Monday, 7 July 2014

အခြေခံပညာ ဆရာ၊ ဆရာမများကို ပင်စင်သက်တမ်း တိုးပေးရန် စီစဉ်

Photo: အခြေခံပညာ ဆရာ၊ ဆရာမများကို ပင်စင်သက်တမ်း တိုးပေးရန် စီစဉ်
Monday, July 7, 2014 

နိုင်ငံတစ်ဝန်း လစ်လပ်နေသော အခြေခံပညာ ဆရာ၊ ဆရာမများ နေရာတွင် ပင်စင်စားနှင့် ပင်စင်ယူခါနီး ဆရာ၊ ဆရာမတို့ကို ပင်စင်သက်တမ်းတိုး၍ ဆက်လက်ခန့်ထားရန် အစီအစဉ်ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ အခြေခံပညာ နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသွားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ဇူလိုင်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် အခြေခံပညာ ဆွေးနွေးပွဲ၌ အဆိုပါ အစီအစဉ်ကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ပညာရေးမှာ အားသာချက်တွေ အများကြီး ရှိနေသလို အားနည်းချက်တွေလည်း အများကြီး ရှိနေတယ်။ ဆရာ ဆရာမတွေ အလုံအလောက် မခန့်နိုင်တဲ့ ခါးဆက်ပျက်တဲ့ အားနည်းချက်တွေ ရှိနေတယ်” ဟု ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဆိုသည်။

ယင်းအပြင် လစ်လပ်နေရာများကို အသက် ၂၅ နှစ်အရွယ် ဆရာ၊ ဆရာမများ အလျင်လို ခန့်ထားလျှင်လည်း အသက် ၆၀ ပြည့်၍ ပင်စင်ယူချိန်တွင် လူသားအရင်းအမြစ် ပြတ်တောက်မှုနှင့် ကြုံတွေ့နိုင်သောကြောင့် ရေရှည်စီမံကိန်းများ စဉ်းစားရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။ 

“Human Resource Development Plan မဆွဲနိုင်သေးခင် အသက် ၆၀ ပြည့်ပေမယ့် နောက်ထပ်ယူ (အလုပ်လုပ်) လို့ ရတယ်ဆိုတဲ့ ဆရာ၊ ဆရာမကြီးတွေကို နောက်ထပ် နှစ်နှစ် သုံးနှစ် ဆက်ပြီး တောင်းဆိုလို့ ရနိုင်၊ မရနိုင် ဆွေးနွေးနေတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက The Voice သို့ ပြောကြားသည်။

အခြေခံပညာကဏ္ဍတွင် နှစ်စဉ် သက်ပြည့်ပင်စင် ယူသူ ၈၀၀၀ မှ ၁၂,၀၀၀ ဦးဝန်းကျင် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

သက်ပြည့်ပင်စင် ယူခါနီး ဆရာ၊ ဆရာမများကို သက်တမ်းထပ်တိုးခွင့် အစီအစဉ်သည် အစိုးရသစ် လက်ထက်တွင်မှ ပထမဆုံးအကြိမ် စတင်ခြင်းဖြစ်သည်။

The Voice Weekly
နိုင်ငံတစ်ဝန်း လစ်လပ်နေသော အခြေခံပညာ ဆရာ၊ ဆရာမများ နေရာတွင် ပင်စင်စားနှင့် ပင်စင်ယူခါနီး ဆရာ၊ ဆရာမတို့ကို ပင်စင်သက်တမ်းတိုး၍ ဆက်လက်ခန့်ထားရန် အစီအစဉ်ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ အခြေခံပညာ နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ က ပြောကြား သွားသည်။

ဟောင်ကောင်တက္ကသိုလ် ကျောင်းသား ၃၀ ခန့် မြန်မာကလေး လုပ်သားများကို စာသင်ပေးမည်

Photo: ဟောင်ကောင်တက္ကသိုလ် ကျောင်းသား ၃၀ ခန့် မြန်မာကလေး လုပ်သားများကို စာသင်ပေးမည် 
Monday, July 7, 2014 

မြန်မာနိုင်ငံမှ ကလေးလုပ်သားများကို အခြေခံအင်္ဂလိပ်စာနှင့် လူမှု ဆက်ဆံရေး ဘာသာများကို ဟောင်ကောင် တက္ကသိုလ်မှ ကျောင်း သား၊ ကျောင်းသူ ၃၀ ဦးခန့်က ဇူလိုင်လမှ စ၍ လာရောက် သင်ကြားပေးမည် ဖြစ်ကြောင်း မြန်မာရွေ့လျား ပညာရေးစီမံကိန်း ဒါရိုက်တာ ဦးတင်မောင်မောင်အေးက ပြောကြားသည်။

