၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ စတင် ဆွေးနွေး လိုဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် လွှတ်တော်အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် ပြောဆိုခဲ့ ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ် တော် ကိုယ်စား လှယ် ဒေါ်နန်းဝါနု ကဒီမို ကရေစီတူဒေးသို့ ပြောသည်။
Monday, 21 July 2014
မန္တလေးတွင် လွတ်လပ်သော သတင်းသမားများသမဂ္ဂ ဖွဲ့စည်းမည်

အထက်မြန်မာပြည် သတင်းမီဒီယာလုပ်ငန်း အခြေစိုက်ရာ မြို့ကြီးဖြစ်သော မန္တလေးမြို့တော်တွင် သတင်း မီဒီယာ လုပ်ငန်း လုပ်ကိုင်သည့် သတင်းသမားများအရေး ဆောင်ရွက်ရန် လွတ်လပ်သော သတင်း သမားများ သမဂ္ဂ အဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့ အခြေစိုက် သတင်းသမားများထံမှ သိရှိရ သည်။
မိုင်းလင်းဒေသ ရွှေတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန်ညွှန်ကြား
ရှမ်းပြည်နယ်အရှေ့ပိုင်း ရှိ မိုင်းလင်းရွှေတူးဖော်ရေးလုပ် ငန်းများကို လယ်သမားများ တိုင်ကြားမှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်ထားရန် ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးဦးစိုင်း အိုက်ပေါင်းက ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲပေးခွင့် ရှိသူများ စာရင်း ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်မည်ဟုဆို
ယခင် ရွေးကောက်ပွဲများတွင် ကြိုတင် ကြေညာပေးလေ့ မရှိသော ကြိုတင်မဲပေးနိုင်သူများ စာရင်းကို ဒီဇင် ဘာလ အတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တိတိကျကျ ထုတ်ပြန် ကြေညာပေး သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်က ပြောကြားသည်။
ခွင့်ပြုချက်မရသေးဘဲ ရွှေတူးဖော်သည့် KNU ၊ KNLA ရုံးခန်းကို ဒေသခံများ ၀င်ရောက်မီးရှို့
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် လေးမိုင် ကျေးရွာအနီးရှိ ခလိုင်း ကျစ်ဒေသ တွင် ရွှေ တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသော ကရင်အမျိုး သားအစည်း အရုံး၊ ကရင်လွတ် မြောက်ရေး တပ်မတော် (ငြိမ်းချမ်း ရေးကောင်စီ) အမည်ခံကုမ္ပဏီ ရုံးခန်း၏ လူနေတဲများကို ဒေသခံရွာသားများက ၀င်ရောက်မီးရှို့ဖျက်ဆီးမှု ဇူလိုင် ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
လိုင်ဇာညီလာခံတက်မည့် တိုင်းရင်းသားအဖွဲ့များကို အစိုးရအစီအစဉ်ဖြင့် ပို့ဆောင်မည်
လိုင်ဇာညီလာခံသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များကို အစိုးရ အစီအစဉ်ဖြင့် လမ်းကြောင်းသုံးနေရာမှ ပို့ ဆောင်ပေးနေကြောင်း သတင်းရရှိသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တပ် မ တော် ကာ ကွယ် ရေး ဦး စီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဇာနည်နေ့ အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှ ပေးဝေခြင်း အခမ်း အနားသို့ တက်ရောက်

(၆၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော် ကောင်စီ နယ်မြေ ဇမ္ဗူ သီရိမြို့နယ် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပသည်။
ခရီးသည် ရုပ်အလောင်းတွေ ကီးယက်ဗ်ကိုသယ်မယ်

အလောင်းတွေ တင်ထားတဲ့ ရထား အအေးခန်း အတွဲများ
ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း က၊ ခွဲထွက်ရေး သူပုန်တွေ ရဲ့ ပြောခွင့်ရသူ က၊ ပျက်ကျခဲ့တဲ့ မလေး လေ ယာဉ်ပျံ ရဲ့ ခရီးသည် ရုပ်အလောင်း ၂၀ဝ နီးပါးကို၊ တောရက်ဇ် မြို့ အနီးမှာ ရှိတဲ့၊ အအေးခန်း ရထားတွဲတွေ ထဲ၊ ရွှေ့ပြောင်း တင်ထားတယ် လို့ ပြောပါတယ်။
မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇ ပစ်ချ ခံရခြင်းနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ထုတ်ပြန် ကြေညာချက်

အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့က မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချ ခံရခြင်းနှင့် ပတ်သက်၍ ပြင်းထန်စွာ ပစ်တင် ရှုတ်ချသည်။ မိမိတို့ အနေဖြင့် ယင်းလေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လူမျိုးစုံ ပါဝင်သည့် လူ ၂၉၈ ဦး ကြေကွဲဖွယ် သေဆုံးခဲ့ခြင်း အတွက် ထိတ်လန့် ချောက်ချားမှု ဖြစ်ပေါ်ကြောင်းကို ဖော်ပြလိုပါသည်။
၉ နှစ်သားနဲ့ ၆၂ နှစ်သူတို့ရဲ့ ဒုတိယမြောက် မင်္ဂလာလက်ထပ်ပွဲ

၉ နှစ်သား တောင်အာဖရိက လူငယ်လေးဟာ အသက် ၆၂ နှစ်ရှိတဲ့ အမျိုးသမီးကြီးတို့ရဲ့ ဒုတိယအကြိမ် မင်္ဂလာလက်ထပ်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့အကြောင်းပါ။
မိုးသည်းထန်မှုကြောင့် ရေကြီးမှုအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်

၂၀၁၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ရေကြီးမှုကြုံနေရသည့် ကျေးရွာတစ်ရွာအား တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ
လာမည့်ရက် သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပြီး ရေကြီးမှုအခြေ အနေများလည်း ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
ဝါဆိုမိုးဦးရဲ့ အသက် ၂ဝပြည့်မွေးနေ့ ဘယ်လောက်ခမ်းနားအောင် လုပ်ခဲ့လဲ
အသက် ၂ဝပြည့်မွေးနေ့ကို မင်္ဂလာဆောင်အခမ်းအနားလောက်နီးနီး စီစဉ်ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့ မွေးနေ့ပွဲကို ဇူလိုင် ၁၉ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အနုပညာလောကသားတွေ အများအပြား တက်ရောက် ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့မွေးနေ့ ဘယ်လောက်ခမ်းနားကြီးကျယ်ခဲ့သလဲ။
ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မွတ်ဆလင် ခေါင်းဆောင်များနဲ့တွေ့
ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်ဆလင်ရပ်မိရပ်ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး မွတ်ဆလင်တွေရဲ့ အခက်အခဲတွေ ကို မေးမြန်းခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံ ငပလီတွင် ကျင်းပမည်

ယနေ့ ANP က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ- နိရဉ္စရာ/ခိုင်ထူးမြတ်)
ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ်ပါတီညီလာခံကို လာမည့် ၂၀၁၄ စက်တင်ဘာလ နောက်ဆုံးပတ် တွင် သံတွဲမြို့နယ် ငပလီကမ်းခြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်များက ယနေ့ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်၌ ပက်လက်လန်တိမ်းမှောက်

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။
တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်က ပထမဆုံးအကြိမ်အဖြစ် မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပခဲ့ပြီး နယ်ပယ် အသီးသီးမှ ပါဝင်ဆွေးနွေး

တာဝန်ယူမှုရှိသော လူမှုကွန်ရက် ဆွေးနွေးပွဲမြင်ကွင်း
တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂ဝ ရက်က မြန်မာအင်ဖိုတက်ခ်၊ အစည်း အဝေး ခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ခံ သတင်း သမားများ ဆန္ဒထုတ်ဖော်နေစဉ်
မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်း ဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲဖွယ်သေဆုံးမှုအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သတင်းထုတ်ပြန်

ပစ်ချခံရသည့် မလေးရှားလေကြောင်းလိုင်း MH 17 ၏ အပျက်အစီးများအား တွေ့ရစဉ် (Photo:AFP)
၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီး များမှ ဇူလိုင် ၁၇ ရက်က မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲ ဖွယ်သေဆုံး ခဲ့မှုအပေါ် သတင်းထုတ်ပြန်ချက်အား ဇူလိုင် ၂ဝ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံပိုင် မြန်မာ့လေကြောင်း ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာခရီးစဉ် စတင်ပျံသန်းမည်

မြန်မာ့လေကြောင်းမှ လေယာဉ်များအား ရန်ကုန်လေဆိပ်တွင် ဇွန်လအတွင်းက တွေ့ရစဉ်
နိုင်ငံပိုင် မြန်မာ့လေကြောင်းမှ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာ ခရီးစဉ်များ စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံပြုလုပ်

ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းတွင် နယ်ပယ်စုံမှ ပါဝင်နေကြသော အဖွဲ့အစည်းများ၏ ညီလာခံ ကျင်းပနေစဉ်
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ် ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံတစ်ရပ်ကို ဇူလိုင် ၂ဝ ရက် က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
Subscribe to:
Posts (Atom)