Saturday, 23 August 2014

ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးတို့ရှိ ခန့်မှန်းမြေဧက ၃၀၀၀၀ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်၊ တန်ဖိုးနည်းအိမ်ရာများကဲ့သို့ ခရိုနီတို့်၏ စားကွက်သာဖြစ်မည်ကို လူအများစိုးရိမ်

Photo: ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးတို့ရှိ ခန့်မှန်းမြေဧက ၃၀၀၀၀ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်၊ တန်ဖိုးနည်းအိမ်ရာများကဲ့သို့ ခရိုနီတို့်၏ စားကွက်သာဖြစ်မည်ကို လူအများစိုးရိမ်
Saturday, August 23, 2014

ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့ နယ်များအတွင်းရှိ မြေဧက ၃ဝဝဝဝ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဩဂုတ် ၂၂ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်အဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့ပေးပို့သော ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်သည့် သဝဏ်လွှာကို ဝန်ကြီးချုပ်အစား မြို့တော်ဝန်က ဦးလှမြင့်က ဖတ်ကြားတင်သွင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများ လျင်မြန်စွာဖွံ့ဖြိုးလာမှုကြောင့် မြို့ဧရိယာတိုးချဲ့ပေးရန် လိုအပ်လာကြောင်း၊ ထို့ကြောင့်လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူး မြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းကြား မြေနေရာများကို လျာထားပြီး ယင်းမြေနေရာမှာ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များတွင် တည်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

မြို့သစ်စီမံကိန်းပြုလုပ်မည့် မြေများတွင် မြေအမျိုးအစား အမျိုးမျိုးပါဝင်ကြောင်း၊ လယ်ယာမြေလည်းပါဝင်ခဲ့၍ တည်ဆဲလယ်ယာမြေ ဥပဒေပုဒ်မ ၂၉ အရ နိုင်ငံတော်၏ ရေရှည်အမျိုးသား အကျိုးစီးပွားအလို့ငှာ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍ မြို့မြေအဖြစ်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။

“ရန်ကုန်မြို့သစ် စီမံကိန်းလျာထား နေရာအား မြို့မြေအဖြစ်သတ်မှတ်ပြီးပါက မြေပိုင်ရှင်များ၊ စီပွားရေးလုပ်ငန်းရှင်များ၊ စိတ်ဝင်စားသည့် နိုင်ငံသားလုပ်ငန်းရှင်များ စုစည်းထားသည့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီလီမိတက်အား တာဝန်ပေး အပ်ရန် စီမံထားပါတယ်။ စီမံကိန်း အကောင်အထည်ဖော်မည့်အပေါ် ဒေသခံပြည်သူလူထု၏ သဘောတူညီချက်ကိုလည်း ရရှိထားပြီး ဖြစ်ပါတယ်။ နည်းစနစ်ကျနမှုနဲ့ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်များလည်း ခိုင်မာမှုရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စီမံကိန်းသတင်းလုံခြုံမှုကို ကန့်သတ်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

အဆိုပါစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ငွေကျပ်ဘီလျံ ၇ဝဝဝ နှင့် အမေရိကန်ဒေါ်လာ ၈ ဘီလျံရှိမည်ဖြစ်ပြီး စီမံကိန်းအား သုံးနှစ်အတွင်း ၇ဝ ရာခိုင်နှုန်း ပြီးစီးအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီက အဆင့်မြင့်တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂ဝဝဝဝ၊ မိဘမဲ့ကလေးဦးရေ ၂ဝဝဝ အဆင့်မြင့် ကျောင်းတစ်ကျောင်း၊ ဘိုးဘွား ၂ဝဝဝ ဆံ့ အဆင့်မြင့်ရိပ်သာတစ်ခု၊ ခြောက်လမ်းသွား မြစ်ကူးတံတားငါးစင်း (တံတားကြေး လုံးဝမကောက်ခံ) ကို နိုင်ငံတော်သို့ ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း၊ စီမံကိန်းဒေသအတွင်းရှိ လယ်ယာလုပ်ကိုင်သူများ၊ ကျေးရွာငယ်များတွင် နေထိုင်သူများ နစ်နာမှုမရှိစေရေးနှင့် လူနေမှုဘဝ မြှင့်တင်ရေးအတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြေသိမ်းမှုကိစ္စအပေါ် ကုမ္ပဏီက လုံးဝတာဝန်ယူညှိနှိုင်း ဖြေရှင်းမည်ဖြစ်ကြောင်း၊ မြို့သစ်၏လျှပ်စစ်မီး၊ ရေရှိရေးလုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေးအတွက် ပန်းခြံအသေးစား၊ ကလေးကစားကွင်း စသည်တို့လည်း လုံလောက်စွာ ထားပေးမည်ဖြစ်ပြီး မီးဘေးလုံခြုံရေးလည်း စီစဉ်ပေးကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဩဂုတ် ၂ဝ ရက်က ကျင်းပသည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ပထမ ၄ လပတ် အစည်းအဝေးတွင် “ယခုဆောင်ရွက်နေသည့် Effortable Housing Project ကို လုပ်ဆောင်ပေးရာတွင် ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေးမနေဘဲ အခြားမြို့ကြီးများဖြစ်သည့် တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေ စသည့်မြို့များကိုပါ ဆင်းရဲနွမ်းပါးသူများ၊ အိုးမဲ့အိမ်မဲ့များ နေထိုင်နိုင်အောင် သက်သာသောဈေးနှုန်းများနှင့် Public Housing Project များကို ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း” ဟူ၍ အိမ်ရာစီမံကိန်းများ ထပ်မံဖော်ဆောင်ရန် ပြောကြားသွားသည်။

ယင်းအပြင် ဩဂုတ် ၁၅ ရက်က ကျင်းပသည့် မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား မြေအသုံးချမှုမူဝါဒနှင့်အညီ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က “မြေကစားမှုနှင့်အတူ မြေဈေးနှုန်းများ အဆမတန် မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ငွေကြေးကြွယ်ဝသူများ အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရမည့်အစား၊ ကား၊ မြေ၊ ဘဏ်လုပ်ငန်း၊ အဆောက်အအုံ ရောင်းချသည့် လုပ်ငန်းများတွင်သာ ပိုမိုရင်းနှီးမြှုပ်နှံနေကြကြောင်း၊ ထို့အတွက် မြေဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခက်ခဲတုံ့ဆိုင်းလာခြင်း၊ ငွေကြေးဖောင်းပွမှု အန္တရာယ်များကို ကြုံတွေ့လာနိုင်သည့်အတွက် ကိုယ်ကျိုးနှင့် အမျိုးသားအကျိုးစီးပွားကို ချိန်ဆလုပ်ကိုင်ကြရန်လိုသည်” ဟု ပြောကြားသည်။

အများပြည်သူအတွက် အိမ်ရာများ ထပ်ဆောက်မည်ဟု ဆိုသော်လည်း တန်ဖိုးနည်းအိမ်ရာ ခေါင်းစဉ်တပ်ပြီး ပြည်သူလက်လှမ်းမမီသည့် တစ်ခန်းကျပ်သိန်း ၃ဝဝ နီးပါးအထိ မြင့်မားသောဈေးဖြင့် ရောင်းချရန် စီစဉ်ခဲ့မှုများရှိခဲ့ရာ တန်ဖိုးနည်းအိမ်ရာ ဟုဆိုလျှင် တည်ဆောက်ခွင့်ရသော ခရိုနီလုပ်ငန်းရှင်များ အတွက်သာ ကောင်းစားပြီး ပြည်သူများအတွက် မသက်သာသော အိမ်ရာစီမံများ ဖြစ်လာမည်ကိုလည်း ပြည်သူများက စိုးရိမ်လျက်ရှိနေကြသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် အစီအစဉ်ကို သမ္မတရုံးခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂ဝ၁၂ ခုနှစ် နှစ်အတွင်း စတင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဖြင့် တိုက်ခန်းပေါင်း ၁ဝဝဝဝ ကျော်အား ဆောက်လုပ်ရန် ဧရာဝဏ် နှင့် ရတနာအိမ်ရာ စီမံကိန်းများကို ရွှေတောင်၊ ACE၊ ဒဂုံအင်တာနေရှင်နယ်၊ A1၊ Original ကဲ့သို့ အခွင့်အရေးများစွာရသော ခရိုနီကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၂ဝ ဝန်းကျင်ကို တည်ဆောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။

တန်ဖိုးနည်းအိမ်ရာ ခေါင်းစဉ်ဖြင့် ခရိုနီကုမ္ပဏီများကို တည်ဆောက်ခွင့်ပေးခဲ့ပြီးနောက် မကြာမီ အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၃ဝဝ ဝန်းကျင်အထိ မြင့်မားသောဈေးဖြင့် ရောင်းချမည့် အခန်းများပါ ပါဝင်သည်ဟု သတင်းထုတ်ပြန်ခဲ့ကြသည်။

