Thursday, 7 August 2014

ကချင်ပြည်နယ်မှာ မူးယစ်ဆေးရောင်းသူတွေ ဖမ်းဆီး

Photo: ကချင်ပြည်နယ်မှာ မူးယစ်ဆေးရောင်းသူတွေ ဖမ်းဆီး
Thursday, August 7, 2014

 ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနားက ဝါးရုံတောဆိုတဲ့နေရာကို ဖားကန့်ဒေသအခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်နှိမ်နင်း ရာမှာ မူးယစ်ဆေးဝါး ရောင်းချသူ ၅ ဦးကို ဘိန်းဖြူ၊ ယာမ၊ ဆိုင်ကယ် ၁၁ စီးနဲ့ ငွေကျပ် သိန်း ၅၀နီးပါး ဖမ်းမိခဲ့တယ်လို့ ဖမ်းဆီးရာမှာပါဝင်ခဲ့သူတွေက ပြောပါတယ်။

မနေ့က သွားရောက်ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးချိုသန်းက အခုလိုပြောပါတယ်။

"ကျနော်တို့ အဖွဲ့ပေါင်းစုံမှာ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းနဲ့ တပ်မ ၆၆ ရဲ့လူအင်အား အဖွဲ့နဲ့နောက် စစ်စခန်း၊ ရဲ၊ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေ အဲ့လိုအူးပေါင်းပြီးမှ အဲ့လို ဖမ်းလိုက်တာပါ၊ ရောင်းတဲ့ ၅ ယောက်တော့ဖမ်းသွားတယ်၊ ယူတဲ့လူတွေကိုတော့ ခံဝန်ချုပ် နဲ့ ပြန်လွှတ်ပေးလိုက်တယ်၊ ပင်နီဆီလင်ပုလင်းနဲ့ ထည့်ထားတဲ့ဟာပေါ့လေ ၁၉၀ မိတယ် ဘိန်းဖြူ၊ ဆေးပြားက ၅၀၀ ကျော်မိတယ်ဗျ၊ ယာမ ၄၆ သိန်းကျော်မိတယ် ငွေကြေးနဲ့ ဖမ်းမိ တာကိုတော့ ရဲကတရားလိုလုပ်ပြီး အမှုစွဲတင်ပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကချင်ပြည်နယ်မူးယစ်အထူးတပ်ဖွဲ့က မူးယစ်ဆေးဝါးအမှု ၇၁ မှု ဖမ်း ဆီးနိုင်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့က တပ်မ ၆၆ လက်အောက်ခံတပ်တွေက ဟိုပင်မြို့နဲ့ တစ်မိုင်လောက်ဝေးတဲ့ လယ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ပစ် ခတ်ဖမ်းဆီးရာ ဆေးသမား တစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်ဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ဒုတိယအများဆုံးပြည် နယ် ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
 ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနားက ဝါးရုံတောဆိုတဲ့နေရာကို ဖားကန့်ဒေသအခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်နှိမ်နင်း ရာမှာ မူးယစ်ဆေး ၀ါး ရောင်း ချသူ ၅ ဦးကို ဘိန်းဖြူ၊ ယာမ၊ ဆိုင်ကယ် ၁၁ စီးနဲ့ ငွေကျပ် သိန်း ၅၀နီးပါး ဖမ်းမိခဲ့တယ်လို့ ဖမ်းဆီးရာမှာပါဝင်ခဲ့သူတွေက ပြောပါတယ်။

ဆော်ဒီအစိုးရက သူ့နိုင်ငံသား တွေကို မြန်မာ အမျိုးသမီးနဲ့ လက်ထပ်ခွင့် ပိတ်ပင်

Photo: ဆော်ဒီအစိုးရက သူ့နိုင်ငံသား တွေကို မြန်မာ အမျိုးသမီးနဲ့ လက်ထပ်ခွင့် ပိတ်ပင်
Thursday, August 7, 2014

ဆော်ဒီ အာရေး ဘီးယား အစိုးရ က ဆော်ဒီအာရေးဘီးယား နိုင်ငံသား တွေ ကို မြန်မာ နိုင်ငံက အမျိုးသမီး တွေနဲ့ လက်ထပ်ခွင့် ပိတ်ပင် လိုက်ပါတယ်။

မြန်မာ အမျိုးသမီး အပါအဝင်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ ချတ်တ် နိုင်ငံက အမျိုးသမီး တွေနဲ့ လက်ထပ် ထိမ်းမြားခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ လေး နိုင် ငံက နိုင်ငံသား တွေဟာ ဆော်ဒီ အာရေး ဘီးယား နိုင်ငံမှာ လူဦးရေ ၅၀၀၀၀ (ငါးသိန်း) ကျော်ရှိ သွားတဲ့ အတွက် လူဦးရေ ထပ်မပြန့် ပွားအောင် တားဆီးတာ ဖြစ်နိုင် တယ်လို့ ယူဆ နေကြပါတယ်။

ဒါ့အပြင် လက်ထပ် ထိမ်းမြားခြင်း ဥပဒေကို လည်း တင်းကြပ် လိုက်ပါတယ်။

နိုင်ငံခြားသူနဲ့ လက်ထပ် ထိမ်းမြား လိုတဲ့ အမျိုးသားဟာ အနည်းဆုံး အသက် ၂၅ နှစ်ရှိရမှာဖြစ်ပြီး အကယ်လို့ လင်မယားကွဲသူတွေ ဖြစ်မယ် ဆိုရင် အနည်းဆုံး ၆ လ စောင့်ပြီးမှ လက်ထပ် ထိမ်းမြား ခွင့် လျှောက်လွှာ တင်ရမယ်လို့ ပြောပါတယ်။

ဇနီးမယား ရှိနေတဲ့ကြားက နောက်တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် လက်ရှိ မယားမှာ ကင်ဆာရောဂါရှိကြောင်း၊ မသန်စွမ်းကြောင်း၊ ကလေး မမွေးနိုင်ကြောင်း သက်သေတွေ ပြရမယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ အစ္စလာမ်မစ် ဥပဒေအရ အမျိုးသားတွေကို မိန်းမလေးယောက်အထိ လက်ထပ်ခွင့် ပြုထားပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ လူဦးရေ ၂၇ သန်းလောက်ရှိပြီး အဲဒီထဲက ၃၀%ဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။

ABC Radio Australia

ဆော်ဒီအာရေးဘီးယား ဘုရင် Abdullah bin Abd al-Aziz Al Saud
ဆော်ဒီအာရေးဘီးယား ဘုရင် Abdullah bin Abd al-Aziz Al Saud
ဆော်ဒီအာရေးဘီးယားအစိုးရ က ဆော်ဒီအာရေးဘီးယား နိုင်ငံသားတွေကို မြန်မာနိုင်ငံက အမျိုး သမီး တွေ နဲ့ လက်ထပ်ခွင့် ပိတ်ပင် လိုက်ပါတယ်။

မိဘများကို သတ်ဖြတ်ပြီး အလောင်းဖျက် မီးကင်ခဲ့ကြောင်း ဟောင်ကောင် အမျိုးသားတစ်ဦး ဝန်ခံ

Photo: မိဘများကို သတ်ဖြတ်ပြီး အလောင်းဖျက် မီးကင်ခဲ့ကြောင်း ဟောင်ကောင် အမျိုးသားတစ်ဦး ဝန်ခံ
Thursday, August 7, 2014

မိဘနှစ်ပါးကို သတ်ဖြတ်ပစ်ပြီး အလောင်းများကို ဖြတ်တောက်ခုတ်ထစ် မီးကင်ကာ အစဖျောက်ရန် ကြိုးစားခဲ့မှုအတွက် စွဲချက်တင် ခံထားရသည့် ဟောင်ကောင် အမျိုးသား တစ်ဦးသည် တရားရုံးတွင် ၎င်း၏ ပြစ်မှုကို ဝန်ခံချက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

အသက်(၃၀)အရွယ်ရှိ ဟင်နရီချောင်သည် ဩဂုတ်(၆)ရက်၊ တရားရုံး ကြားနာ စစ်ဆေးမှုအတွင်း စွဲချက်များကို ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ချောင်သည် သူငယ်ချင်းဖြစ်သူ ဇီချွန်ကိုင်နှင့်အတူ မိဘနှစ်ပါးကို သတ်ဖြတ်ပြီး အလောင်းများကို ခုတ်ထစ် ဖြတ်တောက်ကာ မီးကင်ခဲ့ကြောင်း တရားလို ရှေ့နေများက ပြောကြားခဲ့သည်။ 

