Monday, 14 July 2014

ပြည်မြို့ သီိရိခေတ္တရာဂေါက်ကွင်း တိုးချဲ့ရန်အတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်

ဂေါက်ကွင်းတိုးချဲ့ရန်အတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူများ ဆန္ဒေ ဖာ် ထုတ်နေစဉ်
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့ ထမကောက်အုပ်စု၊ ပြည်-မန္တလေး ကားလမ်းဘေးရှိ သီရိခေတ္တ ရာ ဂေါက်ကလပ် တိုးချဲ့ကွင်းအတွက် သိမ်းယူခဲ့သည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် သိမ်း ဆည်း ခံ တောင်သူလယ်သမား ၁၉ ဦးက ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

တိုင်းပြည်အတွက် မလိုအပ်ဘဲ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းသည် ပြည်သူများနစ်နာနိုင်၍ PR စနစ် ကျင့်သုံးရေး မကြိုးစားရန် ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ တိုက်တွန်း

တိုင်းပြည်အတွက် မလိုအပ်ဘဲ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းသည် ပြည်သူများနစ်နာနိုင်၍ အချိုး ကျ ကိုယ်စားပြုစနစ် (PR စနစ်) ကျင့်သုံးရေး မကြိုးစားရန် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များက တိုက် တွန်းပြောကြားသည်။

PR စနစ်အပေါ် တိုင်းရင်းသားပါတီများ၏ သဘောထားတင်ပြထားမှုများ ယခုပြုလုပ်နေသည့် လွှတ်တော်အစည်းအဝေးတွင် ထူးခြားမှုမရှိပါက ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်မည်

ဇွန် ၁၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် PR စနစ်ကျင့်သုံးရန် အဆိုအား မဲခွဲ ဆုံးဖြတ်စဉ်
ယခုပြုလုပ်နေသည့် ပထမအကြိမ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် PR စနစ်နှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများ၏ သဘောထားတင်ပြထားမှုများနှင့် ပတ်သက်၍ ထူးခြားမှုမရှိပါက PR စနစ် ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားပါတီများမှ သိရသည်။

တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး

မြေပြိုကျမှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေး)
တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန (MOI Webportal Myanmar) ၀က်ဘ်ဆိုက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ကြိုးပျက်လို့ သေဆုံးတဲ့ အမျိုးသမီး ၃လောင်းပြိုင် ဈာပန ဒုဝန်ကြီးလိုက်ပို့

လှိုင်သာယာ ၁၅ရပ်ကွက်ဈေးထဲမှာ ဓာတ်ကြိုးပျက်ကျလို့ သေဆုံးခဲ့တဲ့ အမျိုးသမီး ၃လောင်းပြိုင်ရဲ့ ဈာပနကို ဇူလိုင် ၁၃ရက်နေ့မှာ ထိန်ပင်သုဿန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။ လျှပ်စစ် ဒုတိယဝန်ကြီးနဲ့ အရာရှိတွေလည်း ဈာပနကို လိုက်ပို့ခဲ့ပြီး ကျန်ရစ်သူမိသားစုတွေအတွက် နစ်နာကြေး ၂၃သိန်းစီ ပေးခဲ့ပါတယ်။

Sunday, 13 July 2014

ကမ္ဘာ့အချမ်းသာဆုံး စူပါမော်ဒယ်များ


မော်ဒယ်တစ်ဦး၏ ပရော်ဖက်ရှင်နယ် ဘဝတွင် အမြင့်ဆုံး မျှော်လင့်ချက်မှာ ကမ္ဘာ့အကျော်ကြားဆုံး စူပါမော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နိုင်ရေး သာ ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အောင်မြင်ထင်ရှားလာသည့် စူပါမော်ဒယ်တစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသော အခြေအနေ တစ် ရပ် မဟုတ်ချေ။

လန်ဒန်ရှိုးပွဲမှန်သမျှ မလွတ်တမ်း တက်ရောက်မည့် လင်ဆေးလိုဟန်

Photo: လန်ဒန်ရှိုးပွဲမှန်သမျှ မလွတ်တမ်း တက်ရောက်မည့် လင်ဆေးလိုဟန်
Sunday, July 13, 2014 

