Monday, 1 December 2014

မြို့နယ် ငါးမြို့နယ်တွင် ကြက်ငှက်တုပ်ကွေး ကြိုတင်ကာကွယ်

Photo: မြို့နယ် ငါးမြို့နယ်တွင် ကြက်ငှက်တုပ်ကွေး ကြိုတင်ကာကွယ်
Monday, December 1, 2014

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ     မြို့နယ်ငါးခုတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကာ ကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

အမေရိကန်နိုင်ငံမှ USAID၊ သြစသြေးလျနိုင်ငံမှ AUSaid ၊ ကုလသမဂ္ဂ  စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)နှင့် ဌာန ဆိုင်ရာများ  ပူးပေါင်းကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ မိတ္ထီလာ၊ ပုသိမ်ကြီးမြို့နယ်ငါး မြို့နယ်တွင် ကြက်ငှက်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို     ယခုနှစ် အောက်တိုဘာမှ ၂၀၁၅ ခုနှစ် စက်တင်ဘာအထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း     အဆိုပါ ကာကွယ်ရေးလုပ်ငန်းများ ဦးစီးဆောင်ရွက်နေသည့်   Prevent Project  တာဝန်ရှိသူ ဒေါက်တာဒေါ်ဝါ၀ါဟန်ကပြောသည်။

‘‘စစ်ကိုင်းတိုင်းတို့၊ ရှမ်းပြည် တို့မှာလည်း ကြက်မွေးမြူရေးတွေ အများကြီးရှိပေမယ့် မန္တလေး တိုင်းက လမ်းဆုံလိုဒေသဖြစ်နေ လို့ စီမံချက်ဒေသကို မန္တလေး တိုင်းဒေသကြီးကိုပဲ တစ်ခုတည်း ရွေးလုပ်တာ’’ဟု ဒေါက်တာ ဒေါ်ဝါ၀ါဟန်က ပြောသည်။

7Day DAILY 

ဈေးကွက်အတွင်း ရောင်းချရန် တုပ်နှောင်သယ်ယူလာသည့် ကြက်များ (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဈေးကွက်အတွင်း ရောင်းချရန် တုပ်နှောင်သယ်ယူလာသည့် ကြက်များ (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးခုတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေး လုပ် ငန်းများ ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

တိုယိုတာကားစက်ရုံ တည်ဆောက်ရန် အင်ဂျင်နီယာအသင်းနှင့် ဆွေးနွေးနေ

တိုယိုတာကားထုတ် လုပ်ရေးစက်ရုံကိုမြန်မာနိုင်ငံတွင် တည်ဆောက်ရန် အင်ဂျင်နီယာ အသင်းနှင့်စတင် ဆွေးနွေးနေပြီ ဖြစ်ပြီး အစိုးရအဖွဲ့သို့ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း နာယက ဦးခင်မောင်ကျော်က ပြောသည်။

မူလတန်းကျောင်းသားငယ်များ၏ စားသောက်မှုပုံစံကို တစ်နှစ်ကြာလေ့လာမည်

မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မူလတန်း ကျောင်းများတွင် အစားအသောက် အလေ့အကျင့် များနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများကို တစ်နှစ်ကြာပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း သမ္မတအကြံပေးပြော

Photo: ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း သမ္မတအကြံပေးပြော
Monday, December 1, 2014

 ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပညာရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMF-CCI) တွင်ပြောသည်။

‘‘မြန်မာ့စီးပွားရေးအကူးအ ပြောင်းအရေး ကိစ္စများနှင့် ရွေး ချယ်နိုင်သော အခွင့်အလမ်းများ’’ အမည်ရှိ ဆွေးနွေးဟောပြောပွဲ တွင် ‘‘ပညာရေးသည် နိုင်ငံရေး ကစားကွက် မဖြစ်သင့်ဘူးလို့ ကျွန်မပြောချင်ပါတယ်။ ကလေး တွေ နာပါတယ်။ အဲဒီတော့ စိတ် ရှည်ရပါမယ်’’ ဟု ဒေါက်တာ ရင်ရင်နွယ်ကပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေး အခြေအနေဆိုးရွားနေမှုကို လူ တိုင်း နားလည်လက်ခံမှုရှိနေပြီး အပြစ်တင်ပြောဆိုနေမည့်အစား မိဘပြည်သူများအနေဖြင့် ၀ိုင်း ၀န်းပူးပေါင်းပါဝင်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘အမျိုးသားပညာရေးဥပဒေ ကို တချို့တွေ ဆန္ဒပြနေကြတယ်။ ဒါပေမဲ့ နဂိုဘာမူမှမရှိတဲ့ ဘ၀ ကနေ ဒီဟာလုပ်တယ်ဆိုတာ တိုး တက်မှုလို့ပြောလို့ရတယ်’’ဟု ဒေါက်တာရင်ရင်နွယ်က ပြောသည်။

မြန်မာနိုင်ငံသမိုင်းတွင် ပထ မဆုံးအကြိမ်အနေဖြင့် မူလတန်း နှင့် အလယ်တန်း အဆင့်ကိုအခမဲ့ပညာရေးအဖြစ် သတ်မှတ်လိုက် ပြီး ကျောင်းများ ဆောက်လုပ် ခြင်း၊ ဆရာများခန့်အပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။

စစ်အစိုးရ လက်ထက်တွင် မြန်မာ့ပညာရေး ပျက်စီးသွားခဲ့ ခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက် ဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်အစိုးရကို အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။ ယခုအခါ သမ္မတအကြံပေးပညာရှင်က ဆန္ဒပြမှုများနှင့် ပတ်သက်၍ ပညာရေးသည် နိုင်ငံရေးကစားကွက်မဖြစ် သင့်ကြောင်း ပြန်လည်တုံ့ပြန် ပြောကြားလိုက်ခြင်းဖြစ်သည်။

‘‘အခုချိန်ထိတော့ ဘယ် နိုင်ငံရေးအဖွဲ့ကမှ ကျောင်းသား တွေရဲ့ ဆန္ဒပြတဲ့အထဲမှာ ၀င်လာတာ မတွေ့ရသေးပါဘူး။ ကျောင်း သားတွေကလည်း အမျိုးသား ပညာရေးဥပဒေက ပညာရေးကို အပြောင်းအလဲဖြစ်စေမှာ မဟုတ် တဲ့အတွက် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေကြတာပါ။ အခု ရက်ပေါင်း ၆၀ အတွင်းမှာ သူတို့ တောင်းဆိုတာတွေကို လျစ်လျူရှု မယ်ဆိုရင်တော့ သူတို့အင်အားနဲ့ မနိုင်တော့တဲ့အတွက် အထွေထွေ သပိတ်ဆင်နွှဲဖို့ ကြွေးကြော်ထား တာတွေ့ရပါတယ်’’ ဟု နိုင်ငံလုံး ဆိုင်ရာ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးကွန်ရက်(NNER) မှ ဒေါ်သူသူမာကပြောသည်။

အစိုးရ ဖွဲ့စည်းထားသော ပညာရေးအကြံပေးပညာရှင်များက အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ စိတ်ရှည်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြေညာထားသော်လည်း ကျောင်းသားသမဂ္ဂ၊ ဆရာအသင်းများနှင့် အရပ်ဘက် ပညာရေးအဖွဲ့အစည်းများတွင် ဗဟိုချုပ်ကိုင်မှုများရှိနေဆဲဖြစ်ကြောင်း ကြေညာကန့်ကွက်ထားသည်။

7Day DAILY 

သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ် (ဓာတ်ပုံ− china.org)
သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ် (ဓာတ်ပုံ− china.org)
ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပညာရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMF-CCI) တွင်ပြောသည်။

တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၉ဝဝ ကျော် မွန်ပြည်နယ်၌ သိမ်းဆည်းရမိ

မွန်ပြည်နယ် ဘီးလင်းမြို့၌ နိုဝင် ဘာ ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရဲအုပ်အောင်သူနှင့် အဖွဲ့ သည် သတင်းအရ သက်သေများနှင့် အတူ ဘီးလင်းမြို့ အိုအေစစ် စား သောက်ဆိုင် အခန်းအမှတ် (၈ဝ၇) ကို ဝင်ရောက်ရှာဖွေရာ အခန်း အတွင်း သိန်းဇော် (၃၉) နှစ်နှင့် သက် လွင်ဦး (၃၄) နှစ်တို့အား LEVIS စာတန်းပါ အနက်ရောင် ကျောပိုး အိတ် တစ်လုံးနှင့်အတူ တွေ့ရှိပြီး ကျောပိုးအိတ်အတွင်းမှ ကမ္ဘောဇဘဏ် လီမိတက်(ဘားအံဘဏ်ခွဲ) တံဆိပ်နှင့် 27 NOV 2014 တံဆိပ်ရိုက်နှိပ်ထား သည့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ၁ဝဝ ရွက်ပါ အထုပ် ၉၁ ထုပ် စုစုပေါင်းကျပ်သိန်း ၉၁ဝ၊ လက်ကိုင် ဖုန်းသုံးလုံးနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ရခိုင်မှ နာမည်ကြီး သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲ ယနေ့စမည်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ အနောက်ဖရုံကာကျွန်းတွင် တည်ရှိသော သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲတော်ကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင် ကျင်းပသွား မည်ဖြစ်ကြောင်း ဆံတော်ရှင် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ကားသွင်းခွင့် စည်းကမ်းချက်များထပ်တိုးရန် ဆွေးနွေးနေ

