မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Tuesday, 19 August 2014
ပူတာအိုနှင့် မချမ်းဘောရှိ စစ်ဘေးဒုက္ခသည်များ အထောက်အပံ့မရောက်သဖြင့် စားသောက်ရေးအခက်တွေ့နေ
မချမ်းဘောမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ(ဓာတ်ပုံ − မရန်)
ပူတာအိုနှင့် မချမ်း ဘောဒေသရှိ စစ်ဘေးဒုက္ခသည်များအား ထောက်ပံ့ငွေ မလောက် ၍ စားသောက်ရေး အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာလုပ်သား ၅၂ဦးကို ဗီဇာအတုဖြင့် မလေးရှားသို့ ခေါ်ဆောင်သည့် ပွဲစားသုံးဦးကို မလေးရှားနိုင်ငံ စီဘန်းတရားရုံးတွင် ယနေ့ အမိန့်ချမည်
မလေးရှား နိုင်ငံသို့ မြန်မာလုပ်သား ၅၂ဦးအား ဗီဇာအတုဖြင့် ခေါ်ဆောင်သွားသည့် ပွဲစား သုံးဦးကို သြဂုတ် ၁၉ ရက် (ယ နေ့)တွင် မလေးရှားနိုင်ငံ စီဘန်းတ ရားရုံးတွင် အမိန့်ချသွားရန်ရှိကြောင်း မလေးရှားနိုင်ငံ ရှိ Myanmar Migrants Rights Centre ဥက္ကဋ္ဌ ဦးကို လတ်ကပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
ISIS အဖွဲ့ သိမ်းယူ ထားသော မိုဆူးလ် ဆည်ကို ကာ့ဒ် တပ်ဖွဲ့ဝင်များ ပြန်လည် သိမ်းယူ
အစ္စလာမ်မစ် စစ်သွေးကြွများဖြစ်သည့် ISIS အဖွဲ့မှ သိမ်းယူထားသော အီရတ်နိုင်ငံ မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးဆုံးဆည်ကြီးကို ကာ့ဒ်တပ်ဖွဲ့ဝင်များက ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ကာ့ဒ်တပ်ဖွဲ့ တာဝန် ရှိသူ များက ပြောကြားခဲ့သည်။ အဆိုပါ မိုဆူးလ်ဆည်ကြီးကို ပြန်လည်သိမ်းယူ နိုင်ရန်အတွက် ကာ့ဒ်မြေပြင် တပ်ဖွဲ့ ဝင်များသည် အမေရိကန်၏ လေကြောင်းပစ်ကူဖြင့် သြဂုတ် ၁၇ ရက် နံနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
အာဆီယံလုပ်သားဈေးကွက်အပေါ် သုံးသပ်ချက် အိုင်အယ်လ်အိုထုတ်ပြန်မည်
အာဆီယံပေါင်းစည်းမှု နက်ရှိုင်းလာခြင်းကြောင့် လုပ်သားဈေးကွက်အပြောင်းအလဲ ဖြစ်နိုင်ခြင်း အပေါ် လေ့ လာထား သည့်အစီရင်ခံစာသစ်တစ်စောင် ထုတ်ပြန်မည်ဖြစ်ကြောင်း နိုင်ငံတကာအလုပ် သမား အဖွဲ့ (ILO) ကကြေညာသည်။
ဆက်လက်ဖတ်ရှုပါရန် »
တနင်္သာရီဒေသရှိ အခြေခံပညာကျောင်းများတွင် မုန့်အရောင်းဆိုင်များသို့ သတိပေးစည်းကမ်းချက်များထုတ်ပြန်
တနင်္သာရီဒေသရှိ အခြေခံပညာကျောင်းများနှင့် အနီးပတ်ဝန်းကျင်တွင် သတ်မှတ်ထားသော မုန့်များရောင်း ချ ရန်နှင့် ဈေးဆိုင်များ လိုက်နာရန် စည်း ကမ်းချက်များ ထုတ်ပြန်သွားမည် ဟု တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
အီဘိုလာဖြစ်တဲ့ နိုင်ငံကနေ ထွက်ခွာမယ့် ခရီးသွားတွေကို စစ်ဆေးဖို့ WHO ပြောကြား
အီဘိုလာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားနေတဲ့ နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ နိုင်ငံတကာ လေဆိပ်တွေ၊ သင်္ဘော ဆိပ်ကမ်းတွေနဲ့ အဓိက နယ်စပ်ဖြတ်ကျော်တဲ့နေရာတွေ ကနေ ထွက်ခွာတဲ့ ခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင် သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
အင်ဒိုနီးရှား ကူးတို့ သင်္ဘောမှောက်မှု နိုင်ငံခြားသားနှစ်ဦး ပျောက်ဆုံးဆဲ
အင်ဒိုနီးရှားနိုင်ငံမှာ စနေ့နေ့တုန်းက ခရီးသည်တင်သင်္ဘောတစင်း နစ်မြုပ်မှုဖြစ်ခဲ့ရာမှာ အဲဒီမှာပါတဲ့ ခရီးသည် ၁၃ ဦးကျော်ကို ဆယ်ယူနိုင်ခဲ့ပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးမီ ပြည်သူအား ချပြရန် ဗိုလ်ချုပ်ဂွန်မော်ပြော