ယင်းကဲ့သို့ တန်ဖိုးနည်းအိမ်ရာဟူသော ခေါင်းစဉ်ဖြင့် ကျပ်သိန်း ၃ဝဝ ဝန်းကျင်အထိ ဈေးနှုန်းရှိသောတိုက်ခန်းများ ဆောက်လုပ်ရောင်းချရန် စီစဉ်မှုအပြီး၌ ရန်ကုန်မြို့တွင်းရှိ တာမွေ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ အစရှိသည့်နေရာများမှ ကန်ထရိုက်တိုက်ခန်း ဈေးနှုန်းများမှာ မူလကျပ်သိန်း ၁ဝဝ-၂၅ဝ ခန့်မှ ယခုအခါ ကျပ်သိန်း ၂၅ဝ မှ ၆ဝဝ ခန့်အထိ နှစ်ဆခွဲ သုံးဆခန့် မြင့်တက်ခဲ့သည်။ ထို့အတူ မူလက တန်ဖိုးကျပ်သိန်း ၈ဝဝ မှ ၁ဝဝဝ ကျော်သာရှိသော ကွန်ဒိုတိုက်ခန်းများမှာ ယခုအခါ ကျပ်သိန်း ၂ဝဝဝ မှ ကျပ်သိန်း ၅ဝဝဝ-၆ဝဝဝ အထိ ပေါက်ဈေးရှိလာခဲ့သည်။ ထို့ကြောင့် အဆိုပါတန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ခွင့်ရရှိထားသော ရွှေတောင်အစရှိသည့် ကုမ္ပဏီကြီးများ၏ ရန်ကုန်မြို့တွင်း ကွန်ဒိုတိုက်ခန်းဈေးများမှာ နှစ်နှစ်အတွင်း နှစ်ဆမှ သုံးဆအထိ မြင့်တက်သွားခဲ့သည်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအဖြစ် အစပြုခဲ့သော်လည်း တိုက်ခန်းနှင့် ကွန်ဒိုဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းသာ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့နေလူထု၏ မြို့ပြနေထိုင်မှုမှာ ပိုမိုကျပ်တည်းသည့် အခြေအနေများဖြင့်သာ ရင်ဆိုင်နေကြရသည့်အတွက် စိုးရိမ်ပူပင်မှုများ ပိုမိုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

Eleven Media Group

ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းအား မြင်တွေ့ရစဉ်
ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းအား မြင်တွေ့ရစဉ်
ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့ နယ်များအတွင်းရှိ မြေဧက ၃ဝဝဝဝ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဩဂုတ် ၂၂ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်အဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

မြန်မာ မူးယစ် တိုက်ဖျက်ရေး UN အစီအစဉ်သစ်

Photo: မြန်မာ မူးယစ် တိုက်ဖျက်ရေး UN အစီအစဉ်သစ်
Saturday, August 23, 2014

မူးယစ်ဆေးမှောင်ခိုကုန်ကူးနေတာတွေ နဲ့ နိုင်ငံဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ အပေါ် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးစနစ်က ပိုပြီး ထိထိရောက်ရောက်နှိမ်နှင်းနိုင်အောင် အကူအညီပေးမယ် အစီအစဉ်သစ်တရပ်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)က စတင်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂက သတိပေးထားတဲ့ အဲဒီ ပြစ်ဒဏ် ကင်းလွတ်ခွင့်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာလုပ်ဆောင်ချက်တွေကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းဖြစ်တာနဲ့ အမျှ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုနဲ့ ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး၊ လူတွေအတွက် မလုံခြုံမှုတွေ တိုးလာစေတဲ့အပြင်၊ တိုင်းရင်းသားတွေလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောလိုက်တဲ့အချိန်မှာပဲ  အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိတဲ့ ၄ နှစ်စာ အစီအစဉ် ဖြစ်လာခဲ့တာပါ။

ဒေါ်လာသန်းနဲ့ချီတဲ့ တရားမ၀င်မှောင်ခိုစီးပွားရေးလုပ်ငန်းက ရတဲ့ငွေတွေကို တခြား စီးပွားရေးနယ်ပယ်တွေမှာ ငွေကြေးခ၀ါချနေတာကြောင့် လူမှုအဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်လာနေတယ်လို့ UNODC ရဲ့ အရှေ့တောင်အာရှ နဲ့ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ရှိသူ Jeremy Douglas က ပြောပါတယ်။

"မြန်မာနိုင်ငံမြောက်ပိုင်းမှာ မှောင်ခိုဈေးကွက်က အရမ်းကြီးပါတယ်။ အဓိကအားဖြင့် မူးယစ်ဆေ၀ါးနဲ့ ဆက်နွယ်ပတ်သက်နေတာတွေမှာပါ။ ဒါ့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းမှောင်ခိုရောင်းဝယ် မှုတွေလည်း အများအပြားရှိသလို၊ တခြား တရားမ၀င်မှောင်ခိုကုန် ကူးနေတာတွေ နဲ့ ငွေအများအပြားရရှိနေတဲ့ နိုင်ငံဖြတ်ကျော် ရောင်းဝယ်လုပ်ကိုင်နေကြတဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်။ တချိန်တည်းမှာပဲ ဒီငွေတွေကို လည်ပတ်ဖို့ လိုအပ်သလို၊ တရားဝင်ဖြစ်လာအောင်လုပ်ဖို့လည်း လိုလားနေပါတယ်။ ဒါကြောင့် တရားဝင်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ်မှာ ထိခိုက်မှုတွေလည်းရှိလာနေပါတယ်။"

စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ မကြာသေးခင်နှစ်တွေအတွင်း တိုးတက်မှုတွေရှိလာတဲ့ တချိန်တည်းမှာပဲ၊  အဂတိလိုက်စားမှုတွေကြောင့် တိုင်းပြည်ရဲ့ အခြေအနေ ကတော့ အောင်မြင်မှု မရသေးပဲဖြစ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ (TI) ရဲ့ သတ်မှတ်ချက်အရ၊ နိုင်ငံ ၁၇၇ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၅၇ မှာရှိတယ်လို့ သတ်မှတ်ထားပါတယ်။

ဘိန်းနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေကနေ ဓနအင်အားနဲ့ သြဇာကြီးမားတဲ့ သူတွေ ပေါ်လာခဲ့ပြီး၊ အဲဒီကနေ လွှတ်တော် အပါအ၀င် နိုင်ငံရေးနယ်ပယ်တွေ ထဲပါ ရောက်လာနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တိုင်းပြည်ရဲ့ ကြီးထွားလာနေတာနဲ့ အမျှ၊ အဲဒီလူတွေရဲ့ သြဇာလွှမ်းမိုးမှုတွေ တိုးလားနေတာဟာ စိုးရိမ်စရာအချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူ Debbie Stothard က ပြောပါတယ်။

"နိုင်ငံတကာ စီးပွားရေး အသိုင်းအ၀ိုင်းက ကြဉ်ထားပြီး နာမည်ပျက် စာရင်းသွင်းထားတဲ့ ခရိုနီတွေ ချမ်းသာလာကြတာဟာ အဂတိလိုက်စားမှုတွေ နဲ့ တခြား ဥပဒေနဲ့ မလွတ်ကင်းတာတွေနဲ့ ဆက်နွယ်ပတ်သက်ပြီး ချမ်းသာလာတာပါ။ ကျမတို့ အခုတွေ့နေရတာက ဘာလဲဆိုတော့ ၊ ပြီးခဲ့တဲ့မျိုးဆက် တခုက ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ ၊ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတွေဟာ လက်ရှိ အစိုးရလက်ထက်မှာ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေ ဖြစ်လာနေကြတာပါ။"

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတဲ့ ကွန်ယက် နဲ့ နီးစပ်သူတွေဟာ ၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်အမတ်တွေ အဖြစ် ရွေးခံခဲ့ရတယ်လို့ Stothard က ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးခံရသူတွေနဲ့ ဘိန်းထုတ်လုပ်မှု မြင့်တက်လာတာကြားမှာ ဆက်နွယ်မှုတွေရှိတယ်လို့ သူမက ပြောပါတယ်။  ဘိန်းစိုက်ပျိုးမှုတိုးလာတဲ့အခြေအနေတွေကြောင့်၊ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှုဟာ ၂၆ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန် ၈၇၀ အထိရှိလာတယ်လို့ UNODC က အစီရင်ခံစာထုတ်ပြန်ပါတယ်။

 HRW အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Phil Robertson က စီးပွားရေးမှာ မသမာမှုတွေတိုးလာနေတာကြောင့် ပြစ်မှုကျူးလွန်ပေမယ့် ပြစ်ဒဏ်မခံရပဲ ဆက်ပြီးတော့ ကင်းလွတ်ခွင့်ရနေတဲ့ပြဿနာတွေဟာလည်း တိုးလာနေတယ်လို့ ပြောပါတယ်။

"ခင်ဗျားတို့ပြောနေတဲ့ မှောင်ခိုစီးပွားရေးဈေးကွက် ဒါမှမဟုတ် စီးပွားရေး မသမာမှုတွေ နဲ့ စီးပွားရေးလုပ်ဖို့ အခွင့်အရေးဆိုတဲ့ကြားက အဓိက ချိတ်ဆက်ပေးနေတာက  ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့လူတွေဖြစ်ပါတယ်။ အဆက်အသွယ်ကောင်းတယ်၊ ၀န်ကြီးတွေနဲ့ ပေါင်းစားနေတဲ့ ခရိုနီဖြစ်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်ဗိုလ်ချုပ်နဲ့ ပတ်သက်တယ်ဆိုရင် အဲဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ရနေတာဖြစ်ပါတယ်။ အဓိက ပြဿနာက အဲဒီ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြဿနာပါ။"

UNODC အစီအစဉ်အတွက် အဓိကစမ်းသပ်မှုဖြစ်မှာကတော့ ဘိန်းမှောင်ခိုကူးတာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်သူတွေနဲ့ ဆက်စပ်နေတဲ့သူတွေကို အရေးယူတရားစွဲတာနဲ့ ဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ဓလေ့ထုံးစံကြီးကို ပျောက်ကွယ် သွားမလားဆိုတာပဲဖြစ်တယ်လို့  Robertson က ပြောပါတယ်။