Photo: ကားသွင်းခွင့် စည်းကမ်းချက်များထပ်တိုးရန် ဆွေးနွေးနေ
Monday, December 1, 2014

 ကားတင်သွင်းမှုကို ပိတ် ပင်သွားရန်မရှိသော်လည်း သတ် မှတ်ချက်အသစ်များ ထည့်သွင်း သွားမည်ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်း ကား တင်သွင်းမှုများခြင်းကြောင့် လမ်း ပိတ်ဆို့မှုများ ဖြစ်ပေါ် နေ၍စနစ် တကျဖြစ်စေရန် ပြင်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။

‘‘တင်သွင်းတဲ့ပုံစံတွေ ပိုပြီး စနစ်တကျဖြစ်အောင် ဘယ်လို အချက်အလက်တွေ ထည့်ပြီး ဘယ်လိုလုပ်မလဲဆိုတာ ဆွေး နွေးလုပ်ဆောင်မယ်’’ ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာပွင့်ဆန်းက ပြောသည်။

အသက်(၁၈)နှစ် ပြည့်သူ တိုင်း နိုင်ငံခြား ငွေစာရင်းဖွင့်၍ တင်သွင်းရာ၌ လိမ်လည်မှုများရှိ နေ၍ စည်းကမ်းချက် အချို့ ထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

‘‘ကားပေါ်လစီ မပြောင်း ဘူး။ ကားပါမစ် ပိတ်တာတွေ မလုပ်ဘူး။ အများပြည်သူ သွားလာလို့အဆင်ပြေအောင် အကြံပေးကြပါ’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖြင့် ကားတင်သွင်းမှုများသည် နီးစပ်ရာပုဂ္ဂိုလ်များ ထံမှ မှတ်ပုံ တင်နှင့် အိမ်ထောင်စုစာရင်းများ ကို တစ်စုံလျှင် ကျင်ငါးသောင်း ဖြင့် ဝယ်ယူတင်သွင်းနေကြခြင်း ဖြစ်သည်။

ဘဏ်ငွေစာရင်းတွင်လည်း ဒေါ်လာ  ၅,၁၀၀ သွင်းရမည့် အစား ဒေါ်လာ ၁၀၀ သာသွင်း ကြပြီး ပါမစ်တင်ချိန်၌ သွင်းထား သော ဒေါ်လာ ၁၀၀ ရှေ့တွင် ဂဏန်း(၅)ကိုထည့်ကာ ငွေပမာ ဏ လိမ်လည်တင်ပြမှုများရှိနေ ကြောင်း မော်တော်ယာဉ်လုပ်ငန်း ရှင်များက ပြောသည်။

ယင်းသို့သတ်မှတ်ရာတွင် သန်းခေါင်စာရင်းတစ်ခုလျှင် တစ် ဦး၊ ကားပါကင် ရှိသူ၊ ထောက်ခံ ချက်တစ်ခုရှိမှ တင်သွင်းခြင်း အပါအဝင် ကန့်သတ်နိုင်မည့် အချက်များကို ဆွေးနွေးနေဆဲဖြစ်သည်။

အလွတ်သွင်း  ကားပါမစ်များ တင်းကျပ်မည်ဆိုပါက ကား အရောင်းပြခန်းများ၏ စည်းကမ်း များကိုပါ တင်းကျပ်သင့်ကြောင်း ကားပွဲစားများက တုံ့ပြန်ပြောကြား သည်။

လူတစ်ဦးချင်းစီ တင်သွင်း နိုင်မှုအပေါ်တွင် အိမ်ထောင်စု စာရင်းတစ်ခုလျှင် တစ်ဦးသာတင် သွင်းနိုင်သည့် ကန့်သတ်ချက်များ ထပ်မံထုတ်ပြန်လိုက်ပါက အိမ် ထောင်စုစာရင်း၊ ငှားရမ်းခနှင့် ကားဈေးနှုန်းများသာ တက်သွား နိုင်ပြီး ထူးခြားလာမည် မဟုတ် ကြောင်း ကားပွဲစားများက ပြောကြားသည်။

7Day DAILY 

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − နစ်ကီ)
လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − နစ်ကီ)  
ကားတင်သွင်းမှုကို ပိတ်ပင်သွားရန်မရှိသော်လည်း သတ်မှတ်ချက်အသစ်များ ထည့်သွင်းသွားမည် ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲမှ သတင်းရရှိသည်။

ပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြ ကျောင်းသားခေါင်းဆောင် ၆ ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်

Photo: ပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြ ကျောင်းသားခေါင်းဆောင် ၆ ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
Monday, December 1, 2014

တောင်ငူမြို့မှာ အမျိုးသားပညာရေး ဥပေဒကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင် ၆ ယောက်ကို ရဲက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က ဆန္ဒပြပွဲမှာ ကျောင်းသား ၁ ရာကျော် ပါဝင်ခဲ့ပြီး အဲဒီအထဲက ကိုမင်းသွေးသစ်၊ ကိုမြတ်သူ၊ ကိုအောင်ထက် စတဲ့ ၆ ယောက်ကို ခွင့်မပြုဘဲ စီတန်းလှည့်လည်လို့ တောင်ငူရဲစခန်းက အမှုဖွင့်လိုက်တာ ဖြစ်တယ်လို့ ကိုမင်းသွေးသစ်က ပြောဆိုထားပါတယ်။

ဗကသ ကျောင်းသားတွေအနေနဲ့ တရားရုံးချိန်ရင်လည်း သွားမှာ မဟုတ်ဘဲ အဖမ်းခံဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်တဲ့ ကျောင်းသား ဆန္ဒပြတွေကို မန္တလေး၊ မုံရွာနဲ့ မြင်းခြံတို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီဗွီဘီ 

နိုဝင်ဘာ ၂၉ ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေစဉ်
နိုဝင်ဘာ ၂၉ ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေစဉ်
တောင်ငူမြို့မှာ အမျိုးသားပညာရေး ဥပေဒကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင် ၆ ယောက်ကို ရဲက ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။

တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် အတွက် ကဘူးလ်ရဲတပ်ဖွဲ့ အကြီးအကဲ ရာထူးမှ နုတ်ထွက်

Photo: တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် အတွက် ကဘူးလ်ရဲတပ်ဖွဲ့ အကြီးအကဲ ရာထူးမှ နုတ်ထွက်
Monday, December 1, 2014

ကဘူးလ်၊ နိုဝင်ဘာ ၃၀။ ကဘူးလ်တွင် ဖြစ်ပွားခဲ့သော တာလီဘန်တို့၏ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်စဉ်တွင် တောင်အာဖရိက နိုင်ငံသား တစ်ဦးနှင့် ၎င်း၏ ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု အာဖဂန်ရဲအရာရှိ များက နိုဝင်ဘာ ၃၀ ရက်က ပြောကြား ခဲ့သည်။

သီတင်းနှစ်ပတ် အတွင်း စစ်သွေးကြွတို့၏ တိုက်ခိုက်မှု အနည်းဆုံး ကိုးခုထိ ရှိခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှုများကို ဟန့်တား ကာကွယ် နိုင်ခြင်း မရှိသည့် အတွက် တာဝန်ယူသည့် အနေဖြင့် အာဖဂန် ရဲတပ်ဖွဲ့ အကြီးအကဲမှာ ထိုနေ့မှာပင် ရာထူးမှ နုတ်ထွက် ခဲ့သည်။ တာလီဘန်တို့ အပေါ် ဆင်နွှဲသော အမေရိကန် ဦးဆောင်သည့် နေတိုး စစ်ဆင်ရေး ပြီးဆုံးကာနီး အချိန်တွင် စစ်သွေးကြွများသည် ပြည်ပ အဆောက်အအုံ ခြံဝင်းများ၊ သံရုံးကားများ အမေရိကန် တပ်ဖွဲ့ဝင်များနှင့် အာဖဂန် အမျိုးသမီးအမတ် တစ်ဦးတို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လာ ခဲ့သည်။