မြန်မာရွေ့လျား ပညာရေးစီမံကိန်း၏ စီမံချက် နေရာများဖြစ်သည့် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် ၂ ဆိုင်၊ ရန်ကုန်မြို့တွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းနှင့် ပလတ်စတစ်ကောက် ကလေးငယ်များ၏ စခန်းတစ်ခုသို့ အဆိုပါ ကျောင်းသား၊ ကျောင်းသူများက လာရောက် သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဟောင်ကောင် ကျောင်းသား၊ ကျောင်းသူများသည် အုပ်စုနှစ်ခု ခွဲကာ လာရောက်မည်ဖြစ်ပြီး ပထမအုပ်စုတွင် ကျောင်းသား ၁၃ ဦးနှင့် ပါမောက္ခတစ်ဦး ပါရှိကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

၎င်းတို့က အခြေခံအင်္ဂလိပ်စာ၊ ကိုယ်လက်သန့်ရှင်းရေး၊ လူမှုဆက်ဆံရေးနှင့် အခက်အခဲများ ဖြေရှင်းနည်းတို့ကို လက်တွေ့နှင့် အနီးစပ်ဆုံး သင်ကြားပေးမည် ဖြစ်ကြောင်း ဦးတင်မောင်မောင်အေးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ကျောင်းပြင်ပ ပညာရေးဌာနများ ဖွင့်လှစ်၍ သင်ကြားနေသော်လည်း စာသင်ကျောင်းများသို့ မလာရောက်သော ကလေးလုပ်သားတို့အတွက် လိုက်လံသင်ကြားသည့် လူမှုအဖွဲ့အစည်းများလည်း ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပေါ်ပေါက်လာသည်။

“ပညာရေးလုပ်တာ ငွေထက် ဆိုင်ရှင်တွေ လက်ခံအောင် ပြောရတာ၊ ကလေးတွေ ပညာသင်ရတဲ့ အကြောင်းကို နားလည်အောင် ရှင်းပြရတာ၊ စာသင်ပေးတဲ့အခါ ဆိုင်တွေရဲ့ အားလပ်ချိန်ကို ညှိရတာခက်တယ်” ဟု ဦးတင်မောင်မောင်အေးက ရှင်းပြသည်။

မြန်မာရွေ့လျား ပညာရေးစီမံကိန်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များတွင် အလုပ်လုပ်ကိုင်နေသော ကလေးလုပ်သားများ၏ ကျောင်းပြင်ပ ပညာရေးအတွက် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံမှ ကလေးလုပ်သားများကို အခြေခံအင်္ဂလိပ်စာနှင့် လူမှုဆက်ဆံရေး ဘာသာများ ကို ဟောင်ကောင် တက္ကသိုလ်မှ ကျောင်း သား၊ ကျောင်းသူ ၃၀ ဦးခန့်က ဇူလိုင်လမှ စ၍ လာရောက် သင် ကြားပေးမည် ဖြစ်ကြောင်း မြန်မာရွေ့လျား ပညာရေးစီမံကိန်း ဒါရိုက်တာ ဦးတင်မောင်မောင်အေး က ပြော ကြားသည်။

အိမ်ခြံမြေလုပ်ငန်း အိမ်နီးချင်းနိုင်ငံများထိ ဈေးကွက်ထိုးဖောက်ရန် သမ္မတစီးပွားရေးအကြံပေး တိုက်တွန်း

မြန်မာနိုင်ငံရှိ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းများ (Real EstateService) ကို အိမ်နီးချင်းပြည်ပနိုင်ငံများ အထိ ဈေးကွက်ထိုးဖောက်သွားရန် နိုင်ငံတော်သမ္မတ၏ စီးပွားရေးဆိုင်ရာအကြံပေး ပါမောက္ခ ဒေါက် တာ အောင်ထွန်းသက်က ဇူလိုင် ၆ ရက်တွင် မြန်မာနိုင်ငံကုန်သည်/ စက်မှု အသင်း ချုပ်တွင် ပြုလုပ်သည့် အိမ်ခြံမြေ၀န်ဆောင်မှုအသင်း နှစ်နှစ်ပြည့် နှစ်ပတ်လည်ဟောပြောဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြား ခဲ့သည်။

ဖက်ဒရယ်ဒီမိုကရက်တစ်စနစ်အား အခြေခံသည့် ဖွဲ့စည်းပုံဖြစ်ပေါ် လာရေးနှင့် လေးပွင့်ဆိုင်ဆွေးနွေးမှု ဖြစ်ပေါ်လာရေး အတွက် အင်န်အယ်လ်ဒီနှင့် စီအာပီပီတို့အကြား သဘောတူ

၂၀၀၈ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင်ရာတွင် ဖက်ဒရယ် ဒီမိုကရက်တစ် စနစ်ကိုအခြေခံ သည့် ဖွဲ့စည်းပုံမျိုး ဖြစ် ပေါ်လာစေ ရန်အတွက် ပူးပေါင်း ဆောင်ရွက်သွားရန်၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲများ ပြုလုပ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါဝင်ရန်မှာ အရေးကြီးသည့်အတွ က် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး (သို့မဟုတ်) နိုင်ငံရေးဆွေးနွေး ပွဲများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပါဝင်လာရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် အပါအဝင် အချက် လေးချက်ပါ သဘောတူညီချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်နှင့် ၉၀ ရွေး ကောက်ပွဲ အနိုင်ရနိုင်ငံရေးခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထား သည့် ပြည် သူ့လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြု ကော် မတီ CRPP တို့အကြား သဘော တူညီခဲ့ကြောင်း သိရသည်။

