Thursday, 23 April 2015

မိုင်းလားဥက္ကဌ စိုင်းလင်းနှင့် တန်ပေါင်းထောင်ချီသောမူးယစ်ဆေးဝါးများ

မကြာသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဦးစိုင်းလင်း ပိုင်ဆိုင်သော တန်ပေါင်းထောင်ချီသည့်မူးယစ်ဆေးဝါးမြောက်မြားစွာတို့သည် တရုတ်နိုင်ငံမှတဆင့် နယ် စပ် သို့ ဖြတ်ကျော်ကာရောက်ရှိလာခဲ့ကြောင်း သတင်းရရှိခဲ့သည်။

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာနှစ်ဦး မေလတွင် တတိယအကြိမ် ရုံးထုတ် စစ်ဆေးမည်

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦး၏ တတိယမြောက်ရုံးချိန်းကို ယခင် သတ်မှတ်ထားသည့် ရက်ထက် သုံးလစော၍ မေလတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ CPJ က ထုတ်ပြန်သော ဆင်ဆာအဆိုးရွားဆုံး ကမ္ဘာ့ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်ကိုး ရရှိ

ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ CPJ က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်မည့် ဆင်ဆာအဆိုးရွားဆုံး ကမ္ဘာ့ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်ကိုးရရှိခဲ့ကြောင်း သိရသည်။ ဂျာနယ်လစ်များကို အကျဉ်းချ ထားမှု၊ ဂျာနယ်လစ်များကို ခြိမ်းခြောက်ရန် ဖိနှိပ်သည့် ဥပဒေများ ထားရှိမှု၊ အင်တာနက် ချိတ်ဆက်ခွင့်ကို တင်းကျပ်မှု စသည့် ဆင်ဆာတင်းကျပ်မှု နည်းဗျူဟာအမျိုးမျိုး သုံးစွဲမှုအား သုတေသန ပြုလုပ်ခဲ့သော ရလဒ်များကို အခြေခံထုတ်ပြန်သည့် စာရင်းတွင် အီရစ်ထရီးယားနိုင်ငံက အဆင့် (၁) ရရှိခဲ့သည်။ အီရစ်ထရီးယားသမ္မတ အိုင်ဆာအီအက်စ်အာဖိဝါကီသည် နိုင်ငံပိုင် ရုပ်သံများတွင် လုပ်ကိုင်နေသော ဂျာနယ်လစ်များပင် ဖမ်းဆီးခံရမှုအတွက် ကြောက်ရွံ့နေရသည်အထိ ဖိနှိပ်သော မီဒီယာပတ်ဝန်းကျင်ကို အောင်မြင်စွာ ဖန်တီးထားနိုင်ခဲ့ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။

ပန်ဆန်းညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားပြီး ကျန်အဖွဲ့များကို ထပ်တိုးဖိတ်ကြားမည် မဟုတ်ဟု UWSA အတည်ပြု ပြောကြား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံ (တတိယအကြိမ်) ကို ၂၀၁၄ ဇူလိုင် တွင် ကချင်ပြည်နယ် လိုင်ဇာ၌ ပြုလုပ်စဉ်
‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် လာ မည့် မေ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံသို့ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြား ထားပြီး ဖိတ်ကြားရန် ကျန်နေသည့် အဖွဲ့များကိုထပ်မံတိုး၍ ဖိတ်ဖြစ်တော့မည်မဟုတ်ကြောင်း UWSP/ UWSA ၏ ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်က ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။

မောင်တောခရိုင်တွင် ဧပြီ ၂၁ ရက်အထိ ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) တစ်သိန်းခွဲကျော် လာရောက်အပ်နှံပြီး ဖြစ်

သင်္ကြန်ကာလ လာရောက်အပ်နှံမှု နည်းပါးခဲ့သည့် မောင်တောခရိုင်တွင် ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) လာရောက်အပ်နှံမှု ပြန်လည်စတင်နေပြီး ဧပြီ ၂၁ ရက်အထိ ယာယီသက်သေခံလက်မှတ် တစ်သိန်းခွဲကျော် လာရောက်အပ်နှံပြီးဖြစ်ကြောင်း မောင်တောခရိုင် လ၀ကရုံးမှ သတင်းရရှိသည်။

လက်ပံတန်းတရားရုံးတွင် ဖမ်းဆီးခံကျောင်းသားများကို ယနေ့ရုံးထုတ်မည်

မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်တို့အပါအဝင် သာယာဝတီအကျဉ်းထောင် တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို ယနေ့ ဧပြီ ၂၃ရက်တွင် လက်ပံတန်း တရားရုံး၌ စတုတ္ထအကြိမ် ရုံးထုတ်မည်ဖြစ်သည်။

