အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြင်ပသို့ ရောက်ရှိနေ သော ပါတီဝင်ဟောင်းများ စုစည်းကာ နိုင်ငံရေးပါတီ တည်ထောင်မည့် ကိစ္စရပ်ကို ယခုလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Monday, 8 September 2014
တစ်နိုင်ငံလုံး လူဦးရေစာရင်းနှင့် မဲပေးခွင့်ရှိသူဦးရေ ဆက်စပ်မှုမရှိဟုဆို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည်။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
တစ်နိုင်ငံလုံး လူဦးရေ စာရင်းနှင့် ရွေးကောက်ပွဲတွင် မဲ ပေးပိုင်ခွင့်ရှိသူဦးရေသည် ဆက် စပ်မှုမရှိကြော င်း ပြည်ထော င်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ၀င်ဦးဝင်းကြည် က ပြောကြား လိုက်သည်။
ကမ္ဘာ့လှည့်ခရီးသွားများ ဆွဲဆောင်နိုင်ရန် မနူဟာအရုပ်သွန်းပွဲတော် ဒုတိယအကြိမ် ကျင်းပ

ပုဂံ-ညောင်ဦးတွင် မနူဟာအရုပ်သွန်းပွဲတော်လှည့်လည်ကျင်းပနေစဉ် (ဓာတ်ပုံ - မင်းနိုင်အောင်)
ပုဂံမြို့ခရီးသွားရာသီအစတွင် ပြုလုပ်သော မနူဟာ အရုပ်သွန်းပွဲတော်ကို ကမ္ဘာ့လှည့် ခရီးသွားများ ဆွဲဆောင်ရန်ရည်ရွယ်ကာ စက်တင်ဘာ ၇ ရက် တွင် ဒုတိယအကြိမ် ကျင်းပခဲ့သည်။ အဆိုပါ အရုပ်သွန်း ပွဲတော်ကို မနူဟာဘုရားပွဲတော် အစနေ့ ဖြစ်သော စက်တင်ဘာ ၇ ရက် တွင် ကျင်းပပြု လုပ်ခြင်းဖြစ်သည်။
ပုဂံမြို့ခရီးသွားရာသီအစတွင် ပြုလုပ်သော မနူဟာ အရုပ်သွန်းပွဲတော်ကို ကမ္ဘာ့လှည့် ခရီးသွားများ ဆွဲဆောင်ရန်ရည်ရွယ်ကာ စက်တင်ဘာ ၇ ရက် တွင် ဒုတိယအကြိမ် ကျင်းပခဲ့သည်။ အဆိုပါ အရုပ်သွန်း ပွဲတော်ကို မနူဟာဘုရားပွဲတော် အစနေ့ ဖြစ်သော စက်တင်ဘာ ၇ ရက် တွင် ကျင်းပပြု လုပ်ခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း အိန္ဒိယကမ်းခြေသို့ဝင်ရောက်
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ယင်းလေဖိအားနည်း ရပ်ဝန်း သည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေသို့ ရွေ့လျားဝင် ရောက်နေကြောင်းမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ခရီးသည်ယာဉ်များထက် ကိုယ်ပိုင်နှင့် အငှားယာဉ်များက စည်းကမ်းပိုဖောက်သည်ဟု မထသ အတွင်းရေးမှူးပြော
ရန်ကုန်မြို့တွင်း သွား လာလျက်ရှိသည့် အငှားယာဉ်နှင့် ကိုယ်ပိုင် ယာဉ်မောင်းန
နှင်သူများ မှာ ခရီးသည်တင်ယာဉ်မောင်း များထက် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း လိုက်နာကြခြင်းမရှိ သည့်အတွက် ယာဉ်မတော်တဆ မှုပိုမိုများပြားနေရကြောင်း မထသ(ဗဟို)အတွင်းရေးမှူး ဦးဘမြင့် ကပြောသည်။
ဗီဇာအတုဖြင့် မလေးရှားသို့ ခေါ်ဆောင်သူသုံးဦးကို ယနေ့အမိန့်ချမှတ်ဖွယ်ရှိ
မလေးရှားနိုင်ငံသို့ ဗီဇာအတုများဖြင့်လာရောက်မှု ကြောင့် ထောင်ကျနေသောမြန် မာနိုင်ငံသား ၅၂ဦး ကိုခေါ်ဆောင် လာ သူ သုံးဦးအား မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက ယနေ့ရုံးထုတ် စစ်ဆေးပြီး အပြီးသတ် အမိန့်ချ ဖွယ်ရှိကြောင်းသတင်းရရှိသည်။