လင်ဆေးလိုဟန်သည် ယခုနှစ်ကုန်ပိုင်းတွင် “SpeedThePlow” ပြဇာတ်တွင် သရုပ်ဆောင်ရန် ရှိသော်လည်း လန်ဒန်၌ ကျင်းပမည့်ရှိုးပွဲ မှန်သမျှကို မလွတ်တမ်း တက်ရောက်မည်ဟု ဇူလိုင် (၁၁) ရက်တွင် ဘီဘီစီမှ အနုပညာ အယ်ဒီတာ ဝီလ်ဂွမ်းပတ်ဇ်သို့ ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ကြေညာထားသည်။

“SpeedThePlow” ပြဇာတ်ကို ဒါရိုက်တာ ဒေးဗစ်မမ်မတ်က စီစဉ်ခြင်းဖြစ်ပြီး၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊ အရက်စွဲနေသူ ပါတီညလုံးပေါက် တက်သူအဖြစ် ဝေဖန်ခံနေရသော လင်းဆေးကို ၎င်း၏ ပင်ကိုယ်စွမ်းရည်ကြောင့် ယင်းပြဇာတ်တွင် ပါဝင်ရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။ အဆိုပါပြဇာတ်ကို လန်ဒန်မြို့တွင် စက်တင်ဘာလမှ နိုဝင်ဘာလအထိ သီတင်းပတ်(၁ဝ) ပတ်ကြာကပြမည်ဖြစ်ရာ လင်ဆေးအဖို့ ယင်းကာလအတွင်း နာမည်နှင့် ဂုဏ်သိက္ခာပြန်ဆယ်ရန် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း လင်ဆေးကအယ်ဒီတာ ဝီလ်ကိုပြောကြားခဲ့သည်။

လန်ဒန်တွင် ဖျော်ဖြေရမည့် အတွက် စိတ်လှုပ်ရှားသလို၊ အဆင့်တစ်ခုချင်း မတူညီမှုကို ခံစားရကြောင်း၊ အဆိုပါ အတွေ့အကြုံသစ်ကိုလည်း လိုချင်ကြောင်း၊ လန်ဒန်မြို့သို့ အပြီးရွှေ့ပြောင်းနေထိုင်ရန်လည်း စဉ်းစားနေသည်ဟု လင်ဆေးက ဆက်လက်ပြောကြားသည်။

Mizzima - News in Burmese
လင်ဆေးလိုဟန်သည် ယခုနှစ်ကုန်ပိုင်းတွင် “SpeedThePlow” ပြဇာတ်တွင် သရုပ်ဆောင်ရန် ရှိသော်လည်း လန်ဒန်၌ ကျင်းပမည့်ရှိုးပွဲ မှန်သမျှကို မလွတ်တမ်း တက်ရောက်မည်ဟု ဇူလိုင် (၁၁) ရက်တွင် ဘီဘီစီမှ အနုပညာ အယ်ဒီတာ ဝီလ်ဂွမ်းပတ်ဇ်သို့ ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ကြေညာထားသည်။

Saturday, 12 July 2014

ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ

Photo: ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ
Saturday, July 12, 2014

ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်းပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆေးရုံသုံး ပစ္စည်းများ ဝယ်ယူ နေရသောကြောင့် ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း ဈေးကွက်တွင် ရောင်းအား မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း Medi-tech Trade Center ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမျိုးမြင့်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနက ယခင်က ဆေးပစ္စည်း အရည်အသွေးပိုင်းထက် ဈေးနှုန်း အနည်း၊ အများကို ကြည့်၍ ဝယ်ယူသော်လည်း အသုံးစရိတ် မြင့်တက်လာပြီး နောက်ပိုင်းတွင် အရည်အသွေးမြင့်သော ဆေးနှင့် ဆေးပစ္စည်းများကို ပိုဝယ်ယူလာကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အရင်က အသုံးစရိတ်ကို ကြည့်ပြီးတော့ အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ဝယ်တာ ဆိုတော့ သိပ်မကောင်းတာတွေလည်း ပါတယ်။ ဈေးသက်သာပေမယ့် အရည်အသွေး မကောင်းတဲ့အတွက် တရုတ်က ပစ္စည်းတွေကို ဝန်ကြီးဌာနက မဝယ်တော့ဘူး” ဟု ဒေါက်တာမျိုးမြင့်ဦးက ဆိုသည်။