မက်ဆီမှာ အာဂျင်တီးနားအတွက် သဲကန္တာရထဲက ရေဖြစ်ကြောင်း ဆက်ဘယ်လာဖွင့်ဟ

Photo: မက်ဆီမှာ အာဂျင်တီးနားအတွက် သဲကန္တာရထဲက ရေဖြစ်ကြောင်း ဆက်ဘယ်လာဖွင့်ဟ
Monday, July 7, 2014

အာဂျင်တီးနားအသင်းသည် ဘယ်လ်ဂျီယံအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရသည့် ကမ္ဘာ့ဖလားကွာတား ဖိုင်နယ် ပွဲစဉ်တွင် ခက်ခက်ခဲခဲကစား ခဲ့ရစဉ် ဘယ်လ်ဂျီယံအသင်းအား အနိုင်ရရှိခဲ့ရာ၌ အာဂျင်တီးနား အသင်းခေါင်းဆောင်မက်ဆီမှာ အံ့သြ ဖွယ်ကောင်းလောက်အောင် ခြေစွမ်း ပိုင်ဆိုင်ခဲ့ခြင်းကြောင့် အာဂျင်တီးနား အသင်းအတွက် သဲကန္တာရထဲက ရေ ဖြစ်ခဲ့ကြောင်း နည်းပြဆက်ဘယ်လာ က ဖွင့်ဟပြောကြားခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး ကစား သမားဆုကို လေးကြိမ်အထိ ရယူ ဆွတ်ခူးထားနိုင်ခဲ့သည့် လီယွန်နယ် မက်ဆီသည် ဘယ်လ်ဂျီယံအသင်း၏ ဂိုးပေါက်ကိုခြိမ်းခြောက်ရာတွင် သွင်း ဂိုးအဖြစ်ပြောင်းလဲနိုင်မှုမှာ အားနည်း ခဲ့သော်လည်း အာဂျင်တီးနားအသင်း တိုက်စစ်ပိုင်းအတွက်မူ ဗိသုကာပညာ ရှင်တစ်ဦးသဖွယ်စွမ်းဆောင်နိုင်ခဲ့သည်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင် ပွဲတွင် ဂိုးမမြူးခဲ့သော်လည်း အာဂျင် တီးနားအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် အသင်း ခေါင်းဆောင် မက်ဆီအား ကျေနပ် အားရမှုရှိကြောင်းလည်း နည်းပြ ဆက်ဘယ်လာက ပြောကြားခဲ့သည်။

ထို့ကြောင့် အာဂျင်တီးနားအသင်း သည် မက်ဆီ၊ ဒီမာရီယာစသည့် ကစားသမားများ၏ ဦးဆောင်မှုနှင့် အတူ ဘယ်လ်ဂျီယံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ၂ဝ၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် အဆင့် သို့ တက်လှမ်းနိုင်ခဲ့ပြီး ယင်းသို့ ဆီမီး ဖိုင်နယ်တက်လှမ်းလာနိုင်ခဲ့ခြင်း သည် အာဂျင်တီးနားအသင်းအတွက်၁၉၉ဝ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်တက်လှမ်းလာခဲ့ခြင်း လည်းဖြစ်သည်။ 

ဘရာဆီးလီးယား၌ ယှဉ်ပြိုင်ကစား ခဲ့သည့် အာဂျင်တီးနားအသင်းက ဘယ်လ်ဂျီယံအသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ ဖလား ကွာတားဖိုင်နယ်တွင်တိုက်စစ်မှူး ဒီမာရီယာသည် ဒဏ်ရာ ပြဿနာကြုံခဲ့ ခြင်းကြောင့် နယ်သာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားဆီမီး ဖိုင်နယ်ပွဲစဉ်တွင် ပါဝင်လာရန်မသေချာ သေးကြောင်း ¤င်း၏ ကိုယ်စားလှယ် ဖြစ် သူက ပြော ကြားခဲ့သည်။

သို့ရာတွင် အာဂျင်တီးနားအသင်း ဆေးဆရာဝန်များကမူ နယ်သာလန် အသင်းနှင့်ပွဲစဉ်တွင် ဒီမာရီယာလွဲချော် မည်လားဆိုသည့် အဖြေနှင့်ပတ်သက် ၍ အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိတွင် ဒဏ်ရာပြဿနာအား ဆေးစစ်မှုပြုလုပ်လျက်ရှိကြောင်းပြော ကြားခဲ့ပြီး ဒီမာရီယာမပါဝင်နိုင်ခဲ့ပါက မက်ဆီတစ်ဦးတည်းအပေါ် တည် မီလွန်းသည့် အာဂျင်တီးနားအသင်း အတွက် ကြီးမားသောထိုးနှက်ချက်တစ်ရပ်ဖြစ်လာနိုင်ကြောင်းလည်း ကျွမ်းကျင်သူအချို့က သုံးသပ်ထား သည်။