နိုဝင်ဘာ၂၉ ရက်နေ့ ညနေပိုင်းက နိုင်ငံခြား ခြံဝင်း တစ်ခုကို တာလီဘန်တို့က တိုက်ခိုက်စဉ် တောင်အာဖရိက နိုင်ငံသား သုံးဦးနှင့် အာဖဂန်တစ်ဦး သေဆုံးကြောင်း အတည်ပြု ပြီးနောက် ဗိုလ်ချုပ်ကြီး ဇာဟီယာ ဇာဟီယာက ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese
ကဘူးလ်၊ နိုဝင်ဘာ ၃၀။ ကဘူးလ်တွင် ဖြစ်ပွားခဲ့သော တာလီဘန်တို့၏ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်စဉ်တွင် တောင်အာဖရိကနိုင်ငံသားတစ်ဦးနှင့် ၎င်း၏ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု အာဖဂန်ရဲအရာရှိ များက နိုဝင်ဘာ ၃၀ ရက်က ပြောကြား ခဲ့သည်။

ခရီးသည်တင် ဘတ်စ်ကားများအတွက် မြို့တွင်း၌ သီးသန့်ယာဉ်ကြော သတ်မှတ်

Photo: ခရီးသည်တင် ဘတ်စ်ကားများအတွက် မြို့တွင်း၌ သီးသန့်ယာဉ်ကြော သတ်မှတ်
Monday, December 1, 2014

ရန်ကုန်မြို့တွင်း ခရီးသည်တင် ဘတ်စ်ကားများသီးသန့်ပြေးဆွဲရန် လမ်း လယ်တွင် ကွန်ကရစ်တုံးများချကာ ယာဉ်ကြောသတ်မှတ်ပေးနေသည်ကို နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြိုလယ်၌ တွေ့ရစဉ်။ ဘတ်စ်ကား သီးသန့်ယာဉ် ကြောစမ်းသပ်သတ်မှတ်မှုအောင်မြင်ပါက BRT စနစ်ဖြင့်ပြေးဆွဲမည့် ဘတ်စ်ကား များကို အဆိုပါလမ်းကြောင်း၌ ပြေးဆွဲရန် စီစဉ်နေသည်
 မြို့တွင်းခရီးသည်တင် ဘတ်စ်ကားများ သီးသန့်ပြေးဆွဲ နိုင်ရန် ကွန်ကရစ်တုံးများ ကာရံမှု ကို မြို့တွင်း ခြောက်မြို့နယ်တွင် စတင် လုပ်ဆောင်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။

ကွန်ကရစ်တုံးများ စတင် ကာရံမှုကို နိုဝင်ဘာ ၂၉ ရက်က စ၍ မဟာဗန္ဓုလလမ်းမ၊ ဗိုလ်ချုပ် လမ်းမနှင့် အနော်ရထာလမ်းမ ကြီးတို့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါကွန်ကရစ်တုံးများ မကာရံမီက မျဉ်းဝါများဆွဲခြင်းကို နိုဝင်ဘာ နောက်ဆုံးပတ်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကွန်ကရစ်တုံးများကို လမ်း ၏ ညာဘက်မျဉ်းဝါတစ်လျှောက် ဘတ်စ်ကား မှတ်တိုင်များရှိရာ ဘက်တွင် ချထားပေးခြင်းဖြစ်၍ယခုကာလမှာ စမ်းသပ်ကာလ ဖြစ်ပြီး အချိန်ကာလကိုမူ အ တည်ပြု ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။

လက်ရှိတွင် အဆိုပါကွန်ကရစ်တုံးများ ကာရံထားသည့် လမ်း ကြောင်းတွင် ခရီးသည်တင်ဘတ်စ်ကားများကို ပြေးဆွဲခွင့်ပေးမည် ဖြစ်ပြီး နောက်ပိုင်းတွင် BRT စနစ် ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကားများ ကိုပါ ယင်းလမ်းကြောင်းတွင် ပြေး ဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်က ပြောသည်။

ကွန်ကရစ်တုံးများ ကာရံ ထားသောကြောင့် ယာဉ်စက်ချို့ ယွင်းလျှင် ဖြစ်လာနိုင်သော အ ခက်အခဲများကို ဖြေရှင်းရန် လမ်းနံဘေးတွင် ကားပါကင်အချို့ကို ဖျက်သိမ်း၍ ချို့ယွင်းသွားသောကားထားနိုင်သည့် နေရာများကိုလည်း စီစဉ်သွားမည်ဖြစ်သည်။

ယင်းဘတ်စ်ကား သီးသန့် ယာဉ်ကြော အတွင်းသို့ အခြား ယာဉ်များ ၀င်ရောက်မောင်းနှင်ပါ က စည်ပင်သာယာဥပဒေဖြင့် အ ရေးယူမည်ဖြစ်ပြီး အနိမ့်ဆုံးဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းထိ ချမှတ်နိုင်သည့်အပြင် ထောင်ဒဏ် သုံးလအထိပါ ချမှတ်နိုင်ကြောင်း သိရသည်။

သို့သော် ယခုစနစ်အပေါ် ဘတ်စ်ကားယာဉ်မောင်းများက ကြိုက်နှစ်သက်မှု နည်းပါးနေပြီး တန်းစီ၍ မောင်းရမည့် စနစ်ဖြစ် သောကြောင့် နှောင့်နှေးနိုင်ကြောင်း ယာဉ်မောင်းအချို့က ပြောသည်။

စည်းကမ်းဖောက်ဖျက်သည့် ကားများထဲတွင် ဘတ်စ်ကားများက အများဆုံးဖြစ်ပြီး ကွန်ကရစ်တုံးများ မချသင့်ဘဲ ယာဉ် ထိန်းကသာ အ၀ါစည်းကို ကျော် ၍ မောင်းနှင်ပါက ဖမ်းဆီးခြင်းပြု လုပ်သင့်ကြောင်း ယခုကဲ့သို့ ပြု လုပ်ခြင်းသည် အိမ်စီးကားများအ တွက် လမ်းကြောကျဉ်းသွားပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နိုင် ကြောင်း ကမာရွတ်မြို့နယ်မှ အငှားယာဉ်မောင်းဦးတင် ကိုကိုလေးက ပြောသည်။

‘‘ဘတ်စ်ကားတွေ သွားဖို့ သီး သန့်လမ်းကြောင်းတစ်ခုဖြစ်လာ တာ ကျွန်တော်တို့ယာဉ်လိုင်းပိုင် ရှင်တွေအနေနဲ့တော့ ကြိုဆိုပါ တယ်။ အထိုက်အလျောက်ကာ လအတွင်းမှာတော့ အဆင်မပြေ တာတွေရှိနိုင်တယ်’’ဟု ၄၈ အထူး ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေး က ပြောသည်။

လက်ရှိတွင် အဆိုပါကွန်က ရစ်တုံးများ စတင်ကာရံထားသည့်လမ်းကြောင်း၌ ယာဉ်နောက် လိုက်မပါဘဲ ပြေးဆွဲမည့် BRT စနစ်ကို လမ်းအူကြောင်းများ ရွေး ချယ်ပြီးပါက စမ်းသပ်ကာလအ ဖြစ် ကိုရီးယားကားများဖြင့် ပြေး ဆွဲသွားမည်ဖြစ်ပြီး ယာဉ်လမ်း ကြောင်းအတည်ပြုပြီးပါက မာစီ ဒီး (သို့မဟုတ်) Scania ကားကြီးများဖြင့် ပြေးဆွဲသွားမည်ဟု BRT စနစ်ကို လုပ်ကိုင်ခွင့်ရရှိထားသည့်ဘက်စုံမြင်ကွင်းကုမ္ပဏီက ထုတ် ပြန်ထားသည်။

အဆိုပါ BRT စနစ် လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဘက်စုံမြင်ကွင်း ကုမ္ပဏီအား ခွင့်ပြုလိုက်ပြီဖြစ်ကာ ထပ်မံပြီး ပူးပေါင်းလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူထား သော်လည်း လာရောက်ဆွေးနွေး မှုမရှိသေးကြောင်း သိရသည်။

7Day DAILY
ရန်ကုန်မြို့တွင်း ခရီးသည်တင် ဘတ်စ်ကားများသီးသန့်ပြေးဆွဲရန် လမ်း လယ်တွင် ကွန်ကရစ်တုံးများချကာ ယာဉ်ကြောသတ်မှတ်ပေးနေသည်ကို နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြိုလယ်၌ တွေ့ရစဉ်။ ဘတ်စ်ကား သီးသန့်ယာဉ် ကြောစမ်းသပ်သတ်မှတ်မှုအောင်မြင်ပါက BRT စနစ်ဖြင့်ပြေးဆွဲမည့် ဘတ်စ်ကား များကို အဆိုပါလမ်းကြောင်း၌ ပြေးဆွဲရန် စီစဉ်နေသည်  မြို့တွင်းခရီးသည်တင် ဘတ်စ်ကားများ သီးသန့်ပြေးဆွဲ နိုင်ရန် ကွန်ကရစ်တုံးများ ကာရံမှု ကို မြို့တွင်း ခြောက်မြို့နယ်တွင် စတင် လုပ်ဆောင်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။

တူရကီနဲ့ ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်ကြောင်း Kurd ခေါင်းဆောင်ပြော

Photo: တူရကီနဲ့ ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်ကြောင်း Kurd ခေါင်းဆောင်ပြော
Monday, December 1, 2014