ပြည်သူ့ဆေးရုံများ၏ ဆေးပစ္စည်း လိုအပ်ချက်များကို ဗဟိုဆေးပစ္စည်း ထိန်းသိမ်းရေး ဌာနသို့ စာရင်းပေးသွင်းရပြီး ယင်းမှတစ်ဆင့် လုပ်ငန်းရှင်များထံ တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော်ရှိ ဆေးရုံအုပ်ကြီးတစ်ဦးက ပြောကြားသည်။

သို့သော် အခြေခံ ဆေးဝါး လိုအပ်ချက် အတွက်မူ သက်ဆိုင်ရာ ပြည်နယ်ဆေးရုံများကို တာဝန်လွှဲအပ်ထားပြီး ဆေးဝါးဝယ်ယူစရိတ် အသုံးစရိတ်ကို ဘဏ္ဍာနှစ်အလိုက် ခွဲဝေပေးခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ် ၃၆၇ ဘီလီယံကျော်အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး ယင်းပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆနီးပါး မြင့်တက်ခဲ့သည်။

The Voice Weekly
ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်းပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်း များ ထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

မြန်မာ့ရေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘောနှစ်စင်းကို တပ်မတော်ရေက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြ

မြန်မာ့တပ်မတော်ရေ ကင်းလှည့်ရေယာဉ်တစ်စင်းသည် ဇူလိုင် ၁၁ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘော နှစ်စင်းအနက် တစ်စင်းအား ပစ်ခတ်နှစ်မြှုပ်ခဲ့ပြီး အခြားငါးဖမ်းသင်္ဘော တစ်စင်းကိုအနီးရှိ မြန်မာပိုင်ကျွန်းသို့ ဆွဲယူသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါငါးဖမ်းသင်္ဘော နှစ်စင်းစလုံးတွင်
လိုက်ပါလာသူ သင်္ဘောသားများမှာ အထိအခိုက် မရှိကြောင်း သိရသည်။

အဓိက၀င်ငွေရသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို EITI အဖွဲ့ဝင်လောင်း အစီရင်ခံစာတွင်ပါဝင်ရန် အစိုးရနှင့် သုံးပွင့်ဆိုင် ဆွေးနွေးမည်

EITI  အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီး တင်သွင်းရမည့် အစီရင်ခံစာတွင် အဓိကဝင်ငွေရနေသည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို ယင်းအစီရင်ခံစာတွင် မည်သည့်ကဏ္ဍ ထည့်သွင်းမည်ကို ဆုံးဖြတ်ရန်အတွက် အစိုးရအပါအဝင် ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ယခုလအတွင်း သုံးပွင့်ဆိုင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်

Photo: ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်
Saturday, July 12, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး ပါဝင်ဟောပြောရန်စီစဉ်ခဲ့ပြီး နောက်တိုးစာရင်း ထပ်မံတင်ပြခဲ့သော်လည်း မြို့နယ်ရဲတပ်ဖွဲ့က ငြင်းပယ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နံနက်ပိုင်းတွင် ပခုက္ကူမြို့အလယ်တိုက်တွင် ဆရာတော်ကြီးများအား ဖူးမြော်ပြီးမှ ဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ရပ်မိရပ်ဖများ၊ မကွေးတိုင်းဒေသကြီး တိုင်းခရိုင်မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လျှင် ဒေသခံများနှင့် ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်အား သောင်းသောင်းဖျဖျကြိုဆိုရန် ပြင်ဆင်ထားကြောင်း၊ ဟောပြောပွဲအား အေးအေးချမ်းချမ်း ပြီးဆုံးနိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက် ထားကြောင်းနှင့် အဖွဲ့ဝင်များက ၀န်းရံသွား မည်ဖြစ်ကြောင်း၊ လုံခြုံရေးအာဏာပိုင်များ အနေဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် ပြီးဆုံးစေရေး ပူးပေါင်းပါဝင်ရန် တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ တစ်နိုင်ငံလုံး၌ မေ ၂၃ ရက်မှ စ၍ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ အသက် ၁၈ နှစ်ပြည့်ပြီး စိတ်ပေါ့သွပ်သူ မဟုတ်လျှင် မြန်မာနိုင်ငံသားတိုင်း ပါဝင်လက်မှတ် ရေးထိုးနိုင်ကြောင်း သိရသည်။