အာဂျင်တီးနားအသင်းနည်းပြ ဆက်ဘယ်လာအနေဖြင့်အာဂျင်တီးနား အသင်းအတွက် မက်ဆီသည်သာ သဲကန္တာရထဲကရေဖြစ်ကြောင်းချီးကျူး ပြောကြားထားသည်။ 

(ငွေကြယ်)
Myanmaalinn
အာဂျင်တီးနားအသင်းသည် ဘယ်လ်ဂျီယံအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရသည့် ကမ္ဘာ့ဖလားကွာတား ဖိုင် နယ် ပွဲစဉ်တွင် ခက်ခက်ခဲခဲကစား ခဲ့ရစဉ် ဘယ်လ်ဂျီယံအသင်းအား အနိုင်ရရှိခဲ့ရာ၌ အာဂျင်တီးနား အသင်းခေါင်းဆောင်မက်ဆီမှာ အံ့သြ ဖွယ်ကောင်းလောက်အောင် ခြေစွမ်း ပိုင်ဆိုင်ခဲ့ခြင်းကြောင့် အာဂျင် တီးနား အသင်းအတွက် သဲကန္တာရထဲက ရေ ဖြစ်ခဲ့ကြောင်း နည်းပြဆက်ဘယ်လာ က ဖွင့်ဟပြော ကြား ခဲ့ သည်။

ပြည်တွင်းထက်ပြည်ပဈေးကွက်ကို အများဆုံးတင်ပို့နေရသည့် ကြိမ်လက်မှု ပစ္စည်း

Photo: ပြည်တွင်းထက်ပြည်ပဈေးကွက်ကို အများဆုံးတင်ပို့နေရသည့် ကြိမ်လက်မှု ပစ္စည်း
Monday, July 7, 2014

မြန်မာနိုင်ငံရဲ့ လက်မှုပစ္စည်းတွေထဲမှာ ကြိမ်လက်မှုပစ္စည်းတွေဟာ ပြည်တွင်းဈေးကွက်ထက် ပြည်ပဈေးကွက်ကို အများဆုံးတင်ပို့နေရတယ်လို့
ကြိမ်နှင့်ဝါးလက်မှုလုပ်ငန်းရှင်များထံမှ သိရပါတယ်။ 
 
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ဟာ ကြိမ်လက်မှုပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ အဓိကနေရာဒေသတစ်ခုဖြစ်ပြီး အဲ့ဒီဒေကထွက်တဲ့ ကြိမ်လက်မှုပစ္စည်းတွေကိုတော့ ပြည်တွင်း ဈေးကွက်ထက် ပြည်ပဈေးကွက်ကိုသာအများဆုံးတင်ပို့နေရတယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက် ကို ကြိမ်လက်မှုပစ္စည်းများ အများဆုံးတင်ပို့ရတာဟာ ပြည်ပမှ လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီတွေဟာ ကြိမ်လက်မှုပစ္စည်းတွေကို သဘောကျနှစ်သက်မှုများတဲ့အတွက်ဖြစ်ပါတယ်။
 
ကြိမ်လက်မှုပစ္စည်းတွေကိုပြည်ပကို  Export  ပို့တဲ့အခါ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အမှိုက်တောင်း၊ ရုံးခန်းသုံးပစ္စည်း၊ ဟိုတယ်သုံးပစ္စည်းများ စတဲ့အသုံးအဆောင်တွေကို ပြုလုပ်ပြီး ပြည်ပကို တင်ပို့တာဖြစ်ပါတယ်။ အဆိုပါ ကြိမ်လက်မှုပစ္စည်းများဟာ ပြည်ပဈေးကွက်မှာ ရောင်းအားကောင်းနေပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ ဈေးနှုန်းအနည်းငယ်မြင့်မားတဲ့အတွက် ၀ယ်လိုအားလျော့နည်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
မြန်မာနိုင်ငံရဲ့ လက်မှုပစ္စည်းတွေထဲမှာ ကြိမ်လက်မှုပစ္စည်းတွေဟာ ပြည်တွင်းဈေးကွက် ထက် ပြည်ပဈေး ကွက်ကို အများဆုံးတင်ပို့နေရတယ်လို့ ကြိမ်နှင့်ဝါးလက်မှုလုပ်ငန်းရှင်များထံမှ သိရပါတယ်။

အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ခဲ့ပါက ယင်းပွဲစဉ်အမီ ဒီမာရီယာ ပြန်ကစားနိုင်ဖွယ်ရှိ

Photo: အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ခဲ့ပါက ယင်းပွဲစဉ်အမီ ဒီမာရီယာ ပြန်ကစားနိုင်ဖွယ်ရှိ
Monday, July 7, 2014