VOA

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ် 
မူးယစ်ဆေးမှောင်ခိုကုန်ကူးနေတာတွေ နဲ့ နိုင်ငံဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ အပေါ် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးစနစ်က ပိုပြီး ထိထိရောက်ရောက်နှိမ်နှင်းနိုင်အောင် အကူအညီပေးမယ် အစီအစဉ်သစ်တရပ်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)က စတင်လိုက်ပြီဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ကုလသ မဂ္ဂက သတိပေး ထားတဲ့ အဲဒီ ပြစ်ဒဏ် ကင်းလွတ်ခွင့်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာလုပ်ဆောင်ချက်တွေကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းဖြစ်တာနဲ့ အမျှ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ယူကရိန်းထဲ ရုရှားယာဉ်တန်း ဝင်ရောက်မှု ကန် ဝေဖန်

Photo: ယူကရိန်းထဲ ရုရှားယာဉ်တန်း ဝင်ရောက်မှု ကန် ဝေဖန်
Saturday, August 23, 2014

ယူကရိန်း အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်မရဘဲနဲ့ ယူကရိန်းနိုင်ငံထဲကို ရုရှားဘက်ကနေ လူသားချင်း စာနာတဲ့ အကူအညီပေးရေး ယာဉ်တန်း ၀င်တာဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံအနေနဲ့  ယူကရိန်းအရှေ့ခြမ်းကနေ ယာဉ်တန်းတွေကို ဖယ်ရှားရင်ဖယ်ရှား မဖယ်ရှားဘူးဆိုရင် အဲဒီအကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး ဒုအကြံပေး Ben Rhodes က ပြောလိုက်ပါတယ်။

ဒီအခြေအနေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးသွားဖို့ အမေရိကန်ဘက်က စီစဉ်နေတယ်လို့ သူကပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကလည်း ဒီယာဉ်တန်းရဲ့ လှုပ်ရှားမှုနဲ့ ပတ်က်ပြီးတော့လည်း စိုးရိမ်ကြောင်း၊ ဒီလို တဘက်သတ် လုပ်ဆောင်လိုက်တဲ့ အတွက်  ယူကရိန်းအရှေ့ခြမ်းမှာ နဂိုကတည်းက ဆိုးနေတဲ့အခြေအနေကို ပိုပြီးတော့ ဆိုးလာနိုင်မယ့် အလားအလာရှိတယ်လို့ ပြောပါတယ်။

ရုရှားယာဉ်တန်းဟာ ယူကရိန်းနိုင်ငံထဲကို သောကြာနေ့က ၀င်ရောက်ခဲ့တာပါ။ အဲဒီယာဉ်တန်းဟာ ယူကရိန်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိသလို၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ စစ်ဆေးရေးမှု ပြီးအောင်လည်း မစောင့်ခဲ့ပါဘူး။ မဆုံးနိုင်လောက်အောင် အချိန်အကြာကြီး စောင့်ခဲ့ရတဲ့အတွက် ကနဦး အကူအညီပေးမှုတွေမှာ အဟန့်အတားတွေဖြစ်ခဲ့ပြီး၊ အဲဒီလို စောင့်ရတာဟာ သည်းမခံနိုင်စရာတွေ ဖြစ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ ရုရှားယာဉ်တန်း ယူကရိန်းနိုင်ငံထဲဝင်ရောက်ခဲ့တာကို အတည်ပြုခဲ့ပါတယ်။

အဲဒီအကူအညီတွေဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ရုရှားရဲ့ လုပ်ဆောင်ချက် အပေါ်မှာ နေတိုးအဖွဲ့ကလည်း ရှုတ်ချလိုက်ပြီး ဒါဟာ တိုက်ရိုက် ကျူးကျော်တာဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ယူကရိန်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ ရုရှားယာဉ်တန်းများ
ယူကရိန်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ ရုရှားယာဉ်တန်းများ
ယူကရိန်း အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်မရဘဲနဲ့ ယူကရိန်းနိုင်ငံထဲကို ရုရှားဘက်ကနေ လူသားချင်း စာနာတဲ့ အကူအညီပေးရေး ယာဉ်တန်း ၀င်တာဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံ အနေနဲ့  ယူကရိန်းအရှေ့ခြမ်းကနေ ယာဉ်တန်းတွေကို ဖယ်ရှားရင်ဖယ်ရှား မဖယ်ရှားဘူးဆိုရင် အဲဒီ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး ဒုအကြံပေး Ben Rhodes က ပြောလိုက်ပါတယ်။

Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး

Photo: Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး
Saturday, August 23, 2014

Islamic State အစွန်းရောက်အဖွဲ့က စစ်သွေးကြွတွေ အမေရိကန်သတင်းထောက် James Foley ကို သတ်ဖြတ်ခဲ့တာဟာ အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုက်ရိုက်ကျူးလွန်တဲ့သဘောဖြစ်တယ်လို့ အိုဘားမားအစိုးရက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်လူမျိုးတွေကို ကာကွယ်ဖို့အတွက် Islamic State လက်နက်ကိုင်တွေကို နောက်ထပ် အရေးယူနှိမ်နင်းမှုတွေ လုပ်သွားဖို့ အသင့်ရှိနေတယ်လို့ သမ္မတအိုဘားမားရဲ့ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က သောကြာနေ့မှာ ပြောဆိုသွားခဲ့တာပါ။

Islamic State အဖွဲ့ဟာဆိုရင် လွန်ခဲ့တဲ့ ၆ လ အခြေအနေကထက် ပိုပြီးတော့ ခြိမ်းခြောက်မှုကြီးလာတယ်လို့လည်း ပြောပါတယ်။ နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဖို့ ဆုံးဖြတ်တဲ့အပြင်၊ အမေရိကန်စစ်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာလည်း နိုင်ငံနယ်စပ်မျဉ်းတွေ အကန့်အသတ်ထားမှာ မဟုတ်ဘူးလို့လည်း အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောပါတယ်။

Islamic State လက်နက်ကိုင်တွေဟာ လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်အတွင်းမှာပဲ အီရတ်မြောက်ပိုင်းနဲ့ ဆီးရီယားအရှေ့ပိုင်း နေရာအတော်များများကို သိမ်းပိုက် ထိန်းချုပ်ထားခဲ့တာပါ။ သူတို့ဟာ ဆီးရီယားနဲ့အီရတ်နှစ်နိုင်ငံအကြား  လွတ်လပ်စွာ ကူးလူး လှုပ်ရှားနေတာဖြစ်ပါတယ်။ နောက်အခြေအနေတခုကတော့ အီရတ် က ဘဂ္ဂဒတ်မြို့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆူနီ မူဆလင်ဗလီတခုကို သောကြာနေ့က အကြီးအကျယ် တိုက်ခိုက်မှု တခုဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ၀တ်ပြုဆုတောင်းနေသူ လူ ဆယ်ဂဏန်း သေဆုံးခဲ့ ပါတယ်။

ဒါဟာ သဘောထား တင်းမာတဲ့ ရှိရတ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်ချက်ဖြစ်တယ် ဆိုပြီး ဆူနီဘာသာရေးတာဝန်ရှိသူတွေက အပြစ်ဖို့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ Islamic State စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ အီရတ်အစိုးရ တပ်မှုးအချို့က ယူဆထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး
Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး
Islamic State အစွန်းရောက်အဖွဲ့က စစ်သွေးကြွတွေ အမေရိကန်သတင်းထောက် James Foley ကို သတ်ဖြတ်ခဲ့တာဟာ အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုက်ရိုက်ကျူးလွန်တဲ့ သဘော ဖြစ်တယ်လို့ အိုဘားမားအစိုးရက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန် လူမျိုးတွေကို ကာကွယ်ဖို့အတွက် Islamic State လက်နက်ကိုင်တွေကို နောက်ထပ် အရေးယူ နှိမ်နင်းမှုတွေ လုပ်သွားဖို့ အသင့်ရှိနေတယ်လို့ သမ္မတအိုဘားမားရဲ့ ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး Ben Rhodes က သောကြာနေ့မှာ ပြောဆိုသွားခဲ့တာပါ။

ခင်ပွန်းဟောင်းမှ မကျေနပ်၍ မြို့ လည်ခေါင် ဓားဖြင့် ထိုး

Photo: ခင်ပွန်းဟောင်းမှ မကျေနပ်၍ မြို့ လည်ခေါင် ဓားဖြင့် ထိုး
Saturday, August 23, 2014

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် ရွှေကျွန်း ဟိုတယ် ရှေ့လမ်းပေါ်တွင် ခင်ပွန်းဟောင်းဖြစ်သူ မျိုးမင်းသန့်မှ ဇနီးဟောင်းအား အသင့်ပါလာသော အရိုးအသွား ၁၅ လက်မခန့်ရှိ ဓါးဖြင့် (၄)ချက်ခန့် ထိုးသွင်းခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့သည် ဟုရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူ အမျိုးသမီးအား သြဂုတ်လ ၂၁ ရက်နေ့ မနက်တွင် တိုင်းရင်းသား သုသာန်သို့ မီးသဂျိုခဲ့ကြောင်း လိုက်လံ ပို့ဆောင်ပေးခဲ့သူ မမီးမီးက ပြောဆိုသည်။

ဓားဖြင့် ထိုးသူ ခင်ပွန်းဟောင်း နှင့် သေဆုံးသူ အမျိုးသမီးတို့ တွင် ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဓါးဖြင့် ထိုးသတ်ခဲ့သူ မှ ၄င်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး တောင်ကြီးမြို့ ၊ အမှတ် ၁ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရဲထုတ်ပြန်ချက်အရ သိရသည် ။

တောင်ကြီးဂျာနယ်
Taunggyi Journal
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ခန္ဓာကိုယ်မှ လက်နက်ရှာဖွေရေး ပုံဖမ်းစက်များ အလုပ်မဖြစ်ဟု ပညာရှင်များ ပြောကြား