မြင်းခြံ၊ရေစကြိုရှိ ကျေးရွာအချို့ ကမ်းပါးပြိုမည့်အန္တရာယ် ရင်ဆိုင်နေရ
မြင်းခြံမြို့နယ်နှင့် ရေစ ကြိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ဧရာဝတီမြစ်ရေ ကျဆင်းချိန်တွင် ကမ်းပါးပြိုကျ မည့် အန္တရာယ်စိုးရိမ်နေရကြောင်း သတင်းရရှိ သည်။
တံတားဦးလေဆိပ်အား မစ်ဆူဘီရှီမှ လွှဲပြောင်းယူပြီးပါက ပို့ကုန်စင်တာတစ်ခု ဆက်စပ်ဖွင့်လှစ်မည်

တံတားဦးလေဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))
တံတားဦးအပြည်ပြည် ဆိုင်ရာ လေဆိပ်အား မစ်ဆူဘီရှီ ကုမ္ပဏီက တရားဝင်လွှဲပြောင်း ရယူပြီးပါက လေဆိပ်အနီးတွင် နိုင်ငံတကာသို့ တိုက်ရိုက်တင်ပို့ နိုင်မည့် ပို့ကုန်စင်တာတစ်ခု ဆက် စပ်ဖွင့်လှစ်သွားရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။
Saturday, 6 September 2014
မြန်မာနှင့် ဖိလစ်ပိုင်တို့၏ ဗိုလ်လုပွဲစဉ်ကို MRTV မှ တိုက်ရိုက်ပြသမည်

ြ မြန်မာလက်ရွေးအသင်း၏ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV မှ စက်တင်ဘာ ၆ရက် မြန်မာစံတော်ချိန် ညနေ ၅း၁၅ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်မှစတင်ယှဉ်ပြိုင်ကစား ခဲ့ကြပြီး ပါလက်စတိုင်း အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည်ဗိုလ်လုပွဲစဉ်တွင် တရုတ်တိုင်ပေ အသင်းအား(၅-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သော အိမ်ရှင်ဖိလစ် ပိုင်အသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းပွဲစဉ်ကို ထုတ်လွှင့်ပြသနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၅၀၀ ခန့်သုံးစွဲခဲ့ရသည်။
အသုံးချခံ ယန္တရားနဲ့ ကလေးတယောက်ရဲ့ ဘ၀အိပ်မက်

ပါးလွှာပေါက်ပြဲစ ပြုနေသော ရာဘာဖိနပ်ကို စီးထားတဲ့ ၁၂ နှစ် အရွယ် ကလေးငယ်လေးဟာ ဆူညံစည်ကားနေတဲ့ လက်ဖက်ရည် ဆိုင်ထဲမှာ ထိုင်နေလျက်က မကြာခဏဆိုသလို လမ်းဘက်ကို မျှော်ကြည့်ရင်း မျက်နှာပေါ်က စိုးရိမ်မှုတွေကို လူမသိအောင် ခိုးဝှက် လုပ်ဆောင်နေတာဟာ မြစ်ကြီးနားမြို့က လက်ဖက်ရည်ဆိုင်ထဲမှာရှိတဲ့ လူတိုင်းနီးပါးက သတိထားမိပါတယ်။
ဆီလိမ်းမထားတဲ့ နီရဲနေတဲ့ သူ့ရဲ့ဆံပင်၊ စုတ်ပြဲမနေပေမယ့် ကြေမွှနေတဲ့ အင်္ကျီနွမ်းလေးကို ၀တ်ဆင်ထားတဲ့ ဒီကလေးငယ်ဟာ လူများတဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေရပေမယ့် သူ့ကိုယ်သူ မလုံခြုံဘူးလို့ ခံစားနေရတဲ့စိတ်က မျက်နှာပေါ်မှာ အထင်းသား ပေါ်လွင်နေပါတယ်။
ဦးဆန်းဆင့် ၀မ်းကိုက်ရောဂါ ပြင်းထန်စွာ ခံစားနေရဟုဆို
နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံအလွဲသုံးမှုတို့ဖြင့် နေပြည်တော်၊ ဒက္ခိဏခရိုင်တွင် တရား ရင်ဆိုင်နေရသော ဦးဆန်းဆင့်သည် ရမည်းသင်းအကျဉ်းထောင်တွင် ၀မ်းကိုက်ရောဂါပြင်း ထန်စွာခံစားခဲ့ ရသည်ဟု ၎င်း၏ရှေ့နေ ဦးတင်ထွန်းက အတည်ပြုပြောကြားသည်။ဦးဆန်းဆင့်၏ အမှုများကို ရှေ့နေအဖြစ်ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက “မနေ့ ကရမည်းသင်း အကျဉ်းထောင်မှာ အကြိမ်ကြိမ်ဝမ်းသွားတယ်၊ အခုရုံးတော်မှာလဲ ခဏခဏသွားတော့ အင်အားမရှိဖြစ်သွားတယ်” ဟု မီဒီယာများသို့ ပြောသည်။ဒက္ခိဏခရိုင်တရားရုံးတွင်လည်း ၀မ်းခဏခဏဆက်သွားနေသဖြင့် ခရိုင်တရားသူကြီးထံ တင်ပြရာ တရားသူကြီးက အနားယူရန် နားနေခန်းတွင် ထားပေးသည်ဟု ဦးတင်ထွန်းက ဆိုသည်။
ရန်ကုန်တွင် အကြမ်းဖက်မှု ဖြစ်ပါက အချိန်မီထိန်းနိုင်ရန် ရဲအင်အား အသင့်ပြင်ထားဟုဆို
မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး နေထိုင်သော ရန်ကုန်မြို့တော်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာပါက အချိန်မီ ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အသင့်ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး သက်လွင်က ပြောကြားသည်။
စက်တင်ဘာလ ၃ ရက်နေ့က အယ်လ်ကေဒါ အကြမ်းဖက် စစ်သွေးကြွ လှုပ်ရှားသူများ၏ အွန်လိုင်းဖိုရမ်၌ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ The Voice က ဆက်သွယ်မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် အချိန်မီထိန်းနိုင်ဖို့ ရဲအင်အားကို အသင့်ပြင်ထားပါတယ်။ ပြည်သူတွေ စိုးရိမ်နေသလို ထွက်ပေါ်နေတဲ့ သတင်းရင်းမြစ်က ဘယ်လောက် သေချာလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်။ ဒီသတင်းက မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဆွပေးသလို ဖြစ်နိုင်တာကြောင့်ပါ” ဟု ၎င်းက ရှင်းပြသည်။
စက်တင်ဘာလ ၃ ရက်နေ့က အယ်လ်ကေဒါ အကြမ်းဖက် စစ်သွေးကြွ လှုပ်ရှားသူများ၏ အွန်လိုင်းဖိုရမ်၌ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ The Voice က ဆက်သွယ်မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် အချိန်မီထိန်းနိုင်ဖို့ ရဲအင်အားကို အသင့်ပြင်ထားပါတယ်။ ပြည်သူတွေ စိုးရိမ်နေသလို ထွက်ပေါ်နေတဲ့ သတင်းရင်းမြစ်က ဘယ်လောက် သေချာလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်။ ဒီသတင်းက မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဆွပေးသလို ဖြစ်နိုင်တာကြောင့်ပါ” ဟု ၎င်းက ရှင်းပြသည်။
ငါးကြီးဆီ၏ ကောင်းကျိုးများ

ငါးကြီးဆီဟာ အစားအသောက် စားချင် စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetideကို မြင့်မား စေပါတယ်။
အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥ တွေကို များလာ စေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံ အားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာ သန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။