အကယ်၍ နယ်သာလန်ကို ကျော်ဖြတ်ကာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်ခဲ့မည်ဆိုပါက အိန်ဂျယ်ဒီမာရီယာ ပါဝင်ကစားနိုင်မည့် အလားအလာ ရှိနေကြောင်း အာဂျင်တီးနားအသင်း၏ ဆရာဝန်က ပြောကြားခဲ့သည်။

ဒေါက်တာ ဒင်နီရယ် မာတီနက်ဇ်က အသက်(၂၆)နှစ်ရှိ ကစားသမားအနေဖြင့် နယ်သာလန်နှင့် ရင်ဆိုင်မည့် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ပါဝင်နိုင်ရန် အခွင့်အရေး မရှိသော်လည်း ဗိုလ်လုပွဲသို့ အာဂျင်တီးနား တက်ရောက်ခဲ့ပါက အကောင်းမြင် မျှော်လင့်ခွင့်ရှိမည်ဟု ယုံကြည်နေသည်။

ရီးယဲလ်မက်ဒရစ်အသင်း၏ တောင်ပံကစားသမားသည် ဘယ်လ်ဂျီယံကို (၁-၀)ဖြင့် အနိုင်ရသည့် ပွဲတွင် ပွဲချိန်မိနစ်(၃၀)ကျော်၌ ဂိုးပေါက်ကန်သွင်းရန် ကြိုးစားရင်း ပေါင်ကြွက်သား ဒဏ်ရာရရှိသဖြင့် လူစားလဲခဲ့ရသည်။ ဒီမာရီယာသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အာဂျင်တီးနားအတွက် အပေါ်လွင်ဆုံး ခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ဒေါက်တာ မာတီနက်ဇ်က “ဒီမာရီယာနဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုတို့ ရထားတဲ့ ဒဏ်ရာတွေက ပုံစံတူပါတယ်။ ကြွက်သားဒဏ်ရာတွေထဲမှာတော့ အပျော့ပြောင်းဆုံးလို့ ပြောနိုင်တယ်။ ဒီမာရီယာက နောက်ပွဲမှာတော့ မကစားနိုင်ပါဘူး။ အဲဒါပြီးရင်တော့ တစ်နေ့ချင်း အခြေအနေတွေကို ကျွန်တော်တို့ စိစစ်စောင့်ကြည့်သွားရလိမ့်မယ်”ဟု ဆိုသည်။

၎င်းက အဂွေရိုမှာမူ နယ်သာလန်အသင်းနှင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေမည်ဟု မှတ်ချက်ပြုခဲ့သည်။ “အဂွေရိုက အသင်းမှာ လေ့ကျင့်ခန်း သုံးခါထိ ဆင်းကြည့်ပြီးပြီ။ အဆင်ပြေတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု ပိုတိုးတက်လာဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ သူ့အနေအထားက ဘောလုံးကစားဖို့ အသင့်ဖြစ်နေပါပြီ”ဟုလည်း ဒေါက်တာ မာတီနက်ဇ်က ပြောကြားသွားသည်။

_Ref: Goal
7Day Daily
အကယ်၍ နယ်သာလန်ကို ကျော်ဖြတ်ကာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်ခဲ့မည်ဆိုပါက အိန်ဂျယ်ဒီမာရီယာ ပါဝင်ကစားနိုင်မည့် အလားအလာ ရှိနေကြောင်း အာဂျင်တီးနားအသင်း၏ ဆရာဝန်က ပြောကြား ခဲ့သည်။

ဒေါ်စုလည်း အိပ်မက်ထဲ လမ်းလျှောက်ဆဲ

နိုင်ငံ့ခေါင်းဆောင်တစ်ဦးဟာ နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ အဓိကစိန်ခေါ်မှုမှုကြီးတွေကို မသိ ချင်ယော င်ဆော င်နေ ရင် အိပ်မက်ထဲလမ်းလျှောက်တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

မြန်မာနဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာတွေ အကြမ်းဖက်မှု ရပ်ကြဖို့ ဒလိုင်းလားမား တိုက်တွန်း

Photo: မြန်မာနဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာတွေ အကြမ်းဖက်မှု ရပ်ကြဖို့ ဒလိုင်းလားမား တိုက်တွန်း
Monday, July 7, 2014

တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်လားမားက Dalai Lama သူ့ရဲ့ ၇၉ နှစ်မြောက် မွေးနေ့ အခါသမယမှာ ထောင်သောင်းချီတဲ့ သူ့အပေါ် လေးစား ယုံကြည် ကိုးကွယ်သူတွေကို  သြ၀ါဒစကားပြောဆိုရင်းနဲ့  မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မွတ်ဆလင်ဘာသာဝင်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို ရပ်တန့်ကြပါလို့ မေတ္တာရပ်ခံသွားပါတယ်။