ခန္ဓာကိုယ်တွင် ပလပ်စတစ်ဖြင့် ထုပ်ပိုးထားသည့် လက်နက်များကို ရှာဖွေပုံဖမ်းစက်များက ဖော်ထုတ်မပေး နိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားလိုက် သည်။

အမေရိကန်ကင်းလှည့်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တား

Photo: အမေရိကန်ကင်းလှည့်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တား
Saturday, August 23, 2014

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအရှေ့ဘက်ရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်း ကင်းလှည့်ပျံသန်းနေသည့် လေယာဉ်တစ်စင်းကို တရုတ်စစ်လေယာဉ် တစ်စင်းက ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပင်တ ဂွန် စစ်ဌာနက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ လုပ်ရပ်အပေါ် အမေရိကန်က တရုတ်စစ်တပ်ကို ကန့်ကွက်ထားပြီး အန္တရာယ်များကို ပရော်ဖက်ရှင်နယ်မပီသသော လုပ်ရပ်အဖြစ် ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ်ဂျွန်ကာဗီက ကန့်ကွက် ထား သည်။

တရုတ်တိုက်လေယာဉ်သည် အမေရိကန်ရေတပ်လေယာဉ်အနီး ၁၀ မီတာ အကွာအထိ ကပ်လာ ခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် မတ်လနောက်ပိုင်း လေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ဆောင် မှုအပေါ် တရုတ်စစ်တပ်ဘက်မှ တစ်စုံ တစ်ရာ ပြော ဆို ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း တရုတ်စစ်သင်္ဘောတစ်စင်းက အမေရိကန်စစ်သင်္ဘော တစ်စင်းနှင့် တောင်တရုတ်ပင်လယ်အတွင်း တိုက်မိလုနီးပါး ဖြစ်ခဲ့သည်။

အဆိုးရွားဆုံးဖြစ်စဉ်တစ်ခုမှာ ၂၀၀၁ ခုနှစ်အတွင်းက တရုတ်ဂျက်တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်ရေတပ်မှ EP-3 ထောက် လှမ်းရေးလေ ယာဉ်နှင့် တိုက်မိခဲ့ရာ တရုတ်လေယာဉ်မှူး သေဆုံးခဲ့သည်။

Ref: AFP
Mizzima - News in Burmese
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအရှေ့ဘက်ရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်း ကင်းလှည့်ပျံသန်းနေသည့် လေယာဉ် တစ်စင်းကို တရုတ်စစ်လေယာဉ် တစ်စင်းက ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပင်တ ဂွန် စစ်ဌာနက ထုတ်ပြန်ကြေညာထားသည်။

Friday, 22 August 2014

ရွှေဈေး အကျဘက်ဦးတည်

Photo: ရွှေဈေး အကျဘက်ဦးတည်
Friday, August 22, 2014

 ရွှေဈေးနှုန်းများ အကျဘက်သို့သာ ဦးတည်နေခြင်း ကြောင့် စောင့်ကြည်သူများနေပြီး ဈေးကွက်တွင် အပိုင်းဝယ်လိုအားရပ်ဆိုင်းလုနီးပါးကျဆင်းနေကြောင်းရွှေလုပ်ငန်းရှင်များကပြောသည်။

ပြည်တွင်း ရွှေဈေးမှာ အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၇၅,၀၀၀ ကျပ်နှင့် ၆၆၅,၀၀၀ကြားတွင် အတက်အကျပြောင်းလဲနေသည်။

လက်ရှိကမ္ဘာ့ရွှေဈေးကွက် အနေအထားမှာလည်း ဆက်ကျ နိုင်သည့်အတွက် ပြည်တွင်းဈေး ကွက် ဈေးနှုန်းများမှာ အကျဘက်သို့သာရောက်ရှိနိုင်သည်ဟုဈေး ကွက်ကျွမ်းကျင်သူများကခန့်မှန်း နေကြသည်။

‘‘ရွှေဈေးက ပြီးခဲ့တဲ့အပတ် ထဲမှာတစ်လျှောက်လုံး ၆၇၀,၀၀၀ ကျော်ရှိနေရာကနေ အခုပြန်ကျ လာတော့ ဈေးကိုအားလုံးဆက် ကျမယ်ပဲမှန်းနေကြတော့ ၀ယ် မယ့်သူတွေက မ၀ယ်ကြသေးဘဲ စောင့်နေကြတော့အ၀ယ်ကမရှိ သလောက်နည်းနေတယ်’’ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်းများပြီးခဲ့ သည့်ရက်ပိုင်းတွင် တစ်အောင်စ လျှင် ၁၃၀၀ ဒေါ်လာကျော်တွင်ရှိ နေရာမှ ယခုရက်ပိုင်းတွင် ၁၂၉၀ ဒေါ်လာထိဈေးနှုန်းများကျဆင်း နေပြီဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများမှာလည်း အခေါက် ရွှေတစ်ကျပ်သားလျှင် ၆၇၃,၀၀၀ ကျပ်ထိရှိနေရာမှ ယခုသြဂုတ် ၂၁ ရက်တွင် ၆၆၉,၀၀၀ ကျပ်သို့ ကျ ဆင်းနေပြီဖြစ်သည်။

သို့သော် ယခုကျဆင်းမှုမှာအခေါက်ရွှေတစ်ကျပ်သားလျှင် ၆၆၅,၀၀၀ ကျပ်ထိ ဈေးဆက်လက် ကျဆင်းနိုင်သေးကြောင်းရွှေလုပ် ငန်းရှင်များကပြောသည်။

ဈေးကျသည်ဟု ဆိုသော် လည်း ပြည်တွင်းရွှေဈေးနှုန်းများ မှာ နယ်စပ်ရွှေဈေးများထက်စာ လျှင် ဈေးမြင့်နေသေးသည့် အတွက် နယ်စပ်ရွှေများဝင်ရောက်မှုမှာလည်း နည်းနေကြောင်း လုပ်ငန်းရှင်များကပြောသည်။

7Day DAILY
ရွှေဈေးနှုန်းများ အကျဘက်သို့သာ ဦးတည်နေခြင်း ကြောင့် စောင့်ကြည်သူများနေပြီး ဈေးကွက်တွင် အပိုင်းဝယ်လိုအားရပ်ဆိုင်းလုနီးပါးကျဆင်းနေကြောင်းရွှေလုပ်ငန်းရှင်များကပြောသည်။

လေဆင်နှာမောင်းနဲ့ ရိုက်တဲ့ ကမ္ဘာ့ အန္တရာယ် အများဆုံး Selfie

Photo: လေဆင်နှာမောင်းနဲ့ ရိုက်တဲ့ ကမ္ဘာ့ အန္တရာယ် အများဆုံး Selfie
Friday, August 22, 2014

ဝုန်းဒိုင်းကျဲနေတဲ့ လေဆင်နှာမောင်းကြီး တစ်ခုကို ကျောနောက်မှာ ထားပြီး Selfie ရိုက်တယ် ဆိုတာ အင်မတန် အန္တရာယ် များတဲ့ အလုပ်တစ်ခုလို့ ပြောနိုင်ပါ တယ်။ ဒါပေမဲ့ ဒီအလုပ်ကို သြစတြေးလျ နိုင်ငံသား တယ်ရီ တက်ဖာဆင်က အောင်မြင်စွာ လုပ်ဆောင်ပြ နိုင်ခဲ့ပါတယ်။

သူက သြစတြေးလျ နိုင်ငံရဲ့ ကန္တာရထဲမှာ တိုက်ခတ်နေတဲ့ လေဆင်နှာမောင်း တစ်ခုနဲ့ တွဲပြီး ဗီဒီယို ရိုက်ဖို့ ကြိုးပမ်းခဲ့ တာပါ။ သူ့ရဲ့ ကြိုးပမ်းမှုက အောင်မြင်ခဲ့ပြီး တစ်မိနစ် ကျော်ကျော်လေး ကြာမြင့်တဲ့ ဗီဒီယို တစ်ခုကို You Tube မှာ တင်နိုင်ခဲ့ ပါတယ်။ ဒီဗီဒီယိုကို သူလွယ်လွယ် ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။ လေ ဆင်နှာမောင်းကြီးကို နောက်ခံ ထားပြီး ဗီဒီယို ရိုက်နေစဉ်မှာပဲ အဲဒီ လေဆင်နှာမောင်းကြီးက သူရှိရာ တည့်တည့်ကို ခတ်မြန်မြန် ရွှေ့လျားလာ ခဲ့လို့ သူ့မှာ အသည်း အသန်ပဲ ကားဆီကို ပြန်ပြေးခဲ့ရပါတယ်။ သူ့ရဲ့ ဗီဒီယိုထဲမှာ ကားထဲ ပြန်ရောက်ပြီးချိန်ထိ “ဘုရား၊ ဘုရား”နဲ့ အော်နေသံ ကိုပါ ကြားနိုင်ပါတယ်။

တယ်ရီ တက်ဖာဆန်ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဆစ်ဒနီ ဆိပ်ကမ်းမှာ ငါးမန်းဖြူတစ်ကောင်နဲ့ အတူ ရေကူးတဲ့ ဗီဒီယိုကို တင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ သူ့ရဲ့ ဗီဒီယိုဟာ ဖြတ်ညှပ်ကပ် ကြီးပါလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒီနောက်ခံ အဖြစ်အပျက်ကြောင့် သူ့ရဲ့ အခု လေဆင်နှာမောင်းနဲ့ ဗီဒီယိုကိုလည်း ကြည့်ရှုသူ အချို့က အထင်တကြီး ရှိခဲ့ကြပေမယ့် တချို့ကလည်း အတုကြီးလို့ ဝေဖန်နေကြပြီး တက်ဖာဆန်ရဲ့ ဗီဒီယို တည်းဖြတ်မှု ပညာဟာ ဟောလိဝုဒ်က ပညာရှင်တွေ ထက်တောင် ထူးချွန်ပါပေတယ်လို့ အရွဲ့တိုက် နေကြ ပါတယ်။