ချောင်သည် ပြီးခဲ့သည့်နှစ်၊ မတ်လက မိဘနှစ်ပါးဖြစ်သည့် အသက်(၆၅)နှစ်အရွယ် ချောင်ဝင်ကီနှင့် ဆူယွတ်ယီတို့ ပျောက်ဆုံးနေကြောင်း ရဲထံ တိုင်ကြားခဲ့သည်။ ရဲများက အဆိုပါ ဇနီးမောင်နှံကို နောက်ဆုံးတွေ့မြင်လိုက်ရသည့် တိုက်ခန်းတစ်ခုကို သတင်းအရ ရှာဖွေရင်း ရေခဲသေတ္တာထဲတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တွေ့ရှိခဲ့သည်။ ယင်းတို့ကို DNA ဖြင့် တိုက်ဆိုင်စစ်ဆေးရာ ချောင်၏ မိဘနှစ်ပါးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ချောင်က မိမိသည် စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျလုနီးပါး ဆိုးရွားခဲ့ပြီး မိဘနှစ်ပါးနှင့် ပတ်သက်၍ ၎င်း၏ စိတ်ခံစားချက်သည်လည်း တစ်နေ့ထက်တစ်နေ့ အခြေအနေ ဆိုးလာခဲ့ကြောင်း ထွက်ဆိုသည်။ ၎င်း၏ အမြင်တွင် မိဘနှစ်ပါးသည် အသုံးမဝင်သူများသဖွယ် ဖြစ်ခဲ့ကြောင်း ချောင်က ပြောကြားခဲ့သည်။ ချောင်နှင့် ဇီတို့သည် လူနှစ်ဦးကို သတ်ဖြတ်မည့် အစီအစဉ်အတွက် (၃)လမျှ အချိန်ယူ အကောင်အထည် ဖော်ခဲ့ကြသည်။ ထိုအတောအတွင်း သူငယ်ချင်း နှစ်ဦးသည် ဓားများ၊ ရေခဲသေတ္တာများ၊ မိုက်ခရိုဝေ့ မီးဖိုများကို ဝယ်ယူထားခဲ့သည်။
ချောင်သည် မိဘများကို သတ်ဖြတ်ပြီးနောက် အလောင်းများကို ခုတ်ထစ်ပိုင်းဖြတ်ကာ ဦးခေါင်းနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရေခဲသေတ္တာထဲတွင် အေးခဲထားစေခဲ့သည်။ ရေခဲသေတ္တာ မဆံ့တော့သည့်အခါ ကျန်အစိတ်အပိုင်းများကို အသားကင်သဖွယ် ပြုလုပ်ပြီး ထမင်းဘူးများထဲ ပုံဖျက်ထည့်သွင်းကာ လွှင့်ပစ်ခဲ့ကြသည်။ ဟောင်ကောင် ဗဟိုတရားရုံးတွင် အဆိုပါအမှုအတွက် သက်သေ အထောက်အထားများကို တင်သွင်း ဖတ်ကြားခဲ့ရာတွင် ချောင်က မနှစ်မြို့ဖွယ် ရာဇဝတ်မှုကို လုပ်ဆောင်ပြီးချိန်၌ ရဲများကို လှည့်စားရန် စီစဉ်ထားခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။

“ငါ့မိဘတွေကို သတ်ပြီးချိန်မှာ လူပျောက်မှုနဲ့ ရဲတိုင်ထားမယ်၊ ပြီးရင် အလောင်းတွေရဲ့ အစိတ်အပိုင်းတွေကို နည်းနည်းချင်းစီ လွှင့်ပစ်မယ်”ဟု ၎င်းက အင်တာနက်တွင် ဇီနှင့် တိုင်ပင်ဆွေးနွေးရာ၌ ရေးသားထားကြောင်း သက်သေထွက်ချက်များက ဆိုသည်။ ၎င်းက Message တစ်ခုတွင် “ငါငယ်ငယ်တုန်းကနဲ့ လူပျိုဖော်ဝင်စ အချိန်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအရ လူတွေရဲ့ နာကျင်မှုကို မစာနာနိုင်ဘူး”ဟုလည်း ရေးသားထားကြောင်း သိရသည်။
South China Morning Post သတင်းစာက ချောင်သည် လူသတ်မှုနှင့် အလောင်းဖျောက်ဖျက်မှုများအတွက် ဝန်ခံချက် ပေးထားပြီး ဇီကမူ ယင်းအမှုများ ကျူးလွန်ခြင်းမရှိဟု ငြင်းဆိုထားကြောင်း ဖော်ပြခဲ့သည်။ အဆိုပါအမှုကို ယခုလကုန်ပိုင်းတွင် အပြီးသတ် စီရင်ချက် ချမှတ်ဖြစ်ဖွယ် ရှိကြောင်းလည်း သတင်းရရှိသည်။

Ref: Channenlnewsasia3
7Day DAILY

ဟောင်ကောင်မြို့ကောင်းကင်ယံကို တွေ့ရစဉ်
ဟောင်ကောင်မြို့ကောင်းကင်ယံကို တွေ့ရစဉ်
မိဘနှစ်ပါးကို သတ်ဖြတ်ပစ်ပြီး အလောင်းများကို ဖြတ်တောက်ခုတ်ထစ် မီးကင်ကာ အစဖျောက်ရန် ကြိုးစား ခဲ့မှု အတွက် စွဲချက်တင် ခံထားရသည့် ဟောင်ကောင် အမျိုးသား တစ်ဦးသည် တရားရုံးတွင် ၎င်း၏ ပြစ်မှုကို ဝန်ခံချက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

အမြန်လမ်းပေါ်က ယာဉ်မတော်တဆတိမ်းမှောက်မှု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကိုယ်တိုင် ကူညီပေးခဲ့ရ

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃ဝ၅/ ၇ မိုင်တွင် ဘုရားဖူးယာဉ် တစ်စီး တိမ်း မှောက်မှုတစ်ခု သြဂုတ် ၃ရက်ကဖြစ် ပွားခဲ့ရာ အခင်းဖြစ်စဉ်နေရာသို့ လုပ်ငန်းတာဝန်ဖြင့် ယာဉ်တန်းဖြတ်သန်း သွားသည့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ် တစ်ဦးလိုက်ပါလာသည့် ခရီးသွား ယာဉ်တန်းက ဒဏ်ရာရသူများကိုအကူအညီပေးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့သဘောထား အကောင်အထည်ဖော်ဖို့ လွှတ်တော်မှာ တာဝန်ရှိကြောင်း NLD နဲ့ ၈၈ ပြောကြား

Photo: ပြည်သူ့သဘောထား အကောင်အထည်ဖော်ဖို့ လွှတ်တော်မှာ တာဝန်ရှိကြောင်း NLD နဲ့ ၈၈ ပြောကြား
Wednesday, August 7, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ ၅ သန်းနီးပါးရဲ့ ဆန္ဒကို လွှတ်တော်က အကောင်အထည်ဖေါ်ပေးဖို့ တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကော်မတီက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက အခုလိုပြောပါတယ်။
"လွှတ်တော်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတာ၊ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက မဲဆန္ဒရှင်တွေကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ထားတာ၊ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းဟာ သက်ဆိုင်ရာမဲဆန္ဒရှင်တွေကို ကိုယ်စားပြုပြီးတော့ လွှတ်တော်မှာရပ်တည်ရမှာဖြစ်ပါတယ်၊ အဲတော့ မဲဆန္ဒရှင်တစ်ဦးချင်းရဲ့ ဆန္ဒကိုတောင် အလေးအနက်ထားဖို့လိုပါတယ်၊ မဲဆန္ဒရှင် ၅ သန်းလောက်ရဲ့ဆန္ဒကို လွှတ်တော်အနေနဲ့ ပြည်သူ့အသံ လွှတ်တော်အသံဖြစ်အောင်၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဖြစ်အောင်လုပ်ပေးဖို့က လွှတ်တော်ရဲ့တာဝန်ပါ"
တစ်နိုင်ငံလုံးက မြို့နယ် ၃၀၈ မြို့နယ်မှာ ၄၃၆ ပြင်ဆင်ရေးအတွက် လူပေါင်း ၅ သန်းနီးပါးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းက ၁၀ သိန်းကျော်၊ မန္တလေးတိုင်းက ၈သိန်းကျော်၊ စစ်ကိုင်းတိုင်းက ၇ သိန်းကျော်၊ ဧရာဝတီတိုင်းက ၅ သိန်းကျော်နဲ့ အများဆုံးလက်မှတ်တွေ ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မြို့နယ် ၃၀၈ မြို့နယ်က ကောက်ခံရရှိထားတဲ့ လက်မှတ် ၅သန်းနီးပါး ကို လွှတ်တော်ကို တင်ပြသွားမယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒသဘောထားလက်မှတ်တွေကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကောက်ခံခဲ့တာဖြစ်ပါတယ်။

RFA
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ ၅ သန်းနီးပါးရဲ့ ဆန္ဒကို လွှတ်တော်က အကောင်အထည်ဖေါ်ပေးဖို့ တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကော်မတီက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်ငံတစ်ဝန်း လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေး

Photo: နိုင်ငံတစ်ဝန်း လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေး
Thursday, August 7, 2014

နိုင်ငံတကာ ခရီးသွားများ အများဆုံး ဝင်ရောက်သော နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် အီဘိုလာ ဗိုင်းရပ်စ်၏ ကနဦး လက္ခဏာအဖျားကို စစ်ဆေးလျက် ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ် ကနဦးလက္ခဏာ ဖြစ်သော အဖျားလက္ခဏာကို အဓိကထား စစ်ဆေးပြီး ဖျားနာသူ ခရီးသွားများ တွေ့ရှိပါက လေဆိပ်ကျန်းမာရေး ဌာနကို အကြောင်းကြားရမည် ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် လေဆိပ်ကျန်းမာရေး ဌာနက အခြားအီဘိုလာ လက္ခဏာများကို စစ်ဆေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။ 

“ဗိုင်းရပ်စ်ပိုး ရှိတဲ့သူတွေ့ရင် လိုအပ်တဲ့ ဆေးကုသမှု လုပ်မယ်။ အတူနေ မိသားစုဝင်တွေကို အသွားအလာ ထိန်းချုပ်မယ်။ အခုထိတော့ သံသယ လူနာတွေကို မတွေ့ရသေးဘူး” ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားသည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုး ရှိသော တိရစ္ဆာန်နှင့် ရောဂါရှိသူများကို ထိတွေ့ဖူးသူများသာ အဆိုပါရောဂါ ခံစားရနိုင်ပြီး နိုင်ငံတကာ ခရီးသွားများမှ တစ်ဆင့် အီဘိုလာရောဂါပိုး ကူးစက်နိုင်ခြေ ပိုများကြောင်း၊ သဘာဝ တိရစ္ဆာန်များမှတစ်ဆင့် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုသည် မြန်မာနိုင်ငံတွင် မဖြစ်နိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားသား အဝင်များသော လေဆိပ်ကြီး သုံးခုအပြင် ပုဂံညောင်ဦးနှင့် ဟဲဟိုးလေဆိပ်များတွင်လည်း သာမိုမီတာဖြင့် ကိုယ်အပူချိန် စစ်ဆေးရန် လေဆိပ် တာဝန်ရှိသူများနှင့် စတင် ညှိနှိုင်းနေကြောင်း၊ အလားတူ နယ်စပ် ဂိတ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ အနောက်အာဖရိက နိုင်ငံများ အပါအဝင် အမေရိကန်နှင့် အာရှနိုင်ငံများတွင်လည်း သတိပေးတင်းကျပ်မှုတို့ ဆောင်ရွက်နေပြီး အမေရိကန် နိုင်ငံသား နှစ်ဦးကို ဆေးရွက်ကြီးမှ ထုတ်သော အီဘိုလာ ကုသဆေးတစ်မျိုးကို စမ်းသပ်ကုရာ အနည်းငယ် တိုးတက်မှု ရှိကြောင်း ယင်းဆေး ထုတ်လုပ်သည့် ကနေဒါအခြေစိုက် Mapp Bio ကုမ္ပဏီက ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် မတ်လမှ သြဂုတ်လ ၄ ရက်နေ့အထိ အနောက်အာဖရိကနိုင်ငံ (ဆီလီရာယွန်၊ နိုင်ဂျီးရီးယား၊ လိုက်ဘေးရီးယား၊ ဂီနီယာ) များတွင် ရောဂါဖြစ်ပွားသူ ၁၆၀၃ ဦးနှင့် သေဆုံးသူ ၈၈၇ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

The Voice Weekly
နိုင်ငံတကာ ခရီးသွားများ အများဆုံး ဝင်ရောက်သော နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် အီဘိုလာ ဗိုင်းရပ်စ်၏ ကနဦး လက္ခဏာအဖျားကို စစ်ဆေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။

တယ်လီနောဆင်းမ်ကတ် ၁၀ သန်း မြို့ကြီးသုံးမြို့တွင် တစ်ပြိုင်နက် ရောင်းချမည်

ဆက်သွယ်ရေး အော်ပရေတာသစ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောမြန်မာ ကုမ္ပဏီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ဆင်းမ်ကတ် ၁၀ သန်းကို စက်တင် ဘာလ အတွင်း တစ်ပြိုင်နက်တည်း ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက The Voice သို့ ပြောကြားသည်။

ဦးတေဇက သတင်းစာပညာ ဖောင်ဒေးရှင်း အတွက် ဒေါ်လာ ၁ သန်း ထောက်ပံ့မယ်

Photo: ဦးတေဇက သတင်းစာပညာ ဖောင်ဒေးရှင်း အတွက် ဒေါ်လာ ၁ သန်း ထောက်ပံ့မယ်
Thursday, August 7, 2014

မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက သတင်းစာပညာ ဖောင်ဒေးရှင်း တည်ထောင်ဖို့ အမေရိကန် ဒေါ်လာ ၁ သန်း မတည်မယ်လို့ သိရပါတယ်။

လတ်တလောမှာ ဖောင်ဒေးရှင်း ဖွင့်နိုင်ဖို့ စတင်စီစဉ်နေပြီဖြစ်ပြီး ကနဦး မတည်ငွေ ဒေါ်လာ ၁ သန်းကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က ထုတ်ယူသုံးစွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မှန်တာကိုမှန်တဲ့ အတိုင်း ရေးတတ်တဲ့ မီဒီယာတွေ ပေါ်ပေါက်စေဖို့နဲ့ လူငယ်မီဒီယာတွေ မြန်မာ့ အဆင့်ကနေ ကမ္ဘာ့အဆင့် ကို ထိုးဖောက်နိုင်ဖို့ အတွက် လုပ်ချင်တယ်လို့ ဦးတေဇက ချပြတာပါ၊ ကျနော်တို့က အကူအညီပေးလို့ ဒီဘက်ကို အကောင်း ရေးရမယ်၊ မကောင်းရေးရမယ် ဆိုတာမျိုး မရှိပါဘူး၊ ဘာအနှောင်အဖွဲ့မှ မရှိပါဘူး”လို့ အဆိုပါ သတင်းစာပညာ ဖောင်ဒေးရှင်း စတင်ဖို့ စီစဉ်သူ အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုဘိုသန်းက ဧရာဝတီကို ပြောပါတယ်။

သတင်းစာပညာ ဖောင်ဒေးရှင်း ဖြစ်ပေါ်လာပုံမှာ ဖေဖော်ဝါရီလ အတွင်းက သတင်းသမား ၁၄ ဦးနဲ့အတူ သွားခဲ့တဲ့ ဦးတေဇ ၏ ပူတာအို ခရီးစဉ်မှာ ကတိပေးခဲ့တာကြောင့် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“မီဒီယာပညာနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတွေမှာ သွားပြီး လေ့လာချင်သူတွေကို ကူညီပေးချင်တဲ့ အပိုင်းကလွဲပြီး ဘာမှ မရှိပါဘူး”လို့ ကိုဘိုသန်းက ဆက်ပြောပါတယ်။

သတင်းစာပညာ ဖောင်ဒေးရှင်းကို အဓိက ဦးဆောင်ကိုင်တွယ်မှာက ထူးဖောင်ဒေးရှင်း ဖြစ်ပြီး သတင်း မီဒီယာသမား တချို့ ဖောင်ဒေးရှင်းမှာ ပါဝင်ဖို့ ရှိနေတယ်လို့လည်း သတင်းမီဒီယာ လောကမှာ ပြောဆိုနေကြပါတယ်။

“သူတို့တွေက ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်တာ ဆိုရင်တော့ ကောင်းတာပေါ့၊ လုပ်စရာတွေက အများကြီး ရှိတယ် လေ၊ ဒီကိစ္စက တကယ် လက်တွေ့မှာတော့ နည်းနည်းခက်မယ် ထင်တယ်၊ ဘယ်သူတွေ သင်မှာလဲ၊ ဘယ်သူတွေက တက်မှာလဲ ဆိုတာမျိုး ရှိတယ်လေ၊ ဘက်လိုက်တာတွေ မပါဘဲ သတင်းပညာ သင်ရင်တော့ ကောင်းတာပေါ့”လို့ မြန်မာနိုင်ငံ စာနယ် ဇင်း ကောင်စီ(ယာယီ) ဒု ဥက္ကဋ္ဌ ဦးသီဟစောက ပြောဆိုပါတယ်။

