အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၀င် လွှတ်တော်အမတ်တို့ လွှတ်တော်အတွင်း အဆိုပြုချက် များ အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအမတ်များက တစ်စုံတစ်ရာမျှ ၀င်ရောက် ဆွေးနွေးခဲ့ခြင်း မရှိဟု ဇွန် ၂၄ ရက်က ထုတ်ပြန်သော ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) အစီရင် ခံစာက ဆို သည်။
Wednesday, 25 June 2014
ချီလီနီကို ဆွာရက်ဇ် ကိုက်ခဲ့သည့် ကိစ္စ ဖီဖာ စုံစမ်း စစ်ဆေးမည်

အင်္ဂါနေ့က အီတလီကို ၁-၀ ဂိုးဖြင့် အနိုင်ခဲ့သည့် ပွဲစဉ်တွင် ဥရုဂွေး တိုက်စစ်မှူး လူးဝစ်ဇ်ဆွာရက်ဇ်သည် အီတလိ နောက်ခံလူ ဂျော်ဂျီယို ချီလီနီကို ကိုက်ခဲ့သည်ဟူသော စွပ်စွဲချက်များအတွက် ဖီဖာက စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။
ပါကစ္စတန်ရှိ ပက်ရှဝါလေဆိပ် တိုက်ခိုက်ခံရ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက ပက်ရှဝါ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇွန် ၂၄ ရက်နေ့ညက ခရီးသည် တင် လေယာဉ်တစင်းကို သေနတ်သမားတွေရဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခရီးသည်အမျိုးသမီးတဦး သေဆုံးခဲ့ပြီး လေယာဉ်ဝန်ထမ်း ၃ ဦး ဒဏ်ရာ ရရှိသွားကြပြီး လေယာဉ်မှူးလည်း ကျည်ဆံနဲ့ သီသီလေး ကပ်လွတ်ခဲ့တယ် လို့ ဆိုပါတယ်။
ရန်ကုန်-မန်း အဝေးပြေး ခရီးသည်တင်ကားများ အရှိန်ထိန်း GPS စနစ် သုံးနိုင်တော့မည်
မကြာခဏယာဉ် အန္တရာယ်ဖြစ်ပေါ်လျက်ရှိသော ရန်ကုန်-နေပြည်တော်-မန်း အဝေးပြေးလမ်း (အမြန်လမ်း)ပေါ်တွင် အဓိကထားပြေးဆွဲလျက်ရှိသည့် ယာဉ်များကို အချိန်ပြည့် အနီးကပ်စောင့်ကြပ်နိုင်ရန် အဆင့်မြင့် GPS စနစ် တပ်ဆင်သုံးစွဲနိုင်တော့မည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးနေ၀င်းက ပြောသည်။
ကားများသို့ရောင်းသော သဘာဝဓာတ်ငွေ့ဈေးနှုန်း ၂၀၁၅တွင် နှစ်ဆကျော်တိုးမြှင့်ရန် စီစဉ်
သိသဘာဝဓာတ်ငွေ့CNG ဈေးနှုန်းများကို လာမည့် ၂၀၁၅ တွင်လက်ရှိဈေးနှုန်းထက် အနည်း ဆုံးနှစ်ဆ တိုးမြှင့်ရန် စွမ်းအင်ဝန် ကြီးဌာနက ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် တရုတ်ရေတပ် ပုလဲဆိပ်ကမ်းကို ရောက်ရှိ

ပစိဖိတ်အနားဝန်းလို့ နာမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင် ဖို့ တရုတ်ရေတပ်သင်္ဘောတွေ ဇွန် ၂၄ ရက်နေ့က ပုလဲဆိပ်ကမ်းကို ပထမဆုံးအကြိမ် ရောက်လာ ပါတယ်။
ရန်ကုန်ရှိ မြို့နယ်အချို့ ရေကြီး၊ စာသင်ခန်းများပင် ပိတ်ထားရ
မိုးတွင်းကာလ တစ်လပင်မပြည့်သေးသော်လည်း ရန်ကုန်မြို့တော်ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် မြောက်ဥက္ကလာပနှင့် ဒဂုံတောင်ပိုင်းမြို့နယ် အခြေခံပညာကျောင်းအချို့ရှိ စာသင်ခန်းများ ပိတ်ထား ရသည် ဟု ကျောင်းဆရာများနှင့် မိဘများကဇွန် ၂၄ ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။
အငြင်းပွားဖွယ်ရာ တရုတ်ပြည်က ခွေးသားစား ပွဲတော်