တူရကီနိုင်ငံမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ တရားမ၀င်အဖွဲ့အစည်း Kurdistan Workers Party ရဲ့ ခေါင်းဆောင် ဖြစ်သူက တူရကီအစိုးရအနေနဲ့ ကာ့ဒ်လူမျိုးတွေရဲ့ အခွင့်အရေးတွေကို အာမခံမယ်ဆိုရင် လပိုင်းအတွင်း ငြိမ်းချမ်းရေးရနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆယ်စုနှစ်သုံးစုကြာ တူရကီနိုင်ငံအရှေ့တောင်ပိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေခဲ့ပြီး လူပေါင်း ၄ သောင်း သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန့်ကျင်နေမှုကို အဆုံးသပ်စေရေး ညှိနှိုင်းဆွေးနွေးဖို့ လုပ်ငန်းစဉ်တရပ်ကို ရေးဆွဲထားပြီး ဖြစ်ကြောင်း KWP ခေါင်းဆောင် Abdullah Ocalan က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

Ocalan ရှိရာ အစ္စတန်ဘူလ်မြို့ပြင်က အကျဉ်းထောင်ကို ကာ့ဒ် လိုလားသူ ဥပဒေပြုလွှတ်တော်အမတ်တွေ သွားရောက်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အစိုးရဘက်ကကော ကာ့်ဒ်တွေဘက်ကပါ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အဖြေရရှိအောင် တာဝန်ခံမှု စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်စိတ်ချမှု စတာတွေနဲ့ ညှိနှိုင်းကြမယ်ဆိုရင် လေးလကနေ ငါးလအတွင်းမှာ သဘောတူညီမှု ရနိုင်လိမ့်မယ်လို့ Ocalan က ပြောတယ်လို့ ဆိုပါတယ်။

Ocalan နဲ့ အရာရှိတွေ ကြား ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါဘူး၊ ဒါပေမဲ့ ညှိနှိုင်းဆွေးနွေးဖို့ လုပ်ငန်းစဉ် အခြေခံမူနဲ့ပတ်သက်ပြီး မကြာခင်မှာ ထုတ်ပြန်မှာ ဖြစ်တယ်လို့ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အကျဉ်းကျခံနေရသူ ကာ့ဒ် အလုပ်သမားပါတီခေါင်းဆောင် Abdullah Ocalan ရဲ့ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသူများ
အကျဉ်းကျခံနေရသူ ကာ့ဒ် အလုပ်သမားပါတီခေါင်းဆောင် Abdullah Ocalan ရဲ့ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသူများ
တူရကီနိုင်ငံမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ တရားမ၀င်အဖွဲ့အစည်း Kurdistan Workers Party ရဲ့ ခေါင်းဆောင် ဖြစ်သူက တူရကီအစိုးရအနေနဲ့ ကာ့ဒ်လူမျိုးတွေရဲ့ အခွင့်အရေးတွေကို အာမခံမယ်ဆိုရင် လပိုင်းအတွင်း ငြိမ်းချမ်းရေးရနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြသူတွေ ရဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ထပ်မံဖြစ်ပွား

Photo: ဟောင်ကောင်မှာ ဆန္ဒပြသူတွေ ရဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ထပ်မံဖြစ်ပွား
Monday, December 1, 2014

ဟောင်ကောင်ကျွန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက အစိုးရရုံးစိုက်ရာနေရာကနေ တခြားနေရာတွေကို တိုးချဲ့ဆန္ဒပြဖို့ ကြိုးစားနေတဲ့အချိန် ရဲတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Admiralty အရပ်မှာရှိတဲ့ အဓိက လမ်းမကြီးကို ဆန္ဒပြသူတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတာမှာ သန်းခေါင်ကျော် တနင်္လာနေ့ အစောပိုင်းမှာ ရဲက တားထားတဲ့နေရာကို ဆန္ဒပြသူတွေက ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေအသုံးပြုပြီး ပြန်လည် ခုခံခဲ့တဲ့အတွက် လူအတော်များများ ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံး ၁၈ ယောက်လောက်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဒါဟာ ဆန္ဒြုပသူတွေနဲ့ ရဲတပ်ဖွဲ့အကြား လွန်ခဲ့တဲ့သီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေထဲက နောက်ဆုံး ဖြစ်ပေါ်မှုလည်း ဖြစ်ပါတယ်။ သောကြာနေ့တုန်းကလည်း Mong Kok အရပ်မှာရှိတဲ့ အတားအဆီးတွေကို ရဲတပ်ဖွဲ့က ရှင်းလင်းဖို့ ကြိုးစားစဉ် ဆန္ဒပြသူတွေနဲ့ လုံးထွေးသတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်အတွင်း ဆန္ဒပြကျောင်းသားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ Lester Shum နဲ့ Joshua Wong တို့ အပါအ၀င် လူအတော်များများ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းကစလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အင်အားနည်းလာနေပြီ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေအပေါ် လူထုရဲ့ထောက်ခံမှု တဖြည်းဖြည်းနဲ့ လျော့နည်းလာနေပြီလို့ မကြာခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်း အတော်များများမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ကန့်ကွက်သူတွေကို ရိုက်နှက်လူစုခွဲနေတဲ့ ရဲအရာရှိတွေ။ (နိုဝင်ဘာ ၃၀၊ ၂၀၁၄)
ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ကန့်ကွက်သူတွေကို ရိုက်နှက်လူစုခွဲနေတဲ့ ရဲအရာရှိတွေ။ (နိုဝင်ဘာ ၃၀၊ ၂၀၁၄) 
ဟောင်ကောင်ကျွန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက အစိုးရရုံးစိုက်ရာနေရာကနေ တခြားနေရာ တွေကို တိုးချဲ့ဆန္ဒပြဖို့ ကြိုးစားနေတဲ့အချိန် ရဲတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ထိရောက်တဲ့ HIV ကုသမှုလိုသေးကြောင်း ကုလပြော

Photo: မြန်မာနိုင်ငံမှာ ထိရောက်တဲ့ HIV ကုသမှုလိုသေးကြောင်း ကုလပြော
Monday, December 1, 2014

ဒီကနေ့ ကမ္ဘာ့ AIDS နေ့မှာ HIV ရောဂါပိုးကူးစက်နေသူတွေအတွက် ရောဂါကုသခွင့်အပြည့်အ၀ရရေး အလေးပေးဆောင်ရွက်ဖို့ UNAIDS အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ HIV ရောဂါပိုးကူးစက်နှုန်းကျဆင်းခဲ့ပေမဲ့ ထိရောက်တဲ့ကာကွယ်မှုတွေဆက်ပြီးလိုအပ်နေဆဲပဲလို့ မြန်မာနိုင်ငံ အတွက် ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့လုံးဆိုင်ရာ AIDS ကာကွယ်မှုအစီရင်ခံက ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဒီဇင်ဘာလ (၁) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ် နေ့မှာ HIV ရောဂါပိုးကူးစက်နေသူတွေကို ထိထိရောက်ရောက်ကုသပေးရေး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ထပ်ပြီးကြိုးစားအားထုတ်ဖို့လိုနေတယ်လို့ UNAIDS အကြီးအကဲ Michel Sidibe (မီရှယ်လ် ဆီဒီဘဲ)ကပြောဆိုလိုက်ပါတယ်။

“ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့မှာ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ၂ ဆတိုး လုပ်ဆောင်ကြဖို့ အချိန်ဖြစ်ပါတယ်။ ရောဂါ ကူးစက် နေသူတွေကို အမြန်ဆုံး ကုသမှုတွေ လုပ်ဆောင်ပေးပြီး HIV ရောဂါပိုး မကူးစက်အောင် ကြိုတင် ကာကွယ်မှု၊ ကြည့်ရှု စောင့်ရှောက်မှု လက်ခံရရှိနေသူတွေနဲ့ အဲဒီလို အခွင့်အရေးတွေ မရတဲ့သူတွေအကြားက ကွာခြားချက်ကို နဲနိုင်သမျှ နဲအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတွေ၊ မြို့တွေ၊ လူမှု အသိုင်းတွေမှာ HIV ပိုး ကူးစက်နေသူတွေကို လိုက်လံ ကြည့်ရှုမယ်ဆိုရင် လိုအပ်တဲ့ ကုသမှုတွေကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့ ရည်မှန်းချက်က ၂၀၂၀ ခုနှစ်မှာ HIV ပိုး ကူးစက်နေသူ ၉၀ ရာခိုင်နှုန်းအနေနဲ့ သူတို့ရောဂါအခြေအနေကို သိရှိတာ၊ အဲဒီ ၉၀ ရာခိုင်နှုန်းက ဆေးဝါး ကုသမှု ခံယူနိုင်တာနဲ့ ဆေးဝါးကုသမှု ရရှိတဲ့ ၉၀ ရာခိုင်နှုန်းက ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်တာ စတဲ့ ၉၀ - ၉၀ - ၉၀ ဆိုတဲ့ ပစ်မှတ် ၃ ခုထားပြီး အလျင်အမြန် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။”

