မြန်မာနိုင်ငံတွင် ဈေးကွက်ရေးရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန် အမေရိကန် က စီးပွားရေးပိတ်ဆို့ မှုဖြေလျှော့ ပေးသော်လည်း အချို့ငွေစာရင်းလွှဲပြောင်းမှုများတွင် ယခုအချိန်ထိ အခက်အခဲရှိနေ ဆဲ ဖြစ် ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
Thursday, 18 September 2014
နှစ်သုံးဆယ်က ခံစားမှုမျိုးပေးမယ့် သူငယ်ချင်းသုံးယောက်ဖျော်ဖြေပွဲ

ဓာတ်ပုံ−ကျော်ဇင်သန်း
သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုမည့်ပရိသတ်များအတွက် လွန်ခဲ့ သည့်နှစ်သုံး ဆယ် က ခံစားမှုမျိုး ရရှိစေရန် ဖျော်ဖြေပေးသွားမည် ဟု ကိုင်ဇာကပြောသည်။
မိုဘိုင်းဆင်းမ်ကတ်မှောင်ခိုဈေးကွက် ထိန်းချုပ်ရန် အစီအစဉ်ဆွဲမည်ဟုဆို

ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိဖုန်းဆိုင်ရှေ့၌ ဆင်းမ်ကတ်ဝယ်ယူရန် တိုးဝှေ့နေစဉ်(ဓာတ်ပုံ −ကျော်ဇင် သန်း)
မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရာတွင် မှောင်ခိုဈေးကွက်များ ဖြစ်ပေါ်နေခြင်းကို ထိန်းချုပ်နိုင်ရန် အစီ အစဉ်များ ပြုလုပ်၍ အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင် ထွန်းက ပြောသည်။
မန္တလေးမြို့ပြဧရိယာ စစ်ကိုင်းအထိပါနိုင်ဟု ပညာရှင်ခန့်မှန်း
မန္တလေးမြို့ပြဧရိယာချဲ့ထွင်မှုသည် နယ်ကျော်၍ စစ်ကိုင်းမြို့အထိပါရောက်ရှိ သွားနိုင် ကြောင်း ပြင် သစ်နိုင်ငံ မှ မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်းများလေ့လာနေ သည့် FASEP အဖွဲ့မှ Team Leader Mr. Christian Moncet က ခန့်မှန်းလိုက်သည်။
မြန်မာ့ဆန် အာဖရိကမှ ၀ယ်ယူနေ၍ စပါးဈေးကျရန် အလားအလာနည်း
မိုးစပါးရိတ်သိမ်းရန် တစ်လ၀န်းကျင်အလိုတွင် အာဖရိကနိုင်ငံများက မြန်မာ့ဆန် တန်ချိန်ခြောက်သောင်း ခန့်ဝယ်ယူနေခြင်းေ ကြာင့် စပါးဈေးကျဆင်းမည့် အလားအလာနည်းကြောင်း မြန်မာနိုင်ငံဆန်စပါး အဖွဲ့ ချုပ်မှ သတင်းရရှိသည်။
ကယ်လ်မေဂီမုန်တိုင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ဝင်ရောက်လာနိုင်
ကယ်လ်မေဂီမုန်တိုင်းသည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့နံနက်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက် လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားပြီး ဘင်္ဂလားပင် လယ်အော်၌ဖြစ်ပေါ်နေ သည့် လေဖိအားနည်း ရပ်ဝန်းကြောင့် မုတ်သုံလေအားအလွန်ကောင်းနေသည်။
ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံကိန်းဆိုင်ရာအကြံပြုဆွေးနွေးပွဲများ ရန်ကုန်နှင့်မန္တလေးတွင် ကျင်းပမည်
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံကိန်းနှင့်ပတ်သက်၍ လူထု အကြံ ဉာဏ် ယူသွားမည်ဖြစ် ပြီးအကြံပြုဆွေးနွေးချက်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးနှစ် မြို့၌ ကျင်းပ မည်ဖြစ်သည်။
