မြန်မာ့ ပညာရေးစနစ် လွတ်လပ်ခွင့်ကို ဖော်ဆောင်လွန်းပါက စည်းကမ်းမဲ့လွန်းသည့် လမ်းကြောင်းကို ဦးတည်စေသည်ဟု နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၏ တက္ကသိုလ် ပညာသင်ကြားရေးအဖွဲ့မှ သံဃာတော်များက အကြံပြုလိုက်သည်။“အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ၏ အခန်း (၃)၊ ပုဒ်မ (၄)၊ ပုဒ်မခွဲ (ခ) ပါ “ပညာရေး လွတ်လပ်ခွင့်တွင် ကျောင်းသားများ လွတ်လပ်ခွင့်၊ ဆရာများ လွတ်လပ်ခွင့်၊ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်၊ ဘာသာစကား လွတ်လပ်ခွင့်၊အတွေးအခေါ်လွတ်လပ်ခွင့်၊ ဒေသဆိုင်ရာ လွတ်လပ်ခွင့်၊ ကျောင်းများ လွတ်လပ်ခွင့် စသည်တို့ ပါဝင်ရေး” ဟူသည့်အချက်ကို ရည်ညွှန်းကာ နိုင်ငံတော် ပရိယတ္တိတက္ကသိုလ်က သုံးသပ်လိုက်ခြင်းဖြ စ်သည်။
Thursday, 26 February 2015
မဲဆောက်ရှိ ဒေါက်တာ စင်သီယာမောင်၏ မြန်မာကျောင်း မီးလောင်ကာ နှစ်ဦး ဒဏ်ရာရ
အိမ်ထောင်ရေးဖောက်ပြန်မှုကို ပြစ်မှုအဖြစ်မှ တောင်ကိုရီးယားပယ်ဖျက်၊ ကွန်ဒုံးကုမ္ပဏီရှယ်ယာဈေးထိုးတက်
ပြစ်မှုအဖြစ်ပြဌန်းထားတာ နှစ်၆၀ ကျော်ပြီဖြစ်ပြီး ချိုးဖောက်သူတွေကို ထောင်ဒဏ် ၂ နှစ်အထိချမှတ်နိုင်တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု ဥပဒေ ကို တောင်ကိုရီးယားအခြေခံဥပဒေတရားရုံးက ဒီကနေ့ ကြာသပတေးနေ့မှာ ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနှံ့ ကမ်းခြေသစ်များ ဖော်ဆောင်သွားမည်
သာယာလှပပြီး ကမ်းခြေအင်္ဂါ နှင့် ညီညွတ်သည့် ပြည်နယ်နှင့် တိုင်း ဒေသကြီးအသီးသီးရှိ နေရာများ၌ ကမ်း ခြေအသစ်များ ဖော်ထုတ်သွားရန် စီစဉ် ဆောင်ရွက်နေသည်ဟု ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရ သည်။
''အလားအလာ ကောင်းတဲ့နေရာ တွေမှာ ကမ်းခြေသစ်တွေ ဖော်ထုတ် သွားမယ်။ အခြေခံ အဆောက်အအုံ တွေ လိုအပ်ချက်ရှိနေသေးပေမဲ့ လမ်း ပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ဒေ သတွင်း တည်ငြိမ်အေးချမ်းတယ်၊ သ ဘာဝအတိုင်း တည်ရှိနေတယ်ဆိုရင် ဖော်ထုတ်လို့ရပါတယ်''ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူး ဦးတင် ဝေက ပြောသည်။
ကမ်းခြေအသစ် ဖော်ဆောင်ရန် အလားအလာကောင်းသည့် ကမ်းခြေ များမှာ တနင်္သာရီတိုင်းဒေသကြီး မြိတ် ကျွန်းစုရှိ နေရာတချို့၊ မွန်ပြည်နယ် ရေး မြို့ရှိ ကုလားဂုတ်ဒေသမှ နေရာတချို့ နှင့် ရခိုင်ပြည်နယ်ရှိ ကမ်းခြေတချို့တို့ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအမတ် ဒေါက်တာ ညိုညိုသင်းကို အရေးယူပေးရန် တိုင်းလွှတ်တော် ဥက္ကဋ္ဌထံ တိုင်စာပေးပို့
တိုင်းလွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းကို အရေးယူပေးရန် ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် ဦးဆောင်ဆန္ဒပြသည့် အဖွဲ့ဝင် ၂၄ဦးဖြင့် ဖွဲ့စည်းထားသော ဒေသဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌထံ တိုင်ကြားစာ ပေးပို့ထားကြောင်း ကာယကံရှင်များနှင့် လွှတ်တော်ဥက္ကဋ္ဌက မဇ္ဈိမကို အတည်ပြု ပြောသည်။
