ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲအတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဧပြီ ၂၄ ရက် နံနက် ၆ နာရီခွဲတွင် နောင်းမီးကျေးရွာအနီး တနိုင်း-မြစ်ကြီးနား ကားလမ်း၏ အနောက်ဘက် ၈ ပေခန့်အကွာ၌ မိုင်းကွဲ၍ သေဆုံးနေသော အလောင်း ၂ လောင်းအား တွေ့ရှိခဲ့သည်။
Sunday, 26 April 2015
တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသော ကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့်စနစ် အပြောင်းအလဲကို စတင်ကြုံတွေ့ရတော့မည်ဖြစ်သည်။
အာမေးနီးယား ၁ ဒသမ ၅ သန်း သတ်ဖြတ်ခံရခြင်း နှစ်တစ်ရာပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်

၁၉၁၅ ခုနှစ်တွင်း အာမေးနီးယား ၁ ဒသမ ၅ သန်းကို အော်တိုမန်တာ့ခ်များက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ယင်းဖြစ်ရပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်နေ့ကို အာမေးနီးယားနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ပြုလုပ်လျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ ဧပြီလကုန်အထိ မိုးကြိုးမုန်တိုင်းအန္တရာယ် သတိပြုရန်လိုဟုဆို

မိုးတိမ်တောင်များ ဖြစ်ပေါ်နေခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီလကုန်အထိ မိုးဆက်လက်ထစ်ချုန်း ရွာနိုင်ကာ မိုးကြိုးမုန်တိုင်း အန္တရာယ်ကိုလည်း သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
ကော့ကရိတ်-ဘားအံ-မော်လမြိုင်လမ်း အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရက ဘတ် သန်း ၁၀၀၀ ထောက်ပံ့မည်ဟုဆို

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ကော့ကရိတ်-ဘားအံ-မော်လမြိုင် အာဆီယံ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းကို အဆင့်မြှင့်တင်မှု ပြုလုပ်ရန် ထိုင်းအစိုးရက ဘတ်သန်း ၁၀၀၀ ထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံရှိ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
အမျိုးသမီး တစ်ဦးနေအိမ်မှ သိန်း ၈၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
အမျိုးသမီး တစ်ဦး၏ အိမ်မှ ကျပ်သိန်း ၈၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြစ်မှုမကျူးလွန်၍ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ကို မမျှော်လင့် ဟု ဖမ်းဆီးခံကျောင်းသားတို့ဆို

ဖမ်းဆီးခံကျောင်းသား များအတွက် နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ကို မမျှော်လင့်ကြောင်း ဗကသ ကျောင်းသူ မပိုပိုက ဧပြီ ၂၄ ရက် နံနက်ပိုင်း ကမာရွတ်မြို့နယ်တရားရုံးတွင် တတိယရုံး ချိန်း ဧည့်တွေ့ချိန်၌ ပြောကြားလိုက်သည်။
သမီးငယ် ကျောင်းသွားကျောင်းပြန်ကို ဖခင်က မောင်းသူမဲ့လေယာဉ်ဖြင့် စောင့်ကြည့်

တင်နက်စီ- အမေရိကန်နိုင်ငံ တင်နက် စီပြည်နယ်မှာ အသက်ရှစ်နှစ်အရွယ်သမီး ငယ်လေးရဲ့ ကျောင်းသွားကျောင်းပြန်ကို ဂရုစိုက်စောင့်ကြည့်လိုတဲ့အတွက် ဖခင်ဖြစ် သူက သမီးငယ်ရဲ့နောက်ကို မောင်းသူမဲ့ လေယာဉ် စေလွှတ်စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။
လျှပ်စစ်တာဝါတိုင် ထောင်ရာတွင် သီးနှံလျော်ကြေးမပေးက မြေမညှိရန် လယ်သမားများ တားဆီး
လျှပ်စစ်ဝန်ကြီးဌာနက တာဝါတိုင်များ ထောင်မည့် မြေနေရာများတွင် နစ်နာကြေးပေးမည်ဟု ပြောဆိုထားပြီး မပေးဘဲ တိုင်စိုက်ရန် မြေလာညှိနေ၍ မြေညှိစက်များ ဆက်လက်မဆောင်ရွက်နိုင်စေရန် မြေပိုင်ရှင်များက တားဆီးလျက်ရှိသည်။
ပြည်တွင်းစစ် ရပ်တန့်ပြီး အားလုံးပါဝင်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရခိုင်ပြည်တပ်မတော် AA တိုက်တွန်း