ဒီ နှစ်နိုင်ငံလုံးမှာ ဗုဒ္ဓဘာသာဝင်တွေက အများစုနေထိုင်ကြပြီး ဘာသာရေးကိုးကွယ်မှုအရ လူနည်းစုဖြစ်တဲ့ မွတ်ဆလင်တွေအပေါ် တိုက်ခိုက် နေကြတာမျိုးဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဘုန်းတော်ကြီး ဒလိုင်လားမားက မိန့်ကြားခဲ့တဲ့အကြောင်း AFP သတင်းမှာ ရေးသားဖေါ်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာကျင်းပတဲ့ ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ မွေးနေ့ပွဲကို ဧည့်ပရိသတ် မြောက်များစွာ တက်ရောက်ခဲ့ကြပြီး အဲဒီထဲမှာ ဟောလိဝုဒ်က ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗုဒ္ဓဘာသာဝင် ရစ်ချတ် ဂီယာ Richard Gere လည်း ပါဝင်ပါတယ်။

အဲဒီတိုင်းပြည်မှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ခုလို ရာဇ၀တ်မှုမျိုးတွေ မကျူးလွန်ခင်မှာ ဗုဒ္ဓရဲ့ပုံရိပ်လွှာကို အာရုံပြု နှလုံးသွင်းကြဖို့ သူ့အနေနဲ့ တောင်းဆိုချင်တယ်လို့ ဘုန်းတော်ကြီးက မိန့်ကြားသွားပါတယ်။

ဟိမ၀န္တာ တောင်တန်းပေါ်က လဲ (Leh) မြို့ မှာ သြ၀ါဒ စကားပြောကြားစဉ် ဘုန်းတော်ကြီး ဒလိုင်လားမားက ဗုဒ္ဓက တရားတော်မှာ မေတ္တာနဲ့ ကြင်နာမှုကို ဟောကြားခဲ့ကြောင်း အခုချိန်မှာ ဗုဒ္ဓသာရှိနေမယ်ဆိုရင် တိုက်ခိုက်ခံရတဲ့ မွတ်ဆလင်တွေဘက်က အကာကွယ်ပေးလိမ့်မှာ ဖြစ်တယ်လို့ ဟောကြားသွားပါတယ်။

ဒီရက်ပိုင်း အတွင်း ဘာသာရေးဆန်တဲ့ ဆူပူ အကြမ်းဖက်မှုတွေဖြစ်ပွားပြီး လူအသေအပျောက် ရှိခဲ့တဲ့ မန္တလေးမြို့မှာတော့ မနေ့က အခြေအနေတွေ တည်ငြိမ်နေပြီး ညမထွက်ရအမိန့် မလိုက်နာသူ တချို့ကိုတော့ ဖမ်းဆီးထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

တဖက်မှာလည်း မန္တလေးအခြေအနေကို ရေရှည် ထိန်းသိမ်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေက မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြပြီး မတူညီတဲ့ ယုံကြည်မှုတွေကို အပြန်အလှန် လေးစားလာကြစေဖို့ အပါအ၀င် ရေရှည်လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ကြတယ်လို့ မန္တလေးမြို့ ငြိမ်းချမ်းရေးထိမ်းသိန်းရေး ကော် မတီက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား (ဂျူလိုင် ၆၊ ၂၀၁၄)
တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား (ဂျူလိုင် ၆၊ ၂၀၁၄)
တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်လားမားက Dalai Lama သူ့ရဲ့ ၇၉ နှစ်မြောက် မွေးနေ့ အခါ သမယ မှာ ထောင်သောင်းချီတဲ့ သူ့အပေါ် လေးစား ယုံကြည် ကိုးကွယ်သူတွေကို  သြ၀ါဒစကားပြော ဆိုရင်းနဲ့  မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မွတ်ဆလင်ဘာသာဝင်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို ရပ်တန့်ကြပါလို့ မေတ္တာရပ်ခံသွားပါတယ်။

ဆိပ်ကမ်းတွင် စစ်ဆေးပြီးသော စက်သုံးဆီများကိုသာ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရောင်းချခွင့် ပြုမည်

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း ဆိပ်ကမ်းများသို့ တွဲသင်္ဘောများဖြင့် ရောက်ရှိ လာသည့် စက်သုံးဆီများကို အရည်အသွေး စမ်းသပ် စစ်ဆေးပြီးမှသာ မြို့တွင်းရှိ အရောင်း ဆိုင်များသို့ တင်သွင်း ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ-ဘင်္ဂလာနယ်စပ် နတ်မြစ်တွင် စိတ်ကြွဆေးပြား တစ်သိန်းခုသောင်း ဖမ်းမိ

Naf river
တန်ဖိုးငွေ တာကာ ၅ ကုဋေ နှင့် ၁ သန်းဖိုးရှိ ယာဘားဆေးပြား ၁၇၀၀၀၀၀ ကို ဘင်္ဂလား-မြန်မာနယ်စပ် နတ်မြစ် အတွင်း ဇူလိုင်လ ၆ ရက် ယမန်နေ့ နေ့လည်ပိုင်းက ဘင်္ဂလာနယ်ခြားစောင့်တပ် တပ်ဖွဲ့တခုမှ ဖမ်းမိသည်။