ပရိုဘောက်စ်ကားများ ဂျပန်နိုင်ငံအတွက်သာ ထုတ်ထားခြင်းဖြစ်၍ မြန်မာနိုင်ငံနှင့် မသင့်လျော်ဟုပြော

ရန်ကုန်မြို့လယ်တစ်နေရာတွင် မောင်းနှင်နေသည့် ပရိုဘောက်စ်ကားများ (ဓာတ်ပုံ− နစ်ကီ)
ပရိုဘောက်စ်ကားများကို ဂျပန်နိုင်ငံတွင်သာအသုံးပြုရန် တိုယိုတာကားကုမ္ပဏီက ရည်ရွယ်ထုတ် လုပ်ခြင်းဖြစ်၍ မြန်မာ နိုင်ငံအခြေအနေနှင့် သုံးစွဲရန် မသင့်လျော်ကြောင်း တိုယိုတာ ကားတင်သွင်းဖြန့် ချိရောင်း ချခွင့် ရရှိထားသည့် TTAS ကုမ္ပဏီ အ ထွေထွေမန်နေဂျာ ဦးမျိုးမြင့်သိန်းကပြောကြားသည်။
(၄၀)ကျော် ထိပ်ပြောင်သော အမျိုးသားများ ကင်ဆာရောဂါအန္တရာယ်ပိုများ
အသက်(၄၀)ကျော် ထိပ်မပြောင်သောအမျိုးသားများနှင့် နှိုင်းယှဉ်ပါက အသက် (၄၅)နှစ်အရွယ်တွင် ပုံစံ တစ်မျိုး မျိုးဖြင့် ထိပ်ပြောင်သော အမျိုးသားများသည် အသက်ကြီးလာချိန်တွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်သည့် အန္တရာယ် ၄၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
တိုယိုတာကုမ္ပဏီ ကားမော်ဒယ်ခုနစ်မျိုး စတင်ရောင်းချ

တိုယိုတာကုမ္ပဏီထုတ် ကန်မရီကားသစ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ− မိုးညို)
မြန်မာနိုင်ငံတွင် အခြေ စိုက်ဖွင့်လှစ်နေပြီဖြစ်သည့် ဂျပန် ကားကုမ္ပဏီ တိုယိုတာ က မော် ဒယ် ခုနစ်မျိုးကို စတင်တင်သွင်း ရောင်းချနေပြီဟု တိုယိုတာကုမ္ပဏီ က သတင်းထုတ်ပြန်သည်။
ကိုရီးယား စက်ရုံအလုပ်သမားများကို ရဲတပ်ဖွဲ့ ဖြိုခွင်းရခြင်းရှင်းလင်း
မာစတာစပေါ့ အလုပ်သမားများက အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကို စက်ရုံအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ရာကျော်က အင်အားသုံး၍ ဖြိုခွင်းခဲ့ခြင်း သာဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန် မြို့ လုံခြုံရေး ကွပ်ကဲမှု အဖွဲ့မှူးရုံး ရဲမှူးကြီးချစ်ဦးက ပြောသည်။
လက်နက်ကိုင်အဖွဲ့များ မြို့တွင်းသွားလာရာတွင် လိုက်နာရန် အစိုးရတပ်က ထုတ်မည့် စည်းကမ်းချက်များအပေါ် တုံ့ပြန်

မြ၀တီမြို့တွင် တွေ့ရသည့် KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ−ကရင် အမျိုးသားမီဒီယာ)
ငြိမ်းချမ်းရေးရယူထားသည့် လက်နက်ကိုင်အဖွဲ့များ မြို့တွင်း၊မြို့ပြင် သွားလာရာတွင် ယူနီဖောင်း ၀တ်ဆင်ခြင်း၊ လက် နက်ကိုင်ဆောင်ခြင်းများ မပြု လုပ်ရန် အစိုးရတပ်ဘက်မှ အ ကြောင်းကြားမှုကို လက်မခံ ကြောင်း KNU/KNLA ငြိမ်းချမ်း ရေးကောင်စီက ကြေညာချက် ထုတ်ပြန်၍တုံ့ပြန်လိုက်သည်။
ငလျင်ဧရိယာအတွင်းပါဝင်နေသော်လည်း Capital City စီမံကိန်း စိတ်ဝင်စားသူများဟုကုမ္ပဏီပြော