တရုတ်ပြည်ရဲ့ Yulin မြို့မှာ နှစ်စဉ် နွေရာသီ ရောက်တိုင်း ပွဲတော်ကြီး တစ်ခု ရှိပါတယ်။ ယင်းပွဲတော်က ခွေးသားစားတဲ့ ပွဲတော် ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ များ ရှိနေ သေးပေမယ့် ယနေ့တိုင် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ဒေါ်ခင်ဝိုင်းကြည်အိမ် ဖောက်ထွင်းခံရ
လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ နေအိမ် ဇွန်လ ၂၃ ရက် ညတွင် ဖောက်ထွင်းခံရပြီး တယ်လီဖုန်းတစ်လုံး ခိုးယူခံခဲ့ရသည်ဟု သတင်းရရှိသည်။
လူသတ်ပြီးထွက်ပြေးသူကို သုံးရက်အတွင်း ပြန်လည် ဖမ်းဆီးရမိ
မိတ္ထီလာ မြို့နယ် တောမကျေးရွာ အုပ်စု မကျီးပင်ပု ကျေးရွာ မှန်ကျောင်း ဘုန်းတော်ကြီးကျောင်း အနီး မိုးနှံချုံ အတွင်းမှ ဇွန်၁၉ ရက်က ဒဏ်ရာဖြင့် လူသေ အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ မကျီးပင်ပု ကျေးရွာနေ ဦးအောင်မောင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးအောင်မောင်း သည် ဇွန် ၁၇ ရက် အစ်မဖြစ်သူ ဒေါ်လှလှဝင်း ထံမှ အရက်ဖိုး ငွေကျပ် ၁ဝဝဝ တောင်း၍ အရက်သောက် သွားရာ ပြန်မလာ၍ ရှာဖွေခဲ့စဉ် ဇွန် ၁၉ ရက်နံနက်က ဒဏ်ရာဖြင့် အလောင်းကို တွေ့ရသည်။ ထို့ကြောင့် ဒေါ်လှလှဝင်း က မိတ္ထီလာမြို့ အမှတ်(၂) နယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း ခဲ့သဖြင့် အမှတ် (၂)နယ်မြေ ရဲစခန်းက (ပ)၂၂ဝ/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ- ၃ဝ၂ဖြင့် အမှုဖွင့် အရေးယူ ခဲ့သည်။
အမှတ်(၂) နယ်မြေ ရဲစခန်းက မသင်္ကာသူများ ဖြစ်ကြသော မိတ္ထီလာ မြို့နယ် ကဖြူအုပ်စု၊ မင်းတဲကုန်း ကျေးရွာနေ ဇော်နိုင် နှင့် အောင်အောင် တို့ကို စုံစမ်း စစ်ဆေးခဲ့ရာ လူသတ်ပြီး ပြေးသူ ဇော်နိုင် ကို ဇွန် ၁၉ ရက်က ဖမ်းဆီးရမိပြီး အောင်အောင် မှာ ထွက်ပြေးလျက် ရှိကြောင်း သိရသည်။ ထို့ကြောင့် အောင်အောင် ကို ဖမ်းဆီး ရမိရေး အတွက် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး စောနေလင်း ၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင် များ၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် လူသတ်ပြီး ထွက်ပြေးသူ အောင်အောင် ကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဇွန် ၂ဝ ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
သာသနာရေးဝန်ကြီးအဖြစ် ဦးစိုးဝင်းကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု
သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒုဝန်ကြီး ဦးစိုးဝင်းကို ခန့်အပ်ရန် ဇွန်လ ၂၅ရက်က ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ ထောက်ခံကာ အတည်ပြုလိုက်ပြီ။
စစ်တွေမှာ ဆိုင်ကယ်စီး လုယက်အဖွဲ့ ဖမ်းလိုက်ပြီ
လွန်ခဲ့တဲ့ တစ်နှစ်လောက်ပင် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆိုင်ကယ်စီးပြီး အုပ်စုဖွဲ့လုယက်မှု ကျူးလွန်နေ တဲ့  အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးလိုက်ပါပြီ။
မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?

နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီးဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။
သယံဇာတကိစ္စ ချင်းအဖွဲ့တွေ ပြည်နယ်အစိုးရနဲ့ တွေ့မယ်
ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက ချင်းပြည်နယ်မှာ သယံဇာတ တူးဖော်ဖို့ အတွက် ကမ်းလှမ်းထားချက်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ၊ နိုင်ငံရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ တွေ့ဆုံကြမယ်လို့ ပါဝင်တွေ့ဆုံကြမယ့် အဖွဲ့အစည်းတွေက ဆိုပါတယ်။
နိုင်ငံ့ဝန်ထမ်း အမျိုးသမီးများအတွက် သတင်းကောင်း နိုင်ငံ့ဝန်ထမ်းဥပဒေသစ်အရ မီးဖွားခွင့်ခြောက်လ ရမည်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးကျော်သူ နှင့် မယ်စဲ့မဲဆန္ဒနယ်မှ ဦးကျော်ခိုင်ဝင်း
၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှ စတင် အာဏာတည်ခဲ့ သည်ဆိုသော နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ အရ အမျိုးသမီး ၀န်ထမ်းများ မီးဖွားခွင့်ကို ခြောက်လအထိ တိုးမြှင့် လိုက်ကြောင်း၊ အကယ်၍ ကလေးအမြွာဖြစ် လျှင် နောက်ထပ် သီတင်းပတ်ခြောက်ပတ်၊ စုစုပေါင်း ခုနှစ်လခွဲအထိ ခွင့်ပြုထားကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌက ဇွန်လ ၂၃ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ကြက်သွန်နီကို များများစားပါ
ကြက်သွန်အနီနှင့် အဖြူဆိုပြီး နှစ်မျိုးရှိရာ ကြက်သွန်နီ အကြောင်း အနည်းငယ် ပြောပြပါရစေ။
အစိုးရအား အယုံကြည်မရှိကြောင်း ဆန္ဒပြသသည့် MDCF အဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ်ခြောက်လချ
၂၀၁၄ ခုနှစ် မေ ၆ ရက်တွင် ပြည်ထောင်စုအစိုးရကို အယုံအကြည် မရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဆန္ဒပြကာ လက်ကမ်းစာစောင် ဖြန့်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုခင်မောင်ကြည်နှင့် ကိုဇော်ဝင်းတို့အား ဇွန် ၂၄ ရက် နံနက် ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။
ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းမဖော်ပြဘဲ အစိုးရမှ ငွေကျပ် ဘီလျံသိန်းချီ သုံးစွဲမှုများ ရှိနေသဖြင့် စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်
ဘတ်ဂျက်စာရင်းတွင် မပါဝင်ဘဲ အစိုးရမှ သုံးစွဲနေသည့် Non Budget ဟုခေါ်သည့် ငွေကျပ်ဘီလျံပေါင်း သိန်းချီကို ပြည်ထောင်စုစာရင်းစစ်ချုပ်မှ စစ်ဆေးခွင့်မရှိဘဲ အစိုးရမှ သုံးစွဲနေသည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ဇွန် ၂၄ ရက်တွင် လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော သာသနာရေး ၀န်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲမှုများကို ကြပ်မတ် စိစစ်ရန် လွှတ်တော်ကော်မတီ ဆုံးဖြတ်
ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော သာသနာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အခြား ၀န်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲမှုများကို ကြပ်မတ်စိစစ်ရန် ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက ဆုံးဖြတ်ခဲ့သည်။
ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းမဖော်ပြဘဲ အစိုးရမှ ငွေကျပ် ဘီလျံသိန်းချီ သုံးစွဲမှုများ ရှိနေသဖြင့် စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်
ဘတ်ဂျက်စာရင်းတွင် မပါဝင်ဘဲ အစိုးရမှ သုံးစွဲနေသည့် Non Budget ဟုခေါ်သည့် ငွေကျပ်ဘီလျံပေါင်း သိန်းချီကို ပြည်ထောင်စုစာရင်းစစ်ချုပ်မှ စစ်ဆေးခွင့်မရှိဘဲ အစိုးရမှ သုံးစွဲနေသည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ဇွန် ၂၄ ရက်တွင် လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
Subscribe to:
Posts (Atom)