သတင်းထောက်နှင့် သတင်းဌာနများကို ခြိမ်းခြောက်မှုများရှိနေ

မန္တလေးပဋိပက္ခတွင် သတင်းထောက်များကို ပစ်မှတ်ထားခြိမ်းခြောက်မှုများရှိနေပြီး ယင်း ခြိမ်းခြောက်မှုများ အား အရေးယူဆောင်ရွက်ပေးရန် စာနယ်ဇင်းအဖွဲ့အစည်းများမှတစ်ဆင့် အစိုးရထံတောင်းဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းဌာနများက ပြောသည်။

ဦးထုပ်ကျ၍ ပြန်ကောက်ရန် ကားပေါ်မှ ခုန်ချသူ သေဆုံး

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ အရှေ့ကွန်ကရစ်လမ်းတွင် ဇူလိုင် ၆ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောက်ကား တစ်စီးပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။

အိပ်နေသော မိန်းကလေးများကို ဓားဖြင့် ထိုးထွက်ပြေး

စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာနေ ဦးအောင်ဝင်း(ဈေးရောင်း)သည်ဇူလိုင် ၃ရက် ညသန်းခေါင် ကျော် တစ်နာရီခန့်တွင် နေအိမ်အောက်ထပ်တွင်ဇနီးဖြစ်သူ မကြည်မြင့်နှင့် သားဖြစ်သူ မောင်ချမ်းသာ၊ နေအိမ် အပေါ် ထပ်တွင် သမီးဖြစ်သူ မနီနီအောင်၊ မသန်းသန်းစိုးတို့ အိပ်နေကြစဉ် အပေါ်ထပ်မှ ဝုန်းဝုန်းဟု အသံကြားရသဖြင့် လန့်နိုးပြီး သားဖြစ်သူ မောင်ချမ်းသာက အိမ်ပေါ်သို့ တက်သွားပြီး အဖေလူ လူဟုပြော၍ ဦးအောင်ဝင်း က တက်ကြည့်ရာ အမည်မသိ လူတစ်ဦး နေအိမ်အပေါ်ထပ်ဝရန်တာမှ ခုန်ချထွက်ပြေး သွားသည် ကိုမြင်တွေ့ ရသဖြင့် သမီးဖြစ်သူ မနီနီအောင်နှင့် မသန်းသန်းစိုး တို့အား မေးမြန်းရာ အမည် မသိ တစ်ဦးသည် ၎င်းတို့အိပ်သည့် အခန်းထဲရောက် လာပြီး သမီးဖြစ်သူမသန်းသန်းစိုး၏ လည်ပင်းကို ကိုင်လိုက်စဉ် လန့်နိုးပြီးအော် မည်ပြုစဉ် ပါးစပ်ကိုလက်နှင့်ပိတ်ထား၍ မအော်နိုင်သဖြင့် ဘေးတွင် အိပ်နေသော အစ်မဖြစ်သူ မနီနီအောင်ကို လက်ဖြင့်နှိုးရာ နိုးလာပြီးထလိုက်စဉ် အမည် မသိလူက ဓားဖြင့် ထိုးပြီး ထွက်ပြေးသွားကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် ဇနီးတို့က ဂုဏ်ပြု ညစာဖြင့် တည်ခင်း ဧည့်ခံ


ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့်ဇနီးတို့က ဇူလိုင် ၄ ရက် ဒေသ စံတော်ချိန် ည ၇ နာရီခွဲတွင် ဂုဏ်ပြုညစာ ဖြင့် တည်ခင်း ဧည့်ခံသည်။

Sunday, 6 July 2014

ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ

Photo: ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ
Sunday, July 6, 2014

မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်းအတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

 ‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း ပွဲကြည့် သူ ၂၀၀ ဝန်းကျင်လောက် ဇာတ် ခုံပေါ်တက်ကြည့်တာ ဖြစ်ပါ တယ်’’ဟု အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့ တွဲဖက်မန်နေဂျာ ဦးကျော်ဦးကပြောသည်။

‘‘ဇာတ်ခုံပြိုကျမှုကြောင့် ဆပ်ကပ်ပွဲလာကြည့်သူတစ်ဦး ကျိုးတယ်။ ၁၅ ဦးဒဏ်ရာ အနည်းငယ်ရတယ်’’ဟု မုံရွာမြို့နယ် အလုံရပ် ကွက်နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဇာတ်ခုံပြိုကျမှုကြောင့် ဆပ် ကပ်အဖွဲ့တွင်ပါဝင်ဖျော်ဖြေလေ့ ရှိသည့် မျောက်လိမ္မာဖိုးပိန်သေ ဆုံးသွားကြောင်း အဆိုပါဆပ်ကပ် အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။