ထိုသို့လက်မှတ်ရေးထိုးရာတွင် တပ်မတော်သားများအပါအ၀င် အစိုးရ ၀န်ထမ်းများပါ လက်မှတ်ရေးထိုးနိုင်ကြောင်း၊ လက်မှတ်မရေးထိုးရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည်ပြုလုပ်သူများကို ဥပဒေ အရ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် လက်မှတ်ရေးထိုးမှု အရေအတွက်မှာ ဇွန် ၂၇ ရက်အထိ ၃၃ သိန်းကျော် ရရှိပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့သို့ သွားရောက်ဟောပြောမည့် ကိစ္စနှင့်ပတ်သက် ၍ ပခုက္ကူမြို့မှ လုပ်ငန်းရှင် ကိုအောင်ဇော်ထက်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတွေကို ကိုယ်တိုင် တိုက်ရိုက် နားမထောင် ဖူးဘူး။ အခုလို ပခုက္ကူမှာ လာပြောမယ်ဆိုတော့ တိုက်ရိုက်နားထောင်ခွင့်ရမှာ ဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ အနီးတစ်ဝိုက် မြို့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်လာဖို့ မျှော်လင့်နေတဲ့အချိန်မှာ အခုလိုလာရောက်မှာ ဖြစ်တဲ့အတွက် အားလုံးဝမ်းသာနေကြတယ်” ဟု ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ၂၀၁၄ ခုနှစ် မေ ၁၀ ရက်က မအူပင်မြို့တွင် ကျင်းပစဉ်

Eleven
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြော မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း စီမံ/စီးပွား ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြော ကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေးဖြစ်ပေါ်ဖို့ လက်မှတ်ရေးထိုး တောင်း ဆိုသင့်ကြောင်း ပြည်သူများသို့ ဒေါက်တာအေးမောင် တိုက်တွန်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်ရန် လက်မှတ်ရေးထိုး တောင်းဆို မှုများ ပိုမိုပြုလုပ် သင့်ကြောင်း ဒေါက်တာအေးမောင်က ပြည်သူများအား တိုက်တွန်းပြော ဆိုခဲ့သည်။

Friday, 11 July 2014

ထောင်ဒဏ်၁၀နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အတွက် ၀ါဆိုလပြည့်နေ့တွင် ဂျာနယ်လစ်များက ရန်ကုန်မြို့၊ ကြေးသွန်းဘုရား၌ ဆုတောင်းပွဲပြုလုပ်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ ပြန်လည် လွှတ်မြောက်လာစေရန်အတွက် (၀ါဆိုလပြည့်နေ့) ဇူလိုင် ၁၁ ရက်နေ့တွင် ဂျာနယ်လစ်များက ရန်ကုန်မြို့ကြေးသွန်းဘုရား၌ ၀တ်ပြုဆုတောင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။
ဆုတောင်းပွဲကို သတင်းမီဒီယာများမှ ဂျာနယ်လစ် ၁၅၀ဦးခန့်မှ "မီဒီယာဖိနှိပ်မှုရပ်"ဟု စာတန်းရေးနှိပ်ထားသည့် တီရှပ်အဖြူ များ ၀တ်ဆင်ကာ နံနက် ၉နာရီခွဲခန့်တွင် ကြေးသွန်းဘုရားကြီး၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယူနတီဂျာနယ်လစ်များ ပြန်လည်လွတ်မြောက်လာစေရန် ရည်ရွယ်၍ ဇီဝိတဒါနငှက်များကိုလည်း လွှတ်ခဲ့ကြသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကိုသန်းဌေးက "ယူနတီဂျာနယ်က သတင်းထောက်တွေကို ချမှတ်လိုက်တဲ့ aထာင်ဒဏ်၁၀နှစ်ဆိုတာက အရမ်းပင်းထန်လွန်းပါတယ်။ဒီသတင်းကလည်း ပြည်သူအတွက် သက်ရောက်မှု အများကြီးလည်း မဖြစ်ပါဘူး။အဲ့ဒီသတင်း ရေးသားဖော်ပြမှုအတွက် အစိုးရအနေနဲ့ ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ရတာလဲဆိုတော့ မေးခွန်းထုတ်စရာပါပဲ။ဒါ ဟာ မီဒီယာသမားတွေကို ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်။ထောင်ဒဏ်ချခံခဲ့ရတဲ့ ယူနတီဂျာနယ်လစ်တွေ အပါဝင် မိသားစုဝင်တွေအတွက် တတ်နိုင်သလာက် ကူညီထောက်ပံ့ပေးဖို့ စီစဉ်နပါတယ်" ဟု ပြောကြားသည်။