ဒါ့အပြင် ၂၀၃၀ ခုနှစ်ရောက်ရင် ကမ္ဘာကြီးမှာ AIDS ရောဂါပပျောက်ရေးအထိ ကုလသမဂ္ဂကရည်မှန်းကြိုးစားနေကြောင်းပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံ မှာ HIV ကူးစက်နေသူတွေအတွက် ဆေးဝါးကုသခွင့်ရရှိရေး အရေးတကြီးလိုအပ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD-AIDS စင်တာကို ဦးဆောင်နေသူ NLD ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ဗွီအိုအေကိုပြောပါတယ်။

“ရောဂါဝေဒနာသည်တွေကို ခွဲခြားဆက်ဆံမှုတွေ ပျောက်ကင်းစေချင်တယ်။ နောက်တချက်ကကျတော့ ရောဂါတိုက်ဖျက်တဲ့နေရာမှာ အားလုံး ကိုယ်ကိုယ်တိုင် ရောဂါဝေဒနာ ခံစားနေရပေမယ့်လည်း ရောဂါကာကွယ်ဖို့ ၊ တိုက်ဖျက်ဖို့ဆိုတဲ့နေရာမှာ အားလုံး သူတို့ကိုယ်တိုင် ပူးပေါင်း ဆောင်ရွက်စေချင်တဲ့ စေတနာနဲ့ပေါ့နော်၊ ဒီလို ကျင်းပခဲ့တယ်။ ဒီနေ့လေးမှာ အဓိကပြောချင်တာကတော့ ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးအခက်အခဲတွေကြောင့် စီးပွားရေးအခက်အခဲတွေ ဖြစ်နေတယ်၊ စီးပွားရေးကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတယ်။ ရောဂါဝေဒနာသည် တော်တော်များများကလည်း ဆေးဝါးကုသချင် ပေမယ့်လည်း ကုသနိုင်တဲ့အခွင့်အရေးတွေ မရှိဘူး။ နောက်တချက်ကကျတော့ ဆေးဝါးကုသချင်ပေမယ့်လည်း သူတို့မှာ အခွင့်အရေးမရတာရယ်၊ နောက် တချက်က ဆေးဝါးနဲ့လက်လှမ်းမမီတာရယ်ကြောင့် မသေဆုံးသင့်ဘဲ သေဆုံးနေရသလို ရောဂါဝေဒနာစွဲကပ်နေတဲ့ကလေးတွေ၊ မိဘမဲ့ဖြစ်မှုနှုန်းတွေ ကလည်း တနှစ်ထက်တနှစ် ပိုပြီးတော့ များပြားလာတာ တွေ့ရပါတယ်။”

မြန်မာနိုင်ငံအတွက် ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ AIDS ကာကွယ်မှုအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ HIV ရောဂါပိုးရှိနေသူ ဦးရေ ခန့်မှန်းခြေ နှစ်သိန်းလောက်ရှိပါတယ်။ အဲဒီအထဲက ၃၇% ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ အသက် (၁၄) နှစ်အောက် HIV ရောဂါပိုးရှိနေသူ ကလေး အရေ အတွက် ၁၃,၀၀၀ နီးပါးရှိနေတာပါ။ HIV/AIDS ရောဂါနဲ့သေဆုံးသူဦးရေ ၁၅,၀၀၀ လောက်ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်ပျံနှံ့မှုနှုန်းကျဆင်းခဲ့ပေမဲ့ လိင်တူချင်းဆက်ဆံသူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေနဲ့ မူးယစ်ဆေးဝါးထိုးသူတွေထဲ မှာတော့ ကူးစက်မှုနှုန်း အန္တရာယ်မြင့်မားနေဆဲပဲလို့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ UNAIDS/ WHO နဲ့ UNICEF တို့နဲ့ ပူးပေါင်းထုတ်ပြန်တဲ့ မြန်မာကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ အမျိုးသား AIDS အစီအစဉ်ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

VOA
ဒီကနေ့ ကမ္ဘာ့ AIDS နေ့မှာ HIV ရောဂါပိုးကူးစက်နေသူတွေအတွက် ရောဂါကုသခွင့်အပြည့်အ၀ရရေး အလေးပေးဆောင်ရွက်ဖို့ UNAIDS အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ HIV ရောဂါပိုးကူးစက်နှုန်းကျဆင်းခဲ့ပေမဲ့ ထိရောက်တဲ့ကာကွယ်မှုတွေဆက်ပြီးလိုအပ်နေဆဲပဲလို့ မြန်မာနိုင်ငံ အတွက် ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့လုံးဆိုင်ရာ AIDS ကာကွယ်မှုအစီရင်ခံက ဖေါ်ပြ ထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး အကြမ်းဖက်သမားများ အပါအ၀င် လူ ၁၅ ဦးသေဆုံး

Photo: ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး အကြမ်းဖက်သမားများ အပါအ၀င် လူ ၁၅ ဦးသေဆုံး
Monday, December 1, 2014

ပေကျင်း၊ နိုဝင်ဘာ၃၀။ တရုတ်နိုင်ငံရှိ မွတ်စလင် အများစု နေထိုင်ရာ ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု နိုင်ငံပိုင် သတင်း အေဂျင်စီက နိုဝင်ဘာ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် အုပ်စု တစ်စုသည် သောကြာနေ့က ရှာချေခရိုင်တွင် အရပ်သားများကို တိုက်ခိုက်ခဲ့ရာ လေးဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရ ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှု အတွင်း အကြမ်းဖက်သမား ၁၁ ဦး ပစ်သတ် ခံခဲ့ရသည်ဟု နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ထုတ်လွှင့်ခဲ့ သည်။ ဒေသခံအာဏာပိုင်များ၏ ကြေညာချက်ကို ကိုးကား၍ နိုင်ငံပိုင် သတင်း အေဂျင်စီ ရှင်ဟွာက အတည်ပြု ခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်၊ ဒေသ စံတော်ချိန် နေ့လည် တစ်နာရီခွဲခန့်က ဓါးများ ကိုင်ဆောင်ထားသော အမျိုးသားများသည် ပေါက်ကွဲစေသော အရာများဖြင့် ပစ်ပေါက်၍ စီးပွားရေး အချက်အခြာ ကျသည့် လမ်းပေါ်ရှိ လူအုပ်ကို တိုက်ခိုက်ခဲ့သည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

တိုက်ခိုက်သူ ၁၁ ဦးကို အဆိုပါ နေရာတွင် ကင်းလှည့် နေသော ရဲတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဗုံးများ၊ ဓါးများနှင့် ပုဆိန်များကို အခင်း ဖြစ်နေရာတွင် သိမ်းဆည်း မိခဲ့သည်။ ဒဏ်ရာရသူ များကို ဆေးရုံသို့ ပို့ခဲ့သည်။ ရှာချေ ခရိုင်သည် ဇူလိုင်လ ကလည်း အစ္စလာမ် ဥပုသ်လ မကုန်မီ အချိန်ကလေးတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သေးသည်။ အသစ် ဖြစ်ပေါ် လာသည့် တိုက်ခိုက်မှု များက ရှန်ကျန်တွင် အခြေအနေ ယိုယွင်း နေသည်ကို ပြသလျက် ရှိသည်။

ပေကျင်း အစိုးရသည် တိုက်ခိုက်မှု များကို ပြင်းထန်စွာ နှိမ်နင်းလျက် ရှိပြီး ဒါဇင်ပေါင်း များစွာကို တရားခွင်တွင် လျင်မြန်စွာ စစ်ဆေးပြီး ကွပ်မျက်ခဲ့သည်။ ရာပေါင်း များစွာ ကိုလည်း ဖမ်းဆီး ခဲ့သည်။  အကျဉ်းကျ နေသည့် ၀ီဂါလူမျိုး ပညာရှင် အီလ်ဟမ်တိုတီ၏ ကျောင်းသား များကို ခွဲထွက်ရေး ၀ါဒ လိုလားမှုဖြင့် တရုတ်တရားရုံး တစ်ခုတွင် လျို့ဝှက် တရားခွင် စစ်ဆေးမှု စတင်ပြီး ငါးရက်အကြာ ယခု တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ရှင်ကျန် ပြည်နယ်တွင် တရုတ်နိုင်ငံ၏ လူများစု ဟန်လူမျိုးများနှင့် တူရကီ စကားပြော မွတ်စလင် ၀ီဂါ လူမျိုးများ အကြား တင်းမာမှုများကြောင့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

