ရှိသည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်နေသည့် မြန်မာယူ ၂၀ အသင်း အနေနှင့် လက်ရှိအချိန်သည် အာရုံစူးစိုက်မှု အပြည့်ထားရမည့်အချိန် ဖြစ်ကြောင်း မြန်မာယူ ၂၀ အသင်း လက်ထောက်နည်းပြ ဦးညီညီလတ်က သတိပေး ပြောကြားလိုက်သည်။
အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် မြန်မာယူ ၂၀ အသင်းသည် မေလ ၃၀ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် အမေရိကန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ရန်နိုင်ဦး၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမေရိကန်အသင်းကို ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်ပေးခဲ့ရသောကြောင့် နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သို့သော် ယင်းပွဲစဉ် ကစားပုံနှင့် ပတ်သက်၍ ချီးကျူးမှုများ ရှိနေရာ ယင်းအပေါ်တွင် သာယာမနေဘဲ အာရုံစူးစိုက်ထားကြရန် လိုအပ်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။
အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် မြန်မာယူ ၂၀ အသင်းသည် မေလ ၃၀ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် အမေရိကန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ရန်နိုင်ဦး၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမေရိကန်အသင်းကို ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်ပေးခဲ့ရသောကြောင့် နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သို့သော် ယင်းပွဲစဉ် ကစားပုံနှင့် ပတ်သက်၍ ချီးကျူးမှုများ ရှိနေရာ ယင်းအပေါ်တွင် သာယာမနေဘဲ အာရုံစူးစိုက်ထားကြရန် လိုအပ်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။
အကွဲအပြဲများနဲ့ လော်ခီးလာရလဒ် ဘယ်လိုထွက်ပေါ်မလဲ?
လာမယ့် ဇွန် ၂ ရက်နေ့မှာ လော်ခီးလာတွေ့ဆုံဆွေးနွေးပွဲ စတင်တော့မှာဖြစ်ပါတယ်။ ကြားထားရတဲ့သတင်းက ငြိမ်းချမ်း ရေးအတွက် အပစ်အခတ်ရပ်စဲရေး ရောင်နီသန်းတော့မယ်ဆိုတဲ့ အပေါင်းလက္ခဏာပါ။ NCCT ခေါင်းဆောင်တွေက NCA Final draft ကို အပြီးသတ်ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အစိုးရနဲ့ NCCT တို့အပြီးသတ်လက်မှတ်ရေးထိုးနိုင်ခဲ့ရင် မြန်မာပြည်သူတို့အတွက် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပေါ့ဗျာ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေအတွက် အနှစ်နှစ် အလလက မျှော်လင့်ခဲ့တဲ့ တည်ငြိမ် အေးချမ်းမှုအရသာကို ရရှိခံစားရတော့မှာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးက ဒီချုပ်ကို အဓိကပြိုင်ဘက် သတ်မှတ်ထားကြောင်း ပါတီအတွင်းရေးမှူးပြော
လာမည့်၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။
တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန် ၆ ရက်ထုတ်ပြန်မည်
၂၀၁၄-၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် စာရင်းများကို ဇွန်လ ၆ ရက်(စနေနေ့)တွင် သက်ဆိုင်ရာ စာစစ်ဌာနများနှင့် အွန်လိုင်းမှတစ်ဆင့်ပြိုင်တူ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနမှ သတင်းရရှိသည်။