သြဂုတ် ၅ ရက်ထုတ် ပြည်ထောင်စု နေ့စဉ် သတင်းစာမှာ ဦးတေဇက မြန်မာနိုင်ငံမှာ မီဒီယာတွေက မမျှမတ တဘက် စောင်း နင်း ရေးတာတွေ တွေ့ရကြောင်း၊ ဒီမိုကရေစီနိုင်ငံ စစ်စစ်မှာ ရေးကြတဲ့ အရေးအသားမျိုး မတွေ့ရကြောင်း၊ စစ်မှန်တဲ့ မီဒီယာ တွေ ထွက်ပေါ်ဖို့၊ စစ်မှန်တဲ့ သတင်းစာဆရာ လူထု ဦးစိန်ဝင်း တို့လို ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာဖို့ အတွက် ဖောင်ဒေးရှင်း ထောင်ဖို့ စိတ်ကူးရတာ ဖြစ်တယ်လို့ ပြောဆိုထားတာကို တွေ့ရပါတယ်။

“ဦးတေဇ မကောင်းရင် မကောင်းတာကို ရေးရဲ ရမယ်။ မှန်တယ်ဆိုလည်း မှန်တာ ရေးရဲရမယ်။ မှားတယ်ဆိုလည်း မှားတာကို ရေးရဲရမယ်။ မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်တဲ့အတွက် ဘယ်အစိုးရ တက်တက် အစိုးရကို ထိန်း ကျောင်းပေးတာ ဖြစ်ရမယ်။ ပြန်ဆဲတဲ့မီဒီယာ မဟုတ်ဘူး။ ထိန်းကျောင်းပေးပြီး ပညာပေးတဲ့ အလုပ်ဖြစ်တယ်။ သူများနိုင်ငံမှာလည်း အဲဒီလိုပဲ။ လူငယ် မီဒီယာသမားတွေ အနေနဲ့ ကမ္ဘာ့အဆင့်ကို ထွက်နိုင်ဖို့ ဒီသုံးချက်ပဲ။ နိုင်ငံတကာ အဆင့်ရှိတဲ့ ငါတို့မြန်မာတွေ ထွက်လာစေချင်တယ်။ မှားနေရင် မှားနေတယ်လို့ ပြောရဲရမယ်။ မှန်ကန်တာပဲ ရေးရမယ်”လို့လည်း ဦးတေဇက ပြည်ထောင်စု နေ့စဉ် သတင်းစာမှာ ပြောဆိုထားပါတယ်။

ဧရာဝတီ
မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက သတင်းစာပညာ ဖောင်ဒေးရှင်း တည်ထောင်ဖို့ အမေရိကန် ဒေါ်လာ ၁ သန်း မတည်မယ်လို့ သိရပါတယ်။

လူသားဆန်သူများရဲ့ လုပ်ရပ်


သြစတြေးလျး နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ နနက်ပိုင်း ၈ နာရီခွဲ အချိန်လောက်က ရထားစီးခရီးသည် အမျိုးသား တယာက်ဟာ သတိချွတ်ချော်မူကြောင့် ရထားနဲ့ပလက်ဖောင်းကြားဟနေတဲ့ နေရာကြားထဲ သူ့ ခြေထောက် ဟာ ညှပ်သွား ခဲ့တယ်။

ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများ စာရင်း ကောက်မည်

Photo: ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများ စာရင်း ကောက်မည်
Thursday, August 7, 2014

မြို့ပြအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့လယ် ၃ နေရာအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများထံမှ အသေးစိတ်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ (YHT)က ပြောသည်။

အဆိုပါ ၃ နေရာမှာ ကုန်သည်လမ်းနှင့် မဟာဗန္ဓလမ်း အကြားတွင် ပါဝင်သော ဘိုကလေးဈေးလမ်း အတွင်းရှိ နေအိမ်များ၊ ၂၆ လမ်း အတွင်းရှိ နေအိမ်များ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်း အကြားတွင်ပါဝင်သော လသာလမ်း တလျှောက်ရှိ ရှေးဟောင်း နေအိမ်များကို ကောက်ယူမည် ဖြစ်သည်ဟု YHT ၏ စီမံကိန်းမန်နေဂျာ ဦးကြံတိုင်းအောင် က ပြောပြသည်။

ထိုနေအိမ်များတွင် နေထိုင်ကြသူများ အဓိက လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း၊ လက်ရှိ လုပ်ကိုင်နေသော လုပ်ငန်းနှင့် ရှေးဟောင်း အဆောက်အအုံများတွင် ဆက်စပ်နေထိုင်ပုံ၊ နေထိုင်လျက်ရှိသော နေအိမ်များနှင့် ပတ်သက်ပြီး ဖြစ်စေချင်သည့် ဆန္ဒများကို အသေးစိတ် စစ်တမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆို သည်။

“ဒီနေရာတွေကို အဓိက ရွေးချယ်ရတာက ရှေးဟောင်း အဆောက်အအုံတွေက ပုံမပျက်သေးဘဲ ရှိနေတဲ့အပြင် အစိုးရ အဆောက် အအုံတွေလည်း မဟုတ်တဲ့ အတွက်ကြောင့်ပါ။ အဲဒီမှာ နေကြတဲ့ သူတွေကိုလည်း စတင် မမေးခင် ကျနော်တို့ လုပ်ထားတဲ့ အကြိုမေးခွန်း ပုံစံတွေနဲ့ ပတ်သက်ပြီး နားလည်မှု မလွဲအောင် ရှင်းပြမယ်။ ကိုယ့်အလုပ်ကို လာမေးလို့ တမျိုးမြင်မှာလည်း စိတ်ပူတယ်။ ဒီအချက်အလက်တွေသိမှ မြို့ပြ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ စဉ်းစားတဲ့ နေရာမှာ ဘယ်လို လုပ်ရလဲဆိုတာသိမှာ”ဟု ၎င်းက ဦးကြံတိုင်းအောင် က ဆက်ပြောသည်။

ယခုအစီအစဉ်သည် ဥရောပ သမဂ္ဂ ၏ စီမံကိန်းထဲမှ YHT အဖွဲ့က လုပ်ဆောင်ရမည့် စီမံကိန်း လုပ်ငန်း တခု ဖြစ်ကြောင်း၊ လာမည့် ၂ လ အတွင်း စတင် လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

YHT အဖွဲ့ တည်ထောင်သူ ဒေါက်တာ သန်းမြင့်ဦးက“မြို့ပြအမွေအနှစ်က ယဉ်ကျေးမှု အမွေအနှစ်နဲ့ မတူဘူး။ မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးက ဦးစားပေးဘက်ကို ရောက်မလာဘူး။ ဒီဟာ ထိန်းသိမ်းဖို့ နည်းပညာတွေက အဆင်သင့် ရှိနေပြီးသား။ အကူအညီ ပေးကြမယ့် အဖွဲ့အစည်းတွေ၊ နိုင်ငံတွေလည်း ရှိနေပြီးသား။ ဘဏ္ဍာရေးကလည်း အဓိက ပြဿနာ မဟုတ်ဘူး။ အဓိကပြဿနာက ဒီအဆောက်အအုံတွေကို ဘယ်သူပိုင်သလဲ ဆိုတဲ့ဟာတွေပဲ။ လူတော့ နေထိုင်တယ်။ တကယ် ဘယ်သူပိုင်သလဲ ဆိုတာ မရှိဘူး။ တချို့ နေရာတွေမှာ အစိုးရ ပိုင်တယ်ဆိုတဲ့ အဆောက်အအုံတွေကို အရင်တုန်းက ပိုင်တဲ့သူတွေက တရားပြန်စွဲထားတာမျိုးတွေ ရှိနေတယ်။ ကျနော်တို့ အစိုးရဘက်ကို တိုက်တွန်းထားလို့ အခု ရန်ကုန်မြို့လယ် နေရာမှာ အထပ်မြင့်ဆောက်ဖို့ အစိုးရက တားမြစ် လာတာမျိုး ရှိတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဥပဒေတခု ရေးဆွဲထားပြီး အစိုးရရုံး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥပဒေ ကော်မတီများထံ လွန်ခဲ့သော ၆ လခန့် ကတည်းက တင်ပြထားပြီးဖြစ်ကြောင်း YHT အဖွဲ့ဝင် ဒါရိုက်တာ ဒေါ်မိုးမိုးလွင်ကလည်း ပြောသည်။

“ရှေးဟောင်း အဆောက်အအုံကို ပြင်မယ်ဆိုရင် ဘယ်လို ပြင်ရမယ်၊ တချို့က သမိုင်းဝင်တဲ့ ရှေးဟောင်း အဆောက်အအုံနားမှာ အဆောက်အအုံ အသစ်တွေ ဆောက်လုပ်တဲ့အခါ တဖက်ဟာတွေ ပြိုတာလည်း ဖြစ်နိုင်တယ်၊ မြင်ကွင်း ပိတ်သွားတာလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ ရှေးဟောင်း အဆောက်အအုံက အလှပျက်သွားရော။ ဒါ့ကြောင့် ဥပဒေ ဖြစ်ပေါ်လာအောင် တိုက်တွန်းမှုတွေ လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ဟောင်း တည်ရှိစဉ်ကတည်းက ရှိခဲ့သော မြို့နယ်များဖြစ်သည့် လသာ ၊ လမ်းမတော် မှ ဗိုလ်တထောင် မြို့နယ် အတွင်း ရှိ နေရာများကို ယဉ်ကျေးမှုအမွေအနှစ် နေရာတခုအဖြစ် စောင့်ကြည့် ထိန်းသိမ်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Yangon Heritage Test(YHT) က ပြီးခဲ့သည့်နှစ် ကတည်းက ထုတ်ဖော် ပြောဆိုထားသည်။