ဗီဒီယိုကို အောက်က လင့်ခ်မှာ သွားကြည့်နိုင် ပါတယ်။
https://www.youtube.com/watch?v=P7aRR86VfTY

Mizzima - News in Burmese
ဝုန်းဒိုင်းကျဲနေတဲ့ လေဆင်နှာမောင်းကြီး တစ်ခုကို ကျောနောက်မှာ ထားပြီး Selfie ရိုက်တယ် ဆိုတာ အင်မတန် အန္တရာယ် များတဲ့ အလုပ်တစ်ခုလို့ ပြောနိုင်ပါ တယ်။ ဒါပေမဲ့ ဒီအလုပ်ကို သြစတြေးလျ နိုင်ငံသား တယ်ရီ တက်ဖာဆင်က အောင်မြင်စွာ လုပ်ဆောင်ပြ နိုင်ခဲ့ပါတယ်။

ဓားစာခံများ ကိုကယ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့

Photo: ဓားစာခံများ ကိုကယ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့
Friday, August 22, 2014

ဆီးရီးယားတွင် ဖမ်းဆီးခံခဲ့ရသော ဂျာနယ်လစ် ဂျိမ်းဖိုလေနှင့် အခြား အမေရိကန် ဓားစာခံများကို ကယ် တင်ရန် ယခုနွေရာသီက အမေရိကန်စစ်တပ်က ကြိုးစားခဲ့မှုကြောင့် တာဝန်ရှိသူတစ်ဦးကပြောပြီး ကယ် ဆယ်ရေးမှာ မအောင်မမြင် ဖြစ်သွားခဲ့ရကြောင်း ပင်တဂွန်က ပြောသည်ဟု သြဂုတ် ၂၁ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

အသက် ၄၀ ရှိပြီဖြစ်သော ဖိုလေကို အစ်္စလာမ်မစ်နိုင်ငံတော် သောင်းကျန်းမှု များ ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင် အင်တာနက်တွင် သြဂုတ် ၁၉ ရက်က ထွက်ပေါ်ခဲ့သည်။ ယင်း ခေါင်းဖြတ် ကွက်မျက်မှုအပေါ် သမ္မတအိုဘားမားက သြဂုတ် ၂၀ တွင် အပြင်းအထန် ရှုတ်ချကာ နိုင်ငံသားများကို ကာကွယ်ရန် အမေရိ ကန်အနေဖြင့် လုပ်ရလိမ့်မည်ဟု ပြောဆိုသည်။

အရေးနိမ့်ခဲ့သည် ကယ်ဆယ်ရေး လုပ်ငန်းကို လေကြောင်းနှင့် ခြေလျင်တပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် ပြီး ISIL အဖွဲ့၏ အချုပ်အနှောင် ခံနေရသူများ ရှိရာကို ဦးတည်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်သွေးကြွအုပ်စု ကို နည်မည်တစ်မျိုးဖြင့် ပြောင်းလဲအသုံးပြုကာ ပင်တဂွန်က သတင်း ထုတ်ပြန်သည်။

“ကံမကောင်းအကြောင်းမလှ ဖြစ်ရတာက ပတ်မှတ်ထားခဲ့တဲ့ နေရာမှာ ဓားစာခံများ ရှိမနေတာကြောင့် စစ်ဆင်ရေးက မအောင်မြင် ဖြစ်သွားခဲ့တယ်” ဟု ဖော်ပြသည်။ ယင်းစစ်ဆင်ရေးကို မည်သည့်အချိန်က ပြုလုပ်ခဲ့သည်ကို တာဝန်ရှိသူများက အတိအကျ မပြုသော်လည်း အနည်းဆုံး လွန်ခဲ့သော သီတင်းပတ်များ အတွင်းမှာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟု ပြောသည်။

Mizzima - News in Burmese
ဆီးရီးယားတွင် ဖမ်းဆီးခံခဲ့ရသော ဂျာနယ်လစ် ဂျိမ်းဖိုလေနှင့် အခြား အမေရိကန် ဓားစာခံများကို ကယ် တင်ရန် ယခုနွေရာသီက အမေရိကန်စစ်တပ်က ကြိုးစားခဲ့မှုကြောင့် တာဝန်ရှိသူတစ်ဦးကပြောပြီး ကယ် ဆယ်ရေးမှာ မအောင်မမြင် ဖြစ်သွားခဲ့ရကြောင်း ပင်တဂွန်က ပြောသည်ဟု သြဂုတ် ၂၁ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

၁၁ နှစ်အရွယ် သမီးငယ်၏ လိင်ကိစ္စကို လျစ်လျူရှုပြီး ကိုယ်ဝန်ရှိချိန်တွင် ငွေညှစ်သည့် မိခင်ကို စွဲချက်တင်

Photo: ၁၁ နှစ်အရွယ် သမီးငယ်၏ လိင်ကိစ္စကို လျစ်လျူရှုပြီး ကိုယ်ဝန်ရှိချိန်တွင် ငွေညှစ် သည့် မိခင်ကို စွဲချက်တင်
Friday, August 22, 2014

အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည့် သမီးငယ်၏ လိင်မှုကိစ္စကို တားမြစ်ခြင်း မရှိသည့် အပြင် ကိုယ်ဝန်ရှိလာချိန်တွင် ငွေညှစ်ခဲ့သည့် မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့ စွဲချက်တင်ကာ စစ်ဆေးမှု ပြုလုပ်လျှက် ရှိသည်။

နယူတန် မြို့တွင် နေထိုင်သည့် အသက် ၃၇ နှစ် အရွယ် မစ္စစ် ဒူးရန့်သည် အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည့် သမီးငယ်နှင့် ယင်းတို့ မိသားစု မိတ်ဆွေ ဂျက်ကော့ဝှိုက်တို့၏ လိင်ကိစ္စများကို သိသော်လည်း မျက်ကွယ်ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် သမီးငယ် ကိုယ်ဝန်ရှိလာ ခဲ့ချိန်တွင် ဂျက်ကော့ဝှိုက် ကို ငွေညှစ် ခဲ့ခြင်း ဖြစ်သည်။ အသက် ၂၄ နှစ် ရှိပြီဖြစ်သည့် ၀ှိုက်သည် ယင်းထက် အသက်ထက်ဝက်ခန့် ငယ်သူ မိန်းကလေးငယ်နှင့် ပြီးခဲ့သည့် ဧပြီနှင့် မေလများတွင် မိန်းကလေး၏ အိပ်ခန်းအတွင်း တောက်လျှောက် အိပ်စက် ခဲ့ကြခြင်း ဖြစ်သည်။

ရဲမှတ်တမ်းများ အရ မိန်းကလေးက ဂျက်ကော့ဝှိုက်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို မိခင်ဖြစ်သူထံ ပြောကြားခဲ့ သော်လည်း မိခင်က နားမထောင် ခဲ့ကြောင်း သိရသည်။ ယင်းကိစ္စ အတွက် မစ္စစ် ဒူးရန့်ကို လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်း ထားခြင်း မရှိသေး သော်လည်း သမီးငယ်နှင့် အဆက်အသွယ် မလုပ်ရန် တားမြစ်ထားသည်။

အိမ်နီးချင်း မျက်မြင် သက်သေ တစ်ဦးဖြစ်သည့် ဂေါ်ဒွန်ဂျုံးစ်က ငွေညှစ်ခဲ့သည့် မစ္စစ် ဒူးရန့်၏ အပြုအမူအား အံ့အား သင့်စရာ မရှိကြောင်း ဆိုသည်။ “ဒီလိုဖြစ်တာ ဘာမှ အံ့အားသင့်စရာ မရှိဘူးဗျ။ သူတို့အိမ်လောက် အ၀င်အထွက် ရှုပ်တဲ့အိမ် ရှိမယ် မထင်ဘူး။ လူတွေက ၀င်ချင်တိုင်း ၀င်၊ ထွက်ချင်တိုင်း ထွက်နေကြတာ။ ဘယ်သူက ဘယ်အချိန် ၀င်သွားလဲ၊ အချိန်တော်လား၊ အချိန်မတော်ဘူးလား၊ မသိနိုင်ဘူးဗျ”ဟု ပြောသည်။

မိန်းကလေးမှာ လက်ရှိတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ပြီး အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင် ခြင်းကြောင့် အန္တရာယ် ရှိနေသည်။ မိန်းကလေးကို ကိုယ်ဝန်ရှိစေ ခဲ့သူ ဂျက်ကော့ဝှိုက်မှာမူ တတိယအဆင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုဖြင့် တရားစွဲဆို ခံထားရသည်။

Ref: Daily Mail, whotv.com, newtondailynews
Mizzima - News in Burmese
အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသည့် သမီးငယ်၏ လိင်မှုကိစ္စကို တားမြစ်ခြင်း မရှိသည့် အပြင် ကိုယ်ဝန် ရှိလာချိန်တွင် ငွေညှစ်ခဲ့သည့် မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့ စွဲချက်တင်ကာ စစ်ဆေးမှု ပြုလုပ်လျှက် ရှိသည်။

အီဘိုလာ ဟုတ်၊မဟုတ် အိန္ဒိယတွင် စစ်ဆေးရန် IATA၏ ခွင့်ပြုချက် မရသေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်ဆေးခွင့် ထောက်ခံချက် ရရှိပြီးသော်လည်း အီဘိုလာဗိုင်းရပ်စ် ပိုးကူးစက်ခံ ရသူဟု သံသယရှိသူ၏ သွေးနမူနာစစ်ဆေးချက်ကို သတ်မှတ်ဓါတ်ခွဲခန်းသို့ ပို့ဆောင်နိုင်ရေး အပြည်ပြည် ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့၏ ခွင့်ပြုချက်မရသေးဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေမှူး ဒေါက်တာ ထွန်းတင်က မဇ္ဈိမကို ပြောသည်။

