ပင်လယ်ပြင်မှ လှေစီး ဒုက္ခသည်များကို လက်ခံပေးရန် အမေရိကန်အပါအ၀င် ဒေသတွင်း နိုင်ငံများက မြန်မာနိုင်ငံအား ဖိအားပေးပြောကြားမှုများကို ကန့် ကွက်ရန်နှင့် အဆိုပါဒုက္ခသည် များသည် မြန်မာနိုင်ငံမှ မဟုတ် ကြောင်း ထုတ်ဖော်ရန် သံဃာ တော်များနှင့် အမျိုးသားအရေး လှုပ်ရှားသူများက မေလ ၂၇ ရက် တွင် ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ နိုင်ငံတွင်းမှာ ကိုက ဆင်းရဲဒုက္ခရောက်နေတဲ့ သူတွေ အများကြီးဗျာ။ ဒီပင်လယ် ပြင်မှာ ဒုက္ခရောက်နေတဲ့ သူတွေကို လက်ခံပေးပါလို့ အတင်းထိုးထည့်နေတာတော့ မဟုတ်သေး ဘူး။ ကျွန်တော်တို့ နိုင်ငံထက် ချမ်းသာတဲ့ နိုင်ငံတွေအများကြီး ပါ။ နောက်ပြီး ဒီလူတွေကလည်း ကိုယ့်နိုင်ငံက လာတဲ့သူတွေ မဟုတ်ဘူးလေ။ ဒါကို လက်ခံပေး ပါလို့ အတင်းထည့်ပေးနေတာ။ အဲဒါကို ကန့်ကွက်မှာပါ’’ဟု ဆန္ဒ ပြကန့်ကွက်ပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုမင်းမင်းက ပြော သည်။