ဆောက်လုပ်ရေးနှင့် ရင်း နှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Capital Development မှ တည် ဆောက်သည့် Capital City သည် ငလျင်ဧရိယာအတွင်း ပါဝင်နေသော်လည်း စိတ်ဝင်စားသူများပြားကြောင်း သတင်း ရရှိသည်။
NDF သို့ ပြောင်းသွားခဲ့သည့် ပါတီဝင် လေးဦးကို ဒီချုပ်ပြန်လည်လက်ခံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှထွက်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအင်အားစု (NDF) ပါတီ သို့ ပြောင်းသွားခဲ့သည့် ပါတီဝင် လေးဦးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင် အဖြစ် ပြန် လည်လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆန် အာဖရိကမှ ၀ယ်ယူနေ၍ စပါးဈေးကျရန် အလားအလာနည်း
မိုးစပါးရိတ်သိမ်းရန် တစ်လ၀န်းကျင်အလိုတွင် အာဖရိကနိုင်ငံများကမြန်မာ့ဆန် တန်ချိန်ခြောက်သောင်းခန့် ၀ယ် ယူနေခြင်းကြောင့် စပါးဈေးကျဆင်းမည့်အလားအလာနည်း ကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ သတင်းရရှိသည်။
တရားခွင်အတွင်း ဓားထိုးမှုဖြစ်ပွားပြီးနောက် တရားရုံးများ လုံခြုံရေးတိုးမြှင့်မည်ဟုဆို
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တရားရုံးတစ်ခုတွင် အမှုစစ်ဆေးနေစဉ်
ဓားထိုးမှုဖြစ်ပွားခဲ့ ပြီးနောက် တရားရုံးများ၏ လုံခြုံ ရေးတိုးမြှင့်ရန်
စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး တရား ရေးဦးစီးဌာနမှ သတင်းရရှိ သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံး တွင် အမှုစစ်ဆေးနေစဉ် တရား ခွင်အတွင်း သက်သေထွက်ဆိုနေ သည့် အမျိုးသမီးကို ၎င်း၏ခင်ပွန်း တရားခံအမျိုးသားက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖြစ် ပွားပြီးနောက် တရားရုံးများ၏ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး တရားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျင်တင်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံး တွင် အမှုစစ်ဆေးနေစဉ် တရား ခွင်အတွင်း သက်သေထွက်ဆိုနေ သည့် အမျိုးသမီးကို ၎င်း၏ခင်ပွန်း တရားခံအမျိုးသားက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖြစ် ပွားပြီးနောက် တရားရုံးများ၏ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး တရားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျင်တင်က ပြောသည်။
စစ်တွေတွင် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းမိ
စစ်တွေမြို့ မြို့ပေါ်ရပ်ကွက် တခုဖြစ်တဲ့ ကသည်းရပ်ကွပ်
ဆိပ်ရိုးကျဆိပ်ခံတံတားအမှတ် ၁၉ မှာ ဆိုက်ကပ်ထားတဲ့ မင်းမင်း-၁ စက်လှေကို
သတင်းအရရှာဖွေရာမှာ အမေရိကန်လုပ်လက်ပစ်ဗုံး ၂ လုံးကို