ဧရာဝတီ
မြို့ပြအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့လယ် ၃ နေရာအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများထံမှ အသေးစိတ်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ (YHT)က ပြောသည်။

နျူကလီးယား လက်နက်မဲ့ ကမ္ဘာဖြစ်ရေး ဂျပန်ဆော်သြမည်

Photo: နျူကလီးယား လက်နက်မဲ့ ကမ္ဘာဖြစ်ရေး ဂျပန်ဆော်သြမည်
Thursday, August 7, 2014

ဂျပန်ဝန်ကြီးချုပ် Shinzo Abe က နျူကလီးယား လက်နက်ကင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ သူ့အနေနဲ့ ကြိုးပမ်းသွားမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့တဲ့ Hiroshima မြို့ အနုမြူဗုံးသင့်ခဲ့တဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ ဂျပန်ဟာ အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ တခုတည်းသော နိုင်ငံဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ် Abe က ထောက်ပြခဲ့ပါတယ်။

နျူကလီးယား လက်နက်ပပျောက်ရေး ရည်ရွယ်ချက်တွေကို လိုက်နာဆောင်ရွက်နေစဉ်မှာပဲ ဒီလို နျူကလီးယား လက်နက်ကြောင့် အစုလိုက်အပြုံလိုက် သေကျေမှုတွေ ထပ်မဖြစ်အောင် နျူကလီးယား လက်နက်တွေ ဖျက်သိမ်းဖို့၊ ထာဝရ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့၊ သူ့အနေနဲ့ အပြင်းအထန် ကြိုးပမ်းသွားမယ့်အကြောင်း ၀န်ကြီးချုပ် Abe က ကတိပြု ပြောဆိုခဲ့ပါတယ်။

ဗုံးဒဏ်ကနေ အသက်ရှင် ကျန်ရစ်သူတွေ အပါအ၀င် လူပေါင်း ၄ သောင်းခွဲလောက် ဒီအခမ်းအနားကို တက်ရောက်ပြီး အမေရိကန် B-29 ဗုံးကျဲလေယာဉ်ကနေ Hiroshima အပေါ် ဗုံးကျဲချတဲ့အချိန် မနက် ၈ နာရီ ၁၅ မိနစ်မှာ တမိနစ် ငြိမ်သက်ပြီး ဂါရ၀ပြုခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် နှစ်ကုန်အထိ ဗုံးဒဏ်ကြောင့် ခန့်မှန်းချေ သေဆုံးသူ ၁ သိန်း ၄ သောင်း ရှိခဲ့ပြီး နောက်ထပ် ၇ သောင်းလောက်ဟာလည်း Hiroshima အပြီး ၃ ရက်အကြာ Nagasaki မြို့အပေါ် ဗုံးကျဲချစဉ်မှာ သေဆုံးခဲ့ပါတယ်။

VOA Burmese
ဂျပန်ဝန်ကြီးချုပ် Shinzo Abe က နျူကလီးယား လက်နက်ကင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ သူ့အနေနဲ့ ကြိုးပမ်း သွားမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့တဲ့ Hiroshima မြို့ အနုမြူဗုံးသင့်ခဲ့တဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ ဂျပန်ဟာ အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ တခုတည်းသော နိုင်ငံဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ် Abe က ထောက်ပြခဲ့ပါတယ်။

နှစ်ရက်အတွင်း နိုင်ငံသားလျှောက်ထားသည့် ဘင်္ဂါလီ ၃၀ ခန့်ကို စစ်ဆေးပြီးဟုဆို

Photo: နှစ်ရက်အတွင်း နိုင်ငံသားလျှောက်ထားသည့် ဘင်္ဂါလီ ၃၀ ခန့်ကို စစ်ဆေးပြီးဟုဆို
Thursday, August 7, 2014

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီတစ် ထောင်ကျော်ကို မြို့နယ်အဆင့် လူတွေ့စစ်ဆေးရာ နှစ်ရက်အတွင်း လူပေါင်းသုံးဆယ်ခန့် စစ် ဆေးနိုင်ခဲ့ပြီး ဥပဒေနှင့်မညီသော သူများကို ထုတ်ပယ်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘လူပေါင်းသုံးဆယ်ကိုတော့ စစ်ဆေးပြီးသွားပါပြီ။ ဥပဒေနဲ့ မ ညီရင်ထုတ်ပယ်သွားမှာပါ။ဘယ် လောက် ထုတ်ပယ်မလဲဆိုတာ တော့ ပြောလို့မရသေးပါဘူး။ စိ စစ်နေတုန်းဆိုတော့’’ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အကြီးတန်းအရာရှိ ကြီးတစ်ဦးကပြောသည်။

မြန်မာနိုင်ငံသား ဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီ တစ် ထောင်ကျော်ကို လူတွေ့စစ်ဆေးမေးမြန်းခြင်းကို သြဂုတ် ၅ရက်၌ မြို့နယ်အဆင့် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ မြို့နယ်အဆင့်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဆိုပါအ အဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ဥ ပဒေပညာရှင်များ၊ မြို့နယ်လ၀ က၊ ရခိုင်တိုင်းရင်းသားကိုယ်စား လှယ်နှစ်ဦး၊ ဘင်္ဂါလီကိုယ်စားလှယ်တစ်ဦးပါဝင်ကာ အချက်အလက်များကို လူတွေ့စစ်ဆေးခဲ့သည်။

စစ်ဆေးခြင်းကို မြို့နယ်အ ဆင့်ဆောင်ရွက်နေသော်လည်း စိစစ်မှုကို စနစ်တကျလုပ်ဆောင် မည်ဖြစ်သောကြောင့်နိုင်ငံသား အဖြစ်လျှောက်ထားသူဘင်္ဂါလီ တစ်ထောင်ကျော်ကို မည်သည့် ရက်အတွင်း အပြီးသတ်စိစစ်သွား မည်ကို ပြော၍မရကြောင်း အထက်ပါ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

လျှောက်ထားသူများ နိုင်ငံ သားဖြစ်ခွင့်ကို မြို့နယ်အဆင့်စိ စစ်ပြီးပါက ခရိုင်အဆင့်၊ ပြည်နယ် အဆင့်နှင့်လ၀ကရုံးချုပ်က ပြန် လည်စစ်ဆေးပြီး အစိုးရအဖွဲ့များ ပါဝင်သည့်ဗဟိုအဆင့်အဖွဲ့က စိ စစ်ခွင့်ပြုသွားမည်ဖြစ်သည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ရက်မှစ၍ ပိုင်းလော့(Pilot)ဧရိ ယာအဖြစ်သတ်မှတ်ပြီး ဘင်္ဂါလီ လူမျိုးများကို နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဗဟိုအဆင့်တွင်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န်ကြီး တို့က ဦးဆောင်ပြီးအခြားပြည်ထဲ ရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အကဲဖြတ်မည်ဟု သတင်းရရှိသည်။

7Day Daily

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင်တွေ့ရသည့် ဘင်္ဂါလီများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင်တွေ့ရသည့် ဘင်္ဂါလီများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီတစ် ထောင်ကျော်ကို မြို့နယ်အဆင့် လူတွေ့စစ်ဆေးရာ နှစ်ရက်အတွင်း လူပေါင်းသုံးဆယ်ခန့် စစ် ဆေးနိုင်ခဲ့ပြီး ဥပဒေနှင့်မညီသော သူများကို ထုတ်ပယ်သွား မည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သ တင်းရရှိသည်။

တစ်နှစ်ကျော်ကြာမဖြေရှင်းနိုင်သေးသည့် UMFCCI ၏ ကျပ်သိန်းငါးသောင်းခန့် ဘဏ္ဍာရေးပြဿနာအတွက် သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်မည်

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဘဏ္ဍာရေးဆိုင်ရာပြဿနာများအတွက် တစ်နှစ်ကျော်လာသည့်အထိ ငွေစာရင်းရှင်းတမ်းထုတ်ပြန်နိုင်မှုမရှိသည့်ပြဿနာများကို နိုင်ငံတော် သမ္မတအပါအ၀င် တာဝန်ရှိသူများထံတင်ပြခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ်မည်ဟု ဇောတိက အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်က ပြောကြားသည်။