RCSS/SSA ဘာကြောင့် စစ်သင်တန်းတွေပေးပြီး ၊ စစ်အင်အားတွေ စုနေသလဲ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီလို့ခေါ်တဲ့ သျှမ်းပြည်တပ် မတော်တောင်ပိုင်းကနေပြီး တပ်သားသစ်တွေစုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေကတော့ ဒီရက်ပိုင်းတွေအတွင်း မီဒီယာ တွေမှာ တောက်ေ လျှာက်ဆိုသလို တက်လာနေပါတယ်။ သျှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ နမ့်စန်နဲ့ လွိုင်လင်မြို့နယ် တွေက ကျေးရွာတွေမှာ လူသစ်စုဆောင်း တာတွေ လုပ်နေတဲ့ အတွက် ဒေသခံ တွေ ထောင်နဲ့ချီထွက်ပြေး နေရတယ်လို့ ဧရာဝတီ ၊ RFA စတဲ့ သတင်းဌာနတွေက ဖော်ပြကြ ပါတယ်။
ကျောက်ကုန်သည်တစ်ဦး ကျပ်သိန်းသောင်းချီ လိမ်လည်တိမ်းရှောင်
တရုတ်-မြန်မာနယ်စပ်ရွှေလီမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ကျောက်မျက် ကုန်သည်အမျိုးသမီး တစ်ဦးက ကျပ်သိန်းသောင်းချီ တန်ဖိုးရှိသည့် ကျောက်မျက်များ လိမ်လည်တိမ်းရှောင်မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာတွင် လူမျိုးတုံး သတ်ဖြတ်မှုများ မရှိကြောင်း နော်ဝေးနိုင်ငံရောက် ဆရာတော်သုံးပါး မိန့်ကြား

နော်ဝေးတွင် ဆရာတော်သုံးပါးကို ကမ္ဘာ့သဟဇာတသင့်မြတ်ရေးဆု ချီးမြှင့်နေစဉ် (ဓာတ်ပုံ− မောင်ဇာနည်)
မြန်မာနိုင်ငံတွင် လူမျိုး တုံးသတ်ဖြတ်မှုများနှင့် လူမျိုးငယ်များအပေါ် အနိုင်ကျင့်မှုများ မရှိကြောင်း နော်ဝေး နိုင်ငံတွင် ပြုလုပ်သည့် ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံ၏ ဖိနှိပ်မှုအဆုံးသတ်ရေးညီလာခံ၌ မြန်မာနိုင်ငံမှ ဆရာ တော်သုံးပါးက မိန့်ကြားလိုက် ကြောင်းသတင်းရရှိသည်။
Sunday, 31 May 2015
ဘင်္ဂါလီအရေးနှင့် နာဇီတို့၏ ဂျူးလူမျိုးများ မျိုးတုံးသတ်ဖြတ်မှုကို ခိုင်းနှိုင်းဝေဖန်မှုများ မြန်မာကန့်ကွက်
ဘင်္ဂါလီအရေးသည် နာ ဇီခေတ် ဂျူးများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့်တူညီနေကြောင်း ခိုင်းနှိုင်းဝေဖန်မှုများ ပါဝင်ခဲ့သည့် နော်ဝေးညီလာခံ တစ်ခုမှ ပြော ကြားချက်များကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ကန့်ကွက်ပယ် ချခဲ့ကြောင်း ကြေညာချက်ကို မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
မေလ ၂၆ ရက်တွင်နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ရိုဟင်ဂျာများ အား မြန်မာနိုင်ငံ၏ နှိပ်ကွပ်ညှဉ်း ပန်းမှုများ အဆုံးသတ်ရေးအော် စလို ညီလာခံခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲပြုလုပ်ခဲ့သည်။ ယင်းဆွေး နွေးပွဲတွင် မစ္စတာဂျော့ခ်ျဆိုးရော့စ်၊ ဒေါက်တာ မဟာသီယာမိုဟာ မက်၊ ဒေါက်တာ ဆာအဒ်ဟာ မစ်ဒ်အယ်လ်ဘာနှင့် တောင်အာ ဖရိက အငြိမ်းစားခရစ်ယာန်ဂိုဏ်း ချုပ်ဆရာတော် ဒက်စ်မွန်တူးတူး တို့၏ ပြောကြားချက်များကို ကန့် ကွက်ကြောင်း မြန်မာက တုံ့ပြန် လိုက်ခြင်းဖြစ်သည်။
မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ဂိတ်ကြေးကောက်မည်