ရှာဖွေသိမ်းဆည်းခဲ့ပြီး တရားခံလို့ ယူဆရတဲ့ ဦးကျော်တင် အသက် (၄၉)
နှစ်ကို စစ်ဆေးနေပါတယ်။
ချယ်ရီဦးမှနာရီများ ကွဲလွဲတင်သွင်းမှုကို ပြည်ထဲရေးဝန်ကြီးဌာနကပါ စတင်စုံစမ်းစစ်ဆေးမှုရှိလာ
နိုင်မိသားစုကုမ္ပဏီ ချယ်ရီဦးမှနာရီများ ကွဲလွဲတင်သွင်းလာပြီး
စိစစ်မှုမပြီးပြတ်မီ အကောက်ခွန်ဌာနမှ ပစ္စည်းများအားလုံး
ထုတ်ယူခွင့်ပြုခဲ့မှုအပေါ် ပြည်ထဲရေးဌာနမှလည်း ယခုအခါ စစ်ဆေးချက်များ
ရယူနေပြီဖြစ်ကြောင်း Mobile Team အဖွဲ့ထံမှ စုံစမ်းသိရသည်။
နိုင်မိသားစုကုမ္ပဏီ ချယ်ရီဦးမှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃ ရက်တွင်
သွင်းကုန်လိုင်စင်အမှတ် IL23111(21.8.2014)၊ ID-525623(1.9.2014)၊ Air Way
Bil အမှတ် ၄၉၄၀၈၀၅၃ တို့ဖြင့်
ကိုရီးယားနိုင်ငံထုတ် Quartz အမျိုးအစား Romanson Brand Assorted Gents
& Ladies Watch(with Accessories) Stainless & Leather နာရီ ၉၃၇
လုံးအားတင်သွင်းလာခဲ့ပြီး Mobile Team အဖွဲ့နှင့် အကောက်ခွန်အဖွဲ့ထံသို့
ပြသစစ်ဆေးမှုခံခဲ့ကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးအား ဖမ်းဆီးတရားစွဲဆိုခြင်းသည် ကျောင်းသားအခွင့်အရေးကို ထိခိုက်နစ်နာစေဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်
ရတနာပုံတက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို ဖမ်းဆီးတရားစွဲဆိုခြင်းသည်
ကျောင်းသားထု အခွင့်အရေးကို ထိခိုက်နစ်နာစေခြင်း အပါအဝင် အချက်ငါးချက်ဖြင့်
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က စက်တင်ဘာ ၁၆ ရက်
ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပျောက်ဆုံးတောင်တက်သမားနှစ်ဦးအား အမေရိကန်အပါအဝင် နိုင်ငံခြောက်နိုင်ငံ ပူးပေါင်းရှာရန်ပြင်ဆင်
ခါကာဘိုရာဇီ ရေခဲတောင်တွင် နှစ်ပတ်ကြာ ပျောက်ဆုံးနေသည့် တောင်
တက်သမားနှစ်ဦးအား အမေရိကန်အပါ အဝင် ခြောက်နိုင်ငံအထိ ပူးပေါင်းကာ
အင်အားတိုးမြှင့် ရှာဖွေရန် ပြင်ဆင်နေ ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။
အဆိုပါပျောက်ဆုံးနေသော တောင် တက်သမားနှစ်ဦးအား ရှာဖွေရန် လက် ရှိတွင်
မြန်မာ၊ ဂျပန်နှင့် တရုတ် သုံးနိုင်ငံ တို့မှ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း
ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ် ဆောင်နေလျက် ရှိပြီး ထပ်မံ၍ကယ်ဆယ်
ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရန် အမေရိကန်၊ နီပေါနှင့်
ထိုင်းနိုင်ငံတို့ အား ကမ်းလှမ်းထားကြောင်း ထူးဖောင် ဒေးရှင်းမှ
ပြန်ကြားရေးတာဝန်ခံ ကိုဖြိုး ကိုကိုက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ပြော သည်။
Subscribe to:
Posts (Atom)