စားပွဲထိုးဘဝက မော်ဒယ်လ် ဖြစ်လာသူ ရှမ်းမလေး နန်းနွတ်နဲ့ အင်တာဗျူး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ လက်ပ်ယန်းဆိုတဲ့ စားသောက်ဆိုင်မှာ ငါးနှစ်နီးပါးကြာအောင် စားပွဲထိုး အလုပ်လုပ်နေရင်း အခုအခါမှာတော့ စားပွဲထိုးအလုပ်အပြင် ထိုင်းနိုင်ငံရဲ့ အွန်လိုင်းရှော့ပင်း (Online shopping) တွေမှာ မော်ဒယ်လ် တယောက်အနေနဲ့ လူသိများ ထင်ရှားလာသူ နမ်းနွတ်ဆိုတဲ့ ရှမ်းတိုင်းရင်းသူလေးဟာ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ ၇ နှစ်ကျော် ၈ နှစ်ကာလ၊ သူ့အသက် ၁၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
Friday, 5 September 2014
လုပ်ကိုင်မည့်သူမရှိ၍ နေပြည်တော် မွေးမြူရေးဇုန်အတွက် လုပ်ငန်းရှင်များ ထပ်ခေါ်
နေပြည်တော်တွင် မွေး မြူရေးဇုန်များ တည်ဆောက်ထား သော်လည်း လုပ်ငန်းရှင်များ လုပ် ကိုင်မှု မရှိ သဖြင့် ထပ်မံ ဖိတ်ခေါ် ထားကြောင်း သတင်းရရှိသည်။
NNERနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှေ့ဆက်သွားမည့်ပညာရေး စနစ် ဆွေးနွေးမည်

အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူလေးများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် ပညာရေးစနစ်နှင့် ပတ် သက်၍ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး ကွန်ရက် (NNER) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များ စက်တင်ဘာ ၆ ရက်တွင် တွေ့ဆုံဆွေးနွေး သွားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဖေ့စ်ဘွတ်ခ်ပေါ်မှ အမုန်းပွားသည့်အရာများက ဦးနှောက်ကို ထိခိုက်စေနိုင်
ဖေ့စ်ဘွတ်ခ်ပေါ်တွင် လိင်တူဆက်ဆံသူများအကြောင်း၊ လူမျိုးရေးခွဲခြားမှုများအကြောင်း၊ မကြိုက်မနှစ်သက် မှုများ(သို့) အခြားအမုန်းပွားသည့် အကြောင်းအရာများကို သင်တွေ့မြင်ဖတ်ရှုနေပါသလား။ ယင်းကဲ့ သို့ ရေရှည်တွေ့မြင်ဖတ်ရှုနေရပါက ဦးနှောက်ကို အန္တရာယ်ဖြစ်စေသည်။
အမြန်လမ်းတစ်လျှောက် အန္တရာယ်ရှိသည့် မိုင်တိုင် ၁၄ ခု ထုတ်ပြန်
အမြန်လမ်းတစ်လျှောက် သတိထားမောင်းနှင်ရမည့် အန္တ ရာယ်ရှိသော မိုင်တိုင် ၁၄ ခုကို ပထမဆုံး အကြိမ် အဖြစ် အမြန် လမ်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့တွင် ဂျီဟတ်လှုပ်ရှားမှုများ ပြုလုပ်မည်ဟု အယ်လ်ကိုင်ဒါခေါင်းဆောင် ကြေညာ
ဝါရှင်တန် − အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အေမန်အယ်လ် ဇာဝါဟီရီက အိန္ဒိယနိုင်ငံတွင် အဖွဲ့ခွဲတစ်ခု ဖွဲ့စည်းတည်ထောင်မည့် အစီအစဉ်ကိုကြေညာပြီး အယ်လ်ကိုင်ဒါ တပ်ဖွဲ့များသည် အာရှတောင်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင်ပါ ဂျီဟတ်ဝါဒ အောင်လံများလွှင့်ထူ သွား မည် ဟု ပြောကြားသွားသည်။
Subscribe to:
Posts (Atom)