ပေကျင်းက ၀ီဂါ စစ်သွေးကြွ များကို အပြစ်တင်ခဲ့ပြီး ၀ီဂါ အချို့ကလည်း ပေကျင်း၏ ဦးဆောင်မှုကို ကျေနပ်မှု မရှိဘဲ ၎င်းတို့ အနေဖြင့် ခွဲခြားဆက်ဆံ ခံရသည့် အပြင် တိုးတက်မှု၏ အသီးအပွင့် များကို မခံစားရဟု ယူဆလျက် ရှိသည်။ ထို့အပြင် ယင်းပြည်နယ်သို့ ဟန်တရုတ် များလည်း စီးဝင်လျက် ရှိသည်။ ပေကျင်း၏ ဖိနှိပ်ရေး ပေါ်လစီသည် ပဋိပက္ခကို ပိုမိုဆိုးဝါး စေသည်ဟု ကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်လျက် ရှိသည်။

Ref: AFP
Mizzima - News in Burmese 

ရှင်းကျန် ပြည်နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲများ
ရှင်းကျန် ပြည်နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲများ 
ပေကျင်း၊ နိုဝင်ဘာ၃၀။ တရုတ်နိုင်ငံရှိ မွတ်စလင် အများစု နေထိုင်ရာ ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု နိုင်ငံပိုင် သတင်း အေဂျင်စီက နိုဝင်ဘာ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။

လယ်ယာမြေပြဿနာများအား အဓိကထားဖြေရှင်းရမည့် ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကာ ယခုအစိုးရ လက်ထက်၌ပင် ဆောင်ရွက်ပေးရန် သမ္မတနှင့်တွေ့ဆုံစဉ် နိုင်ငံရေးပါတီများ တင်ပြ

လယ်ယာမြေပြဿနာများအား အဓိကဖြေရှင်းရမည့် ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကာ ယခုအစိုးရ လက်ထက်၌ပင် ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများ ဘက်မှ တင်ပြမှုများ ရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

Photo: ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ
Monday, December 1, 2014

ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေမှုများ အပါအ၀င် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၃၀ ရက်က သိရသည်။

ယင်းကဲ့သို့ အဆုံးစီရင်မှုများထဲတွင် အဆိပ်သောက်သေဆုံးမှု ခုနစ်မှုပါဝင်ပြီး ဖြစ်စဉ်များမှာ နိုဝင်ဘာ ၂၅ ရက်တွင် မှော်ဘီမြို့နယ်တွင် အမျိုးသားတစ်ဦး၊ နိုဝင်ဘာ ၂၈ ရက်၊ ၂၁ ရက်၊ ၁၄ ရက်နှင့် ၇ ရက်တို့တွင် တိုက်ကြီးမြို့နယ်၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ နိုဝင်ဘာ ၁၉ ရက်၌ တွံတေးမြို့နယ်၌ ညီအစ်မနှစ်ဦးနှင့် နိုဝင်ဘာ ၈ ရက်တွင် ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များထဲမှ ဖြစ်စဉ်တချို့မှာ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေမှု၊ အရက်ကြောင်ကြောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကဲ့သို့ အဆိပ်သောက်သေဆုံးမှု ဖြစ်များထဲမှ ဖြစ်စဉ်တစ်ခုမှာ နိုဝင်ဘာ ၁၉ ရက် တွံတေးမြို့နယ် ခလုပ်ကျေးရွာအုပ်စု၊ ဂရက်ခရာကျေးရွာ နေ မ......(၁၆)နှစ်နှင့် ၎င်း၏ ၀မ်းကွဲညီအစ်မတော်စပ်သူ မ.......(၁၆)နှစ်တို့မှာ ပိုးသတ်ဆေးသောက်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။

“သူတို့မိဘတွေက ဆင်းရဲပြီး ကျောင်းမထားနိုင်တာ မဟုတ်ဖူး။ ကျောင်းထားနိုင်ပါတယ်။ ဒါပေမဲ့ ညီအစ်မနှစ်ဦးက နှာခေါင်းသွေးလျှံတာတို့ ခဏခဏဖြစ်တဲ့ ရောဂါရှိတဲ့အတွက် ကျောင်းတက်ပြီး ပညာမသင်နိုင်ဘူး။ အဲဒီကြောင့် စိတ်ခံစားမှုတွေဖြစ်ပြီး နှစ်ဦးဆုံမိတဲ့အခါမှာ ဘ၀ကို အားငယ်စိတ်တွေဖြစ်ပြီး အခုလိုလုပ်မိသွားတာလို့ ယူဆရပါတယ်။ သေဆုံးရတဲ့ အခြားအကြောင်းအရင်းတော့ မရှိပါဘူး” ဟု ထန်းတပင်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ထွန်းထွန်းသန်းက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

ဆက်လက်၍ “အဆုံးစီရင်မှုတွေက ဆင်ခြေဖုံးမြို့နယ်ကရွာတွေမှာ အများဆုံးဖြစ်ပွားနေတယ်။ တချို့က အရက်ကြောင်ကြောင်ပြီး အရက်ရဲ့ကျေးကျွန်ဘ၀ရောက်သွားတော့ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်မရှိတော့ဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်။ ပြီးတော့လူတွေအနေနဲ့လည်း စီးပွားရေးအဆင်မပြေတာတို့၊ အိမ်ထောင်ရေး အဆင်မပြေတာတို့ရှိရင်လည်း ထွက်ပေါက်ရှာတဲ့အနေနဲ့ အဆုံးမစီရင်ဖို့၊ စိတ်အေးအေးထားပြီး ဖြေရှင်းတတ်ဖို့ ပြောချင်ပါတယ်။ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်မပြေတိုင်း အဆုံးစီရင်ရင် ကိုယ့်ရဲ့ကျန်ခဲ့တဲ့ မိသားစုတွေက အဆင်ပြေသွားမှာ မဟုတ်သလို ကျန်ခဲ့မယ့်မိသားစုဘ၀ကို ထည့်ပြီးတွေးသင့်တယ်” ဟု ပြောကြားခဲ့သည်။

အလားတူ ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု ရှစ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များမှာ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် တစ်မှုစီနှင့် ခရမ်းမြို့နယ်တွင် နှစ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးမှုများထဲမှ အချို့ဖြစ်စဉ်များမှာ စာမေးပွဲကျမှု၊ မိဘနှင့်စကားများမှု၊ ကျန်းမာရေးမကောင်းမွန်မှု၊ အလုပ်အကိုင် အဆင်မပြေမှု၊ စိတ်ကျန်းမာရေး မကောင်းမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ရဲတာဝန်ရှိသူများ စစ်ဆေးချက်များအရ သိရသည်။

“စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေမှာ စိတ်အားငယ်တတ်တဲ့စိတ်တွေ အများအပြား ရှိနေတတ်တဲ့အတွက် အခုလိုမဖြစ်သင့်တာ မဖြစ်ပွားရအောင် မိသားစုတွေအနေနဲ့ အားပေးစကားတွေပြောဖို့ စနစ်တကျ ဂရုစိုက်စောင့်ရှောက်ဖို့ လိုအပ်တယ်။ ပြီးတော့ တချို့မိဘတွေကလည်း မိမိတို့ရဲ့သားသမီးတွေကို ပညာရေးအတွက်ရော၊ ဘယ်အကြောင်းအရာကြောင့်ဖြစ်စေ ဆိုဆုံးမတဲ့အခါကျရင် အရမ်းဖိအားပေးတဲ့ ပုံစံနဲ့ မဆုံးမဖို့ အထူးလိုအပ်ပါတယ်။ လူငယ်တွေဟာ များသောအားဖြင့် စိတ်ကိုအလိုလိုက်ပြီး ကိုယ်ထင်ရာကို အလွယ်တကူလုပ်တတ်တဲ့အတွက် သူတို့ရဲ့အနာဂတ်တွေ မပျက်စီးစေဖို့ ထိန်းထိန်းသိမ်းသိမ်း၊ အေးအေးဆေးဆေးနဲ့ ပြောဆိုဆုံးမတတ်ဖို့ အထူးလိုအပ်ပါတယ်” ဟု အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

စာမွေးပွဲကျ၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ် မြို့သစ်(က+ခ) ရပ်ကွက်၊ ခ-၅ လမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်စဉ်မှာ မှော်ဘီနည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သည့် ကို..... (၂၀)နှစ်မှာ နေအိမ်ရှေ့ခန်းထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာကုန်အထိ ကျန်းမာရေးအခြေအနေကြောင့် သေကြောင်းကြံစည်မှု ၂၆၁ မှု၊ စီးပွားရေးမပြေလည်မှုကြောင့် သေကြောင်းကြံစည်မှု ၂၂၁ မှု၊ လူမှုရေးကြောင့် ၆၃ မှုနှင့် အခြားအကြောင်းအရာများကြောင့် ၄၅၄ မှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ပြုလုပ်ခဲ့မှုတွင် ကြိုးဆွဲချမှု ၇၇၅ မှု၊ အဆိပ်သောက်မှု ၂၂၇ မှု၊ ရေထဲခုန်ချ ၂၉ မှု၊ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ် ငါးမှု၊ ကိုယ့်ကိုယ်ကိုယ် ဓါးဖြင့်ထိုး ၃၄ မှု၊ ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုခုနစ်မှုနှင့် တိုက်အမြင့်မှခုန်ချမှု ၁၄ မှုတို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရှိရသည်။