အစ္စရေးသို့ နိုင်ငံတကာ လေယာဉ်များ ပျံသန်းခြင်းမပြုရန် ဟားမက်စ်သတိပေး

Photo: အစ္စရေးသို့ နိုင်ငံတကာ လေယာဉ်များ ပျံသန်းခြင်းမပြုရန် ဟားမက်စ်သတိပေး
Friday, August 22, 2014

အစ္စရေးနှင့် ပါလက်စတိုင်း အပစ်ရပ် ဆွေးနွေးပွဲများ ပျက်ပြက်သွားပြီးနောက်အစ်္စရေးနှင့်စစ်ပွဲများပိုမို ဖြစ်ပွားလာမည် ဖြစ်သောကြောင့် နိုင်ငံခြားလေေ ကြာင်း လိုင်းများ အနေဖြင့် သြဂုတ် ၂၁ ရက်မှ စတင်ကာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပျံသန်းခြင်းမပြုရန် ဟားမက်စ်တို့က သတိပေးလိုက်သည်ဟု သြဂုတ် ၂၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုးရက်ကြာ သေနတ်သံများ တိတ်ဆိတ်နေရာမှ အစ္စရေး တောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခံရသည် ကို လက်တုံ့ ပြန်သည့်အနေဖြင့် သြဂုတ် ၂၀ ရက်တွင် အစ္စရေးတို့က ဂါဇာကမ်းမြောင်တစ်လျှောက် လေ ကြောင်း တိုက်ခိုက်မှုများ ဆင်နွှဲလာပြီးနောက် ယခုကဲ့သို့ ဟားမက်စ်များက သတိပေးချက် ထုတ်ပြန်လာ ခြင်း ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်းအနေဖြင့် ဂါဇာတွင် အပစ်ရပ်ရေးကို အလျင်အမြန် သဘောတူမှုရရန် စေ့စပ်  ဆွေးနွေးပွဲများ တစ်ဖန်ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထပ်၍ ဆော်သြထားသည်။

အပစ်အခတ်ရပ်ရေး တာရှည် တည်တံ့ရန် စေ့စပ်ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရေး တိုက်တွန်းကြောင်း အဖွဲ့ဝင် ၁၅ ပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်သည်။ ဇူလိုင် ၈ ရက် မှစ၍ ရေတွက်လျှင် သေဆုံးသူ ပါလက်စတိုင်း ၂၀,၀၀၀ ကျော်ရှိပြီ ဖြစ်သည်။

အပစ်ရပ်စဲရေး လုပ်ငန်းစဉ်က ဆုံးဖြတ်ချက်တစ်ရပ် မဖော်ဆောင်နိုင်သေးသော်လည်း အီဂျစ်ဦးဆောင် သည့် ငြိမ်းချမ်းရေး လမ်းစပျောက်သွားပါက ပို၍ခိုင်မာသည့် တုံ့ပြန်မှုများဆီ ဦးတည်လုပ်ဆောင်ရန်အသင့် ရှိမည်ဖြစ်ကြောင်း လုံခြုံရေးကောင်စီ အစည်းဝေးတွင် နိုင်ငံတကာ သံတမန်များက အရိပ်အမြွက် ပြောဆို သည်။

သို့သော်လည်း မရိုးဖြောင့်သည့် အစ္စရေး နှင့် အပစ်ရပ်ရေးကို စေ့စပ်ဆွေးနွေးရန် အားထုတ်မှုကို မျက် ကွယ်ပြုလိုက်ပြီ ဖြစ်ကြောင်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူ အဘူအိုအိုင်ဒါက ပြောသည်။

“နိုင်ငံတကာ လေကြောင်းလိုင်းတွေကိုလည်း သတိပေးထားပါတယ်။ နံနက် ၆ နာရီကစပြီး ဘင်ဂူရီယံ လေဆိပ် ကို မပျံသန်းတော့ဖို့ အလေးထား ပြောချင်တယ်” ဟု ၎င်းက ကြေညာထားသည်။

Mizzima - News in Burmese
အစ္စရေးနှင့် ပါလက်စတိုင်း အပစ်ရပ် ဆွေးနွေးပွဲများ ပျက်ပြက်သွားပြီးနောက်အစ်္စရေးနှင့်စစ်ပွဲများပိုမို ဖြစ်ပွားလာမည် ဖြစ်သောကြောင့် နိုင်ငံခြားလေေ ကြာင်း လိုင်းများ အနေဖြင့် သြဂုတ် ၂၁ ရက်မှ စတင်ကာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပျံသန်းခြင်းမပြုရန် ဟားမက်စ်တို့က သတိပေးလိုက်သည်ဟု သြဂုတ် ၂၁ ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံအနောက်ပိုင်း မြေပြိုမှုတွင် သေဆုံးသူအရေအတွက် မြင့်တက် လာဖွယ်ရှိ

ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားမြို့စွန်တွင် သြဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့ သည့် မြေပြိုမှု တွင် သေဆုံးသူ ၃၉ ဦးသာ ရှိခဲ့သော်လည်း  ပျောက်ဆုံးနေသူ ၅၁ ဦး ထပ်မံစာရင်းရရှိထားသောကြောင့် သေဆုံး သူ အရေအတွက် ပိုမိုမြင့်တက် လာနိုင်ကြောင်း သိရသည်။

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ဆွစ်ဇာလန်သို့ သွားရောက်သူဦးရေ မြင့်တက်လာ

Photo: ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ဆွစ်ဇာလန်သို့ သွားရောက်သူဦးရေ မြင့်တက်လာ
Friday, August 22, 2014

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသား တစ်ဦး ဆွစ်ဇာလန်သို့ သွားရောက်ခဲ့သည့်ကိစ္စကို လေ့လာမှု တစ်ခုအရ အတည်ပြုနိုင်ပြီဖြစ်သည်ဟု သြဂုတ် ၂၁ ရက်က သည်တိုင်းအော့်ဖ် အိန္ဒိယသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

“ကာယကံရှင်၏ ဆန္ဒအလျောက် ညင်သာစွာ အသက်ဇီဝိန်ခြွေပေးရေး” ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လေ့လာမှုအား ဗြိတိန်ရှိ သုတေသီ များက ပြုလုပ်ခဲ့ကြရာ ထိုလုပ်ငန်း၏ အလားအလာ မှာ စိုးရိမ်စရာကောင်းလောက်အောင် အလွန်မြင့်တက်လာခဲ့ ကြောင်း တွေ့ရှိခဲ့ကြသည်။

ကိုယ်တိုင်၏ အသက်ကို အဆုံးသတ်ပစ်ရေး ရည်ရွယ်ချက်ဖြင့် ဆွစ်ဇာလန်သို့ သွားကြသည့် ခရီးသည် အရေအတွက်မှာ လေးနှစ်အတွင်း တွင် နှစ်ဆခန့် မြင့် တက်လာခဲ့ကြောင်းနှင့် ရာခိုင်နှုန်းအရ အများဆုံး သွားကြသည့် နိုင်ငံသားများမှာ ဂျာမနီ နှင့် ဗြိတိန်တို့မှဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

ထိုကဲ့သို့ သွားရောက်ခဲ့ကြသူများထဲတွင် သွက်ချာပါဒ၊ မော်တာနူရုန်းရောဂါ (အာရုံကြောစနစ် ပျက်စီး သည့် ရောဂါတစ်မျိုး)၊ ပါကင်ဆန်ရောဂါ (Parkinson's )နှင့် ကိုယ်ခန္ဓာတစ်ရှူးများ တင်းမာသော ရောဂါ (sclerosis)တို့ကဲ့သို့သော အာရုံကြောရောဂါဆိုင်ရာ ဝေဒနာရှင်များက ထက်ဝက်နီးပါး ရှိနေကြောင်း တွေ့ရှိ ခဲ့ကြသည်။

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှုကို ခံယူနိုင်ရေးအတွက် ခရီးသွားခဲ့ကြသူ ၂၀၀၈ ခုနှစ်တွင် ၁၂၃ ဦး ရှိခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ၁၇၂ ဦးအထိ မြင့်တက်လာခဲ့ သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံ ၃၁ ခုမှ နိုင်ငံသားများ ထိုကိစ္စအတွက် ဆွစ်ဇာလန်သို့ သွားခဲ့ကြကြောင်းနှင့် ထိုသူများထဲတွင် ဂျာမန် ၂၆၈ ဦး နှင့် ဗြိတိန် နိုင်ငံသား ၁၂၆ ဦးတို့ ပါဝင်နေရာ ထို နှစ်နိုင်ငံမှ သွားရောက်ကြသူများမှာ စုစုပေါင်း သွား ရောက်ကြသူများ၏ သုံးပုံ နှစ်ပုံနီးပါး ရှိနေကြောင်း လည်း သုတေသနက ဆိုသည်။

ထိုကိစ္စအတွက် အများဆုံး သွားရောက်ခဲ့ကြသည့် နိုင်ငံသားများထဲတွင် ပြင်သစ် ၆၆ ဦး၊ အီတလီ ၄၄ ဦး၊ အမေရိကန် ၂၁ ဦး၊ သြစတြေးလျ ၁၄ ဦး၊ ကနေဒါ ၁၂ ဦး၊ စပိန် ရှစ်ဦးနှင့် အစ္စရေး ရှစ်ဦးတို့ ပါဝင်သည်။