အကယ်ဒမီဒွေး ကွယ်လွန်ခြင်း ၇နှစ်ပြည့် ကျန်ရစ်သူ မိသားစုက ဆွမ်းကပ်လှူဒါန်း

၆ လသားအရွယ်ကတည်းက ဒွေးနဲ့ မမိုးမိုးတို့ ဇနီးမောင်နှံနဲ့ အတူနေထိုင်ခဲ့တဲ့ ဝေယံမိုးက အကယ်ဒမီ ဒွေး ကွယ်လွန်ခြင်း ၇နှစ်ပြည့် အလှူကို ဇူလိုင် ၁ဝရက်နေ့က မှော်ဘီက အင်းလျက်သာသနာ့ဝန်ဆောင် ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်သူဒွေးကို သူတို့အမှတ်တရရှိနေကြဆဲပါ။

ရန်ကုန်မှာ လျှပ်စစ်မီးဖြတ်တောက်ဖို့ ကြေညာ

ရန်ကုန်တိုင်း ဒေသကြီးက မြို့နယ် ၃၀လောက်မှာ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီး ဖြတ်တောက်မှာ ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့က ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ကြေညာ လိုက်ပါတယ်။

မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး အခြေအနေ ဆိုးရွား လာနေကြောင်း AI ပြော

Photo: မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး အခြေအနေ ဆိုးရွား လာနေကြောင်း AI ပြော
Friday, July 11, 2014  

ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်တို့ကို အခုလို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တဲ့အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး အခြေအနေတွေအပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် အမှောင်ဖုန်း တဲ့ နေ့တနေ့ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။ အပြည့်အစုံကိုတော့ Amnesty ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar ကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ယောက် ပေါင်း ၅ ယောက်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ပခုက္ကူခရိုင် တရားရုံးက မနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၁၀ စီ ပြစ်ဒဏ် ချမှတ်လိုက်တဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တုန့်ပြန် ပြောဆိုမှုတွေ ထွက်ပေါ်လာနေတဲ့အထဲက နောက်ဆုံး ထွက်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေနဲ့ အမှုဆောင်အရာရှိတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်အတွက် အမှောင်လွမ်းတဲ့ နေ့တနေ့ဖြစ်ကြောင်း Amnesty က ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေ တဖြည်းဖြည်း ဆိုးရွားလာနေတဲ့အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ အထူး စိုးရိမ်ပူပန်မိကြောင်း Amensty အမေရိကန်ရုံးခွဲရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar က ပြောပါတယ်။

  “ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးအခြေအနေတွေ တဖြည်းဖြည်း ဆိုးရွားလာနေတဲ့ အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးအနေနဲ့ အထူးပဲ စိုးရိမ် ပူပန်မိပါတယ်။ အခုနောက်ဆုံး ဖြစ်ရပ်ကတော့ သတင်းမီဒီယာ ဌာနတွေကို နှုတ်ပိတ်တဲ့အနေနဲ့ အခုနောက်ဆုံး သတင်းထောက် ၅ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ထောင်ဒဏ် အပြစ်ပေးလိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။”

ဇန်န၀ါရီလက မကွေးတိုင်းပေါက်မြို့နယ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတခုကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ်  ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေ ကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ - CPJ ကလည်း ကြာသပတေးနေ့က ယူနတီဂျာနယ် သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်စီရင်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ နိုင်ငံတကာက အလှုရှင်နိုင်ငံတွေအနေနဲ့ မြန်မာအစိုးရအပေါ် အကူအညီပေးနေတာတွေကို ပြန်လည် သုံးသပ်ပြီး သံတမန်ရေးနည်းလမ်းအရ ဖိအားပေး လုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ယူနတီဂျာနယ်က သတင်းထောက်တွေကို အခုလို ပြင်းထန်တဲ့ စီရင်ချက်ချလိုက်တဲ့ အပေါ် မြန်မာဂျာနယ်လစ် ကွန်ယက်အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြလိုက်ပြီး အခုလို စီရင်ချက် ချလိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ စာနယ်ဇင်းသမားတွေ အနေနဲ့ အကာကွယ်မဲ့မှုခံစားရကြောင်း တခြား ပြည်တွင်း သတင်းမီဒီယာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကလည်း ထုတ်ဖော် ပြောဆိုကြပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေအမှုကို မျှမျှတတ စဉ်းစားပေးဖို့ ပြည်တွင်း သတင်းမီဒီယာအဖွဲ့အစည်းတွေက လွှတ်တော်အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးကို အကြိမ်ကြိမ် စာရေးအကြောင်းကြားခဲ့တဲ့ကြားကပဲ အခုလို ပြင်းထန်တဲ့ စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရတိုင်းက သူတို့ဖက်က ချိုးဖောက်မှုကို ခုခံကာကွယ်ဖို့ အကြောင်းပြချက် အသီးသီးရှိကြတာကြောင့် မြန်မာအစိုးရဟာလည်း တခြား လူ့အခွင့်အရေးချိုးဖောက်တဲ့ တိုင်းပြည်တွေလို အကြောင်းပြချက် ရှိနေမှာဖြစ်တဲ့အကြောင်း Amnesty International အဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး T Kumar က ပြောပါတယ်။