အာရှလမ်းမကြီး မြ၀တီ -ကော့ကရိတ်လမ်းပိုင်းအသုံးပြုသည့်ယာဉ်များကိုကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်းငွေကြေးမကောက်ခံတော့ဘဲ စုပေါင်းဂိတ်ဖွင့်၍စတင်ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇) ဌာနချုပ် (လှိုင်းဘွဲ့ မြို့နယ်)တွင် မေလ ၂၈ နှင့် ၂၉ ရက်၌ ပြုလုပ်ခဲ့သည့် ကရင့် လက်နက်ကိုင်များညီညွတ်ရေး ကော်မတီ အရေးပေါ်အစည်း အ ဝေးတွင် အထက်ပါအတိုင်း ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ နယ် ကေအင်န်ယူ ဆက်ဆံရေးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ ယူ-၂၀ အသင်းကို အမေရိကန်နည်းပြ ချီးကျူး
နယူးဇီလန်− မြန်မာယူ-၂၀ အသင်းသည် အလွန်စိတ်ဓာတ်တက်ကြွပြီး မိမိတို့အသင်း၏ ကစားကွက် ဆိုးရွားသွားအောင် ကစားနိုင်ခဲ့ကြောင်း အမေရိကန် အသင်းနည်းပြက ချီးကျူးပြော ကြားသည်။
နယူးဇီလန်တွင် ကျင်းပနေ သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ မေလ ၃၀ ရက်တွင် မြန်မာယူ-၂၀ အသင်းကို အမေရိကန် ယူ-၂၀ အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပွဲအပြီး၌ အမေရိကန်နည်းပြ တက်ဘ်ရာမို့စ်က ‘‘ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပါ ဘူး။ ဒါကတော့သေချာပါတယ်။ ကျွန်တော်တို့ အရှေ့မှာ အလွန် စိတ်ဓာတ်တက်ကြွနေတဲ့ အသင်း တစ်သင်းနဲ့ ကစားနေရတာကို တွေ့ခဲ့တယ်။ ကမ္ဘာ့ဖလားကို ၀င် လာတဲ့ မျက်နှာသစ်အသင်း တစ် သင်းပေါ့။ သူတို့အပြင်းအထန် ကြိုးစားခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ကို ပုံပျက်ပန်းပျက် ကစားရစေအောင်၊ ခက်ခဲအောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့အ တွက် ခက်ခဲခဲ့ပါတယ်’’ ဟု ပြောသည်။အမေရိကန် လူငယ်အသင်းသည် ယခုပြိုင်ပွဲသို့ (၁၃) ကြိမ် မြောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာလူငယ် အသင်းပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ရေသောက်နေစဉ် ဂိုးသွင်းခံလိုက်ရတဲ့ ဂိုးသမား ၈ဝ၆၄ဒေါ်လာ ဒဏ်ရိုက်ခံရ

တရုတ်နိုင်ငံမှာ ရေသောက်လို့ တစ်ဂိုးပေးလိုက်ရတဲ့ဂိုးသမားက သူ့ရဲ့အသင်း ကို ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဂိုးသမားကတော့ Sui Weijie လို့ အမည်ရပြီး Chongqing Lifan အသင်း မှာ ကစားနေတာဖြစ်ပါတယ်။
ဒေသခံရှမ်းတိုင်းရင်းသားတို့၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာသော KIA ရဲ့ မြေမြှုပ်မိုင်းအန္တရာယ်

ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို ထိတ်လန့် တုန်လှုပ် ကြောက်လန့်နေကြပါတယ်။ မိုင်းနင်းမိမှုကြောင့် သေကြေ၊ဒဏ်ရာရသူတွေဟာ နေ့စဉ်လိုလို ဖြစ်နေတာကြောင့် သွေးပျက် နေကြတာ အမှန်ပါပဲ။ အထူးသဖြင့် KIA စခန်းနဲ့နီးတဲ့ ကျေးရွာတွေ၊ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာတဲ့ နယ်မြေထဲက ကျေးရွာတွေဟာ မြေမြှုပ်မိုင်းဒဏ်ကို ပိုပြီးခံစားကြရပါတယ်။
ပအို့ဝ်တိုင်းရင်းသားကျေးရွာများအား RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် PNO အဖွဲ့ မကျေနပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပိန်းဆည်ကျေးရွာအုပ်စု၊ နောင်ဗိုကျေးရွာသို့ မေလ ၁၉ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်စုဆောင်းမှုများပြုလုပ်သွားခဲ့ကြောင်း ယင်းဒေသခံ ရွာသားများ ထံမှ သိရသည်။
Subscribe to:
Posts (Atom)