GSM ဟန်းဆက်တိုင်း၌ ထည့်သွင်းအသုံးပြုနိုင်မည့် တယ်လီနောဆင်းမ်ကတ် များ စက်တင်ဘာလအတွင်း ကျပ် ၁၅၀၀ ဖြင့် ကတ်အရေအတွက် သန်းချီရောင်းချ ပေးမည်

Photo: GSM ဟန်းဆက်တိုင်း၌ ထည့်သွင်းအသုံးပြုနိုင်မည့် တယ်လီနောဆင်းမ်ကတ် များ စက်တင်ဘာလအတွင်း ကျပ် ၁၅၀၀ ဖြင့် ကတ်အရေအတွက် သန်းချီရောင်းချ ပေးမည်
Thursday, August 7, 2014 

တယ်လီနောဆင်းမ်ကတ်မှာGSM ဟန်းဆက်အားလုံးတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး စက်တင်ဘာလအတွင်း ကျပ် ၁၅ဝဝ ဖြင့် ကတ်အရေအတွက်သန်းချီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။

“အခုလက်ရှိမှာ ဆက်သွယ်ရေးချိတ် ဆက်မှုမရရှိသေးတဲ့သူတွေ အတွက်လည်း မိုဘိုင်းဝန်ဆောင်မှုကို ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။ ဒါကြောင့်လည်း 3G နဲ့ 2G ကွန်ရက်ကို မြန်မာနိုင်ငံအတွက် တည်ဆောက်ရတာ ဖြစ်ပါတယ်။2G မိုဘိုင်းဖုန်းတွေက3G  မိုဘိုင်းဖုန်းတွေထက် ဈေးပိုသက်သာပါတယ်။ အားလုံးအတွက် လက်လှမ်းမီတဲ့ဈေးနှုန်းမျိုးဖြစ်ဖို့က အရေးကြီးပါတယ်။ ဘယ် GSM ဖုန်းမဆို တယ်လီနောဆင်းမ်ကတ် ထည့်သုံးလို့ရမှာဖြစ်ပြီး ဆင်းမ်ကတ်တွေကို သန်းနဲ့ချီ ရောင်းချပေးမှာဖြစ်လို့ ဘယ်သူမှ ကျပ် ၁၅ဝဝ ထက်ပိုပြီး ပေးဝယ်စရာ မလိုပါဘူး” ဟု တယ်လီနောမြန်မာ၏ CEO Mr.Petter Furbergက ပြောကြားသည်။

တယ်လီနောမြန်မာ အနေဖြင့် Wikipedia Zero, Executive MBA Program, Marie Stopes International Myanmarနှင့်ပူးပေါင်းပြီး mHealthမိုဘိုင်းကျန်းမာရေး ဝန်ဆောင်မှု၊ ပြည်တွင်းနှင့် နိုင်ငံခြားကို ငွေလွှဲပို့နိုင်မည့် ဝန်ဆောင်မှုတို့ကို ပေးနိုင်ရန်လည်း စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင်တယ်လီနောသည် အင်တာနက်ပေါ်၌ မြန်မာဘာသာစကားဖြင့် လေ့လာဖတ်ရှု အသုံးပြုနိုင်မည့် အကြောင်းအရာများ ယခုထက်ပိုမိုတိုးတက် များပြားလာစေရန် အာရုံစိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ တယ်လီနောနှင့် လက်တွဲထားသော ဆမ်ဆောင်းကလည်း ယူနီကုတ်နှင့် ဇော်ဂျီပါ အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

တယ်လီနောက ဖုန်းခေါ်ဆိုခနှုန်းထားကို တစ်မိနစ်လျှင် ၂၅ ကျပ်သာ တစ်ပြေးညီသတ်မှတ်ရန် စီစဉ်နေပြီး ဆင်းမ်ကတ်နှင့် မိုဘိုင်းဟန်းဆက်ကို တစ်ပါတည်း ပူးတွဲရောင်းချမည့် အစီအစဉ်များလည်း ပါဝင်နိုင်ကြောင်း သိရသည်။       

Eleven Media Group 

တယ်လီနောမှ လစဉ်ပြုလုပ်သည့် အင်တာနက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုသို့ လာရောက်သူများအား တွေ့ရစဉ်
တယ်လီနောမှ လစဉ်ပြုလုပ်သည့် အင်တာနက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုသို့ လာရောက်သူများအား တွေ့ရ စဉ်
တယ်လီနောဆင်းမ်ကတ်မှာGSM ဟန်းဆက်အားလုံးတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး စက်တင် ဘာလ အတွင်း ကျပ် ၁၅ဝဝ ဖြင့် ကတ်အရေအတွက်သန်းချီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း တယ်လီ နော မြန်မာ မှ သတင်းရရှိသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် သာသနာရေးဒုဝန်ကြီးကို စစ်ဆေး

Photo: သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် သာသနာရေးဒုဝန်ကြီးကို စစ်ဆေး
Thursday, August 7, 2014 

ဩဂုတ် ၆ ရက်၌ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် သာသနာရေးဒုတိယဝန်ကြီးအား တရားလိုပြသက်သေအဖြစ် ဒက္ခိဏ ခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သာသနာရေး ဒုတိယဝန်ကြီး ဦးမောင် မောင်ဌေးနှင့် ညွှန်ကြားရေးမှူးချုပ်ဦးမိုးဇော် ရွှေတို့နှစ်ဦးအား တရားလိုပြသက်သေအဖြစ် ခေါ်ယူစစ်ဆေးသော်လည်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဌေး တစ်ဦးတည်းကိုသာ ပြစ်မှုကြီး အမှတ် ၄၂/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ် ၁၂၄(က)ဖြင့် စစ်ဆေးခဲ့ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေတစ်ဦးက ပြောကြားသည်။
“ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပြစ်မှုပုဒ်မ ၄ဝ၉ ကို ပြီးခဲ့တဲ့ရုံးချိန်းက ဦးညိုဝင်းကို စစ်တာမပြီးသေးဘူး။ ဒီနေ့ထပ်စစ်တာ ပြီးသွားပြီ။ ပြစ်မှုကြီးအမှတ် ၄၂/၁၄ က နိုင်ငံတော်ကို အကြည်ညိုပျက်မှုက ဒုဝန်ကြီး ဦးမောင်မောင်ဌေးလာတယ်။ စစ်တာ ဒီနေ့ပြီးသွားပြီ။ အမှုသွား၊ အမှုလာက အခုမှ တည်ဆောက်တာ။ တရားလိုစစ်တာ တစ်ချက်နဲ့ဒုဝန်ကြီးလာတာ နှစ်ချက်ပဲရှိသေးတယ်။ အမှုသွားအမှုလာကို အဘတို့အနေနဲ့ ပြောဖို့ရာ စောသေးတယ်” ဟု ဦးဆန်းဆင့်၏ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။
ငါးကြိမ်မြောက်ရုံးချိန်းတွင် ဦးဆန်းဆင့်ကျန်းမာရေး မကောင်းသဖြင့် တရားရုံးသို့ ဆေးအာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးမှ ပလပ်ခဲ့သည်။
ယခုခြောက်ကြိမ်မြောက်ရုံးချိန်းတွင် ဦးဆန်းဆင့်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း ဦးဆန်းဆင့်၏ မိသားစုဝင်များက ပြောကြားသည်။ 

နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက် စစ်ဆေးကြားနာရာတွင် နံနက် ၁ဝ နာရီမှ ည နေ ၄ နာရီ ၃ဝ မိနစ်အထိ ခြောက်နာရီကျော် ကြာစစ်ဆေးခဲ့ပြီး ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် ယခင်ရုံးချိန်းများကဲ့သို့ လုံခြုံရေး တင်းကျပ်စွာချထားမှုကြောင့် ပြည်တွင်း၊ ပြည်ပသတင်းထောက်များ သတင်းရယူမှု နည်းပါးခဲ့ကြောင်း သိရသည်။
သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ရုံးချိန်အား ဩဂုတ် ၁၂ ရက်နှင့် ၁၅ ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ ထပ်မံစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားရုံးရှေ့ မြင်ကွင်းအား တွေ့ရစဉ်
ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားရုံးရှေ့ မြင်ကွင်းအား တွေ့ရစဉ် 
ဩဂုတ် ၆ ရက်၌ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် သာသနာ ရေး ဒုတိယဝန်ကြီးအား တရားလိုပြသက်သေအဖြစ် ဒက္ခိဏ ခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိ သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကငါးသောင်းကျော် နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ပြီး ပဲခူးခရိုင်နှင့် ပြည်ခရိုင်တွင် အဆိုးရွား ဆုံးဖြစ်

Photo: ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကငါးသောင်းကျော် နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ပြီး ပဲခူးခရိုင်နှင့် ပြည်ခရိုင်တွင် အဆိုးရွား ဆုံးဖြစ်
Thursday, August 7, 2014 

ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇူလိုင်လနှောင်းပိုင်းမှစတင်၍ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လယ်ဧက ၅၀၀၀၀ ကျော်ခန့်နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ပြီး ပဲခူးရိုင်နှင့် ပြည်ခရိုင်တို့တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါရေနစ်မြုပ်မှုမှာ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ က၀၊ သနပ္ပင်၊ ဝေါ၊ ညောင်လေးပင်၊ ပိန်းဇလုပ်နှင့် ပြည်ခရိုင်ခြောက်မြို့နယ်အနက် ပြည်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်တို့တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကျွန်းသာယာ၊ မဇင်း၊ ကျောက်ကြီးစု၊ ရွာသစ်၊ ရွာသစ်တိုးချဲ့၊ ရှမ်းတန်းရပ်ကွက်၊ ကလျာဏီရပ်ကွက်၊ ဖောင်တော်ဦးရပ်ကွက်တို့တွင် ရေအမြင့်လေးပေကျော်သို့ ရောက်ရှိနေကြောင်း ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မိမ္မရဲကျေးရွာ ပေါင်းတည်မြို့နယ်၊ မဲကောင်းအုပ်စု၊ ဟင်္သာကန်ရပ်ကွက်၊ နွယ်ချို(၂)၊ နတ္တလင်းမြို့ အုတ်တွင်းကုန်းအုပ်စုတို့ဖြစ်ကြောင်း သိရသည်။

"မနေ့ကစပြီး မြို့အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေပိုတက်လာတယ်။ ကျွန်းသာယာရပ်ကွက်နဲ့ မဇင်းရပ်ကွက်မှာ ရေအမြင့်ငါးပေလောက်ထိ တက်လာပြီ။ လေးငါးရက်လောက်မိုးဆက်ရွာနေရင် အခြေအနေက ပိုစိုးရိမ်လာစရာရှိတယ်။ ဆိုးရွားတဲ့ရပ်ကွက်တွေကိုတော့ လူမှုရေးအဖွဲ့စည်းတွေစုပြီး ထမင်းထုပ်တွေ စဝေနေပြီ။ ပဲခူးခရိုင်တွင်းမှာ စပါးစိုက်ပြီးသားလယ်တွေ ရေနစ်နေတာ ဧကတစ်သိန်းလောက်ရှိမယ်။ စပါးပင်က ငါးရက်လောက်ရေနစ်သွားရင် သေတာပဲ။ နောက်တစ်ခုက ပဲခူးချောင်းဖျားမိုင် ၃၀ လောက်မှာရှိတဲ့ ဒေါင်းတုဆည်က ရေလွှတ်ချမယ်ကြားတယ်။ အဲလိုလုပ်ရင် အောက်မှာရွာတွေရှိတယ်။ ပြည်သူကိုကြိုအသိပေးသင့်တယ်။ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်" ဟု ပဲခူးမြို့မှ ဒေါက်တာစိုးမြင့်သန်းက ပြောကြားသည်။

ယင်းဖြစ်ရပ်များကြောင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ် ၄ ရက်တွင် အရေးပေါ်အစည်းဝေးတစ်ရပ်ခေါ်ယူကာ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ အလားတူ ပြည်ခရိုင်၊ ပြည်မြို့နယ် မိမ္မရဲကျေးရွာတွင် သြဂုတ် ၃ ရက်နှင့် ၄ ရက်တို့တွင် သစ်ချီတင်ချောင်းရေလျှံမှုကြောင့် လယ်ဧက ၁၀၀ နီးပါးနှင့် လူနေအိမ်ခြေ ၂၀ ခန့် ရေနစ်မြုပ်ခဲ့ပြီး ကလေးငယ်များ နာဖျားမှုများကြောင့် ကျောင်းခွင့်ယူထားမှုများရှိကြောင်း ရွာခံများကဆိုသည်။
"ရွာထဲမှာရေလွှမ်းနေတော့ တော်ရုံဈေးလာမ၀ယ်တော့ နေ့စဉ်ရောင်းဝယ်ရေးထိခိုက်တာပေါ့။ အခုနှစ် မိုးရာသီမှာရေကြီးတာဆိုရင် ငါးကြိမ်လောက်ရှိမယ်ထင်တယ်။ အိမ်ထဲရေမ၀င်အောင်ဖို့ထားပေမယ့်လည်း မရဘူးလေ။ ရွာလမ်းကိုကျော်ဖို့လည်းမရဘူး။ ရေကျသွားရင်လည်း ရွှံဗွက်တွေတင်ကျန်ခဲ့တယ်။ အဆိုးဆုံးက အခုရွာထဲမှာ ကလေးတွေဖျားနာနေတယ်။ တချို့ကျောင်းမတက်နိုင်ကျဘူး။ ဘယ်တာဝန်ရှိသူမှလည်းလာမကြည့်ဘူး။ ရေကျသွားမဲ့အချိန်ကိုပဲစောင့်ရတာပဲ" ဟု မိမ္မရဲကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင် ဒေါ်ခင်အုန်းမြင့်ကဆိုသည်။

သြဂုတ် ၁ ရက်မှစ၍ ပေါင်းတည်မြို့နယ်တွင်း မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ချောင်းရေလျှံခဲ့ကာ လူနေရပ်ကွက်များနှင့် လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ ပေါင်းတည်မြို့နယ်၊ ဟင်္သာကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေအောင်က ပြောကြားခဲ့ပြီး သဲကုန်းမြို့နယ်တွင်လည်း အင်းမအင်း ရေထိန်းတမံနှင့် ပုဂ္ဂိလငါးကန်များကြောင့် လယ်မြေဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ ထို့အတူ ဇူလိုင် ၂၇ ရက်က သဲကုန်းကြီးချောင်းရေလျှံမှုကြောင့် သဲကုန်း-ပြည် ကားလမ်းမရှိတံတားနှစ်စီးချိုးပြီး လူတစ်ဦးသေဆုံးခဲ့ကာ ရေလမ်းကြောင်းပြောင်းပြီး လယ်ဧက ၆၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

"ရေတွေပြန်ကျသွားပေမယ့် စိုက်ပျိုးလို့မရသေးဘူး။ ကျိုးသွားတဲ့တံတားတွေနဲ့ တာတွေကိုတော့ ပြန်လုပ်နေတာတွေ့တယ်။ ရွာသာကြီးရွာဘက်မှာလည်း လယ်ဧက ၆၀ လောက် ရေလွှမ်းနေတယ်လို့သိရတယ်" ဟု သဲကုန်းမြို့နယ်မှ ကိုအုန်းကဆိုသည်။

ရေကြီးရေလျှံမှုများတွင် မြစ်ရေလျှံမှုကြောင့် အရေးပေါ်ကူညီရွှေ့ပြောင်းကယ်ဆယ်ရေးများကိုသာ မီးသတ်ဦးစီးဌာနက ကူညီကယ်ဆယ်ရပြီး ရေလွှမ်းသည့်လယ်မြေများမှာ စိုက်ပျိုးရေး၊ မြေစာရင်းထွေအုပ်များဖြင့်သာ သက်ဆိုင်ကြောင်း၊ ပြည်ခရိုင်တွင်းဖြစ်စဉ် အရေးပေါ် ရေဘေးကယ်ဆယ်မှုမရှိသေးကြောင်း၊ ဖြစ်ပေါ်လာပါကလည်း အရေးပေါ်ကူညီကယ်ဆယ်ရေး မီးသတ်ရဲဘော် ၁၀၀ ဦး အသင့်ထားရှိကြောင်း မိုးလေ၀သ၏ကြေညာချက်နှင့် ဧရာဝတီမြစ်ရေလျှံချိန်မျိုးမှာ စက်တင်ဘာလဆန်းတွင်ဖြစ်ခြင်းကြောင့် စောင့်ကြည့်အနေအထားတွင်ရှိကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးမှူး ဦးဝင်းညွန့်ကဆိုသည်။

Eleven Media Group
ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇူလိုင်လနှောင်းပိုင်းမှစတင်၍ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လယ်ဧက ၅၀၀၀၀ ကျော်ခန့်နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ပြီး ပဲခူးရိုင် နှင့် ပြည်ခရိုင်တို့တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်နှင့် တိုင်ကြားစာအရေအတွက် မည်မျှဖြေရှင်းပြီး ဖြစ်သည်ကို လာမည့်လွှတ်တော်၌ မေးမြန်းမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်နှင့် ကဏ္ဍအသီးသီးမှ တိုင်ကြားထားသော တိုင်စာအရေအတွက်မည်မျှအား ဖြေရှင်းပြီး ဖြစ်သည်ကို စက်တင်ဘာတွင် ကျင်းပဖွယ် ရှိ သည့် (၁၁) ကြိမ်မြောက် လွှတ်တော်အစည်း အဝေး၌ မေးမြန်းမည်ဟု သတင်းရရှိသည်။ 