 “ ဒီနေရာမှာ စိုးရိမ်စရာကောင်းတာက အစိုးရက သူတို့ဟာ တိုင်းပြည်ကို ဖွင့်ပေးလိုက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လုပ်ဆောင်နေပါပြီ လို့ ပြောတယ်။ ဒါပေမယ့် အခုဖြစ်နေတာက ဆန့်ကျင်ဘက်လုံးလုံးဖြစ်နေတယ်။ တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေလုပ်ဆောင်ပြီး သတင်းထောက်တွေနဲ့ တခြားလူတွေကို လိုက်လံ ဖမ်းဆီး အပြစ်ပေးနေတယ်။ ဒါကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာတာက - မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ဖက်ကို ဦးတည်လျှောက်လှမ်းနေသလား . . . . . . မသွားပါဘူး၊ မှန်ကန်တဲ့ဘက်ကို ဦးတည်သွားမနေပါဘူး။ လူ့အခွင့်အရေးရှုဒေါင့်ကကြည့်မယ်ဆိုရင် အခြေအနေက ပိုဆိုးလာနေပါတယ်။ အဲဒါကို တိုးတက်ကောင်းမွန်လာအောင် အစိုးရအနေနဲ့ ချက်ခြင်း လုပ်ဆောင်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် ဖမ်းခံထားရတဲ့သူတွေကိစ္စ၊ ညှဉ်းပန်းနှိပ်စက်တဲ့ကိစ္စ စတာတွေအတွက် အစိုးရအနေနဲ့ ဖြေရှင်းချက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။”

ဒီသတင်းထောက်တွေဟာ အများပြည်သူ သိသင့် သိထိုက်တယ်လို့ ယူဆတဲ့ သတင်းအချက်အလက်တွေကို ရေးသား ဖော်ပြခြင်းဖြစ်တဲ့အတွက် သူတို့ ၅ ဦးစလုံးဟာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူတွေအဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး အနေနဲ့ ယုံကြည်ကြောင်းနဲ့ သူတို့ကို ချက်ခြင်း လွတ်ပေးဖို့ တောင်းဆိုကြောင်းလည်း Amnesty International က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလူတွေ ဖမ်းဆီး အပြစ်ပေးခံရတဲ့အမှုကို ကြည့်ခြင်းအားဖြင့် အစိုးရအနေနဲ့ လူ့အခွင့်အရေးအခြေအတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် ပါမယ်လို့ ပြောဆိုနေတာတွေ အချည်းအနှီးဖြစ်သွားစေကြောင်း နဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်းမီဒီယာသမားတွေကို ဖမ်းဆီး အရေးယူမှုတွေ ရပ်တန့်မယ့်အကြောင်း အစိုးရက ပြောဆိုနေတဲ့ကြားကပဲ အခုနှစ်ဆန်းပိုင်းကစပြီး သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေတယ်လို့ Amnesty International ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။  

VOA

Amnesty International ( နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး)
Amnesty International ( နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး)
ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်တို့ကို အခုလို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တဲ့အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး အခြေအနေတွေအပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် အမှောင်ဖုန်း တဲ့ နေ့တနေ့ ဖြစ်ကြောင်း ကြေညာ ချက် ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။ အပြည့်အစုံကိုတော့ Amnesty ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar ကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မလေးရှား မင်းသားရဲ့ ချစ်သူ အသတ်ခံရမှု စစ်ဆေး