“ဆန္ဒပြတုန်းက ကျွန်ေ တ်ာတို့ထဲက တစ်ယောက်က သူ့ကိုနာမည်ဖော်ပြီး ပြောတယ်လေ။ အဲ့ဒါကို သူကတရားရုံးမှာ တရားစွဲမယ် ဘာညာနဲ့ဆိုတော့ ဒါမပြောသင့်ဘူး။ အရေးယူပေးပါဆိုပြီးတော့ ကျွန်တော်လက်မှတ်ထိုးပြီး တိုင်စာကို လွှတ်တော်ဥက္ကဋ္ဌလက်ထဲ ထည့်ခဲ့တာပါ” ဟု ဒေသဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ပေးရန် ဇန်နဝါရီ ၁၁ရက်က ဆန္ဒပြစဉ် ဆန္ဒပြခေါင်းဆောင်တစ်ဦး၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြောဆိုခဲ့ခြင်းအား ဥပဒေအရ တရားစွဲဆိုသွားမည်ဟု ဒေါက်တာညိုညိုသင်းက မဇ္ဈိမအပါအဝင် မြန်မာပို့စ်ဂျာနယ်သို့ ပြောဆိုခဲ့မှုအပေါ် မကျေနပ်၍ တိုင်စာပေးပို့ခဲ့ခြင်းဖြစ်သည်။
သမိုင်းကိုဘာကြောင့်လေ့လာသင့်သလဲ
သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ''သမိုင်းကိုလေ့လာတာဟာ မအအောင်လို့'' ဟု တိုတိုနှင့် ထိထိမိမိပြောခဲ့ဖူးသည်။ နိုင်ငံရေးသုခမိန်တစ်ယောက်ကတော့ ''မိမိနိုင်ငံ မိမိလူမျိုးရဲ့ သမိုင်းအစဉ်အလာကိုမှမသိတဲ့ နိုင်ငံဟာ ကျွန်ဖြစ်ဖို့မခဲယဉ်းဘူး'' ဆိုပြီး ခပ်ကြမ်းကြမ်းပဲ ဝေဖန်ခဲ့သည်။စာရေးသူအနေနဲ့ကတော့ ''နိုင်ငံသားတိုင်းသည် မိမိနိုင်ငံ၏သမိုင်းကို သိကိုသိရမည့် တာဝန်ရှိသည်'' ဟု ပြောချင်သည်။ တက္ကသိုလ်ဝင်တန်းအဆင့်တွင်လည်းကောင်း၊ တက္ကသိုလ်အဆင့်တွင်လည်းကောင်း မည်သည့်ဘာသာ ရပ်ကို သင်ယူရစေကာမူ သမိုင်းကိုတော့
လက်လွှတ်ရန်မသင့်ဟု တိုက်တွန်းလိုပါသည်။နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊ဟိုအရေး၊သည်အရေးစသည်အရေးကိစ္စများကို ဆောင်ရွက်ရာတွင် သမိုင်းသိသူနှင့် မသိသူတို့မှာ မည်
သို့မျှမတူညီနိုင်တော့ပါ။ စဉ်းစားတွေးခေါ်မြော်မြင်ဆုံးဖြတ်ရာတွင် သမိုင်းက အထောက် အကူလုံးလုံးပြုပါသည်။

ဒီချုပ်အမတ်အချို့၏ ဝေဖန်ချက် မိမိကို အောက်လမ်းနည်းဖြင့် တိုက်ခိုက်သလိုဖြစ်နေဟု ဦးကျော်ဆန်း လွှတ်တော်တွင်ပြော
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်အချို့ ၏ ဝေဖန်ပြောကြားချက်များသည် မိမိကိုအောက်လမ်းနည်းဖြင့် တိုက်ခိုက်သကဲ့သို့ ဖြစ်နေကြောင်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက လွှတ်တော်တွင်ပြောကြားလိုက်သည်။
အဆိုပါဝန်ကြီးဌာန အနေ ဖြင့် တောင်သူလယ်သမားများအား ချေးငွေများထုတ်ချေးပေးရန် တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ် လာ သန်းသုံးရာချေးယူရေးကိစ္စ ရပ်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးရာ NLDမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ခင်မွှေးလွင်တို့၏ ဆွေးနွေးပြောဆိုချက်များသည် တိကျမှုမရှိဘဲ တိုက်ခိုက်သကဲ့သို့ ဖြစ်နေကြောင်း ဦးကျော်ဆန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောင်းဖော်ရန် မိကျောင်းကန် သပိတ်စခန်း ဖျက်သိမ်းမည်ဟု အုပ်ချုပ်ရေးမှူးကပြော သပိတ်စခန်း လုံးဝ ဖျက်သိမ်းပေးမည် မဟုတ်ဟုလည်း ဆန္ဒပြသူများကဆို