ထိုအချက်အလက်များအား ကြာသပတေးနေ့ နံနက်တွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ထိုစာရင်းအရ ဆိုလျှင် ၂၀၁၂ ခုနှစ်တွင် ဆွစ်ဇာလန်သို့ ထိုကိစ္စအ တွက် သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား တစ်ဦး လည်း ပါဝင်နေသည်။

ထိုခရီးသွားလုပ်ငန်း ဆွစ်ဇာလန်တွင် ဖြစ်ထွန်းနေခြင်းက၊ အခြားနိုင်ငံများတွင်လည်း ညင်သာစွာ သေဆုံး လိုသူများအား ကာယကံရှင်ဆန္ဒအလျောက် ကူညီ အဆုံးသတ်ပေးခွင့်နှင့် ပတ်သက်သည့် ဥပဒေများကို ပြောင်းလဲ
လာစေနိုင်ခြင်း ရှိ မရှိကိုလည်း အောက်စဖို့တက္ကသိုလ်က ပြုလုပ်ခဲ့သော သုတေသနတွင် လေ့ လာထားသည်။ အိန္ဒိယအပါအ၀င် နိုင်ငံအများအပြားတွင် ကာယကံရှင် ဆန္ဒအလျောက် ဘ၀အဆုံးသတ်မှု အား ကူညီပေးခွင့်ကို ပိတ်ပင်တားမြစ်ထားသော်လည်း ဆွစ်ဇာလန်တွင်မူ ထိုကိစ္စနှင့်ပတ်သက်၍ ဥပဒေ ဖြင့် ရှင်းလင်းစွာ ပြဋ္ဌာန်းထားခြင်းမျိုး မရှိပေ။

Mizzima - News in Burmese
ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသား တစ်ဦး ဆွစ်ဇာလန်သို့ သွားရောက်ခဲ့သည့်ကိစ္စကို လေ့လာမှု တစ်ခုအရ အတည်ပြုနိုင်ပြီဖြစ်သည်ဟု သြဂုတ် ၂၁ ရက်က သည်တိုင်းအော့်ဖ် အိန္ဒိယသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

MPU ကတ်အသုံးပြုသည့် POS စက် အလုံးရေ ၁ဝဝဝ ခန့် အင်တာနက်မရ၍ ခေတ္တရပ်ဆိုင်းထားရ

Photo: MPU ကတ်အသုံးပြုသည့် POS စက် အလုံးရေ ၁ဝဝဝ ခန့် အင်တာနက် မရ၍ ခေတ္တ ရပ်ဆိုင်းထားရ
Friday, August 22, 2014

Myanmar Payment Union (MPU) ကွန်ယက်တွင် ချိတ်ဆက်ထားသော ငွေပေးချေမှု လက်ခံသည့်စက် Point Of Sale (POS) စက်အလုံး တစ်ထောင်ခန့်ကို Internet Protocol (IP) လိုင်း မရသဖြင့် အသုံးပြုမှု ခေတ္တရပ်ဆိုင်းနေသည်ဟု MPU ကွန်ယက်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

MPU ကွန်ယက်မှ POS စက်များ အသုံးပြုရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်လိုင်း IP နှစ်ခုနှင့် ချိတ်ဆက်ထားပြီး IP တစ်ခုမှာ အသုံးပြု၍ မရခြင်းကြောင့် POS စက် အလုံးရေ ရှစ်ရာ မှ တစ်ထောင်ခန့် အတွင်း အသုံးပြု၍မရခြင်း ဖြစ်သည်ဟု ၎င်းင်းက ဆိုသည်။

ဦးဇော်လင်းထွဋ်က “ မြန်မာ့ဆက်သွယ်ရေးက အင်တာနက် Networkတွေ အသစ်ချိန်းလိုက်လို့ ခုလိုဖြစ်တာလို့ ပြောပါတယ်။ အဲဒါကြောင့် MPU ကွန်ယက်က ချိတ်ထားတဲ့ IP နှစ်ခုမှာ တစ်ခုက သုံးလို့ မရတော့ဘူး ဖြစ်သွားတယ်။ POS စက်လောက်ပဲ သုံးမရတာပါ။ ATM ကတော့ အသုံးပြုလို့ ရနေပါတယ်” ဟု ပြောသည်။

အဆိုပါ စက်များမှာ သြဂုတ်လ တတိယပတ်အတွင်း အသုံးပြု၍ မရတော့ခြင်းဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း ပြန်လည်အသုံးပြုနိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းင်းက ဆိုသည်။

CBဘဏ်၏ မန်နေဂျာ ဦးအုန်းသိန်းဦးက “ ATM နဲ့ POS တွေကို ဖိုင်ဘာ ကြိုးလိုင်းအပြင် အင်တာနက် 3G လိုင်းနဲ့ လည်း ကွန်ယက်ချိတ်ဆက်ပြီး အသုံးပြုနေတာပါ။ ခု ခေတ္တဆက်သွယ်မှု ပျက်နေတဲ့ စက်တွေကို မကြာခင် ပြန်သုံးနိုင်မှာပါ”ဟု ပြောသည်။

MPU ကွန်ယက်ကို ၂ဝ၁၁ ခုနှစ်က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်နှင့် အစိုးရ စီးပွားရေးဘဏ် စုစုပေါင်း ၁၉ ဘဏ်တို့ ပါဝင်ဖွဲ့စည်းထားသည်။ သို့သော် လက်ရှိ MPU ကွန်ယက်တွင် ATM နှင့် POS စက်တပ်ဆင်ထားသော ဘဏ် ၁၄ ဘဏ်အထိသာ ရှိသည်။

Myanmar Payment Union ကွန်ယက်ရှိ ATM နှင့် POS စက်များတွင် MPU ကတ်များကို သာမက Visa ၊ Master ၊CUP Card (China Union Pay) ၊ JCB ကတ်စသည့် နိုင်ငံတကာ ငွေပေးချေမှုကတ်များကို လက်ခံ အသုံးပြုနေပြီ ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ MPU ကွန်ယက်ဝင်ဘဏ်ခွဲ အများစုတွင် ATM စက်များကို တပ်ဆင်ထားပြီး ATM စက်အလုံးရေ တစ်ထောင်ခန့်နှင့် POS စက်အလုံးရေ သုံးထောင်ခန့်အထိ အသုံးပြုနေသည်။

Mizzima - News in Burmese
Myanmar Payment Union (MPU) ကွန်ယက်တွင် ချိတ်ဆက်ထားသော ငွေပေးချေမှု လက်ခံသည့်စက် Point Of Sale (POS) စက်အလုံး တစ်ထောင်ခန့်ကို Internet Protocol (IP) လိုင်း မရသဖြင့် အသုံးပြုမှု ခေတ္တရပ်ဆိုင်းနေသည်ဟု MPU ကွန်ယက်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

အမှန်တကယ် တန်ဖိုးနည်းအိမ်ရာဖြစ်လာရေးအတွက် မြေရာအခက်အခဲရှိဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို

Photo: သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်တန်ချိန် နှစ်ထောင်ကျော် ထပ်မံရောင်းချပေးမည်
Friday, August 22, 2014

သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်မာသစ်လုံး ၁,၆၄၆ လုံး (၂,၁၇၂ ဒသမ ၃၃၂ တန်)ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လာမည့် ၂၈ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်သည်ဟု မြန်မာ့သစ်လုပ်ငန်း အိတ်ဖွင့်တင်ဒါကျင်းပရေး ကော်မတီက ၂၂ ရက်က ထုတ်ပြန်သည်။

မြန်မာ့သစ်လုပ်ငန်း သစ်တောထွက်ပစ္စည်းဖက်စပ် ကော်ပိုရေးရှင်းလီမိတက် ပြည်ပရောင်းဌာန ခေတ္တအထွေထွေမန်နေဂျာ ဦးစိုးမိုးဝင်းက “ ပြည်ပသစ်လုံးတင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် ကိုယ့်တိုင်းရင်းသား လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာဖြစ်ဖို့ရယ်၊ သစ်အခြေခံစက်မှုလုပ်ငန်းတွေ တိုးတက်ဖို့နဲ့ သစ်ပရိဘောဂလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ကို ရည်ရွယ်ပြီးရောင်းချပေးတာပါ ”ဟု ဆိုသည်။

တင်ဒါလျှောက်လွှာအတွက် ပုံစံကြေးအဖြစ် ကျပ်တစ်သောင်းသတ်မှတ်ထားပြီး သမာဓိအာမခံအတွက် ကျပ် ၂၅ သိန်း သတ်မှတ်ထားသည်ဟု ယင်းကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

သစ်လုံးဝယ်ယူမှုကို ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ကျပ်ငွေသာမက နိုင်ငံခြားငွေဖြင့်ပါ ရောင်းချပေးသွားမည်ဖြစ်ပြီး ကြို့ကုန်းသစ်တောဝင်း (အင်းစိန်)ရုံး၌ ယခုလ၂၈ ရက်တွင် ရောင်းချပေးသွားမည်။

သြဂုတ်လ ၁၁ ရက်ကလည်း ကျွန်းသစ် တန်ချိန် ၁,၅၄၀ ၊ အခြားသစ်အမျိုးအစား သစ်တန်ချိန် ၁၄,၈၃၃၊ သစ်ခွဲသားတန်ချိန် ၁,၅၈၅ တို့ကို မြန်မာ့သစ်လုပ်ငန်းမှ ရောင်းချသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိဘဏ္ဍာနှစ်တွင် ကျွန်းသစ်၊ သစ်မာနှင့် သစ်ခွဲသား တန်ချိန်ပေါင်း သုံးသောင်းကျော် ရောင်းချခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်နှင့် ကျပ်ငွေ ၁၁ ဘီလီယံ ၀င်ငွေရရှိခဲ့သည်။