Photo: မလေးရှား မင်းသားရဲ့ ချစ်သူ အသတ်ခံရမှု စစ်ဆေး
Friday, July 11, 2014  

 မလေးရှား နိုင်ငံ ဂျာဟိုး နယ်က မင်းသား တစ်ပါးရဲ့ ချစ်သူ ရည်းစားလို့ ယူဆရတဲ့ အက်စတိုးနီးယား မော်ဒယ် တစ်ယောက် ကမ်းခြေမှာ အသတ် ခံရမှု အတွက် ရဲက စတင် စုံစမ်းနေပါပြီ။

အက်စတိုးနီးယား မော်ဒယ် Regina Soosalu ရဲ့ အလောင်းကို ဂျာဟိုး စော်ဘွား မိသားစုနဲ့ ပတ်သက်တဲ့ ပုဂ္ဂလိက ကျွန်း တစ်ကျွန်းပေါ်မှာ ရှာတွေ့ ခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းက ရေနစ် သေဆုံးတယ်လို့ ရဲက ယူဆ ခဲ့ပေမယ့် ရုပ်အလောင်းမှာ သံသယ ရှိဖွယ် ဒဏ်ရာတွေ တွေ့ရှိခဲ့လို့ လူသတ်မှု အဖြစ် ပြင်ဆင် သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ စပ်လျဉ်းပြီး လူ ၆ ယောက်ကို ဖမ်းဆီး ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 

http://www.bbc.co.uk/burmese/world/2014/07/140710_malaysia_royal.shtml
မလေးရှား နိုင်ငံ ဂျာဟိုး နယ်က မင်းသား တစ်ပါးရဲ့ ချစ်သူ ရည်းစားလို့ ယူဆရတဲ့ အက်စတိုးနီးယား မော်ဒယ် တစ်ယောက် ကမ်းခြေမှာ အသတ် ခံရမှု အတွက် ရဲက စတင် စုံစမ်းနေပါပြီ။

iPhone သူခိုးကို တားဆီးရာမှ ဆယ်ကျော်သက်တစ်ဦး သေဆုံး

Photo: iPhone သူခိုးကို တားဆီးရာမှ ဆယ်ကျော်သက်တစ်ဦး သေဆုံး
Friday, July 11, 2014 

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာအန်နာမြို့တွင် အသက် ၁၅ နှစ်အရွယ် ရူဘီ ရူဘီယို ဆိုသူ မိန်းကလေး တစ်ဦးသည် ၎င်းထံမှ iPhone လုယူသူကို တားဆီးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ရူဘီယိုသည် အသက် ၇ နှစ်အရွယ် သူမ၏ ညီမဖြစ်သူနှင့် ကျောင်းမှ အိမ်သို့ လမ်းလျှောက်ပြန်လာစဉ် လူတစ်ဦးက အချိန်ကိုမေးခဲ့ကြောင်း၊ ထို့နောက် သူမက iPhone ကို ထုတ်လိုက်စဉ် ၎င်းက လုယူပြီး အသင့်စောင့်နေသည့် ကားထံ ပြေးသွားခဲ့ကြောင်း၊ ရူဘီယိုက ကားနောက်ကို ပြေးလိုက်ပြီး ကားနောက်ဖုံးပေါ် ခုန်တက်ခဲ့ကြောင်း၊ ကားက ရုတ်တရက် ကွေ့လိုက်သည့်အခါ သူမက ကားပေါ်မှ ပြုတ်ကျခဲ့ကြောင်း ရဲအဖွဲ့က ပြောကြားခဲ့သည်။

ရူဘီယိုသည် ကားပေါ်မှ လမ်းပေါ်သို့ ခေါင်းဖြင့် ကျခဲ့ပြီး နှစ်ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ခိုးယူခံရသည့် iPhone ကို သူမ၏ မိခင်ဖြစ်သူမှ လွန်ခဲ့သည့် တစ်ပတ်ခန့်က ဝယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

iPhone ခိုးယူမှုများသည် မြို့အများအပြားတွင် ဒုစရိုက်မှုတစ်ခုအသွင် ဖြစ်ပေါ်လာနေပြီး ပြီးခဲ့သည့်နှစ်က နယူးယောက်မြို့တွင် ဖြစ်ပွားခဲ့သော ဒုစရိုက်မှု အားလုံး၏ ၁၄ ရာခိုင်နှုန်းသည် iPhone ခိုးယူမှုများ ဖြစ်ကြောင်း ဆိုသည်။