တပ်မတော်စစ်ကြောင်းနှင့် လက်နက်ကိုင်အချို့ ထိတွေ့ တိုက်ပွဲဖြစ် ပွားပြီး သောင်းကျန်းသူ (၂) ဦးထပ်မံ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပြုနေသည့် လက်နက်ကိုင်အချို့ အား တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်လံ ရှင်းလင်း လျက်ရှိရာ ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲခန့် တွင် ပိန္နဲချောင်းရွာ အနာက် မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ လက်နက်ကိုင်အင်အား အချို့နှင့် ထိတွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး လက်နက်ကိုင် များ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူအဖွဲ့တွင် ဖမ်းဝရမ်းထုတ်ထားသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်ဟုဆို

ရန်ကုန်မြို့တော်ရှိ လူစည်ကားရာ နေရာများတွင် လျှပ်တစ်ပြက် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည့် မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူအဖွဲ့ (Anonymous-Burma) တွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြပွဲမှ ဖမ်းဝရမ်းထုတ်ခံထားရသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်နေသည်ကို စုံစမ်းသိရှိရကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖုန်ကြားရှင်အဖွဲ့နှင့် အပေါင်းအပါများ တိုင်းရင်းသားညီလာခံတက်မှာကို တာဝန်ရှိသူအားလုံးက ကန့်ကွက် ရှုတ်ချသင့်

လက်နက်ကိုင် တိုင်းရင်းသားများညီလာခံကို “၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပပြုလုပ် မည်ဟု သိရ ပါသည်။ UNFC အကြံအစည်နဲ့ ပြုလုပ်တဲ့ဒီညီလာခံအနေနဲ့ အမှန်တကယ်ရိုးရိုးသားသားနဲ့ ပြုလုပ် မယ် ဆိုရင်တော့ ငြိမ်းချမ်းရေး အတွက် အထောက်အကူဖြစ်မှာသေချာပေမယ့်လည်း ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အဖွဲ့တွေထဲမှာ ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်အောင် တိုက်ပွဲများ ဖန်တီးနေတဲ့ ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်သောင်းကျန်းသူအဖွဲ့ (MNDAA)၊ ရခိုင်တပ်မတော် (AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခဲ့ တာကတော့ ဒီညီလာခံကို ဦးဆောင်ကျင်းပမယ့် UNFC အပေါ် ယုံကြည်မှုတွေလျော့ ပါးစေသည်ဟု မြင်ပါသည်။

ခိုလှုံခွင့်တောင်းခံသူတွေ သြစတြေးလျ လက်ခံတော့မည်မဟုတ်

ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ Nauru ကျွန်းမှာ ထိန်းသိမ်းခံထားရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေအနေနဲ့ သူတို့ကို ကမ်းလှမ်းထားတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက်ပြီးတော့ အခြေချဖို့ အစီအစဉ်ကို လက်ခံကြဖို့ အတွက် သြစတြေးလျ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ဗွီဒီယိုတိတ်ခွေနဲ့ ပေးပို့လိုက်တဲ့ မိန့်ခွန်း ထဲမှာ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

အင်ဒိုနီးရှားတွင် ကျွန်ပြုခိုင်းစေခံရသည့် မြန်မာအလုပ်သမားများအား ပြန်လည်ကယ်တင်ရုံသာ မကဘဲ လုပ်အားခ ရရှိရေးနှင့် ကျူးလွန်သူများကို အရေးယူမှုများ ပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်းမည်

အင်ဒိုနီးရှား ငါးလုပ်ငန်းဝန်ကြီးဌာနက ဧပြီ ၈ ရက်က ထုတ်ပြန်ခဲ့သည့် အင်ဒိုနီးရှားရှိ ထိုင်းငါးဖမ်း စက်လှေ များတွင် အလုပ်လုပ်နေသည့် အလုပ် သမား များ၏ ဓာတ်ပုံ (Photo:AFP)
အင်ဒိုနိးရှားနိုင်ငံ ဘန်ဂျီနာကျွန်းရှိ ထိုင်းငါးဖမ်းစက်လှေများပေါ်တွင် ကျွန်ပြုခိုင်းစေခံရသည့် မြန်မာ အလုပ် သမားများအား ပြန်လည်ကယ်တင်ပေးရုံသာမကဘဲ အလုပ်သမားများ၏ လုပ်အားခများ ရရှိရေး၊ ယင်းကိစ္စတွင် ပါဝင်ပတ်သက်သူများကို အရေးယူမှုများ ပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်း သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက် (MWRN) မှ ဒါရိုက်တာဖြစ်သူ ကိုစိန်ဌေးက ပြောကြားသည်။