နှစ်ပေါင်းခြောက်ဆယ်ကျော် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို ရပ်တန့်ပြီး အားလုံးပါဝင်သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ရခိုင်ပြည်တပ်မတော် (AA) က တိုက်တွန်းကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ဓာတ်တိုင်ပေါ်တက်ပြီး ဝါးပင်ရှင်းသည့် လျှပ်စစ်ဝန်ထမ်း တစ်ဦး ဓာတ်လိုက် သေဆုံး
ဓာတ်တိုင်ပေါ်သို့ တက်ပြီး ဓာတ်ကြိုးနှင့် မလွတ်သည့် ၀ါးပင်များ တက်ရှင်းသည့် လျှပ်စစ်ဝန်ထမ်း တစ်ဦး ဓာတ်လိုက် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၄ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်က မှော်ဘီမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်ရှိ ကိုယ်ပိုင်ကျောင်း ဆရာ၊ ဆရာမ အတွက် ဆရာဖြစ်လက်မှတ် လျှောက်ထားသူ ၈၅၅ ဦးရှိ
ရန်ကုန်တိုင်းရှိ ကိုယ်ပိုင်ကျောင်းများတွင် ဆရာ၊ ဆရာမ ပြုလုပ်ရန် ဆရာဖြစ်လက်မှတ် အစိမ်းရောင်ကတ် လျှောက်ထားသူ ၈၅၅ ဦးရှိသည်ဟု အမှတ် ၃ အခြေခံပညာ ဦးစီးဌာနမှ ညွန်ကြားရေးမှူး (ပညာ) ဒေါ်စန်းစန်းရီက ပြောသည်။
ရေခန်းခြောက်မှုကြောင့် အင်းလေး ဖောင်တော်ဦး ဘုရားသို့ ကုန်းလမ်းမှ ဘုရားဖူး သွားနေရ
အင်းလေးကန် ရေခန်းခြောက်မှုကြောင့် အင်းလေး ဖောင်တော်ဦး ဘုရားသို့ ဘုရားဖူးလာသည့် ခရီးသွားဧည့်သည်များမှာ ရေလမ်းမှတစ်ဆင့် သွားလာ၍ မရဘဲ ဘုရားနှင့် အနီးဆုံးဖြစ်သည့် အိုးကုန်း ကျေးရွာမှ တစ်ဆင့် ကုန်းလမ်းဖြင့် သွားလာနေရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။
Facebook Account အချို့တွင် ဖော်ပြထားသော ဓာတ်ပုံအရ ကိုးကန့်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော သုံ့ပန်းများနှင့်ပတ်သက်၍ ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များကို ချိုးဖောက်ရာ ရောက်နေ
Facebook Account အချို့တွင် ဖော်ပြထားသော ဓာတ်ပုံအရ ကိုးကန့်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော သုံ့ပန်းများနှင့် ပတ်သက်၍ ဂျီနီဗာကွန်ဗင်းရှင်းပါအချက်များကို ချိုးဖောက်ရာ ရောက်နေကြောင်း သိရသည်။
မိုးမောက် - စိန်လုံကားလမ်းတွင် တရားမ၀င်သစ်များအား တင်ဆောင်ထားသော ပိုင်ရှင်မဲ့သစ်တင်ယာဉ်များအား ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးမောက်မြို့မှ လွယ်ဂျယ်မြို့သို့ ဖရဲသီးများတင်ဆောင်၍ သွားလာလျက်ရှိသော ယာဉ်များအား ဧပြီ ၁၉ ရက်နေ့တွင် မိုးမောက်- စိန်လုံကားလမ်း၌ ပူးပေါင်းအဖွဲ့မှလိုက်လံစစ်ဆေးရာ တရား မ၀င် သစ်များတင်ဆောင်ထားသော ပိုင်ရှင်မဲ့သစ်တင်ယာဉ်များအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မိုးကုတ်-ပြင်ဦးလွင်လမ်းဘေးတွင် ပုပ်ပွနေသော အလောင်းလေးလောင်းတွေ့
မိုးကုတ်-ပြင်ဦးလွင် ကားလမ်း ဘေး မိုင်တိုင် ၄၃ နှင့် ၄၄ ကြား ပဇီ ကျေးရွာအနီး၌ သံဃာတော်တစ်ပါး၏ ရုပ်ကလာပ်အပါအ၀င် ပုပ်ပွနေသော အလောင်းလေးလောင်းကို ဧပြီ ၂၄ ရက်က တွေ့ရှိခဲ့ကြောင်း သ တင်း ရရှိသည်။
တောင်ကြီးမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအဖွဲ့ကို ကန့်ကွက် မည်
တောင်ကြီးမြို့တွင် ပြောက်ကျားအင်္ကျီများဝတ်ဆင်၍ နံပါတ်တုတ်များကိုင်ဆောင်ပြီး စကားပြောစက် (ဝေါ်ကီတော် ကီ)များ အသုံးပြုကာ လုံခြုံရေး ဆောင်ရွက်သည်ဆိုသည့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး (Law and Order) အဖွဲ့ကို ပြည်ထဲရေး ဝန်ကြီးဌာနအထိ စာတင်၍ ကန့်ကွက်မည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောသည်။
ကျောင်းသားသပိတ်လှုပ်ရှားမှု ဓာတ်ပုံပြပွဲပြုလုပ်