အဆိုပါ ဆပ်ကပ်အဖွဲ့တွင် ဆင်တစ်ကောင်၊ မြင်းတစ်ကောင်၊ ဆိတ်တစ်ကောင်၊ မျောက်နှစ် ကောင်နှင့်  လူ ၇၀ ခန့်ပါဝင်ကပြခဲ့ကြောင်းသိရှိရသည်။

ဆပ်ကပ်အဖွဲ့ဖျော်ဖြေနေစဉ် သံထည်ဇာတ်ရုံမှ ဇာတ်ခုံပြိုကျခဲ့ ခြင်းနှင့်ပတ်သက်၍ မုံရွာမြို့၊ အလုံရပ်ကွက်နယ်မြေခံရဲတပ်ဖွဲ့ စခန်းမှ စုံစမ်းစစ်ဆေးမှုများဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily
မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်း အတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့ တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း

ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ

Photo: ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ
Sunday, July 6, 2014

ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆူပူဖျက်ဆီးမှုများကြောင့် နယ်မြေလုံခြုံရေးအရ ဇူလိုင် ၄ ရက် ညနေ ၅ နာရီကျော်မှစ၍ ပုသိမ်ကြီးမြို့နယ်မှအပ မန္တလေးခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ ပထမရက်တွင် ၁၄၅ ဦး ကို ထိန်းသိမ်းခဲ့ပြီး ခံဝန်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သော်လည်း ဒုတိယနေ့ ပုသိမ်ကြီး မြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၁ဝဝ ခန့်ကို ထိန်းသိမ်းထားကြောင်း သိရသည်။

“ပထမဆုံးက ဒုတိယနေ့ထက်များပေမယ့် အားလုံးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် လုံးဝလွှတ်မပေးတော့ဘဲ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်အရေးယူသွားမှာပါ”ဟု ဒုရဲမှူးကြီးတစ်ဦးက ဆိုသည်။

ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်(၇)ရက်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေချမှတ်နိုင်ကြောင်း သိရသည်။ လတ်တလော မန္တလေးမြို့လုံခြုံရေး အတွက် တိုင်းရဲတပ်ဖွဲ့အပါအဝင် ရွှေစာရံ၊ စစ်ကိုင်း၊ ပုလိပ်ရဲတပ်ရင်းများနှင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှလည်း အင်အားပူးပေါင်းပါဝင် ဆောင်ရွက်နေသည်။

ဇူလိုင် ၁ ရက် ည ၈ နာရီခွဲတွင် စတင်ဖြစ်ပွားခဲ့သော ချမ်းအေးသာစံမြို့နယ် ၈၃ နှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က အလုပ်သမားမိန်းကလေးအား မုဒိမ်းကျင့်အမှုဖွင့်ထားသည့်ကိစ္စနှင့် ဆက်နွယ်သော ကောလာဟလများ အင်တာနက်တွင် ပျံ့နှံ့ပြီးနောက် ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ် ပြန်အရေးယူမှုများဖြစ်ပွားခြင်း ဖြစ်သည်။

ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးဈေးချိုနာရီစင်တစ်ဝိုက် သွားလာနေသော ဒေသခံအချို့နှင့် လုံခြုံရေးကားတစ်စီးအား တွေ့ရစဉ်
Eleven Media Group
ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေးနေသူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် Viber မှတစ်ဆင့် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးခဲ့သည့်အမှု မှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

မန္တလေးမြို့၌ ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆရာတော်များ မိန့်ကြား

မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် အကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ လုံးဝပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဆရာတော်များက မိန့်ကြားခဲ့သည်။

ဇူလိုင် ၁ ရက်မှ ၄ ရက်အထိ ဖြစ်ပွားခဲ့သည့် လူစုလူဝေးများဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မန္တလေးမြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခဲ့ခြင်း လုံးဝမရှိခဲ့ဘဲ ပဋိပက္ခများ ပိုမိုမဖြစ်ပွားလာစေရန်အတွက် ဝင်ရောက်ထိန်းသိမ်း စောင့်ရှောက်မှုများသာ လုပ်ဆောင်ခဲ့ကြကြောင်းကို မန္တလေးမြို့ခံသံဃာတော်များက မိန့်ကြားခဲ့သည်။

အချို၊ မယ်လမင်း၊ တရုတ်နို့မှုန့်၊ ကော်ဖီမစ် နဲ့ ရောဂါစုံ

Photo: အချို၊ မယ်လမင်း၊ တရုတ်နို့မှုန့်၊ ကော်ဖီမစ် နဲ့ ရောဂါစုံ
Sunday, July 6, 2014

အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်း ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ 

ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြု သဖြင့် ကျောက်ကပ် ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။
*တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ

တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြော ဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ 
ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

*ကော်ဖီမစ်များ ( Coffeemix)

ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ 
၎င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန် ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ 

ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ ၊ နှလုံးသွေးကြော ပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

ဧရာဝတီ
အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်း ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါ တို့ကို ဖြစ် ပွားစေသည်။

ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