Eleven Media Group 

ခရမ်းမြို့နယ်တွင် ရဲတာဝန်ရှိသူများမှ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောနေမှုအား တွေ့ရစဉ်
ခရမ်းမြို့နယ်တွင် ရဲတာဝန်ရှိသူများမှ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောနေမှုအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေမှုများ အပါအ၀င် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၃၀ ရက်က သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၊ JICA တို့နှင့် ဆွေးနွေးနေ

Photo: ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၊ JICA တို့နှင့် ဆွေးနွေးနေ
Monday, December 1, 2014

ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အကူအညီများပေးရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

စနစ်ကျနမှုမရှိသေးဘဲ အားနည်းချက်များစွာ ရှိနေသေးသည့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအား အဆင့်မြှင့်ရန် လွန်ခဲ့သည့်တစ်ပတ်ခန့်က အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ JICA အဖွဲ့တို့မှ ကိုယ်စားလှယ်များ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆွေးနွေးတဲ့အခါမှာ ADB၊ JICA တို့ ကိုယ်စားလှယ်တွေပါတယ်။ ဒီဘက်က ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေလည်း ပါပါတယ်။ လက်ရှိကတော့ ဖြစ်နိုင်ခြေရှိတာတွေကို ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်။ အဓိကကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်ဖို့ပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ရည်မှန်းထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားများ၏ ၈၅ ရာခိုင်နှုန်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးဖြစ်သည့် ဘတ်စ်ကားကို အဓိကစီးနင်းနေကြခြင်းဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ခေတ်မီမှုမရှိတော့သည့် ယာဉ်တိုက်မှုအချို့လည်း မကြာခဏဖြစ်ပွားသည့် ဘီအမ်၊ ဒိုင်နာစသော ယာဉ်များကို အသုံးပြုနေရသေးကြောင်း သိရသည်။

အဆိုပါနေရာများတွင် အဆင့်မြင့် သယ်ယူပို့ဆောင်ရေးစခန်းများ အစားထိုးရန် ဘဏ္ဍာငွေများစွာလို အပ်နေပြီး (ADB)၊ JICA စသည်တို့၏ ငွေကြေးအင်အားများဖြင့် ပြုလုပ်မည်ဆိုပါက အပြောင်းအလဲများ ရှိလာမည်ဟု သိရသည်။

“အဓိကကတော့ ဘဏ္ဍာငွေကြေးပါပဲ။ ငွေကြေးတောင့်တင်းရင်တော့ ပြောင်းလဲရတာလွယ်ကူမှာပါ” ဟု ဦးအောင်ခင်က ဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အချိန်များစွာ ကုန်ဆုံးနေရ၍ အမြန်ဘတ်စ်ကားလိုင်းစနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ရာ မကြာမီ စတင်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို ဝေဇယန္တာလမ်းပေါ်တွင် ဦးစွာစတင် ပြေးဆွဲသွားမည်ဖြစ်ပြီး လက်ရှိတွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဦးအောင်ခင်က ဆက်လက်ပြောကြားသည်။

ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးနည်းတူ ရထားစနစ်သယ်ယူပို့ဆောင်ရေးအတွက်လည်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ကွင်းနိုင်မည့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင်တင်ရန် ဂျပန်နိုင်ငံမှ ကူညီမည်ဟု သိရသည်။

Eleven Media Group 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အကူအညီများ ပေးရန် အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင် က ပြောကြားသည်။

မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာဘက်မှ ခွင့်ပြုထားသော်လည်း ထိုင်းဘက်မှ အသင့်မဖြစ်သေး

Photo: မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာဘက်မှ ခွင့်ပြုထားသော်လည်း ထိုင်းဘက်မှ အသင့်မဖြစ်သေး
Monday, December 1, 2014

မြန်မာ-ထိုင်းနယ်စပ် မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာနိုင်ငံဘက်မှ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ အဆင်သင့်မဖြစ်သေးဟု သိရသည်။ မြ၀တီ-မဲဆောက် သောင်ရင်းဖြတ်ကျော် ချစ်ကြည်ရေးတံတားအား နံနက် ၆ နာရီမှ ညနေ ၆ နာရီ ဖွင့်လှစ်နေရာမှ ခရီးသွားပြည်သူများနှင့် နယ်စပ်ကုန်သွယ်မှု ပိုမိုလွယ်ကူ မြန်ဆန်လာစေရန် ရည်ရွယ်၍ နံနက် ၅ နာရီတွင် ဖွင့်လှစ်ရန်နှင့် ည ၈ နာရီ တံခါးပိတ်ရန် နှစ်နိုင်ငံဆွေးနွေးနေခြင်းဖြစ်သည်။

“တံတားဆိုတော့ တစ်ဖက်တည်းဖွင့်လို့ မရပါဘူး။ နှစ်နိုင်ငံ ဟိုဘက်ဒီဘက် အဆင်သင့်ဖြစ်မှသာ အချိန်တိုးမယ့်ကိစ္စ အဆင်ပြေမှာပါ။ မြန်မာဘက်မှ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက် ရထားတာကြာပြီ။ ထိုင်းဘက်မှာတော့ အောက်ခြေထိ ညွှန်ကြားချက်မရောက်သေးဘူးလို့ သိရပါတယ်” ဟု မြ၀တီချစ်ကြည်ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

ထိုင်းဘက်ကမ်းတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးကလည်း “တံတားအချိန် တိုးမြှင့်ဖွင့်လှစ်မယ်ဆိုတာတော့ ကြားပါတယ်။ တရားဝင်ညွှန်ကြားချက် မရှိသေးသလို ထိုင်းဘက်က အဆင်သင့်လည်း မဖြစ်သေးဘူး” ဟုဆိုသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ချိန်ကို နံနက် ၅ နာရီ တိုးမြှင့်ဖွင့်လှစ်ခြင်းဖြင့် မဲဆောက်ဘက်သို့သွားရန် နံနက်စောစော နေရာဦးနေရာလုပြီး တိုးဝှေ့ပြေးလွှားနေရသော မြ၀တီမှ ခရီးသည်ကြိုပို့ကားများနှင့် သောင်ရင်းကမ်းနဖူးသို့ နံနက်စောစောဆိုက်ရောက်သည့် ဘန်ကောက်-မဲဆောက် ခရီးသည်ယာဉ်များပေါ်မှ နေရပ်ပြန်မြန်မာနိုင်ငံသားများ သွားလာမှု ပိုမိုအဆင်ပြေမည်ဟု ဆိုသည်။

တံတားပိတ်ချိန်အား လက်ရှိ ၆ နာရီမှ ည ၈ နာရီသို့ တိုးမြှင့်လိုက်လျှင် ထိုင်းနိုင်ငံဘက်သို့ နေ့ချင်းပြန်သွားလာကြသော မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းနိုင်ငံဘက်မှ မြ၀တီကုန်သွယ်ရေးဇုန်သို့ ကုန်ပစ္စည်းလာရောက်ပို့ဆောင်သည့် ကုန်တင်ယာဉ်များ ကုန်စည်ပို့ဆောင်ရာတွင် ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်တစ်ဦးက ပြောကြားသည်။

Eleven Media Group 

မြ၀တီနယ်စပ် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်တွင် ဖြတ်သန်းနေသော မော်တော်ယာဉ်များကို တွေ့ရစဉ်
မြ၀တီနယ်စပ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားပေါ်တွင် ဖြတ်သန်းနေသော မော်တော်ယာဉ်များကို တွေ့ရစဉ်
မြန်မာ-ထိုင်းနယ်စပ် မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာနိုင်ငံဘက်မှ ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ အဆင်သင့်မဖြစ်သေးဟု သိရ သည်။ မြ၀တီ-မဲဆောက် သောင်ရင်းဖြတ်ကျော် ချစ်ကြည်ရေးတံတားအား နံနက် ၆ နာရီမှ ညနေ ၆ နာရီ ဖွင့်လှစ်နေရာမှ ခရီးသွားပြည်သူများနှင့် နယ်စပ်ကုန်သွယ်မှု ပိုမိုလွယ်ကူ မြန်ဆန်လာစေရန် ရည်ရွယ်၍ နံနက် ၅ နာရီတွင် ဖွင့်လှစ်ရန်နှင့် ည ၈ နာရီ တံခါးပိတ်ရန် နှစ်နိုင်ငံဆွေးနွေးနေခြင်းဖြစ်သည်။

မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့်ကိစ္စများ ဆောင်ရွက်ရန်စီစဉ်နေ

Photo: မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့်ကိစ္စများ ဆောင်ရွက်ရန်စီစဉ်နေ
Monday, December 1, 2014

မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့် ကိစ္စများဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအရ သိရသည်။