ဒေသခံရွာသား(၂)ဦးအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့နယ်ခွဲ၊ ၀မ်လွိုင်ဟကျေးရွာသို့ ဧပြီလ ၂၀ ရက်နေ့တွင် ရှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော်(RCSS/SSA)အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံ ရွာသား(၂)ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရွာသားများထံမှ သတင်းရရှိသည်။

၁၁ ရက်ကြာ ရုံးပိတ်ပြီးနောက် ဘဏ်များစဖွင့်သည်နှင့် ငွေအထုတ်အသွင်း ပြုလုပ်မှု များပြားနေပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်သူများလည်း အများ အပြား ရှိနေ

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့တွင် စောင့်ဆိုင်းနေသူများကို ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက တွေ့ရ စဉ် (ဓာတ်ပုံ-သက်မင်း) 
ဧပြီ ၁၁ ရက်မှ ၂၁ ရက်အထိ ၁၁ ရက်ကြာ အစိုးရရုံးပိတ်ရက်ရှည် ပြီးသည့် နောက် ပြန်ဖွင့်သော ဘဏ် များနှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ လာရောက်သူပြည်သူများ များပြားခဲ့ကြောင်း သိရသည်။

ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် ပထမဆုံး အကြိမ်ညီလာခံ ကျင်းပမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် (ယာယီ) က ဦးဆောင်ပြီး ပထမဆုံးအကြိမ် ညီလာခံကို လာမယ့် မေလဆန်းမှာ မန္တလေးမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ရွှေတိဂုံ ပုံတော်တံဆိပ်နှင့်အရက် မလေးတွင် ရောင်းချမှု နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ဖြေရှင်းရမည်ဟု ဆို

ရွှေတိဂုံ ဘုရားပုံတော် တံဆိပ်ရိုက်နှိပ်ထားသည့်အရက် မလေးရှားနိုင်ငံတွင် ဖြန့်ဖြူးရောင်းချနေမှုကို သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ တစ်ဆင့်ဖြေရှင်းရမည်ဟု သာသနာရေးဝန်ကြီးဌာနမှ တိုင်း သာသနာရေးမှူး ဦးစိန်မော်က ပြောသည်။

ကန်အစိုးရ နိုင်ငံတကာအသံလွှင့်လုပ်ငန်း ပြန်လည်ပုံဖော်ရေး အစီရင်ခံစာသစ်တိုက်တွန်း

အစိုးရရဲ့ နိုင်ငံတကာအသံလွှင့်လုပ်ငန်းကို အမေရိကန်နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်တွေနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို အထောက်အကူ ပြုအောင် ပြန်လည် ပြုပြင်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်တဲ့ လေ့လာမှုအသစ်တရပ်က ဆိုလိုက်ပါတယ်။

KIA အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒေသခံလူငယ် ၂ ဦး ထိခိုက် ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာမှ ဒေသခံလူငယ် ၂ ဦးသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

Wednesday, 22 April 2015

ရွေးကောက်ပွဲဝင်မည့် ကြံ့ခိုင်ရေး ပါတီဝင်စာရင်း ဇွန်တွင်ထုတ်ပြန်မည်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီးကျင်းပသော တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ် ဖိုရမ်ကို  ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ် ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့်ဇွန်လအတွင်း ပါတီ ဗဟိုကော်မတီ အစည်းအဝေး သို့မဟုတ် ပါတီညီလာခံခေါ်ယူကာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စား လောင်းများအား အတည်ပြုပေးမည်ဟု နေပြည်တော်ရှိ အဆိုပါ ပါတီဌာနချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ အဖြစ် ရွေးကောက်ခံနိုင် ရန် အတွက် လှုပ်ရှားနေတဲ့ Waka Flock Flame

အတ္တလန်တာ မြို့သား ရပ်ပါ Waka Flocka Flame ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံနိုင်ရန်အတွက် လှုပ်ရှားနေတယ်လို့ တရားဝင် ထုတ်ဖော်ကြေညာ လိုက်ပါ တယ်။

ကျောင်းစစ်စာမေးပွဲ ကျရှုံးသူများ ပြန်ဖြေခွင့်ပြုမည် မဟုတ်ဟုဆို

ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာ စာမေးပွဲများအနက် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများမှလွဲ၍ နဝမတန်း အပါအဝင် ကျောင်းတွင်းစစ် အတန်းတင် စာမေးပွဲကျရှုံးသူများကို ယခုနှစ်တွင် ပြန်လည် ဖြေဆိုခွင့် ပြုမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက The Voice သို့ပြောကြားသည်။