Ebola ရောဂါကုသမှု စမ်းသပ်ဆေးဝါးသုံးရေး WHO ဆွေးနွေးမည်

Photo: Ebola ရောဂါကုသမှု စမ်းသပ်ဆေးဝါးသုံးရေး WHO ဆွေးနွေးမည်
Wednesday, August 6, 2014

Ebola ကပ်ရောဂါ ပြန့်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက ဝေဒနာသည်တွေကို ZMapp လို့ခေါ်တဲ့ စမ်းသပ်ဆဲကာလ ဆေးဝါး ပေးသင့် မပေးသင့်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြားနာစစ်ဆေးမှုကို ရှေ့ သီတင်းပတ်အတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

လိုက်ဘေးရီးယားနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း Ebola ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦးဟာ အဲဒီစမ်းသပ်ဆေးရည်ကို သုံးစွဲပြီးတဲ့နောက် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း တိုးတက်တဲ့ လက္ခဏာတွေ ပြသခဲ့ပါတယ်။

အဲဒီဆေးကို လူတွေမှာ စမ်းသပ်ခြင်း မပြုရသေးဘဲ တိရစ္ဆာန်တွေမှာသာ စမ်းသပ်ရသေးပြီး ထုတ်လုပ်ပြီးသား ဆေးပမာဏဟာလည်း အကန့်အသတ်နဲ့ပဲ ရှိနေသေးတဲ့အကြောင်း ZMapp ကို ထုတ်လုပ်တဲ့ ကုမ္ပဏီက ပြောပါတယ်။

အဲဒီဆေးကို ဘယ်သူတွေကို ပေးသင့်တယ်ဆိုတဲ့ ကိစ္စကိုလည်း WHO အဖွဲ့က တာဝန်ရှိသူတွေ ထည့်သွင်း စဉ်းစားကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ebola ကပ်ရောဂါဟာ တဖြည်းဖြည်း တခြားဒေသတွေကိုပါ ပြန့်ပွားလာနေတာမှာ ဗုဒ္ဓဟူးနေ့က နိုင်ဂျီးရီးယားနိုင်ငံမှာ ဒုတိယမြောက်လူနာ သေဆုံးသွားတဲ့အကြောင်း တာဝန်ရှိသူတွေက ၀န်ခံ ပြောဆိုလိုက်ပြီး၊ ဆော်ဒီ အာရေးဗီးယားနိုင်ငံမှာလည်း Ebola ရောဂါပိုး ကူးစက်နေသူလို့ မသင်္ကာသူတဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
Ebola ကပ်ရောဂါ ပြန့်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက ဝေဒနာသည်တွေကို ZMapp လို့ခေါ်တဲ့ စမ်းသပ်ဆဲကာလ ဆေးဝါး ပေးသင့် မပေးသင့်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြားနာစစ်ဆေးမှုကို ရှေ့ သီတင်းပတ်အတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

အီရတ်အကြမ်းဖက်မှု တရက်တည်း ၁၀၀ ကျော်သေဆုံး

Photo: အီရတ်အကြမ်းဖက်မှု တရက်တည်း ၁၀၀ ကျော်သေဆုံး
Wednesday, August 6, 2014

အီရတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေနဲ့ အစ္စလာမ်အစွန်းရောက် တိုက်ခိုက်ရေးသမားတွေ အပါအဝင် သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။ Baghdad မြို့တော်ထဲက လူစည်ကားတဲ့ ဈေး ၂ ခုမှာ ကားထောင်ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၄၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ရှီယာမူဆလင်တွေ အများစုနေကြတဲ့ Sadr City ရပ်ကွက်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ဒုတိယပေါက်ကွဲမှုက အနားမှာရှိတဲ့ Ur ရပ်ကွက်မှာ ဖြစ်ပါတယ်။ သူပုန်တွေထိန်းချုပ်ထားတဲ့ Mosul မြို့က အဆောက်အဦးတခုအပေါ် ဗုဒ္ဓဟူးနေ့ကပဲ လေကြောင်းကနေ တိုက်ခိုက်မှုမှာ အစွန်းရောက်သမား ၆၀ သေဆုံးခဲ့တယ်လို့ အီရတ်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

သူပုန်တွေက ခုံရုံးနဲ့ အချုပ်စခန်းအဖြစ် အသုံးပြုနေတဲ့ အကျဉ်းထောင်အပေါ် ပစ်မှတ်ထားခဲ့ပုံ ရပါတယ်။ သူပုန်တွေဖမ်းထားသူ ၃၀၀ လောက် လွတ်မြောက်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေဆုံးမှု ရှိ မရှိ ဆိုတာ သေသေချာချာ မသိရပါဘူး။

အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ ဆီးရီးယားဒေသ တော်တော်များများမှာ ဆူနီအစွန်းရောက်တွေက အစ္စလာမ်နိုင်ငံ ကြေညာခဲ့ပြီး Baghdad မြို့တော်ကိုလည်း သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ တချိန်တည်းမှာပဲ အီရတ်က ရှီယာ၊ ကာဒ်စ်နဲ့ အလယ်အလတ်ကျတဲ့ ဆူနီမူဆလင်တွေကြား ညီညွတ်တဲ့ အစိုးရဖွဲ့ဖို့အရေး အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အီရတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေနဲ့ အစ္စလာမ်အစွန်းရောက် တိုက်ခိုက်ရေးသမားတွေ အပါအဝင် သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။ Baghdad မြို့တော်ထဲက လူစည်ကားတဲ့ ဈေး ၂ ခုမှာ ကားထောင်ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၄၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

မလေးရှားလေယာဉ်ပျက်ကျမှု ရှာဖွေစုံစမ်းရေးရပ်ဆိုင်း

Photo: မလေးရှားလေယာဉ်ပျက်ကျမှု ရှာဖွေစုံစမ်းရေးရပ်ဆိုင်း
Wednesday, August 6, 2014

ယူကရိန်းနိုင်ငံအရှေ့ပိုင်း မလေးရှားလေယာဉ် ပစ်ချခံလိုက်ရတဲ့ နေရာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက လေယာဉ်ပျက်ကိစ္စကို စုံစမ်းစစ်ဆေးနေကြတဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးမှူးတွေအတွက် အန္တရာယ်များလွန်းတာကြောင့် အဲဒီလူတွေကို Dutch ၀န်ကြီးချုပ် Mark Rutte က ပြန်လည် ခေါ်ယူလိုက်ပါတယ်။

မစ္စတာ Rutte က The Hague မြို့မှာ ဗုဒ္ဓဟူးနေ့က အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး၊ လေယာဉ် ပျက်ကျတဲ့နေရာမှာ ကျန်နေသေးတဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေမယ့် အစီအစဉ်တွေကို ဘယ်တော့ ပြန်စမယ်ဆိုတဲ့ အချိန်ဇယားကိုတော့ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပါဘူး။ ယူကရိန်းနိုင်ငံမှာ ဒီထက် ပိုမို တည်ငြိမ်မှု ရှိလာမှသာ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လက် ပြုလုပ်မယ်လို့ပဲ ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ Nonetsk မြို့အနီးမှာ မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် အမှတ် MH17 ဟာ ခရီးသည် ၂၉၈ ယောက်နဲ့အတူ ဇူလိုင်လ ၁၇ ရက်နေ့က ပစ်ချခံလိုက်ရတာ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံမြို့တော် Amsterdam ကနေ ကွာလာလမ်ပူမြို့ကို ပျံသန်းနေတဲ့ အဲဒီလေယာဉ်အပေါ် ပါသွားတဲ့ ခရီးသည်အများစုဟာ Dutch လူမျိုးတွေ ဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါသွားသူအားလုံး သေဆုံးသွားပါတယ်။ အခုချိန်ထိ ပြန်လည် တွေ့ရှိပြီးဖြစ်တဲ့ ၂၂၈ လောင်းကို နယ်သာလန်နိုင်ငံကို ပြန်သယ်သွားပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်း ယူကရိန်းတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေအကြား ဗုဒ္ဓဟူးနေ့က ရုရှားနယ်စပ်အနီးမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်း စောင့်ရှောက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုရှားတပ်ဖွဲ့ပါ ၀င်တိုက်တာတွေ ဖြစ်နိုင်တယ်လို့ နေတိုးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံအရှေ့ပိုင်း မလေးရှားလေယာဉ် ပစ်ချခံလိုက်ရတဲ့ နေရာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက လေယာဉ်ပျက်ကိစ္စကို စုံစမ်းစစ်ဆေးနေကြတဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးမှူးတွေအတွက် အန္တရာယ်များလွန်းတာကြောင့် အဲဒီလူတွေကို Dutch ၀န်ကြီးချုပ် Mark Rutte က ပြန်လည် ခေါ်ယူလိုက်ပါတယ်။