ပလက်ဖောင်းမြောင်းဖော်ရန်ဟုဆိုကာ မိကျောင်းကန် သပိတ်စခန်းကို ဖျက်သိမ်းရန် ကျောက်တံတားမြို့ နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၇ နာရီက လာရောက်မေတ္တာရပ်ခံခဲ့သော်လည်း ဖျက်သိမ်းပေးမည် မဟုတ်ဟု မိကျောင်းကန် သပိတ်စခန်းမှ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။
သပိတ်စခန်း ဖျက်သိမ်းပေးရန် ကျောက်တံတားမြို့နယ် ရပ်ကွက်အုပ်ချုပ် ရေးမှူးဦးဆောင်သည့် အဖွဲ့ဝင် ခုနစ်ဦးက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဦးမောင်မောင်က ''ကျွန်တော်တို့က တောင်းဆိုထားတဲ့ မြေမရမချင်း ဖယ်သွားဖို့ မရှိဘူး။ သူတို့ ဘာလုပ် လုပ်ခံသွားမယ်'' ဟု ပြောသည်။

ဗုံးလန့်မှုကြောင့် အဲချိုင်းနား အရေးပေါ်ဆင်းသက်
တရုတ် အဲချိုင်းနား လေကြောင်းလိုင်းက လေယာဉ်တစီးဟာ ဗုံးလန့်မှု ကြောင့် ဖေဖော်ဝါရီ ၂၅ ရက်က တရုတ် အနောက် တောင်ပိုင်း ချောင်ချင်း ပြည်နယ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
လေကြောင်းခရီးစဉ် အမှတ် စီအေ ၁၃၃၆ဟာ တရုတ်တောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက နန်နင်းမြို့ကနေ ဒေသစံတော်ချိန် နေလည် ၁၂ နာရီ ၂၄ မိနစ်မှာ ပီကင်းမြို့တော်ကို ပျံသန်းလာတဲ့ လေယာဉ်ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။
၂၀၁၄ လူ့အခွင့်အရေး ကပ်ဆိုက်တဲ့နှစ် AI အဖွဲ့ထောက်ပြ
၂၀၁၄ ခုနှစ်ဟာ ကမ္ဘာတလွှား ကြီးမားတဲ့ ပျက်ဆီးယိုယွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့နှစ် ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
ဆီးရီးယား၊ ယူကရိန်း၊ ဂါဇာနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေက ပြည်သူတွေ အနေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရသလို နေရပ်ရွှေ့ပြောင်းခံရသူ အရေအတွက်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၅၀ ကျော်သွားခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

IS ဖမ်းထားတဲ့ Assyrian ခရစ်ယာန်တွေ ပြန်လွှတ်ဖို့ ကန်တောင်းဆို
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က ပြန်ပေးဆွဲဖမ်းဆီးသွားတဲ့ Assyrian ခရစ်ယာန် ဘာသာဝင် ၉၀ ကျော်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။
တရုတ်နယ်မြေအသုံးပြု တိုက်ခိုက်မှုများ တရုတ်အစိုးရ ခွင့်ပြုမည်မဟုတ်
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲ လေးစားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei ကပြောလိုက်ပါတယ်။
မြန်မာအစိုးရနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ တကြော့ပြန် ဖြစ်ပွားလာတာမှာ တရုတ်နိုင်ငံအနေနဲ့ ပါဝင် ပတ်သတ်တာမျိုး မရှိဘူးလို့ အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်က ငြင်းဆိုခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေး ဌာနက အခုလိုပြောလိုက်တာပါ။

Wednesday, 25 February 2015
ကော်ပိုရေးရှင်းကြီးများ၏ အခွန်ရှောင်ခြင်းများကို အင်ဒိုနီးရှားနှိမ်နင်းသွားမည်