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ကို လက်မှတ်မရေးထိုးမီ ပြည်သူလူထု အပါ အဝင် နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းအသီး သီးအား ချပြရန်လိုအပ်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွန်မော်ကပြောကြား သည်။
ဆက်လက်ဖတ်ရှုပါရန် »
အထပ်မြင့်တိုက်များတည်ဆောက်ရန် စိစစ်မှု ပြင်ပပညာရှင်များပါဝင်လာတော့မည်ဟုဆို
ဆောက်လက်စ အထပ်မြင့် တိုက်တစ်လုံးကိုတွေ့ရစဉ်။ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
သုံးထပ်နှင့်အထက်အ ဆောက်အအုံများတည်ဆောက် ခွင့်ကို စည်ပင်အပြင် ပြင်ပအင် ဂျင်နီယာပညာ ရှင်များဖြင့် စစ်ဆေးပြီး တည်ဆောက်ခွင့်ပေး မည့်အစီအစဉ်ကို ယခုနှစ်အတွင်း စတင်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဆော်ဒီတော်ဝင်မင်းသား ယာဉ်တန်း တိုက်ခိုက်လုယက်ခံရ
လက်နက်တွေ အကြီးအကျယ် ကိုင်ဆောင်ထားတဲ့ ဂိုဏ်းတခုက ပြင်သစ်နိုင်ငံ ပဲရစ်မြို့စွန်မှာ ဆော်ဒီ အာရေဗျက တော်ဝင်မင်းသားတဦးရဲ့ ယာဉ်တန်းကို သြဂုတ် ၁၇ ရက်က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
နောင်ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်ဟုဆို
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ထပ်မံပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင် များထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ယာဉ်မတော်တဆမှုကြောင့် ခရီးသည်သေဆုံးပါက ယာဉ်လိုင်းပိတ်သိမ်းသည် အထိ အရေးယူသွားမည်
ရန်ကုန်-မန္တလေး အမြန်လမ်း ဓာတ်ပုံ - မဇ္ဈိမ
အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်သေဆုံးသည်အထိ ယာဉ်မတော်တဆမှုဖြစ်ပွားပါက ဖြစ်စဉ်ပေါ် မူတည်ကာ ယာဉ်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ အကြီးအကဲတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဖက်ဒရယ်ကို စာချုပ်ထဲမှာ မဟုတ်ဘဲ လက်တွေ့ဖြစ်ရန် နိုင်ငံရေးပါတီများ အစိုးရသို့ တိုက်တွန်း
ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြည်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီပထမ ဥက္ကဋ္ဌ ဦးအေးသာအောင် ပြောကြားနေသည်ကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို စာချုပ်ထဲမှာသာမဟုတ် လက်တွေ့အကောင် အထည်ဖော်ဖို့ နိုင်ငံရေး အင် အားစု ပါတီများက သြဂုတ် ၁၈ ရက် မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အစိုးရကို တိုက်တွန်းလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
စက်မှုဇုန်ရှိ အလုပ်သမားများကို အထက်တန်းထိ စာသင်ပေးမည်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ Dong Long မြန်မာ တရုတ်ဖက်စပ် အထည်ချုပ် စက်ရုံအတွင်းရှိ အလုပ် သမများကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
ပညာသင်ယူလိုသည့် စက်မှုဇုန်အလုပ်သမားများကို စာရင်းကောက်ပြီး အခြေခံပညာအထက်တန်းထိ သင်ကြားပေး ရန် စီစဉ်နေပြီဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းဘွိုင်လာပေါက်ကွဲမှုမှ ထိခိုက်ခဲ့သည့် မြန်မာများကို ၀န်ကြီးဌာန က ထောက်ပံ့မည်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ဆမုတ်ပရာကန်ခရိုင်အတွင်းရှိ Wong Pisit Printing Limited ဆေးဆိုး ပန်းရိုက်စက်ရုံ သြဂုတ် ၁၇ ရက် နံနက်ပိုင်းက ပေါက်ကွဲခဲ့စဉ်။ ဓာတ်ပုံ-ဟင်္သာနီ မွန်မြေ