Mizzima - News in Burmese
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗိုလ်ဗထူးလမ်းရှိ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၂ ရက်က တွေ့ရစဉ်။ အစိုးရက တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးနေသည်ဟု ဆိုသော်လည်း ယနေ့ချိန်ထိ အောက်ခြေလူတန်းစားနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ ဓာတ်ပုံ-ဟိန်းထက်
မြန်မာနိုင်ငံ၏ ကျူးကျော်များကို ဖြေရှင်းရေးအတွက် ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် လိုအပ်သည်ဟု ဆိုသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင်မူ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်မှာ မြေနေရာ အခက်အခဲကြီးမားနေခြင်းက ပြဿနာတစ်ရပ် ဖြစ်နေသည်ဟု ဆောက် လုပ်ရေး လုပ်ငန်းရှင်ကြီးများက သြဂုတ် ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်တန်ချိန် နှစ်ထောင်ကျော် ထပ်မံရောင်းချပေးမည်

သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်မာသစ်လုံး ၁,၆၄၆ လုံး (၂,၁၇၂ ဒသမ ၃၃၂ တန်)ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လာမည့် ၂၈ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်သည်ဟု မြန်မာ့သစ် လုပ်ငန်း အိတ်ဖွင့်တင်ဒါကျင်းပရေး ကော်မတီက ၂၂ ရက်က ထုတ်ပြန်သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားခွင်၌ နှလုံးရောဂါဖောက်လာ၍ စစ်ဆေးမှု ချက်ချင်းရပ်ဆိုင်းခဲ့ရ

Photo: သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားခွင်၌ နှလုံးရောဂါဖောက်လာ၍ စစ်ဆေးမှု ချက်ချင်းရပ်ဆိုင်းခဲ့ရ
Friday, August 22, 2014

လေးရက်အတွင်း ရုံးချိန်းနှစ်ကြိမ်ဆက် စစ်ဆေးခံရသော သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် သြဂုတ်လ ၂၂ ရက် ဒဿ     မအကြိမ် ရုံးထုတ်စစ်ဆေးစဉ် တရားခွင်၌ အသက်ရှုမွန်းကြပ်လာသဖြင့် စစ်ဆေးမှု ချက်ခြင်းရပ်ဆိုင်းခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဆိုသည်။

ဦးဆန်းဆင့်၏ ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဦးတင်ထွန်းက “ဒီကနေ့ နေ့လည် ၁၁း၅၅ နာရီလောက်မှာ အန်ကယ်တို့ဘက်က Cross လုပ်ဖို့ အချိန်မှာ ဝန်ကြီးက အသက်ရှုကြပ်ပြီး နေလို့မရတော့ဘူး” ဟု မဇ္ဈိမကို အတည်ပြု ဖြေကြားသည်။

ပုဒ်မ ၁၂၄(က) အတွက် လိုပြသက်သေအဖြစ် သာသနာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေ (ဘဏ္ဍာရေးဌာန) အား စစ်ဆေးနေစဉ် ဦးဆန်းဆင့်၏ ရှေ့နေများမှ ပြန်လည် ချေပရန် အချိန်၌ ဦးဆန်းဆင့်မှာ တရားခွင်တွင် ဆက်လက်နေနိုင်ရန် မဖြစ်နိုင်တော့သဖြင့် တရားသူကြီးက နားနေခန်း စီစဉ် ပေးခဲ့ရသည်။

ယင်းကဲ့သို့ တရားသူကြီးမှ နားနေခန်းစီစဉ်ပေးခဲ့သော်လည်း “ဒါပေမယ့် မထိုင်နိုင်တော့ဘူး၊ လဲလှောင်းနေရတယ်၊ အဲ့ဒီအချိန်မှာပဲ ကုတင် တစ်ထောင်က ပရော်ဖက်ဆာ နှစ်ယောက်လာတယ်၊ ဆေးဝါး ကုသမှုပေးတယ်” ဟု ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၁ဝရက်ကလည်း ဦးဆန်းဆင့်ကို ဒက္ခိဏခရိုင်တရားရုံး၌ ခုနှစ်ကြိမ်မြောက် ရုံးထုတ်မစစ်ဆေးမီ ရမည်းသင်းအကျဉ်းထောင်တွင် အသက်ရှုမဝသဖြင့် အောက်ဆီဂျင်ပေးခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဆိုသည်။

ဦးဆန်းဆင့်၏ ကျန်းမာရေးအခြေအနေသည် အထူးစောင့်ရှောက်ရန်လိုအပ်သည့်အတွက် ပဉ္စမအကြိမ်ရုံးချိန်း၌ ရှေ့နေမှတဆင့် ကျန်းမာရေးအာမခံလျှောက်ထားသော်လည်း ဒက္ခိဏခရိုင်တရားရုံးက ပယ်ချခဲ့သည်။

Mizzima - News in Burmese
လေးရက်အတွင်း ရုံးချိန်းနှစ်ကြိမ်ဆက် စစ်ဆေးခံရသော သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် သြဂုတ်လ ၂၂ ရက် ဒဿ မအကြိမ် ရုံးထုတ်စစ်ဆေးစဉ် တရားခွင်၌ အသက်ရှုမွန်းကြပ်လာသဖြင့် စစ်ဆေး မှု ချက်ခြင်း ရပ်ဆိုင်းခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဆိုသည်။

တပ်မှူးသုံးဦး သေဆုံးမှုအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု ဟားမားစ် အဖွဲ့ခြိမ်းခြောက်

Photo: တပ်မှူးသုံးဦး သေဆုံးမှုအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု ဟားမားစ် အဖွဲ့ခြိမ်းခြောက်
Friday, August 22, 2014

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မိမိတို့၏ တပ်မှူးသုံးဦး သေဆုံး သွားမှုအတွက် လက်တုံ့ပြန်မည်ဟု ဟားမားစ်တို့က ခြိမ်းခြောက်လိုက်သည်။

ဩဂုတ်(၂၁)ရက်က အစ္စရေးလေတပ် တိုက်လေယာဉ်များသည် ဂါဇာ ကမ်းမြှောင် ဒေသ တောင်ပိုင်းရှိ ရာဖာကို ဗုံးကြဲခဲ့ရာ ဟားမားစ်တို့၏ အယ်လ်ကွာဆမ် တပ်ဖွဲ့ခွဲမှ ခေါင်းဆောင်ပိုင်းအဆင့်ရှိသူ သုံးဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။ အယ်လ်ကွာဆမ် တပ်ဖွဲ့က အဆိုပါ ဖြစ်ရပ်အတွက် အစ္စရေး အနေဖြင့် ပေးဆပ်ရမည်ဟု ဆိုသည်။

“ကျုပ်တို့ရဲ့ ခုခံတိုက်ခိုက်မှု အောင်လံကို အကျဆုံးခံမှာ မဟုတ်ဘူးလို့ ကတိပေး တယ်။ ခေါင်းဆောင်သုံးဦးဟာ ညီအစ်ကိုတော်တွေနဲ့အတူ သူတို့ရဲ့သွေးကို ဂါဇာပြည်သူတွေအတွက် စတေးခံခဲ့တယ်။ ခေါင်းဆောင်တွေကို သတ်ပစ်ရုံနဲ့ ကျုပ်တို့ရဲ့ ခွန်အားကို ယုတ်လျော့သွားအောင် မလုပ်နိုင်ဘူး”ဟု သတင်းဌာန များထံသို့ အယ်လ်ကွာဆမ် အဖွဲ့က အီးမေးလ် ပေးပို့ခဲ့သည်။

ထို့အပြင် “ကျုပ်တို့ခေါင်းဆောင်တွေ သေဆုံးသွားခြင်းဟာ ကျုပ်တို့ကို ပိုပြီး ခွန်အားတိုးပွားလာစေတယ်။ ရန်သူတွေဟာ ဒီရာဇဝတ်မှု အပါအဝင် ကျုပ်တို့ပြည်သူတွေကို ဖိစီးခြိမ်းခြောက်ခဲ့သမျှ လုပ်ရပ်အားလုံးအတွက် အရမ်းကြီးမားတဲ့ တန်ဖိုးမျိုး ပေးဆပ်ရစေမယ်”ဟုလည်း အစ္စရေးကို ရည်ရွယ်ကာ ခြိမ်းခြောက်ထားခဲ့ကြောင်း သိရသည်။

အယ်လ်ကွာဆမ် တပ်ဖွဲ့က ရာဖာရှိ နေအိမ်တစ်လုံး ဗုံးကြဲခံရမှုတွင် တပ်မှူး အဆင့် ရှိ မိုဟာမက် အဘူရှာမယ်လာ၊ ရေ့ဒ်အယ်လ်အတ္တာနှင့် မိုဟာမက် ဘာဟွမ်းတို့ သေဆုံးခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ဩဂုတ်(၂၁)ရက် ဗုံးကြဲမှုတွင် အရပ်သားများ အပါအဝင် ပါလက်စတိုင်း (၂၇)ဦး သေဆုံးပြီး (၂၅)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

Ref: Xinhua
7Day DAILY 

ဂါဇာကမ်းမြှောင်ဒေသအနီး တပ်စွဲထားသည့် အစ္စရေးတင့်ကားများ Photo - BBC
ဂါဇာကမ်းမြှောင်ဒေသအနီး တပ်စွဲထားသည့် အစ္စရေးတင့်ကားများ Photo - BBC
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မိမိတို့၏ တပ်မှူးသုံးဦး သေဆုံး သွားမှုအတွက် လက်တုံ့ပြန် မည်ဟု ဟားမားစ်တို့က ခြိမ်းခြောက်လိုက်သည်။