အင်ဒိုနီးရှားနိုင်ငံသည် ကော် ပိုရေးရှင်းများ၏ အခွန်တိမ်းရှောင်မှုများကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းတန်ဖိုးပြောင်း လဲခြင်းဖြင့် အ ခွန်ရှောင်နေကြကြောင်း ယခုနှစ်တွင် အခွန်ရူပီးငွေ ၂၀၀ ထရီလီယံ (စင်ကာ ပူဒေါ်လာ ၂၁ဘီလီယံ) တန်ဖိုး နိုင်ငံ တော်ဝင်ငွေမှ လျော့နည်းနေကြောင်း၊ အဓိကအားဖြင့် ကုန်ပစ္စည်းကဏ္ဍမှ ဖြစ်ကြောင်း အခွန်ရုံးအကြီးအကဲ သစ်က ရိုက်တာသတင်းကို ပြောပြ ခဲ့ကြောင်း The Straits Times က ရေးသားခဲ့သည်။
အပျက်အစီးများ ပြင်ရန်အတွက် ခြေစမ်းပွဲကစားကာ ရန်ပုံငွေရှာမည်၊ ရိုးမားပရိသတ်များ လက်တုံ့ပြန်မည်ကို စိုးရိမ်
အီတလီ ဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန် ဘောလုံးအဖွဲ့ချုပ်တို့သည် နယ်သာလန် ကလပ်ဖီယင်နုအသင်း အားပေးသူများ၏ သောင်းကျန်းမှုကြောင့် ပျက်စီးသွားခဲ့ရသော ရောမမြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သော အထင်ကရ နေရာများကို ပြန်လည် ပြုပြင်ရန်အတွက် နယ်သာလန်နှင့် အီတလီ လက်ရွေးစင်အသင်းတို့ကို ချစ်ကြည်ရေး ခြေစမ်းပွဲစဉ် ယှဉ်ပြိုင် ကစားစေခြင်းဖြင့် ရန်ပုံငွေများ ရှာဖွေရန် စီစဉ်ညှိနှိုင်းနေပြီ ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
ဖီယင်နု ပရိသတ်များသည် လွန်ခဲ့သည့် သီတင်းပတ်၌ ရိုးမားနှင့် ဖီယင်နုတို့ ယှဉ်ပြိုင်ကြသည့် ယူရိုပါလိဂ် ၃၂ သင်း အဆင့်ပွဲစဉ်ကို ကြည့်ရှုအားပေးရန်အတွက် ရောမမြို့သို့ ရောက်ရှိလာခဲ့စဉ်တွင် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပြီး ဖီယင်နု ပရိသတ်များ၏ ဖျက်ဆီးမှုကြောင့် နာမည်ကျော် ဘာကက်စီယာ ရေပန်း အပါအဝင် အထင်ကရ နေရာအချို့ ပျက်စီးသွားခဲ့ရကြောင်း ရောမမြို့တော် ဝန်အစ်ဂ်နာဇီယို မာရီနိုက အတည်ပြု ပြောကြားထားပြီး ဖြစ်သည်။
ရောမမြို့တော်ဝန် ကောင်စီသည် ယင်းအပျက်အစီးများကို ပြန်လည် ပြင်ဆင်ရန်အတွက် ပေါင်နှစ်သန်းခန့် အရေးပေါ် လိုအပ်လျက်ရှိကာ ယင်းအခက်အခဲကို နယ်သာလန်နှင့် အီတလီအသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားကာ ရန်ပုံငွေ ရှာဖွေခြင်းဖြင့် ဖြေရှင်းရန် အီတလီ ဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက စီစဉ်လိုက်ကြခြင်း ဖြစ်သည်။
နယ်သာလန်ကလပ် ဖီယင်နု ပရိသတ်များ၏ အကြမ်းဖက်မှုကို ရောမမြို့ခံ ရဲတပ်ဖွဲ့က နံပါတ်တုတ်များနှင့် ရိုက်နှက်ကာ လူစုခွဲခဲ့ရပြီး ယင်းသို့ လူစုခွဲရာတွင် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့သည်များလည်း ရှိကြောင်း ရိုးမားရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
ရိုးမားပရိသတ် ၂၄၀၀ သည် နောက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်ကို ကြည့်ရှုရန်အတွက် ဖီယင်နုအသင်း အခြေစိုက်ရာ ရော့တာဒမ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကာ ရောမမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို လက်တုံ့ပြန်သည့် အနေနှင့် ရော့တာဒမ်မြို့တွင်းရှိ အထင်ကရ နေရာများကို ရိုးမား ပရိသတ်များက တိုက်ခိုက်ဖျက်ဆီး လာမည်ကို နယ်သာလန် အစိုးရက စိုးရိမ်မှုများ ရှိနေသည်။