ကျောင်းသားသပိတ်လှုပ်ရှားမှုဓာတ်ပုံပြပွဲသို့ လာရောက်ကြည့်ရှုနေသူများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
အမျိုးသားပညာရေးဥပ ဒေကို သပိတ်မှောက်ခဲ့ကြသည့် ကျောင်းသားသပိတ်အတွင်းမှ လှုပ်ရှားမှုများအား ဓာတ်ပုံသတင်း ထောက်ငါးဦးက ဓာတ်ပုံများစုစည်းကာ ဓာတ်ပုံပြပွဲသုံးရက် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိပဋိပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းရာတွင် တရုတ်နိုင်ငံမှ ကြားဝင်ဆောင်ရွက်ပေးမည်ဟု တရုတ်သမ္မတပြောဆို

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို နိုင်ငံရေးအရဖြေရှင်းရာတွင် တရုတ်နိုင်ငံမှ ကြားဝင်ဆောင်ရွက်ပေးသွားမည်ဟု တရုတ် သမ္မတ ရှီကျင့်ပင်က နိုင်ငံတော်သမ္မတဦးသိန်း စိန်နှင့် တွေ့ဆုံရာတွင် ပြောသည်။
ဆက်ကြေးပေးဆောင်ခြင်းမရှိသော မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲအား KIA အဖွဲ့မှ ခြိမ်းခြောက်ပစ်ခတ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲအား ဧပြီလ ၂၅ ရက်၊ မနက် ၃ နာရီခွဲအချိန်တွင် KIA အဖွဲ့မှ ဆက်ကြေးပေးဆောင်ခြင်း မရှိသည့်အတွက် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သွားကြောင်း မူဆယ်မြို့ခံ များထံမှ သိရသည်။
Subscribe to:
Posts (Atom)