လတ်တလောတွင် Apple သည် iPhone ခိုးယူခံရမှု လျော့နည်းစေရန် အတွက် Activation Lock ကို မိတ်ဆက်ပေးထားပြီး၊ ၎င်း feature သည် iPhone သုံးစွဲသူ၏ Apple ID နှင့် password ကို ဖုန်း၏ တည်နေရာ ခြေရာခံခြင်းကို မပိတ်မီနှင့် lock ဖုန်းကို activate ပြန်မလုပ်မီ ထည့်သွင်းရန် လိုအပ်ကြောင်း သိရသည်။

Internet Journal
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာအန်နာမြို့တွင် အသက် ၁၅ နှစ်အရွယ် ရူဘီ ရူဘီယို ဆိုသူ မိန်းကလေး တစ်ဦးသည် ၎င်းထံမှ iPhone လုယူသူကို တားဆီးခဲ့သောကြောင့် အသက်ဆုံးရှုံး ခဲ့ရ သည်။

ဘ၇ာဇီးအ၇ှုံးကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည် ဆယ်ကျော်သက် မိန်းကလေး

Photo: ဘ၇ာဇီးအ၇ှုံးကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည် ဆယ်ကျော်သက် မိန်းကလေး
Friday, July 11, 2014

အသက် (၁၅)နှစ်အရွှယ်ရှိမိန်းကလေးတစ်ဦးသည် ဘရာဇီး၏ ခုနှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးခဲ့သော ဆီးမီးဖိုင်နယ်ပွဲစဉ်အာ်းကြည့်ရှု့ အပြီးမှာ မိမိကိုယ်ကို အဆုံးစီရင်မှုပြုလုပ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ
အတည်ပြုပြောကြားခဲ့သည်။

အဆိုပါမိန်းကလေးသည် နီပေါနိုင်ငံ ဆန်ဆာရီဒေသတွင်နေထိုင်သော အသက် (၁၅)နှစ်အရွှယ်ရှိပြီဖြစ်သည့်
ပရာဂျာသာပါဆိုသည့်ဆက်ကျော်သက်အရွယ်မိန်းကလေးတစ်ဦးဖြစ်သည်။ နီပေါရဲတပ်ဖွဲ့မှ ရဲအရာရှိ ရှာရက်သာပါကတော့
" သူမက ဘရာဇီးအသင်းကို ဖိုင်နယ်မှာမြင်တွေ့လိုစိတ် အားကြီးနေသူပါ။ ဒါပေမဲ့ သူမမျှော်လင့်ချက်က
ဂျာမနီအသင်းအောက်မှာပျောက်ဆုံးခဲ့ရတယ်လေ"
" သူငယ်ချင်းတစ်ချို့က ဘရာဇီးအားပေးထောက်ခံသူ သူ့မအပေါ်ကို ပွဲအပြီးမှာစနောက်ခဲ့ကြပါတယ်။
ဒီ့နောက် မနက်ခင်းမှာတော့ သူ့အခန်းမှာ ကြိုးဆွဲချလျှက် တန်းလန်းကြီးတွေ့ရပါတော့တယ်" ဆိုပြီးပြောကြားခဲ့သည်။

ပရာဂါသည် နီပေါ၏မြို့တော်နှင့် မိုင် ၂၅၀ ခန့်ဝေးသော ကျေးရွှာငယ်တွင်နေထိုင်ခဲ့သူလည်းဖြစ်သည်။
မျက်နှာကြက်ပေါ်က ကြိုးဆွဲချအလောင်းကို သူမ၏အမေမှ သူမအခန်းမှာရှာဖွေ့တွေ့ခဲ့တာပါ။
လောလောဆယ်မှာတော့ သေဆုံးရခြင်းအကြောင်းကို ထပ်မံအတည်ပြုနိုင်ရေး
သူမရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရန်ပို့ထားကြောင်း သိရသည်။ 

Football Café
အသက် (၁၅)နှစ်အရွှယ်ရှိမိန်းကလေးတစ်ဦးသည် ဘရာဇီး၏ ခုနှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးခဲ့သော ဆီးမီးဖိုင်နယ် ပွဲစဉ်အာ်းကြည့်ရှု့ အပြီးမှာ မိမိကိုယ်ကို အဆုံးစီရင်မှုပြုလုပ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြုပြောကြား ခဲ့သည်။