ထိုင်းနိုင်ငံတွင် သြဂုတ် ၁၇ ရက်က ဖြစ်ပေါ်ခဲ့သော ဆေးဆိုးပန်းရိုက်စက်ရုံသုံး ဘွိုင်လာ ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များကို အလုပ်ရှင်နှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့က ထောက်ပံ့ကြေး ပေးအပ်မည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက သြဂုတ် ၁၇ ရက်က ထုတ်ပြန်လိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ပီအာရ် ဥပဒေကြမ်း လွှတ်တော်ရေးနေပြီ
ဇူလိုင်လ ၂၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ် ဆွေးနွေးရန်အဆိုကို လက်ခံေ ဆွးနွေး ရန် သင့် မသင့် လွှတ်တော်အမတ်များက မတ်တပ်ရပ် ဆန္ဒပြုနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-စိုးသန်းလင်း
အနာဂတ်ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးမည့် ပီအာရ်စနစ်အမျိုးအစားကို သြဂုတ် ၁၈ ရက် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ဥပဒေကြမ်းရေးဆွဲမှုလုပ်ငန်းများ စတင်တော့မည်ဟု အမျိုးသား လွှတ်တော် (PR)စနစ် အကောင်အထည်ဖော်ရေး ကော်မရှင် အဖွဲ့ဝင် အချို့က မဇ္ဈိမကို အတည်ပြုသည်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းအမျိုးသမီးများအား အငှားကိုယ်ဝန်ဆောင်စေခဲ့ကြောင်း စွပ်စွဲခံထားရသည့် ဂျပန်အမျိုးသား၏ ဒီအင်န်အေအား ရဲတပ်ဖွဲ့ထံ ပေးပို့
ထိုင်းအမျိုးသမီးများအား အငှားကိုယ်ဝန်ဆောင်စေခဲ့ပြီး ကလေး ၁၂ ထက်မနည်း၏ ဖခင်ဖြစ်နိုင်ကြောင်း စွပ်စွဲခံထားရသူ ဂျပန်အမျိုးသား၏ ဒီအင်န်အေအား စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့သို့ သြဂုတ် ၁၈ ရက်က ပို့ထားကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဆီးရီးယား ဓာတုလက်နက်များအား ဖျက်ဆီးမှု ပြီးဆုံး
ဆီးရီးယားတွင် သြဂုတ် ၁၈ က ဓာတုလက်နက်များ ဖျက်ဆီးမှု ပြီးဆုံးခြင်းအပေါ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးမွမ်းပြောကြား လိုက်ပြီး ဆီးရီးယား အစိုးရအနေဖြင့် ၎င်း၏ ကတိက၀တ်အ တိုင်း ဆက်လက်လုပ်ဆောင်မှု ရှိ၊မရှိ ကို စောင့်ကြည့်သွားမည်ဟု ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဂျက်ကီချန်းရဲ့သားဖြစ်သူကို မူးယစ်သုံးမှုနဲ့ ပီကင်းရဲ ဖမ်းဆီး
ဂျက်ကီချန်းရဲ့သား Jaycee Chan ၊ ဓာတ်ပုံ- TNP
မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကမ္ဘာကျော် ဟောင်ကောင်မင်းသား ဂျက်ကီချန်းရဲ့သားဖြစ် သူကို မူးယစ်ဆေးကိစ္စနဲ့ တရုတ်ရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ တရုတ်မီဒီယာတွေက တနင်္လာနေ့ က ကြေညာကြပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ဝီကီလိခ်ထူထောင်သူက အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီထွက်ခွာတော့မည်ဟု ပြောကြား
ဝီကီလိခ်ထူထောင်သူ ဂျူလီယန်အက်ဆန်းက လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီ ထွက် ခွာတော့ မည်ဟု သြဂုတ် ၁၈ ရက် တွင် ပြောကြားခဲ့သော်လည်း ၎င်း၏အဖွဲ့က ထိုသို့ မလုပ်ဆောင် သင့်ကြောင်းနှင့် ဗြိတိန်အစိုးရနှင့် ဆွေးနွေးပြီးမှသာ သံရုံးမှ ထွက်ခွာ သင့်ကြောင်း ပြော ကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)