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီကို နိုင်ငံတော်အတွင်း မြေသယံဇာတအသုံးချမှု မူဝါဒရေးဆွဲရန်လိုအပ်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲအသုံးချရေး ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဗဟိုကော်မတီတွင် ဒုတိယသမ္မတ (၂) က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန(၅)၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်၊ သတ္တုတွင်း၊ ဘဏ္ဍာရေး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆောက်လုပ်ရေးစသည့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌများ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီသည် အမျိုးသားမြေအသုံးချမှု မူဝါဒရေးဆွဲနိုင်ရေး စီမံဆောင်ရွက်ခြင်း၊ မြေအရင်းအမြစ်ဆိုင်ရာ ဥပဒေအသီးသီးကို လွှမ်းခြုံသည့် အမျိုးသားမြေအရင်းအမြစ် ဥပဒေတစ်ရပ် ပြုစုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ အမျိုးသားမြေအရင်းအမြစ်ဥပဒေ ရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် ဥပဒေရေးဆွဲပြုစုရေး ကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ကာ သတ်မှတ်ကာလအတွင်း ဥပဒေအတည်ပြုနိုင်ရေး လမ်းညွှန်ကြပ်မတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒအစီအမံ ညှိနှိုင်းရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့်ကိစ္စများ စနစ်တကျစီမံခြင်း၊ စီးပွားရေးအကျိုးဖြစ်ထွန်းမှု အများဆုံးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် မြေအသုံးချမှုဦးစားပေး အစီအစဉ်များ ရေးဆွဲနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အခွန်စနစ်နှင့်အတူ တရားဥပဒေစိုးမိုးမှု အားနည်းချက်များက အိမ်ခြံမြေဈေးကစားမှုများနှင့် ဈေးနှုန်းအလွန်အမင်း မြင့်တက်နေမှုတို့ကို ထိန်းချုပ်၍မရနိုင်သော အကြောင်းအရင်းများဖြစ်နေကြောင်း စီးပွားရေးပညာရှင်အချို့နှင့် ဥပဒေပညာရှင်အချို့က သုံးသပ်ထားမှုများလည်း ရှိခဲ့သည်။

အိမ်ခြံမြေဈေးကစားမှုများနှင့် ဈေးနှုန်းအလွန်အမင်း မြင့်တက်မှုများကို နိုင်ငံတကာတွင် အခွန်စနစ်ဖြင့် ထိန်းချုပ်ထားသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခွန်စနစ်သည် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုအား ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ထို့အတွက် ကောင်းမွန်ပြီးစနစ်ကျသည့် အခွန်စနစ်တစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေကြောင်းလည်း သိရသည်။

အိမ်ခြံမြေဈေးကစားမှုများအပေါ် အရေးယူခဲ့မှုများရှိကြောင်း၊ အခွန်တိမ်းရှောင်မှုများ ရှိပါကလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ဖူးသည်။

အိမ်ခြံမြေ ရောင်းဝယ်နေသူများ ရင်းနှီးလုပ်ကိုင်သည့် ငွေကြေးမှာ တရားဝင်ငွေများဖြစ်ပြီး ၎င်းတို့ရရှိသည့် မြတ်စွန်းငွေများအပေါ် ၀င်ငွေခွန်ဥပဒေနှင့်အညီ အခွန်ပေးဆောင်ထားပါက အဆိုပါ အိမ်ခြံမြေ ရောင်းဝယ်သူများအား အရေးယူဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ သို့ရာတွင် တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးအသုံးပြုကာ အိမ်ခြံမြေဝယ်ယူခြင်း၊ အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ပေးဆောင်ရသည့် ၀င်ငွေခွန်များအား တိမ်းရှောင်ခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးဆောင်ရွက်ချက်နှင့် စီမံချက်များကို ထိခိုက်စေရန် ကြံရွယ်ပြုလုပ်ခြင်းများ ကျူးလွန်ပါက အိမ်ခြံမြေ ရောင်းဝယ်သူများအား တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

Eleven Media Group 

ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေကွက်များအား အပေါ်စီးမှ တွေ့ရစဉ်
ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေကွက်များအား အပေါ်စီးမှ တွေ့ရစဉ်
မြေအရောင်းအ၀ယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒရေးဆွဲခြင်းနှင့် မြေအသုံးချမှုများ အပေါ် အခွန်အခကောက်ခံသည့် ကိစ္စများဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအရ သိရသည်။

နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ ရန်ကုန်သို့ ရောက်ရှိ နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော်၌ ယနေ့ တွေ့ မည်

Photo: နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ ရန်ကုန်သို့ ရောက်ရှိ နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော်၌ ယနေ့ တွေ့ မည်
Monday, December 1, 2014

နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ သည် နိုဝင်ဘာ ၃၀ ရက်ညနေပိုင်း၌ ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁ ရက်)တွင် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော်၌ တွေ့ ဆုံ မည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ခုနှစ် နော်ဝေခရီးစဉ်အတွင်းက
နော်ဝေဘုရင် HaraldV နှင့်ကြင်ယာတော်တို့ အား တွေ့ ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ 
လာလည်ပါရန် ဖိတ်ကြားခဲ့မှုကြောင့် မြန်မာနိုင်ငံသို့ ယခုကဲ့သို့ လာရောက်ခြင်း
ဖြစ်ကာ ဒီဇင်ဘာာ ၅ ရက်အထိမြန်မာနိုင်ငံတွင်ရှိနေမည်ဖြစ်ကြောင်းသိရသည်။ ဘုရင် Harald V နှင့်ကြင်ယာတော် Queen Sonja တို့ သည် ရန်ကုန်တွင် ညအိပ်ခဲ့ကြပြီး ဒီဇင်ဘာ ၁ရက်တွင်နေပြည်တော်သို့ ထွက်ခွာ၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ ကို တွေ့ ဆုံသွားမည်ဟုသိရသည်။ ၄င်း၏ခရီးစဉ်အတွင်း ဒီဇင်ဘာ ၂ ရက်၌ ရန်ကုန်တက္ကသိုလ်တွင် မိန့် ခွန်းပြောကြားမည်ဖြစ်ပြီး ယင်းမှ တစ်ဆင့် ယဉ်ကျေးမှု မြို့ တော် ပုဂံသို့ သွားရောက်ကာ ပုဂံဘုရားများကို ဖူးမြော်ကြမည်ဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်အတွင်း၌ နှစ်ညအိပ်နေထိုင်သွား
မည်ဖြစ်ကြောင်းလည်းသိရသည်။ ထူးခြားမှုအဖြစ် အင်္ဂလိပ်-မြန်မာ
ပထမစစ်ပွဲရပ်ဆိုင်းရန် စာချုပ်ချုပ်ဆိုခဲ့သည့် ရန္တပိုကျေးရွာမှ နာမည်ကျော် အိုးဖုတ်သည့်လုပ်ငန်းများကိုလည်းလေ့လာသွားမည်ဖြစ်ကြောင်းသိရသည်။ ဘုရင် Harald V သည် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ၎င်း၏ခမည်းတော် ကွယ်လွန်ပြီးနောက် နော်ဝေနိုင်ငံ၏ ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်ပြီး ပဉ္စမမြောက် အော်လက်ဗ်ဘုရင်နှင့် မင်းသမီးမာသာတို့၏ တစ်ဦးတည်းသော သားတော်ဖြစ်ကြောင်းလည်းသိရသည်။ 

ယင်းအပြင် Harald V ဘုရင် သည် နော်ဝေကြည်းတပ်၊ လေတပ်နှင့် ရေတပ်တို့၏ ဗိုလ်ချုပ်ကြီးဖြစ်ပြီး နော်ဝေနိုင်ငံ၏ အဆင့် အမြင့်ဆုံး အရာရှိလည်း ဖြစ်ကြောင်း၊ နော်ဝေတော်ဝင်မိသားစုသည် အားကစားနှင့် ပြင်ပအပန်းဖြေလှုပ်ရှားမှုများတွင် ဝါသနာထုံပြီး Harald V ဘုရင်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အလေးအနက်ပါဝင်ဆောင်ရွက်သူဖြစ်ကာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ နော်ဝေရုံး၏ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ကြောင်းလည်းသိရသည်။ 
၎င်း၏ သမိုင်းဝင် မြန်မာခရီးစဉ်အတွင်း ၄င်းနှင့်အတူ ပါလာခဲ့သော ၀န်ကြီးများနှင့် မြန်မာနိုင်ငံဘက်မှ ၀န်ကြီးများက နှစ်နိုင်ငံစီးပွားရေးနှင့်
ကဏ္ဍမျိုးစုံအတွက်လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်းသိရကာ နော်ဝေနှင့်
မြန်မာမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တွင် တည်ထောင်ထားသော Green Productivity Institute ကို ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

Pyimyanmar
နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ သည် နိုဝင်ဘာ ၃၀ ရက်ညနေပိုင်း၌ ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁ ရက်)တွင် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော် ၌ တွေ့ ဆုံ မည်ဖြစ်ကြောင်းသတင်းရရှိသည်။