နယ်သာလန်နှင့် အီတလီတို့၏ ခြေစမ်းပွဲကို ရော့တာဒမ်မြို့တွင် ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ရောမမြို့တော်ဝန် မာရီနိုက ထပ်လောင်း အသိပေးထားသေးသည်။
The Voice Weekly

ရေခဲမုန့်ကို ဆေးခြောက်နဲ့ တွဲဖက်ပြုလုပ်ပြီး စားသုံးခဲ့ကြတဲ့ စုံတွဲ ၊ ရဲတပ်ဖွဲ့ကို ကိုယ်တိုင် အကြောင်းကြားပြီး အဖမ်းခံခဲ့
ရေခဲမုန့် ကို ဆေးခြောက် နဲ့ တွဲဖက်ပြုလုပ်ပြီး စားသုံးခဲ့ကြတဲ့ စုံတွဲဟာ မထင်မှတ်ထားတာတွေ ဖြစ်ပေါ်လာခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ကို ကိုယ်တိုင် အကြောင်းကြားပြီး အဖမ်းခံခဲ့ပါတယ်။
FMI Air မှ နေပြည်တော်သို့ နေ့စဉ် ခရီးစဉ်သစ် ပျံသန်းပြေးဆွဲမယ်
FMI Air ဟာ မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်လေယာဉ်ပျံသန်းဝန်ဆောင်ခွင့်လက် မှတ် AOC ကိုရရှိခဲ့တဲ့အတွက် စင်းလုံးငှားဝန်ဆောင်မှုမှ ကုမ္ပဏီပိုင် Bombordier CRJ 200 Jet လေယာဉ်ဖြင့် နေ့စဉ် ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းကြောင်းအတိုင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၅ ရက်မှ စတင်ပြီး ပျံသန်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ FMI Air ဟာ ခရီးစဉ်သစ်ပြေးဆွဲခြင်းအပြင် နဂိုပြေးဆွဲနေတဲ့ ရန်ကုန်-နေပြည်တော် ပျံသန်းခြင်းကိုလည်း ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။
ကွမ်းစားခြင်းကြောင့် နိုင်ငံပုံရိပ် ညှိုးမှိန်စေသည်ဟု ကျန်းမာရေး ဒုဝန်ကြီး ပြောကြား
ကွမ်းယာ စားသုံးခြင်းသည် မိသားစု စီးပွားရေးနှင့် ကျန်းမားရေးကို ထိခိုက်စေရုံသာမက လူ၏ဥပဓိရုပ်နှင့် နိုင်ငံ၏ပုံရိပ် ညှိုးမှိန်စေသော လုပ်ရပ်များ ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
အမျိုးသမီးအခွင့်အရေး WLB ဆက်လက်ကြိုးပမ်းမည်
![]() |
| ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတင်းစာရှင်းလင်းပွဲ |
ကုလရာသီဥတု ပြောင်းလဲမှုအဖွဲ့ အကြီးအကဲ ရာထူးနှုတ်ထွက်
လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအဖွဲ့ အကြီးအကဲ Rajendra Pachauri ဟာ ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
ကျောင်းသား ခေါင်းဆောင်အချို့ ကွန်ဒိုနှင့်ကား ရသည်ဆိုသည့် သတင်းကို ပြန်ရှင်းမည်မဟုတ်ဟု

ကျောင်းသားများ သပိတ်မှောက်ဆန္ဒပြနေသည့် အမျိုးသားပညာရေးဥပဒေအပေါ် လေးပွင့်ဆိုင်ဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ NNERနှင့် ကျောင်းသားကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးတွင် ဖေဖော်ဝါရီလ ၁၁ရက်၊ မနက်ပိုင်းက ကျင်းပနေစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင်များသည် ကွန်ဒိုတိုက်ခန်း များနှင့် ကားများကို အဖွဲ့အစည်းအချို့ထံမှ လက်ခံရရှိထားသည်ဟူသော လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံနေ သည့်သတင်းများသည် အခြေအမြစ်မရှိဘဲ ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို မလိုလား သူများ၏ လက်ချက်သာဖြစ်သည်ဟု ဦးဆောင်ကော်မတီအဖွဲ့ဝင် မဖြိုးဖြိုးအောင်က မဇ္ဈိမကိုပြောသည်။
Subscribe to:
Posts (Atom)